Right Way Wisdom

Right Way Wisdom Repetition is master of knowledge! Repetition is master of knowledge.

18/01/2023

"တစ်စုံတစ်ယောက်၏ အမှန်တရားသည်"
100% အမှန်ဟု မဆိုနိုင်ပါ။
ရှူထောင့်ကြောင့် ​ပြောင်းလဲနိုင်သည်။
ရူပဗေဒ သဘောတွင်
Efficiency သည် Friction ကြောင့် မည်သည့်အခါမျှ အပြည့်အဝ 100% မဟုတ်သကဲ့သို့ပင်။

မည်သည့်ပညာမှာမဆို အမှန်တကယ် လေ့လာလိုက်စားမယ်ဆိုရင် တစ်ဦးကိုတစ်ဦး လေးစားနိုင်ဖို့ရာ မခဲယဥ်းပါ။

15/01/2023

ပုဒ်ထီးချရမယ့် နေရာမှာ
ပုဒ်မ ချလိုက်မယ်ဆိုရင်
ဝါကျက အဓိပ္ပါယ် မပြည့်စုံပဲ ရပ်သွားလိမ့်မယ်။

ပလေတို ၏ မေးခွန်း (၄) ခု ----------"အချစ် ဆိုတာ ဘာလဲ" တဲ့.... ဆိုးခရေးတ် ကို ပလေတို က မေးတယ်။ ဒါနဲ့ ဆိုးခရေးတ်က "သွား.. ...
28/07/2022

ပလေတို ၏ မေးခွန်း (၄) ခု
----------

"အချစ် ဆိုတာ ဘာလဲ" တဲ့.... ဆိုးခရေးတ် ကို ပလေတို က မေးတယ်။ ဒါနဲ့ ဆိုးခရေးတ်က "သွား.. ပလေတို.. ဟိုးက ဂျုံခင်းထဲသွားပြီးတော့... ကောင်းပေ့ ကြီးပေ့ ဆိုတဲ့ ဂျုံနှံတစ်ခုကို မင်းစိတ်ကြိုက် ခူးခဲ့စမ်း.. နောက်တော့ ပြန်မလှည့်ရဘူးနော်.. တစ်ခု ခူးပြီး ရင် ပြီးပြီ.. ငါ့ဆီတန်းပြန်လာခဲ့.." လို့ ဆိုတယ်။ ဒီအခါ ပလေတိုက "အိုး... ဒါလေးများ.. " ဆိုပြီး ပေါ့ပါး လန်းဆန်း စွာနဲ့ ဂျုံခင်းထဲ ပြေးဝင်.. ကောင်းပေ့ ကြီးပေ့ ဆိုတဲ့ ဂျုံနှံ တစ်ခု ရှာတာပေါ့။ နေ့တစ်ဝက် လောက်ကြာတော့ ဂျုံခင်း ထဲကနေ လက်ဗလာနဲ့ စိတ်ပျက်လက်ပျက် ထွက်လာတဲ့ ပလေတိုကို ဆိုးခရေးတ် တွေ့လိုက်ရတယ်။ ဆိုးခရေးတ် အနားရောက်တော့ ပလေတိုက ရှင်းပြတယ်။ "ကောင်းပေ့ ကြီးပေ့ ဆိုတဲ့ ဂျုံနှံကို ကျွန်တော် တွေ့တယ် ဗျာ... ဒါပေမယ့်... ဒီ့ထက် ကောင်းတာ ကြီးတာ ရှိနိုင်ဦးမယ် မခူးသေးဘူး မခူး သေးဘူး နဲ့ ရွေးလာ လိုက်တာ... နောက်ဆုံး ဂျုံခင်းစပ်သာ ရောက်လာတယ်.. တစ်နှံမှ မခူး ဖြစ်ခဲ့ဘူး"...

ဒီတော့မှ ဆိုးခရေးတ် က "အေး... အဲ့ဒါ အချစ် နဲ့တူတယ်" လို့ပြောလိုက်တယ်။

နောက် မေ့လောက် ပျောက်လောက် ရှိတော့ တစ်ခါ ပလေတိုက "ဆရာ.. ဆရာ.. လက်ထပ် ထိမ်းမြှား ခြင်း ဆိုတာ ဘာလဲ" လို့ မေးပြန်တယ်။ ဒီတစ်ခါလည်း ဆိုးခရေးတ်က "ဟိုး မြင်နေရတဲ့ ထင်းရှုးတော တွေ့လား... အဲဒီတော ထဲကိုသွား... နောက်လုံးဝ ပြန်မလှည့်ပဲ အကောင်းဆုံး ထင်းရှုးပင် တစ်ပင် သွားခုတ် လာခဲ့ချေ..." လို့ ဆိုပြန်တယ်။

တစ်ခါ ခံထားရဘူးတော့ ပလေတိုခမျာ ပထမ တစ်ခေါက်ထက် ပိုမို ဂရုစိုက်စွာဖြင့် တောထဲကို ဝင်ခဲ့တယ်။ နေ့တစ်ဝက်လောက် အကြာမှာပဲ ကျိုးတိုးကျဲတဲ ထင်းရှုးပင်တစ်ပင်ကို မနိုင့် တနိုင် သယ်လာတဲ့ ပလေတို ကို ဆိုးခရေးတ် လှမ်းမြင်လိုက်တယ်။ အနားရောက်တော့ ဆိုးခရေးတ်က "ဟင်.. ဒါလား မင်းရဲ့ အကောင်းဆုံး ထင်းရှုးပင်.." လို့ ပြောလဲပြော ဆူလဲဆူ ပါလေရော။ ဒီအခါမှာ ပလေတိုက "ကျွန်တော်လဲ ရှာတာပဲဗျာ.. အကောင်းဆုံးကို တွေ့လို တွေ့ငြား လိုက်ရှာရင်း ကျွန်တော့်မှာ မောလဲမော အားလဲကုန်နေပြီ.. အချိန်လဲ နေ့တစ်ဝက် ကျိုးတော့မှာ နဲ့ မဖြစ်ချေဘူး ဆိုပြီး အနီးကတွေ့တဲ့ ကြည့်ပျော် ရှုပျော် အပင် တစ်ပင်ကို အမှီခုတ်ပြီး ပြန်လာခဲ့ မိတယ်ဗျာ..." လို့ ဖြေရှာတယ်။

ဒီတစ်ခါလဲ ဆိုခရေးတ်က "အေး.. အဲ့ဒါ လက်ထပ်ထိမ်းမြှားခြင်း နဲ့ တူတယ်" လို့ ပြန်ဖြေလိုက်တယ်။

ဒီလိုနေရင်းနဲ့ နောက်တစ်ကြိမ်ကျတော့ ပလေတိုက ထပ်မေးပြန် ပါသတဲ့။ "တိတ်တိတ်ပုန်း ဆိုတာ ဘာလဲဆရာ" တဲ့..။ ဒီတစ်ခါလဲ ပလေတိုကို ဆိုးခရေးတ်က တောထဲကို သွားပြီ အလန်းဆုံး ပန်း တစ်ပွင့် ကို ခူးခဲ့ခိုင်းတယ်။ သတိကြီးကြီး ထားလျက်နဲ့ ပလေတို တောထဲဝင်ပြီး နေ့တစ်ဝက် လောက် အကြာမှာ ခပ်နွမ်းနွမ်း ပန်းလေးနဲ့ လက်မှိုင်ကျလျက် ဆရာ့ဆီ ပြန်လာတာ တွေ့လိုက်ရတယ်။

ပြုံးပြုံးလေး ကြည့်နေတဲ့ ဆိုးခရေးတ်ကို ပလေတိုက "ကျွန်တော် အလန်းဆုံးလို့ ထင်တဲ့ပန်းကို ခူးလာခဲ့တာပါပဲ ဆရာရယ်... ဒါပေမယ့်.. အပြန်လမ်းမှာ ပန်းက တဖြည်းဖြည်း နွမ်းသွား တယ်ဗျာ..." လို့ ဆင်ခြေ ပေးတယ်။

ဒီတော့ ဆိုးခရေးတ်က "အေး.. အဲဒါ တိတ်တိတ်ပုန်း ပေါ့" လို့ အဖြေပေးလိုက်တယ်။

နောက် လ အနည်းငယ်ကြာတော့ ပလေတို ထပ်စပ်စု ပြန်တယ်။ "ဘဝ ဆိုတာ ဘာလဲ ဆရာ" ။ ဒီအခါလည်း ဆိုးခရေးတ်က တောထဲသွားပြီ အလှဆုံးပန်းကို ရှာလာခဲ့လို့ ခိုင်းလိုက်ပြန်တယ်။ ပလေတိုလဲ နောက်တစ်ကြိမ် တောထဲ ထပ်ဝင်သွား ခဲ့တယ်။ နေ့တစ်ဝက်ကျိုးသွားတယ်... ပလေတိုပေါ်မလာဘူး။ ညမိုးချုပ်တဲ့ အထိလဲ အရိပ်အရောင်မတွေ့ရဘူး။ ဒီလိုနဲ့ ဆိုးခရေးတ် စောင့်နေတာ သုံးရက်လောက်ကြာတဲ့ အထိ ပေါ်မလာတော့ ဆိုးခရေးတ် တောထဲမှာ တပည့် လုပ်သူကို လိုက်ရှာတာပေါ့။ ဒီအခါ တောစပ်နားတင်ပဲ တဲလေးထိုးပြီး ပန်းတစ်ပွင့်ကို ထိုင်ငေး နေတဲ့ ပလေတို ကို တွေ့လိုက် ရတယ်။ တွေ့တွေ့ချင်း ဆိုးခရေးတ်က "ဘယ်လိုလဲ ပလေတို.. ဘာလို့ ပြန်မလာတာလဲ.. အခုရော အလှဆုံးပန်းကို တွေ့ပြီ လား.." လို့ စမေးတယ်။ ဒီအခါ ပလေတိုက ပန်းပွင့်လေး ကို မေးငေါ့ပြပြီး "ဒီအပွင့်.. အလှဆုံး မဟုတ်ပေဘူး လား ဆရာရယ်..." လို့ ဖြေတယ်။ ဒီအခါ ဆိုးခရေးတ်က " မင်း တွေ့နေရက် နဲ့ ဘာလို့ ခူးပြီး မပြန်ခဲ့တာလဲ" လို့ဆိုတယ်။ ဒီအခါ ပလေတိုက "ကျွန်တော်ခူးလိုက်တဲ့အခါမှာ သူနွမ်းသွားလိမ့်မယ်။ ကျွန်တော် မခူးရင်လဲ သူနွမ်းသွားမှာ ပါပဲ။ ဒါ့ကြောင့် ကျွန်တော် မခူးရက်တော့ပဲ သူ လှလှပပ ပွင့်ဖူးနေတာကို တစိမ့်စိမ့် ထိုင်ကြည့် နေခဲ့တယ်။ သူနွမ်းသွားချိန်ကျတော့မှ ကျွန်တော် နောက်ထပ် အလှဆုံး တစ်ပွင့်ကို ထပ်ရှာမယ်။ ဒီလိုပဲ တစိမ့်စိမ့် ကြည့်နေဦးမယ်။ ဒီပန်းက ကျွန်တော် ကြည့်နေခဲ့တဲ့ ဒုတိယမြောက် အလှဆုံး ပန်းလေ ဆရာရဲ့.." လို့ ဆိုတယ်။

ဒီအခါကျမှ ဆိုးခရေးတ်က "အင်း.. ပလေတို.. မင်း ဘဝ အဓိပ္ပာယ် ကောင်းကောင်း နားလည် သွားပြီပဲ" လို့ ချီးကျူးလိုက် ပါတယ်။
----------
ref: plato & socrates on love, marriage, affair & life ကို ဆီလျော်အောင် ဘာသာပြန်သည်။
CRD!

downloadဆွဲနိုင်ပါပြီGrade-1 (စနစ်သစ်) = https://drive.google.com/folderview?id=144HyctEaOdeafkmykdriyosQiCaZu5hd•••••Gr...
21/04/2022

downloadဆွဲနိုင်ပါပြီ

Grade-1 (စနစ်သစ်) = https://drive.google.com/folderview?id=144HyctEaOdeafkmykdriyosQiCaZu5hd
•••••
Grade-2 (သင်ရိုးသစ်) = https://drive.google.com/folderview?id=13S0A53w29u8JnGzxltaIuhkeyo3kHE_J
•••••
Grade-3 (သင်ရိုးသစ်) = https://drive.google.com/folderview?id=12onQ0WuV_YkLB9-SU1AdV7rC4Oz8n1ZY
•••••
Grade-4 (သင်ရိုးသစ်) = https://drive.google.com/folderview?id=11HSLMgq0xOfVD6JyHOLwrFHDgM3Tj4iT
•••••
Grade (5) မြန်မာဖတ်စာ
https://www.mediafire.com/file/t572xwz909axle3/(1)+Grade+-+5+မြန်မာစာပုံနှိပ်.pdf/file.,. ....
Grade (5) English Textbook
https://www.mediafire.com/file/les6wwlmq0gu3hz/(2)+Grade+-+5+English+ပုံနှိပ်စာအုပ်.pdf/file............
Grade (5) သချာ် textbook
https://www.mediafire.com/file/dy83bayickspic0/(3)+Grade+-5+သချာ်+textbook.pdf/file................
Grade (5) လူမှုရေး Textbook
https://www.mediafire.com/file/hyhd0hva9cogz3f/(4)+Grade+-5+စနစ်သစ်+လူမှုရေး+Textbook.pdf/file............
Grade (5) Science Textbook
https://www.mediafire.com/file/3h220g8x47gsbai/(5)+Grade+(5)+Science+Textbook.pdf/file.........
Grade (5) စာရိတ္တနှင့် ပြည်သူ့နီတိ Textbook
https://www.mediafire.com/file/o3pf2bisnp35jw9/(6)+Grade+-5+စာရိတ္တနှင့်+ပြည်သူ့နီတိ+Textbook.pdf/file.......
Grade-6 (သင်ရိုးသစ်) = https://drive.google.com/folderview?id=1JBGhlKR-fD-MVTKRioGkAasHL5YDVBFm
•••••
Grade-7 (စနစ်ဟောင်း) = https://drive.google.com/open?id=1sWSS34r2WANZ6RzJn1vrx3_ovUMb94Ho
•••••
Grade-7 (စနစ်သစ်) (ဆရာကိုင်) = https://drive.google.com/folderview?id=1-PQqRtM6SWdWbLJSvJaYXNPOiHyYsjO3
•••••
Grade-7 (သင်ရိုးသစ်) (ကျောင်းသားကိုင်) = https://drive.google.com/folderview?id=1NTnRMaglzRLdK79UmNBMxggtQLzuGeGu
•••••
Grade-8 (စနစ်ဟောင်း) = https://drive.google.com/open?id=1BCat15BlS95qsKodKTKqZ_r63CC_0coS
•••••
Grade-9 (စနစ်ဟောင်း) = https://drive.google.com/open?id=17BTjty7arS9mrIdhz8Cj1UlRtvGdZ-S9
•••••
Grade-10 (စနစ်သစ်) = Pdf file အနေဖြင့် ရှာဖွေနေဆဲပါ
•••••
Grade-11(စနစ်ဟောင်း) = https://drive.google.com/open?id=14I5uPQUVSBCCvjFj2iR4fPdgsK0R7acN
••••

Credit .....

.                           ဒုလ္လဘဟူသည်                       ═════════Subscribe Youtube Channel >>> https://bit.ly/3O7k...
14/04/2022

. ဒုလ္လဘဟူသည်
═════════

Subscribe Youtube Channel >>> https://bit.ly/3O7kW5p

ဒုလ္လဘဟုဆိုလျှင် အချို့က ခဏဝတ်သော ရဟန်း၊ သာမဏေများကိုသာ ဆိုသည်ဟု အထင်ရောက်တတ်ကြ၏။

အမှန်အားဖြင့် ဒုလ္လဘဟူသည် ရခဲခြင်း၊ ခက်ခက်ခဲခဲ ရရှိခြင်းဟု အဓိပ္ပါယ်ရ၏။ ခဲခဲရင်းရင်း ခက်ခက်ခဲခဲ ရရှိသည့် ဘဝဖြစ်သဖြင့် ရဟန်းဘဝ ရောက်ရှိလာကြသည့် သူများကို ဒုလ္လဘဟု ဆိုကြခြင်းဖြစ်၏။

ယခုနောက်ပိုင်းတွင် ထိုသို့ခက်ခဲစွာရရှိလာသည့် ရဟန်းဘဝ အနှစ်သာရပျောက်ကာ အချို့သော ခဏဝတ် ရဟန်းသာမဏေများသည် သာသနာဘောင်တွင် သင်္ကန်းဝတ်၍ လုပ်ချင်သလို လုပ်နေသည့် သဘောဖြစ်နေသည်ကို စိတ်မကောင်းဖွယ် တွေ့ရှိရ၏။ မနက်ပိုင်းသိမ်ဝင် ညနေပိုင်း လဘက်ရည်ဆိုင်ထိုင်၊ ညစာစား၊ ဝိနည်းသိက္ခာကို ထင်သလို ကစားနေကြသလို ဖြစ်နေကြ၏။ အချို့သော ဒုလ္လဘများသည် ရဟန်းဝတ်သည်မှာ (၇) ရက်ခန့်သာရှိ၏။ ပြန်ထွက်သွားသည့်အခါ အာပတ်များကား မရေမတွက်နိုင်အောင် ယူသွားသလို ဖြစ်နေကြ၏။

အချို့ကျောင်းများကလည်း ခဏနေတာပဲဟုဆိုကာ သိပ်ပြီးတင်းတင်းကြပ်ကြပ် ပြောဆိုဆုံးမခြင်း မရှိကြသဖြင့်လည်း ခဏဝတ် ဒုလ္လဘရဟန်း၊ သာမ ဏေအချို့သည် သာသနာတော်အပေါ် အလွယ်ရ၊ အလွယ်ထား၊ အဓိပ္ပါယ်လေးနက်မှု ရှားသွားကြ၏။ အလိုလိုက်မှု၏ နောက်ကွယ်တွင် လွယ်လွယ်ဝတ်၊ လွယ်လွယ်နေ၊ လွယ်လွယ်ထွက်သွားသူများကပင် ထိုကျောင်းနှင့်ကျောင်းတိုက် ဆရာတော်၊ သံဃာ တော်များအပေါ် အပြင်လောကတွင် အပြစ်များပင် ပြန်ဖော်လေ့ ရှိတတ်ကြ၏။ နေချင်သလို နေခွင့်ပေးလိုက်ခြင်း၏ နောက်ဆက်တွဲအနေဖြင့် သာသ နာတော်၏ တန်ဘိုးကို မထားတတ်သူများ၊ သာသ နာတော်ကို အထင်သေးသူများ ပိုမိုများပြားလာခြင်းပင် ဖြစ်၏။

ဤကိစ္စသည် လက်ခံဝတ်ပေးသည့် ကျောင်းတိုက်ဆရာတော်နှင့် ဥပဇ္စျာယ်ဆရာတော်များ၏ သွန်သင်ဆုံးမမှုအပေါ် မူတည်နေသည်ဟု ထင်မြင်မိ၏။ မည်မျှပင် မျက်နှာကြီးမျိုး၊ ဂုဏ်ရှိသူမျိုး၊ ငွေရှိသူမျိုးပင် ဖြစ်ပါစေ သာသနာ့ဘောင် ဝင်လာသည့်အခိုက်တွင် လွတ်လွတ်လပ်လပ် နေစေမည့်အစား ကျင့်သင့်ကျင့်ထိုက်သည်များ၊ ပွားသင့်ပွားထိုက်သည်များကို စနစ်တကျ သင်ပေးသင့်လှ၏။ မလိုက်နာနိုင်၊ မကျင့်နိုင်ခြင်းသည် ထိုဒုလ္လဘ၏ သဒ္ဓါ၊ ဝိရီယပေါ်မှာသာ မူတည်၏။ သာသနာတွင် အလွယ်နေလို့မရ၊ သာသနာတွင်း ရဟန်းဘဝသည် ခက်ခဲလှသည့် သဘောသဘာဝကို ခဏဝတ်ရဟန်းသာမဏေများ သိရှိသွားမှသာ သာသနာတော်၏တန်ဘိုး၊ ရဟန်းဘဝ၏တန်ဘိုး၊ ကျောင်းတိုက်၏တန်ဘိုး၊ ဆရာ တော် သံဃာတော်များ၏ တန်ဘိုးလည်း ရှိနေမည် ဖြစ်၏။ အားနာလို့ လွတ်လပ်စွာ နေခွင့်ပေးလိုက်ခြင်းသည် ခဏအခိုက်အတန့် ကျေနပ်သွားဖွယ်ရှိသော်လည်း အိမ်ပြန်ရောက်သည့်အခါ အပြစ်များသာ ပြောဆိုကြဖွယ် ရှိနေပေ၏။ တန်ဘိုးသိမှ တန်ဘိုးရှိဟုဆိုသကဲ့သို့ ဒုလ္လဘတန်ဘိုးကိုသိ၍ ထိုတန်ဘိုးကို ရရှိအောင် အသုံးချနိုင်မှသာလျှင် အမှန်စင် စစ် ဒုလ္လဘဖြစ်သည်ကို သိရှိစေရန် လိုအပ်လှပေ ၏။

မည်သို့ပင်ဆိုစေ တဒင်္ဂဝတ်ကြသည့် ရဟန်းသာမဏေများ အနေဖြင့် မိမိတို့၏ ရခဲလှသည့် ရဟန်းဘဝ နေရသည့်အခိုက်အတန့်တွင် ဝိနည်းကျင့်ဝတ်ကိုအလေးထား၊ ကုသိုလ်တရား တိုးပွားအောင် ကြိုးစားရင်း “ယောင်တစ်လုံးအဆုံးခံပြီး ရင်းစားပင် ပြန်မရသည့် ဒုလ္လဘမျိုး” မဖြစ်ရအောင် မိမိကိုယ်မိမိ အသိသတိဖြင့် အဓိပ္ပါယ်အနှစ်သာရရှိသည့် ဒုလ္လဘမျိုးဖြစ်အောင်သာ ကြိုးစားနေထိုင်ကြရမည်သာ ဖြစ်ပါပေ၏။ 👑

မေတ္တာဖြင့် - မနာပဒါယီ အရှင်ဝိစိတ္တ
═════════════════════

မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ

____________________________________________

ဒုလ္လဘများ သိမှတ်စရာ....................................
ပထမဆုံး ရဟန်းခံပြီး သိမ်ထွက်လောင်းလှုတဲ့ကိစ္စဗဟုသုတအဖြစ်ပြောမယ်။
═════════════════════════════

❖ ရဟန်းအသစ်တွေကိုသိမ်ထွက်ရင် အရင်ဆုံးသိမ်ကထွက်စေတာက ခုမှဖြစ်တဲ့ရဟန်းဟာ အာပတ်အားလုံးက စင်ကြယ်နေလို့ပဲ။အာပတ်ဆိုတာ အပြစ်သင့်ရောက်ခြင်းလို့ပြောတာ။ တခြားသံဃာတွေက အာပတ်အနည်းနဲအများရှိနေနိုင်တယ်လေ။

❖ လူတွေကလည်း သီလသန့်ရှင်းနေတဲ့ရဟန်းသစ်လေးကို ဦးဦးဖျားဖျားလှုချင်ကြလို့ သိမ်ကအထွက် စောင့်လှုကြတာပေါ့။

❖ ဒီမှာပြောစရာရှိလာတယ်။ တစ်ခါမှမဝတ်ဖူးတဲ့ရဟန်းဆိုရင် အကြောင်းမဟုတ်ဘူး။ ရဟန်းအကြိမ်ကြိမ်ဝတ်ဘူးတဲ့သူတွေဆိုရင် ပြောစရာရှိလာတယ်။

❖ ရဟန်းတွေမှာ ကြီးလေးတဲ့အာပတ် (ဂရုက) ဆိုတာရှိတယ်။ ဒါတွေကတော့ ပါရာဇိကလေးပါးနဲ့
သံဃဒိသသ် အာပတ်ပဲ။

❖ ပါရာဇိကကျပြီးတဲ့ရဟန်းကတော့ ဘယ်တော့မှရဟန်းပြန်ဝတ်လို့မရတော့ဘူး။ သံဃဒိသသ် အာ ပတ်ကတော့ ရဟန်းအဖြစ်တော့မဆုံးရှုံးဘူး။ ဒါပေမဲ့ ဒီအာပတ်ကလည်း ကျန်တဲ့သေးငယ်တဲ့အာပတ်တွေလို ရိုးရိုးဒေသနာကြားလို့ အာပတ်အပြစ်မကျေဘူး။ သိမ်ဝင်ပြီး ဉာတ်ကမ္မဝါနဲ့ အဆင့်ဆင့်ချေမှကျေတယ်။ နောက်ဆုံးအဆင့်မှာ သံဃာ ၂၀ ကျော်နဲ့မှရတယ်။

❖ ဒီတော့အာပတ်ကျေအောင်ကုစားဖို့ခက်တယ်။
အချိန်တွေပေးရတယ်။

❖ သံဃဒိသသ်အာပတ် ၁၃ ပါးရှိတယ်။ ❖

━ ၁။ ။လုံ့လပြု၍သုတ်လွှတ်မှု၊

━ ၂။ ။မာတုကာမနှင့်ကိုယ်လက်နှီးနှောမှု၊

━ ၃။ ။မာတုကာမကိုညစ်ညမ်းစကားပြောဆိုမှု၊

━ ၄။ ။မေထုန်အလှုခံမှု၊

━ ၅။ ။အောင်သွယ်မှု၊

━ ၆။ ။အင်္ဂတေအချောကိုင်ကျောင်းဆောက်မှု၊

━ ၇။ ။ကျောင်းဆောက်လို၍သစ်ပင်ခတ်မှု၊

━ ၈။ ။ရဟန်းကိုပါရာဇိကဖြင့်စွပ်စွဲမှု၊

━ ၉။ ။ဒုတိယပါရာဇိကဖြင့်စွပ်စွဲမှု၊

━ ၁၀။ ။သံဃာသင်းခွဲမှု၊

━ ၁၁။ ။သံဃာသင်းခွဲမှု့ကိုအားပေးမှု၊

━ ၁၂။ ။ရဟန်းဆိုဆုံးမမှု့ကိုမနာခံမှု၊

━ ၁၃။ ။လူတို့၏သဒ္ဓာတရားကိုဖျက်စီးမူ ။

❖ ဒါအကျဉ်းပြောတာ အကျယ်သိချင်ရင် ဝိနည်းစာအုပ်ဖတ်ပါ။ ဒုလ္လဘတွေကိုပြောလိုတာက
အာပတ် ၁ ၊ ၂ ၊၃ ၊၄ ၊၅ တို့ဟာသင့်လွယ်တယ်။

❖ ကိုယ့်ဇနီးကို ငါမိန်းမပဲလေဆိုပြီး လက်ကိုင်ပြီးစကာပြောမယ်၊ ညစ်ညစ်ညမ်းညမ်းတွေပြောမယ်ဆိုရင် ဒီအာပတ်သင့်ပြီ။ တစ်ချို့ကိုယ်တော်လေးတွေ။ မိန်းကလေးတစ်ယောက်မြင်ရင်ဘာကောင်းတယ် ညာကောင်းတယ်ဆိုပြီး အောက်ပိုင်းစကားလုံးတွေနဲ့စတတ်ကြတယ် အဲဒီမိန်းကလေးကနားလည်ရင် ဒီအာပတ်သင့်ပြီ။

❖ ပြီးတော့အောင်သွယ်မှု။ ကွဲနေတဲ့မိဘနှစ်ပါးကိုတောင်စေတနာနဲ့ ပြန်ပေါင်းအောင်မအောင်သွယ်ပေးရဘူး။ ဒီအာပတ်သင့်တယ်။

❖ ဒုလ္လဘတွေဖြစ်တတ်တယ်။ ဒီအာပတ်သင့်ရင် မဂ်ဖိုလ်မရတော့ဘူး။ ပြီးတော့အာပတ်တန်းလန်းနဲ့ လူထွက်သွားရင်ရပေမဲ့ နောင်တစ်ခါရဟန်းပြန်ဝတ်ရင် ဒီအာပတ်ကအလိုလိုပြန်သင့်နေတယ်။ အာပတ်ကချေကိုချေခဲ့မှရတာ။

❖ ဒီတော့ အကြိမ်ကြိမ်ဝတ်တဲ့ ဒုလ္လဘတွေ မိမိမှာဒီအာပတ်ကြီးအရင်ကသင့်ခဲ့ရင် အခုပြန်ဝတ်တဲ့အခါသိမ်ထဲမှာ ကမ္မဝါဆုံးတာနဲ့ ဒီအာပတ်ကသင့်နေပြီ။ဒီတော့သိမ်က သီလဖြူစင်သူအဖြစ် အရင်ထွက်တာ ဘယ်ဟုတ်တော့မလဲ။ သတိထားကြပါ။

❖ နောက်တစ်ခု ကုသိုလ်ကိစ္စမှာ အကုသိုလ်လာရောတာပဲ။ ဒုလ္လဘ၀တ်တယ်ဆိုတာ မြင့်မြတ်တဲ့သီလကုသိုလ်ကိုစောင့်ရှောက်ဖို့ ၀တ်ကြတာ။ ဒုလ္လဘဆိုတာ"
ဒု = ခဲခဲယဉ်းယဉ်း ။
လာဘ = ရရှိတာ"။
#ရခဲတဲ့အဖြစ်ကိုဒုလ္လဘလို့ဆိုလိုတယ်။

❖ ဒီတော့ နေတဲ့အချိန်မှသီလကို အတတ်နိုင်ဆုံးစောင့်ရှောက်ရသလို၊ ၀တ်လာရခြင်းရည်ရွယ်ချက်ဟာလည်း မြင့်မြတ်နေရမယ်။ ယတြာလိုလို၊ ဘာလိုလိုမလုပ်သင့်ဘူး။

❖ ကိုးန၀င်းကျေအောင် ကိုးရက်တို့၊ ဆယ့်တစ်မီးငြိမ်းအောင် ဆယ့်တစ်ရက်တို့ဆိုတာမျိုးမဖြစ်သင့်ဘူး။ အချို့မိဘတွေ။ သားသမီးက ရှင်၊ရဟန်း ၀တ်နဲ့ပျော်မွေ့နေချိန်မှာ ခုလိုကိုးန၀င်းတွေ၊ ဆယ့်တစ်မီးအယူဆတွေကြောင့် အတင်းလူထွက်ခိုင်းတယ်။ ပြီးတော့ရက်စုံဂဏန်း မ၀တ်ကောင်းဘူးလို့လဲပြောကြပြန်တယ်။

❖ အလုပ်အကိုင်၊ ကျောင်းတက်စရာရှိလို့ လူထွက်ခိုင်းတာမပြောသာပေမဲ့ ခုလိုအယူမှားတွေကြောင့် လူထွက်ခိုင်းတာဆိုရင်တော့ အတော်အကုသိုလ်ကြီးတယ်လို့ပြောရမယ်။ သူတစ်ပါးရဲ့သီလကုသိုလ်ကို အယူမှားကြောင့် ဖျက်ဆီးရာရောက်နေပြီ။ 👑

❖ #ဒါကြောင့်ဒုလ္လဘများကော၊
#မိဘများပါသတိလေးများထားစေချင်ပါတယ်။

credit - အရှင်ပညာသီရိ(ရမ္မာကျွန်း)

01/03/2022

ဗုဒ္ဓဘာသာဝင်တွေရဲ့ အဓိက အားနည်းချက်က

" သူ့အကုသိုလ်နဲ့ သူသွားလိမ့်မယ် ၊
ဝင်မပြောနဲ့ ၊ ဝင်မလုပ်နဲ့ ၊ ဝင်မပါနဲ့ "ဆိုတာပဲ ။

ကိုယ့်ကို အမှုပတ်မှာ စိုးလို့
ခေါင်းရှောင်ပြီး ပြောတဲ့ စကားပဲ ဖြစ်ပါလိမ့်မယ် ။

မြတ်စွာဘုရားသာ အဲဒီစိတ်မျိုးနဲ့
" သူ့အကုသိုလ်နဲ့ သူသွားလိမ့်မယ် ၊
ဝင်မပြောနဲ့ ၊ ဝင်မလုပ်နဲ့ ၊ ဝင်မပါနဲ့ " ဆိုတဲ့ စိတ်ရှိရင် ဗောဓိပင် နှင့် ရွှေပုလ္လင် ကို
အောင်တော်မူပြီးထဲက ပရိနိဗ္ဗာန် တန်းဝင်လို့ ရပါပြီ ။

သူများကိစ္စ စိတ်မဝင်စားရင် ဘယ်သူ့ကိုမှ သံသရာက ကျွတ်အောင် အပင်ပန်းခံ
လိုက်ပြီး မကယ်ချွတ်သလို ၊
သာသနာဆိုတာကိုလည်း တည်ထောင်ခဲ့စရာ အကြောင်းကို မရှိပါ ။

တကယ်တော့ ကိုယ့်ရှေ့မှာ
မတရားမှု လုပ်နေတာကို မြင်လျှက်နဲ့
သူ့အကုသိုလ်နဲ့ သူသွားလိမ့်မယ် ဆိုတာဟာ မကောင်းမှုကို အားပေးခြင်းသာ ဖြစ်ပါတယ် ။

မတရားမှုမှာ ကိုယ်မပတ်သက်တိုင်း
ကိုယ်ဟာ တရားသောသူ မဟုတ်ပါ ။

မတရားမှုကို ရှုံ့ချနိုင်မှ ၊ တားမြစ်နိုင်မှ

ကိုယ်ဟာ တရားသောသူ

တရားမှုကို ချစ်မြတ်နိုးသူ

ဗုဒ္ဓအလိုကျ ကျင့်ကြံနိုင်သောသူ ဖြစ်မှာပါ

Credit -

22/02/2022

" ားလက်ဆောင်_တစ်ရာ_(၁၀၀)''

(၀၀၁) စာဖတ်သည့် အလေ့အထ
လုပ်ပါ။
(၀၀၂) အရာရာကို လေးလေးနက်နက်
တွေးခေါ်ပါ။
(၀၀၃) ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်ကို
ယုံကြည်မှုရှိပါ။
(၀၀၄) အကြောင်းအရာမှန်သမျှ
စေ့စေ့စပ်စပ် လေ့လာပါ။
(၀၀၅) ပြောတိုင်း ယုံသည့်အကျင့်
ဖျောက်ပါ။
(၀၀၆) စကားကို မပြောသင့်၊
ပြောသင့် အရင်စဉ်းစားပါ။
(၀၀၇) ဘယ်အခြေအနေမျိုးကိုမဆို
တည်ငြိမ်ရင့်ကျက်ပါ။
(၀၀၈) ဘယ်အချိန်မှာပဲဖြစ်ဖြစ်
အပြုံးဖြင့် ရပ်တည်ပါ။
(၀၀၉) ဘယ်နေရာဒေသပဲ
ရောက်ရောက် သတိ၊ဝီရိယနဲ့ နေပါ။
(၀၁၀) လူတိုင်းပေါ်မှာ
စိတ်ကောင်းထားပါ။
(၀၁၁) စေတနာသန့်သန့်နဲ့
ကူညီရိုင်းပင်းပါ။
(၀၁၂) လေကောင်းလေသန့် အမြဲရှူပါ။
(၀၁၃) သဘာဝရှုခင်းတွေကို
အမြဲကြည့်ပါ။
(၀၁၄) နှလုံးသားထဲကနေ
ထာဝရဘုရားတည်ပါ။
(၀၁၅) စိတ်ကူးတွေ လက်တွေ့
အကောင်ထည်ဖော်ပါ။
(၀၁၆) မိဘကျေးဇူးကိုတော့ သိပါ။
(၀၁၇) မိမိဝါသနာပါရာကိုတော့
မုချလုပ်ပါ။
(၀၁၈) လောဘတတ်သင့်သလောက်ပဲ
တတ်ပါ။
(၀၁၉) ဒေါသဖြစ်စေမည့်အရာမှန်သမျှ
ရှောင်ကြဉ်ပါ။
(၀၂၀) ဆင်းရဲတွင်းကနေ ရုန်းထွက်ပါ။
(၀၂၁) စိတ်ရွှင်လန်းစေမည့်
ဟာသကားလေးတွေ ကြည့်ပါ။
(၀၂၂) သူတစ်ပါးအပေါ် မနာလိုစိတ်
လျှော့ပါ။
(၀၂၃) မိမိကိုယ်ကို တုနိုင်အောင်
ကြိုးစားပါ။
(၀၂၄) အသက်အရွယ်မရွေး
ဆရာတင်ပါ။
(၀၂၅) အောင်မြင်သူတွေဆီကနေ
လေ့လာပါ။
(၀၂၆) လူကြီးသူမအပေါ် ရိုသေပါ။
(၀၂၇) ဝတ်စားဆင်ယင်မှုကို
ထိန်းသိမ်းပါ။
(၀၂၈) ဒုစရိုက်မှုမှန်သမျှ ရှောင်ကြဉ်ပါ။
(၀၂၉) ဒုက္ခဟူသမျှ သုခမှတ်ယူပါ။
(၀၃၀) လေးစားသင့်သူမှန်သမျှ
လေးစားပါ။
(၀၃၁) ချီးကျူးထိုက်သူကို ဂုဏ်ပြုပါ။
(၀၃၂) မိမိအပျော်ကို တစ်ပါးသူဝေမျှပါ။
(၀၃၃) စိတ်ထဲရှိသည့် ခံစားချက်မှန်သမျှ
စာအဖြစ် ချရေးသည့် အလေ့အထ
ပြုလုပ်ပါ။
(၀၃၄) အမှား/အမှန် ဝေဖန်ပိုင်းခြားပါ။
(၀၃၅) ကုသိုလ်ကောင်းမှု
များများလုပ်ပါ။
(၀၃၇) တစ်ယောက်တည်း
နေတတ်အောင် ကြိုးစားပါ။
(၀၃၈) သူတစ်ပါးရဲ့ အတွေးအခေါ်ကို
လက္ခံပါ။
(၀၃၉) အစားအသောက် ဆင်ခြင်ပါ။
(၀၄၀) နေ့တိုင်း မေတ္တာပို့ပေးပါ။
(၀၄၁) သည်းခံစိတ်မွေးမြူပါ။
(၀၄၂) ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။
(၀၄၃) သူတစ်ပါးနေရာကနေ
ဝင်ကြည့်ခံစားပေးပါ။
(၀၄၄) နှစ်သိပ့်ပေးရမည့်သူကို
နှစ်သိပ့်ပေးပါ။
(၀၄၅) ပရဟိတစိတ်လေး ရှင်သန်ပါ။
(၀၄၆) ကြီးနိုင်ငယ်နှင်း တိရစ္ဆာန်စိတ်
ဖျောက်ပါ။
(၀၄၇) မိမိခံစားချက်ကို
ရှေ့တန်းတင်တာလေး လျှော့ပါ။
(၀၄၈) ရိုးသားပွင့်လင်းပါ။
(၀၄၉) နေရာတကာမှာ ဆရာကြီး
မလုပ်သင့်ပါ။
(၀၅၀) စကားပြောနေရင်
ဖြတ်မပြောသင့်ပါ။
(၀၅၁) ကလေးငယ်များကို ချစ်ပါ။
(၀၅၂) တိရစ္ဆာန်လေးတွေလည်း
ဂရုဏာထားပါ။
(၀၅၃) အားလပ်ရက်ခရီးစဉ်လေးတွေ
စီစဉ္ပါ။
(၀၅၄) အကြောက်တရား လျှော့ပါ။
(၀၅၅) ရှက်သင့်တာကို ရှက်ပါ။
(၀၅၆) အတင်းတုတ်လေးတွေလည်း
လျှော့ပါ။
(၀၅၇) အပြစ်လုပ်မိရင် ဆေးကြောပါ။
(၀၅၈) သာသနာကို စောင့်ထိန်းပါ။
(၅၉) ရာထူးသည် မမက်သင့်ပါ။
(၀၆၀) သူတစ်ပါးမျက်ရည်ကျမှ
ထမင်းစား မဝင်သင့်ပါ။
(၀၆၁) အရာရာတိုင်းကို မ'အ'သင့်ပါ။
(၀၆၂) ကြင်နာတတ်သည့်နှလုံးသားရှိပါ။
(၀၆၃) ခေါင်းရှောင်တတ်တဲ့
အကျင့်ဖျောက်ပါ။
(၀၆၄) တာဝန်နှင့်ဝတ္တရားကို
ကျေပွန်အောင် ထမ်းဆောင်ပါ။
(၀၆၅) အပြောနှင့်အလုပ် ညီပါ။
(၀၆၆) သူတစ်ပါးကို မနှောက်ယှက်သင့်ပါ။
(၀၆၇) မိမိကိုယ်ကို ဝေဖန်သုံးသပ်ပါ။
(၀၆၈) မိမိချွေး၊ မိမိသွေးနဲ့ ရသည့်
ဝင်ငွေကိုပဲ တက်မက်ခုံမင်ပါ။
(၀၆၉) ကြွားဝါးလိုသည့်စိတ်ကို
စိတ်ဖျောက်ပါ။
(၀၇၀) အမုန်းမပွားသင့်ပါ။
(၀၇၁) အငြိုးမထားသင့်ပါ။
(၀၇၂) မိမိကိုယ်ကို ဂုဏ်မဖော်သင့်ပါ။
(၀၇၃) အနာဂတ်ကို ရှေ့ရှုပါ။
(၀၇၄) ဘဝကို စနစ္တက်
တည်ဆောက်ပါ။
(၀၇၅) စိတ်ဓာတ်၊ စည်းကမ်း၊
ပညာသည် လူ၏ တန်ဖိုးပါ။
(၀၇၆) နှုတ်ရိုင်း၊လက်ကြမ်းသည်းခံပါ။
(၀၇၈) သူတစ်ပါးကို မပြိုင်ပါနှင့်၊
မိမိကိုယ်ကို ပြိုင်ပါ။
(၀၇၉) ကလေးငယ်များကို
မြေတောင်မြှောက်ပေးပါ။
(၀၈၀) အများနှင့်မတူအောင်
တီထွင်မှုလေးတွေ ပြုလုပ်ပါ။
(၀၈၁) ဘယ်အရာကိုမှ မပေါ့ဆသင့်ပါ။
(၀၈၂) မတရားတာမှန်သမျှ
တရားနဲ့ ခြေဖျက်ပါ။
(၀၈၃) လူကောင်းတစ်ယောက်အဖြစ်
ဖြတ်သန်းပါ။
(၀၈၄) မပျင်းရိသင့်ပါ။
(၀၈၅) အလုပ်မရွေးသင့်ပါ။
(၀၈၆) သူတစ်ပါးအနာကို မဆွသင့်ပါ။
(၀၈၇) ခေါင်းဆောင်ကောင်း
ဖြစ်အောင် ကြိုးစားပါ။
(၀၈၈) ပြဿနာတိုင်းကို
မီးမွေးမသင့်ပါ။
(၀၈၉) မိမိကိုယ်ကို နားလည်ပါ။
(၀၉၀) လောကကြီးကို စိတ်မပျက်သင့်ပါ။
(၀၉၁) ကံကို အပြစ်ပုံမချသင့်ပါ။
(၀၉၂) အမြင်ကျယ်ပါ။
(၀၉၃) ဘေးပတ်ဝန်းကျင်ကို နားဆွင့်ပါ။
(၀၉၄) ပညာဂုဏ် မမောက်သင့်ပါ။
(၀၉၅) ဘဝင်လေ မဟပ်သင့်ပါ။
(၀၉၆) အနန္တောအနန္တ ငါးပါးကို
ဦးထိပ်ထားပါ။
(၀၉၇) ပန်းပျိုးလက်ဖြစ်အောင်
ကြိုးစားပါ။
(၀၉၈) အမှန်တရားကို ချစ်မြတ်နိုးပါ။
(၀၉၉) ဘယ်သူ့ကိုမှ မနှိမ့်ချသင့်ပါ။
(၁၀၀) လောကကြီးကို အလှဆင်ပါ။

ဤအချက်တွေထဲကနေ
မိမိလက်လှမ်းမှီသလောက်
ကြိုးစားပြီးတော့ လိုက်နာကျင့်သုံးပါ.....။


Credit; Original Writer

စကားဖို နှင့် စကားမ🌹🌹🌹🌹🌹🌹🌹မြန်မာသင်ပုန်းကြီး ဗျည်း ၃၃ လုံးတွင် အက္ခရာ ၅ လုံးစီစုထားသဖြင့် ၄င်းကို ပဉ္စဝဂ်ဟု ခေါ်သည်။ အပေါ်အတ...
28/01/2022

စကားဖို နှင့် စကားမ
🌹🌹🌹🌹🌹🌹🌹

မြန်မာသင်ပုန်းကြီး ဗျည်း ၃၃ လုံးတွင် အက္ခရာ ၅ လုံးစီ
စုထားသဖြင့် ၄င်းကို ပဉ္စဝဂ်ဟု ခေါ်သည်။ အပေါ်အတန်း
၆ တန်းကို ယူပါ။ နောက်ဆုံး ၃ လုံးတန်းကို ဖယ်ထားပါ။

အဆိုပါ ပဉ္စဝဂ်အစု၏ ပထမဆုံးအက္ခရာကို စကားဖို
သူ့နောက်က ဒုတိယအက္ခရာကို စကားမဟု ခေါ်သည်။

ဥပမာ
ပထမဆုံး ပဉ္စဝဂ်တွင် က သည် စကားဖိုဖြစ်ပြီး ခ သည်
စကားမ ဖြစ်၏။

စကားလုံး ၂ လုံးကို အထက်အောက် ပါဌ်ဆင့်လျှင်
စကားဖိုက အပေါ် စကားမက အောက်ကထား၍
ဆင့်ရသည်။

ဥပမာ -
က နှင့် ခ ကို = က္ခ ဟု ဆင့်ရသည်။
ယက်ခ
စက္ခု
အက္ခရာ

စ နှင့် ဆ ကို = စ္ဆ ဟု ဆင့်ရသည်။
ဝစ်ဆံ
ဒဝေစ်ဆရာ

တ နှင့် ထ ကို = တ္ထ ဟု ဆင့်ရသည်။
ဝတ်ထု
သတ်ထာ
သတ်ထု

ပ နှင့် ဖ ကို = ပ္ဖ ဟု ဆင့်ရသည်။
ပုပ္ဖ

စသည်ဖြင့်ပါ။

ယ နှင့် ရ တွင် ယရစ် ယပင့်များ ဖြစ်သွား၍
နှစ်လုံးဆင့် မရှိပါ။

အထက်ပါ စကားဖိုနှင့် စကားမသည် ပါဌ်ဆင့်ရုံ
သာမက အောက်ပါတာဝန်ကို ထမ်းဆောင်သည်။

စကားဖိုသည် အကျိုးတရား
စကားမသည် အကြောင်းတရား ဖြစ်၏။
အကြောင်းကြောင့် အကျိုးဖြစ်၏။
ဥပမာ -
ကျိုး နှင့် ချိုး
ခဲတံကို ချိုး၍ ကျိုးသွားသည်။
ကျိုး အောင် ချိုးသည်။
ခဲတံကျိုးတာ သူ ချိုးလို့ပါ။

ရေးဟန်တူရပါမည်။ ယပင့် ချင်း တူရမည်။ဤသို့ဖြင့်
စာလုံးပေါင်းသတ်ပုံ အလိုလို မှန်သွားပါလိမ့်မည်။

ကျ နှင့် ချ
အောက်ကျသွားအောင် ချလိုက်တာပါ။
ချ လျှင် ကျ သွားပါသည်။
အတန်းချလိုက်ရတယ်။ သူ စာမေးပွဲကျပြီ။
ချ သည့်အကြောင်းကြောင့်
ကျသည့် အကျိုးဖြစ်ရပါသည်။

ရေးဟန်တူရပါမည်။ ယပင့်ချင်း တူရမည်။
ဤသို့ဖြင့် စာလုံးပေါင်းသတ်ပုံ အလိုလို မှန်သွားပါ
လိမ့်မည်။

ကြောက် နှင့် ခြောက်

ကြောက်အောင် ခြောက်လိုက်တာပါ။
ခြောက်လိုက်လို့ သူ ကြောက်သွားတယ်။
ခြောက်သည့် အကြောင်းကြောင့်
ကြောက်သည့် အကျိုး ဖြစ်သွားပါသည်။

ရေးဟန်တူရပါမည်။ ယရစ်ချင်း တူရပါမည်။
ဤသို့ဖြင့် စာလုံးပေါင်းသတ်ပုံ အလိုလို မှန်သွားပါ
လိမ့်မည်။

မြန်မာစာအရေးအသား
တိုးတက်ကြပါစေ

Address

Chauk

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959402780544

Website

Alerts

Be the first to know and let us send you an email when Right Way Wisdom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Right Way Wisdom:

Shortcuts

Share

Category