Grace Special Educational College - Pyay

Grace Special Educational College - Pyay Business Education Service

Professional Trainer ကောင်း တစ်ယောက်အဖြစ် ရပ်တည်လိုသူများ အတွက် သင်္ကြန် အထူး Promotion 70% Scholarship ရယူပြီး သင့် အိမ...
18/02/2024

Professional Trainer ကောင်း တစ်ယောက်အဖြစ်
ရပ်တည်လိုသူများ အတွက် သင်္ကြန် အထူး Promotion 70% Scholarship ရယူပြီး သင့်
အိမ်မက်တွေ အကောင်အထည် ဖော်လိုက်ပါ
-------------------------
#သင်ဟာ Professional Trainer တစ်ယောက်
အဖြစ် Personal Branding တည်ဆောက်လိုပါလား?
#သင်ဟာ နယ်ပယ်အသီးသီးမှာ စနစ် ကျကျ သင်ကြားမျှဝေချင်သူ တစ်ယောက်လား?
#သင်ဟာ Professional Trainer အဖြစ် ဘဝရပ်တည်ပြီး အပို ဝင်ငွေ ရှာဖို့ အဆင်သင့် ဖြစ်ပြီ လား?

အကယ်ရျ် YES ဆိုရင် GSEC မှ ယခု ဖွင့်လှစ်မည့် Professional Trainer & Master Trainer သင်တန်း ကို တက်ရောက်လေ့လာလို့ ရပါပြီ.......

သင်ကြားပေးမည့် Modules များ
Training Expectations
Effective Communication
Training Objective
Introduction Session
Break Time Session
Professional Skills
Trainer Commitment
Training Discipline
Training Check Lists
Effective Influencing Skills
Effective Lesson Plan

သင်ကြားပေးမည့် ဆရာ ကတော့ GSEC -Sagaing မှ CEO ဖြစ်သည့် ဆရာ ရန်နိုင် မှ ဦးဆောင် သင်ကြားပေးပါမည်။

သင်တန်းအစီအစဥ်
Start Date -20.2.2024
Duration - 3 Days Trainings & Practice Time
Time : 7:00-9:30pm
(February , 20-21-22,2024) ၃ ရက်တိုင်တိုင် Zoom မှ Face to Face သင်ကြားပေးပါမည်။

ပုံမှန်သင်တန်းကြေး - 50$ (1750000 ကျပ်)
ယခု အထူး Promotion အနေ ဖြင့် 70% Scholarship ပေးအပ်ထားလို့ 30 $ မြန်မာငွေ 105000 ကျပ်သာ ပေးသွင်းရပါမည်။

သင်တန်းသား ၁၀ ဦးသာ လက်ခံပေးသွားမှာ မို့ 09785221903 (Viber) သို့ PT လို့ Comment မှာ မန့်၍ အမြန်ဆုံး
စာရင်းပေးသွင်းဖို့ လိုအပ်ပါသည်။
#သင့်အိမ်မက်တွေကို အကောင်အထည် ဖော်ဖို့ GSEC မှာ ကျောင်းတက်ကြပါစို့........








▪️တောင်ကြီးမြို့က လုပ်ငန်းရှင်တွေအတွက် အကျိုးရှိစေမည့် Free Seminar လာပြီဗျို့  📢📢📢ပြောင်းလဲလာတဲ့ခေတ်ရေစီးနဲ့အတူ သင့်စီး...
20/07/2023

▪️တောင်ကြီးမြို့က လုပ်ငန်းရှင်တွေအတွက် အကျိုးရှိစေမည့် Free Seminar လာပြီဗျို့ 📢📢📢

ပြောင်းလဲလာတဲ့ခေတ်ရေစီးနဲ့အတူ သင့်စီးပွားရေးကို
လည်း နောက်ကျမကျန်ခဲ့ရအောင် အပြောင်းအလဲ
ပြုလုပ်ဖို့လိုပါတယ် ။ ယနေ့ခေတ်အချိန်မှာ လုပ်ငန်း
စီးပွားအများစုက Digital Platform Online ပေါ်ကနေ အခွင့်အလမ်းများစွာရှာဖွေပြီး တိုးချဲ့လုပ်ကိုင်လာကြပြီ ဖြစ်ပါတယ် ။

အရင်လို မိရိုးဖလာရောင်းဝယ်ဖောက်ကားမှုနဲ့
ရပ်တည်လို့မရတဲ့အနေအထားမှာ လူကြီးမင်းတို့ရဲ့
လုပ်ငန်းတွေ Online ပေါ်ကို အရှိန်အဟုန်ကောင်းကောင်းနဲ့လည်ပတ်နိုင်စေဖို့ “𝗧𝗿𝗮𝗱𝗶𝘁𝗶𝗼𝗻𝗮𝗹 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝘁𝗼 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗜𝗻𝗻𝗼𝘃𝗮𝘁𝗶𝗼𝗻“ ဆိုတဲ့ခေါင်းစဉ်နဲ့ တောင်ကြီးမြို့ကလုပ်ငန်းရှင်တွေကို အခမဲ့မျှဝေသွားဖို့ရှိပါတယ် ။

💥ဟောပြောပေးမည့် ဆရာတွေကတော့ GSEC ရဲ့ Founder ဖြစ်တဲ့ ဆရာသန့်ထူး (Business Doctor) နဲ့
My Friends Online Business ရဲ့ Founder ဆရာလင်းမိုးစက်တို့ပဲ ဖြစ်ပါတယ် ။
တောင်ကြီးဆိုတာ စီးပွားရေးအရအရေးပါပြီး လုပ်ငန်းရှင်များစွာတည်ရှိတဲ့မြို့ဖြစ်လို့ ဒီ Seminar လေးက အကျိုးရှိစေမှာပါ။ စိတ်ဝင်စားပါလို့ တက်ရောက်ချင်တယ်ဆိုရင် Cb ကနေ Register လုပ်ပြီး ကြိုတင်စာရင်းပေးထားနိုင်ပါတယ်။

❇️ဘယ်လိုလူတွေတက်ရောက်သင့်လဲဆိုတော့
-Business Owner တွေ
-Online ပေါ်မှာ လုပ်ငန်းစတင်ဖို့ ကြိုးစားနေသူတွေ
-Digital Marketing ကိုစိတ်ပါဝင်စားသူတွေ
-အရင်ကထက် ရောင်းအားကောင်းချင်တဲ့ မည်သူမဆို ဒီပွဲလေးကို အောက်ပါအစီအစဉ်အတိုင်းတက်ရောက် နိုင်ပါတယ် ။
Title : 𝗧𝗿𝗮𝗱𝗶𝘁𝗶𝗼𝗻𝗮𝗹 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝘁𝗼 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗜𝗻𝗻𝗼𝘃𝗮𝘁𝗶𝗼𝗻
Date : 5.8.2023
Time : 10:00 AM – 12:00 AM
Lcoation : SSSCCI

“အွန်လိုင်းပေါ်မှာကနေ အခွင့်အလမ်းဖွေရှာနိုင်ဖို့ အခုပဲ
Chat Box ကနေ စာရင်းပေးကြပါစို့ “







“19 July မမေ့နိုင်”𝟏𝟗.𝟎𝟕.𝟐𝟎𝟐𝟑  ရက်နေ့တွင်ကျရောက်သော (၇၆) နှစ်မြောက် အာဇာနည်နေ့ ကို ဂုဏ်ပြု ကြိုဆိုအပ်ပါသည်။ကျဆုံးလေပြီးသ...
19/07/2023

“19 July မမေ့နိုင်”
𝟏𝟗.𝟎𝟕.𝟐𝟎𝟐𝟑 ရက်နေ့တွင်ကျရောက်သော (၇၆) နှစ်မြောက် အာဇာနည်နေ့ ကို ဂုဏ်ပြု ကြိုဆိုအပ်ပါသည်။

ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များ , နိုင်ငံအတွက် အသက်ပေးဆပ်ခဲ့သည့် တစ်ခြားသော အာဇာနည် များကို လေးမြတ်စွာ အလေးပြုအပ်ပါတယ်။

#အာဇာနည်နေ့ဒို့မမေ့
2023


သင်တန်းနောက်ဆုံးနေ့ အမှတ်တရ 😍😍😍အခက်အခဲကြားထဲကနေ သင်တန်းကို စိတ်ပါလက်ပါ ပြီးမြောက်သည်အထိတက်ရောက်ပေးကြတဲ့အတွက် အထူးကျေးဇူး...
30/04/2023

သင်တန်းနောက်ဆုံးနေ့ အမှတ်တရ 😍😍😍
အခက်အခဲကြားထဲကနေ သင်တန်းကို စိတ်ပါလက်ပါ ပြီးမြောက်သည်အထိတက်ရောက်ပေးကြတဲ့အတွက် အထူးကျေးဇူးပါ 🥰🥰🥰

သင်တန်းပြီးခါနီးမို့ပြုံးပျော်နေကြတာ 😁😁😁
30/04/2023

သင်တန်းပြီးခါနီးမို့ပြုံးပျော်နေကြတာ 😁😁😁

ဘောစိဖြစ်ဖို့ နည်းတွေ့ပြီ 🤑🤑🤑𝑳𝒆𝒕'𝒔 𝑮𝒓𝒐𝒘 𝑻𝒐𝒈𝒆𝒕𝒉𝒆𝒓 𝑭𝒐𝒓𝒆𝒗𝒆𝒓 💪💪💪                           #ပညာဒါန  #လုပ်ငန်း
24/04/2023

ဘောစိဖြစ်ဖို့ နည်းတွေ့ပြီ 🤑🤑🤑

𝑳𝒆𝒕'𝒔 𝑮𝒓𝒐𝒘 𝑻𝒐𝒈𝒆𝒕𝒉𝒆𝒓 𝑭𝒐𝒓𝒆𝒗𝒆𝒓 💪💪💪

#ပညာဒါန #လုပ်ငန်း

17/04/2023
 #အောင်မြင်တဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင် အဖြစ် မွေးဖွားဖို့ အချိန် ၇ ရက်ပဲလိုပါတယ်😲😲😲 #အောင်မြင်တဲ့ကိုယ်ပိုင်စီးပွားရေးလု...
21/03/2023

#အောင်မြင်တဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင် အဖြစ် မွေးဖွားဖို့ အချိန် ၇ ရက်ပဲလိုပါတယ်😲😲😲

#အောင်မြင်တဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို စနစ်တကျတည်ဆောက်နိုင်မယ့်နည်းနာတွေနဲ့ လိုအပ်ချက်တွေကို အချိန် ၇ ရက်တည်းနဲ့ Business Doctor ဆရာသန့်ထူး ဦးစီးမျှဝေတဲ့ 𝐒𝐮𝐜𝐜𝐞𝐬𝐬𝐟𝐮𝐥 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 လေ့လာနိုင်ပါပြီ။💪💪💪

လူအတော်တော်များများ စဉ်းစားမိတာက
အောင်မြင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်စိတ်ဓာတ်ဆိုတာ ဘယ်လိုမျိုးလဲ?
သာမန်လုပ်ငန်းရှင်နဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်ကြားထဲက ခြားနားမှုတွေက ဘာတွေဖြစ်မလဲ?
အောင်မြင်တဲ့လုပ်ငန်းတစ်ခုစတင်ဖို့တောင် မလွယ်ကူတဲ့အချိန်မှာ အောင်မြင်တဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုတည်ထောင်ဖို့နည်းလမ်းဆိုတာ ဖြစ်နိုင်ပါ့မလား?

သင့်စိတ်ထဲမှာ မရေမရာအတွေးများနဲ့ လမ်းကြောင်းတွေဝေဝါးပြီး လုပ်ငန်းစတင်ဖို့ယုံကြည်ချက်နည်းပါးနေပြီဆိုရင်တော့ သည် 𝐒𝐮𝐜𝐜𝐞𝐬𝐬𝐟𝐮𝐥 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 က သင့်အတွက်ပါ။
မမှန်းဆနိုင်အောင် အကျိုးရလဒ်ကောင်းတွေရနိုင်တဲ့လုပ်ငန်းတစ်ခုစတင်နိုင်ရေး နည်းလမ်းကောင်းတွေလေ့လာဖို့ $𝟏𝟎ပဲ ရင်းနှီးမြှပ်နှံဖို့လိုပါတယ်😍😍😍

𝐒𝐮𝐜𝐜𝐞𝐬𝐬𝐟𝐮𝐥 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 က လူတိုင်းအတွက်လား? မေးခဲ့ရင် သင်တန်းကလူတိုင်းလေ့လာလို့ရနိုင်ပါတယ်။
👉 #အောင်မြင်တဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင် ဖြစ်ဖို့စတင်နေသူတွေ၊
👉 ကိုယ့်စိတ်ကူးအိပ်မက်ထဲမှာ လုပ်ငန်းရှင်တစ်ယောက်အဖြစ် သင့်ကိုယ်သင် မြင်ယောင်မိသူတွေ
👉 စီးပွားရေးလုပ်ငန်းလောကမှာ အောင်မြင်တိုးတက်ချင်သူတွေကတော့ သည်သင်တန်းနဲ့ ပိုမိုသင့်လျော်ပါတယ်။
👉 အောင်မြင်တဲ့လုပ်ငန်းတည်ထောင်နိုင်ဖို့အတွက် လက်တွေ့ကျတဲ့နည်းနာတွေသိရှိနိုင်တဲ့အခွင့်အရေးကတော့ သင့်မျက်စိရှေ့လေးတွင် ရောက်နေပါပြီ။
$𝟏𝟎 (မြန်မာငွေကျပ် နှစ်သောင်း)ပေးသွင်းရင်းနှီးမြှပ်နှံရင်းနဲ့ သင့်ရဲ့ အောင်မြင်ရေးခြေလှမ်းသစ်ကို စတင်လိုက်ပါ။😍😍😍

အခွင့်အရေးကောင်းဆိုတာနှစ်ခါမရတာ သင်အသိပါ။
သည်အသိမှန်ကန်ကြောင်း ယခုအခွင့်အရေးကောင်းကို လက်လွှတ်ပြီး သက်သေမပြမိပါစေနဲ့။😱😱

𝐒𝐮𝐜𝐜𝐞𝐬𝐬𝐟𝐮𝐥 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 မှာ
📌သင့်ကို ‌ရှေ့ဆက်မရအောင်ဆွဲထားတဲ့ အတွေးအကြံတွေဖယ်ရှားပြီး အားအင်အသစ်တွေ တိုးပွားနိုင်စေမှာပါ။
📌ယောင်တိယောင်ဝါး အတွေးများနေတဲ့ ဘဝကနေ ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်တွေကို သင်ကိုယ်တိုင် သိမြင်နိုင်စေမှာပါ။
📌ပြတ်သားတဲ့ ရည်မှန်းချက်ပန်းတိုင်အတွက်ရှေ့ဆက်နိုင်အောင် လမ်းပြပေးမယ့် Business Plan ကို ဗျူဟာကျကျ သင်ကိုယ်တိုင်ရေးဆွဲနိုင်စေမှာပါ။
📌စာရွက်ပေါ်က အစီအမံဆိုတာ လက်တွေ့မြေပြင်နဲ့ကင်းကွာလို့မရတာဖြစ်တဲ့အတွက် လက်တွေ့အသုံးချအရောင်းနဲ့ခေတ်မီမာကတ်တင်း နည်းပညာ(Sale and Digital Marketing)
📌အပြောလွယ်သလောက် အလုပ်ခက်တဲ့ 2023 အတွက်လူသားအရင်းအမြစ်စီမံခန့်ခွဲမှုနည်းနာပေါင်းများစွာ(Human Capital & Entrepreneur)
📌လုပ်ငန်းတိုးချဲ့ဖို့အတွက်စီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်မှုအတတ်ပညာတွေအပြင်
📌လုပ်ငန်းရှင်သန်ရပ်တည်ရေး အသက်သွေးကြောဖြစ်တဲ့ ငွေကြေးအစီအမံရေးဆွဲခြင်းတွေကို လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။

သင်ကြားရမယ့်သင်ခန်းစာခေါင်းစဉ်တွေကတော့
🎯 Leadership & Mind Power
🎯 Entrepreneur For MSME
🎯 2023 Human Capital & Entrepreneur
🎯 Project Management
🎯 Financial Plan For MSME
🎯 Sale & Digital Marketing
🎯 Business Model Canvas(Business Strategic Plan)
သင်ခန်းစာကိုလက်တွေ့ အသုံးချပြီး #အောင်မြင်တဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင် အဖြစ် သင့်ကိုယ်တိုင် ပုံဖော်လိုက်ပါ။

သင်တန်းအမည် - 𝐒𝐮𝐜𝐜𝐞𝐬𝐬𝐟𝐮𝐥 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠
🗓️သင်ကြားမည့်နေ့ရက် - 1.4.2023 to 7.4.2023
⏰သင်ကြားမည့်အချိန် - 7:00 PM to 9 :00 PM
🗓️သင်တန်းကာလ - ၇ ရက်
ပုံမှန်သင်တန်းနှုန်းထား - $100
အထူးသင်တန်းနှုန်းထား - 90 % Scholarship ( Only Just $𝟏𝟎)
သည်အထူးနှုန်းထားကတော့ အစောဆုံးအပ်နှံသူ ၃၀ ဦးအတွက်ပဲဖြစ်ပါတယ်။😍😍😍

👨‍🏫 သင်ကြားမည့်ပုံစံ
𝐒𝐮𝐜𝐜𝐞𝐬𝐬𝐟𝐮𝐥 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 ကတော့ မျှဝေတဲ့ဆရာတွေနဲ့ မျက်နှာချင်းဆိုင်ဆွေးနွေးနိုင်တဲ့ Zoom Meeting မှာသင်ကြားမျှဝေသွားမှာဖြစ်ပါတယ်။ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် သင်တန်းပျက်ကွက်ခဲ့ရင်တောင် သင့်ဘာသာသင် အချိန်မရွေးကြည့်ရှု့နိုင်အောင် သင်ခန်းစာ Recorded Video တွေကို Facebook Group နဲ့ Telegram Group တွေမှာ ပြန်လည်လေ့လာသင်ယူနိုင်ရန် စီစဉ်ထားပါတယ်။ သင်တန်း Group မှာ ရာသက်ပန်လေ့လာနိုင်ပါတယ်။

သင့်အနေနဲ့ #အောင်မြင်တဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင် အဖြစ် အမှန်တကယ်စတင်မယ်ဆိုရင်
Account Name-Ko Aung Soe Moe
Phone No. 09 680 420 120 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။
သင့်အိပ်မက်အတွက် (မိမိအဆင်ပြေသည့် ငွေပေးချေမှုပုံစံ) Kpay,Wave Pay,AYA Pay,UAB Pay ကိုအသုံးပြုပြီး
Register Fee $𝟏𝟎(နှစ်သောင်းကျပ်) ရင်းနှီးမြှုပ်နှံလိုက်ပါ။

📌📌အခွင့်အလမ်းကို လက်ရဖမ်းနိုင်ပြီး အစောဆုံးအပ်နှံတဲ့ သင့်လိုစွန့်ဦးတီထွင်လုပ်ငန်းရှင်နဲ့ သင်တန်းမှာပြန်လည်ဆုံတွေ့ချင်ပါတယ်။
𝑳𝒆𝒕'𝒔 𝑮𝒓𝒐𝒘 𝑻𝒐𝒈𝒆𝒕𝒉𝒆𝒓 𝑭𝒐𝒓𝒆𝒗𝒆𝒓 💪💪💪


#ပညာဒါန #လုပ်ငန်း

တိုးတက်အောင်မြင်ဖို့ မဖြစ်မနေမေးရမယ့်မေးခွန်း (၂) ခု****************************************************နေ့စဉ်အမြဲတိုးတက...
13/03/2023

တိုးတက်အောင်မြင်ဖို့ မဖြစ်မနေမေးရမယ့်မေးခွန်း (၂) ခု
****************************************************
နေ့စဉ်အမြဲတိုးတက်နေဖို့အတွက် မိမိကိုယ်ကို မဖြစ်မနေမေးရမယ့်မေးခွန်း (၂) ခုကဘာတွေပါလိမ့် 🤔🤔🤔

လုပ်ချင်လား? လုပ်တတ်လား?

လုပ်ချင်စိတ်နဲ့ လုပ်နိုင်စွမ်း အားပြိုင်တဲ့အခန်းမှာ သင်ဘယ်အခန်းမှာရောက်နေပါလဲ? ဆိုတာ အဖြေရှာဖို့
🎯လုပ်ချင်စိတ်ရှိလား?
🎯လုပ်တတ်ရဲ့လား?ဆိုတဲ့
သည်မေးခွန်းနှစ်ခုကပဲ သင်ဘယ်လိုလူစားလဲဆိုတာ ခွဲခြားပေးသလို ဘယ်လိုလူမျိုးတွေနဲ့ကြုံနေရလဲဆိုတာပါ သိရှိစေနိုင်မှာပါ။😍😍😍

✅လုပ်ချင်စိတ်ရှိလား? လို့မေးခဲ့ရင် တစ်ခါတလေမှာ လုပ်ကိုင်ချင်စိတ်တွေပြင်းပြနေပေမယ့် တစ်ခါတလေမှာ လုပ်ကိုင်ချင်စိတ် ပျောက်နေတာမျိုးတွေ ကြံဖူးမှာပါ။
✅လုပ်တတ်ရဲ့လား? ထပ်မေးခံရရင် တစ်ချို့အလုပ်တွေမှာ ကျွမ်းကျင်ပေမယ့် တစ်ချို့အလုပ်တွေမှာတော့ အတွေ့အကြုံမရှိလို့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ရပါတယ်။
တစ်ခါတလေမှာကိစ္စမရှိပေမယ့် လုပ်ငန်းခွင်မှာအမြဲတမ်းဖြစ်နေပြီဆိုရင်တော့ စစ်တမ်းထုတ်ဖို့လိုလာပါပြီ။😲😲😲

သည်မေးခွန်းနှစ်ခုနဲ့ပဲ စစ်တမ်းထုတ်တဲ့အခါ လူ(၄)မျိုးကွဲပြားသွားပါတယ်။
၁။ မလုပ်ချင်ဘူး၊မလုပ်နိုင်ဘူး။🙄🙄🙄

"ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ"ဆိုပြီး ဘာပဲလုပ်လုပ် ဘာပဲခိုင်းခိုင်း"မလုပ်တတ်ဘူး၊မလုပ်ချင်ဘူး"ပဲ တွင်တွင်ပြောနေသူတွေဟာ သည်လိုလူစားမျိုးတွေပါ။
သည်အုပ်စုထဲမှာ တာဝန်ယူမှုဆိုတာမသိ တာဝန်ခံမှုဆိုတာမရှိတဲ့ အချောင်နေ အချောင်စား စိတ်မျိုးရှိသူများပါတယ်။မိဘကခိုင်းလို့ အလုပ်ဝင်နေရတဲ့ လက်ကြောမတင်း လူသစ်တွေပါ ပါနိုင်ပါတယ်။
နံပါတ်(၁)လူစားမျိုးတွေကို သင့်ရဲ့အလုပ်ခွင်မှာ ဦးဆောင်ရတော့မယ်ဆိုရင် သတ်သတ်မှတ်မှတ် တိုက်ရိုက်ကြီးကြပ်မှုနဲ့သာခိုင်းပါ။အခြေခံအလုပ်တွေကို ခိုင်းရင်းလေ့ကျင့်ပေးရပါမယ်။📢📢📢
သင်ကိုယ်တိုင်က သည်နံပါတ်(၁)ထဲပါနေပြီဆိုရင်တော့ သည်အုပ်စုကလွတ်အောင် တိုက်ရိုက်သင်ကြားနိုင်သူကို အမြန်ဆုံးရှာသင့်ပါတယ်။🏃‍♀️🏃‍♀️🏃‍♀️

၂။မလုပ်ချင်ဘူး၊လုပ်တတ်တယ်။🙄🙄🙄
လုပ်ငန်းခွန်မပျော်ပိုက်ကြလို့ သည်အုပ်စုထဲ‌ရောက်နေသူတွေများပါတယ်။
အုပ်ချုပ်မူအမှားတွေကြောင့်ဖြစ်နိုင်သလို စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကြောင့်ဖြစ်နိုင်တယ်။🔍🔍🔍
လုပ်တက်လို့လုပ်ရင်းနဲ့ ထန်းတက်လက်မှတ် ရမှာစိုးလို့မလုပ်ချင်ကြသူတွေရှိသလို တက်လမ်းမတွေ့တော့လို့ စိတ်ပျက်ပြီးလုပ်တက်ပေမဲ့ မလုပ်ချင်တော့တဲ့သူတွေရှိကြပါတယ်။😥😥😥
နှမျောစရာကောင်းတာကသည်အခန်းထဲမှာ တစ်ချိန်ကလျှမ်းလျှမ်းတောက်ကြိုးစားခဲ့တဲ့ လူဟောင်းတွေပါနိုင်ပါတယ်။😥😥😥
နံပါတ်(၂)လူတွေကိုသင့်ရဲ့အလုပ်ခွင်မှာဦးဆောင်ရတော့မယ်ဆိုရင်တော့စိတ်ဓာတ်တက်ကြွအောင်ပြောဆိုတွန်းအားပေးရပါတယ်။
အလုပ်အပေါ်တန်ဖိုးထားတတ်စိတ်ဖြစ်လာအောင်သူတို့ရဲ့တန်ဖိုးကိုမြှင့်တင်ပေးရင်းဂုဏ်ယူစိတ်ပေါ်လာပါစေ။💪💪💪
သင်ကနံပါတ်(၂)အုပ်စုထဲ့တွင်ပါနေပြီဆိုရင်တော့လုပ်ငန်းခွင်ပြောင်းပြီးသင်မြတ်နိုးတဲ့အလုပ်ကိုလုပ်ချင်လုပ်ပါ။
ဒါမှမဟုတ်ရင်တော့ သင့်အလုပ်က လူတွေကိုဘယ်လောက်ကူညီပေးနိုင်တယ်ဆိုတာ စဉ်းစားပြီးစိတ်အားတက်ကြွအောင်ဆောင်ရွက်သင့်ပါတယ်။

၃။လုပ်ချင်တယ်၊မလုပ်တတ်ဘူး။🙄🙄🙄
သည်လိုလူမျိုးတွေကနောင်လုပ်ငန်းခွင်မှာခေါင်းဆောင်ကောင်းဖြစ်နိုင်သူတွေပါ။
ပြင်းပြတဲ့ဆန္ဒနဲ့အရာရာကိုသိချင်တက်ချင်စိတ်ရှိကြပါတယ်။လုပ်ငန်းခွင်ဝင်စ လူသစ်တွေဖြစ်နိုင်သလို မလုပ်တတ်ပေမဲ့ လုပ်တက်အောင်သင်ဖို့ ကိုယ်တိုင်ဆရာရှာတက်တဲ့လူမျိုးတွေ ဖြစ်ကြပါတယ်။
အားကြိုးမန်တက်ဆောင်ရွက်ချင်တဲ့နံပါတ်(၃)လူမျိုးတွေကိုဦးဆောင်ရမယ်ဆိုရင်တော့လမ်းညွှန်မူကောင်းကောင်းသာပေးလိုက်ပါ။
လမ်းကြောင်းမှန်ပေါ်ကနေ တဖြေးဖြေးတိုးတက်ပြီး လုပ်ငန်းအတွက် ပိုကြီးလေးတဲ့တာဝန်တွေ ထမ်းဆောင်နိုင်တော့မယ့် အချိန်ကို လက်ခုတ်တီးဖို့သာစောင့်နေလိုက်ပါ။🎉✨🎉
သင်ကနံပါတ်(၃)အခန်းထဲ့မှာရောက်နေပြီဆိုရင်တော့ သင့်တိုးတက်ရာတိုးတက်ကြောင်းလမ်းကြောင်းမှန်ကိုပြနိုင်တဲ့ဆရာ ဒါမှမဟုတ် ကိုယ်ရဲ့လမ်းကြောင်းအတိုင်းအောင်မြင်ခဲ့တဲ့သူရဲ့ လမ်းညွှန်မူသာ ခံယူပါလို့။

၄။လုပ်ချင်တယ်၊လုပ်တတ်တယ်။😍😍😍
သည်လိုလူမျိုးတွေကလုပ်ငန်းကိုတစ်ကယ်ဦးဆောင်မောင်းနှင်တဲ့သူတွေဖြစ်ပါလိမ့်မယ်။
များပြားတဲ့အသိဉာဏ်နဲ့ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံပေါင်းများစွာရှိကြသူတွေဖြစ်ပါတယ်။
သည်လိုနံပါတ်(၄)ကလူမျိုးတွေကို ဦးဆောင်ရတော့မယ်ဆိုရင်တော့ လက်ခမောင်းခတ်လိုက်ပါ။
သင့်ရဲ့အလုပ်တာဝန်အချို့ကိုလွှဲပြောင်းပေးလို့ရပါပြီ။အလုပ်ဟောင်းတွေကိုစိတ်ချလက်ချလွှဲအပ်ပြီး အတွေးသစ်အကြံသစ်တွေကိုသာ အာရုံစိုက်လိုက်ပါတော့။🏆🏆🏆
သင်ကနံပါတ်(၄)အုပ်စုထဲမှာရောက်နေပြီဆိုရင်တော့အခွင့်အရေးကိုစိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းပါ၊
လက်ရှိတာဝန်ယူထားသမျှကိုအောင်မြင်အောင်ဆောင်ရွက်ရင်းနဲ့ဘယ်လိုတာဝန်မျိုးမဆိုယူနိုင်စွမ်းရှိကြောင်းပြသဖို့ပဲလိုပါတယ်။⛳⛳⛳

စီးပ္ပားရေးလုပ်ငန်းတစ်ခုအောင်မြင်အောင်ဆောင်ရွက်ကြတဲ့နေရာမှာ အဖွဲ့အစည်းနဲ့လုပ်ရတာဖြစ်တဲ့အတွက် လူ(၄)မျိုးအကြောင်းသိရှိပြီး လုပ်ငန်းတိုးတက်ရေး၊မိမိဘဝတိုးတက်ရေးအတွက် အသုံးချနိုင်ဖို့ရည်ရွယ်မျှဝေလိုက်ပါတယ်။
မိတ်ဆွေရဲ့အမြင်ကရောဘယ်လိုရှိပါသလဲ။
သင့်ရဲ့ အတွေးအမြင်တွေကို COMMENTရေးခဲ့ပြီး မျှဝေလိုက်ပါ။

𝑳𝒆𝒕'𝒔 𝑮𝒓𝒐𝒘 𝑻𝒐𝒈𝒆𝒕𝒉𝒆𝒓 𝑭𝒐𝒓𝒆𝒗𝒆𝒓 💪💪💪

#လုပ်ငန်း

05/03/2023

🌕 တပေါင်းလပြည့်နေ့ 🌕 (ပြည်တော်ဝင် အခါတော်နေ့)
🙏🙏🙏
သဲပုံစေတီပွဲ ကျင်းပရာ တပေါင်းလအခါသမယရဲ့
တပေါင်းလပြည့်နေ့မှာ မြန်မာပြည်သူ ပြည်သားအားလုံး ပူပင်သောက ကင်းဝေးကြ၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေကြောင်း Grace Special Educational College မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။🙏 🙏
Let's grow together forever 💪💪💪

#လုပ်ငန်း #တပေါင်းလပြည့်နေ့

တောင်သူလယ်သမားနေ့ 🌾🌾🌾တောင်သူလယ်သမားများ၏ ဂုဏ်ကျေးဇူးကို အစဉ်ရည်စူးအောက်မေ့သောအားဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လ၂ရက်နေ့တွင် ကျရော...
02/03/2023

တောင်သူလယ်သမားနေ့ 🌾🌾🌾
တောင်သူလယ်သမားများ၏ ဂုဏ်ကျေးဇူးကို အစဉ်ရည်စူးအောက်မေ့သောအားဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လ၂ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့ အား ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူစွာဖြင့် ကြိုဆိုလိုက်ပါ​တယ် 🎉🎊🎉✨🎉
𝑳𝒆𝒕'𝒔 𝑮𝒓𝒐𝒘 𝑻𝒐𝒈𝒆𝒕𝒉𝒆𝒓 𝑭𝒐𝒓𝒆𝒗𝒆𝒓 💪💪💪

#ပညာဒါန
#လုပ်ငန်း

Address

Pyay Road, Myanmar
Burma

Alerts

Be the first to know and let us send you an email when Grace Special Educational College - Pyay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Grace Special Educational College - Pyay:

Shortcuts

Share