Educated Garden

Educated Garden 📢📢🧑‍🎓🧑‍🎓

29/11/2024

Long vowel sound /ɑ:/
Grade 1 student's training time.

27/03/2024

Seven years old baby girl ' s practice with IPA.

27/03/2024

My little students 😺🥨

Shopping time to get the promotion books. 🩷🤍♥️
27/01/2024

Shopping time to get the promotion books. 🩷🤍♥️

22/01/2024
အင်္ဂလိပ်ဘာသာစကားအတန်းသစ်လေး စတင်မယ့်ရက် အသိပေးကြေငြာချက် ။ ✍️🖍️🖊️ခုအတန်းသစ်လေးမှာ ဆိုရင်ဖြင့် အသက်ရွယ်အလိုက်သင်ယူနိုင်သ...
22/01/2024

အင်္ဂလိပ်ဘာသာစကားအတန်းသစ်လေး စတင်မယ့်ရက် အသိပေးကြေငြာချက် ။ ✍️🖍️🖊️ခုအတန်းသစ်လေးမှာ ဆိုရင်ဖြင့် အသက်ရွယ်အလိုက်သင်ယူနိုင်သည့် အတန်းနှစ်တန်း ဖွင့်ပေးသွားပါမည်။ 💚💐🤍
🖊️(1). Speaking and Phonetic class

🖊️(2). Vocabulary and Grammar class
ဟူ၍ဖြစ်ပါသည်။

No. 1 class ကို စာ ကောင်းကောင်းရေးတတ်ဖတ်တတ်သည့် လိုက်ဆိုတတ်သည့် ကလေးငယ်များ မည်သူမဆိုသင်ယူနိုင်ပါသည်။ 🤍💐💚

🖊️ Grade 3ဖြေထားပြီးသည်မှ စ၍ မည်သည့်အသက်ရွယ်မဆို No. 1 and 2 နှစ်တန်းစလုံးသို့ တက်ရောက်သင်ကြားနိုင်ပါသည်။

🖍️တစ်တန်းချင်းစီ၏ အကျိုးကျေးဇူးများ📢
No.1 Speaking and Phonetic class

♥️ကလေးငယ်များအဖို့ သင်ရ လွယ်ကူသော်လည်း အသက်ကြီးလေ သင်ရခက်လေ စနစ်ပင်ဖြစ်ပါသည်။
💪 သို့သော် မပျင်းမရိအားထုတ်လိုစိတ်ရှိသည့် မည်သူမဆို တတ်မြောက်အောင်သင်ကြားပေးနိုင်ပါသည် ။
A to Z ကို စနစ်တကျ မထွက်နိုင်ခဲ့သည့် ဆိုးကျိုးများပင်ဖြစ်ပါသည်။

အပိုသံထွက်သူများ၊ အပိတ်သံ မထွက်သူများသည် Phonetics & Phonics စနစ်နဲ့ ကုစား သင်ပြပြီး ပြင်ယူပေးရပါမည်။

✍️ Phonetic and Phonics အတန်း များကိုတက်ရောက်ခြင်းဖြင့် စကားလုံးများကို Phonics အသံတွေနဲ့ ပေါင်းတတ်လာပြီး English word တလုံး အသံကြားလိုက်သည်နှင့် ဘယ် letter များနှင့် ဘယ်လိုပေါင်းရမည်ကို သိလာပါမည်။ English စာအုပ်များကိုလည်း သင်ထားပြီးသား စကားလံုးများ ဖြစ်စေ မသင်ထားရသေးသည့် စကားများလုံး များပင်ဖြစ်စေ အသံလေးတွေပေါင်းပြီး ဖတ်နိုင်လာပါမည်။ ဤနည်းဖြင့် English စာအုပ် မည်သည့်စာအုပ်ပင်ဖြစ်စေ မကြောက်‌ေနတော့ပဲ ဖတ်ချင်လာပါမည်။ ဖတ်ရင်းနဲ့ စိတ်ဝင်စားလာပြီး ပိုပိုဖတ်လာနိုင်ပါသည်။ စာလုံးပေါင်းအလွတ်ကျက်ရသည့် အခက်အခဲ ကိုဖြေရှင်း‌ေပးလာနိုင်ပါသည်။

**** ငယ်စဉ်ကတည်းက English 4 skills အခြေခံပိုင်နိုင်ဖို့ စနစ်တကျ နည်းလမ်းမှန်ကန်စွာဖြင့် သင်ကြားပေးပါမည်။ Four skills နှင့် Creatical Thinking skill အပါအဝင် 5 skill ဖြင့်ချိတ်ဆက်သင်ကြားပေးပါမည်။ 📢📢📢အသံထွက်မှန်ကန်စွာဖတ်တတ်လာခြင်းဖြင့် စကားပြောစွမ်းရည်ကိုများစွာ အထောက်ကူပြု‌ေစပါသည်။📢🖊️🖍️✍️

📢No. 2 class ကို တက်ရောက်လိုသည့် ကလေးငယ်များအဖို့ 💚💐🤍
Grammar ကို အခြေခံခိုင်ခိုင်ဖြင့် စနစ်တကျ မှတ်မိလွယ်သောနည်းလမ်းများဖြင့် ပျော်ရွှင်စွာသင်ကြား‌ေပးပါမည် ။ Grammar ကိုအခြေခိုင်မှသာလျှင်ကိုယ်ပိုင်စာကြောင်းများ တည်ဆောက်လာနိုင်ပါမည်။
📢Grammar ကို သဘောတရားနားလည်သွားမှသာလျှင် English စာကြောက်စိတ်များ တဖြည်းဖြည်းလျှော့ပါးလာနိုင်ပါမည်။ Grammar and Vocabulary ကိုပူတွဲ သင်ကြားပေးသွားပါမည်။ ဝေါဟာရများကို ကိုယ်ပိုင်စာကြောင်းဖန်တီးနိုင်သည်အထိ ထိရောက်သေချာသောနည်းလမ်းများဖြင့်သင်ကြားပေးပါမည်။
📢 မူလတန်း‌ေကျာင်းသား/သူများအတွက် သီးသန့်တန်း၊ အလယ်တန်းနှင့်အထက်တန်းကျောင်းသား/သူများအတွက်သီးသန့်ခွဲထားသည့် grammar classဖြစ်ပါသည်။💚💐❤️
📢ကျွန်မတို့ငယ်စဉ်ကကဲ့သို့ စာလုံးပေါင်းများအလွတ်ကျက်ခြင်းသည် စကားပြောဖို့ရန်နှင့် ကိုယ်ပိုင်စာကြောင်းတည်ဆောက်နိုင်ဖို့ရန် အလွန်မှခဲယဉ်းပေသည်။ ကျမသည် အဲ့သည်စနစ်အောက် မှာ နွံနစ်ခဲ့သူတစ်ဦးမို့ပင် အခိုင်အမာ ပြောနိုင်ခဲ့ပြီး ကလေးများအခက်ခဲကို ကိုယ်ချင်းစာနိုင်ပါသည်။💚💐🤍
Subject မှ Language ဆီသို့ ကူးပြောင်းသင်ကြားပေးရပါမည်။ စကားပြောလာနိုင်ပြီး grammar အခြေခံခိုင်သော ကလေးတစ်ယောက်အဖို့ writing skill တွင်အင်မတန်လွယ်ကူသွားပါမည်။ 💚💐🤍

📢အသံထွက်စနစ်ကိုမှန်ကန်စွာ သင်ကြားပြီး English to English dictionary ကို ကောင်းမွန်စွာ ကြည့်တတ်လာနိုင်သည့် ကလေးတစ်ယောက်အဖို့ reading အပိုင်းကို သိပ်ကိုလွယ်ကူသွားပါမည်။

📢အသံထွက်မှန်ကန်စွာဖတ်လာနိုင်ပြီး စကားပြောနိုင်လာသည့် က‌ေလးသည် Listening ကို အကျွမ်းတဝင် သူအလိုလိုရှိလာနိုင်ပါမည်။
📢 Listening, speaking, reading and writing four skills လုံးကို အချိတ်ဆက်မိသွားသည့်ကလေးသည် grammar ကိုထိထိရောက်ရောက်သင်ယူလိုက်ပါက နောက်ထပ် နံပါတ် 5 thinking skill ကို စိတ်အားထက်သန်လာပြီး ကိုယ်ပိုင်စာကြောင်းများကို အာဘောင်အာရင်းသန်သန်ဖြင့် ဖန်တီးလိုစိတ်ရှိလာမည်မှာ အမှန်ပင်ဖြစ်ပါသည်။

🙏အင်္ဂလိပ်စကားသည် ကျွန်မအပါအဝင် က‌ေလး များအားလုံးအတွက် mother tongue(မိခင် ဘာသာစကား) မဟုတ်သည်ကတစ်ကြောင်း၊ English စကားပြောသည့် ပတ်ဝန်းကျင်တွင် မကြီးပြင်းခဲ့ရသည် ကတစ်ကြောင်းမို့ ဆရာနှင့် မိဘများက စိတ်ရှည် သီးခံပြီး ဖြေးဖြေးချင်းဆွဲခေါ်ပေးရပါမည်။ မြန်မာစာ‌ေကာင်း‌ေကာင်းရေးတတ်ဖတ်တတ်ရန်ပင် အနည်းဆုံး နှစ်နှစ်သုံးနှစ် စောင့်ဆိုင်းခဲ့ရသည်မှာ အမှန်ပင်ဖြစ်သည်။

📢Phonetic and Phonics , Speaking and Vocabulary နှင့် Grammarအတန်း များကို တက်ရောက်သင်ကြားခြင်းအားဖြင့် က‌ေလးငယ်များ အဖို့ရာ ကျောင်းတွင်း အင်္ဂလိပ်စာ လမ်းကြောင်းကို အခက်အခဲမရှိ အချိန်ကုန်လူပန်းသက်သာစေမည်မှာ အမှန်ပင် ဖြစ်ပါသည်။

Noted 📢

💕❤️🤍💚📢 22 .2. 2024 THURSDAY
(ကြာသာပတေးနေ့) မနက်8နာရီတွင် စတင်ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း အသိပေး လိုက်ပါတယ်ရှင်။📢
📢တက်ရောက်လိုသည့်ကလေးငယ်များ အတွက် ကြိုတင် စာရင်းပေးထားနိုင်ပါသည်။ စာအုပ်များ ကြိုတင်မှာယူရမည်ဖြစ်သောကြောင့် သင်တန်းချိန်မတိုင်ခင်တစ်ပတ်အလိုထိလာရောက်အပ်နှံနိုင်ပါသည်။ အသေးစိတ်သိလိုသည်များကိုအားမနာတမ်း ကိုယ်တိုင်လာရောက် ဆွေးနွေးမေးမြန် စုံစမ်း နိုင်ပါသည်။🪜🖊️📢

📢ဖတ်ရှု‌ပေးသူမိဘပြည်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည် 🙏🙏🙏

21/01/2024

Pranunciation practice ❤️ Grade 1 learner.💗🩷🤍

20/01/2024

Long Vowel spelling patterns ɪ/ɑɪ / ˌo /əʊ /and u/ j u: /💗♥️📢

20/01/2024

The video I made accidentally 💗🥱♥️.

20/01/2024

Learning about the PHRASAL VERBS today morning 🌅🌄

20/01/2024

Lesson 10 Digraph (ch) breath sound practice.💞📢💗

19/01/2024

Long Vowel sound /eɪ / definitely mouth position 👄.

Address

Myoma Street
Bilin
12032

Website

Alerts

Be the first to know and let us send you an email when Educated Garden posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share