Thetkaw youth knowledge

Thetkaw youth knowledge The more you learn, the more you know, the more you can apply. Keep moving .
လူငယ္မ်?

ဟိတဓရ ဆရာတော် မှ အ ထ က သက္ကော ရှိ မိဘ ဆရာ ကျောင်းသား ကျောင်းသူ များအားတရားရေအေး တိုက်ကျွေး ခြင်း။ ကလေးအထူးတရားပွဲ(မဟာမြိ...
17/06/2025

ဟိတဓရ ဆရာတော် မှ
အ ထ က သက္ကော ရှိ မိဘ ဆရာ ကျောင်းသား ကျောင်းသူ များအား
တရားရေအေး တိုက်ကျွေး ခြင်း။
ကလေးအထူးတရားပွဲ

(မဟာမြိုင် ပရိယတ္တိ)

https://www.facebook.com/share/p/1By5m1oyvM/
#အထကသက္ကော

Scholorship အမျိုးအစားများ ၄မျိုး ရှိတဲ့အထဲက 2023 - 24 ပညာသင်နှစ်အတွက် မြန်မာကျောင်းသားများလျှောက်ထားနိုင်တဲ့ Fully Fund...
16/12/2023

Scholorship အမျိုးအစားများ ၄မျိုး ရှိတဲ့အထဲက
2023 - 24 ပညာသင်နှစ်အတွက်
မြန်မာကျောင်းသားများလျှောက်ထားနိုင်တဲ့ Fully Funded Scholarships များ ကိုဖော်ပြပေးလိုက်ပါတယ်။
လူတိုင်းရင်ထဲစကော်လာ လျှောက်ချင်တယ် ရချင်တယ်ဆိုရင် စာဖတ်လေ့လာ နိုင်ပါမှရပါမယ် ။

ဘယ်အမျိုးအစားက ကိုယ်နဲ့ကိုက်ညီလဲ ဘယ်အချိန် စလျှောက်နိုင်ပြီး ဘယ်အချိန်အထိ နောက်ဆုံး လဲ
ပညာတော်သင်ဆု ပေးတဲ့အဖွဲ့ရဲ့ ပုံစံသတ်မှတ်ချက်နဲ့ကိုက်ညီရဲ့ လား ?

စာဖတ်ပျင်းပြီး စကော်လာ ရချင်သူဆိုရင်တော့ ဆက်မဖတ်ပါနဲ့ တော့။

လာမယ့်နှစ်အတွင်းမှာ ပညာတော်သင်လည်းသွားချင်တယ်၊ ငွေကြေးလည်းအများကြီးမကုန်ကျချင်တဲ့ သူတွေအတွက် လျှောက်ထားနိုင်မယ့် Scholarship တွေကို စုစည်း ပေးလိုက်ပါတယ်။

ယခုပြောပြပေးသွားမယ့် Scholarship အမျိုးအစားတွေက Fully Funded Scholarship အမျိုးအစားဖြစ်ပြီး

*Tuition Fee / ကျောင်းလခ
*လစဥ်နေထိုင်အသုံးစရိတ်
*စားသောက်စရိတ်
*လေယာဥ်ခရီးစရိတ် အသွားအပြန်
* visa ကြေး

အစရှိသဖြင့် ပညာတော်သင်အတွက် ကုန်ကျစရိတ်အကုန်လုံးကိုထောက်ပံ့ပေးသွားမယ့် ပညာသင်ဆု အမျိုးအစားတွေဖြစ်တဲ့အတွက်ကြောင့် လက်မလွှတ်ဘဲ လျှောက်ထားကြည့်ကြပါလို့ တိုက်တွန်းပါရစေ ။

ဒါ့အပြင် တစ်ချို့ Scholarship တွေက လျှောက်လွှာဖွင့်နေချိန်၊ လက်ခံနေချိန် ဖြစ်တဲ့အတွက်ကြောင့် အသေးစိတ်ကို အောက်ပါ Link တွေကတစ်ဆင့် ဖတ်ပြီး အမြန်လျှောက်ထားလိုက်ပါ။

တချို့ ကလည်း ရက်လိုသေးတာမို့ သေချာပြင်ဆင်ချိန်ရှိပါတယ်။

နိုင်ငံအလိုက် Fully Funded Scholarship အမျိုးအစားတွေကို ဖော်ပြပေးထားတဲ့အတွက်ကြောင့် ကိုယ်ပညာတော်သင်သွားချင်တဲ့နိုင်ငံ နဲ့ Program အမျိုးအစားကို ရွေးချယ်ပြီး လျှောက်ထားနိုင်ပါတယ်။

1) DAAD Scholarship

https://www2.daad.de/deutschland/stipendium/datenbank/en/21148-scholarship-database/?detail=50076777

2) Chevening Scholarship 2023 in the UK | Fully Funded
Link: https://scholarshipscorner.website/chevening-scholarship/

3) Schwarzman Scholarship Program 2023-24 in China | Fully Funded
Link: https://scholarshipscorner.website/schwarzman-scholars-programme/

4) Singapore International Graduate Award 2023 | Fully Funded
Link: https://scholarshipscorner.website/fully-funded-singapore-international-graduate-award/

5) Lester B. Pearson Scholarship 2023 in Canada | Fully Funded
Link: https://scholarshipscorner.website/lester-b-pearson-scholarship-canada/

6) Australian Awards Scholarship :

https://www.dfat.gov.au/people-to-people/australia-awards

7) Harvard University Scholarships Website :

https://scholarships.harvard.edu/international-students

8) Fullbright Scholarship Official Website :

https://foreign.fulbrightonline.org/

9) Lukasiewicz Scholarship by Government of Poland

https://nawa.gov.pl/en/students/foreign-students/the-ignacy-lukasiewicz-scholarship-programme

ကျောင်းသားများအားလုံး လိုချင်တဲ့ပညာသင်ဆုတွေရရှိကြပြီး အိပ်မက်တွေပြည့်၀ကြနိုင်ကြပါစေ.
Credit By မကံကော်

https://m.facebook.com/story.php?story_fbid=10229898832313038&id=1175703281&mibextid=Nif5oz၂၀၂၃-၂၀၂၄ အတွက် စကောလားရှစ်ပ်...
05/06/2023

https://m.facebook.com/story.php?story_fbid=10229898832313038&id=1175703281&mibextid=Nif5oz

၂၀၂၃-၂၀၂၄ အတွက် စကောလားရှစ်ပ် အခွင့်အလမ်းတွေပါ
စိတ်ဝင်စားတဲ့ လူငယ်တွေ အတွက် ထပ်ဆင့်မျှဝေပါတယ်

FYI, Credit to original upload owner-

A LOT OF SCHOLARSHIPS FOR 2023 - 2024

Bank of America Paid Internship Program 2024
Apply here: https://lnkd.in/giU_7dVZ

Queen Elizabeth Commonwealth Scholarship in UK 2023-2024 | Fully Funded
Apply Now: https://lnkd.in/gDfmS8wZ

Stanford University Free Online Courses 2023
Apply here: https://lnkd.in/gawDwTdR

Microsoft Internship Program 2023 | Paid Internship
Apply here: https://lnkd.in/g9VfAWkV

HP Free Online Courses with Free Certificates 2023-2024 | HP LIFE
Apply here: https://lnkd.in/gZyUKVpS

Joint Japan World Bank Scholarship Program 2023, Fully Funded
Apply Now: https://lnkd.in/gMmp97Gj

Chulalongkorn University Scholarship in Thailand 2023 | Fully Funded
Apply here: https://lnkd.in/gNx8j9Wv

Harvard University MBA Scholarship 2023 in the USA
Apply here: https://lnkd.in/giK9etA8

|
Apply Now: https://lnkd.in/gJWYMNRD

MIT Free Online Courses 2023-2024
Apply here: https://lnkd.in/gj-8ccSD

MEXT Undergraduate Scholarship 2024 in Japan | Fully Funded
Apply here: https://lnkd.in/gxQu_ceP

Harvard University Free Online Courses 2023 | Harvard University
Apply here: https://lnkd.in/g546GCyN

Edinburgh Global Online Learning Masters Scholarships 2023
Apply here: https://lnkd.in/gEe4WNnB

International Priority Scholarship in Indonesia 2023 | Fully Funded
Apply here: https://lnkd.in/ga7gTTF6

University of Miami Stamps Scholarship in USA 2023 | Fully Funded
Apply Now: https://lnkd.in/gvZc67_g

Konrad-Adenauer-Stiftung Scholarship in Germany 2023
Apply Now: https://lnkd.in/gEd3ajbN

Free Online IELTS Practice Test by British Council 2023
Apply here: https://lnkd.in/gSgVcfmk

American University of Paris Scholarship 2023-2024 in France
Apply here: https://lnkd.in/gkADAR3Q

IUCN Leaders Forum in Switzerland 2023 | Fully Funded
Apply here: https://lnkd.in/g5bQqS4B

American University of Paris Scholarship 2023-2024 in France
Apply here: https://lnkd.in/gkADAR3Q

IUCN Leaders Forum in Switzerland 2023 | Fully Funded
Apply here: https://lnkd.in/g5bQqS4B

POSCO Asia Fellowship in South Korea 2024 | Fully Funded
Apply here: https://lnkd.in/gfQMUFdR

Simmons University Kotzen Scholarship in USA 2024 | Fully Funded
Apply here: https://lnkd.in/ghFE3WDp

Waislitz Global Citizen Awards 2023 | Win Cash Prize
Apply here: https://lnkd.in/g2zAXMha

Italy Government Scholarship 2023-2024 | Fully Funded
Apply here: https://lnkd.in/g3YevS5J

CERN Short-Term Paid Internship 2023 in Switzerland
Apply here: https://lnkd.in/gt_RjuN6

Edinburgh Global Masters Scholarships 2023
Apply here: https://lnkd.in/gEe4WNnB

Great Opportunity ❤️https://m.facebook.com/story.php?story_fbid=152712404167318&id=100082856786508&mibextid=Nif5oz
25/11/2022

Great Opportunity ❤️
https://m.facebook.com/story.php?story_fbid=152712404167318&id=100082856786508&mibextid=Nif5oz

စကော်လာလျှောက်ပြီးကျောင်းတက်မည့်
ညီငယ် ညီမငယ်များအတွက်ပါ။
Bachelor's Program "Only"အတွက်သီးသန့်
အခုပြောပြပေးမှာဖြစ်ပါတယ်။

ပညာသင်ဆုလျှောက်ဖို့မကြာခဏ
အမေးအဖြေတွေလုပ်ပေးခဲ့ရပြီးပါပြီ။
ဒီတခါတတော့ စာနဲ့အချိန်မရွေးပြန်ဖတ်လို့ရအောင်
ရေးပေးလိုက်တာပါ။ (သေချာဖတ်ပြီးမှပြင်ဆင်နော်)

ထိုင်းနိုင်ငံမှာတက္ကသိုလ်တက်မယ်ဆိုလျှင်
အောက်မှာပြောပြပေးမယ့်ပညာသင်ဆုတွေကို
သိထားဖို့လိုအပ်ပါတယ်။

(လျှောက်တဲ့အဖွဲ့အစည်းပေါ်မူတည်ပြီး
လိုအပ်ချက်များနှင့်ပြင်ဆင်နည်းများကို
အောက်မှာအသေးစိတ်ဆက်ဖတ်ပေးပါ)

Admission Requirement ကတော့
တက္ကသိုလ်တကျောင်းနဲ့
တကျောင်းတူမှာမဟုတ်ပါဘူး။
(ကျောင်းတချို့က ဆယ်တန်းအောင်လက်ခံကြသလို
တချို့ကျောင်းတွေမှာတော့ GED or G12 equivalent တောင်းပါတယ်)။
ဒီလိုပါပဲ ကျောင်းဝင်ခွင့်တင်ရမဲ့အချိန်တွေကလည်း မတူကြပါဘူး။

တက္ကသိုလ်အလိုက်အခြေခံလိုအပ်ချက်များ
1. Academic Certificate & Transcripts (Notary)
2. English Test Score (IELTS 5-6.0 or Equivalent) or University Entry-English Test
3. Passport (PV or PE)
4. Application fees (ကျောင်းတိုင်းမပေးရပါ)
5. Personal Statement (1) - (ကျောင်းတိုင်းမတောင်းပါ)
6. Resume (1) - (ကျောင်းတိုင်းမတောင်းပါ)
7. Recommendation (1 or 2) - (ကျောင်းတိုင်းမတောင်းပါ)

တခြားသတိပြုရမှာကတော့ မြန်မာပြည်အိမ်လိပ်စာကို အင်္ဂလိပ်လိုအပြည့်အစုံ Postal Code အပါထည့်ရေးတတ်ဖို့လိုပါတယ်။ ပြီးရင် Email Address & Phone Number (+95) active အမြဲသုံးတာလေးရှိထားပါ။

ပညာသင်ဆုအလိုက်
လိုအပ်ချက်တွေကိုတော့
အောက်ကတခုစီမှာဖတ်ကြည့်ပါ။

𝟏. 𝐂𝐡𝐢𝐥𝐝'𝐬 𝐃𝐫𝐞𝐚𝐦 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩
CDs က Regional အလိုက် အယောက်အရေအတွက်ကို ချင့်ချိန်ပြီးတော့မျှခေါ်တာလည်းဖြစ်လို့
လျှောက်ဖြစ်အောင်လျှောက်ကြပါ။
တနှစ်ကိုပျမ်းမျှ အယောက် ၂၀ ခန့်ရွေးချယ်ပါတယ်။
တက္ကသိုလ်ကိုတော့ CDs ကမလျှောက်ပေးတာဖြစ်လို့
ကိုယ်တိုင်ကျောင်းဝင်ခွင့်ရအောင်လျှောက်ဖို့လိုအပ်ပါတယ်။
လျှောက်ထားနိုင်သည့်တက္ကသိုလ်များနှင့်
ရွေးချယ်ရမည့်မေဂျာများ
(August Intake "Only" အတွက်လျှောက်ရန်)
(ကျောင်းဝင်ခွင့်ရထားသူများသည်
မြန်မာပြည်တက္ကသိုလ်ဒုတိယနှစ်မပြီးထားလည်းရပါတယ်)
1. Asia-Pacific International University
Major: Education in Teaching
2. Bangkok University International
Major: Communication strategy and Ideation
3. Bangkok University International
Major: Innovative Media Production
4. Chiang Mai University
Major: Social Science
5. Chiang Mai University
Major: Economics
6. Chiang Mai University
Major: Environmental Science
7. King's Mongkut University Technology Thonburi
Major: Software Engineering
8. Mae Fah Luang University
Major: Public Health
9. Mae Fah Luang University
Major: Environmental Health
10. Mahidol University
Major: Environmental Science
11. Rangsit University International College
Major: International Relations and Development
12. Thammasat University
Major: Civil Engineering
13. Thammasat University
Major: Mechanical Engineering
14. Thammasat University
Major: Social Policy and Development
15. Thammasat University
Major: Global Studies and Social Entrepreneurship

CD's အတွက်လိုအပ်ချက်များ
1. Passport (PE or PV)
2. A recent photo & household registration
3. A completed application form
4. Academic Certificate & Transcripts
5. English Test Score
6. Recommendation Letters (2)
7. Three Essays (300-500 words each) အောက်ကသုံးပုဒ်ကျကျနန ရေးသားတတ်ဖို့နဲ့သေချာပြင်ဆင်ရေးသားထားဖို့အကြံပြုချင်ပါတယ်။
a/ Please tell us about your family life, your previous education, and the work you have done. Tell us in some detail how you support yourself financially. Also, if you have left Myanmar, tell us how you came to be where you are now. (မိသားစုနဲ့ဆက်စပ်၍သော်လည်း, ကိုယ့်ပညာရေးနောက်ခံပေါ်အခြေခံ၍သော်လည်းကောင်း,အခက်အခဲနဲ့ကျော်လွှားလာခဲ့တဲ့အနေအထား သို့မဟုတ် လေ့လာသင်ယူလိုက်ရတဲ့ဘဝသင်္ခန်းစာမျိုးကိုဦးစားပေးရေးသားနိုင်ပါတယ်။)
b/ Please describe a current problem in Myanmar and how you can help solve it after you graduate. (မြန်မာတပြည်လုံးနဲ့ယှဉ်ပြီးမရေးလည်းအဆင်ပြေပါတယ်။ အရေးကြီးတာက ကိုယ့်ပတ်ဝန်းကျင်နဲ့အသိုင်းအဝိုင်းကြားမှာရှိနေတဲ့အဆင်မပြေမှုတခုခုကို ဘယ်လိုအဖြေထုတ်ပေးနိုင်မယ် ဘယ်ပုံဘယ်နည်းလမ်းဖြင့် ကိုယ်တွယ်သင့်တယ်။ ကိုယ်တိုင်နဲ့တဦးတယောက်စီက ဘယ်လိုကူညီနိုင်ကြမယ်ဆိုတာမျိုးကိုရေးသားတတ်ဖို့လိုပါတယ်။)
c/ Why will this scholarship help you in your future goals? What will you do with your degree in the long run? (ပညာသင်ဆုရရှိပြီးကျောင်းသားတွေ ကိုယ့်လမ်းကိုလျှောက်နိုင်သွားတာကို သူတို့မြင်ချင်ယုံတင်မကဘဲ အများအကျိုးပြုဖို့အလားလာရှိတဲ့လူငယ်တွေကိုကြိုက်ပါတယ်။ အဲ့ဒါကြောင့်ဒီနေရာမှာ ကိုယ်တိုင်ရော ကိုယ်နဲ့ဆက်စပ်ပြီးတော့ရော ဘယ်လိုတွေ ကောင်းကျိုးရှိမယ်ဆိုတဲ့ဘက်ခြမ်း နဲ့ ဘာတွေလုပ်ဖို့စီစဉ်ထားတယ်ဆိုတာမျိုးကို ရေးပေးရပါမယ်။)
8. Motivation Letter (Optional)
9. Resume (Optional)
10. University Acceptance Letter (Optional)

([email protected] အဖွဲ့အစည်းကို တိုက်ရိုက်မေးပို့ချင်သူများအတွက်ပါ။)
Link က စခေါ်ရင်ပြန်တင်ပေးမှာမလို့ မထည့်ပေးထားတော့ပါ။

𝟐. 𝐏𝐫𝐨𝐬𝐩𝐞𝐜𝐭 𝐁𝐮𝐫𝐦𝐚 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩
PB's က Partial ဆိုပေမဲ့ ပေးတဲ့ငွေးကြေးအမောက်က
အပြည့်အနီးနီးလောက်ပါတယ်။ တခါရွေးခံရပြီးရင်
ကျောင်းပြီးတဲ့အထိ CD's လိုပဲပေးပါတယ်။
(လက်ရှိထိုင်းမှာတက်ဆဲကျောင်းသူ/သားများလည်းလျှောက်နိုင်ပြီး ရရင်ပြီးတဲ့အထိ နှစ်စဉ်ပညာသင်စရိတ်ထောက်ပံ့ပေးပါတယ်။)
တနှစ်စာ ကျောင်းစရိတ်နဲ့နေစားစရိတ်ကိုတွက်ပြရတာဖြစ်လို့
ယုတ္တိရှိရှိတွက်ပြတတ်ဖို့လိုအပ်ပါတယ်။
- ထိုင်းနိုင်ငံအတွင်းရှိဘယ်တက္ကသိုလ်ပဲဖြစ်ဖြစ်/
ဘာမေဂျာဖြစ်ဖြစ်တက်ခွင့်ပေးထားတာလည်းဖြစ်ပါတယ်။
(သူအပေးများတဲ့ကျောင်းနဲ့မေဂျာကို ရွေးတတ်ဖို့လည်းလိုပါတယ်။)
- တိုင်းရင်းသားနဲ့နယ်စပ်ကကျောင်းသား/သူများကို
ဦးစားပေးတတ်ပေမဲ့ ပြည်တွင်း ကျောင်းသား/သူများလည်းကိုလည်းပေးပါတယ်။

PB's အတွက်လိုအပ်ချက်များ
1. Passport (PE or PV)
2. A completed application form
3. Academic Certificate & Transcripts
4. English Test Score
5. Recommendation Letters (2)
6. Two-Three Essays (300-500 words each)
7. Motivation Letter (Optional)
8. Resume (Optional)
9. University Acceptance Letter (Optional)

([email protected] အဖွဲ့အစည်းကို တိုက်ရိုက်မေးပို့ချင်သူများအတွက်ပါ။)
Link က စခေါ်ရင်ပြန်တင်ပေးမှာမလို့ မထည့်ပေးထားတော့ပါ။
(Bachelor's, Master's, Ph.D. သုံးခုလုံးအတွက်လျှောက်နိုင်ပါတယ်။)

𝟑. 𝐀𝐒𝐄𝐀𝐍-𝐌𝐚𝐲𝐛𝐚𝐧𝐤 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩
လျှောက်ထားနိုင်သည့်တက္ကသိုလ်များ
မေဂျာအကုန်နီးနီးကိုလက်ခံပေးပါတယ်။
နှစ်စဉ်တိုင်း March ဝန်းကျင်ကိုစခေါ်ပါတယ်။
အောက်ကတက္ကသိုလ်တကျောင်းကျောင်းမှာ
"August Intake" တက်ရောက်ခွင့်ရရှိထားရပါမယ်။
1. Burapha University
2. Chiang Mai University
3. Chulalongkorn University
4. Mahidol University
5. Prince of Songkla University

Maybank's အတွက်လိုအပ်ချက်များ
1. Passport (PE or PV)
2. A completed application form
3. Academic Certificate & Transcripts
4. English Test Score (IELTS 6.0 or Equivalent)
5. Recommendation Letters (2)
6. University Offer Letter
7. Motivation Letter (Optional)
8. Resume (Optional)

([email protected] အဖွဲ့အစည်းကို တိုက်ရိုက်မေးပို့ချင်သူများအတွက်ပါ။)
Link က စခေါ်ရင်ပြန်တင်ပေးမှာမလို့ မထည့်ပေးထားတော့ပါ။
(Bachelor's, Master's, Ph.D. သုံးခုလုံးအတွက်လျှောက်နိုင်ပါတယ်။)

4. 𝐃𝐚𝐮𝐠𝐡𝐭𝐞𝐫𝐬 𝐑𝐢𝐬𝐢𝐧𝐠
Short Term ရော Bachelor's ရောပေးပါတယ်။
အမှန်တကယ်အခက်အခဲဖြစ်နေတဲ့ "ကျောင်းသူများသာ"ဖြစ်ရမှာဖြစ်ပြီး
တိုင်းရင်းသူများနှင့်နယ်စပ်ကလေးများဦးစားပေးပါ (ဗမာလည်းရပါတယ်နော် အခက်အခဲတကယ်ဖြစ်နေဖို့ပဲလိုပါတယ်)။
တလကို ဘတ် ၇၀၀၀ လောက်နဲ့ ကျောင်းစရိတ်အပြည့်ပေးတာမျိုးလည်းရှိသလို need's ပေါ်မူတည်ပြီးလည်းတွက်ချက်ပေးတတ်ပါတယ်။

Official Website:
https://daughtersrising.org/work

ဒီမှာလျှောက်လွှာတင်လို့ရပါတယ်: https://docs.google.com/forms/d/e/1FAIpQLSdvBYegetU1GG4MeR5Bwf9K0FnG8RILn5uagdCk6V9TurhAkg/viewform

([email protected]အဖွဲ့အစည်းကို တိုက်ရိုက်မေးပို့ချင်သူများအတွက်ပါ။)

5. 𝐙𝐨𝐦𝐢𝐚 (𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐋𝐨𝐚𝐧)
Bachelor's ကျောင်းသား/သူတွေကို
တနှစ်ကိုပျမ်းမျှ ဘတ် ၈ သောင်း - ၁ သိန်း
ထုတ်‌ချေးပါတယ်။ ချေးတိုင်းရတာမျိုးတော့မဟုတ်ပါဘူး။
စကော်လာလျှောက်သလိုမျိုး Online Application Process နဲ့လျှောက်ရပါတယ်။
(အရေးကြီးတာက PB's လိုကုန်ကျစရိတ်တွက်ပြပြီး
ကိုယ့်ဘက်ကတတ်နိုင်တာရယ် Zomia ကဘယ်လောက်ထပ်လိုတာရယ်ကို ပြောပြရပါတယ်။
နောက်တခုကတော့ referee ပေးတဲ့သူပါ။ အရမ်းအရေးကြီးပါတယ်။
သူ့ရဲ့ထောက်ခံစာအတွက် သူ့ကို Zomia က မေးတိုက်ရိုက်ပို့ပေးပါတယ်။
အဲ့ဒီမှာ သေချာလေးပြောပြပေးဖို့လိုအပ်ပါတယ်။
ဆရာ/မ သို့မဟုတ် ဆွေမျိုးသားချင်းလည်းရပါတယ်)။
ထိုင်းမှာတက်ဆဲ သို့မဟုတ် first semester or first year တက်ပြီးသားကျောင်းသား/သူများသာ လျှောက်ထားနိုင်ပါတယ်။
Zomia နဲ့ဆက်နွယ်တဲ့အဖွဲ့အစည်းကလာတာဆိုရင်တော့
မတက်ခင်ကတည်းက လျှောက်ထားနိုင်မှာဖြစ်ပါတယ်။)

လျှောက်ထားဖို့ဘာတွေလိုအပ်မလဲ
1. Online Application form
2. Current Academic Transcripts
3. Essays အရှည်တပုဒ် အတို ၄ ပုဒ်လောက်ရေးရပါတယ်။
4. အခြားသော supporting documents များလည်းပူးတွဲတင်နိုင်ပါတယ်။

Official Website:
zomia.org
www.facebook.com/ZomiaSPC

Apply Link က စခေါ်ရင်ပြန်တင်ပေးမှာမလို့ မထည့်ပေးထားတော့ပါ။

𝟔.𝐁𝐫𝐚𝐜𝐤𝐞𝐭𝐭 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 (Partial)
ထိုင်းနယ်စပ်မှာရောက်နေသည့်
ကျောင်းသား/သူများ ဦးစားပေးဖြစ်ပါတယ်။

တက္ကသိုလ်တက်ဆဲသူများလျှောက်ဖို့ 👇
အခုကတည်းက တင်ထားလို့ရပါတယ်။
https://docs.google.com/forms/d/e/1FAIpQLSfHEn1gZT88q0-IyxYgCFzBiUWlEpPDdCL5crgQn3_q9N6dZA/viewform

(ကျောင်းသားသစ်များအတွက်တော့မခေါ်သေးပါ)
ခေါ်တဲ့ခါ ထပ်တင်ပေးပါမယ်။

Application form အသစ်ရချင်ရင် request လုပ်ရမည့်
Email: "[email protected]" or [email protected]

Official Website:
https://www.brackettfund.org/application/

Facebook မှာ Brackett Refugee Education Fund ဆိုပြီးရှာနိုင်ပါတယ်။

𝟕. 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 (Partial + Full)
ကျောင်းအလိုက်မတူကြတာဖြစ်လို့
ကိုယ့်တက်ချင်တဲ့ကျောင်းက
- ဘယ်ချိန်ခေါ်လဲ
- ဘယ်လောက်ပေးလဲ
- ဘယ်နှစ်ကြိမ်ပေးလဲ
- ဘာတွေလိုအပ်လဲ သိဖို့အရေးကြီးပါတယ်။
ဒါတွေသိဖို့အတွက်က ကျောင်းအလိုက်
ကျောင်းဝက်ဆိုက်တွေမှာကြည့်နိုင်မှာဖြစ်ပါတယ်။
(ကျောင်းတွေကအများကြီးမလို့ link တွေမစုပေးတော့ဘူးနော်။
သိချင်တဲ့ကျောင်းရှိရင် Comment မှာ နာမည်ရေးခဲ့ပါ ကျောင်းဝက်ဆိုက် link ချပေးပါမယ်။)

စကော်လာရှစ်တွေစခေါ်ဖို့နီးကပ်လာပြီဆိုတော့ ပြင်ဆင်သင့်တာတွေစတင်ပြင်ဆင်ထားနိုင်ကြပါပြီ။ ပညာသင်ဆုတွေရကြပါစေ။ 🤗

https://m.facebook.com/story.php?story_fbid=657255269097557&id=100044392690688အင်္ဂလိပ်စာလေ့လာနိုင်သော အခမဲ့ Website မျာ...
14/10/2022

https://m.facebook.com/story.php?story_fbid=657255269097557&id=100044392690688
အင်္ဂလိပ်စာလေ့လာနိုင်သော အခမဲ့ Website များ။

၁။ABCYa (https://www.abcya.com/)

ABCYa သည် ကလေးများအတွက် ဝဘ်ဆိုက်ဖြစ်သည်၊ သို့သော် လူကြီးများလည်း အသုံးပြုနိုင်သည်။ ဆိုက်တွင် အဆင့် ၁ မှ ၅ တန်းအထိ အတန်းအဆင့်အလိုက် စီစဉ်ပေးသည့် ပညာရေးဂိမ်းများ ပါဝင်ပြီး စာလုံးပေါင်းနှင့် အသံထွက်များလေ့ကျင့်ရန် အတွက် အထူးကောင်းမွန်သည်။ သရ၊ စာလုံးကြီးနှင့် စာလုံးသေး၊ Dolch စကားလုံးများ၊ အဓိပ္ပါယ်တူသော စကားလုံးနှင့် ဆန့်ကျင်ဘက်စကားလုံးများကို လေ့ကျင့်ရန် ဂိမ်းများရှိသည်။

၂။ ESL (http://a4esl.org/)

ကျောင်းသားများအတွက် လှုပ်ရှားမှုများ စတင်လေ့လာသူများအတွက် ဘာသာစကားဆိုင်ရာ ပဟေဠိများစွာ အပါအဝင် အဆင့်အားလုံးအတွက် သဒ္ဒါနှင့် ဝေါဟာရလေ့ကျင့်ခန်းများ၊ စကားပြောမေးခွန်းများ၊ ဂိမ်းများနှင့် ဆရာများအတွက် စာသင်ခန်းအတွင်း အသုံးပြုရန် အခြားအကြံဥာဏ်များစွာပါရှိသော လင့်ခ်တစ်ခုလည်း ပါရှိပါသည်။

၃။ BBC အင်္ဂလိပ်စာလေ့လာခြင်း(https://www.bbc.co.uk/learningenglish/)

လက်ရှိဖြစ်ရပ်များနှင့်ပတ်သက်သော လက်တွေ့လုပ်ဆောင်မှုများအတွက် အံ့သြဖွယ်ကောင်းသော လှုပ်ရှားမှုများ။ ဗီဒီယိုများ၊ ပဟေဋ္ဌိများ၊ ဝေါဟာရအလေ့အကျင့်၊ idioms၊ crosswords နှင့် အခြားအရာများစွာ ပါဝင်သော်လည်း အားလုံးသည် ဗြိတိသျှလေယူလေသိမ်းဖြင့်ဖြစ်သည်။

၄။ Dave's ESL Cafe (http://www.eslcafe.com/students/)

ကမ္ဘာတစ်ဝှမ်းရှိ ESL ဆရာများနှင့် ကျောင်းသားများအတွက် ဖိုရမ်တစ်ခုဖြစ်သည်။ ကျောင်းသားများအတွက် ပဟေဠိများ၊ သဒ္ဒါရှင်းလင်းချက်များနှင့် ဆွေးနွေးမှုဖိုရမ်များ ပါဝင်သည်။ ဆရာများအတွက်၊ ဘာသာရပ်အားလုံးအတွက် စာသင်ခန်းဆိုင်ရာ အကြံဉာဏ်များအပြင် ဆွေးနွေးခန်းများ ပါဝင်သည်။

၅။ Duolingo (https://www.duolingo.com/)

အာရဗီ၊ တရုတ်၊ ချက်၊ ပြင်သစ်၊ ဂျာမန်၊ ဂရိ၊ ဟိန္ဒူ၊ ဟန်ဂေရီ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ပိုလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ရုရှ၊ စပိန်၊ ထိုင်း၊ တူရကီ၊ ယူကရိန်းနှင့် ဗီယက်နမ်ဘာသာစကားပြောသူများအတွက် အခမဲ့အင်္ဂလိပ်စာသင်တန်းများရှိပြီး အခြေခံအဆင့်မှစတင်သင်ကြားနိုင်သလို ပိုမိုမြင့်မားသောအဆင့်ကိုတက်ရန် စာမေးပွဲများလည်းဖြေဆိုနိုင်သည်။ ဂိမ်းကစားသလိုမျိုး သင်ခန်းစာတိုများဖြင့် ဝေါဟာရနှင့် သဒ္ဒါကို လေ့ကျင့်နိုင်ပြီး။ အီးမေးလ်လိပ်စာ သို့မဟုတ် Facebook အကောင့်တစ်ခုဖြင့် အကောင့်ဖွင့်ရန် လိုအပ်မည်ဖြစ်သည်။

၆။ Easy World of English (http://easyworldofenglish.com/)

သဒ္ဒါ၊ အသံထွက်၊ စာဖတ်ခြင်းနှင့် နားထောင်ခြင်း လေ့ကျင့်ခန်းတို့အတွက် အသုံးပြုရအဆင်ပြေသော ဝဘ်ဆိုက်တစ်ခုဖြစ်သည် ။

၇။ ESL Bits(http://esl-bits.net/)
အော်ဒီယိုစာအုပ်များ၊ သတင်းဇာတ်လမ်းများ၊ ဇာတ်လမ်းတိုများ၊ သီချင်းများနှင့် ရေဒီယိုဒရာမာများရှိသော နေရာဖြစ်သည်။ ပိုမြန်အောင် သို့မဟုတ် နှေးအောင် အမြန်နှုန်းများ ရွေးချယ်နားထောင်နိုင်ပြီး ဇာတ်လမ်းများနှင့် သီချင်းများ၏ စာသားမျာကိုပါ အတူ ဖတ်နိုင်သည်။ Intermediate နှင့် အဆင့်မြင့် သင်ယူသူများအတွက်ပိုသင့်တော်သည်။

၈။ GCF Learn Free (https://edu.gcfglobal.org/en/topics/everydaylife/)

ATM စက်လည်ပတ်ခြင်းမှ အစားအသောက်တံဆိပ်များဖတ်ခြင်းအထိ အရာအားလုံးအတွက် သင်ခန်းစာများပါရှိသော ဆိုက်တစ်ခုဖြစ်သည်။

၉။Language Guide (https://www.languageguide.org/english/)

၎င်းသည် အက္ခရာမှ ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် မွေးမြူရေးတိရစ္ဆာန်များအထိ အရာအားလုံးပါရှိသော အွန်လိုင်းရုပ်ပုံအဘိဓာန်တစ်ခုဖြစ်သည်။

၁၀။ Learning Chocolate(https://www.learningchocolate.com/)

ဝေါဟာရလေ့ကျင့်ခန်းများကို ကဏ္ဏအလိုက် စီစဉ်ထားသည်။

၁၁။ Many Things (http://www.manythings.org/)

ဤဝဘ်ဆိုက်တွင် ကိုက်ညီသော ဉာဏ်စမ်းပဟေဠိများ၊ စကားလုံးဂိမ်းများ၊ စကားလုံးပဟေဠိများ၊ စကားပုံများ၊ ဘန်းစကားအသုံးအနှုန်းများ၊ anagrams၊ ကျပန်းဝါကျဖန်တီးပေးသည့်စနစ်နှင့် ဘာသာစကားသင်ယူမှု များ ပါဝင်သည်။ ဝဘ်ဆိုက်တွင် စကားလုံးအတွဲများဖြင့် လေ့ကျင့်ခြင်းအပါအဝင် အသံထွက်ဆိုင်ရာ စာမျက်နှာလည်း ပါဝင်သည်။ အမိုက်ဆုံး သို့မဟုတ် အလှပဆုံး ဝဘ်ဆိုဒ်မဟုတ်သော်လည်း ကြည့်ရှုရန် နှင့် အသုံးပြုရန် အများအပြားပါဝင်ပြီး ကြော်ငြာလည်းမထည့်ထားပါ။

၁၂။ Oxford University Press (https://elt.oup.com/learning_resources/?cc=global&selLanguage=en&mode=hub)

ဤဝဘ်ဆိုက်တွင် စာလုံးပေါင်း၊ သဒ္ဒါ၊ အသံထွက်နှင့် နားထောင်ခြင်းတို့ကို လေ့ကျင့်ရန် လုပ်ဆောင်ချက်များ ရှိသည်။ အသုံးပြုရန် အနည်းငယ်ခက်ခဲသောကြောင့် အဆင့်မြင့် သင်ယူသူများနှင့် ကျွမ်းကျင်သော အင်တာနက် အသုံးပြုသူများအတွက် ပိုမိုသင့်လျော်ပါသည်။

၁၃။ TV 411 (http://www.tv411.org/)

ဤဝဘ်ဆိုက်တွင် အရေးပါသောစာဖတ်ခြင်း၊ အကျဉ်းချုပ်ခြင်းနှင့် scanningကဲ့သို့သော အဓိကကျသော စာဖတ်ခြင်းသဘောတရားများကို ရှင်းပြထားသည့် ဗီဒီယိုများပါ၀င်သည် ။

၁၄။ Ventures Arcade(https://www.cambridge.org/us/esl/venturesadulted/venturesarcade/)

ဝေါဟာရနှင့် သဒ္ဒါလေ့ကျင့်ရန် ကဏ္ဏအလိုက် စီစဉ်ထားသည့် Ventures ဖတ်စာအုပ်စီးရီးအတွက် အွန်လိုင်းဖြည့်စွက်ကိရိယာဖြစ်သည်။

၁၅။ VOA English (https://learningenglish.voanews.com/)

ကမ္ဘာတစ်ဝှမ်းရှိ သန်းပေါင်းများစွာသော အင်္ဂလိပ်စာလေ့လာသူများအတွက် သတင်းနှင့်အချက်အလက်များ၏ အရင်းအမြစ်ဖြစ်သည်။

၁၆။ WeSpeak NYC (https://wespeaknyc.cityofnewyork.us/)

WeSpeak NYC We Speak NYC (ယခင် We Are New York) သည် အင်္ဂလိပ်ဘာသာစကားသင်ယူမှု အစီအစဉ်ဖြစ်သည်။ ၎င်းသည် ဗီဒီယိုများ၊ ဝဘ်နှင့် ပရင့်ထုတ်ပစ္စည်းများမှတဆင့် လူထုအခြေပြု သင်ကြားပို့ချမှုနှင့် ခရိုင်ငါးခုစလုံးရှိ အခမဲ့သင်တန်းများကို ပံ့ပိုးပေးပါသည်။

Educational games for grades PreK through 6 that will keep kids engaged and having fun. Topics include math, reading, typing, just-for-fun logic games… and more!

Opportunity For Youhttps://m.facebook.com/story.php?story_fbid=826726161566778&id=177668726472528AUSTRALIA မှာ ကုန်ကျစရိ...
27/07/2022

Opportunity For You

https://m.facebook.com/story.php?story_fbid=826726161566778&id=177668726472528
AUSTRALIA မှာ ကုန်ကျစရိတ်သက်သာစွာနဲ့
ကျောင်းတက် အလုပ်လုပ်ရင်းနေထိုင်ချင်သူများ
အားလုံးအတွက် အခွင့်အရေးကောင်းတစ်ခုပါ
================================
၁။ ကျား/မ အသက် ၁၈ ပြည့်ပြီးသူတိုင်း Join နိုင်ပါမယ်။

၂။ Hospitality ဘာသာရပ်နဲ့ ကျောင်းအတွက် IELTS ဖြေဖို့မလိုပါ။
( အခြားဘာသာရပ်များအတွက် IELTS လိုအပ်ပါလိမ့်မယ် )

၃။ ကျောင်းဖွင့်တဲ့လတွေမှာ တစ်ပတ် ၂ရက်ကျောင်းတက်ပြီး
၅ရက် Full Time အလုပ်လုပ်နိုင်ပါတယ်။

၄။ကျောင်းပိတ်တဲ့လတွေမှာ တစ်ပတ် ၇ရက်လုံးအလုပ်လုပ်နိုင်ပါတယ်။

၅။ ကျောင်းအများစုကနေစရာပေးပါတယ်။ မပေးခဲ့ရင်နေစရာအတွက်
စီစဉ်ပေးပါလိမ့်မယ်။

၆။ ကိုယ်နှစ်သက်တဲ့အလုပ်ကိုရှာလုပ်နိုင်သလို၊ လိုအပ်ရင်အလုပ်ရဖို့
အစစအရာရာစီစဉ်ကူညီပေးပါတယ်။

၇။ ကျောင်းတက်ခွင့်ရဖို့အတွက် Australian Consultant နဲ့တစ်ခါ
ကျောင်းနဲ့တစ်ခါ စုစုပေါင်း ၂ခါ Interview ဖို့သာလိုပါတယ်။

၈။ လိုအပ်တဲ့ Training, Interview ရန်လိုအပ်ချက်များကို
HACTA Training Center က provide လုပ်ပေးပါတယ်။

၉။ စုစုပေါင်းကျောင်းတက်ရမဲ့ကာလဟာ ၂နှစ်ဖြစ်ပြီးတော့
ကျောင်းလခကိုလည်း Terms အလိုက်အရစ်ကျ ခွဲသွင်းခွင့်
ပြုပေးထားပါတယ်။

၁၀။ ကျောင်းတက်လို့အောင်မြင်ပြီးဆုံးသွားသူများဟာလည်း
Skilled Migration Visa သို့မဟုတ်နှစ်သက်ရာဗီဇာ/နေထိုင်ခွင့်
နဲ့ ဆက်လက်အလုပ်လုပ်ကိုင်နေနိုင်ပါတယ်။

၁၁။ ကျောင်းသွားတက်ရန်အတွက်ပေးသွင်းရမဲ့ Premium
Service Charges နဲ့ Consulting Fees ဟာလည်း USD1200
သာဖြစ်ပြီး Quota အလိုက် လူဦးရေကန့်သတ်ထားတာကြောင့်
ကိုက်ညီသူများ အခုပဲ JOIN နိုင်ပါပြီ။

Join မှာ သေချာ Confirm ဖြစ်ပြီဆိုရင်တော့

၁။ အမည်ရင်း=
၂။ အမြဲဆက်သွယ်ရန်ဖုန်း=
၃။ အသက် =
၄။ ပညာအရည်အချင်း =
၅။ မှတ်ပုံတင်နံပတ်=
၆။ နေတဲ့မြို့နယ် =
၇။ မိဘအုပ်ထိန်းသူရဲ့အမည်နဲ့ ဖုန်းနံပတ် =

စတာတွေကို Page ရဲ့ Messenger မှာ AUS လို့ရိုက်ပြီးပို့ပေးရန်
လိုအပ်ပါမယ်။ ရွေးချယ်ခံရသူများကို HACTA မှဆက်သွယ်
အကြောင်းကြား ပေးသွားမှာဖြစ်ပါတယ်။



1.Visa reject ဖြစ်ခဲ့တယ်ဆိုရင် ကျောင်းလခ အပြည့်ပြန် refund ရပါမယ်Premium service fees တစ်၀က်ကိုပြန်ရပါမယ်။

2. အသက် ၂၀ နဲ့ ၃၀ ကြားသည် Visa အတွက်အောင်နိုင်ချေအများဆုံးပါ။
အသက် ၃၅ ကျော်ခဲ့ရင် reject ဖြစ်နိုင်ချေများပါတယ်။

3.ခန့်မှန်းကုန်ကျစရိတ် လေးတချက်ပြောပြပါမယ်။

၁။ service charges usd 1200
၂။ visa fees usd 450
၃။ flight ticket usd 1350 - 1500 ၀န်းကျင်
၄။ ကျောင်းလခ နှစ်၀က်စာ aud 5000 သို့မဟုတ် 7000

မှန်းထားနိုင်ပါတယ်။ အဆင်ပြေတယ် join မှာသေချာတယ်
ဆိုရင်တော့ ဆက်သွယ်နိုင်ပါတယ်။



09-423 44 55 48

0️⃣9️⃣4️⃣2️⃣3️⃣4️⃣4️⃣5️⃣5️⃣4️⃣8️⃣

🔖 Asaho Shinbun Scholarship  News🔖https://www.facebook.com/117985645021854/posts/2342439485909781/Asahi Shinbun Scholars...
15/07/2022

🔖 Asaho Shinbun Scholarship News🔖
https://www.facebook.com/117985645021854/posts/2342439485909781/

Asahi Shinbun Scholarship (သတင်းစာပို့ရင်းကျောင်းတက်ရောက်နိုင်မည့်ပညာသင်ဆု)အတွက်လျှောက်လွှာခေါ်ယူခြင်း။

၂၀၂၃ ခုနှစ် ဧပြီလ အတွက်ခေါ်ယူမည့် သတင်းစာစကော်လားရှစ်အား စိတ်ပါဝင်စားသူများအနေဖြင့် အောက်ဖော်ပြပါအတိုင်း လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

လိုအပ်ချက်များ
၁) ဂျပန်ဘာသာ အရည်အချင်း တွင် JLPT (N4) နှင့် အထက် အောင်မြင်ထားသူ၊ Top-J, Nat-test, J-Test (N3) နှင့် အထက် အောင်မြင်ထားသူ (အောင်လက်မှတ်တင်ပြနိုင်ရမည်)

၂) အသက် (၂၆)နှစ်အောက်ရှိသူ

၃) တက္ကသိုလ် ပထမနှစ်နှင့်အထက်အောင်မြင်ထားပြီးသူ

၄) အိမ်ထောင်မရှိသူ

၅) တက်တူး (လုံးဝ) မရှိသူ

ဂျပန်နိုင်ငံသို့ ‌ကျောင်းဗီဇာ (သို့) တခြားသော ဗီဇာများဖြင့် လျှောက်ထားပြီးသူများ၊ COE Rejected ဖြစ်ထားဖူးသူများ လျှောက်ထားခွင့်မရှိပါ။

လျှောက်လွှာလက်ခံကာလ
ဖောင်လက်ခံကာလ- ၁၈.၇.၂၀၂၂ နေ့ မနက် ၁၀နာရီ မှ၂၈.၇.၂၀၂၂ ညနေ ၄နာရီ အထိ

လျှောက်လွှာလျှောက်ထားခြင်း
အောက်ဖော်ပြပါ Google Form အားဖြည့်စွက်၍ ဓါတ်ပုံ (3cm x 4cm) နှင့် ဂျပန်ဘာသာစာမေးပွဲအောင်လက်မှတ် အားပူးတွဲတင်ပြပေးရပါမည်။

https://forms.gle/JGzhhmob3gHe79zx7

လျှောက်ထားပြီးသူများအား Scholarship နှင့်ပတ်သတ်သည့် အသေးစိတ်အစီအစဥ်များအား Google Form တွင်ဖြည့်သွင်းထားသော Gmail များမှတဆင့်သာဆက်သွယ်ပေးပို့သွားမည်ဖြစ်ပါသည်။

MAJA Education Centre
09- 428 613 848

Credit From MAJA EDUCATION CENTER

Credited by Sayar Nikoyeနည်းပညာတက္ကသိုလ် ၊ ကွန်ပြူတာတက္ကသိုလ် ကျောင်းသူကျောင်းသားများအတွက် ရတနာသိုက်။တိုင်းပြည်ကတော့ နော...
29/06/2022

Credited by Sayar Nikoye

နည်းပညာတက္ကသိုလ် ၊ ကွန်ပြူတာတက္ကသိုလ် ကျောင်းသူကျောင်းသားများအတွက် ရတနာသိုက်။

တိုင်းပြည်ကတော့ နောက်ကို အတော်ဆုတ်သွားပြီလို့ ဆိုရမယ်။ တကယ်တတ်ကျွမ်း နားလည်ဖို့ ကျောင်းတွေထက် ကိုယ့်ကိုကိုယ် အားကိုးပြီး ကိုယ်တိုင်လေ့လာမှပဲ ရတော့မယ်။ ပြင်ပမှာ ဖွင့်တဲ့ သင်တန်းကြေးတွေကလည်း မြင့်မားနေတော့ Youtube ကနေ အခမဲ့ လေ့လာလို့ရမယ့် တက္ကသိုလ်ကျောင်းတွေက ပေးတဲ့ သင်တန်းတွေအကြောင်း မျှလိုက်ပါတယ်။ အပြင်သင်တန်းတွေမှာ ငွေ သိန်းချီပေး သင်ယူနေတာကို ရပ်လိုက်ပြီး အင်တာနက်ရှိရုံနဲ့ လေ့လာလို့ရမယ့် သင်တန်းတွေကို တူးဆွပါ.

မြန်မာမှာ နည်းပညာတက္ကသိုလ်တွေ နိုင်ငံအနှံ့ အများအပြားရှိသလို India နိုင်ငံမှာလည်း Indian Institutes of Technology ကျောင်းတွေက India နိုင်ငံ မြို့ကြီးတွေမှာ ရှိပါတယ်။ အတိုကောက်အားဖြင့် IIT လို့ ခေါ်ပါတယ်။ ဝီကီအရ In the 2019, QS World University Ranking, IIT Bombay ranked highest at 162, followed by IIT Delhi (172), IIT Madras (264), IIT Kanpur (283), IIT Kharagpur (295), IIT Roorkee (381) and IIT Guwahati (472) ဆိုတော့ အတော်လေးတော့ မြင့်တယ်ဆိုရမှာပါ။ ကျနော်တို့ဆီက အမြင့်ဆုံးလို့ ဆိုရမယ့် Yangon YTU, Mandalay MTU တို့ထက် အများကြီး အဆင့်မြင့်တဲ့ ကျောင်းတွေပါ။

ဒီသင်တန်းတွေကို India အစိုးရက ကျောင်းကောင်း မတက်နိုင်တဲ့ သူ့နိုင်ငံသားတွေ ကျောင်းကောင်းတွေမှာ သင်နေတဲ့ စာတွေကို စိတ်ဝင်စားရင် ကိုယ့်ဘာသာ ‌လေ့လာနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ India အစိုးရ နဲ့ Google တို့ ပူးပေါင်းတဲ့ စီမံကိန်းပါ။ လက်ရှိ Google CEO က Kharagpur မြိုံက Indian Institutes of Technology (IIT Kharagpur) ကနေ metallurgical engineering နဲ့ ကျောင်းပြီးခဲ့သူ တယောက်ပါ။

အဲ့ဒီ Indian Institutes of Technology ကျောင်းတွေကနေ အောက်ပါ ဘာသာရပ်ဆိုင်ရာတွေနဲ့ ဆိုင်တဲ့ သင်တန်းတွေကို အခမဲ့ လေ့လာသင်ယူနိုင်ပါတယ်။ အင်တာနက်ပဲ လိုမှာပါ။

Aerospace Engineering
Architecture
Automobile Engineering
Chemical Engineering
Civil Engineering
Computer Science and Engineering
Engineering Design
Electrical Engineering
Mechanical Engineering
Metallurgy and Material Science
Ocean Engineering
Textile Engineering
Electronics & Communication Engineering
Environmental Science
Mining Engineering
Law
Economics
Management
Mathematics
Chemistry and Biochemistry
Biotechnology
Humanities and Social Sciences
Physics
Nanotechnology
Atmospheric Science

ပုံမှာ ပြထားတဲ့အတိုင်း Discipline ထဲကနေ ကိုယ့်ဘာသာရပ်ကို ရွေး ၊ Course Type ထဲကနေ video ဆိုတာကို ရွေးလိုက်ရင် subject တွေ အများကြီး ကျလာပါလိမ့်မယ်။ အဲ့ထဲက ကိုယ်လေ့လာလိုတာကို သင်ခန်းစာ ၁ ကနေ ဆက်လေ့လာရုံပါပဲ။ စာသင်တာက Indian Institutes of Technology က ဆရာတွေမလို့ english လို့ ပြောတာ ဖြစ်ပေမယ့် အားစိုက်ပြီး နားထောင်ရင် English listening skill ပါ တိုးတက်လာမှာပါ။

ဒီပို့စ်ကတော့ civil engineering အတွက်မလို့ ၊ civil engineering နဲ့ ဆိုင်တာ ပြောရရင် module ဘာသာရပ်ပေါင်း ၁၁၅ ဘာသာကို လေ့လာနိုင်ပါတယ်။ တခြား engineering ဘာသာတွေဆိုရင်လည်း ဆိုင်ရာ ဘာသာတွေ အများကြီး တွေ့နိုင်ပါတယ်။

လင့်က ဒီမှာပါ.
https://nptel.ac.in/courses

အသေးစိတ်ကို ဒီမှာလည်း ဖတ်နိုင်ပါတယ်။

https://nptel.ac.in/

Humanities and Social Sciences အောက်မှာ English အရေး အပြော နဲ့ ဆိုင်တဲ့ module တွေ ရှိပါတယ်။

အင်တာနက် ကောင်းကောင်းနဲ့ ကွန်ပြူတာနဲ့ အချိန်ပေးပြီး website ကို လေ့လာရင်း self study အားကိုးနဲ့ ကျောင်းကောင်းတွေမှာ သင်ယူနေရသလို အကျိုးရှိစေဖို့ မျှဝေလိုက်ပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်။

Invest-Yourself In CM 💛https://www.facebook.com/1808676039429816/posts/2995650844065657/Hello guys!If speaking only Engl...
21/06/2022

Invest-Yourself In CM 💛

https://www.facebook.com/1808676039429816/posts/2995650844065657/

Hello guys!

If speaking only English is about your dream, join our 6months course to boost up your dream of English and start your day with us😊

We gonna speak only English while you are in camp and we know it is a bit challenge for the newbie but let’s make it through our learning platform😎

The deadline for new intake is two weeks ahead, so grab your chance and explore your lifetime dream with us Academy🤗



For more detail, please dial us
09778480283/09785620381

For more information
No.96/ Shin Saw Pu Street/ Myine Tar Yar Quarter
Mawlamyine

Address

Thetkaw Main Street
Chaungzon

Telephone

+537924680

Alerts

Be the first to know and let us send you an email when Thetkaw youth knowledge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Thetkaw youth knowledge:

Shortcuts

Share