03/09/2021
လူတို့၏ တစ်ရက်တာအတွင်း နေထိုင်ရသော အချိန်ကိုတိုင်းတာကြည့်မယ်ဆိုလျှင် နာရီအားဖြင့် ၂၄နာရီဖြစ်ပါသည်။
မိနစ်အားဖြင့် ၁၄၄၀မိနစ် ဖြစ်ပါသည်။
စက္ကန့်အားဖြင့်တော့ ၈၆၄၀၀ဖြစ်ပါသည်။
လူတို့၏ အသက်ရှုထုတ်ချိန် ဝင်လေ ထွက်လေ တစ်စုံကို ပျှမ်းမျှအားဖြင့် ၅.၄
စက္ကန့်ကြာပါသည်။ ထို့ကြောင့် တစ်ရက်တာအတွင်း ဝင်လေ ထွက်လေ အစုံ ပေါင်း ၁၆၀၀၀ရှိပါသည်။ (၈၆၄၀၀÷၅.၄=၁၆၀၀၀)
အပြင်လေကို မရှုနိုင်တော့တဲ့အချိန် (သို့) ရှုသောလေကို ပြန်မထုတ်နိုင်တော့ တဲ့အချိန်ကို သေသည်ဟု သတ်မှတ်ကြ
သည်။ ဆိုတော့ ဝင်လေ ထွက်လေ အစုံ တိုင်း၏ ကြားကာလ၌ သေခြင်းတရား
တည်းဟူသော ပြဿနာကြီးက ရှိနေလေသည်။ အဲတာကို သတိထားမိအောင် ပြဿနာပေါင်းသောင်းခြောက် ထောင်လို့ ဆိုစမှတ်ပြုခဲ့ခြင်းဖြစ်သည်။
#