25/05/2022
ဟေ့ ဘေဘီတို့ရေ 😗
ဒီတစ်ခါတော့ စနစ်သစ်အထက်တန်း(Grade-10,11,12)ကိုတက်လှမ်းကံစမ်းကြမယ့် juniorညီလေး ညီမလေးတို့အတွက် ဒီရုပ်ချောတဲ့အက်မင်ကနည်း"လေးအာချောင်မယ်နော်
2016ကစပြီးအကောင်ထည်ဖော်ခဲ့တဲ့ KG+12 systemအရ အထက်တန်းဟာ
ဒသမတန်း (Grade-10)
ဧကာဒသမတန်း (Grade-11)
ဒွာဒသမတန်း (Grade-12) ဆိုပြီးသုံးတန်းဖြစ်ပေါ်လာခဲ့တယ်
စနစ်သစ်မှာသေချာဂရုစိုက်သတိထားရမယ့်အချက် ဘာသာတွဲအရွေးမှန်ဖို့ပဲ
အရွေးမှားရင် သွားပြီဘေဘီ
ဒါကြောင့်သေချာဖတ်သွား ရင်ထဲကအချစ်တွေနဲ့ရေးထားတာ😚
စနစ်သစ်(new course)မှာ စနစ်ဟောင်းတုန်းကလိုရှည်လျားထွေးပြားပြီး ပျင်းစရာကောင်းအောင်အာရုံသိပ်မများရတော့ပါဘူး
စနစ်ဟောင်းမှာဘာသာတွဲ(၇)တွဲရှိခဲ့တယ်😺
အခုစနစ်သစ်မှာတော့ဘာသာတွဲက(၄)တွဲပဲရှိတော့တယ် ^_^
ဘာတွေလဲဆိုတော့
✨STEAMS-1 အတွဲ(၁)
✨STEAMS-2 အတွဲ(၂)
✨STAMS-1 အတွဲ (၃)
✨STAMS-2 အတွဲ (၄)
S =science
T=technology
E=engineering
A=arts
M=mathematics
S=sports
💌အတွဲ(၁)လို့ခေါ်တဲ့ STEAMS-1
ဆရာဝန်၊ အင်ဂျင်နီယာဖြစ်ချင်တဲ့ညီလေး ညီမလေးတို့ရွေးကိုရွေးချယ်ရမယ့် ဘာသာတွဲပဲဗျာ
အက်မင်တို့စနစ်ဟောင်းရဲ့Hyperများစုဝေးရာ "ဆေးတက္ကသိုလ်"တွေ၊ အရှိန်အဟုန်နဲ့အဆင့်မြင့် အသားပေးလာပြီဖြစ်တဲ့ "နည်းပညာတက္ကသိုလ်"တွေကိုတက်ချင်တဲ့ကလေးတွေ ရွေးချယ်ရမယ့်ဘာသာတွဲပေါ့
(ဆေးတက္ကသိုလ်ဆိုတာ ဆေးနဲ့ဆိုင်တဲ့တက္ကသိုလ်အားလုံးကို ပြောချင်တာနော် ဘေဘီတို့ သူနာပြု တိကု သွားဆေး ဆေးဝါးကျွမ်းကျင် ဆေးနည်းပညာအားလုံးပါတယ်နော် ပူတူးတူးတို့)😗
သင်ကြားရမယ့်ဘာသာရပ်တွေက-
၁။။မြန်မာ♥️
၂။အင်္ဂလိပ်♥️
၃။သင်္ချာ♥️
၄။ဓာတုဗဒေ💛
၅။ရူပဗဒေ💛
၆။ဇီဝဗဒေ💛
၇။လူမှုရေးသိပ္ပံ(ပထဝီ+သမိုင်း+ဘောဂ)💚
၈။စာရိတ္တနှင့်ပြည်သူ့နီတိ💚
၉။ဘဝတွက်တာကျွမ်းကျင်စရာ💚
၁၀။ကာယပညာ(or)အနုပညာဂီတ(or)အနုပညာပန်းချီ💚
Geoကို Minorအနေနဲ့သင်ယူရမှာဖြစ်လို့ ရေကြောင်းသိပ္ပံတို့၊ လေကြောင်းသိပ္ပံတို့ကိုတက်ချင်တဲ့ သူတွေမရွေးသင့်ပါဘူး
________________________________
💌အတွဲ(၂)လို့ခေါ်တဲ့ STEAMS-2
သူကတော့ နည်းပညာ၊ စီးပွားရေး၊စီမံအုပ်ချုပ်မှုနဲ့ ဘူမိဗေဒဆိုင်ရာတက္ကသိုလ်တွေကိုတက်ချင်တဲ့ ဘေဘီလေးတို့ကရွေးချယ်ရမှာပါဗျာ
သင်ရမယ့်ဘာသာတွေက-
၁။မြန်မာ♥️
၂။အင်္ဂလိပ်♥️
၃။သင်္ချာ♥️
၄။ဓာတုဗဒေ💛
၅။ရူပဗဒေ💛
၆။ဘောဂဗေဒ💛
၇။ပထဝီ+သမိုင်း💚
၈။စာရိတ္တနှင့်ပြည်သူ့နီတိ💚
၉။ဘဝတွက်တာကျွမ်းကျင်စရာ💚
၁၀။ကာယပညာ(or)အနုပညာဂီတ(or)အနုပညာပန်းချီ💚
သူကတော့Bioမပါတဲ့အတွက်ဆေးဆိုင်ရာUniတွေကိုတက်ခွင့်မရှိပါဘူး သဲလေးတို့:")
________________________________
💌အတွဲ(၃)လို့ခေါ်တဲ့ STAMS-1
သူကတော့ နိုင်ငံတကာဆက်ဆံရေး၊ အင်္ဂလိပ်စာ နိုင်ငံခြားဘာသာတက္ကသိုလ်တွေ၊ စီးပွားရေးနဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာUniတွေ၊ ဝိဇ္ဇာပညာရပ်(e.g. ဉပဒေ၊ စိတ်ပညာ၊ အရှေ့တိုင်း၊ ဒဿနိက)တွေနဲ့အသက်မွေးလိုသူတွေ ရွေးချယ်သင့်တဲ့ဘာသာတွဲဖြစ်တယ်ဗျာ
(ဆရာဝန်၊ Engineerဖြစ်ချင်တဲ့သူတွေလုံးဝရွေးလို့မရပါဘူး)
သင်ရမယ့်ဘာသာရပ်တွေက-
၁။မြန်မာ♥️
၂။အင်္ဂလိပ်♥️
၃။သင်္ချာ♥️
၄။ပထဝီဝင်💛
၅။သမိုင်း💛
၆။ဘောဂဗေဒ💛
၇။သိပ်ပံ(ဓာတု+ရူပ+ဇီဝ)💚
၈။စာရိတ္တနှင့်ပြည်သူ့နီတိ💚
၉။ဘဝတွက်တာကျွမ်းကျင်စရာ💚
၁၀။ကာယပညာ(or)အနုပညာဂီတ(or)အနုပညာပန်းချီ💚
သိပ္ပံကို Minor အနေနဲ့ပဲသင်ရတာဖြစ်လို့ ဆရာဝန်၊ Engineerဖြစ်ချင်တဲ့သူတွေလုံးဝရွေးလို့ မရပါဘူးနော် သေချာမှတ်ထားပါ ဘေဘီ😺
________________________________
💌အတွဲ(၄)လို့ခေါ်တဲ့ STAMS-2
စာရေးဆရာ၊ ကဗျာဆရာဖြစ်ချင်တဲ့စာရူးကဗျာရူးဘေဘီလေးတွေ မြန်မာစာ၊ မြန်မာစကားကိုနှစ်သက်မြတ်နိုးတဲ့သူတွေ၊ တေးရေး၊ အယ်ဒီတာ၊ Journalist၊ သမိုင်းပညာရှင်ဖြစ်ချင်သူတွေရွေးချယ်သင့်တဲ့ဘာသာတွဲလေးပါ သဲလေးတို့
ပြီးတော့လည်း အတွဲ(၃)လိုပဲ စီးပွားရေးနဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာUniတွေ၊ ဝိဇ္ဇာပညာရပ်(e.g. ဉပဒေ၊ စိတ်ပညာ၊ အရှေ့တိုင်း၊ ဒဿနိက)တွေနဲ့အသက်မွေးလိုသူတွေရွေးချယ်သင့်ပါတယ်
သင်ယူရမယ့်ဘာသာတွေက
၁။မြန်မာ♥️
၂။အင်္ဂလိပ်♥️
၃။သင်္ချာ♥️
၄။စိတ်ကြိုက်မြန်မာစာ💛
၅။ဘောဂဗေဒ💛
၆။ပထဝီဝင်+သမိုင်း💛
၇။သိပ်ပံ(ဓာတု+ရူပ+ဇီဝ)💚
၈။စာရိတ္တနှင့်ပြည်သူ့နီတိ💚
၉။ဘဝတွက်တာကျွမ်းကျင်စရာ💚
၁၀။ကာယပညာ(or)အနုပညာဂီတ(or)အနုပညာပန်းချီ💚
အတွဲ(၃)လိုပဲသိပ္ပံကို Minor အနေနဲ့ပဲသင်ရတာဖြစ်လို့ ဆရာဝန်၊ Engineerဖြစ်ချင်တဲ့သူတွေလုံးဝရွေးလို့ မရပါဘူးနော် သေချာမှတ်ထားပါ ဘေဘီ😺
________________________________
အတွဲတိုင်းမှာဘာသာရပ်ကဆယ်ခုတောင်ဆိုပြီး လန့်မသွားပါနဲ သဲလေးတို့
ဘာသာရပ် ၁။ ကနေ ၇။ အထိပဲ ကျောင်းသားတို့ရဲ့ချစ်လှစွာသော အမှတ်၁၀၀ဖိုးစာမေးပွဲကိုဖြေရမှာပါ🙉
ကျန်တဲ့ဘာသာရပ်သုံးခုက ဆရာတွေရဲ့အတန်းတွင်းAssessmentလောက်နဲ့ပဲနိဂုံးချုပ်မှာပါ🤫
♥️ မသင်မနေရဘာသာ
💛 အဓိကဘာသာ
💚 ဖြည့်စွက်ဘာသာ
ဖြည့်စွက်ဘာသာနံပတ် ၁၀။ ကတော့ ကာယ၊ ဂီတ၊ ပန်းချီထဲက တစ်ခုခုကိုရွေးချယ်ရမှာဖြစ်ပါတယ်
(ကြိုက်ရာရွေးချယ် မြက်နုတ်ခိုင်းမယ် လုပ်ရင်တော့ စနစ်သစ်ဆိုတာ အမည်ခံပဲဖြစ်နေဦးမှာပါ)
Note - ကိုယ်ဝါသနာပါတာကိုလုပ်လို့ရမယ့်ဘာသာတွဲမျိုးကိုယူဖို့တိုက်တွန်းပါတယ်💟
အချစ်များနှင့် Learners' Yatwon ✨
Edit-ထပ်ပြီးသိလိုတာရှိရင်လည်းမေးမြန်းနိုင်ပါတယ်😸
မေတ္တာရပ်ခံချက် - အောက်ပါပုံရှိ "စနစ်သစ်ကဘာတွေသင်ရမှာလည်း"ဟူသောစာသားကို "စနစ်သစ်ကဘာတွေသင်ရမှာလဲ"ဟု ပြောင်းလဲဖတ်ရှုပေးပါရန်🐷