So Pyae Pre-school

So Pyae Pre-school Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from So Pyae Pre-school, School, Dagon.

ဉာဏ်ရည်ဖွင့်ကစားနည်း❤️❤️❤️❤️❤️❤️❤️ဦးနှောက် ဉာဏ်ရည်ဖွံဖြိုးဖို့ဉာဏ်ရည်ဖွံ့ဖြိုးကစားနည်းနဲ့သင်ကြားစို့🕴🚶🙅‍♂️🤷‍♀️🤷‍♂️🏃‍♀️🏃...
07/04/2024

ဉာဏ်ရည်ဖွင့်ကစားနည်း❤️❤️❤️❤️❤️❤️❤️

ဦးနှောက် ဉာဏ်ရည်ဖွံဖြိုးဖို့ဉာဏ်ရည်ဖွံ့ဖြိုးကစားနည်းနဲ့သင်ကြားစို့🕴🚶🙅‍♂️🤷‍♀️🤷‍♂️🏃‍♀️🏃🚶‍♀️
So Pyay Pre School
5.4.2024

09/02/2024
09/11/2023

ပျော်ပျော်ရွှင်ရွှင်စာမသင်ခင်
ကဗျာလေးတွေဆိုကြ
ကကြမယ်🥰🥰🥰🥰

မူကြိုပညာရေးမှာ စာရေးတက်ဖို့ လက်ရေးလှဖို့ ပဲ အရေးကြီးတာမဟုတ်ပါဘူး ကလေးတယောက်ရဲ့ ဖွံ့ဖြိုး မှု ဖြစ်စဉ်မှာ အရေးကြီးဆုံး အခ...
06/06/2023

မူကြိုပညာရေးမှာ စာရေးတက်ဖို့ လက်ရေးလှဖို့ ပဲ အရေးကြီးတာမဟုတ်ပါဘူး

ကလေးတယောက်ရဲ့ ဖွံ့ဖြိုး မှု ဖြစ်စဉ်မှာ အရေးကြီးဆုံး အခန်းကဏ္ဍ ဖြစ်တဲ့ တီတွင် တွေးခေါ်လူမှုဆက်ဆံရေး ဘာသာစကား စတဲ့ အခြေခံ လိုအပ်ချက် တွေဟာလဲ တပြိုင််ထဲ ဖွံဖြိုးတိုးတက်ဖို့လိုအပ်ပါတယ်

မူကြိုပညာရေးမှာ ဘက်စုံ ဖွံဖြိုးတိုးမှု တွက် ဘာသာရပ်အလိုက် Lesson plan အသေးစိတ်နဲ့
သက်ဆိုင်သော Activities တွေလုပ်ဆောင် သင်ကြားပေးရပါတယ်

မူကြို ကလေးတယောက်ဟာစာအမြန်ရေးတက် လက်ရေးလှ ရုံနဲ့ ကလေးက ဖွံ့ဖြိုးတိုးတက်တယ်လို့ မဆိုလိုပါဘူး

ဒါကြောင့် စာရေးတက်ဖို့ထက်တခြားသောဖွံဖြိုးမှုတွေဟာလဲ မူကြိုအရွယ် ကလေးတိုင်းအတွက် အရမ်း ကိုအရေးကြီးသော လိုအပ်သော ဘာသာရပ်တွေ ဖြစ်ပါကြောင်း.....

ပွင့်သောပန်းကလေးတိုင်း လန်းပါစေ🌻
Crd.

06/06/2023
06/06/2023
 #မူကြိုကလေးတွေ စာရေးဖို့အချိန်မရောက်သေးဘူးဆိုတာကို ဒီဓါတ်မှန်ရိုက်ထားတဲ့ ပုံလေးက မိဘတွေကိုသက်သေပြနိုင်ပါလိမ့်မယ်။💯3နှစ်...
06/06/2023

#မူကြိုကလေးတွေ စာရေးဖို့အချိန်မရောက်သေးဘူးဆိုတာကို ဒီဓါတ်မှန်ရိုက်ထားတဲ့ ပုံလေးက မိဘတွေကိုသက်သေပြနိုင်ပါလိမ့်မယ်။

💯3နှစ်အရွယ်ကလေးတွေရဲ့ ကြွက်သားတွေ အရိုးအဆစ်တွေက စာရေးဖို့ မသင့်တော်သေးတာကလည်း လက်ဖဝါးက အရိုးတွေ အဆစ်တွေဆက်ထားနိုင်တဲ့အချိန်အရွယ်မရောက်သေးတာကိုလည်း မြင်တွေ့ရပါတယ်။

💯ကလေးကို မူကြိုကျောင်းပို့တာနဲ့ စာစပြီးရေးတတ်စေချင်တဲ့အခါ ကလေးစာမရေးတတ်လို့ ငြိုငြင်လာတဲ့အခါ ဒီပုံလေးကြည့်ပြီး ဪ စာရေးခိုင်းဖို့ မလိုအပ်‌သေးပါလားဆိုတာကို နားလည်လက်ခံထားသင့်ပါတယ်။

✅မူကြိုကလေးတွေအတွက် အသင့်တော်ဆုံးက
အရောင်ခြယ်တာ
ရွံအတုတွေနယ်တာ
ကလေးကတ်ကြေးနဲ့ စက္ကူညှပ်တာ
စတေကာတွေ ခွာလိုက်ကပ်လိုက်ကစားတာ
အရုပ်ဆက်တာ သဲမြေကြီး ရွံဗွက်တွေကို ကစားခွင့်ပြုရင် အရိုးအကြောလေးတွေ ကြွက်သားတွေသန်မာလာအောင် ကလေးရဲ့ စားချိန်အိပ်ချိန် ကစားချိန်ကို နေ့စဉ်ပုံမှန်လည်ပါတ်လာအောင် ဂရုစိုက်ပေးရုံပါပဲ။

✅အဓိကက သဘာဝနဲ့ထိတွေ့ကစားခွင့်ပြုတာ
မိဘတွေနဲ့အတူကစားတာ သူငယ်ချင်းနဲ့ ကစားတာ
အကျီဘောင်းဘီကိုယ်တိုင်ဝတ်တတ်အောင် လေ့ကျင့်တာ ဖိနပ်ကြိုးချည်နည်းတွေ အိမ်အလုပ်မှာ နိုင်သလောက်ပါဝင်ခွင့်ပြုတာနဲ့ တာဝန်ယူတတ် တာဝန်သိတတ်အောင် အစားစာကို ကောင်းကောင်းစားတတ်အောင် ကစားစရာတွေ ကိုယ်တိုင်သိမ်းတတ်အောင်ပဲ လမ်းပြပေးရမှာပါ

💯အများနဲ့နေထိုင်တဲ့အခါ စိတ်ခံစားမှုကို ထိမ်းတတ်အောင် နိုင်ငံတကာစံနုန်းအတိုင်းဒီသုံးချကိကို လိုက်နာလာအောင်အချိန်ပေး သင်ရမှာပါ👇👇👇

❎ပစ္စည်းကိုပစ်ပေါက်ဖို့ခွင့်ပြုလို့မရကြောင်း
❎ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ဖို့ခွင့်ပြုလို့မရကြောင်းနဲ့
❎သူတပါးကိုနာကျင်အောင်လုပ်ဖို့ခွင့်ပြုလို့မရကြောင်းကို နားလည်အောင် အဓိကထား သင်ပေးရမှာဖြစ်ပါတယ်။

✍️ရေးဖို့ အရွယ်ရောက်လာချိန် ရေးတတ်လာမှာပါ။အဓိကက အရွယ်လိုက်ပေးသင့်တဲ့စည်းကမ်းကို အရင်လိုက်နာတတ်အောင် သင်ပေးပါ စံပြနေပေးပါ လက်တွဲခေါ်ပေးပါလို့ မိဘတွေကို အကြံပြုတိုက်တွန်းပါတယ်ရှင့်။

.မူရင်းရေးသားသူ အားလေးစားစွာဖြင့် 🙏

နေ့စဉ်နဲ့အမျှ ကျန်းမာရေးpostကိုတင်ပေးသွားမှာဖြစ်လို့ page ကို Like & follow လုပ်ပေးခဲ့ပါအုံးနော်🙏

So Pyay Pre Schoolလစဥ်ကြေး၄၀၀၀၀သုံးနှစ်မှစ၍ငါးနှစ်ထိကျောင်းသားသစ်များကိုကျောင်းအပ်လက်ခံနေပါပြီTime table9:30a.m 10:00  စ...
06/06/2023

So Pyay Pre School
လစဥ်ကြေး
၄၀၀၀၀

သုံးနှစ်မှစ၍ငါးနှစ်ထိ

ကျောင်းသားသစ်များကို
ကျောင်းအပ်လက်ခံနေပါပြီ

Time table
9:30a.m 10:00 စိတ်ကြိုက်ဖန်တီးကစားခြင်း
10.00am 10:30music&dance
10:30 11:00 arts&crafts
11:00 11:30ထမင်းစားချိန်
11:30:12:00ကစားချိန်

12:00 :1:30အိပ်ချိန်
1:30မှ1:45 မုန့်စားချိန်
1:45မှ2:30
စာသင်ချိန်
သင်ကြားသည့်ဘာသာရပ်များ
မြန်မာစာ
Eng
Science
Maths
အများနှင့်ပေါင်းသင်းဆက်ဆံတတ်စေရန်
အပြုအမူအလေ့အကျင့်ကောင်းများရှိလာစေရန်
E,CCDနည်းလမ်းနဲ့အညီသင်ကြားပါသည်

Ph09446007499

အမှတ်၉၁၀ ဦးထွန်းမြင့်လမ်း၂၉ရပ်ကွက်
ဒဂုံမြောက်

ကျောင်းသားသစ်များ
ဇွန်လ ၁ ရက်နေ့တွင်စတင်ဖွင့်လှစ်ပါမည်။

မူကြိုဆိုသည်မှာ⭐⭐*မူကြိုသည် စာသင်ကျောင်းမဟုတ်ပါ။*မူကြိုတွင် ဘာတွေသင်ပေးကြပါသနည်း။-ပြောစကားကို ကောင်းကောင်းနားလည်စေရန်-တဖ...
06/06/2023

မူကြိုဆိုသည်မှာ⭐⭐

*မူကြိုသည် စာသင်ကျောင်းမဟုတ်ပါ။
*မူကြိုတွင် ဘာတွေသင်ပေးကြပါသနည်း။

-ပြောစကားကို ကောင်းကောင်းနားလည်စေရန်

-တဖက်သားနားလည်အောင် မေးတတ်၊ပြောတတ်စေရန်

-နားထောင်တတ်၍ ပီပီသသ မှန်မှန်ကန်ကန် ကဗျာ၊သီချင်းများ သီဆိုတတ်စေရန်

-အများနှင့် ပေါင်းသင်းဆက်ဆံနေထိုင်တတ်စေရန်

-တစ်ကိုယ်ရေသန့်ရှင်းရေး
နှင့်ကျန်းမာရေးအလေ့အကျင့်ကောင်းများရရှိစေရန်

-ယဉ်ကျေးသိမ်မွေ့စွာပြောဆို‌၊‌နေထိုင်၊
ဝတ်ဆင်၊စားသောက်ပြုမူတတ်စေရန်

-ကိုယ်ကျင့်စာရိတ္တကောင်းမွန်စေရန်

-ဘာသာတရားအသိအမြင်၊အပြုအ
ကျင့်အခြေခံကောင်းများရရှိစေရန်

-ရိုးရာယဉ်ကျေးမှု၊ဓလေ့၊အစဉ်အလာကောင်းများနှင့်
ထိတွေ့၊သိရှိ ၊နှစ်သက်လာကြစေရန်

-ကိုယ်၊စိတ်၊အသိဉာဏ်၊အတွေးအမြင်ဖွံ့ဖြိုးမှုဆိုင်ရာ
လှုပ်ရှားမှုများတွင်ပါဝင်ကြစေရန်

-မြန်မာစာ၊အင်္ဂလိပ်စာ၊သချာင်္၊သိပ္ပံ၊လူမှုရေး
သဘာဝပတ်ဝန်းကျင်တို့နှင့်သက်ဆိုင်သော
အခြေခံအသိပညာများပြုစုပျိုးထောင်ပေးရန်

-အရေး၊အဖတ်သင်ကြားသည့်အခါကောင်းမွန်စွာ
တတ်မြောက်ရေးအတွက်လက်ချောင်းကြွက်သားများ
ဖွံ့ဖြိုးသန်မာလာအောင်လေ့ကျင့်ပေးရန်

-အာရုံခြောက်ပါးဖွံ့ဖြိုးလာစေရန်

-ကျောင်းပျော်၊စာတော်၊ကျန်းမာ၊
လိမ္မာစေမည့်အခြေခံအသိပညာ
အလေ့အကျင့်ကောင်းများပျိုးထောင်ပေးရန်
စသည့်လုပ်ငန်းရည်ရွယ်ချက်တို့ဖြင့်
မူကြိုကျောင်းဖွင့်ရခြင်းဖြစ်ပါသည်။

Credit #

သင်္ကြန်ရက်ကျောင်းမပိတ်ခင်လေးကလေးလေးတွေအတွက်ပြုလုပ်ပေးခြင်းဖြစ်ပါသည်ကျောင်းသင်္ကြန်အမှတ်တရ12.4.2023saveရန်သာ
20/04/2023

သင်္ကြန်ရက်ကျောင်းမပိတ်ခင်လေး
ကလေးလေးတွေအတွက်ပြုလုပ်ပေးခြင်းဖြစ်ပါသည်
ကျောင်းသင်္ကြန်
အမှတ်တရ12.4.2023

saveရန်သာ

Address

Dagon

Website

Alerts

Be the first to know and let us send you an email when So Pyae Pre-school posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category