Aung Myay San Information

Aung Myay San Information Education Service

၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူများ၏ အမှတ်စာရင်းကို Website တွင် အခမဲ့ကြည့်ရှုနိုင်မည့်အစီအစဉ် အသိပေးက...
12/01/2021

၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူများ၏ အမှတ်စာရင်းကို Website တွင် အခမဲ့ကြည့်ရှုနိုင်မည့်အစီအစဉ် အသိပေးကြေညာ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်ရေး သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသူများ၏ အမှတ်စာရင်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက် နံနက် (၆) နာရီမှစတင်၍ Website တွင် အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းအား အသိပေးကြေညာ အပ်ပါသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် https://mmexamscore.org တွင် ဝင်ရောက်ပြီး မိမိ၏ခုံအမှတ် နှင့် မွေးသက္ကရာဇ် (ရက်၊ လ၊ ခုနှစ်) တို့ကို ပြည့်စုံ မှန်ကန်စွာ ဖြည့်စွက်၍ မိမိတို့၏ အမှတ်စာရင်းများကို ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ ရုံးများသို့ လာရောက်လျှောက်ထားခြင်း မပြုရန် မေတ္တာရပ်ခံပါကြောင်းနှင့် အမှတ်စာရင်းထုတ်ပေးမည် မဟုတ်ပါကြောင်း၊ Covid-19 ကာကွယ် ထိန်းချုပ် တားဆီးနိုင်မှု အခြေအနေအရ အမှတ်စာရင်းများကို ထုတ်ပေးမည့်အစီအစဉ်အား ကြိုတင်အသိပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

အမှတ်စာရင်းကြည့်ရှုနည်း လမ်းညွှန် ရုပ်သံဖိုင်ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website နှင့် page ဖြစ်သော https://mmexamscore.org နှင့် https://www.facebook.com/exams.mm တို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့မှစ၍ ကြည့်ရှုနိုင်ပါကြောင်း အသိပေးကြေညာထားသည်။

#သတင်းစဉ် From; MDN
Photo Credit - Department of Myanmar Examinations

၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်စာရင်းကို Online မှကြည့်ရှုခြင်း။

ဂုဏ်ထူး၃ဘာသာ  ၂ယောက်၊ ၂ဘာသာ ၅ယောက်၊ ၁ဘာသာ ၈ယောက်၊  အောင်ချက် ၅၁.၈၅%နှစ်ဟောင်းကျောင်းသား/သူစာရင်းကြိုတင်လက်ခံပါပြီ။
12/08/2020

ဂုဏ်ထူး၃ဘာသာ ၂ယောက်၊ ၂ဘာသာ ၅ယောက်၊
၁ဘာသာ ၈ယောက်၊ အောင်ချက် ၅၁.၈၅%
နှစ်ဟောင်းကျောင်းသား/သူစာရင်းကြိုတင်လက်ခံပါပြီ။

ဒီလိုနေ့မျိုးမှာခံစားနာကျင်နေရမည့်ကလေးတွေအတွက်၂၀၁၇ ခုနှစ်ကရေးတဲ့စာသားနှင့်သမီးရေ..                   စာမေးပွဲ မအောင်လို့...
09/08/2020

ဒီလိုနေ့မျိုးမှာခံစားနာကျင်နေရမည့်ကလေးတွေအတွက်
၂၀၁၇ ခုနှစ်ကရေးတဲ့စာ

သားနှင့်သမီးရေ..
စာမေးပွဲ မအောင်လို့အသက်ကို အလွယ်စွန့်ခဲ့ရသူတွေ
ရှိသလို ၊ အသက်ကို ခက်ခက်ခဲခဲ မွေးပြီး စာမေးပွဲအောင်အောင်
ဖြေခဲ့ကြသူတွေအကြောင်း ပြောချင်လို့ စာရေးလိုက်တယ်။

၁၀တန်း အောင်စာရင်းထွက်တိုင်း နားစွင့် ရင်မောရတယ်။
စာမေးပွဲဆိုတာကို ဘယ်လိုသဘောထားကြသလဲ။ လူ့ဘ၀မှာ စာမေးပွဲတွေ ဘယ်လောက်တောင် ဖြေရမလဲ၊ အောင်စာရင်း
တွေ ဘယ်လောက်တောင်မျှော်ရမလဲ။

တို့အသိုင်းအဝိုင်းမှာ တက္ကသိုလ်၀င်တန်းစာမေးပွဲတွေအပေါ် သဘောထားက အန္တရာယ်ကြီးတဲ့ အနေ အထားရောက်နေပြီလား။
သေမင်းရဲ့ အချက်ပေး ခေါင်းလောင်းသံကို ကလေးတွေ ခံစား
ရကုန်ပြီလား။ အဓိက ကတော့ ဖိအားတွေပဲ။ မိဘနဲ့ ပတ်၀န်းကျင်က
ကလေးတစ်ယောက်ကို ဘယ်လောက်ဖိအားတွေ ပေးထားလို့လဲ။ တစ်ကြိမ်မရရင် နောက်တစ်ကြိမ်၊ ဒီနည်း မရရင် နောကတစ်နည်းဆိုတဲ့ ရွေးချယ်စရာတွေမရှိ လို့လား။ မဟုတ်ပါဘူး။
ဘ၀ရဲ့လမ်းတွေဟာ လမ်းသွယ် လမ်းခွဲတွေ များစွာနဲ့ တည်ဆောက်ထားတာပါ။

ကျရှုံးလို့ သောကပွားနေကြသူတွေအကြောင်း ပြောလို့မှ မဆုံးသေးဘူး။ အောင်လျက်နဲ့ မျက်နှာငယ်၊ နေစရာမရှိတဲ့ ကလေး
တွေကိုလည်း တွေ့ရပါတယ်။ ဂုဏ်ထူးနည်းလို့၊ မထွက်လို့ စသဖြင့် "ဘာသာစုံ ဂုဏ်ထူးထွက်တာတောင် ထိပ်ဆုံး ၁၀ယောက်ထဲမပါလို့ ဆိုတဲ့ ပြဿနာက ရှိသေး။

တကယ်တော့ ဘဝဆိုတာ ဆယ်တန်းကို ဒီနှစ် အောင်မအောင်၊ ဂုဏ်ထူးဘယ်လောက်ပါမပါ၊ အမှတ် ဘယ်လောက်ရ မရ ဆိုတဲ့နဲ့ လမ်းမဆုံးသွားဘူးဆိုတာ သိကြလျက်နဲ့ ကလေးတွေအပေါ် မလိုအပ်ဘဲ ဖိအား မဝင်စေချင်တာပါ။

ပြန်စဉ်းစားစေချင်တယ် -
ကလေးတစ်ယောက်ဟာ ဘာဖြစ်ချင်တာလဲ၊ ဒါမှမဟုတ် ကလေးကို ဘာဖြစ်စေချင်တာလဲ၊
ကိုယ် ဖြစ်စေချင်သလို မဖြစ်တိုင်း ကလေးကို အပြစ်တင်တာ တရားရဲ့လား။
ကလေးတွေအတွက် ရွေးချယ်ခွင့် မရှိတော့ဘူးလား။

ကလေးဆိုတာ ဘာရွေးတတ်မှာမို့လဲ။ တို့မိဘ လူကြီးတွေက အကောင်းဆုံးရွေးပေးထားတာ။ အကောင်းဆုံး ပံ့ပိုးထားတာလို့ ပြောကြတာတွေ ရှိပါတယ်။ ကလေးကို ရွေးချယ်စွမ်း ရှိအောင်
ပျိုးထောင်ခဲ့တဲ့ ပညာရေး စနစ် ရှိ မရှိဆိုတာလည်း ကြည့်ရမယ့် ကိစ္စပါ။ ၁၀ နှစ်ကျော် ကျောင်းနေခဲ့တဲ့ ကာလမှာ ကလေးကို ကဏန်းတွက် စာကျက်ခြင်းအပြင် စဉ်းစား တွေခေါ်တတ်ဖို့ ဘာတွေသင်ပေးခဲ့ပါသလဲ။

သေချာတာကတော့ ဆယ်တန်းစာမေးပွဲဟာ ဒီနေ့အထိ စာကျက် ကဏန်းတွက်ပဲ ရှိပါသေးတယ်။ ဒီစာမေးပွဲမှာ ကလေးရဲ့သီးခြား အခြား စွမ်းရည်တွေကို ဘာတွေစစ်နိုင်ခဲ့လို့လဲ။ဒီလိုတွေး
ရအောင်ပါ။ ဘဝမှာ လူတိုင်းတစ်ယောက်တည်း နေမရနိုင်ဘူး။
ဒီအတွက် ဝန်းကျင်နဲ့ အကျိုးတူ နေတတ်တဲ့ အကျင့်လိုပါတယ်။ ဘဝမှာ သေချာပေါက်ကြုံရမည့် အခက်အခဲတွေအတွက် ရှိသမျှ ပေးထားချက်နဲ့တင် အမြဲ မလုံလောက်ပါဘူး။ ကိုယ်တိုင်ကတွေ့တဲ့ အရာတွေနဲ့ ပေါင်းစပ်ပြီးဖန်တီးနိုင်ရပါမယ်။ ဥပမာ၊
ကမ်းပါးနှစ်ခုကို ခုန်ကျော်သွားဖို့လည်း မဖြစ်နိုင်၊ တံတားလည်း မရှိတဲ့အခါ ကမ်းပါးထိပ်က သစ်ပင်ကို ခုတ်လှဲပြီး တံတားထိုးရတာမျိုးပါ။

ယခုစာမေးပွဲဟာ ကလေးတစ်ယောက်ရဲ့ ဖန်တီးနိုင်စွမ်း၊ အားကစား၊ ဖြတ်ထိုးဥာဏ်၊ ပေါင်းသင်းဆက်ဆံရေး၊ ပတ်ဝန်းကျင်အပေါ် တန်ဖိုးထားမှု၊ စာနာတရား၊ အနုပညာစွမ်းရည်၊ စာရိတ္တကောင်းနှင့် အမူအကျင့်ကောင်းများ တွေးခေါ်မျှော်မြင်မှု စသဖြင့် အဲဒီအချက်တွေကို စစ်ဆေး ဆုံးဖြတ်နိုင်ခဲ့ပါသလား။ အဲဒီအရာတွေဟာ ဘဝအတွက် အရေးမပါလို့လား၊ တွေးစေ မေးစေချင်ပါတယ်။

ဒီတစ်ကြိမ်နှင့်မရရင် နောက်တစ်ကြိမ်၊ ဒီလမ်းနဲ့ မရောက်ရင်
နောက်တစ်လမ်း စသဖြင့် အခွင့်အရေး ပေးကို ပေးရပါမယ်။ တစ်နှစ် နောက်ကျတာပေါ့၊ အချိန်ပုပ်တာပေါ့လို့ မကန့်ကွက်စေချင်ပါဘူး။ ဘဝမှာ တစ်နှစ် မပြောနဲ့၊ တစ်နာရီ တစ်မိနစ် တစ်စက္ကန့် နောက်ကျရင်တောင် နစ်နာမှုတွေ ရှိတတ်တယ် ဆိုတာ လက်ခံပါတယ်။

ဒါပေမယ့် ဆယ်တန်းစာမေးပွဲဟာ လူ့ဘဝရဲ့ ဘယ်တော့မှ ပြင်မရတော့တဲ့ အဆုံးအဖြတ်လို့တော့ ကလေးကို မသတ်မှတ်စေချင်ပါဘူး။ အဲဒီ တစ်နှစ်အတွင်းမှာ သူဟာ ကျောင်းစာ ပြင်ပစာတွေကိုလည်း လေ့လာနေသင့်ပါတယ်၊ အချည်းအနှီး အချိန် မဖြစ်နေရင် ပြီးတာပါပဲ။

အခုစာမေးပွဲ ရလာဒ်ကြောင့် စိတ်ဓာတ်ရေးရာ အထိနာသွားကြတဲ့ ကလေးတွေကို တစ်ခုပြောချင်ပါတယ်။ ဒီစာရေးနေစဉ် သတင်းတစ်ပုဒ် ဝင်လာလို့ပါ။

ဟိုးရှမ်းပြည်နယ် ကျောက်မဲမြို့က စစ်ရှောင် ကလေးတွေ အကြောင်းပေါ့။စစ်ရှောင်ကလေးဆိုတာ အိုးအိမ်တွေဆုံးရှုံးခဲ့ပါပြီ။ အများစုက မိဘနဲ့ စုံစုံလင်လင် မနေနိုင်တော့ပါ။
စားဝတ်နေရေး ဘာတစ်ခုမှ ကိုယ့်အစွမ်းနဲ့ မရှာဖွေနိုင်သေးပါ။ အဲဒီကလေးအတွက် ပြည်သူတွေကပဲ စုပေါင်းဌားရမ်းပေးထားတဲ့ အိမ်တစ်လုံးမှာ စုနေကြ၊ စာစုသင်ကြရပါတယ်။ အိုးအိမ် တောင်ယာတွေ၊ မိသားစုတွေ ဆုံးရှုံးနေတဲ့ စိတ်သောက
တွေကြားက သင်ကြ၊ ဖြေကြရတာပါ။ သာမန် ကလေးတွေနဲ့ အခြေခံမတူ ပါဘူး။ မနှစ်က ၃၀ ယောက် ၁၀တန်းဖြေတာ၃ယောက် အောင်ပါတယ်။ မအောင်တဲ့ ကလေး၂၀ကျော်ဟာ
စာမေးပွဲသာကျတာ ဘဝကို အရှုံးမပေးခဲ့ကြပါဘူး။ မပြည့်မစုံ မလုံမခြုံ ခံစားနေရတဲ့ အခြေအနေထဲကပဲ မလျှော့တမ်း ကြိုးစားခဲ့ကြပါတယ်။

ဘယ်လိုကြိုးစားခဲ့သလဲ။

သူတို့ဟာ ဝေးလံခေါင်သီ ပြည်နယ် ကျေးရွာကပါ။ သူတို့ခမျာ အင်္ဂလိပ်စာနှင့် မြန်မာစာကို ကျွမ်းကျင်သူတွေ မဟုတ်ကြပါဘူး။
သူတို့ကို သင်ပေးရတဲ့ ဆရာမတွေက ပြောပြတယ်။ သူတို့ဟာ ရူပဗေဒ၊ ဓာတုဗေဒလို ဘာသာမျိုးတွေမှာ အင်မတန် အားနည်းကြတယ်။ အခြေခံကောင်းတွေ မရခဲ့ကြဘူး သာမာန် မြို့ကြီး
ပေါ်က ကျောင်းသားတွေ ကျွမ်းကျင်ပြီး ဖြစ်တဲ့ ဘာသာရပ်ဆိုင်ရာ ဝေါဟာရတွေ သီအိုရီတွေ ဒြပ်စင်တွေနဲ့ ဗေလင်စီတွေကို ဒီကလေးတွေ( တိုင်းရင်းသားကလေးတွေခမျာ) မရင်းနှီးကြ
ရှာဘူး။ အထစ်ထစ် အငေါ့ငေါ့နဲ့ မှတ်မိအောင် ကြိုးစားရတာ။ သင်ပေးတဲ့ ဆရာမတွေကလည်း ကျူရှင်ဆရာ၊ ဆရာမလုံးဝမပါ။
Guide ခေါ် လမ်းညွှန်လည်း လုံးဝမရှိဘဲ အစိုးရကျောင်းက ဆရာ၊ ဆရာမတွေနဲ့ပဲ လက်ချင်းချိတ်ပြီး နေ့ရော ညပါ ရုန်းကန်ခဲ့ကြရတာပါ။

သားတို့ သမီးတို့ မြင်အောင်ကြည့်ပါ။ မြို့ကြီးမှာ ကျူရှင်မယူဘဲ ဘယ်နှယောက်ဖြေဝံ့ကြသလဲ။ ခုနက စစ်ရှောင်ကလေးတွေကတော့ ရှိတာနဲ့ပဲ ဖြစ်အောင် လုပ်၊ နိုင်အောင်တိုက်ကြရတာပါ။
ဒါပေမဲ့ သူတို့ တတ်နိုင်ခဲ့ကြတယ်။ ဖြေဆိုသူ ၂၁ ဦးမှာ အောင်မြင်သူ ၅ဦး။ အောင်မြင်သူအားလုံး ဂုဏ်ထူး ကိုယ်စီပါခဲ့ကြတယ်။
ရာခိုင်နှုန်း ဘယ်လောက်လဲဆိုတာ တွက်ကြည့်ပါ။ အများပြည်သူ ပေးလှူသမျှ နေ့စဉ် အာဟာရနဲ့ ဆက်ပြီး သူတို့ ရအောင်လုပ်ပြခဲ့ကြတာပါ။

သူတို့ မနှစ်က ဘယ်လို ဘယ်လောက်ကျရှုံးခဲ့တယ်ဆိုတာ ပြောပြီးပါပြီ။ ဖိနပ်မပါဘဲ အသက်လုပြေးလာရ၊ ဘုရားကုန်းပေါ်မှာ ဆောင်း
ချမ်းချမ်းကို အနွေးထည် မစုံဘဲ ရင်ဆိုင် စာမေးပွဲ ဖြေခဲ့ကြတာလည်းသူတို့ပါ။

ပြောချင်တာကတော့ ဘယ်တော့မှ အရှုံးမပေးဖို့ပါပဲ။ ကိုယ့်ယုံကြည်ချက်ကို ဘယ်သူမှ ဘယ်အခြေအနေကမှ သတ်လို့ မရဘူးဆိုတာပါပဲ။

ဒီလောက်ဆို သားတို့ သမီးတို့ မြင်သိကြမှာပါ။
အောင်စာရင်းဆိုတာ ကျိန်စာမဟုတ်ဘူး။တကြိမ်တခါထုတ်တဲ့ရလဒ်ပဲ။
အဲဒီ ရလဒ်ကို ကာယကံရှင်ကိုယ်တိုင် ပြောင်းပစ်နိုင်တယ်။ ဒီတစ်ကြိမ်မအောင်လည်း နောက်တစ်ကြိမ်အောင်နိုင်တယ်။
အခုမကျော်လွှားနိုင်တာဟာ ကျရှုံးခြင်းမမည်ဘူး။
စာမေးပွဲဒီနှစ်မအောင်ဘူးဆိုတာဟာ လှမ်းနေတဲ့ ခြေလှမ်း တုံ့ဆိုင်းသွားတာပဲဖြစ်တယ်။လှမ်းနေတဲ့ လမ်း ပျောက်သွားတာ မဟုတ်ဘူးလို့ သူတို့ကိုယ်တိုင် ပြခဲ့ကြပါပြီ။

မေတ္တာဖြင့် -
ဦးဦး

မှတ်ချက် -အဲဒီမှာ သူတို့စာမေးပွဲဝင်ဖို့ ဘယ်လောက်ချို့ငဲ့စွာရင်ဆိုင်ခဲ့ရသလဲဆိုတာ ဓာတ်ပုံ ပါတင်ပေးလိုက်တယ်

#မင်းကိုနိုင်
( ပြည်သူ့အရေးဂျာနယ်၊ အတွဲ ၃ ၊ အမှတ် ၁၄၀ )

၃ဘာသာဂုဏ်ထူးရှင်       ၂ယောက်၂ဘာသာဂုဏ်ထူးရှင်       ၅ယောက်၁ဘာသာဂုဏ်ထူးရှင်။     ၈ယောက်ဂုဏ်ထူးရှင်စုစုပေါင်း      ၁၅ယောက်...
08/08/2020

၃ဘာသာဂုဏ်ထူးရှင် ၂ယောက်
၂ဘာသာဂုဏ်ထူးရှင် ၅ယောက်
၁ဘာသာဂုဏ်ထူးရှင်။ ၈ယောက်
ဂုဏ်ထူးရှင်စုစုပေါင်း ၁၅ယောက်
အောင်မြင်သူဦးရေ ၇၀ ယောက်
ဖြေဆိုသူဦးရေ ၁၃၅ယောက်
အောင်ချက်ရာခိုင်နှုန်း ၅၁.၈၅%

29/07/2020

ဩဂုတ်လ(၉)ရက်နေ့ မနက် 00:30 နာရီတွင်
www.moe.gov.mm
www.myanmarexam.org
တို့မှတစ်နိုင်ငံလုံးမှ အောင်စာရင်းများထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်။

#အောင်မြေစံကျောင်းသားကျောင်းသူများရဲ့အောင်စာရင်းကို
Aung Myay San Information page
https://www.facebook.com/Aung-Myay-San-Information-142105553095595/
မှသီးခြားတင်ပေးထားပါမည်ဖြစ်ကြောင်းအသိပေးထားအပ်ပါသည်။

28/07/2020

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း
ဩဂုတ်လ (၉)ရက်နေ့ထွက်မည်ဟု ကြားသိရ။

 #စနစ်သစ် Grade -10 တွင်သင်ယူရမည့်ဘာသာတွဲများအကြောင်းသိသလောက်မျှဝေပါတယ်။ မိမိဝါသနာ၊ရည်မှန်းချက်နှင့်ကိုက်ညီမည့်ဘာသာတွဲကိ...
01/07/2020

#စနစ်သစ် Grade -10 တွင်သင်ယူရမည့်ဘာသာတွဲများအကြောင်းသိသလောက်မျှဝေပါတယ်။ မိမိဝါသနာ၊ရည်မှန်းချက်နှင့်ကိုက်ညီမည့်ဘာသာတွဲကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်ကြပါစေ😍။
Photo credit

အ.ထ.က -သခွတ္တနယ် Grade 9(အဌမတန်း)  & Grade 10 (နဝမတန်း)အောင်စာရင်း13-6-2020
13/06/2020

အ.ထ.က -သခွတ္တနယ်
Grade 9(အဌမတန်း) & Grade 10 (နဝမတန်း)
အောင်စာရင်း
13-6-2020

မိမိတို့သားသမီးပညာရေးအတွက် စိတ်ပူပြီး အောင်မြေစံ ဘယ်တော့စဖွင့်မာလဲခဏခဏမေးနေကြတဲ့မိဘများခမျာကျတော်တို့စာသင်ဝိုင်း အနေဖြင့...
01/06/2020

မိမိတို့သားသမီးပညာရေးအတွက် စိတ်ပူပြီး အောင်မြေစံ ဘယ်တော့စဖွင့်မာလဲခဏခဏမေးနေကြတဲ့မိဘများခမျာ
ကျတော်တို့စာသင်ဝိုင်း အနေဖြင့် ပညာရေးဝန်ကြီးဌာနမှ ဖွင့်ခွင့်ရပြီဆိုတဲ့ညွှန်ကြားချက်ရတာနဲ့တပြိုင်နက် လိုက်နာရမည့်ကျန်းမာရေးလမ်းညွှန်ချက်များနဲ့အညီ တရားဝင်ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။
👉 #‌စဖွင့်ခွင့်ရတာနဲ့ယုံယုံကြည်ကြည် ကြိုတင်အပ်နှံထား သော ကျောင်းသားကျောင်းသူများ နှင့် အုပ်ထိန်းသူများကို ဖုန်းဖြင့်ဆက်သွယ်အသိပေးသွားပါမယ်။
👉 #အောင်မြေစံပညာရေးဘော်ဒါသို့စာရင်းမပေးရသေးသော ကျောင်းသားကျောင်းသူများ လည်းစာရင်းပေးနိုင်ပါပြီ။

🛑🛑လူဦးရေကန့်သတ်ချက်ဖြင့်သာလက်ခံမည်ဖြစ် သောကြောင့် ကြိုတင်စာရင်းပေးထားမှသာ စိတ်ချရမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။ 🛑🛑

အသေစိတ်သိရှိလိုပါက
☎️09400774407
☎️09427058151သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
သခွတ္တနယ်ရွာ

Time to say goodbye.👋👋👋👋👋👋👋2019-2020 Academic year AMS - EC
20/03/2020

Time to say goodbye.
👋👋👋👋👋👋👋
2019-2020 Academic year
AMS - EC

 #အောင်မြေစံ မှသည်  #ဂုဏ်ထူးရည်ဆက်၍ချီ မည် အောင်မြင်မှု ဆီ👩‍🎓👩‍🎓👩‍🎓
11/03/2020

#အောင်မြေစံ မှသည် #ဂုဏ်ထူးရည်
ဆက်၍ချီ မည် အောင်မြင်မှု ဆီ👩‍🎓👩‍🎓👩‍🎓

အောင်မြေစံကျောင်းသား/သူလေးများရဲ့အာစရိယပူဇော်ပွဲ ပုံရိပ်လေးများနှင့်အောင်မြေစံဘော်ဒါမှ ကြာဇံဟင်းခါးဖြင့်ပြန်လည်ကျွေးမွေး...
23/02/2020

အောင်မြေစံကျောင်းသား/သူလေးများရဲ့အာစရိယပူဇော်ပွဲ
ပုံရိပ်လေးများနှင့်
အောင်မြေစံဘော်ဒါမှ ကြာဇံဟင်းခါးဖြင့်ပြန်လည်ကျွေးမွေးနေသောပုံရိပ်များ

Address

Tha Khut Ta Nel
Budalin

Telephone

+959400774407

Website

Alerts

Be the first to know and let us send you an email when Aung Myay San Information posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Aung Myay San Information:

Shortcuts

Share

Category