အထက မင်းကန်

အထက မင်းကန် မန္တလေးတုင်း၊ ပုသိပ်ကြီးမြို့နယ်၊ မ?

01/07/2024
08/09/2022

အကွေ့

နေပြည်တော်CAEမှာတုန်းက ဆရာမကြီးဒေါ်နှင်းနှင်းမော် ပြောဖူးတာလေးရှိတယ်။

မင်းတို့ ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲကို ကြည့်ဖူးကြတယ်မဟုတ်လား။ အဲဒီပွဲမှာ ဝင်ပြိုင်ကြတဲ့ကားတွေရဲ့အင်ဂျင်ပါဝါတွေက တူတူပဲ။ ကားမောင်းကျွမ်းကျင်မှုမှာကလည်း အတူတူပဲ။ ဆိုတော့ မျဉ်းတစ်ဖြောင့်တည်းမောင်းနေချိန်မှာဆို ရှေ့ရောက်နေတဲ့ကားကို နောက်ကားက ဘယ်လိုမှ မကျော်နိုင်ဘူး။ နောက်ကနေ စက်ကုန်မောင်းလိုက်တာနဲ့ ရှေ့ကနေ စက်ကုန်မောင်းပြေးတာဆိုတော့ အင်ဂျင်ပါဝါတူ၊ ကျွမ်းကျင်မှုကလည်းအတူတူတွေမို့ ဘယ်လိုမှ ကျော်မရဘူး။

ဘယ်အချိန်မှာ ကျော်တက်သွားကြသလဲဆိုတာ မင်းတို့ သေသေချာချာသတိထားကြည့်။ အကွေ့လေးတွေရောက်မှ တစ်စီးကိုတစ်စီး ကျော်လို့ရကြတာကွ။

အေး ပြင်လောကမှာလည်း အတူတူပဲ ကြိုးစားအားထုတ်ကြတာချင်းအတူတူကို တချို့တွေက ရှေ့ကိုရောက်လာပြီး အချို့ကတော့ နောက်မှာ ပြတ်ကျန်ရစ်တတ်တာက အကွေ့လေးတွေမှာ လုပ်ခဲ့တဲ့ လုပ်ဆောင်မှုကြောင့်ပဲတဲ့။

အဲဒီအချိန်ကတော့ တပည့်လုပ်သူတွေရဲ့ထုံးစံအတိုင်း ရယ်ရယ်ပြုံးပြုံးနဲ့ နားသာထောင်ခဲ့တာ နားကို မလည်ခဲပါဘူး။ အခု ၇ နှစ်လောက်ကြာတော့မှ ရိုးတိုးရိတ်တိတ်လေး နားလည်သလိုလိုတော့ ရှိလာပါပြီ။

အခုလို တစ်နိုင်ငံလုံး ချောက်ထဲပြုတ်ကျသလို ပြိုဆင်းနေတာဟာ ပြိုင်ကွင်းထဲက ကားမှန်သမျှကြုံကို ကြုံရမယ့် အကွေ့တစ်ခုပေါ့။

အကောင်းဘက်က တွေးကြည့်ရင် ဒါကိုယ့်အတွက်အကောင်းဆုံးအခွင့်အရေးပဲလေ။ ဒီအကွေ့ကို အခြားသူတွေထက် ပိုပြီး ကောင်းကောင်းထိန်းနိုင်ရင် ရှေ့ကားတွေကို အလိုလို ကျော်တက်ပြီးသားဖြစ်ပြီပဲ။

နောင် ဆရာမကြီးနဲ့ဆုံဖြစ်ခဲ့ရင် ကျွန်တော်နားလည်လိုက်တဲ့အကွေ့ရဲ့အဓိပ္ပါယ် ဟုတ်ရဲ့မှန်ရဲ့လားလို့ မေးကြည့်ပါဦးမယ်။

07/09/2022

တစ်နေ့က ကျောင်းနေဘက် ငယ်သူငယ်ချင်းတစ်ယောက် သင်တန်းလာစုံစမ်းတယ်

ကိုယ်တွေ ၈တန်းတက်တဲ့နှစ်မှာ ကျောင်းပြောင်းသွားကြသူတွေထဲက တစ်ယောက်ပေါ့ ၂၀၀၁ခုကနေ၂၀၀၃ခုနှစ်အတွင်း ၅တန်းကနေ ၇တန်းထိအတန်းတူတူတက်ခဲ့ဖူးတဲ့သူငယ်ချင်းဆိုပါတော့ တွက်ကြည့်ရင် ၁၉နှစ်လောက်ကြာပြီပေါ့

ဒီ ၁၉ နှစ်အတွင်းမှာ သူအိမ်ထောင်မကျခင်တုန်းက တစ်ခါပဲ ပြန်ဆုံဖူးတယ် ၂၀၁၀ ဝန်းကျင်လောက်ကထင်တယ်

ဒီတစ်ခေါက် သူနဲ့ပြန်ဆုံတော့ မှတ်မိနေတဲ့ သူ့ကို ချက်ချင်းနာမည်တပ်ပြီး ကိုယ်ကနှုတ်ဆက်လိုက်တာလေးကို ဝမ်းသာသွားရှာတယ် သူ့အမျိုးသားကို တဆင့်ပြန်မိတ်ဆက်ပေးရင်း ဝမ်းပန်းတသာ ပြောပြနေတယ်

ဟုတ်မှာပေါ့ ကိုယ့်ဘဝနဲ့ကို ကိုယ့်လမ်းကို ကိုယ်စီလျှောက်နေကြရင်း အတိတ်တွေကို မေ့မေ့ပျောက်ပျောက်ထားပစ်ခဲ့တတ်ကြတာ သဘာဝပဲ မဟုတ်လား ဒီထဲကမှမထင်ထားပဲ ကိုယ့်ကို မှတ်မိသိရှိနေတယ်ဆိုတော့ ဝမ်းသာမှာပေါ့

သင်တန်းမှာ ကလေးတွေကို ကြုံရင်ကြုံသလို ပြောဖြစ်တာလေးရှိတယ် လူ့လောကမှာ လူတိုင်းအတွက် နားဝင်အချိုဆုံး အသံဆိုတာရှိတယ် အဲဒါက သူ့ကို ရည်ညွှန်းခေါ်ဝေါ်တဲ့ အမည်နာမလေးတစ်ခုပါလို့ပေါ့

မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတွေရဲ့ ချစ်ခင်မှုကိုရချင်ရင် တွေ့တာနဲ့ ဘယ်သူဘယ်ဝါဆိုတာ မှန်မှန်ကန်ကန်နဲ့ နှုတ်ဆက်နိုင်အောင် ကြိုးစားပါပေါ့

ဒါပေမယ့် နောင်တစ်ချိန် မင်းတို့နဲ့ငါ ပြန်တွေ့တဲ့အခါ အလိုက်တသိနဲ့ ကျွန်တော် ဘယ်သူ ကျွန်မဘယ်သူဆိုပြီး နှုတ်ဆက်ပါ င့ါအတွက် အရေးမပါတာ အရေးမကြီးဘူးထင်တာတွေကို မှတ်ထားမှာ မဟုတ်လို့ပဲ ငါ့ကို မင်းတို့နာမည် မှတ်မိစေချင်တယ်ဆိုရင် အခုချိန်မှာ မင်းတို့ရဲ့အရည်အချင်းကို ငါသတိထားမိတဲ့အထိ ထုတ်ပြပါ ကြိုးစားပြပါ ချစ်စရာ ခင် စရာကောင်းတဲ့သူတွေဆို လူတွေက ဘယ်လောက်ကြာကြာ မှတ်မိသိရှိနေတတ်ပါတယ်လို့ပေါ့

ဆရာက သံယောဇဉ်မဲ့လိုက်တာလို့ ပြောလည်းရတယ်

မိဘနဲ့သားသမီး သံယောဇဉ်ကို မိဘတွေတစ်ဘက်တည်းကနေ သတ်မှတ်တာ ဘာသွေးသားမှ မတော်စပ်ကြပေမယ့် မိဘနေရာကနေ ဒါငါ့သားလေး ဒါငါ့သမီးလို့ သတ်မှတ်ရင် လူနဲ့ တိရစ္ဆာန်ဆိုရင်တောင် သားအမိသားအဖတော်တယ်

မိတ်ဆွေသူငယ်ချင်းချစ်သူရည်းစားလင်မယားသံယောဇဉ်တွေမှာကျ နှစ်ဘက်လုံးက သတ်မှတ်သဘောတူမှ အထမြောက်တာ

အေး ဆရာတပည့်သံယောဇဉ်မှာကျ တပည့်ဖြစ်သူ တစ်ဖက်တည်းဘက်ကနေ ဒါငါ့ဆရာလို့ သတ်မှတ်မှ ဆရာတပည့်တော်စပ်ကြတာ

မရေမရာ ဇဝေဇဝါ သံသယတွေ သို့လောသို့လောစိတ်တွေကြီးစိုးနေရင် စိတ်က လေးကန်ပင်ပန်းရတယ် အဲဒီလို လေးကန်ဖင့်တွဲနေတာရဲ့ ဆန့်ကျင်ဘက် ပေါ့ပါးကြည်လင်တက်ကြွတဲ့စိတ်ကို ဘယ်အချိန်မှာ မင်းတို့ ခံစားရဖူးလဲပြောကြည့် မင်းတို့မသိနားမလည်တာတွေ သိရှိနားလည်လာတဲ့အချိန်ခံစားရလိမ့်မယ် ဆရာကျေးဇူးဆိုတာ အဲဒါပဲ

မသိခြင်းနယ်နဲ့ သိခြင်းနယ်အကူးအပြောင်းမှာ ကြုံတွေ့ခံစားခဲ့ရတဲ့ ကြည်လင်ထက်မြတဲ့ ခံစားချက် ဆရာ့ကျေးဇူးဆိုတာကို မှတ်မိနေသရွေ့ ဆရာသင်ပေးတဲ့ ပညာတွေ ရရှိပိုင်ဆိုထားဆဲဖြစ်လိမ့်မယ် ဆရာတွေကိုလည်း မှတ်မိသိရှိနေလိမ့်မယ် မမှတ်မိတော့တဲ့နေ့ဟာ ဆရာတပည့် သံယောဇဉ် ပြတ်တောက်တဲ့နေ့ပဲ

ငါပြောချင်တာက ငါဘယ်လောက် ကြိုးစားပြီး သင်ပြပေးပေး မင်းတို့မှာ အဲဒီခံစားချက်မျိုးကိုပေါ်ကိုမလာဘူးဆိုရင် နောင်ငါ့ကို မင်းတို့ မှတ်မိမှာလဲမဟုတ်ပါဘူး ငါ့ကို မမှတ်မိမယ့် မင်းတို့ကိုလည်း ဒါ ငါ့တပည့်တွေကွဆိုပြီး အစကတည်းက သတ်မှတ်မနေတော့ဘူး

ဒီတော့ မင်းတို့ နာမည်လည်း မှတ်မနေတော့ဘူးပေါ့ မင်းတို့က မှတ်မိရင်တော့ ခေါ်ပေါ့ ငါကတော့ ငါ့သူငယ်ချင်းတွေနဲ့ ပက်သက်သမျှကိုပဲ စိတ်ထဲ သိမ်းထားမှတ်ထားတတ်တာပဲကွာ အဲဒါကိုမှ မင်းတို့ကို မှတ်မိစေချင်ရင်တော့ မင်းတို့ စွမ်းရည်ကို ငါမြင်အောင်ပြကြပေါ့ကွာ လို့ပေါ့

ဟုတ်တယ်လေ သူငယ်ချင်းနဲ့ တပည့်ဆိုတာ တူမှ မတူတာ

ကိုယ့်နိုင်ငံ ကိုယ့်မြေ အကျယ်အဝန်းကိုမေးရင် မသိဘူးဆိုတာ  မဖြစ်ရအောင်  မှတ်ထားလိုက် ကျောင်းကမေးရင်ဖြေဖို့ မြန်မာနိုင်ငံရှ...
12/06/2021

ကိုယ့်နိုင်ငံ ကိုယ့်မြေ အကျယ်အဝန်းကိုမေးရင် မသိဘူးဆိုတာ မဖြစ်ရအောင် မှတ်ထားလိုက် ကျောင်းကမေးရင်ဖြေဖို့

မြန်မာနိုင်ငံရှိ မြို့နယ်များ

ကချင်ပြည်နယ်
မြို့တော်=မြစ်ကြီးနား
အကျယ်အဝန်း= ၃၄၃၇၉.၂၂ စတုရန်းမိုင် q
ခရိုင် ၃ခရိုင်
မြစ်ကြီးနားခရိုင် ပူတာအိုခရိုင် ဗန်းမော်ခရိုင်
မြစ်ကြီးနား ပူတာအို ဗန်းမော်
ဝိုင်းမော် ဆွမ်ပရာဘွမ် ရွှေကူ
အင်ဂျန်းယန် မချမ်းဘော မိုးမောက်
မိုးကောင်း ခေါင်လန်ဖူး မံစီ
မိုးညှင်း နောင်မွန်း လွယ်ဂျယ်(မြို့)
ဖားကန့်
တနိုင်း
ချိဖွေ
ဆော့လော်
ကာမိုင်း(မြို့)
ဖာနိုင်း(မြို့)
ကချင်ပြည်နယ်၌ မြို့နယ် ၁၈ ခု မြို့ ၂၁ မြို့ရှိသည်။
မှတ်ချက်။ ။ မြို့ဟု ကွင်းခတ်ထားသည်မှာ မြို့နယ် အဆင့်မြို့ မဟုတ်ဘဲ မြို့နယ်ထဲမှ မြို့ကို ဖော်ပြခြင်းဖြစ်သည်။ မြို့နယ် မဟုတ်သော မြို့ သို့ မြို့နယ်ခွဲ။

ကယားပြည်နယ်
မြို့တော်= လွိုင်ကော်။
အကျယ်အဝန်း= ၄၅၂၉.၅၆ စတုရန်းမိုင်
ခရိုင် ၂ ခရိုင်
လွိုင်ကော်ခရိုင် ဘော်လခဲခရိုင်
လွိုင်ကော် ဘော်လခဲ
ဒီမောဆို ဖာဆောင်း
ဖ႐ူဆို မဲ့စဲ့
ရှားတော
ကယားပြည်နယ်၌ မြို့နယ် ရခု မြို့ ရခုရှိသည်။

ကရင်ပြည်နယ်
မြို့တော်= ဘားအံ
အကျယ်အဝန်း=၁၁၇၃၀.၈၅ စတုရန်းမိုင်
ခရိုင် ၃ ခရိုင်
ဘားအံခရိုင် မြဝတီခရိုင် ကော့ကရိတ်ခရိုင်
ဘားအံ မြဝတီ ကော့ကရိတ်
ဖာပွန် ကြာအင်းဆိပ်ကြီး
သံတောင် ကျုံဒိုး( မြို့ )
သံတောင်ကြီး(မြို့) ဘုရားသုံးဆူ(မြို့)
လှိုင်းဘွဲ့
ကရင်ပြည်နယ်၌ မြို့နယ် ရခု မြို့ ၁၀ ခုရှိသည်။

ချင်းပြည်နယ်
မြို့တော်= ဟားခါး
အကျယ်အဝန်း=၁၃၉၀၆.၉ရ စတုရန်းမိုင်
ခရိုင် ၂ ခရိုင်
ဖလမ်းခရိုင် မင်းတပ်ခရိုင်
ဖလမ်း မင်းတပ်
ဟားခါး မတူပီ
ထန်တလန် ကန်ပက်လက်
တီးတိန် ပလက်ဝ
တွန်းဇံ

မှတ်ချက်။ ။မြို့ဟု ကွင်းမခပ်ထားသည်များမှာ မြို့နယ်များ ဖြစ်ကြသည်။

မွန်ပြည်နယ်
မြို့တော်=မော်လမြိုင်
အကျယ်အဝန်း=၄၇၄၇.၇၆ စတုရန်းမိုင်
ခရိုင် ၂ခရိုင်
မော်လမြိုင်ခရိုင် သထုံခရိုင်
မော်လမြိုင် သထုံ
ကျိုက်မရော ပေါင်
ချောင်းဆုံ ကျိုက်ထို
သံဖြူဇရပ် ဘီးလင်း
မုဒုံ
ရေး
ကျိက္ခမီ( မြို့ )
မွန်ပြည်နယ်၌ မြို့နယ် ၁၀ ခု မြို့ ၁၁ ခု ရှိသည်။

ရခိုင်ပြည်နယ်
မြို့တော်=စစ်တွေ
အကျယ်အဝန်း=၁၄၂၀၀.၀၈ စတုရန်းမိုင်
ခရိုင် ၄ ခရိုင်
စစ်တွေခရိုင် မောင်တောခရိုင် ကျောက်ဖြူခရိုင် သံတွဲခရိုင်
စစ်တွေ မောင်တော ကျောက်ဖြူ သံတွဲ
ပုဏ္ဏားကျွန်း ဘူးသီးတောင် မာန်အောင် တောင်ကုတ်
မြောက်ဦး ရမ်းဗြဲ ဂွ
ကျောက်တော် အမ်း
မင်းပြား
မြေပုံ
ပေါက်တော
ရသေ့တောင်
ရခိုင်ပြည်နယ်၌ မြို့နယ် ၁ရ ခု မြို့ ၁ရ ခုရှိသည်။

ရှမ်းပြည်နယ်
မြို့တော်= တောင်ကြီး
အကျယ်အဝန်း= ၆၀၁၅၅.၂၃ စတုရန်းမိုင်
ခရိုင် ၁၁ ခရိုင်
တောင်ကြီးခရိုင် လွိုင်လင်ခရိုင် ကျောက်မဲခရိုင် မိုင်းဆတ်ခရိုင်
တောင်ကြီး လွိုင်လင် ကျောက်မဲ မိုင်းဆတ်
ညောင်ရွှေ လဲချား နောင်ချို မိုင်းပြင်း
ဟိုပုံး နမ့်စမ် သီပေါ မိုင်းတုံ
ဆီဆိုင် ကွန်ဟိန်း နမ္မတူ
ကလော မိုးနဲ နမ့်ဆန်
ပင်းတယ မိုင်းရှုး မိုးမိတ်
ရွှာငံ လင်းခေး မဘိမ်း
ရပ်စောက် မောက်မယ် မန်တုံ
ပင်လောင်း မိုင်းပန်
ဖယ်ခုံ ကျေးသီး
အေးသာယာ( မြို့ ) မိုင်းကိုင်
အောင်ပန်း (မြို့) ဟိုမိန်း(မြို့)

လားရှိုးခရိုင် မူဆယ်ခရိုင် လောက်ကိုင်ခရိုင် ကွမ်းလုံခရိုင်
လားရှိုး မူဆယ် လောက်ကိုင် ကွမ်းလုံ
သိန္ဒီ နမ့်ခမ်း ကုန်းကြမ်း ဟိုပန်
မိုင်းရယ် ကွတ်ခိုင်
တန့်ယမ်း
မန်ဖန့်
ပန်ယန်း
နားဖန်း
ပန်ဝိုင်
မိုင်းမော

တာချီလိတ်ခရိုင် မိုင်းဖြတ်ခရိုင် ကျိုင်းတုံခရိုင်
တာချီလိတ် မိုင်းဖြတ် ကျိုင်းတုံ
မိုင်းလောင်း မိုင်းခတ်
မိုင်းယန်း
ရှမ်းပြည်နယ်တွင် မြို့နယ် ၅၅ ခု မြို့ ၅ရခုရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး
မြို့တော်= မုံရွှာ
အကျယ်အဝန်း= ၃၆၅၃၄.၇၁၄စတုရန်းမိုင်
ခရိုင် ၉ခရိုင်
ခန္တီးခရိုင် တမူးခရိုင် မော်လိုက်ခရိုင် ကသာခရိုင်
ခန္တီး တမူး မော်လိုက် ကသာ
ဟုမ္မလင်း ဖောင်းပြင် အင်းတော်
လေရှီး ထီးချိုင့်
လဟယ် ဗန်းမောက်
နန်းယွန်း ကောလင်း
ဝန်းသို
ပင်လည်ဘူး

စစ်ကိုင်းခရိုင် ကလေးခရိုင် မုံရွှာခရိုင် ရွှေဘိုခရိုင်
စစ်ကိုင်း ကလေး မုံရွှာ ရွှေဘို
မြင်းမူ ကလေးဝ ဘုတလင် ခင်ဦး
မြောင် မင်းကင်း အရာတော် ဝက်လက်
ချောင်းဦး ကန့်ဘလူ
ယင်းမာပင် ကျွန်းလှ
(ခရိုင် ဖြစ်သွား ယင်းမာပင်)
ကနီ ရေဦး
ဆားလင်းကြီး ဒီပဲယင်း
ပုလဲ တန့်ဆည်
စစ်ကိုင်းတိုင်း ဒေသကြီးတွင် မြို့နယ် ၃ရ ခု မြို့ ၃ရ ခု ရှိသည်။

တနသာင်္ရီတိုင်းဒေသကြီး
မြို့တော်=ထားဝယ်
အကျယ်အဝန်း=၁၆၇၃၅.၅၆စတုရန်းမိုင်
ခရိုင် ၃ ခရိုင်
ထားဝယ်ခရိုင် မြိတ်ခရိုင် ကော့သောင်းခရိုင်
ထားဝယ် မြိတ် ကော့သောင်း
လောင်းလုံ ကျွန်းစု ဘုတ်ပြင်း
သရက်ချောင်း ပုလော
ရေဖြူ တနသာင်္ရီ
တနသာင်္ရီတိုင်းတွင် မြို့နယ် ၁၀ ခု မြို့ ၁၀ခုရှိသည်။

ပဲခူးတိုင်းဒေသကြီး
မြို့တော်= ပဲခူး
အကျယ်အဝန်း=၁၅၂၁၄.၁၂၉ စတုရန်းမိုင်
ခရိုင် ၄ခရိုင်
ပြည်ခရိုင် တောင်ငူခရိုင် သာယာဝတီခရိုင် ပဲခူးခရိုင်
ပြည် တောင်ငူ သာယာဝတီ ပဲခူး
ပေါက်ခေါင်း ရေတာရှည် လက်ပံတန်း သနပ်ပင်
ပန်းတောင်း ကျောက်ကြီး မင်းလှ ကဝ
ပေါင်းတည် ဖြူး အုတ်ဖို ဝေါ
သဲကုန်း အုတ်တွင်း ဇီးကုန်း ညောင်လေးပင်
ရွှေတောင် ထန်းတပင် နတ်တလင်း ကျောက်တံခါး
ကေတုမတီ(မြို့) မိုးညို ဒိုက်ဦး
ကြို့ပင်ကောက် ရွှေကျင်
သုံးဆယ်(မြို့) ပဲနွယ်ကုန်း(မြို့)
မဒေါတ်(မြို့)
ပြွန်တံဆာ(မြို့)
ပဲခူးတိုင်းဒေသကြီး၌ မြို့နယ် ၂၈ ခု မြို့ ၃၄ ခု ပါရှိသည်။

မကွေးတိုင်းဒေသကြီး
မြို့တော်=မကွေး
အကျယ်အဝန်း= ၁၇၃၀၅.၃၂ စတုရန်းမိုင်
ခရိုင် ၅ ခရိုင်
ဂန့်ဂေါခရိုင် ပခုက္ကူခရိုင် မင်းဘူးခရိုင်
ဂန့်ဂေါ ပခုက္ကူ မင်းဘူး ထီးလင်း ရေစကြို ပွင့်ဖြူ
ဆော မြိုင် ငဖဲ
ပေါက် စလင်း
ဆိပ်ဖြူ စေတုတ္တရာ
စကု
သရက်ခရိုင် မကွေးခရိုင်
သရက် မကွေး
မင်းလှ ရေနံချောင်း
မင်းတုန်း တောင်တွင်းကြီး
ကံမ မြို့သစ်
အောင်လံ နတ်မောက်
ဆင်ပေါင်ဝဲ ချောက်
မကွေးတိုင်းဒေသကြီး၌ မြို့နယ် ၂၅ ခု မြို့ ၂၅ မြို့ရှိသည်။

မန္တလေးတိုင်းဒေသကြီး
မြို့တော်= မန္တလေး
အကျယ်အဝန်း=၁၅၂၁၄.၁၂၉စတုရန်းမိုင်
ခရိုင် ၆ ခရိုင်
မန္တလေးခရိုင် ပြင်ဦးလွင်ခရိုင် ကျောက်ဆည်ခရိုင်
အောင်မြေသာဇံ ပြင်ဦးလွင် ကျောက်ဆည်
ချမ်းအေးသာဇံ မတ္တရာ စဉ့်ကိုင်
မဟာအောင်မြေ စဉ့်ကူး မြစ်သား
ချမ်းမြသာစည် မိုးကုတ် တံတားဦး
ပြည်ကြီးတံခွန် သပိတ်ကျင်း မြစ်ငယ်(မြို့)
အမရပူရ
ပုသိမ်ကြီး

ညောင်ဦးခရိုင် မြင်းခြံခရိုင် မိတ္ထီလာခရိုင် ရမည်းသင်းခရိုင်
ညောင်ဦး မြင်းခြံ မိတ္ထီလာ ရမည်းသင်း
ပုဂံ တောင်သာ မလှိုင် ပျော်ဘွယ်
နွားထိုးကြီး သာစည် တပ်ကုန်း
ကျောက်ပန်းတောင်း ဝမ်းတွင်း ပျဉ်းမနား
ငါန်းဇွန် လယ်ဝေး
မှတ်ချက်။ ။ နေပြည်တော်ခရိုင် နေပြည်တော်သည် မန္တလေးတိုင်း ခရိုင်များတွင် ထည့်သွင်း မရေတွက်ရပါ။
မန္တလေးတိုင်းဒေသကြီး၌ မြို့နယ်ပေါင်း ၃၂ မြို့ မြို့ ပေါင်း ၃၃ မြို့ ပါဝင်သည်။
ရန်ကုန်တိုင်းဒေသကြီး
မြို့တော်=ရန်ကုန်
အကျယ်အဝန်း=၃၉၂၇.၁၄၄ စတုရန်းမိုင်
ခရိုင် ၄ ခရိုင်
ရန်ကုန်တောင်ပိုင်းခရိုင် ရန်ကုန်မြောက်ပိုင်းခရိုင်
သန်လျင် အင်းစိန်
ကျောက်တန်း မင်္ဂလာဒုံ
သုံးခွ မှော်ဘီ
ခရမ်း လှည်းကူး
တွံတေး တိုက်ကြီး
ကွမ်းခြံကုန်း ထန်းတပင်
ကော့မှူး ရွှေပြည်သာ
ဒလ လှိုင်သာယာ
ဆိပ်ကြီး/ခနောင်တို ထောက်ကြန့်
ကိုကိုးကျွန်း

ရန်ကုန်အနောက်ပိုင်းခရိုင် ရန်ကုန်အရှေ့ပိုင်းခရိုင်
ကျောက်တံတား သင်္ကန်းကျွန်း
လသာ ရန်ကင်း
ပန်းပဲတန်း တောင်ဥက္ကလာပ
အလုံ မြောက်ဥက္ကလာပ
လမ်းမတော် ဒေါပုံ
ကြည့်မြင်တိုင် သာကေတ
စမ်းချောင်း တာမွေ
ကမာရွတ် ပုဇွန်တောင်
လှိုင် ဗိုလ်တထောင်
ဒဂုံ ဒဂုံမြို့သစ်မြောက်ပိုင်း
မရမ်းကုန်း ဒဂုံမြို့သစ်အရှေ့ပိုင်း
ဗဟန်း ဒဂုံမြို့သစ်တောင်ပိုင်း
ဆိပ်ကမ်း ဆိပ်ကမ်း
ရန်ကိုင်းတိုင်းဒေသကြီးတွင် မြို့နယ် ၄၅ မြို့ ၂၀ ပါဝင်သည်။
နေပြည်တော်
မြို့တော်=နေပြည်တော်(ပြည်ထောင်စု နယ်မြေ)
အကျယ်အဝန်း= ၂၇၂၃.၇၁ စတုရန်းမိုင်
နေပြည်တော်ကို နိုင်ငံတော် သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်ခံ နယ်မြေအဖြစ်ထားရှိသည်။
ဧရာဝတီတိုင်းဒေသကြီး
မြို့တော်=ပုသိမ်
အကျယ်အဝန်း=၁၃၅၆၆.၅၉၃ စတုရန်းမိုင်
ခရိုင် ၅ခရိုင်
ပုသိမ်ခရိုင် မြောင်းမြခရိုင် ဖျာပုံခရိုင်
ပုသိမ် မြောင်းမြ ဖျာပုံ
ကန်ကြီးထောင့် အိမ်မဲ ဘိုကလေး
သာပေါင်း လပ္ပတ္တာ ကျိုက်လတ်
ငပုတော ဝါးခယ်မ ဒေးဒရဲ
ကျုံပျော် မော်လမြိုင်ကျွန်း
ရေကြည်
ကျောင်းကုန်း
ငသိုင်းချောင်း(မြို့)
ဟိုင်းကြီးကျွန်း(မြို့)

မအူပင်ခရိုင် ဟသာင်္တခရိုင်
မအူပင် ဟသာင်္တ
ပန်းတနော် ဇလွန်
ညောင်တုန်း လေးမျက်နှာ
ဓနုဖြူ မြန်အောင်
ကြံခင်း
အင်္ဂပူ
ကနောင်(မြို့)
ဧရာဝတီတိုင်းဒေသကြီးကို မြို့နယ် ၂၆ ခု မြို့ ၂၉ ခုဖြင့် ဖွဲ့စည်း ထားသည်။

လိုအပ်နေသည့်မြို့လေးများရှိရင် မန့်မှာကျေးဇူးပြုပြီးရေးပေးခဲ့ကြပါ

အသစ်သစ်တွေနဲ့ကျောင်းတော်ကြီး(ကျောင်းတောင်ပြန်တက်ချင်သွားတယ်)
05/01/2021

အသစ်သစ်တွေနဲ့ကျောင်းတော်ကြီး
(ကျောင်းတောင်ပြန်တက်ချင်သွားတယ်)

တောင်ပြိုကမ်းပြိုမြန်မာစာအဖွဲ့က “တောင်ပြိုကမ်းပြို”ကသာ အမှန်လို့ သတ်မှတ် ပြဋ္ဌာန်းလိုက်ပါပြီ။စာနယ်ဇင်းတွေထဲမှာ အရေးအသား ...
03/01/2021

တောင်ပြိုကမ်းပြို

မြန်မာစာအဖွဲ့က “တောင်ပြိုကမ်းပြို”ကသာ အမှန်လို့ သတ်မှတ် ပြဋ္ဌာန်းလိုက်ပါပြီ။

စာနယ်ဇင်းတွေထဲမှာ အရေးအသား ၂ မျိုးကွဲပြားနေတဲ့ စကားလုံး တလုံးရှိပါတယ်။ ရွေးကောက်ပွဲနီးတဲ့ ကာလတွေမှာ အဲဒီစကားလုံးကို ပိုတွေ့ရတတ်ပါတယ်။ အဲဒီစကားလုံးကို တချို့က “တောင်ပြိုကမ်းပြို”လို့ ရေးပြီး၊ တချို့က “သောင်ပြိုကမ်းပြို”လို့ ရေးကြပါတယ်။ ကိုယ့်အယူအဆနဲ့ကိုယ် ကိုယ်သန်ရာကိုယ်ယူရေးနေကြလို့ ၂ မျိုး သိသိသာသာ ကွဲပြားနေပါတယ်။

တချို့က တောင်ပြိုတာပဲကြားဖူးတယ်။ သောင်ပြိုတာ မကြားဖူးဘူးလို့ဆိုပြီး တောင်ပြိုကမ်းပြိုကို အမှန်ယူကြပါတယ်။ တချို့ကတော့ တောင်ကြီးက ပြိုဖို့ခက်တယ်၊ သောင်ပဲပြိုတာ ဖြစ်လောက်တယ်ဆိုပြီး သောင်ပြိုကမ်းပြိုလို့ ရေးကြပါတယ်။

အခုသတ်ပုံကျမ်းပြင်ဆင်ချက်မှာ တခုကို ပြတ်ပြတ်သားသား သတ်မှတ်ပြဋ္ဌာန်းပေးလိုက်ပါတယ်။ သတ်ပုံကျမ်းက သတ်မှတ်ပြဋ္ဌာန်းလိုက်တဲ့ စကားလုံးကတော့ “တောင်ပြိုကမ်းပြို” ဖြစ်ပါတယ်။

သောင်ပြိုကမ်းပြိုကို ပယ်ပြီး ဘာ့ကြောင့် တောင်ပြိုကမ်းပြိုကို သတ်မှတ်ပြဋ္ဌာန်းလိုက်တာလဲဆိုတာ သတ်ပုံကျမ်းပြုစုသူ၊ တည်းဖြတ်သူတွေထဲမှာ တယောက်အပါအဝင်ဖြစ်တဲ့ မြန်မာစာအဖွဲ့က ဆရာကြီး ဦးထွန်းတင့်ကို မေးမြန်းကြည့်ပါတယ်။

“တောင်ပြိုကမ်းပြို၊ သောင်ပြိုကမ်းပြိုဆိုတဲ့ ဝေါဟာရက ဟိုးရှေးတုန်းကတည်းက ရှိခဲ့တဲ့ ဝေါဟာရ မဟုတ်ဘူးဗျ။ ဒီကောင်ပေါ်လာတာ သိပ်မကြာသေးဘူး။ အဲသလိုယူဆရတယ်။ တကယ်လို့ ကျွန်တော်အမှတ်မမှားဘူးဆိုရင်၊ မှတ်မိသလောက်တော့ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ NLD ကတောင်ပြိုကမ်းပြို နိုင်ခဲ့တယ်လို့ ဦးဝင်းတင်က စပြီး သုံးစွဲခဲ့တယ်။ သူသုံးတော့ တောင်ပြိုကမ်းပြိုလို့ တဝမ်းပူနဲ့ပဲသုံးခဲ့တယ်။ ဦးဝင်းတင်က သူ့ဖာသာ စတင်တီထွင်ပြီး သုံးလိုက်မဟုတ်ဘဲ၊ အရင် တနေရာရာမှာ အသုံးရှိလို့ လိုက်သုံးတာလဲ ဖြစ်ချင်ဖြစ်နိုင်ပါတယ်။”

“တောင်ကလဲ ကမ်းနဲ့တွဲတတ်တယ်။ သောင်ကလဲ ကမ်းနဲ့တွဲတတ်တယ်။ အဲဒီတော့ အမှတ်မှားကြရာကနေ တောင်ပြိုကမ်းပြိုနဲ့ သောင်ပြိုကမ်းပြိုဆိုပြီး နှစ်မျိုးဖြစ်သွားတာပါ။ ဒါပေမဲ့ ပြိုတယ်ဆိုတာကို သုံးတဲ့အခါကျတော့ ဘာကပြိုတတ်သလဲဆိုတော့ တောင်ကပဲပြိုလေ့ရှိတာပေါ့ဗျာ။ တောင်သာလျှင်ပြိုတာပေါ့။ သောင်ကတော့ ပြိုတယ်လို့ သိပ်သုံးလေ့မရှိဘူးပေါ့ဗျာ။ ဘာ့ကြောင့်လဲဆိုတော့ သောင်ဆိုတာဟာ သဲသောင်။ သဲသောင်က ဘယ်မှာမှ အမြင့်ကြီး မရှိဘူး။ ယာယီပြန်ပေါ်လာတဲ့ သဲသောင်ဟာ နိမ့်နိမ့်လေးပဲရှိတယ်။ အမြင့်ကြီး သိပ်မရှိဘူး။ ဒီတော့ သူကပျောက်ပျက်သွားတာပဲဖြစ်ကောင်းဖြစ်မယ်။ ပြိုသွားတယ်လို့မရှိဘူး။ ဒါ့ကြောင့် တောင်ကတော့ပြိုနိုင်တယ်၊ ကမ်းကလဲပြိုနိုင်တယ်ဆိုပြီး တောင်ပြိုကမ်းပြိုကို သတ်မှတ်ပြဋ္ဌာန်းလိုက်တာပါ။”

ဒါ့အပြင် ဒီစကားလုံးဟာ ဘာသာပြန်စကားလို့ ဆရာကြီး ဦးထွန်းတင့်က ယူဆပါတယ်။ အင်္ဂလိပ်စကား landslide ကိုဘာသာပြန်ထားတဲ့ စကားလုံးမို့ တောင်ပြိုကမ်းပြိုက အမှန်ဆိုတာ ပိုသေချာတယ်လို့ ဆရာကြီး ဦးထွန်းတင့်ကဆိုပါတယ်။ ရွေးကောက်ပွဲတွေမှာ အပြတ်အသတ်အနိုင်ရတဲ့အခါ အင်္ဂလိပ်ဘာသာစကားမှာ landslide victory လို့သုံးလေ့ရှိပါတယ်။ အဲဒီ landslide ရဲ့ မူလအဓိပ္ပာယ်က တောင်ပြိုတာပါ။ ၁၉၆၆ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ဒေါက်တာဘဟန်အဘိဓာန်မှာ landslide ကိုတောင်ကမ်းပါးပြိုကျခြင်းလို့ အဓိပ္ပာယ်ပေးထားပါတယ်။ ဒါကိုပဲ ဆရာဦးဝင်းတင်က ကြိယာဝိသေသနအဖြစ်သုံးတဲ့အခါ တောင်ပြိုကမ်းပြိုဆိုတဲ့စကားလုံးကို အသုံးပြုလိုက်တာ ဖြစ်နိုင်ပါတယ်။

တောင်ပြိုကမ်းပြိုဆိုတဲ့စကားကို စသုံးသူဟာ ဆရာဦးဝင်းတင်ဖြစ်နိုင်ပါတယ်။ landslide ကိုတောင်ကမ်းပါးပြိုတယ်လို့ ဘာသာပြန်တာကတော့ ဆရာဦးဝင်းတင်ပထမဦးဆုံးမဟုတ်ပါဘူး။

တောင်ပြိုကမ်းပြိုဆိုတဲ့စကားဟာ landslide ကလာတယ်ဆိုတာ လွဲနိုင်စရာမရှိသလောက် သေချာနေပါတယ်။ ဒါ့ကြောင့် သောင်ပြိုကမ်းပြိုဟာအမှန်မဟုတ်ဘဲ တောင်ပြိုကမ်းပြိုကသာ အမှန်ဖြစ်တယ်ဆိုတာကလည်း မလွဲနိုင်သလောက်နည်းပါး သေချာနေပါတယ်။

(ဤစာကို ဘီဘီစီ သတင်းဌာနမှ ကူးယူ၍ တင်ပြပါသည်။)

#တောင်ပြိုကမ်းပြို

"တပည့် (လေး) မျိုး"~~~~~~~~~~~~~~~၁။ ဆရာဖြစ်သူရဲ့အတင်း    အဖျင်းကို အရသာခံပြောတတ်တဲ့    အရှက်မဲ့ကျေးဇူးမသိတတ်သော     #တင...
31/12/2020

"တပည့် (လေး) မျိုး"
~~~~~~~~~~~~~~~

၁။ ဆရာဖြစ်သူရဲ့အတင်း
အဖျင်းကို အရသာခံပြောတတ်တဲ့
အရှက်မဲ့ကျေးဇူးမသိတတ်သော
#တင်းပည့်။

၂။ အတတ်ပညာလေး
မတောက်တစ်ခေါက်စုံလာတော့
ဆရာကိုယှဉ်ပြိုင်အံတု
နေရာယူဖို့ကြိုးစားတတ်သော
#တုပည့်။

၃။ အရာရာမှာ အလိုက်သိ
တာဝန်ကျေပြီးပရိယတ္တိ
စာပေကိုသာ အလေးထား
ဆည်းပူးသင်ယူသဖြင့်
ဆရာဖြစ်သူ၏ချီးမြှောက်ပသမှု
ခံယူရေသာ
#သပည့်။

၄။ အနေအထိုင်ပိရိ
ပညာလည်းကြိုးစား
ကျောင်းလည်းမြဲ ဆရာသမား၏
ကွယ်ရာမှာကော
ရှေ့မှာပါ စိတ်ချရသဖြင့်
အမြဲတသတမ်းတနေရမည့်
#တပည့်။

ဤတပည့် လေး မျိုးထဲမှာ
(၁) နဲ့ (၂) တပည့်တွေက မက္ခပလာပ
ကျေးဇူးတရားဖျက်စီးစော်ကားသူတွေ ဖြစ်တာကြောင့်
"သက်ရှည်လို့ဘုန်းမကြီး ဘုန်းကြီးလို့သက်မရှည်" ဖြစ်တတ်တယ် ရှောင်ကြဉ်ကြ။

နံပါတ် (၃)( ၄) တပည့်မျိုးတွေဖြစ်အောင်
အကောင်းဆုံးပြုပြင်နေထိုင်ကြ။

ကိုယ်ကတပည့်ကောင်းဖြစ်ခဲ့ဖူးမှ
နောင်တစ်ချိန်မှာ ဆရာကောင်းပြန်ဖြစ်နိုင်တယ်။

Credit :
စစ်ကိုင်းသက်တော်ရှည်ရွှေဟင်္သာ
ဆရာတော်ကြီးသြဝါဒလို့

အရှင်ဣန္ဒာသိရီ-မန္တလေး

မေတ္တာများစွာဖြင့်
#အောင်မြင်ရေးနည်းလမ်းများ

မြန်မာလူမျိုးတို့၏ ဆယ့်နှစ်လရာသီပွဲတော်များနှင့် ပန်းများအကြောင်း 🌼🌼🌼ရာသီမသိ     ပန်းနဲ့ညှိ🌼🌼🌼တခူးလ.          သင်္ကြန် ပ...
18/12/2020

မြန်မာလူမျိုးတို့၏ ဆယ့်နှစ်လရာသီ
ပွဲတော်များနှင့် ပန်းများအကြောင်း

🌼🌼🌼ရာသီမသိ ပန်းနဲ့ညှိ🌼🌼🌼

တခူးလ. သင်္ကြန် ပွဲ တော်။
ရာသီပန်း ။ ။ ပိတောက်ပန်း ၊ကံ့ကော်ပန်း။

ကဆုန်လ. ညောင်ရေသွန်းပွဲတော်။
ရာသီပန်း စကားဝါပန်း။

နယုန်လ. စာပြန်ပွဲတော်။
ရာသီပန်း စံပယ်ပန်း။

ဝါဆိုလ. ရဟန်းခံရှင်ပြုပွဲ ၊ ဝါဆို သင်္ကန်းကပ်ပွဲ။
ရာသီ ပန်း ပုန်းညက်ပန်း။

ဝါခေါင်လ. စာရေးတံမဲပွဲတော် ။
ရာသီပန်း ခေတ္တာပန်း။

တော်သလင်းလ. လှေပြိုင်ပွဲ တော်။
ရာသီပန်း ယင်းမာပန်း။

သီတင်းကျွတ်လ. မီးထွန်းပွဲတော် ။
ရာသီပန်း ကြာပန်း။

တဆောင်မုန်းလ. ကထိန်ပွဲတော်။
ရာသီပန်း ခဝဲပန်း။

နတ်တော်လ. စာဆိုတော်ပွဲ။
ရာသီပန်း ဂမုန်းပန်း ၊သဇင်ပန်း။

ပြာသို လ မြင်းခင်းသဘင်ပွဲတော်။
ရာသီပန်း ခွာညိုပန်း။

တပိုးတွဲလ. ထမနဲပွဲတော်။
ရာသီပန်း ပေါက်ပန်း ။

တပေါင်းလ. သဲပုံစေတီပွဲတော် ။
ရာသီပန်း သရဖီပန်း။

(ပြန်လည်ကူးယူ ဖော်ပြပါသည်။)

မြန်မာစာ🇲🇲🇲🇲🇲🇲"ဘူးသီး" ကို "ဗူးသီး"လို့ မရေးမိစေနဲ့။"ဗူး"မှုတ်တာကလွဲရင်ဘာထည့်တဲ့ ဘူးဖြစ်ဖြစ် ၊အကုန်လုံး ဘကုန်းနဲ့  "ဘူး"...
28/11/2020

မြန်မာစာ
🇲🇲🇲🇲🇲🇲
"ဘူးသီး" ကို "ဗူးသီး"လို့ မရေးမိစေနဲ့။
"ဗူး"မှုတ်တာကလွဲရင်
ဘာထည့်တဲ့ ဘူးဖြစ်ဖြစ် ၊
အကုန်လုံး ဘကုန်းနဲ့ "ဘူး" ။

[ပန်းရန်ဆရာတွေ၊ကိုင်တဲ့ကိရိယာကို
"သံလျက်"လို့ ၊မရေးမိစေနဲ့နော်။(ကိုယ်လည်းမှားရေးဖူးတယ်)။

"သံလက်"လို့ ရေးမှ မှန်တယ်။]
[ဘုရင်တွေကိုင်တဲ့ ဓားအမျိုးအစားကိုလည်း"သံလက်"လို့ မရေးမိစေနဲ့ ။
"သန်လျက်"လို့ ရေးမှ အမှန်]
"ပါတ်သက်"လို့ရေးထားတာတွေ့ရင်၊
"ပတ်သက်"လို့ ပြင်ပေးလိုက်ပါ။

"တစ်ချို့"လို့ ရေးထားတာတွေ့ရင်၊
"တချို့"လို့ ပြင်ပေးလိုက်ပါ။
"မျိုးမျိုးမြတ်မြတ်"မဟုတ်ဘူးနော်။
"မြိုးမြိုးမြက်မြက်"

"မျက်ခြေပြတ်"လို့မှား မရေးနဲ့။
"မျက်ခြည်ပြတ်"လို့ရေးမှအမှန်။

"ဟိုလိုတက်ကတယ်"
"ဒီလိုတက်ကတယ်"ဆိုပြီး
"တက်ရတယ်"လို့ ပြောတဲ့အခါမှာ၊
"ရ" နဲ့ "က"တောင်
အထားအသို မမှန်ဘဲ ပြောနေတဲ့၊
နိုင်ငံခြားဘာသာ သင်တန်းဆရာတချို့လည်းရှိတတ်တယ်။

"တက်ရတယ်"လို့ ပြောမှ မှန်ပါတယ်။

"တက်ကတယ်"ဆိုတာ၊ အပေါ်ကိုတက်ပြီး ကတယ်လို့ ဆိုလိုတာပါ။

လုပ်ရတယ်ကို လုပ်ကတယ်
စားရတယ်ကို စားကတယ် ၊

စားရဦးမယ်ကို စားကဦးမယ် စသည်ဖြင့် ၊

(ဒါဟာ စကားမပီတာ မဟုတ်ပါဘူး။
စာမပီတာပါ။စာမတတ်တာပါ။
မြန်မာစာကို တိတိကျကျ ၊မသိ မတတ်တာပါ။
မြန်မာစကား မတတ်တာပါ။
မြန်မာစကား ပီပီသသ၊မပြောတတ်တာပါ)။

"ပဠိပကၡ"လို့
ရေးတဲ့ပညာရှင်ရှိနေတယ်။
"ပဋိပက္ခ"သာ အမှန် ဖြစ်ပါတယ်။

ကာတွန်းမှာပဲ ဖြစ်ဖြစ်၊
တခြားဝါကျမှာပဲဖြစ်ဖြစ်၊
"ဝုန်းကနဲ့"တို့
"ဒိုင်းကနဲ"တို့ တွေ့ပြီဆိုရင်၊
"ဝုန်းခနဲ" "ဒိုင်းခနဲ"လို့သာ
ပြင်ပေးလိုက်ပေတော့။

"ကတ်ပြား"လို့ ရေးမှ အမှန်။
["ကပ်ပြား" "ကဒ်ပြား"(အမှား)]

သေနတ်ထဲ ထည့်တဲ့ ယမ်းတောင့်ကို
"ကျည်ဆံ"လို့ ရေးရင် အမှား။
["ကျည်ဆန်"လို့ရေးမှ အမှန်။
(ကိုယ်လည်း မှားရေးဖူးတယ်)]

{တစ်ဆက်တည်း မှာပါရစေ။ကျည်ဆံလို့ အသံမထွက်ဘူးနော်။ ကျည်ဇန်လို့အသံထွက်ရမယ်}

သူ့ထက်ပိုတယ်လို့ ရေးရမှာကို၊
သူ့ထပ်ပိုတယ်လို့ ရေးနေမိကြတယ်။

မြန်မာစာ သိပ်မရင်းနှီးတဲ့သူဆိုရင်၊
"ကရဝိက်"ငှက်ကို ၊
"ကရဝိတ်ငှက်"
"ကရဝိတ်ဌက်"လို့၊ရေးမိတတ် ကြတယ်။

"ကြေငြာ" လို့ရေးရင်အမှား၊
"ကြေညာ"လို့ရေးမှ အမှန်။

"ကြော်ညာ"လို့ရေးရင် အမှား၊
"ကြော်ငြာ"လို့ရေးမှ အမှန်။

"ရှုခင်း"ကို
"ရှု့ခင်း"လို့ မရေးမိစေနဲ့။

{"မွှေ့ရာ"လည်း မဟုတ်ဘူး။
"မွှေ့ယာ"လည်း မဟုတ်ဘူး။
"မွေ့ယာ"လည်းမဟုတ်ဘူး။
"မွေ့ရာ"လို့ ရေးမှ အမှန်။}

{"အိပ်ယာ"လို့ရေးရင် အမှား။
"အိပ်ရာ"လို့ရေးမှ အမှန်။}
{"အိမ်ယာ"လို့ ရေးရင် အမှား။
"အိမ်ရာ"လို့ရေးမှ အမှန်။}

သတင်းရေးသူတွေပဲဖြစ်ဖြစ်
တခြားရေးသူတွေပဲဖြစ်ဖြစ်၊
"တုန့်ပြန်"လို့ ရေးနေမိကြလိမ့်မယ်။
"တုံ့ပြန်"သာအမှန်ဖြစ်ပါတယ်။

"သံပုရာသီး"လို့ မှားမရေးမိစေနဲ့။
"သံပရာသီး"လို့ ရေးမှ အမှန်။

"ပုခုံး"လို့ မှားမရေးမိစေနဲ့။
"ပခုံး"လို့ ရေးမှ အမှန်။

"အမွှာပူး"လို့ ရေးရင် မှားတယ်။
"အမြွှာပူး"လို့ရေးမှ အမှန်။

ဗံဒါပင်လည်းမဟုတ်ဘူး၊
ဗန်ဒါပင်လည်း မဟုတ်ဘူး၊
ဗန္ဒာပင်လည်း မဟုတ်ဘူး။
"ဗာဒံပင်"

"ဆက်နွယ်"လို့ရေးတာ
အမှန် ထင်ခဲ့ဖူးတယ်။မဟုတ်ဘူး။
"ဆက်နွှယ်"လို့ရေးမှ အမှန်။

"ပတ်သက်"ကို "ပတ်သတ်"လို့ရေးသလို၊
"ဖြစ်ရပ်"ကို "ဖြစ်ရက်"လို့ ရေးနေကြတယ်။

(မြန်မာပြည်က မြန်မာတွေရဲ့ မြန်မာစာအခြေအနေ)
___________

"တစ်ခြား"လို့ အရေးမှားသူတွေ
ရှိနေသေးတယ်။
"တခြား"ကအမှန် ။

"အဓိဠာန်"လို့ မှားရေးထားတာလည်း တွေ့ကြရမယ်။
"အဓိဋ္ဌာန်"သာအမှန်ဖြစ်ကြောင်း
သိထားရမယ်။

"လှေခါး"လို့ရေးရင်မှားတယ်။
"လှေကား" (အမှန်)

ကမ္ဘာ"တစ်ဝှမ်း"နိုင်ငံ"တစ်ဝှမ်း"လို့
ရေးမိတတ်ကြတယ်။
ကမ္ဘာတစ်ဝန်း
နိုင်ငံတစ်ဝန်းလို့ ရေးမှမှန်တယ်နော် ။

"တစ်ခါတစ်လေ"လို့ရေးထားတာပဲဖြစ်ဖြစ်၊
"တခါတလေ"လို့ ရေးထားတာပဲဖြစ်ဖြစ်၊ တွေ့ခဲမြင်ခဲ့ရင်၊
"တစ်ခါတလေ"သာ အမှန်ဖြစ်ကြောင်း၊
ကိုယ့်ဘာသာ မှတ်သားထားလိုက်ပါ။

"မြင့်မိုရ်တောင်"လို့ရေးထားတာတွေ့ရင်၊
"မြင်းမိုရ်တောင်"လို့ ပြင်ရေးပေးလိုက်ပါ။

"အနူးအညွန့်"တောင်းပန်ပါတယ်လို့
ရေးထားတာတွေ့ရင်၊
"အနူးအညွတ်"တောင်းပန်ပါတယ်လို့၊ ပြင်ပေးလိုက်ပါ။

ဒါဏ်ရိုက်မယ်လို့ရေးထားရင်၊
ဒဏ်ရိုက်မယ်လို့ ပြင်ပေးလိုက်ပါ။

ပါတ်ဝန်းကျင်လို့ ရေးထားရင်
ပတ်ဝန်းကျင်လို့ ပြင်ပေးလိုက်ပါ။

"လျှက်"ဆိုတဲ့ စာလုံး
ဘယ်မှာမှ မသုံးဘူး ။ ။
ဘာကြောင့်သတိရလျှက်
ခင်မင်လျှက်၊လေးစားလျှက်လို့
ရေးနေကြသလဲဆိုတာ့။

"လျက်"နဲ့ ရေးရတာကို မသိကြလို့ပေါ့။
လျက်ဆားကိုလည်း လျှာနဲ့ လျက်တယ်။

လေပြေလေညှင်းလို့ ရေးထားတာတွေ့ရင်၊
"လေပြည်လေညင်း"လို့ပြင်ပေးလိုက်ပါ။
(တိုက်ခတ်တဲ့လေကို၊"လေပြည်"လို့ခေါ်ပါတယ်။
"လေပြေ"လို့ ရေးရင် ၊ မှားပါတယ်)။

(ဇာတ်သဘင်မှာ ၊ အခန်းအကူးအပြောင်းအတွက်၊ ပြောတဲ့စကားကို၊ "လေပြေထိုး"တယ်လို့ ခေါ်သလို၊
စိတ်ဆိုးနေသူကို ပြေလည်အောင် ၊ ပြောတဲ့စကားကိုလည်း ၊ "လေပြေထိုး"တယ်လို့ခေါ်ပါတယ်)။

Credit to original uploader

သတ်ပုံ မမှားစေနဲ့

အမှန် (အမှား)

ကောက်နုတ် ✅
(ကောက်နှုတ်)❌
(အပေါင်းအနုတ်၊ ထုတ်နုတ်၊ ပေါင်းနုတ် စသည်တို့မှာလည်း 'နှုတ်' မဟုတ်ပါ။ 'နုတ်'သာ ဖြစ်ပါသည်။)

♒♒♒♒♒♒♒♒♒

ကျစ်လျစ် ✅(ကျစ်လစ်)❌
(ကျောင်းသားများ မေးခွန်းကူးရာကစ မှားတတ်သော စာလုံးပေါင်း ဖြစ်ပါသည်။)

✴✴✴✴✴✴✴✴✴✴

ခုနစ် ✅= ၇ (ခုနှစ်)❌

➖➖➖➖➖➖➖➖➖➖

ခေတ်မီ ✅(ခေတ်မှီ)❌
(မကြာမီ၊ အမီလိုက်၊ သူတို့ကိုမီပြီ စသည်တို့မှာလည်း 'မီ' ကိုသာ သုံးပါသည်။)

⚫⚫⚫⚫⚫⚫⚫⚫⚫⚫

ဂုဏ်ရည်တူချင်း ✅(ဂုဏ်ရည်တူခြင်း)❌
(ရူပကအလင်္ကာ ဖြေဆိုရာတွင် မှားတတ်သည်။)

〰〰〰〰〰〰〰〰〰〰

စိုပြည်✅ (စိုပြေ)❌

➖➖➖➖➖➖➖➖➖

စွဲလမ်း✅ (စွဲလန်း)❌

➖➖➖➖➖➖➖➖➖➖

တကယ်✅ (တစ်ကယ်)❌
➖➖➖➖➖➖➖➖➖➖
တချို့✅ (တစ်ချို့)❌
➖➖➖➖➖➖➖➖➖➖
တခြား ✅(တစ်ခြား)❌
(ဤစကားလုံးများမှာ အမှားများလှသည်။)
➖➖➖➖➖➖➖➖➖➖
တစ်ဝန်း✅ (တစ်ဝှမ်း)❌
(နိုင်ငံတစ်ဝန်း၊ ကမ္ဘာတစ်ဝန်း၊ လောကတစ်ဝန်းဟု ရေးမှ မှန်ပါသည်။ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သမ္မတရုံးက ထွက်လာသော စာများပင် မှားသုံးနေသည်ကို တွေ့ရသည်။)

တွန်ကျူး ✅(တွန်ကြူး)❌

ထို့ပြင် ✅(ထို့အပြင်)❌
(ထို့အပြင် ဟူသော အမှားကို စာနယ်ဇင်းလောကမှာ မမြင်ချင်အဆုံးပါ။ စာစီစာကုံးစာအုပ်များမှာပင် တွေ့နေရသည်။)

ဒါပေမဲ့✅ (ဒါပေမယ့်)❌

နေ့လယ် ✅(နေ့လည်)❌
(ဤ အမှားကို ဖိတ်စာများတွင် အများဆုံးတွေ့ရသည်။)

ပရိသတ်✅ (ပရိတ်သတ်)❌
ပင်ကို✅ (ပင်ကိုယ်)❌

ပြာသာဒ် ✅(ပြသာဒ်\ပြဿာဒ်)❌
(ကျောင်းသားများ ရေးတိုင်းမှားတတ်သော စာလုံးပေါင်း ဖြစ်သည်။)

ဖြည်းဖြည်း ✅(ဖြေးဖြေး)❌

မြောက်မြား ✅(မြောက်များ)❌
(ရှေးသုံးစကားကို မသိသူများ မှားလေ့ရှိသည်။)

မြင်းမိုရ်တောင်✅(မြင့်မိုရ်တောင်)❌
မြိန်ရှက်✅ (မြိန်ယှက်)❌

ရှိခိုး ✅(ရှစ်ခိုး)❌
(ယနေ့ခေတ်တွင် အံ့သြစရာ ကောင်းလောက်အောင် မှားလာကြသော စာလုံးပေါင်း ဖြစ်သည်။)

လေပြည်လေညင်း✅ (လေပြည်လေညှင်း)❌
(စာစီစာကုံးတွင် အသုံးရဆုံး စကားလုံးဖြစ်သည်။ မှားသူ များသည်။)

လက်ထပ် ✅(လက်ထက်)❌
('လက်ထပ်'ကို 'လက်ထက်'ဟု မှားပြီး
မင်းတုန်းမင်း၊ သီပေါမင်းတို့'လက်ထက်' ဆိုသည်ကိုတော့ 'လက်ထပ်'ဟု
ကိုရွှေကျောင်းသားတို့
မှားတတ်ကြပါသည်။)

လျက်✅ (လျှက်)❌
(မြန်မာစာတွင် 'လျှက်' မရှိဟု မှတ်ထားလျှင် မမှားဟု ဆိုနိုင်ပါသည်။)

ဝီရိယ ✅(ဝိရိယ)❌

သာမန်✅ (သာမာန်)❌
သဏ္ဌာန်✅ (သဏ္ဍာန်)❌
သန္နိဋ္ဌာန် ✅(သံဓိဋ္ဌာန်)❌

ဟေမန် ✅(ဟေမာန်)❌
(ဟေမန် = ဟေမန္တ = ဆောင်းဥတု။
ဂိမှန် = ဂိမှာန = နွေဥတု။
ဝသန် = ဝသန္တ = နွေဥတု။
ဝသန် = ဝ ဿာန = မိုးဥတု။)

အနှောင့်အယှက်✅ (အနှောက်အရှက်)❌
အလျင်အမြန် ✅(အလျှင်အမြန်)❌

အရုဏ် ✅(အာရုဏ်)❌
(အာရုံနှင့် အရုဏ်ကို ကွဲကွဲပြားပြား
သိထားသင့်ပါသည်။)

အလွန်အကြူး✅ (အလွန်အကျူး)❌
(အတိသယဝုတ္တိအလင်္ကာ ဖြေဆိုရာတွင် မှားတတ်ကြသည်။)

သြော် ✅(အော်...)❌
('သြော်' သာလျှင် အာမေဍိတ်စကား
အမှန် ဖြစ်ပါသည်။ အမှားများသည်။)

အိပ်ရာ✅ (အိပ်ယာ)❌
(မွေ့ရာ၊ အိမ်ရာ၊ ကြင်ရာတို့မှာ 'ရာ' သာ အမှန် ဖြစ်ပါသည်။)

စာလုံးပေါင်းသတ်ပုံမှာ
ကျွန်တော်လည်း ခဏခဏ မှားပါသည်။ သို့သော် အသုံးများသော စကားလုံးများကိုတော့ မမှားအောင် သတိထား
သုံးပါသည်။ သတ်ပုံမှားသောစာမှာ
စာအရသာ ပျက်သည်။

ယခု ဖော်ပြထားသော စကားလုံးများမှာ တက္ကသိုလ်ဝင်တန်းတွင် ကျောင်းသားများ မှားလေ့ရှိသော၊
မှားလျှင် အမှတ်လျော့နိုင်သော
စာလုံးပေါင်းတချို့ ဖြစ်ပါသည်။

စာရလျက်၊ ဖြေနိုင်လျက်
သတ်ပုံကြောင့် အမှတ်ဝက်မျှမရသော
အဖြစ် မကြုံ ကြစေရန်
ဖော်ပြလိုက်ရခြင်း ဖြစ်ပါသည်။

ဦးမြင့်ဇော် (ရွှေတံခါး)

#တစ်ဆင့်ကူးယူဖော်ပြပေးပါတယ်။

❗ပညာရေးဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်အရ❗ယခုနှစ် (၂၀၂၀ - ၂၀၂၁ )ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူများ...
16/10/2020

❗ပညာရေးဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်အရ❗

ယခုနှစ် (၂၀၂၀ - ၂၀၂၁ )ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း
ဖြေဆိုမည့် ကျောင်းသား/သူများသည် လက်ရှိစနစ်ဟောင်းစာ(သင်ရိုးဟောင်း)ကိုယခုနှစ်နောက်ဆုံးထား၍ဖြေဆိုရမည်ဖြစ်သည်။

ယခုနှစ်ဖြေပြီး အကယ်၍ ကျရှုံးသော သူများကတော့ နောက်၂ နှစ်ထိ ( ၂၀၂၁ - ၂၀၂၂ နှင့် ၂၀၂၂ - ၂၀၂၃ ထိ )
လက်ရှိစနစ်ဟောင်းစာ ( သင်ရိုးဟောင်း )ကိုဖြေဆိုခွင့်ရှိသည်ဟု တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်သည်။

၂၀၂၀ - ၂၀၂၁ သည် Grade - 10 စနစ်သစ်ဖြစ်သည်။
၂၀၂၁ - ၂၀၂၂ တွင် Grade - 11 စနစ်သစ် ဖြစ်သည်။
၂၀၂၂ - ၂၀၂၃ တွင် Grade - 12 စနစ်သစ် ဖြစ်သည်။

ယခုအခါ ( KG + 12 ) ပညာရေး စနစ်သစ်ကို အကောင်အထည် ဖော်နေပြီဖြစ်သည်။

ℹမှတ်ချက် - ကျောင်းများကိုတော့ Covidလျော့ကျလျှင် အမြန်ဆုံးပြန်ဖွင့်နိုင်အောင် ပညာရေးဝန်ကြီးဌာနမှ ကြိုးစားလျှက်ရှိသည်။
စာမေးပွဲကတော့ နောက်ဆုတ်နိုင်ခြေရှိသည်။ ယခုအခါ ပညာရေးဝန်ကြီးဌာနမှကျောင်းသား/သူ များအတွက် အခွင့်အရေး မဆုံးရှုံးစေရန် စာမေးပွဲကျင်းပနိုင်ရန် ပညာရေးရုပ်သံလိုင်းများမှ သင်ခန်းစာများ ပို့ချလျှက်ရှိပါသည်ℹ

ပညာရေးဝန်ကြီးဌာနမှ ကျောင်းများကိုယာယီပိတ်ထားပြီး ယခုအခါ

ပညာရေး နှောင့်မနှေးစေရန် အခွင့်အရေးမဆုံးရှုံးစေရန် နစ်နာမှု မဖြစ်စေရန်

(အထူးသဖြင့် ယခင်နှစ်က ကျရှုံးခဲ့တဲ့ သုံးပုံ နှစ်ပုံသော
သိန်းနဲ့ချီတဲ့ ကျောင်းသား/သူ များအတွက် ထပ်မံအခွင့်အရေး မဆုံးရှုံးစေရန်)

စာမေးပွဲ ကျင်းပနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ စီစဉ်၍

Myanmar Education Channel ( ပညာရေး ရုပ်သံ ) မှ

တက္ကသိုလ်ဝင်တန်း ဘာသာရပ်များကို ပို့ချ လျှက် ရှိပါသည်။

ပညာရေး ဝန်ကြီးဌာန၏ အကျိုးအတွက် အဓိကမဟုတ်ဘဲ

ကျောင်းသား/သူများနှင့် ၎င်းတို့၏မိဘများအတွက် အဓိကထားစီစဉ်ပေးထားခြင်းဖြစ်သည်ကို နားလည် စေချင်ပါသည်။

Covidဖြစ်နေတုံးကြီးတော့ ဘယ်သူကမှ စာမေးပွဲဖြေခိုင်းမည်မဟုတ်ပါ။

တစ်နေ့တော့ ကျောင်းဖွင့်၍ စာသင်ပြီး စာမေးပွဲ စစ်မည်ဆိုတာကတော့ ကျိန်းသေတဲ့ အဖြေတစ်ခုပါ။

စာမေးပွဲကျင်းပနိုင်ရန် ရုပ်မြင်သံကြား ပညာရေးရုပ်သံလိုင်းများမှဘာသာရပ်များကို ထုတ်လွှင့်သင်ကြားပေးလျှက် ရှိပါသည်။

Covidကပ်ရောဂါ လျော့ပါးလာသည်နှင့်အမျှ ပညာရေးဝန်ကြီးဌာနဘက်မှလည်း ကျောင်းအမြန်ဖွင့်နိုင်အောင်

ကြိုးစားစီစဉ်ပေးမှာဖြစ်ပြီး စာမေးပွဲအမြန်ဆုံး ကျင်းပနိုင်အောင်ကြိုးစားပေးကြမည်ဖြစ်သည်။

🔷ပြန်လည်ဖော်ပြအပ်ပါသည်🔷


In Latha (2)
မူရင်းပို့စ်အားcredit

Address

မင်းကန်ရွာ၊ပုသိပ်ကြီးမြို့နယ်၊မန္တလေးတိုင်းဒေသကြီး။
Bok

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when အထက မင်းကန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category