Champion Preschool

Champion Preschool Bilin Township

14/08/2026

❤ Three-step challenge ❤

14/08/2026

ကလေးက လိမ်တဲ့အခါ .... 🛑

ကလေးတွေလည်း လိမ်ပါတယ်။ သူတို့မှာလည်း လိမ်ရတဲ့ အကြောင်းရင်းလေးတွေ ရှိနေတတ်တယ်။ မလိမ်ဖို့ မသင်ပေးခင် ...

1️⃣ ဘာကြောင့်လိမ်လဲဆိုတဲ့ အကြောင်းရင်းကို ရှာပါ
ကလေးတွေ လိမ်တဲ့အကြောင်းရင်းကို မိဘက သိရှိ နားလည်ဖို့ လိုပါတယ်။ ကလေးတွေဟာ စိုးရိမ်လို့၊ ကြောက်လို့၊ မိဘရဲ့ အာရုံစိုက်တာ ခံချင်လို့ ဒါမှမဟုတ် အပြစ်တစ်ခုခုက လွတ်ဖို့ လိမ်တတ်ကြပါတယ်။

2️⃣ ကလေးနဲ့ မိဘကြား ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေး ရှိရမယ်
ကလေးကို သူတို့အနေနဲ့ မှန်မှန် ပြောပြရင်လည်း ဘယ်လိုအပြစ်မှ မရှိဘူးဆိုတာ နားလည်အောင် ရှင်းပြပါ။ ကလေးကို ယုံကြည်ပေးရင် သူတို့ရဲ့ ခံစားချက်တွေကို မလိမ်ညာဘဲ မိဘကို ပိုပြောလာပါလိမ့်မယ်။

3️⃣ လိမ်ခြင်းရဲ့ ဆိုးကျိုးတွေကို ရှင်းပြပါ
ကလေးကို လိမ်တာဟာ လူတွေကိုယ့်အပေါ်ထားတဲ့ ယုံကြည်မှုကို ထိခိုက်စေနိုင်ပြီး လူမှုဆက်ဆံရေးမှာ ပြဿနာတွေ ဖြစ်စေနိုင်တယ်။ လိမ်တတ်တဲ့ သူတွေကို လူတွေက မယုံကြဘူးလို့ ပြောပြပေးပါ။ လိမ်မိတာကို မမိအောင် ထပ်ထပ်လိမ်ရတဲ့အတွက် စိတ်ပင်ပန်းရတာကိုလည်း နားလည်အောင် ရှင်းပြပါ။

4️⃣ အပြစ်မပေးပါနဲ့ သင်ကြားပေးပါ
ကလေးက အမှားကို သင်ခန်းစာယူပြီး ပြုပြင်နိုင်အောင် ကူညီပါ။ ဒီလိုမပြောဘဲ ဘယ်လို ဖြေရှင်းလို့ရလဲဆိုတာ ပြောပြ သင်ပြပေးသင့်တယ်။

5️⃣ အမှန်ကိုပြောဖို့ အားပေးပါ
ကလေးက မလိမ်ဘဲ အမှန်အတိုင်း ပြောဆို ပြုမူတဲ့အခါ ချီးကျူးပါ။ ဒါကို အားပေးခြင်းဖြင့် လိမ်ညာတာထက် မှန်ကန်တဲ့ လမ်းကြောင်းကို ကလေးက ပိုရွေးချယ်လာပါလိမ့်မယ်။

7️⃣ စံနမူနာဖြစ်စေ
မိဘတွေနဲ့ အုပ်ထိန်းသူတွေဟာ ကလေးတွေအတွက် စံနမူနာဖြစ်ပါတယ်။ ကလေးတွေကို မှန်ကန်တဲ့ အပြုအမူတွေ သင်ကြားပေးဖို့ ကိုယ်တိုင်ကလည်း အတတ်နိုင်ဆုံး နမူနာအဖြစ် နေပြပါ။

8️⃣ ကလေး မျက်ခြေမပြတ် အာရုံစိုက် လေ့လာပါ။
ကလေးရဲ့ အပြုအမူတွေကို လေ့လာပြီး ထပ်ခါတလဲလဲ လိမ်တာတွေ မဖြစ်အောင် ကူညီပေးပါ။ လိုအပ်ရင် ဆရာဝန်၊ စိတ်ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး အကြံဉာဏ်တွေ ရယူပါ။

9️⃣ စိတ်ရှည်သည်းခံပါ
ကလေးတွေဟာ အရွယ်ရောက်လာတာနဲ့အမျှ သူတို့ရဲ့ အပြုအမူတွေ ပြောင်းလဲလာတတ်ပါတယ်။ လမ်းကြောင်းမှန်ပေါ်ရောက်အောင် မိဘက စိတ်ရှည်ရှည်နဲ့ သည်းခံပြီး သင်ကြားပေးပါ။ ကူညီပေးပါ။

ကလေးတွေဟာ သင်ယူနေဆဲဖြစ်တာကြောင့် သူတို့ရဲ့ အမှားတွေကို မိဘက နားလည်ပေးပြီး လိုအပ်တာကို ပြုပြင်နိုင်အောင် ကူညီပေးဖို့ လိုပါတယ်။

❤️နွယ်နီကံဝင်း❤️

14/08/2026

🥰 သူတို့လေးတွေ လုပ်ဆောင်နိုင်ခဲ့လို့ ပြုံးသွားတဲ့ မျက်နှာလေးတွေက သူတို့အောင်မြင်သူကြီးပါပေါ့ 🥰

❤ဟန်ချက်နှင့်အရှိန်ကို သင်ယူခွင့်ရစေသောကစားနည်း❤

◼အခြေခံသင်္ချာ🎨 "၄" အရောင်ခြယ်ခြင်း
08/08/2026

◼အခြေခံသင်္ချာ
🎨 "၄" အရောင်ခြယ်ခြင်း

☂️ မိုးရာသီအသုံးအဆောင်များသင်ခန်းစာမှ 🎨 စိတ်ကြိုက်ဆေးရောင်ခြယ်ခြင်း ❤
06/08/2026

☂️ မိုးရာသီအသုံးအဆောင်များသင်ခန်းစာမှ
🎨 စိတ်ကြိုက်ဆေးရောင်ခြယ်ခြင်း ❤

06/08/2026

☂️ ထီးထဲသို့ ဘောလုံးလေးများပစ်ထည့်ခြင်း 🟡🟢

#မိုးရာသီအသုံးအဆောင်များသင်ခန်းစာ

🌧 မိုးရာသီအသုံးအဆောင်များသင်ခန်းစာမှ☂️ ထီးကို စနစ်တကျ ဖွင့်၊ ပိတ်၊ သိမ်းခြင်း 🌂🥼 မိုးကာကို စနစ်တကျ ဝတ်ခြင်း ချွတ်ခြင်းမျ...
05/08/2026

🌧 မိုးရာသီအသုံးအဆောင်များသင်ခန်းစာမှ

☂️ ထီးကို စနစ်တကျ ဖွင့်၊ ပိတ်၊ သိမ်းခြင်း 🌂
🥼 မိုးကာကို စနစ်တကျ ဝတ်ခြင်း ချွတ်ခြင်းများကို လက်တွေ့သင်ယူနေကြသော ကလေးငယ်လေးများ ❤

🎨 "S" coloring activity 🎨
05/08/2026

🎨 "S" coloring activity 🎨

04/08/2026

❤ အရူးမ မစာဥ (မြန်မာ့ရိုးရာကစားနည်း) ❤

⭐ အကျိုးကျေးဇူးများ

💠 ကြွက်သားကြီးများ/ကိုယ်ကာယဖွံ့ဖြိုးခြင်း
💠 ဘာသာစကားကြွယ်ဝခြင်း
💠 အမေးအဖြေများပြုလုပ်တတ်ခြင်း
💠 အသင်းအဖွဲ့ဖြင့် လုပ်ဆောင်တတ်ခြင်း
💠 ကစားနည်းစည်းမျဥ်းများလိုက်နာတတ်ခြင်း

🏆ချန်ပီယံလေးများ၏ ချစ်စရာလှုပ်ရှားမှုပုံရိပ်လေးများအား  အောက်ဖော်ပြပါ Champion Bilin ⬅️ YouTube Channel တွင်လည်း ဝင်ရောက...
01/08/2026

🏆ချန်ပီယံလေးများ၏ ချစ်စရာလှုပ်ရှားမှုပုံရိပ်လေးများအား အောက်ဖော်ပြပါ Champion Bilin ⬅️ YouTube Channel တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နော် ❤❤

Welcome to Champion Bilin where you can found child development activities and child friendly learning teaching methods. Thank you so much because of like and subscribe of your kind attention.

Address

Bilin

Website

Alerts

Be the first to know and let us send you an email when Champion Preschool posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category