CESI - Confidence English Speaking International

CESI - Confidence English Speaking International Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CESI - Confidence English Speaking International, Education Website, Zawgyi 2nd Street, Dagon.

𝐂𝐄𝐒𝐈 - မြန်မာရဲ့ 𝐍𝐨.1 𝐎𝐧𝐞-𝐨𝐧-𝐎𝐧𝐞 အင်္ဂလိပ်စာသင်တန်းကျောင်း 🏆🧠🎓

A supportive, stress-free learning experience where every learner feels valued, inspired and safe to grow.

𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐭 𝐄𝐧𝐠𝐥𝐢𝐬𝐡, 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐭 𝐘𝐨𝐮.✨

16/07/2026

English Speaking အတွက် CESI က Learners တို့နဲ့အတူ အမြဲရှိနေပါတယ်နော်💕💕💕💪🏽🎉

13/07/2026

English Speaking ကို Level Up ဖို့ အင်္ဂလိပ်စကားပြောလေ့လာကြမယ်💫💙

🔥 learnersတို့ရဲ့ အင်္ဂလိပ်စာ တိုးတက်နှုန်းကို ဆုံးဖြတ်ပေးတာက "မိမိဘယ်လောက်ကြိုးစားလဲ" ဆိုတာတစ်ခုတည်း မဟုတ်ပါဘူးနော်"မိမ...
11/07/2026

🔥 learnersတို့ရဲ့ အင်္ဂလိပ်စာ တိုးတက်နှုန်းကို ဆုံးဖြတ်ပေးတာက "မိမိဘယ်လောက်ကြိုးစားလဲ" ဆိုတာတစ်ခုတည်း မဟုတ်ပါဘူးနော်

"မိမိ ဘယ်လိုသင်ယူနေလဲ"
ဆိုတာက ပိုအရေးကြီးပါတယ်နော်။💙

လူအများစုက...
"ငါရဲ့ အင်္ဂလိပ်စာကို အားမရသေးဘူး။"
"ငါက စကားမပြောရဲဘူး။"
လို့ ထင်နေကြတယ်။

ဒါပေမယ့် တကယ့်ပြဿနာက
learners တို့မပြောတတ်သေးတာ မဟုတ်ဘူး။
မိမိအတွက် အသင့်တော်ဆုံး
သင်ယူပုံကို မရွေးချယ်ရသေးတာပါ။

👥 Group Class
Group Class က အတူတကွ သင်ယူရတာ၊ အခြေခံဗဟုသုတ တည်ဆောက်ရတာနဲ့ အချင်းချင်း အားပေးနိုင်တာတွေမှာ အရမ်းကောင်းပါတယ်။

ဒါပေမယ့်...
• Teacher တို့ရဲ့ အချိန်ကို သင်တန်းသားများစွာနဲ့ မျှဝေရပါတယ်။

• သင့်ရဲ့ အားနည်းချက်ကို အသေးစိတ် ဖြေရှင်းပေးဖို့ အချိန်နည်းနိုင်ပါတယ်။

• စကားပြောလေ့ကျင့်ဖို့ အခွင့်အရေးက လူအရေအတွက်ပေါ် မူတည်ပါတယ်။

• သင်ခန်းစာက အတန်းတစ်ခုလုံးရဲ့ အရှိန်နဲ့ သွားရပါတယ်။

🎯 1-on-1 Coaching
အခု စဉ်းစားကြည့်ရအောင်နော်…

✅ Teachers တို့ရဲ့ အာရုံစိုက်မှု 100% က သင့်အပေါ်မှာပဲ ရှိနေတယ်။

✅ သင့်ရဲ့ အလိုအပ်ဆုံးအပိုင်းတွေကို ရှာပြီး အဲဒီအပိုင်းတွေကိုပဲ အရင်သင်ကြားပေးပါတယ်။

✅ အမှားလုပ်တာကို မရှက်တော့ဘူး။
အမှားတိုင်းက တိုးတက်မှုရဲ့ အစိတ်အပိုင်း ဖြစ်လာတယ်။

✅ သင်ယူတဲ့အချိန်တိုင်း "နားလည်တယ်" ဆိုတဲ့ ခံစားချက်က "တကယ် ပြောနိုင်တယ်" ဆိုတဲ့ ယုံကြည်မှုအဖြစ် ပြောင်းလဲသွားတယ်။

✅ သင့်ရဲ့ ရည်မှန်းချက် (IELTS, Speaking, Interview, Workplace English) အတွက် သီးသန့် Lesson Plan နဲ့ သင်ပေးတယ်။

✅ အမှားလုပ်တိုင်း ချက်ချင်း Feedback ရလို့ အမှားကို အလေ့အကျင့်မဖြစ်ခင် ပြင်နိုင်တယ်။

✅ စကားပြောဖို့ အချိန်ပိုရလို့ Confidence က ပိုမြန်မြန် တိုးတက်လာတယ်။

✅ သင့်ရဲ့ သင်ယူနှုန်းနဲ့ ကိုက်ညီတဲ့ Pace နဲ့ သင်ယူနိုင်တယ်။

🌱 လူတိုင်းရဲ့ အိပ်မက်တွေ မတူသလို...
လူတိုင်းရဲ့ သင်ယူနည်းလည်း မတူပါဘူး။

အကယ်၍ learner က...

✔️ အချိန်တိုအတွင်း တိုးတက်ချင်တယ်။

✔️ ယုံကြည်မှုရှိရှိ အင်္ဂလိပ်လို ပြောချင်တယ်။

✔️ ကိုယ့်ရဲ့ အားနည်းချက်ကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်ချင်တယ်။

ဒါဆို CESI ရဲ့ 1-on-1 Coaching က သင့်ရဲ့ အချိန်၊ ကြိုးစားမှုနဲ့ ရင်းနှီးမြှုပ်နှံမှုကို ပိုမိုထိရောက်တဲ့ ရလဒ်အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။

🚀 တစ်နှစ်ကြာပြီးရင်...

"ငါ အင်္ဂလိပ်စကားပြောကို အားမရသေးဘူး။"

လို့ ပြောနေမလား...

ဒါမှမဟုတ်...

"ငါ ယုံကြည်မှုရှိရှိ အင်္ဂလိပ်လို ပြောနိုင်တယ်။"

လို့ ဂုဏ်ယူစွာ ပြောနေမလား...

ဒီနေ့ မိမိရွေးချယ်တဲ့ ဆုံးဖြတ်ချက်က
အနာဂတ်ရဲ့ ရလဒ်ကို ဖန်တီးပေးပါတယ်။

💬 learner ရဲ့ English Journey ကို ဒီနေ့ကစပြီး ပြောင်းလဲဖို့ အဆင်သင့်ဖြစ်နေပြီလား❔
Messenger မှာ "READY" လို့ ရေးခဲ့နော်…💙






𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐦𝐩𝐚𝐧𝐲 မှာ လုပ်ကိုင်နေသူ မိတ်ဆွေတိုင်း ဒါလေး 𝗦𝗮𝘃𝗲 ထားနော်။🎊🎉25 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐈𝐝𝐢𝐨𝐦𝐬 𝐟𝐨𝐫 𝐅𝐥𝐮𝐞𝐧𝐭 𝐄𝐧𝐠𝐥𝐢...
09/07/2026

𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐦𝐩𝐚𝐧𝐲 မှာ လုပ်ကိုင်နေသူ မိတ်ဆွေတိုင်း ဒါလေး 𝗦𝗮𝘃𝗲 ထားနော်။🎊🎉

25 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐈𝐝𝐢𝐨𝐦𝐬 𝐟𝐨𝐫 𝐅𝐥𝐮𝐞𝐧𝐭 𝐄𝐧𝐠𝐥𝐢𝐬𝐡👏😍

✅ Think outside the box
Example: Instead of following the usual approach we should think outside the box to find a solution.

Meaning: သမားရိုးကျနည်းလမ်းကို လိုက်လုပ်မယ့်အစား အဖြေရှာဖို့အတွက် ကျွန်တော်တို့ ဘောင်ကနေဖောက်ထွက်ပြီး တွေးသင့်တယ်။

✅ Cutting edge
Example: This smartphone features a cutting edge design.

Meaning: ဒီစမတ်ဖုန်းက ခေတ်အမီဆုံး ဒီဇိုင်းနဲ့ ဖန်တီးထားတာဖြစ်တယ်။

✅ Ballpark figure
Example: I don't need an exact price just give me a ballpark figure.
Meaning: ကျွန်တော် အတိအကျဈေးနှုန်း မလိုပါဘူး၊ ခန့်မှန်းခြေ ပမာဏလောက်ပဲ ပေးပါ။

✅ Get the ball rolling
Example: Let's schedule a meeting to get the ball rolling on the new project launch.

Meaning: ပရောဂျက်အသစ်စတင်ဖို့အတွက် အစပျိုးလုပ်ဆောင်ဖို့ အစည်းအဝေးတစ်ခု အချိန်ဇယားဆွဲရအောင်။

✅ The bottom line
Example: The bottom line is we don't have the money to pay for it.
Meaning: အဓိကအချက်ကတော့ အဲဒီအတွက် ပေးဖို့ ကျွန်တော်တို့မှာ ပိုက်ဆံမရှိတာပါပဲ။

✅ Put all your eggs in one basket
Example: I'm applying for several jobs because I don't want to put all my eggs in one basket.

Meaning: ကျွန်တော် အလုပ်တွေ အများကြီး လျှောက်ထားပါတယ်။ ဘာလို့လဲဆိုတော့ (အလုပ်တစ်ခုတည်းမရရင် ဒုက္ခရောက်မှာမို့) တစ်ခုတည်းကိုပဲ ပုံအောပြီး မမှီခိုချင်လို့ပါ။

✅ Be on the same page
Example: Let's schedule a meeting to make sure that everyone is on the same page.

Meaning: လူတိုင်း သဘောထားချင်းတိုက်ဆိုင်မှုရှိဖို့ (နားလည်မှုတူညီကြဖို့) သေချာအောင် အစည်းအဝေးတစ်ခု လုပ်ကြရအောင်။

✅ Go the extra mile
Example: She always goes the extra mile to provide exceptional customer service.

Meaning: သူမက ထူးခြားကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် အမြဲတမ်း ပိုပြီးအားထုတ် ကြိုးပမ်းလေ့ရှိတယ်။

✅ Cross the t's and dot the i's
Example: Before submitting the contract, the legal team crossed the t's and dotted the i's to ensure there were no errors.

Meaning: စာချုပ်ကို မတင်သွင်းခင် အမှားအယွင်းမရှိစေဖို့အတွက် ဥပဒေအဖွဲ့က အသေးစိတ်ကအစ သေချာစစ်ဆေးခဲ့ကြတယ်။

✅ The elephant in the room
Example: During the meeting no one addressed the elephant in the room.

Meaning: အစည်းအဝေးလုပ်နေစဉ်အတွင်း ဘယ်သူကမှ အားလုံးသိနေပေမယ့် ရှောင်ဖယ်နေကြတဲ့ ပြဿနာကြီးအကြောင်းကို ထုတ်မပြောခဲ့ကြဘူး။

✅ Hit the nail on the head
Example: Your analysis of the market trends really hit the nail on the head.

Meaning: ဈေးကွက်ရေစီးကြောင်းအပေါ် သင့်ရဲ့ ခွဲခြမ်းစိတ်ဖြာမှုက တကယ်ကို ကွက်တိမှန်ကန်ပါတယ်။

✅ Cover all the bases
Example: Our procedures cover all the bases to ensure the safety of our employees.

Meaning: ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်တွေက ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် လိုအပ်တာတွေအားလုံးကို လွှမ်းခြုံပြင်ဆင်ထားပါတယ်။

✅ Play it by ear
Example: We don't have specific travel plans, we're just playing it by ear.

Meaning: ကျွန်တော်တို့မှာ တိကျတဲ့ ခရီးစဉ်အစီအစဉ် မရှိပါဘူး၊ အခြေအနေအရ ကြုံသလိုပဲ လုပ်ဆောင်သွားမှာပါ။

✅ Play catchup
Example: After falling behind schedule the team is now playing catchup to meet the deadline.
Meaning: အချိန်ဇယား နောက်ကျသွားပြီးနောက် အခုတော့ သတ်မှတ်ချိန်မီအောင် အဖွဲ့က အပြေးအလွှား လိုက်လုပ်နေရတယ်။

✅ Put out fires
Example: I can't get any work done I spend most of my time putting out fires.

Meaning: ကျွန်တော် ဘာအလုပ်မှ ပြီးအောင်မလုပ်နိုင်ဘူး၊ အချိန်အများစုက အရေးပေါ်ပြဿနာတွေကိုပဲ လိုက်ဖြေရှင်းနေရတယ်။

✅ Get the green light
Example: The marketing campaign received the green light from the client and now we can launch it.

Meaning: ဈေးကွက်ရှာဖွေရေး ကမ်ပိန်းက ဖောက်သည်ဆီကနေ ခွင့်ပြုချက် (မီးစိမ်းပြမှု) ရပြီဖြစ်လို့ အခု စတင်နိုင်ပါပြီ။

✅ Up in the air
Example: Our vacation plans are still up in the air because we can't decide where to go.

Meaning: ကျွန်တော်တို့ ဘယ်သွားရမလဲ မဆုံးဖြတ်နိုင်သေးလို့ အားလပ်ရက် အစီအစဉ်တွေက မသေချာသေးပါဘူး။

✅ Go down the rabbit hole
Example: Be careful when you're searching the internet, it's easy to go down the rabbit hole and to lose track of time.

Meaning: အင်တာနက်ရှာဖွေတဲ့အခါ သတိထားပါ၊ လမ်းလွဲပြီး မလိုတာတွေကြည့်ရင်း အချိန်ကုန်သွားဖို့ အရမ်းလွယ်ပါတယ်။

✅ Low hanging fruit
Example: To increase sales let's focus on picking the low hanging fruit by targeting existing customers.

Meaning: အရောင်းမြှင့်တင်ဖို့အတွက် လက်ရှိဖောက်သည်တွေကို ပစ်မှတ်ထားပြီး အလွယ်တကူရနိုင်တဲ့ အကျိုးအမြတ်တွေကိုပဲ အရင်အာရုံစိုက်လုပ်ကြရအောင်။

✅ Get the axe
Example: Several employees got the axe due to budget cuts.

Meaning: ဘတ်ဂျက်ဖြတ်တောက်မှုတွေကြောင့် ဝန်ထမ်းတော်တော်များများ အလုပ်ပြုတ်သွားခဲ့တယ်။

✅ Drop the ball
Example: He dropped the ball on the project by missing the deadline.

Meaning: သူ သတ်မှတ်ရက်ကို ကျော်လွန်သွားတဲ့အတွက် ပရောဂျက်မှာ တာဝန်မဲ့ရာကျပြီး အမှားလုပ်မိသွားတယ်။

✅ Have a lot on my plate
Example: I'm sorry I didn't return your call I've had a lot on my plate recently.

Meaning: ဖုန်းပြန်မဆက်မိလို့ တောင်းပန်ပါတယ်၊ မကြာသေးခင်က ကျွန်တော့်မှာ လုပ်စရာတာဝန်တွေ အရမ်းများနေလို့ပါ။

✅ Cut corners
Example: They were criticized for cutting corners when building the house.

Meaning: အိမ်ဆောက်တဲ့အခါ ငွေကုန်သက်သာအောင် အရည်အသွေးလျှော့ချပြီး အလွယ်လုပ်ခဲ့တဲ့အတွက် သူတို့ ဝေဖန်ခံခဲ့ရတယ်။

✅ The big picture
Example: He understood the details but he missed the big picture.

Meaning: သူ အသေးစိတ်အချက်တွေကို နားလည်ပေမယ့် ခြုံငုံသုံးသပ်ချက်အကြီးကြီးကိုတော့ လွဲချော်သွားတယ်။

✅ Going forward
Example: Going forward let's make an effort to improve our communication.

Meaning: ရှေ့ဆက်ပြီးတော့ ကျွန်တော်တို့ရဲ့ ဆက်သွယ်ပြောဆိုမှုကို တိုးတက်အောင် ကြိုးစားကြပါစို့။

✅ Pull the trigger
Example: It's time to pull the trigger on launching the new product, the market is ready for it.

Meaning: ထုတ်ကုန်အသစ်ကို စတင်မိတ်ဆက်ဖို့ အဆုံးအဖြတ်ပေးလုပ်ဆောင်ရမယ့် အချိန်ရောက်ပါပြီ၊ ဈေးကွက်ကလည်း အသင့်ဖြစ်နေပါပြီ။

Idioms တွေရဲ့ သီးသန့် Meaning တွေကို နောက်ထပ် Post လေးနဲ့ ထပ်တင်ပေးမယ်နော်…🥰

Thank you for reading!🍀✨

With love,
CESI💙



06/07/2026

ပေါ့ပေါ့ပါးပါး အင်္ဂလိပ်စကားပြောကျွမ်းချင်သူ မိတ်ဆွေများအတွက်✨🫆📝🥰

Native တွေစကားပြောရင် သဘာဝဆန်တာက…Filler Words လေးတွေကို Conversation ထဲမှာ အလိုလို ထည့်သုံးတတ်လို့ပါ။ဒီနေ့ကစပြီး ဒီ စကား...
06/07/2026

Native တွေစကားပြောရင် သဘာဝဆန်တာက…
Filler Words လေးတွေကို Conversation ထဲမှာ အလိုလို ထည့်သုံးတတ်လို့ပါ။

ဒီနေ့ကစပြီး ဒီ စကားလုံး အခု 30 ကို ထည့်သုံးကြည့်နော် learners တို့ရေ…📝

1. Well… – အင်း…
💬 “Well, I don’t think that’s a good idea.”

2. So… – ဆိုတော့…
💬 “So, what are your plans for the weekend?”

3. Actually… – တကယ်တော့…
💬 “Actually, I’ve already finished it.”

4. Basically… – အခြေခံအားဖြင့်…
💬 “Basically, it’s very easy.”

5. Literally… – တကယ်ကို…
💬 “I literally forgot my keys.”

6. Honestly… – ရိုးရိုးသားသားပြောရရင်…
💬 “Honestly, I didn’t expect that.”

7. Seriously… – တကယ်ပြောတာ…
💬 “Seriously, you should watch that movie.”

8. Obviously… – သိသာတာပေါ့…
💬 “Obviously, we need more time.”

9. Anyway… – ဘာပဲဖြစ်ဖြစ်…
💬 “Anyway, let’s get started.”

10. By the way… – စကားမစပ်…
💬 “By the way, have you seen Tom?”

11. You know… – သိတယ်မလား…
💬 “It’s, you know, not that easy.”

12. I mean… – ဆိုလိုတာက…
💬 “I mean, everyone makes mistakes.”

13. Like… – အဲ့လိုမျိုး…
💬 “It was, like, really crowded.”

14. Kind of… – နည်းနည်းတော့…
💬 “I’m kind of tired today.”

15. Sort of… – တစ်မျိုးတော့…
💬 “I’m sort of busy right now.”

16. I guess… – ထင်တာပဲ…
💬 “I guess we’ll find out tomorrow.”

17. I suppose… – ထင်တာပေါ့…
💬 “I suppose that’s true.”

18. I reckon… (UK) – ထင်တယ်…
💬 “I reckon it’ll rain later.”

19. You see… – ဒီလိုပါ…
💬 “You see, it’s not that simple.”

20. Right… – ဟုတ်တယ်နော်…
💬 “Right, let’s begin.”

21. Okay… – အိုကေ…
💬 “Okay, I’m ready.”

22. Hmm… – အင်း…
💬 “Hmm… that’s interesting.”

23. Uh… – အမ်…
💬 “Uh… I don’t remember.”

24. Um… – အမ်…
💬 “Um… can I ask you something?”

25. Let’s see… – စဉ်းစားရအောင်…
💬 “Let’s see… maybe Friday?”

26. Hold on… – ခဏလေး…
💬 “Hold on, I’ll check.”

27. You know what? – သိလား…
💬 “You know what? I changed my mind.”

28. Believe it or not… – ယုံချင်ယုံ မယုံချင်နေ…
💬 “Believe it or not, I met him yesterday.”

29. To be fair… – တရားမျှတစွာပြောရရင်…
💬 “To be fair, she did try.”

30. At the end of the day… – အဆုံးမှာတော့…
💬 “At the end of the day, it’s your decision.”

✨ Native speakers တွေက ဒီလို Filler Words တွေကို စကားပြောတိုင်း သဘာဝကျကျ ထည့်သုံးတတ်ကြပါတယ်။

ဥပမာ…
👩 A: “Do you like your new job?”
👨 B: “Well… it’s kind of challenging, but I actually enjoy it.”

ဒီလို Filler Words လေးတွေ သုံးတတ်ရင်…

✅ အင်္ဂလိပ်စာကပိုပြီး Fluent ဖြစ်လာမယ်။

✅ Native လို သဘာဝဆန်လာမယ်။

✅ Conversation မှာ Confidence ပိုတိုးလာမယ်။

Thank you for reading!🍀

With love,
Teacher Jillian 💙






30/06/2026

စိတ်နှစ်ခွဖြစ်နေတယ်ဆိုတာကို အင်္ဂလိပ်လို❔📝
English Speaking အတူတူလေ့ကျင့်ကြမယ်နော်👏

28/06/2026

Sunday Quiz လေးလာပါပြီ
a,e,i,o,u vowel တစ်လုံးပါတဲ့
Eng word တစ်ခုရေးကြည့်ပါ
e.g. plant

27/06/2026

လျှပ်တပြတ်စကားပြော ကျွမ်းချင်သူများ ဒီ Video နဲ့ လေ့လာပါ🤎✨






Address

Zawgyi 2nd Street
Dagon
11421

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Telephone

+959971488379

Alerts

Be the first to know and let us send you an email when CESI - Confidence English Speaking International posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to CESI - Confidence English Speaking International:

Shortcuts

Share