03/09/2021
လူတို့၏ တစ်ရက်တာအတွင်း နေထိုင်ရသော အချိန်ကိုတိုင်းတာကြည့်မယ်ဆိုလျှင် နာရီအားဖြင့် ၂၄နာရီဖြစ်ပါသည်။
မိနစ်အားဖြင့် ၁၄၄၀မိနစ် ဖြစ်ပါသည်။
စက္ကန့်အားဖြင့်တော့ ၈၆၄၀၀ဖြစ်ပါသည်။
လူတို့၏ အသက်ရှုထုတ်ချိန် ဝင်လေ ထွက်လေ တစ်စုံကို ပျှမ်းမျှအားဖြင့် ၅.၄
စက္ကန့်ကြာပါသည်။ ထို့ကြောင့် တစ်ရက်တာအတွင်း ဝင်လေ ထွက်လေ အစုံ ပေါင်း ၁၆၀၀၀ရှိပါသည်။ (၈၆၄၀၀÷၅.၄=၁၆၀၀၀)
အပြင်လေကို မရှုနိုင်တော့တဲ့အချိန် (သို့) ရှုသောလေကို ပြန်မထုတ်နိုင်တော့ တဲ့အချိန်ကို သေသည်ဟု သတ်မှတ်ကြ
သည်။ ဆိုတော့ ဝင်လေ ထွက်လေ အစုံ တိုင်း၏ ကြားကာလ၌ သေခြင်းတရား
တည်းဟူသော ပြဿနာကြီးက ရှိနေလေသည်။ အဲတာကို သတိထားမိအောင် ပြဿနာပေါင်းသောင်းခြောက် ထောင်လို့ ဆိုစမှတ်ပြုခဲ့ခြင်းဖြစ်သည်။
#
01/09/2021
လယ်စောင့်တဲ ( မင်းသုဝဏ် )
~~~~~~~~~~
မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ်အဝေးဝေး။
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုပ်အောက်မှာတည်။
ကြာနီတစ်ပွင့် ဖြူတစ်ပွင့်
တဲနှင့်ပနံတင့်။
31/08/2021
#ရေသာခို
ရေကြောင်းဖြင့် အသက်မွေးဝမ်းပြုသူများ၏ ပြောစမှတ်ဖြစ်သည်။ မြစ်ချောင်းတို့တွင် ရေစုန်နှင့် ရေဆန်ကို လှေသမ္မာန်တို့ လှော်ခတ်အသုံးပြုကြရသည်။ ထိုသို့ လှော်ခတ်ရာ၌ မိမိလိုရာ
ခရီးကို ရောက်နိုင်ရန် ရေဆန်ကို လှော် ခတ်ရမည်ဆိုပါက ပင်ပမ်းကြီးစွာ လှော် ခတ်ကြရသည်။ ရေစုန်တွင်မူကား သက် သာပေ၏ ။
လှေလှော်သောအခါ ရေစုန်ခရီး၌ ဖြစ် လျှင် တစ်ခါတစ်ရံ ကိုယ်တိုင်ကြိုးစား
အားထုတ်၍မလှော်ဘဲ l ရေစီးတွင်မျော
၍ ခိုဝင်ကာ သက်သာမှုကိုရှာကြံခြင်းပြု တတ်ကြလေသည်။ ရေစီးအားဖြင့်သာ
လှေကို အလိုက်သင့် စီးမျောစေသည်။
ထိုအပြုအမူကိုတင်စား၍ ကိုယ်တိုင်
ကြိုးစားအားထုတ်ခြင်းမပြုဘဲ သူတစ်ပါးအားထုတ်မှုတွင် အသက်သာ
ရှာကြံ၍ ရောနှောလိုက်ပါခြင်း ပြုသူတို့ အား ရေသာခိုသည်ဟု သုံးနှုန်းသည်။
#ဆရာဦးသိန်းအောင်
#မြန်မာ့စကားဇာစ်မြစ်
29/08/2021
ပန်းမျိုးစုံညီဆယ့်နှစ်လရာသီ
~~~~~~~~~~~~~~~~~~
၁။ တန်ခူးလ - ကံ့ကော်ပန်း ၊ ပိတောက်ပန်း
၂။ ကဆုန်လ - စကားဝါပန်း
၃။ နယုန်လ - စံပယ်ပန်း
၄။ ဝါဆိုလ - မြတ်လေးပန်း ၊ ပုန်းညက်ပန်း
၅။ ဝါခေါင်လ - ခတ္တာပန်း
၆။ တော်သလင်းလ - ရင်းမာပန်း
၇။ သီတင်းကျွတ်လ - ကြာပန်း
၈။ တန်ဆောင်မုန်းလ - ခဝဲပန်း
၉။ နတ်တော်လ - သဇင်ပန်း
၁၀။ ပြာသိုလ - ခွာညိုပန်း
၁၁။ တပို့တွဲလ - ပေါက်ပန်း ၊ လဲပန်း
၁၂။ တပေါင်းလ - သရဖီပန်း
28/08/2021
မှားတတ်သော စာလုံးပေါင်းများ
~~~~~~~~~~~~~~~~~~~~
အခဲမကြေ ( ❎ )
အခဲမကျေ ( ✅ )
မျက်ဆံကြောင် ( ❎ )
မျက်ဆန်ကြောင် ( ✅ )
ကြွေအံကစား ( ❎ )
ကြွေအန်ကစား ( ✅ )
ကတ်ကတ်လန် ( ❎ )
ကက်ကက်လန် ( ✅ )
ကင်းမြှီးကောက် ( ❎ )
ကင်းမြီးကောက် ( ✅ )
26/08/2021
ပြည်ထောင်စုအလှ
-----------------------------
😘😘😘😘😘
_ မြောက်ဘက်ဆီသို့ ခရီးနှင်
တွေ့လိမ့်နယ်ကချင်။
ပုလွေသံလွင် အိုးစည်နှော
ထောင်ကာနဲ့ မနော။
_ အနောက်တစ်ကြောတောင်တန်းညို
ချင်းတို့ဒေသဆို
ကျွဲချိုမှုတ်လို့ အားမာန်ဇွဲ
ခွာဒို သဘင်ပွဲ။
_ နှင်းမြူဝဲတဲ့ အရှေ့မှာ
ရှမ်းတို့ရိုးမပါ
ကိန္နရာ သဏ္ဌာန်လှ
နောင်ဗိန်နောင်နဲ့က။
_ ကရင်ကယား တောင်ဝိုင်းမြေ
ဖားစည်တေးသံဝေ
လာလေလာလေ ဆင်ယင်နွှဲ
ဒုံးနှင့်ဝါးညှပ်ပွဲ။
_ မြေပြန့်ကလည်း ဗေထုံဂျမ်
နှဲနှင့် ဒိုးပတ်သံ
ဟန်နဲ့ပန်နဲ့ ပြောင်လှောင်ပြ
ဦးရွှေရိုးအက။
_ အလှမျိုးမျိုး အဖုံဖုံ
ယဥ်ကျေးမှုအစုံ
ကြည့်ရှုမကုန် ခြိမ့်ခြိမ့်သဲ
ငါတို့ပြည်ထောင်ထဲ။
မုံရွာဝင်းဖေ
26/08/2021
#မှတ်သားစရာ
#ကျင့်ဝတ်များ
တဆင့်ကူးယူဖော်ပြသည်။
25/08/2021
ကြံကြံဖန်ဖန်မြင်တတ်တာလေးတွေသဘောကျလို့ဗျာ
(ကျောင်းသား/သူ ဆရာ/မ များ...သို့)
#မှန်တတ်သောသတ်ပုံ
(မင်းလူ)
ငယ်ငယ်က မြန်မာစာဆရာ၊ ဆရာမကောင်းများနှင့် သင်ခဲ့ရသောကြောင့်လည်းကောင်း၊ ကိုယ်တိုင်ကလည်း ဝါသနာပါသဖြင့် မြန်မာစာပေဆိုင်ရာ ဆောင်းပါးများ၊ စာအုပ်များကို ဖတ်ခဲ့သောကြောင့် လည်းကောင်း စာရေးရာမှာ သတ်ပုံနှင့်သဒ္ဒါကို ဂရုစိုက်လေ့ရှိ၏။ တတ်နိုင်သမျှ ဂရုစိုက်ခြင်းကိုသာ ဆိုလိုပါသည်။
သတ်ပုံဆိုတာ မှန်လေကောင်းလေဖြစ်သော်လည်း တစ်ခါတလေကျတော့ သတ်ပုံကြောင့် ခွကျကျဖြစ်ရတာလေးတွေ အခုတင်ပြမလို့ပါ။
ကျောင်းနေကာစ၊ စာရေးတတ်ခါစအရွယ်တွင် သန်လျင်မြို့သို့ သွားလည်ကြသည်။ သန်လျင်ကို 'တညင်'ဟု အသံထွက်ခေါ်ကြသည်။ မြို့ပေါ်ကဆိုင်းဘုတ်တွေမှာ 'သန်လျင်'လို့ ရေးသားထားတာတွေ့တော့ နားမလည်နိုင်ဘဲ ...
'ဟင်..တညင်ဆိုပြီး ဘာဖြစ်လို့ သန်လျင်လို့ စာလုံးပေါင်းရတာလဲ'ဟု မေးလိုက်သည်။ အမေက ...
'သားတို့ကျောင်းမှာ ရေးတော့အမှန် ဖတ်တော့အသံဆိုတာ သင်ရတယ်မဟုတ်လား။ ပဂိုးကို ပဲခူးလို့ရေးရတယ်လေ။ ဒီအတိုင်းပဲပေါ့။ တညင်ကိုလည်း သန်လျင်လို့ စာလုံးပေါင်းရတယ်'
ကျွန်တော်လည်း မှတ်ထားလိုက်၏။ နောက်တော့ ကျောင်းမှာ သတ်ပုံဖြေရသောအခါ ...
'ကြက်ဖသန်လျင်၊ တောကိုဝင်၊ မောင်ရင်လာ လေးနဲ့ပစ်'
ဟု ရေးလိုက်သည်။ ဆရာမက ခေါ်မေးတော့ ...
'ရေးတော့အမှန်၊ ဖတ်တော့အသံလေ ဆရာမရဲ့၊ တညင်ကို သန်လျင်လို့ စာလုံးပေါင်းရတယ်မဟုတ်လား'
ဆရာမက ရယ်ပြီး ကြက်ဖတညင်ဆိုတာ သန်လျင်မြို့က ကြက်ဖကို ပြောခြင်းမဟုတ်ကြောင်း၊ တိန်ညင်ဟုခေါ်သောကြက်တစ်မျိုးကို ပြောခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကြက်ဖတိန်ညင်ဟု ရေးရမည်ဖြစ်ကြောင်း ရှင်းပြရသည်။
ကျွန်တော်တို့ဦးလေးတစ်ယောက် ကြုံခဲ့ရတာ ပြန်ပြောပြလို့ ကြားဖူးသည်။
သူတို့ငယ်ငယ်က မြန်မာပညာရှိတွေကြားမှာ အကြီးအကျယ် သဘောထားကွဲခဲ့ကြသည့် ကိစ္စတစ်ခုဖြစ်ခဲ့၏။ 'ဖ'နှင့် 'ဘ'ဂိုဏ်း ဘယ်ဟာမှန်သလဲ ငြင်းခုံခဲ့ကြခြင်းဖြစ်၏။ ထိုကိစ္စမှာ တဖြည်းဖြည်းကြီးထွားလာပြီး 'ဖ'ဂိုဏ်းက 'ဖေဖေ၊ ဖိုးဖိုး၊ စားသောက်ဖွယ်၊ တောင်ဖက်မြောက်ဖက်' စသည်ဖြင့် စာလုံးပေါင်းရမည်ဟု ဆိုသည်။ 'ဘ'ဂိုဏ်းက 'ဘေဘေ၊ ဘိုးဘိုး၊ စားသောက်ဘွယ်၊ တောင်ဘက် မြောက်ဘက်'ဟု စာလုံးပေါင်းမှ မှန်သည်ဟု ငြင်းသည်။
ဒီပြဿနာကြားမှာ ဦးလေးက အချောင်ခံရသည်။ ကျောင်းမှဆရာက 'ဖ'ဂိုဏ်းသား၊ အိမ်မှာ အဖေက 'ဘ'ဂိုဏ်းဝင်၊ ဆရာသင်တဲ့အတိုင်း 'ဖ'နဲ့ရေးလာပြီး အိမ်ရောက်တော့ အဖေက 'ဘ'ပြင်ခိုင်းသည်။ ထိုအခါ ဆရာက သူသင်တဲ့အတိုင်း ရေးမလာရကောင်းလားဆိုပြီး ရိုက်သည်။ အိမ်ပြန်ရောက်တော့လည်း အဖေက သူ့ကို ဖီဆန်ရမလားဆိုပြီး နားရင်းအုပ်သည်။
ကြာတော့ သူ သည်းမခံနိုင်တော့။ ထို့ကြောင့် တစ်ရက်မှာ သူ့အဖေကို ခုလိုပြောလိုက်၏။
'ဘေဘေ...လမ်းထိပ်ကဆိုင်မှာ ဘွားဘွားအတွက် ဘယောင်းတိုင်နဲ့ ဘိုးဘိုးအတွက် ဘရုံယို သွားဝယ်လိုက်ဦးမယ်'
ဟု 'ဘ'သံတွေနဲ့ချည်း ပြောလိုက်ရာ သူ့အဖေက ...
'ခွေးမသား... ဒါ ငါ့ကို သက်သက်ငေါ့တာပဲ'
ဆိုပြီး ခြေထောက်နှင့် ဆောင့်ကန်လိုက်သဖြင့် လှေကားမှ ဒလိမ့်ခေါက်ကွေးကျသွားရသည်ဟု ဆို၏။
ခရီးသွားသောအခါ လမ်းမှာ သတ်ပုံအမှားတွေကို တွေ့ရတတ်သည်။
'အမှိုက်မပြစ်ရ'
'ဆံရောင်းသည်'
'ဘတ္ထရီပြင်သည်'
'ထ္မင်းဆိုင်' စသည်ဖြင့်....
မြန်မာစာရေးထုံးမှာ ပါဠိနှင့် ပါဠိသတ်ဝေါဟာရများမှအပ နှစ်လုံးဆင့်မရေးရပါ။ သို့တိုင်အောင် စာလုံးပေါင်းမှားသောကြောင့် ဆန်ဆိုင်မရောင်းရဘူး။ ဘက်ထရီဆိုင်အလုပ်ပါးတယ်၊ ထမင်းဆိုင် လူအဝင်နည်းတယ်ဆိုတာမျိုးတော့ တစ်ခါမှ မကြားဖူးသေးပါ။
'ရှေ့မှာ လမ်းပြင်နေသည်၊ ဖြေးဖြေးမောင်း' ဆိုသောဆိုင်းဘုတ်ကိုမြင်လျှင် ကားသမားတိုင်း သဘောပေါက်ပါသည်။ သတ်ပုံအမှန်အတိုင်းဆိုလျှင် 'ဖြည်းဖြည်းမောင်း'ဟု ရေးရပါမည်။ သို့ရာတွင် ကားဆရာတွေက သတ်ပုံစာအုပ်ဆောင်ထားလေ့မရှိသဖြင့် ဒီကိစ္စ ပြဿနာမဟုတ်တော့ပါ။
(အင်္ဂလိပ်ဆိုသောစကားလုံးသည်လည်း တိုက်ရိုက်အသံဖလှယ်ထားခြင်းသာဖြစ်၏။ ပါဠိနှင့်ပတ်သက်မှုမရှိသဖြင့် 'အင်းဂလိပ်'ဟူ၍သာ ရေးသင့်သည်။ သို့ရာတွင် အင်္ဂလိပ်ဟူ၍သာ နှစ်ပေါင်းများစွာ ရေးခဲ့ကြတာ အကျင့်ပါနေသောကြောင့် အတည်လိုဖြစ်နေပါပြီ။ ထို့အတူ ဆရာကြီးဒဂုန်ရွှေမျှား၊ ဆရာကြီးရွှေဒုံးဘီအောင်၊ ဆရာကြီးဗဂျီအောင်စိုး စသောအမည်များသည်လည်း ထင်ရှားကျော်ကြားခဲ့ပြီး လူအများ အသိအမှတ်ပြုပြီးသားစာလုံးပေါင်းများဖြစ်သောကြောင့် သတ်ပုံပြင်ဖို့ မလိုတော့ပါ။)
ပျားမွေးမြူရေးဌာနမှ ထုတ်လုပ်သော 'ဂျင်းပျားရည်'သည် အစာကြေ၊ ရင်ချောင်စေခြင်း၊ အအေးမိ နှာစေး ချောင်းဆိုး ပျောက်စေခြင်း၊ ခွန်အားတိုးပွားစေခြင်းတို့ကြောင့် သုံးဖူးသူတိုင်း အကြိုက်တွေ့ကြသည်။ သတ်ပုံကတော့ မှားနေ၏။ အမှန်အတိုင်းဆိုလျှင် 'ချင်းပျားရည်'ဟုသာ စာလုံးပေါင်းရမည်။ သို့ရာတွင် 'ချင်းပျားရည်'ဆိုလျှင် ချင်းပြည်နယ်ကလာသော ပျားရည်ဟု ထင်ကုန်ကြပါလိမ့်မည်။ ချင်းတောင်ကပျားရည်မို့ အစွမ်းထက်မှာပဲဆိုပြီး ပိုတောင်ရောင်းကောင်းချင် ကောင်းနေမလားမသိ။
ကျွန်တော်တို့ 'ဇီးသီး'ဟု အသံထွက်ခေါ်ကြသော အသီး၏သတ်ပုံအမှန်မှာ 'ဆီးသီး'ဖြစ်၏။ အညာဒေသရှိ အချို့အရပ်တွေမှာ ဆီးသီးဟု သတ်ပုံအတိုင်း အသံထွက်နေကြဆဲဖြစ်သော်လည်း လူအများစုက 'ဇီးသီး'ဟူ၍သာ ခေါ်နေကြသည်။
'ဆီး'ဆိုသည်မှာ ကျင်ငယ်ရည်ဟုလည်း အဓိပ္ပာယ်ရသဖြင့် စားစရာနှင့် အညစ်အကြေးစာလုံးပေါင်းတူနေတော့ သိပ်တော့ဟန်မကျလှ။ 'ဆီးဖျော်ရည် သောက်မလား၊ ဆီးဖြူသီးလေးလို ငုံထားချင်တယ်'စသော စကားလုံးများကို ဝတ္ထုထဲ ထည့်ရေးရတာ နည်းနည်းတော့ခွကျသည်။
ဖိုခနောက်ကို သတ်ပုံအမှန်အတိုင်းဆိုလျှင် ဖိုခုံလောက်ဟု ရေးရပါမည်။ ခုချိန်မှာ ဖိုခုံလောက်ဟုရေးလျှင် သိသူအတော်နည်းပါးလိမ့်မည်။ ဒီအတိုင်းဆို တော်တော်ရွှေပုပ္ပားသီချင်းကို စာနှင့်ရေးပြလျှင်...
'♫♪...သုံးလုံးတောင်ထွတ် ယှဉ်ပြိုင်ကာရယ်၊ ဖိုခုံလောက်ဆိုင် တည်နေပါတယ်...♪♫'ဟု ရေးရပါလိမ့်မည်။ နောက်ပေါက်အဆိုတော်လေးတွေ ပြန်ဆိုလျှင် ဘယ်လိုအသံထွက်ကြမလဲမသိ။
ဟိုတစ်ချိန်က စာရေးဆရာတွေ စာရေးကြရာမှာ ကိုယ်သန်ရာစာလုံးပေါင်းအတိုင်း ရေးကြသည်။ ပုံနှိပ်တိုက်တွေကလည်း မိမိတို့နှစ်သက်ရာသတ်ပုံကျမ်းတစ်စောင်စောင်ကို လက်ကိုင်ထားကြသည်။ စာပြင်ဆရာကလည်း သူအလုပ်လုပ်ရာ ပုံနှိပ်တိုက်၏မူအတိုင်းပြင်သည်။ သြဇာရှိသောစာရေးဆရာဆိုလျှင် သူရေးတဲ့အတိုင်း သတ်ပုံမပြင်ဘဲ ရိုက်နှိပ်ပေးတာမျိုးလည်းရှိ၏။ စာအုပ်တိုက်ကြီးများကတော့ အားကိုးလောက်သောသတ်ပုံကျမ်းကြီးများကိုကိုးကားပြီး တိုက်ဆိုင်မှုအဖြစ် သတ်မှတ်ထားကြသည်။ စာတတ်ပေတတ်ပုဂ္ဂိုလ်များကို စာပြင်ဆရာအဖြစ်ခန့်ထားပြီး စာအကျပေါက် သတ်ပုံသတ်ညွှန်းစသည်တို့ကို အလွန်ဂရုစိုက်သည်။ မတော်တဆအမှားအယွင်းရှိခဲ့လျှင်လည်း စာအုပ်နောက်ပိုင်းမှာ အမှားပြင်ဆင်ချက်ထည့်ပေးသည်။ ဒီလိုစနစ်တကျဆောင်ရွက်သော တိုက်ကြီးများရှိသလို..
တချို့စာအုပ်တိုက်၊ ပုံနှိပ်တိုက်တွေကတော့ စာပြင်ဆရာသီးခြားမရှိ၊ ကြုံတဲ့လူက ကြုံသလိုဝင်ဖတ်ပြီးပြင်သည်။ သတ်ပုံစာအုပ်ရှိသော်လည်း သိပ်အခက်အခဲရှိမှ လှန်ကြည့်တတ်သည်။ များသောအားဖြင့်တော့ လက်တန်းဖတ်ပြီး ပြင်လိုက်ကြတာပါပဲ။ ထို့ကြောင့် စာအုပ်တစ်အုပ်တည်းမှာပင် သတ်ပုံအမျိုးမျိုးဖြစ်နေတာတွေ့ရ၏။ (သတ်ပုံကျမ်းတစ်အုပ်လုံးကို အလွတ်လောက်မှတ်မိနေသော ဝါရင့်စာပြင် ဆရာကြီးများ ရှိခဲ့ဖူးတာကိုတော့ အသိအမှတ်ပြုရပါမည်။)
ဘာပဲဖြစ်ဖြစ် စာအုပ်တိုက်တစ်တိုက် မူတစ်မျိုးဖြစ်နေတာ၊ သတ်ပုံကျမ်းတွေကလည်း အမျိုးမျိုးရှိတာကြောင့် စံတစ်ခုသတ်မှတ်ဖို့ လိုလာတာတော့အမှန်ပဲဖြစ်၏။ နောက်တော့ မြန်မာစာအဖွဲ့က ပြုစုသောသတ်ပုံစာအုပ်ဖြစ်လာသည်။ စာအုပ်စာတမ်းရိုက်နှိပ်ထုတ်ဝေသူများအနေဖြင့် ထိုသတ်ပုံစာအုပ်ပါအတိုင်း တညီတညွတ်တည်းအသုံးပြုကြရသည်။
တစ်နိုင်ငံလုံးမှာ သတ်ပုံသတ်ညွှန်းမူတစ်မျိုးတည်းဖြစ်လာသောကြောင့် မြန်မာစာရေးထုံး စနစ်ကျလာသည်။ သတ်ပုံဂိုဏ်းကွဲတွေလည်းမရှိတော့။ အငြင်းပွားစရာလည်းမလိုတော့။ ပုံနှိပ်တိုက်တွေကလည်း သတ်ပုံကို ပိုဂရုစိုက်လာသည်။
တစ်ခုပဲရှိ၏။ သတ်ပုံကို အတိအကျလိုက်နာရသောအခါ ရသစာပေရေးရာမှာ တစ်ခါတစ်ခါ အဆင်မပြေတာမျိုးဖြစ်တတ်သည်။ အထူးသဖြင့် စကားလုံးတစ်လုံးဆို တစ်လုံး အလွန်ထိရောက်တာသွားသည်။ တစ်ခါတလေ အသံထွက်တဲ့အတိုင်းရေးမှ ဖတ်ရတာ အရသာရှိသည်။
ရှေးဟောင်းကဗျာတစ်ပုဒ်တွင် မိန်းကလေးက သူ့ချစ်သူကို လွမ်းလို့ ပန်းသပြေညောင်ရေသွန်းပြီး ဆုတောင်းရပုံကို လှလှပပရေးထားပြီး အဆုံးသတ်မှာ....
'သောက်တော်ရေအိုး
ဂျွမ်းထိုးကောင်နှယ်
အပျိုဖြူ မယ်နှမမှာ
ကြုံရတယ်ရှင်'
ဟု ရေးထားသည်။ ဂျွမ်းထိုးကောင်ဆိုသည်မှာ ပိုးလောက်လန်းကို ဆိုလိုခြင်းဖြစ်၏။ သတ်ပုံအမှန်အတိုင်းဆိုလျှင် 'ကျွမ်းထိုးကောင်'ဟု ရေးရမည်။ ဂျွမ်းထိုးကောင်ဆိုတာလောက် ရင်ထဲ တိုက်ရိုက်မထိတာ တွေ့ရသည်။
ကျွန်တော့်ဝတ္ထုတစ်ပုဒ်ထဲတွင် ကောင်မလေးက သူ့အမေကိုပြောတဲ့စကား 'ပြန်မကြိုက်လို့မဖြစ်ဘူး အမေရဲ့၊ သူ့လက်ထဲမှာ ထပိုးကြီးတရမ်းရမ်း'နဲ့ ဆိုတာကို သတ်ပုံအမှန်အရ 'ထမ်းပိုးကြီး တရမ်းရမ်း'နဲ့ဟု ရေးရသောအခါ တစ်မျိုးကြီးဖြစ်နေသည်။
ကျွန်တော်၏ အစောပိုင်းဝတ္ထုတစ်ပုဒ်တွင် ကောင်မလေးက မျက်နှာလေးလှသော်လည်း ခြေထောက်ကို ဂရုစိုက်ပြီး ဆေးကြောခြင်းမရှိသဖြင့် ခြေသည်းမှာ 'ဂျီး'တွေကပ်နေသည်ဟု ရေးလိုက်သည်။ 'ဂျီး'ကို ထိုစဉ်က သတ်ပုံအရ 'ချေး'ဟု ရေးရသည်။ ထို့ကြောင့် 'ခြေသည်းမှာ ချေးတွေ ကပ်နေသည်'ဟူ၍ ဖြစ်သွား၏။ ထိုအခါ ကျွန်တော်ဆိုလိုသည့်အဓိပ္ပာယ်မရောက်တော့ဘဲ ကောင်မလေးက ချေးပုံ(ချီးပုံ)ပဲ တက်နင်းမိလာသလို ထင်စရာဖြစ်နေ၏။
ခုနောက်ပိုင်း သတ်ပုံအရတော့ 'ဂျီး'ကို 'ကြေး'ဟု စာလုံးပေါင်းရသည်။ ဒီလိုကျပြန်တော့လည်း....
'ဒီကောင်မလေး တော်တော်ဂျီးများတယ်'ဟု ဆိုချင်လျှင်...
'ဒီကောင်မလေး တော်တော်ကြေးများတယ်'ဟု ရေးရပါလိမ့်မည်။ ကောင်မလေးခမျာ ဟိုဟာလိုလို ဒီဟာလိုလို အထင်ခံစရာအကြောင်းရှိလေသည်။
ရသစာပေရေးသူတွေဘက်က သတ်ပုံနှင့်ပတ်သက်၍ စောဒကတက်စရာတစ်ခုရှိ၏။ အထောက်အထား အကိုးအကားပြစရာ အချက်ကတော့ 'ပိုအက်တစ်လိုင်စင်'ပင်ဖြစ်လေ၏။ ထိုလိုင်စင်မှာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူးဦးစီးဌာန(ကညန)မှ ထုတ်ပေးထားခြင်းမဟုတ်ပါ။ ဘယ်သူကမှ တရားဝင်ချပေးထားသော လိုင်စင်လည်းမဟုတ်ပါ။ အနုပညာဆိုင်ရာ နားလည်မှုတစ်ခုသာ ဖြစ်၏။
တိုက်ရိုက်အဓိပ္ပာယ်က ကဗျာနှင့်ဆိုင်သောလုပ်ခွင့်ဖြစ်၏။ ကဗျာလင်္ကာတွေမှာ ရသမြောက်ရေးကို ဦးစားပေးရသဖြင့် သတ်ပုံတွေ၊ သဒ္ဒါစည်းကမ်းတွေကို ချိုးဖောက်နိုင်သည် ဆိုသော အထူးအခွင့် အရေးဖြစ်၏။ အစပိုင်းတွင် ကဗျာနှင့်သာဆိုင်သော်လည်း နောက်ပိုင်းကျတော့ တခြားရသစာပေအမျိုးအစားတွေကပါ ထိုအခွင့်အရေးကို ရပိုင်ခွင့်ရှိသည်ဟု ယူဆလာကြသည်။
တစ်ခုရှိတာက 'ပိုအက်တစ်လိုင်စင်'ဆိုသည်မှာ တကယ်လိုအပ်မှ သုံးရခြင်းဖြစ်၏။ နေရာတကာ သဘောရှိသုံးပြန်လျှင်လည်း လိုင်စင်ဆိုသောစကား၏အနက်ပွားဖြစ်သော 'လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်း'ဖြစ်သွားတတ်သည်။
ကျွန်တော်တို့လို ရသစာပေရေးသူများ တစ်ခါတစ်ခါ ကြုံရသောပြဿနာမှာ ခံစားမှုဘက်သို့ အလေးကဲမိသောအခါ မြန်မာစာရေးထုံးကို ချိုးဖျက်သလိုဖြစ်သွားပြီး သတ်ပုံတို့၊ သဒ္ဒါစည်းကမ်းတို့ကို အတိအကျလိုက်နာပြန်တော့ ရသဘက်မှာ အားနည်းပေါ့ပျက်သွားရခြင်းပင်ဖြစ်၏။
မြန်မာစာရေးထုံးနှင့်ပတ်သက်ပြီး ဆရာကြပ်ကလေးရေးခဲ့ဖူးသည့်စာတစ်ပုဒ်ထဲမှ အကြောင်းကလေးကို သွားသတိရမိ၏။ တချို့က စာရေးရာမှာ အတိုကောက်သိပ်ကြိုက်သည်။ 'သည်'ကို 'သှ်'ဟု ရေးသည်။ 'လည်းကောင်း'ကို '၎င်း'ဟု ရေးသည်။ ထို့အတူ 'ရရစ်'ဆိုသည်မှာ 'ရ'ကိုရစ်ထားခြင်းဖြစ်သည်ဆိုပြီး 'ဆရာ'ကို 'ဆြာ'ဟု ရေးသည်။ ဒါဆိုလျှင် တရားသူကြီးကိုလည်း 'တြားသူကြီး'ဟု ရေးရလိမ့်မည်။
ထို့အတူ ဆရာက ဝါကျတစ်ခုကို နမူနာပြပြီး သရော်ထားသည်။
'ဆရာကြပ်ကလေး၏အိမ်သို့သွားလည်းရာ ဆရာ ခရီးထွက်နေသဖြင့် မတွေ့ခဲ့ရပါ'
အထက်ပါဝါကျကို အတိုကောက်ရေးထုံးနှင့် ပြန်ရေးလျှင်...
'ဆြာကြပ်ကလေး၏အိမ်သို့သွားလည်ရာ ဆြာခြီးထွက်နေသဖြင့် မတွေ့ခဲ့ရပါ'ဟူ၍ဖြစ်သွားရလေသည်။
(သောကြာစာစောင် အယ်ဒီတာချုပ်ဆရာကြီးအီကြာကွေးသည်လည်း စာပေဟောပြောပွဲ စူပါစတားဖြစ်သောကြောင့် စာဆိုတော်ရာသီရောက်လျှင် မကြာခဏ ခရီးထွက်တတ်ကြောင်းကို ဒီစာရေးရင်း သတိရမိပါသေးသည်။)
မင်းလူ
-------- ------------ --------------
(Zawgyi)
မှန်တတ်သော သတ်ပုံ
(မင်းလူ)
ငယ်ငယ်က မြန်မာစာဆရာ၊ ဆရာမကောင်းများနှင့် သင်ခဲ့ရသောကြောင့်လည်းကောင်း၊ ကိုယ်တိုင်ကလည်း ဝါသနာပါသဖြင့် မြန်မာစာပေဆိုင်ရာ ဆောင်းပါးများ၊ စာအုပ်များကို ဖတ်ခဲ့သောကြောင့် လည်းကောင်း စာရေးရာမှာ သတ်ပုံနှင့်သဒ္ဒါကို ဂရုစိုက်လေ့ရှိ၏။ တတ်နိုင်သမျှ ဂရုစိုက်ခြင်းကိုသာ ဆိုလိုပါသည်။
သတ်ပုံဆိုတာ မှန်လေကောင်းလေဖြစ်သော်လည်း တစ်ခါတလေကျတော့ သတ်ပုံကြောင့် ခွကျကျဖြစ်ရတာလေးတွေ အခုတင်ပြမလို့ပါ။
ကျောင်းနေကာစ၊ စာရေးတတ်ခါစအရွယ်တွင် သန်လျင်မြို့သို့ သွားလည်ကြသည်။ သန်လျင်ကို 'တညင်'ဟု အသံထွက်ခေါ်ကြသည်။ မြို့ပေါ်ကဆိုင်းဘုတ်တွေမှာ 'သန်လျင်'လို့ ရေးသားထားတာတွေ့တော့ နားမလည်နိုင်ဘဲ ...
'ဟင်..တညင်ဆိုပြီး ဘာဖြစ်လို့ သန်လျင်လို့ စာလုံးပေါင်းရတာလဲ'ဟု မေးလိုက်သည်။ အမေက ...
'သားတို့ကျောင်းမှာ ရေးတော့အမှန် ဖတ်တော့အသံဆိုတာ သင်ရတယ်မဟုတ်လား။ ပဂိုးကို ပဲခူးလို့ရေးရတယ်လေ။ ဒီအတိုင်းပဲပေါ့။ တညင်ကိုလည်း သန်လျင်လို့ စာလုံးပေါင်းရတယ်'
ကျွန်တော်လည်း မှတ်ထားလိုက်၏။ နောက်တော့ ကျောင်းမှာ သတ်ပုံဖြေရသောအခါ ...
'ကြက်ဖသန်လျင်၊ တောကို၀င်၊ မောင်ရင်လာ လေးနဲ့ပစ်'
ဟု ရေးလိုက်သည်။ ဆရာမက ခေါ်မေးတော့ ...
'ရေးတော့အမှန်၊ ဖတ်တော့အသံလေ ဆရာမရဲ့၊ တညင်ကို သန်လျင်လို့ စာလုံးပေါင်းရတယ်မဟုတ်လား'
ဆရာမက ရယ်ပြီး ကြက်ဖတညင်ဆိုတာ သန်လျင်မြို့က ကြက်ဖကို ပြောခြင်းမဟုတ်ကြောင်း၊ တိန်ညင်ဟုခေါ်သောကြက်တစ်မျိုးကို ပြောခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကြက်ဖတိန်ညင်ဟု ရေးရမည်ဖြစ်ကြောင်း ရှင်းပြရသည်။
ကျွန်တော်တို့ဦးလေးတစ်ယောက် ကြုံခဲ့ရတာ ပြန်ပြောပြလို့ ကြားဖူးသည်။
သူတို့ငယ်ငယ်က မြန်မာပညာရှိတွေကြားမှာ အကြီးအကျယ် သဘောထားကွဲခဲ့ကြသည့် ကိစ္စတစ်ခုဖြစ်ခဲ့၏။ 'ဖ'နှင့် 'ဘ'ဂိုဏ်း ဘယ်ဟာမှန်သလဲ ငြင်းခုံခဲ့ကြခြင်းဖြစ်၏။ ထိုကိစ္စမှာ တဖြည်းဖြည်းကြီးထွားလာပြီး 'ဖ'ဂိုဏ်းက 'ဖေဖေ၊ ဖိုးဖိုး၊ စားသောက်ဖွယ်၊ တောင်ဖက်မြောက်ဖက်' စသည်ဖြင့် စာလုံးပေါင်းရမည်ဟု ဆိုသည်။ 'ဘ'ဂိုဏ်းက 'ဘေဘေ၊ ဘိုးဘိုး၊ စားသောက်ဘွယ်၊ တောင်ဘက် မြောက်ဘက်'ဟု စာလုံးပေါင်းမှ မှန်သည်ဟု ငြင်းသည်။
ဒီပြဿနာကြားမှာ ဦးလေးက အချောင်ခံရသည်။ ကျောင်းမှဆရာက 'ဖ'ဂိုဏ်းသား၊ အိမ်မှာ အဖေက 'ဘ'ဂိုဏ်း၀င်၊ ဆရာသင်တဲ့အတိုင်း 'ဖ'နဲ့ရေးလာပြီး အိမ်ရောက်တော့ အဖေက 'ဘ'ပြင်ခိုင်းသည်။ ထိုအခါ ဆရာက သူသင်တဲ့အတိုင်း ရေးမလာရကောင်းလားဆိုပြီး ရိုက်သည်။ အိမ်ပြန်ရောက်တော့လည်း အဖေက သူ့ကို ဖီဆန်ရမလားဆိုပြီး နားရင်းအုပ်သည်။
ကြာတော့ သူ သည်းမခံနိုင်တော့။ ထို့ကြောင့် တစ်ရက်မှာ သူ့အဖေကို ခုလိုပြောလိုက်၏။
'ဘေဘေ...လမ်းထိပ်ကဆိုင်မှာ ဘွားဘွားအတွက် ဘယောင်းတိုင်နဲ့ ဘိုးဘိုးအတွက် ဘရုံယို သွား၀ယ်လိုက်ဦးမယ်'
ဟု 'ဘ'သံတွေနဲ့ချည်း ပြောလိုက်ရာ သူ့အဖေက ...
'ခွေးမသား... ဒါ ငါ့ကို သက်သက်ငေါ့တာပဲ'
ဆိုပြီး ခြေထောက်နှင့် ဆောင့်ကန်လိုက်သဖြင့် လှေကားမှ ဒလိမ့်ခေါက်ကွေးကျသွားရသည်ဟု ဆို၏။
ခရီးသွားသောအခါ လမ်းမှာ သတ်ပုံအမှားတွေကို တွေ့ရတတ်သည်။
'အမှိုက်မပြစ်ရ'
'ဆံရောင်းသည်'
'ဘတ္ထရီပြင်သည်'
'ထ္မင်းဆိုင်' စသည်ဖြင့်....
မြန်မာစာရေးထုံးမှာ ပါဠိနှင့် ပါဠိသတ်ဝေါဟာရများမှအပ နှစ်လုံးဆင့်မရေးရပါ။ သို့တိုင်အောင် စာလုံးပေါင်းမှားသောကြောင့် ဆန်ဆိုင်မရောင်းရဘူး။ ဘက်ထရီဆိုင်အလုပ်ပါးတယ်၊ ထမင်းဆိုင် လူအ၀င်နည်းတယ်ဆိုတာမျိုးတော့ တစ်ခါမှ မကြားဖူးသေးပါ။
'ရှေ့မှာ လမ်းပြင်နေသည်၊ ဖြေးဖြေးမောင်း' ဆိုသောဆိုင်းဘုတ်ကိုမြင်လျှင် ကားသမားတိုင်း သဘောပေါက်ပါသည်။ သတ်ပုံအမှန်အတိုင်းဆိုလျှင် 'ဖြည်းဖြည်းမောင်း'ဟု ရေးရပါမည်။ သို့ရာတွင် ကားဆရာတွေက သတ်ပုံစာအုပ်ဆောင်ထားလေ့မရှိသဖြင့် ဒီကိစ္စ ပြဿနာမဟုတ်တော့ပါ။
(အင်္ဂလိပ်ဆိုသောစကားလုံးသည်လည်း တိုက်ရိုက်အသံဖလှယ်ထားခြင်းသာဖြစ်၏။ ပါဠိနှင့်ပတ်သက်မှုမရှိသဖြင့် 'အင်းဂလိပ်'ဟူ၍သာ ရေးသင့်သည်။ သို့ရာတွင် အင်္ဂလိပ်ဟူ၍သာ နှစ်ပေါင်းများစွာ ရေးခဲ့ကြတာ အကျင့်ပါနေသောကြောင့် အတည်လိုဖြစ်နေပါပြီ။ ထို့အတူ ဆရာကြီးဒဂုန်ရွှေမျှား၊ ဆရာကြီးရွှေဒုံးဘီအောင်၊ ဆရာကြီးဗဂျီအောင်စိုး စသောအမည်များသည်လည်း ထင်ရှားကျော်ကြားခဲ့ပြီး လူအများ အသိအမှတ်ပြုပြီးသားစာလုံးပေါင်းများဖြစ်သောကြောင့် သတ်ပုံပြင်ဖို့ မလိုတော့ပါ။)
ပျားမွေးမြူရေးဌာနမှ ထုတ်လုပ်သော 'ဂျင်းပျားရည်'သည် အစာကြေ၊ ရင်ချောင်စေခြင်း၊ အအေးမိ နှာစေး ချောင်းဆိုး ပျောက်စေခြင်း၊ ခွန်အားတိုးပွားစေခြင်းတို့ကြောင့် သုံးဖူးသူတိုင်း အကြိုက်တွေ့ကြသည်။ သတ်ပုံကတော့ မှားနေ၏။ အမှန်အတိုင်းဆိုလျှင် 'ချင်းပျားရည်'ဟုသာ စာလုံးပေါင်းရမည်။ သို့ရာတွင် 'ချင်းပျားရည်'ဆိုလျှင် ချင်းပြည်နယ်ကလာသော ပျားရည်ဟု ထင်ကုန်ကြပါလိမ့်မည်။ ချင်းတောင်ကပျားရည်မို့ အစွမ်းထက်မှာပဲဆိုပြီး ပိုတောင်ရောင်းကောင်းချင် ကောင်းနေမလားမသိ။
ကျွန်တော်တို့ 'ဇီးသီး'ဟု အသံထွက်ခေါ်ကြသော အသီး၏သတ်ပုံအမှန်မှာ 'ဆီးသီး'ဖြစ်၏။ အညာဒေသရှိ အချို့အရပ်တွေမှာ ဆီးသီးဟု သတ်ပုံအတိုင်း အသံထွက်နေကြဆဲဖြစ်သော်လည်း လူအများစုက 'ဇီးသီး'ဟူ၍သာ ခေါ်နေကြသည်။
'ဆီး'ဆိုသည်မှာ ကျင်ငယ်ရည်ဟုလည်း အဓိပ္ပာယ်ရသဖြင့် စားစရာနှင့် အညစ်အကြေးစာလုံးပေါင်းတူနေတော့ သိပ်တော့ဟန်မကျလှ။ 'ဆီးဖျော်ရည် သောက်မလား၊ ဆီးဖြူသီးလေးလို ငုံထားချင်တယ်'စသော စကားလုံးများကို ၀တ္ထုထဲ ထည့်ရေးရတာ နည်းနည်းတော့ခွကျသည်။
ဖိုခနောက်ကို သတ်ပုံအမှန်အတိုင်းဆိုလျှင် ဖိုခုံလောက်ဟု ရေးရပါမည်။ ခုချိန်မှာ ဖိုခုံလောက်ဟုရေးလျှင် သိသူအတော်နည်းပါးလိမ့်မည်။ ဒီအတိုင်းဆို တော်တော်ရွှေပုပ္ပားသီချင်းကို စာနှင့်ရေးပြလျှင်...
'♫♪...သုံးလုံးတောင်ထွတ် ယှဉ်ပြိုင်ကာရယ်၊ ဖိုခုံလောက်ဆိုင် တည်နေပါတယ်...♪♫'ဟု ရေးရပါလိမ့်မည်။ နောက်ပေါက်အဆိုတော်လေးတွေ ပြန်ဆိုလျှင် ဘယ်လိုအသံထွက်ကြမလဲမသိ။
ဟိုတစ်ချိန်က စာရေးဆရာတွေ စာရေးကြရာမှာ ကိုယ်သန်ရာစာလုံးပေါင်းအတိုင်း ရေးကြသည်။ ပုံနှိပ်တိုက်တွေကလည်း မိမိတို့နှစ်သက်ရာသတ်ပုံကျမ်းတစ်စောင်စောင်ကို လက်ကိုင်ထားကြသည်။ စာပြင်ဆရာကလည်း သူအလုပ်လုပ်ရာ ပုံနှိပ်တိုက်၏မူအတိုင်းပြင်သည်။ သြဇာရှိသောစာရေးဆရာဆိုလျှင် သူရေးတဲ့အတိုင်း သတ်ပုံမပြင်ဘဲ ရိုက်နှိပ်ပေးတာမျိုးလည်းရှိ၏။ စာအုပ်တိုက်ကြီးများကတော့ အားကိုးလောက်သောသတ်ပုံကျမ်းကြီးများကိုကိုးကားပြီး တိုက်ဆိုင်မှုအဖြစ် သတ်မှတ်ထားကြသည်။ စာတတ်ပေတတ်ပုဂ္ဂိုလ်များကို စာပြင်ဆရာအဖြစ်ခန့်ထားပြီး စာအကျပေါက် သတ်ပုံသတ်ညွှန်းစသည်တို့ကို အလွန်ဂရုစိုက်သည်။ မတော်တဆအမှားအယွင်းရှိခဲ့လျှင်လည်း စာအုပ်နောက်ပိုင်းမှာ အမှားပြင်ဆင်ချက်ထည့်ပေးသည်။ ဒီလိုစနစ်တကျဆောင်ရွက်သော တိုက်ကြီးများရှိသလို..
တချို့စာအုပ်တိုက်၊ ပုံနှိပ်တိုက်တွေကတော့ စာပြင်ဆရာသီးခြားမရှိ၊ ကြုံတဲ့လူက ကြုံသလို၀င်ဖတ်ပြီးပြင်သည်။ သတ်ပုံစာအုပ်ရှိသော်လည်း သိပ်အခက်အခဲရှိမှ လှန်ကြည့်တတ်သည်။ များသောအားဖြင့်တော့ လက်တန်းဖတ်ပြီး ပြင်လိုက်ကြတာပါပဲ။ ထို့ကြောင့် စာအုပ်တစ်အုပ်တည်းမှာပင် သတ်ပုံအမျိုးမျိုးဖြစ်နေတာတွေ့ရ၏။ (သတ်ပုံကျမ်းတစ်အုပ်လုံးကို အလွတ်လောက်မှတ်မိနေသော ဝါရင့်စာပြင် ဆရာကြီးများ ရှိခဲ့ဖူးတာကိုတော့ အသိအမှတ်ပြုရပါမည်။)
ဘာပဲဖြစ်ဖြစ် စာအုပ်တိုက်တစ်တိုက် မူတစ်မျိုးဖြစ်နေတာ၊ သတ်ပုံကျမ်းတွေကလည်း အမျိုးမျိုးရှိတာကြောင့် စံတစ်ခုသတ်မှတ်ဖို့ လိုလာတာတော့အမှန်ပဲဖြစ်၏။ နောက်တော့ မြန်မာစာအဖွဲ့က ပြုစုသောသတ်ပုံစာအုပ်ဖြစ်လာသည်။ စာအုပ်စာတမ်းရိုက်နှိပ်ထုတ်ဝေသူများအနေဖြင့် ထိုသတ်ပုံစာအုပ်ပါအတိုင်း တညီတညွတ်တည်းအသုံးပြုကြရသည်။
တစ်နိုင်ငံလုံးမှာ သတ်ပုံသတ်ညွှန်းမူတစ်မျိုးတည်းဖြစ်လာသောကြောင့် မြန်မာစာရေးထုံး စနစ်ကျလာသည်။ သတ်ပုံဂိုဏ်းကွဲတွေလည်းမရှိတော့။ အငြင်းပွားစရာလည်းမလိုတော့။ ပုံနှိပ်တိုက်တွေကလည်း သတ်ပုံကို ပိုဂရုစိုက်လာသည်။
တစ်ခုပဲရှိ၏။ သတ်ပုံကို အတိအကျလိုက်နာရသောအခါ ရသစာပေရေးရာမှာ တစ်ခါတစ်ခါ အဆင်မပြေတာမျိုးဖြစ်တတ်သည်။ အထူးသဖြင့် စကားလုံးတစ်လုံးဆို တစ်လုံး အလွန်ထိရောက်တာသွားသည်။ တစ်ခါတလေ အသံထွက်တဲ့အတိုင်းရေးမှ ဖတ်ရတာ အရသာရှိသည်။
ရှေးဟောင်းကဗျာတစ်ပုဒ်တွင် မိန်းကလေးက သူ့ချစ်သူကို လွမ်းလို့ ပန်းသပြေညောင်ရေသွန်းပြီး ဆုတောင်းရပုံကို လှလှပပရေးထားပြီး အဆုံးသတ်မှာ....
'သောက်တော်ရေအိုး
ဂျွမ်းထိုးကောင်နှယ်
အပျိုဖြူ မယ်နှမမှာ
ကြုံရတယ်ရှင်'
ဟု ရေးထားသည်။ ဂျွမ်းထိုးကောင်ဆိုသည်မှာ ပိုးလောက်လန်းကို ဆိုလိုခြင်းဖြစ်၏။ သတ်ပုံအမှန်အတိုင်းဆိုလျှင် 'ကျွမ်းထိုးကောင်'ဟု ရေးရမည်။ ဂျွမ်းထိုးကောင်ဆိုတာလောက် ရင်ထဲ တိုက်ရိုက်မထိတာ တွေ့ရသည်။
ကျွန်တော့်၀တ္ထုတစ်ပုဒ်ထဲတွင် ကောင်မလေးက သူ့အမေကိုပြောတဲ့စကား 'ပြန်မကြိုက်လို့မဖြစ်ဘူး အမေရဲ့၊ သူ့လက်ထဲမှာ ထပိုးကြီးတရမ်းရမ်း'နဲ့ ဆိုတာကို သတ်ပုံအမှန်အရ 'ထမ်းပိုးကြီး တရမ်းရမ်း'နဲ့ဟု ရေးရသောအခါ တစ်မျိုးကြီးဖြစ်နေသည်။
ကျွန်တော်၏ အစောပိုင်း၀တ္ထုတစ်ပုဒ်တွင် ကောင်မလေးက မျက်နှာလေးလှသော်လည်း ခြေထောက်ကို ဂရုစိုက်ပြီး ဆေးကြောခြင်းမရှိသဖြင့် ခြေသည်းမှာ 'ဂျီး'တွေကပ်နေသည်ဟု ရေးလိုက်သည်။ 'ဂျီး'ကို ထိုစဉ်က သတ်ပုံအရ 'ချေး'ဟု ရေးရသည်။ ထို့ကြောင့် 'ခြေသည်းမှာ ချေးတွေ ကပ်နေသည်'ဟူ၍ ဖြစ်သွား၏။ ထိုအခါ ကျွန်တော်ဆိုလိုသည့်အဓိပ္ပာယ်မရောက်တော့ဘဲ ကောင်မလေးက ချေးပုံ(ချီးပုံ)ပဲ တက်နင်းမိလာသလို ထင်စရာဖြစ်နေ၏။
ခုနောက်ပိုင်း သတ်ပုံအရတော့ 'ဂျီး'ကို 'ကြေး'ဟု စာလုံးပေါင်းရသည်။ ဒီလိုကျပြန်တော့လည်း....
'ဒီကောင်မလေး တော်တော်ဂျီးများတယ်'ဟု ဆိုချင်လျှင်...
'ဒီကောင်မလေး တော်တော်ကြေးများတယ်'ဟု ရေးရပါလိမ့်မည်။ ကောင်မလေးခမျာ ဟိုဟာလိုလို ဒီဟာလိုလို အထင်ခံစရာအကြောင်းရှိလေသည်။
ရသစာပေရေးသူတွေဘက်က သတ်ပုံနှင့်ပတ်သက်၍ စောဒကတက်စရာတစ်ခုရှိ၏။ အထောက်အထား အကိုးအကားပြစရာ အချက်ကတော့ 'ပိုအက်တစ်လိုင်စင်'ပင်ဖြစ်လေ၏။ ထိုလိုင်စင်မှာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူးဦးစီးဌာန(ကညန)မှ ထုတ်ပေးထားခြင်းမဟုတ်ပါ။ ဘယ်သူကမှ တရား၀င်ချပေးထားသော လိုင်စင်လည်းမဟုတ်ပါ။ အနုပညာဆိုင်ရာ နားလည်မှုတစ်ခုသာ ဖြစ်၏။
တိုက်ရိုက်အဓိပ္ပာယ်က ကဗျာနှင့်ဆိုင်သောလုပ်ခွင့်ဖြစ်၏။ ကဗျာလင်္ကာတွေမှာ ရသမြောက်ရေးကို ဦးစားပေးရသဖြင့် သတ်ပုံတွေ၊ သဒ္ဒါစည်းကမ်းတွေကို ချိုးဖောက်နိုင်သည် ဆိုသော အထူးအခွင့် အရေးဖြစ်၏။ အစပိုင်းတွင် ကဗျာနှင့်သာဆိုင်သော်လည်း နောက်ပိုင်းကျတော့ တခြားရသစာပေအမျိုးအစားတွေကပါ ထိုအခွင့်အရေးကို ရပိုင်ခွင့်ရှိသည်ဟု ယူဆလာကြသည်။
တစ်ခုရှိတာက 'ပိုအက်တစ်လိုင်စင်'ဆိုသည်မှာ တကယ်လိုအပ်မှ သုံးရခြင်းဖြစ်၏။ နေရာတကာ သဘောရှိသုံးပြန်လျှင်လည်း လိုင်စင်ဆိုသောစကား၏အနက်ပွားဖြစ်သော 'လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်း'ဖြစ်သွားတတ်သည်။
ကျွန်တော်တို့လို ရသစာပေရေးသူများ တစ်ခါတစ်ခါ ကြုံရသောပြဿနာမှာ ခံစားမှုဘက်သို့ အလေးကဲမိသောအခါ မြန်မာစာရေးထုံးကို ချိုးဖျက်သလိုဖြစ်သွားပြီး သတ်ပုံတို့၊ သဒ္ဒါစည်းကမ်းတို့ကို အတိအကျလိုက်နာပြန်တော့ ရသဘက်မှာ အားနည်းပေါ့ပျက်သွားရခြင်းပင်ဖြစ်၏။
မြန်မာစာရေးထုံးနှင့်ပတ်သက်ပြီး ဆရာကြပ်ကလေးရေးခဲ့ဖူးသည့်စာတစ်ပုဒ်ထဲမှ အကြောင်းကလေးကို သွားသတိရမိ၏။ တချို့က စာရေးရာမှာ အတိုကောက်သိပ်ကြိုက်သည်။ 'သည်'ကို 'သှ်'ဟု ရေးသည်။ 'လည်းကောင်း'ကို '၄င်း'ဟု ရေးသည်။ ထို့အတူ 'ရရစ်'ဆိုသည်မှာ 'ရ'ကိုရစ်ထားခြင်းဖြစ်သည်ဆိုပြီး 'ဆရာ'ကို 'ဆြာ'ဟု ရေးသည်။ ဒါဆိုလျှင် တရားသူကြီးကိုလည်း 'တြားသူကြီး'ဟု ရေးရလိမ့်မည်။
ထို့အတူ ဆရာက ဝါကျတစ်ခုကို နမူနာပြပြီး သရော်ထားသည်။
'ဆရာကြပ်ကလေး၏အိမ်သို့သွားလည်းရာ ဆရာ ခရီးထွက်နေသဖြင့် မတွေ့ခဲ့ရပါ'
အထက်ပါဝါကျကို အတိုကောက်ရေးထုံးနှင့် ပြန်ရေးလျှင်...
'ဆြာကြပ်ကလေး၏အိမ်သို့သွားလည်ရာ ဆြာခြီးထွက်နေသဖြင့် မတွေ့ခဲ့ရပါ'ဟူ၍ဖြစ်သွားရလေသည်။
(သောကြာစာစောင် အယ်ဒီတာချုပ်ဆရာကြီးအီကြာကွေးသည်လည်း စာပေဟောပြောပွဲ စူပါစတားဖြစ်သောကြောင့် စာဆိုတော်ရာသီရောက်လျှင် မကြာခဏ ခရီးထွက်တတ်ကြောင်းကို ဒီစာရေးရင်း သတိရမိပါသေးသည်။)
မင်းလူ
24/08/2021
မမှားစေလို သတ်ပုံကို
~~~~~~~~~~~~~~
လက်စတုန်း ( ❎ )
လက်စတုံး ( ✅ )
24/08/2021
"မန္တလေး တစ်ပြ"
✨✨✨✨✨✨
မန္တလေးသူ မန္တလေးသားတွေက မြေပြင်ပေါ်က ခရီးအကွာအဝေးကို ပြောတဲ့အခါဖြစ်ဖြစ်၊ လမ်းညွှန်တဲ့အခါ ဖြစ်ဖြစ်၊ ၁ ပြ၊ ၂ ပြ၊ ၃ ပြ စသဖြင့် ပြောတတ်ကြတယ်။
မန္တလေးနဲ့ စိမ်းတဲ့သူတွေက အဲ့ဒီ တစ်ပြနှစ်ပြတွေကို ဘာပြောမှန်း မသိကြဘူး။
တချို့က ကြားဖူးနားဝနဲ့ နားလည်မှုလွဲကြတယ်။ မန္တလေး တစ်ပြဆိုတာ မရေမရာကြီးလိုလို၊ အတိုင်းအဆမဲ့နေသလိုလို၊ အရမ်းကြီး ဝေးနေသလိုလို။
မသိသေးသူတွေ သိသွားအောင် ကျနော်ဖတ်မှတ်သိရှိခဲ့တာလေးတွေကို ပြန်လည် ဖောက်သည်ချပါမယ်။
(မှားတာရှိ ပြင်ပေးပါ)
မန္တလေး ၁ ပြ ဟာ တာ ၅၀ ရှိပါတယ်။
အတိအကျကို တာ ၅၀ ရှိတာပါ။
ရှေးမြန်မာအတိုင်းအတာအရ 'တာ ၅၀' ပါ။
၁ တာ မှာ ၇ တောင် ရှိပါတယ်။
မြန်မာအတိုင်းအတာ ၁ တောင်ဟာ အင်္ဂလိပ်အတိုင်းအတာ ၁၉လက်မခန့် နဲ့ ညီမျှပါတယ်။
(တချို့က ၁၈လက်မလို့ ယူကြတယ်)
တာ ၅၀ = အတောင် ၃၅၀ = ၆၆၅၀ လက်မ = ၅၅၄.၁ ပေ
၁ ပြ = ၅၅၄ ပေ ပေါ့ (အနီးစပ်ဆုံး)
အဲ့ဒီ တစ်ပြကို တာ ၅၀ က ဘယ်က လာတာလဲ?
မြို့ရိုးကနေ လာတာပါ။
မန္တလေးနန်းမြို့ရိုးဟာ လေးထောင့်စပ်စပ်ပုံသဏ္ဍာန် ရှိပါတယ်။ မြို့ရိုးကို ပစ္စင် ပြအိုး သူရဲခို သူရဲပြေး ရင်းတား စတာတွေနဲ့ ဖွဲစည်း တည်ဆောက်ထားကြတယ်။
မြို့ရိုးတစ်ဖက်ဟာ 'တာ၆၀၀' ရှည်ပါတယ်။
တာ ၅၀ တိုင်းမှာ ပြအိုးတစ်ခု ရှိပါတယ်။
အဲ့ဒီ ပြအိုးနဲ့ တည့်တည့်ကို ဦးတိုက်ပြီး
မန္တလေးလမ်းတွေကို ဖောက်ထားတာပါ။
(Google map မှာ ကြည့်ရင် သိပါမယ်)
တစ်ပြဟာ တစ်လမ်းပါ။ မြို့ရိုးပေါ်က တစ်ပြနဲ့တစ်ပြ အကွာအဝေးဟာ တစ်လမ်းနဲ့တစ်လမ်း အကွာအဝေးပဲပေါ့။
တစ်လမ်းနှစ်လမ်းမပြောဘူး တစ်ပြနှစ်ပြပဲ ပြောတာ မန္တလေးသား။ မြို့ရိုးတစ်ဖက်မှာ ၁၂ လမ်း ( ၁၂ပြ) ရှိပါတယ်။
မြို့ရိုးနဲ့ ကျုံးကြားက တာ ၂၀၊ ကျုံးအကျယ်က တာ ၂၀ နဲ့ လမ်းဘေး ပလက်ဖောင်း ဘာညာသာရကာက ၁၀တာ လောက် ရှိတော့ မြို့ရိုးကနေ နောက်ထပ် တာ၅၀ အကွာမှာ လမ်းတစ်လမ်း ယူထားတယ်။
ကျုံးတစ်ဖက်စီဟာ ၁၄ လမ်း (၁၄ပြ) ရှိပါတယ်။ မြောက်ဖက်ကျုံးလမ်းဟာ လမ်းနံပတ် ၁၂ပါ။ တောင်ဖက်ကျုံးဟာ လမ်းနံပတ် ၂၆ ပါ။ ၁၄ လမ်း ရှိပါတယ်။
အရှေ့ကျုံးလမ်းဟာ လမ်းနံပတ် ၆၆ ပါ။ အနောက်ကျုံးလမ်းဟာ လမ်းနံပတ် ၈၀ ပါ။ ၁၄လမ်း ရှိပါတယ်။
(တချို့ထင်သလို ကျုံးတစ်ဖက်ဟာ ၂ မိုင် မရှိပါ။ ၁ မိုင်ခွဲခန့်သာ ရှိပါမယ်။)
မန္တလေးသားတွေက တစ်လမ်း နှစ်လမ်း သုံးလမ်းလို့ မပြောဘဲ တစ်ပြ နှစ်ပြ သုံးပြ စသဖြင့် ပြောကြတယ်။ လမ်း နဲ့ ပြ အခေါ် အတူတူပါပဲ။
ချုပ်ပြီးပြောရရင် မန္တလေး ၁ ပြ ဟာ တချို့လူတွေထင်သလို မရေမရာ မတိမကျ ဗရမ်းဗတာ မဟုတ်ပါဘူး။
(၁ပြ = တစ်လမ်း = တာ ၅၀ = ပေ ၅၅၀ခန့်)
Credit: အရှင်ဥတ္တမသာရ 🙏🙏🙏
Credit: Photo
23/08/2021
ပေစာ ၅ မျိုး
၁။ ရွှေမျဉ်းပေ
"ရွှေပိန်းပေ" ဟုလည်း ခေါ်သည်။ ပေစာထုပ်၏ အနားလေးဘက်လုံးကို ရွှေအပြည့်ချထားလျှင် ရွှေမျဉ်း(ရွှေပိန်း)ပေ ဟု ခေါ်သည်။
၂။ ကြံဆစ်ပေ
"ရွှေမျဉ်းကြံဆစ်" ဟုလည်း ခေါ်သည်။ ပေစာထုပ်၏ အနားလေးဘက်လုံးကို ဟင်္သာပြဒါးသုတ်ပြီး ရွှေချသောအခါ အပြည့်မချဘဲ ဘေးနှစ်မျက်နှာ၏ အလယ်မှ ၂ လက္မ၊ ၃ လက္မခန့် ချန်၍ ကျန်သောအပိုင်းကိုသာ ရွှေချထားလျှင် ကြံဆစ်ပေ (ရွှေမျဉ်းကြံဆစ်)ဟု ခေါ်သည်။
၃။ မျဉ်းနီပေ
ပေစာထုပ်၏ အနားဘေးဘက်လုံးကို ဟင်္သာပြဒါးသာ သုတ်ထားလျှင် မျဉ်းနီပေဟု ခေါ်သည်။
၄။ မျဉ်းနက်ပေ
ပေစာထုပ်၏ အနားဘေးဘက်လုံးကို စစ်ဆေးသုတ်ထားလျှင် မျဉ်းနက်ပေဟု ခေါ်သည်။
၅။ မျဉ်းဖြူပေ
"ပေကြမ်း" ဟုလည်း ခေါ်သည်။ ပေစာထုပ်၏ အနားဘေးဘက်လုံးကို ဘာမျှသုတ်လိမ်းခြင်းမပြုဘဲ အဖြူထည်အတိုင်းထားလျှင် မျဉ်းဖြူပေ (ပေကြမ်း) ဟု ခေါ်သည်။
ကတူးသန်းနိုင်
17 Aug 2021
တစ်ဆင့်ကူးယူဖော်ပြသည်။