ပညာရေး

ပညာရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပညာရေး, Education Website, Dabein.

သင်ပေးမိသောကဗျာလေးတစ်ပုဒ်ပါ။ကိုယ်တိုင်ရေးစပ်ထားပါသည်။လိုအပ်သည်များကို ဝေဖန်ပေးကြပါဗျာ။
13/10/2015

သင်ပေးမိသောကဗျာလေးတစ်ပုဒ်ပါ။
ကိုယ်တိုင်ရေးစပ်ထားပါသည်။
လိုအပ်သည်များကို ဝေဖန်ပေးကြပါဗျာ။

22/05/2015

ကျောင်းကွဲမှာ သင်ပေးမိတဲ့သီချင်းလေးတစ်ပုဒ်ပါ။ချစ်သောစိတ်ဖြင်ကြည့်ပေးနိုင်ကြပါစေ။

ကျွန်တော်တို့ရဲ့ကလေးတွေဟာ အလွန်ပဲရိုးသားကြပါတယ် ဖြူစင်တဲ့သူတို့ရဲ့နှလုံးသားလေမှာ ဘယ်လိုအရောင်မျိုးမှချယ်မသထားတာ အမှန်ပါ/...
13/01/2015

ကျွန်တော်တို့ရဲ့ကလေးတွေဟာ အလွန်ပဲရိုးသားကြပါတယ် ဖြူစင်တဲ့သူတို့ရဲ့နှလုံးသားလေမှာ ဘယ်လိုအရောင်မျိုးမှချယ်မသထားတာ အမှန်ပါ/ ကဗျာလေးတစ်ပုဒ်ကိုတင်ပေးလိုက်ပါတယ် စာရေးဆရာ လူမွန်ရဲ့ကဗျာလေးပါ ကလေးတစ်ယောက်ရဲ့စိတ်ဟာဘယ်လောက်ရိုးရှင်းပြီး စာနာသနားတက်သလဲဆိုတာသိမြင်လားနိုင်ပါတယ်/ ကလေးတွေဟာမတရားမူကိုလက်မခံနျုင်ပါဘူး/လူကြီးတစ်ယောက်ဘဝဖြစ်လာမှ မတရားတာတွေ ကိုယ်ချင်းမစာတက်တဲ့စိတ်တွေဖြစ်လာတက်တာကတော့စဉ်းစားစရာတစ်ခုဖြစ်လာတယ်/ ကလေးဘဝကိုပြုပြင်ထိန်းကျောင်းမယ့် လက်ဦးဆရာမိဘနှင့် ဆရာ/ဆရာမတွေရဲ့လိုအပ်မူကြောင့်လို့ကျွန်တော်ထင်မိတယ်/ မတရားမူကိုမနှစ်မြိုတက်အောင် အမှန်တရားကိုလက်ခံတတ်လာအောင် စာနာသနားစိတ်တွေထားတတ်နိုင်အောင် ကျွိတော်တို့ဆရာ ဆရာမတွေမှာတာဝန်ရှိတယ်လိုယုံကြည်မိပါတယ်/ ကျွန်တော်လည်း ကျွန်တော့်ရဲ့တပည့်လေးတွေကို လူချွန်လူကောင်းလေးတွေဖြစ်အောင်မွေးထုတ်နိုင်ဖို့အစဉ်ကြိုးစားနေမယ်လို့ ဆုံးဖြတ်ချက်ချထားပါတယ်

ချောင်းကမ်းနံဘေးမှာ ဆရာ ဆရာမတွေကို လိုက်ပို့နေတဲ့သူတို့တွေကို မပို့ပါနဲ့လို့တားမရဘူး။ဆရာ ဆရာမတွေကိုသိပ်ချစ်တဲ့သူတို့တွေရ...
06/01/2015

ချောင်းကမ်းနံဘေးမှာ ဆရာ ဆရာမတွေကို လိုက်ပို့နေတဲ့သူတို့တွေကို မပို့ပါနဲ့လို့တားမရဘူး။ဆရာ ဆရာမတွေကိုသိပ်ချစ်တဲ့သူတို့တွေရဲ့စိတ်ကလေးတွေကို ချစ်မြတ်နိုးမိတယ်။ ကျောင်းဖွင့်ရက် ဆရာတို့ ဆရာမတို့ကို ဒီနေရာလေးမှာသာတို့သမီးတို့လာကြိုနေမယ်တဲ့။ ဆရာကိုမျှော်နေတက်တဲ့ လာမူကြိုဆီးဆိုတဲ့တပည့်ဝတ်တွေကြေကြတဲ့ သူတို့လေးတွေနားက မပြန်ချင်မိဘူး။ ရေလမ်းကနေ ၆ မိုင်လောက် စက်လှေနဲ့လာရပေမဲ့ ကမ်းနဖူးကနေ လက်ဝှေ့ယမ်းပြီး ဆရာကြီးပြန်လာပြီဆိုတဲ့သူတို့ရဲ့ အသံလေးတွေအောက်မှာ အမောပြေတက်ခဲ့ပြီ။

လိုအပ်ချက်ကိုဘယ်လိုဖြည့်စည်းပေးမလဲ။ မိတ်ဆွေလိုအပ်တာကိုဖြည့်စည်းပေးမှ ထောက်ပံ့စရာလို့ယူစမိတယ်။တကယ်ဆိုရင် အမိုးတွေက ကောင်း...
24/12/2014

လိုအပ်ချက်ကိုဘယ်လိုဖြည့်စည်းပေးမလဲ။ မိတ်ဆွေလိုအပ်တာကိုဖြည့်စည်းပေးမှ ထောက်ပံ့စရာလို့ယူစမိတယ်။တကယ်ဆိုရင် အမိုးတွေက ကောင်းနေပါတယ် မျက်နာကြပ်မရှိလို့လည်း သင်ကြားရေးမပျက်ပါဘူး။မထိခိုက်ပါဘူး။ တကယ်လိုအပ်တာက စာရေးခုံ ထိုင်ခုံပါ။အခုတော့ဗျာ အမိုးနဲ့မျက်နာကြပ်အတွက် အစိုးရက ကုမ္ပဏီကို ပိုက်ဆံချပေးသတဲ့ ကျတဲ့ငွေရဲ့ တဝက်လောက်တန်ကြေးကိုပဲလုပ်ဆောင်သွားတာတွေ့ရတယ်။ကျန်တဲ့တဝက်နီးပါးကဘယ်ရောက်သွားလဲမသိ။အောက်ကိုချပေးရင် စားမှာကြောက်လို့ပဲ အပေါ်ကအပြီးဆော်လိုက်သလားလို့တွေးမိတယ်။တဆင့်တည်းလေ အချီကြီးပေါ့။ကလေးတွေကိုတော့သနားမိတယ်။တမံတလင်းပေါ်မှာ ဖျာအစုတ်မလောက်မငှနဲ့ထိုင်နေရတဲ့ သူတိုဘဝ၊ ဘာမှမပြောတက် ထားရာမှာနေရတဲ့ဘဝ၊ အအေးဒဏ်ကြောင့် အစာအတောင့်လိုက်အန်တာတောင်မှ ဘာမှမလုပ်ပေးနိုင်တဲ့ ကျွန်တော့်ရဲ့ မူလတန်းကကလေးတွေရဲ့ဘဝ။စာရေးခုံတွေမတင်ဘူးလားလို့ ကျောင်းအုပ်ကိုမေးကြည့်တော့ မူလတန်းအတွက် စာရေးခုံမရှိဘူးတဲ့ဗျ။အခုတော့ကြည့်ပါအုံး သွပ်အကောင်းတွေခွာပြီး အသစ်တွေပြန်မိုးသတဲ့ဗျာ။လေးစားလောက်တဲ့ အစိုးရ။စီမံကိန်းပေါ့ဗျာ။

20/12/2014

ပညာရေးဟူသည့် ခေါင်းစဉ်အောက်တွင် ပညာရေးဆိုသည့်အဓိပါယ်ကိုဖော်ဆောင်ရာ၌ အဓိကပါဝင်သည်များမှာ ဆရာ၊ကျောင်းသား၊သင်ကြားရေးသင်ယူရေးအထောက်ကူပစ္စည်းများဖြစ်ပါတယ်။ယနေ့ ပညာရေးဖြင့်တည်ဆောက်အံ့သောမြန်မာပြည်ကြီး၏ သက်ဆိုင်ရာပညာရေးရုံးများနှင့်အလှမ်းဝေးသော တောရွာစာသင်ကျောင်များတွင် စာသင်ဆရာမလုံလောက်ခြင်းပြဿနာပြေလည်မူရှိလာသော်လည်း ဆရာမလာသည့်ပြဿနာမရော့နည်းသေးပါ။ထိုပြင် တမံတလင်းပေါ်ထိုင်ကာ စာရေးခုံမလောက်သောကလေးမျာရဲ့ဒုက္ခများလည်းများစွာဖြစ်ပေါ်နေပါသည်။ပညာရေးအတွက် အထောက်အပံ့တွေချပေးနေသည်ဟု အကြိမ်ကြိမ်ကြားပါသည်၊ သို့သော်ဘယ်ဆီမှန်းမသိဖြစ်ခဲ့ရတာတွေလည်းများပါပြီ။စဉ်းစားစရာတစ်ခု ကျွန်တော့်ရင်မှာဖြစ်မိပါတယ် ထောက်ပံ့ခြင်းသည် ပြည့်စုံသော လူမြင်သော လက်လှမ်းမှီသောကျောင်းများအတွက်များလားဟု စဉ်းစားမီတော့သည်။

Address

Dabein

Website

Alerts

Be the first to know and let us send you an email when ပညာရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share