Dekina Agri-Business Management Institute

Dekina Agri-Business Management Institute First Private Agri-Business Management Institute in Myanmar
(1)

Dekina Agri-Business Management Institute is legally engaged as a service company providing A-TVET-related training, diploma, and degree, conducting research and development, and implementing services for rural farmers’ economic development in Myanmar. Vision

To help students/ trainees to become self-reliant, entrepreneurial, creative agricultural extensionists and economists through an education

al approach by developing digitally-literate, globally minded 21st century positive agents of change for agricultural education

Mission

- To provide A-TVET related training, diploma and degree programme
- To conduct the research and development in agribusiness management and labour market situations
- To collaborate with partner organizations and farmers by consulting, training, and implementing of rural socio-economic development in Myanmar and in Southeast Asia, promoting inclusive local and regional growth

📈✴️ စိုက်ပျိုးစီးပွား MSME လုပ်ငန်းရှင်များအတွက် ဈေးကွက်ချဲ့ထွင်မှု နည်းဗျူဟာ (၄) ရပ် 📈✴️👩‍🌾👨‍🌾 စိုက်ပျိုးမွေးမြူရေးကို ...
27/04/2026

📈✴️ စိုက်ပျိုးစီးပွား MSME လုပ်ငန်းရှင်များအတွက် ဈေးကွက်ချဲ့ထွင်မှု နည်းဗျူဟာ (၄) ရပ် 📈✴️

👩‍🌾👨‍🌾 စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ (Value-added products) ထုတ်လုပ်နေတဲ့ MSME လုပ်ငန်းရှင်တွေအနေနဲ့ "ငါ့လုပ်ငန်းကို ဒီထက်ပိုကြီးထွားအောင် ဘယ်လမ်းကြောင်းကနေ သွားရမလဲ?" လို့ တွေးနေပြီဆိုရင် Igor Ansoff ရဲ့ Ansoff Matrix ဟာ အလွန်ရိုးရှင်းပြီး ထိရောက်တဲ့ လမ်းညွှန်မြေပုံတစ်ခုဖြစ်ပါတယ်။

🐄🐄 ကိုယ်တိုင်ကလည်း နို့စားနွားမွေးမြူရေးကနေ ဓာတုလွတ် နွားနို့များကို ဈေးကွက်အတွင်း ရောင်းချနေရာကနေ ဈေးကွက်ဝယ်လိုအားက မတိုးလာတော့လို့ တန်ဖိုးမြှင့် ထုတ်ကုန်ဖြစ်တဲ့ Pasteurized Milk & ဒိန်ချဉ် ထုတ်လုပ်နေတာမို့ လက်ရှိမှာ ထုတ်ကုန်အသစ် ဖန်တီးခြင်းအပိုင်း သွားနေတာရယ်၊ Market Linkage သင်တန်းပေးရင် မဖြစ်မနေ ဆွေးနွေးပေးနေကြ အကြောင်းအရာဖြစ်တာမို့ အခု ပို့စ်ကို ဝေမျှဖို့ အတွေးဝင်မိတာပါ ခင်‌ဗျား။

🌞🌞 Ansoff Matrix ကနေ အောက်ဖော်ပြပါ အချက် (၄) ချက်ကို သေချာလေ့လာနိုင်ပါတယ် ခင်ဗျား။

✴️ (၁) လက်ရှိဈေးကွက်အတွင်း ပိုမိုထိုးဖောက်ခြင်း (Market Pe*******on)

ဒါကတော့ "ရှိပြီးသားထုတ်ကုန်ကို ရှိပြီးသားဈေးကွက်ထဲမှာပဲ" ပိုရောင်းရအောင် လုပ်တဲ့နည်းပါ။ အန္တရာယ်အနည်းဆုံးနဲ့ အခြေခံအကျဆုံးနည်းဖြစ်ပါတယ်။ လက်ရှိရနေတဲ့ ဈေးကွက်ဝေစုကို ပိုရအောင် လုပ်ဆောင်ခြင်းတစ်မျိုးလည်း ဟုတ်ပါတယ်။

လက်တွေ့အသုံးချပုံ - မိမိရဲ့ နွားနို့ သို့မဟုတ် သစ်သီးခြောက်ကို လက်ရှိရောင်းနေကျ ဆိုင်တွေမှာ ပိုတင်နိုင်အောင် ကြိုးစားတာမျိုးပါ။

နည်းဗျူဟာ - Promotion ပေးတာ၊ ထုပ်ပိုးမှု (Packaging) ဒီဇိုင်းကို ပိုလှအောင်ပြင်တာ၊ အရောင်းဝန်ထမ်းတွေ ပိုထားပြီး ရှိပြီးသားဖောက်သည်တွေဆီကနေ ရောင်းအားပိုတက်အောင် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

✴️ (၂) ဈေးကွက်သစ်သို့ ချဲ့ထွင်ခြင်း (Market Development)

ဒါကတော့ "ရှိပြီးသားထုတ်ကုန်ကို ဈေးကွက်သစ်တွေဆီ" ပို့ဆောင်တာပါ။

လက်တွေ့အသုံးချပုံ - မြို့နယ်တစ်ခုအတွင်းမှာပဲ နာမည်ရနေတဲ့ မိမိရဲ့ သဘာဝမြေသြဇာ သို့မဟုတ် စိုက်ပျိုးရေးထုတ်ကုန်ကို အခြားမြို့နယ်တွေ၊ တိုင်းဒေသကြီးတွေ သို့မဟုတ် ပြည်ပဈေးကွက်အထိ တင်ပို့ဖို့ ကြိုးစားတာမျိုးပါ။

နည်းဗျူဟာ - Online Marketing အားကောင်းကောင်းသုံးပြီး နယ်ဝေးက ဖောက်သည်တွေသိအောင် လုပ်မယ်၊ ကိုယ်စားလှယ် (Distributors) အသစ်တွေ ရှာဖွေတာမျိုး လုပ်ဆောင်ရပါမယ်။

✴️ (၃) ထုတ်ကုန်အသစ် ဖန်တီးခြင်း (Product Development)

ဒါကတော့ "လက်ရှိဈေးကွက်ထဲက ဖောက်သည်တွေအတွက် ထုတ်ကုန်အသစ်" တွေ ထပ်ထုတ်တာပါ။

လက်တွေ့အသုံးချပုံ - နွားနို့စိမ်းပဲ ရောင်းနေတဲ့သူက နွားနို့အခြေခံတဲ့ ထောပတ်၊ ဒိန်ခဲ၊ ဒါမှမဟုတ် အသင့်သောက် နို့အေးဘူးလေးတွေ ထပ်မံထုတ်လုပ်ရောင်းချတာမျိုးပါ။

နည်းဗျူဟာ - သုတေသနနဲ့ ဖွံ့ဖြိုးရေး (R&D) လုပ်ပြီး ဖောက်သည်တွေရဲ့ လိုအပ်ချက်အသစ်ကို ဖြည့်ဆည်းပေးတာပါ။ မိမိအမှတ်တံဆိပ်ကို ယုံကြည်ပြီးသား ဖောက်သည်တွေက ထုတ်ကုန်အသစ်ကိုလည်း အလွယ်တကူ ဝယ်ယူတတ်ကြပါတယ်။

✴️ (၄) နယ်ပယ်သစ်သို့ ခြေဆန့်ခြင်း (Diversification)

ဒါကတော့ "ထုတ်ကုန်အသစ်နဲ့ ဈေးကွက်အသစ်" ကို သွားတာပါ။ စွန့်စားရမှု အရှိဆုံးဖြစ်ပေမဲ့ အောင်မြင်ရင်တော့ အကျိုးအမြတ် အများဆုံးပါ။

လက်တွေ့အသုံးချပုံ - စိုက်ပျိုးရေးအခြေခံ ထုတ်ကုန်ထုတ်နေတဲ့ လုပ်ငန်းရှင်က စိုက်ပျိုးရေးသုံး နည်းပညာ (Agri-Tech) ဆော့ဖ်ဝဲလ်တွေ ရောင်းတာ ဒါမှမဟုတ် ခြံထဲမှာ စိုက်ပျိုးရေးအခြေခံ အပန်းဖြေစခန်း (Agro-tourism) ဖွင့်တာမျိုးပါ။

နည်းဗျူဟာ - မိမိနဲ့ လုံးဝမရင်းနှီးသေးတဲ့ နယ်ပယ်ဖြစ်တဲ့အတွက် ကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ပြီးမှ စနစ်တကျ ရင်းနှီးမြှုပ်နှံသင့်ပါတယ်။

👨‍🌾🐄 ကျွန်တော်ကတော့ နို့စိမ်း (Raw Milk) အတွက် "Market Pe*******on" အပိုင်း လုပ်ပြီးပြီမို့ ထုတ်ကုန်အသစ်ဖြစ်တဲ့ နို့အေးနဲ့ ဒိန်ချဉ်တို့ကို "Product Development" လုပ်ပြီး "Market Development" အပိုင်းကိုပါ တစ်ပြိုင်တည်း လုပ်ဆောင်နေပါတယ်။

👨‍🌾👩‍🌾 လုပ်ငန်းရှင်အများစုကို တိုက်တွန်းလိုတာက "Market Pe*******on" နဲ့ စတင်ပြီး လုပ်ငန်းအခြေခိုင်အောင် အရင်လုပ်သင့်ပါတယ်။ အခြေခိုင်ပြီဆိုမှ "Market Development" နဲ့ "Product Development" ကို ဟန်ချက်ညီညီ သွားသင့်ပါတယ်။ "Diversification" ကိုတော့ လုပ်ငန်းမှာ ပိုလျှံတဲ့ အရင်းအနှီးနဲ့ အတွေ့အကြုံရှိမှသာ စဉ်းစားဖို့ အကြံပြုလိုပါတယ်ခင်ဗျား။

🔔🔔 လုပ်ငန်းရှင်များကရော သင့်လုပ်ငန်းအတွက် ဘယ်နည်းဗျူဟာကို အဓိကထားပြီး သုံးနေပြီလဲ? မန့် (Comment) မှာ ဆွေးနွေးသွားကြပါဦးခင်ဗျား။

👨‍🌾👩‍🌾မိမိတို့ ပတ်ဝန်းကျင်က စိုက်ပျိုး​တောင်သူ​တွေ သိရှိ​စေဖို့ ဒီပို့စ်​လေးကို ​ဝေမျှ​ပေးကြရင်း လက်​​တွေ့လုပ်ကိုင်နေသူများ ရှိရင်လည်း မိမိတို့ အတွေ့အကြုံတွေကို ​ဝေမျှ​ပေး​စေလိုပါတယ် ခင်ဗျား။🧑‍🌾👨‍🌾

📣📣စိုက်ပျိုး​ရေးနည်းပညာဆိုင်ရာ အ​ကြောင်းအရာများ၊ အခမဲ့-အခ​ပေးသင်တန်းများကို ပုံမှန်တင်ဆက်​ပေး​နေမှာမို့လို့ Page ကိုလည်း Follow လုပ်ထား​ပေးကြ​စေလိုပါတယ် ခင်ဗျား။

🔔021-2026-DekinaABMI

🌾 🌾 ပမာဏနည်းနည်းပေမယ့် အစွမ်းထက်တဲ့ “အပင်ရဲ့ အားဆေး (၈) မျိုး" 🌾🌾🌏🏔 ပြီးခဲ့တဲ့ ပို့စ်​တွေမှာ ပထမအုပ်စု (C, H,O) နဲ့ ဒုတိ...
26/04/2026

🌾 🌾 ပမာဏနည်းနည်းပေမယ့် အစွမ်းထက်တဲ့ “အပင်ရဲ့ အားဆေး (၈) မျိုး" 🌾🌾

🌏🏔 ပြီးခဲ့တဲ့ ပို့စ်​တွေမှာ ပထမအုပ်စု (C, H,O) နဲ့ ဒုတိယအုပ်စု ထမင်းနဲ့ဟင်း (N, P, K + Ca, Mg, S) အကြောင်း ပြောခဲ့ပြီးပြီဆိုတော့ အခုတစ်ခါမှာတော့ လူတွေအတွက် ဗီတာမင်နဲ့ သတ္တုဓာတ် အားဆေးတွေလိုမျိုး အပင်အတွက် ပမာဏ အနည်းငယ်ပဲ လိုအပ်ပေမယ့် မရှိရင်မဖြစ်တဲ့ အာဟာရဓာတ် (၈) မျိုးအကြောင်း ဝေမျှပေးလိုပါတယ် ခင်ဗျား။

🌞 (၁) Iron (သံဓာတ် - Fe)
လုပ်ဆောင်ချက် - အရွက်တွေ စိမ်းလန်းဖို့အတွက် လိုအပ်တဲ့ အစိမ်းရောင်ဓာတ် (Chlorophyll) ဖြစ်ပေါ်စေဖို့ ကူညီပေးပါတယ်။
ချို့တဲ့လျှင့် - အရွက်နုလေးတွေက အရင်ဆုံး ဖြူဖျော့လာတတ်ပါတယ် (အရွက်ကြောလေးတွေကတော့ စိမ်းနေတတ်ပါတယ်)။

🌞 (၂) Zinc (ဇင့်/သွပ်ဓာတ် - Zn)
လုပ်ဆောင်ချက် - အပင်ရဲ့ ဟော်မုန်းဓာတ်တွေကို ထိန်းညှိပေးပြီး အဆစ်အမြစ် ရှည်ထွက်ဖို့နဲ့ ကြီးထွားဖို့ ကူညီပါတယ်။
ချို့တဲ့လျှင် - အပင်က ပုညှက်နေမယ်၊ အရွက်တွေက သေးငယ်ပြီး အဆစ်တွေ စိပ်နေတတ်ပါတယ်။

🌞 (၃) Boron (ဘိုရွန် - B)
လုပ်ဆောင်ချက် - ဝတ်မှုန်ကူးတာကို အားပေးတယ်၊ ဆဲလ်တွေကို ခိုင်မာစေပြီး အသီးတွေ ကွဲအက်ခြင်းကနေ ကာကွယ်ပေးပါတယ်။
ချို့တဲ့လျှင် - အညွန့်ဖျားတွေ သေတတ်တယ်၊ အသီးတွေ ပုံပျက်တာ၊ အထဲမှာ အခေါင်းပေါက်ဖြစ်တာတွေ ဖြစ်တတ်ပါတယ်။

🌞 (၄) Manganese (မန်ဂနိစ် - Mn)
လုပ်ဆောင်ချက် - အစာချက်လုပ်ခြင်းနဲ့ နိုက်ထရိုဂျင်ကို အပင်က စုပ်ယူအသုံးပြုနိုင်အောင် ကူညီပေးပါတယ်။
ချို့တဲ့လျှင် - အရွက်ကြောကြားတွေ ဝါလာပြီး အရွက်ပေါ်မှာ အညိုရောင် အစက်အပြောက်လေးတွေ ဖြစ်လာတတ်ပါတယ်။

🌞 (၅) Copper (ကြေးနီ - Cu)
လုပ်ဆောင်ချက် - အပင်ရဲ့ အသက်ရှုခြင်းနဲ့ အစာချက်ခြင်း လုပ်ငန်းစဉ်တွေမှာ အင်ဇိုင်းအနေနဲ့ ကူညီပေးပါတယ်။
ချို့တဲ့လျှင် - အရွက်နုလေးတွေ လိပ်ကောက်တာ၊ အညွန့်ဖျားလေးတွေ ညှိုးခြောက်တာမျိုး ဖြစ်တတ်ပါတယ်။

🌞 (၆) Molybdenum (မိုလစ်ဒီနမ် - Mo)
လုပ်ဆောင်ချက် - အပင်က နိုက်ထရိုဂျင်ဓာတ်ကို အသားဓာတ် (Protein) အဖြစ် ပြောင်းလဲတဲ့နေရာမှာ အဓိက အရေးပါပါတယ်။
ချို့တဲ့လျှင် - အရွက်တွေ ကျဉ်းမြောင်းပြီး ပုံသဏ္ဌာန် ပျက်လာတတ်ပါတယ်။ ပဲမျိုးရင်းဝင်အပင်တွေမှာ အမြစ်ဖုလေးတွေ ဖြစ်ပေါ်ဖို့ ခက်ခဲတတ်ပါတယ်။

🌞 (၇) Chlorine (ကလိုရင်း - Cl)
လုပ်ဆောင်ချက် - အပင်အတွင်း ရေဓာတ်မျှတအောင် ထိန်းညှိပေးပြီး အစာချက်လုပ်ခြင်းကို ကူညီပါတယ်။
ချို့တဲ့လျှင် - အရွက်ဖျားလေးတွေ ညှိုးနွမ်းတာ၊ အမြစ်တွေ ထူထပ်ပွားများမှု နည်းတာမျိုး ဖြစ်တတ်ပါတယ်။

🌞 (၈) Nickel (နီကယ် - Ni)
လုပ်ဆောင်ချက် - အပင်ထဲမှာရှိတဲ့ ယူရီးယားဓာတ်ကို အပင်က ပြန်လည်အသုံးပြုနိုင်အောင် ချေဖျက်ပေးတဲ့ နေရာမှာ လိုအပ်ပါတယ်။
ချို့တဲ့လျှင် - အစေ့အဆန်တွေ အောင်မြင်မှု အားနည်းတတ်ပါတယ်။

👩‍🌾👨‍🌾 စိုက်ပျိုးတောင်သူများကို တိုက်တွန်းလိုတာကတော့.......

✴️ (၁) နည်းလွန်း/များလွန်းခြင်း - ဒီဓာတ်တွေက နာမည်အတိုင်း "အနည်းလို" ဖြစ်တဲ့အတွက် နည်းရင်လည်း အပင်က ချို့တဲ့ရောဂါပြသလို၊ များလွန်းရင်လည်း အပင်ကို အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။

✴️ (၂) မြေဆီလွှာ pH အရေးကြီးခြင်း - အနည်းလိုဓာတ်တွေဟာ မြေကြီး အချဉ်ဓာတ် (Acidic) များရင် ပိုထွက်လာပြီး အငန်ဓာတ် (Alkaline) များရင် အပင်က စုပ်မစားနိုင်အောင် ချုပ်ထားတတ်ပါတယ်။

✴️ (၃) ဖြည့်စွက်ကျွေးခြင်း - မြေကြီးကနေ ကျွေးရုံတင်မကဘဲ အရေးပေါ်လိုအပ်ရင် အရွက်ဖျန်း မြေသြဇာအနေနဲ့ ဖျန်းပေးတာက ပိုပြီး ထိရောက်မြန်ဆန်ပါတယ်။

🎄🎄အပင်တစ်ပင်ဟာ အဓိကဓာတ်တွေ ပြည့်စုံနေရုံနဲ့ မလုံလောက်ပါဘူး။ ဒီ "အနည်းလိုဓာတ်" လေးတွေ ရှိနေမှသာ အပင်က အနာအဆာကင်းပြီး အသီးအနှံ အရည်အသွေး အပြည့်အဝ ရရှိမှာဖြစ်ပါတယ် ခင်ဗျား။

👨‍🌾👩‍🌾မိမိတို့ ပတ်ဝန်းကျင်က စိုက်ပျိုး​တောင်သူ​တွေ သိရှိ​စေဖို့ ဒီပို့စ်​လေးကို ​ဝေမျှ​ပေးကြရင်း လက်​​တွေ့လုပ်ကိုင်နေသူများ ရှိရင်လည်း မြေဩဇာ စနစ်တကျကျွေးခြင်းရဲ့ အကျိုး​ကျေးဇူး​တွေကို ​ဝေမျှ​ပေး​စေလိုပါတယ် ခင်ဗျား။🧑‍🌾👨‍🌾

📣📣စိုက်ပျိုး​ရေးနည်းပညာဆိုင်ရာ အ​ကြောင်းအရာများ၊ အခမဲ့-အခ​ပေးသင်တန်းများကို ပုံမှန်တင်ဆက်​ပေး​နေမှာမို့လို့ Page ကိုလည်း Follow လုပ်ထား​ပေးကြ​စေလိုပါတယ် ခင်ဗျား။

🔔020-2026-DekinaABMI

#စိုက်ပျိုးရေး #အပင်အာဟာရ #အနည်းလိုဓာတ်

25/04/2026

ထမင်းစားတိုင်း ငရုတ်သီးကို စားဖြစ်နေတဲ့သူတွေရှိကြလား..?

ဒါဆို မှိုတက်နေတဲ့ ငရုတ်သီးကြောင့် အသည်းကင်ဆာ ဖြစ်တတ်တယ်ဆိုတာကို သိထားဖို့ လိုမယ်နော်

ဒီ Video ကို Mekong Institute ရဲ့ ပံ့ပိုးကူညီမှုနဲ့ Global Food Safety Institute, Dekina Agri-Business Management Institute , Green Way - အစိမ်းရောင်လမ်း , Myanmar Innovative Life Sciences , Myanmar Fruit, Flower and Vegetable Producer and Exporter Association တို့က ပူးပေါင်းတင်ဆက်ထားခြင်းဖြစ်သည်။

#မှို #အသည်းကင်ဆာ #အစိမ်းရောင်လမ်း #ငရုတ်သီး #အယ်လ်ဖာတောက်ဇင်

🌾🌾 အပင်ရဲ့ “အဓိက ထမင်းဟင်း” ဖြစ်တဲ့ အများလိုအာဟာရဓာတ် (၆) မျိုး 🌾🌾👩‍🌾👨‍🌾 စိုက်ပျိုးတောင်သူတို့အတွက် မြေဩဇာအကြောင်း ဆွေးန...
23/04/2026

🌾🌾 အပင်ရဲ့ “အဓိက ထမင်းဟင်း” ဖြစ်တဲ့ အများလိုအာဟာရဓာတ် (၆) မျိုး 🌾🌾

👩‍🌾👨‍🌾 စိုက်ပျိုးတောင်သူတို့အတွက် မြေဩဇာအကြောင်း ဆွေးနွေးဖြစ်ခဲ့တာ ပထမအုပ်စုမှာ လေနဲ့ရေကရတဲ့ဓာတ်တွေကို ပြောခဲ့ပြီးပါပြီ။ အခု ဒုတိယအုပ်စုကတော့ အပင်တွေ အထွက်နှုန်းကောင်းပြီး သန်မာထွားကြိုင်းဖို့ အရေးကြီးဆုံးဖြစ်တဲ့ မြေကြီးထဲကို မြေသြဇာအနေနဲ့ ထည့်ပေးရလေ့ရှိတဲ့ အဓိက အာဟာရဓာတ် (၃) မျိုးနဲ့ ဒုတိယအဆင့် အများလိုဓာတ် (၃) မျိုး၊ စုစုပေါင်း (၆) မျိုးအကြောင်း ဖြစ်ပါတယ် ခင်ဗျား။👩‍🌾👨‍🌾

🌏🏔 (၁) အဓိက အာဟာရဓာတ် (၃) မျိုး (Primary Nutrients)

ဒါတွေကတော့ တောင်သူတိုင်း ရင်းနှီးပြီးသားဖြစ်တဲ့ N, P, K ပဲ ဖြစ်ပါတယ်။

🌞(က) Nitrogen (နိုက်ထရိုဂျင် - N)
လုပ်ဆောင်ချက် - အပင်ကို စိမ်းလန်းစေတယ်၊ ပင်စည်နဲ့ အရွက်တွေကို အရှိန်အဟုန်နဲ့ ကြီးထွားစေတယ်။
ချို့တဲ့လျှင် - အရွက်ဟောင်းတွေ အောက်ကနေစပြီး ဝါလာမယ်၊ အပင်ပုညှက်မယ်။

🌞(ခ) Phosphorus (ဖော့စ်ဖရပ် - P)
လုပ်ဆောင်ချက် - အမြစ်တွေကို သန်မာစေတယ်၊ အပွင့်ပွင့်ဖို့နဲ့ အသီးတင်ဖို့ အဓိကကူညီပေးတယ်။
ချို့တဲ့လျှင် - အမြစ်မပွားဘူး၊ အရွက်တွေက ခရမ်း ရောင်သန်းလာတတ်ပြီး အပွင့်ပွင့်တာ နောက်ကျမယ်။

🌞(ဂ) Potassium (ပိုတက်စီယမ် - K)
လုပ်ဆောင်ချက် - အပင်ရဲ့ ရောဂါဒဏ်၊ မိုးခေါင်ဒဏ်ကို ခံနိုင်ရည်ရှိစေတယ်၊ အသီးအနှံတွေရဲ့ အရသာနဲ့ အရည်အသွေးကို ကောင်းမွန်စေတယ်။
ချို့တဲ့လျှင် - အရွက်အနားသတ်တွေက မီးလောင်ထားသလို တူးပြီး ခြောက်လာတတ်ပါတယ်။

🏔🌏 (၂) ဒုတိယအဆင့် အများလိုဓာတ် (၃) မျိုး (Secondary Nutrients)

ဒီဓာတ်တွေကိုတော့ ကယ်မဂ်ဆာ (Ca, Mg, S) ဖြစ်ပြီး တောင်သူအများစုက မေ့ထားတတ်ကြပေမယ့် အပင်အတွက်တော့ အရေးကြီးလှပါတယ်။

🌞(ဃ) Calcium (ကယ်လ်စီယမ် - Ca)
လုပ်ဆောင်ချက် - အပင်ရဲ့ ဆဲလ်နံရံတွေကို ခိုင်မာစေတယ် (လူတွေမှာ အရိုးသန်မာသလိုမျိုးပေါ့)။ အမြစ်ထိပ်ဖျားနဲ့ အညွန့်သစ်တွေကို ဖွံ့ဖြိုးစေတယ်။
ချို့တဲ့လျှင် - အညွန့်လေးတွေ ကောက်ကွေးပြီး သေသွားတတ်တယ်၊ ခရမ်းချဉ်သီးလို အသီးတွေမှာ ဖင်ပုပ်ရောဂါ ဖြစ်တတ်ပါတယ်။

🌞(င) Magnesium (မဂ္ဂနီစီယမ် - Mg)
လုပ်ဆောင်ချက် - အရွက်တွေကို စိမ်းစေတဲ့ "ကလိုရိုဖီးလ်" ရဲ့ အလယ်ဗဟိုမှာ ရှိတာပါ။ သူရှိမှ အပင်က အစာ ကောင်းကောင်းချက်နိုင်ပါတယ်။
ချို့တဲ့လျှင် - အရွက်ကြောတွေက စိမ်းနေပြီး ကြားထဲမှာ ဝါလာတတ်ပါတယ် (အရွက်ဟောင်းတွေမှာ အဖြစ်များပါတယ်)။

🌞(စ) Sulphur (ဆာလ်ဖာ/ကန့် - S)
လုပ်ဆောင်ချက် - အပင်ထဲမှာ အသားဓာတ် (Protein) တည်ဆောက်ဖို့နဲ့ အမိုင်နိုအက်ဆစ် ထုတ်လုပ်ဖို့ လိုအပ်ပါတယ်။ ကြက်သွန်၊ မုန်ညင်းတို့လို အပင်တွေမှာ အနံ့အရသာအတွက် အရေးကြီးပါတယ်။
ချို့တဲ့လျှင် - နိုက်ထရိုဂျင် ချို့တဲ့သလိုမျိုး အရွက်တွေဝါပေမယ့် သူက အရွက်နုလေးတွေကနေ စပြီး ဝါလာတတ်ပါတယ်။

👩‍🌾👨‍🌾 စိုက်ပျိုးတောင်သူများကို တိုက်တွန်း လိုတာကတော့....
🔔(၁) မျှတစွာကျွေးခြင်း - N, P, K ကိုပဲ အလွန်အကျွံမထည့်ပါနဲ့။ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ ဆာလ်ဖာတို့ ချို့တဲ့ရင်လည်း အထွက်နှုန်း ကျနိုင်ပါတယ်။

🔔(၂) မြေဆီလွှာ pH ကို စစ်ဆေးခြင်း - မြေကြီးက အချဉ်ဓာတ် အလွန်များနေရင် (သို့) အငန်ဓာတ် များနေရင် အာဟာရဓာတ်တွေ ရှိနေပေမယ့် အပင်က စုပ်မစားနိုင်တာမျိုး ဖြစ်တတ်ပါတယ်။

🔔(၃) သဘာဝမြေသြဇာ အသုံးပြုခြင်း - နွားချေး၊ မြေဆွေး မြေသြဇာတွေမှာ ဒီအာဟာရဓာတ် (၆) မျိုးစလုံး မျှတစွာ ပါဝင်တတ်ပါတယ်။

🎄🎄အပင်ဆိုတာလည်း လူတွေလိုပါပဲ ခင်ဗျား။ ထမင်း (N, P, K) ပဲ စားလို့မရပါဘူး၊ ခန္ဓာကိုယ်သန်မာဖို့ ဟင်းသီးဟင်းရွက်နဲ့ အသားဓာတ် (Ca, Mg, S) တွေကိုလည်း မျှတအောင် ရရှိစားသုံးဖို့ လိုအပ်ပါတယ် ခင်ဗျား။ 💪💪

👨‍🌾👩‍🌾 မိမိတို့ ပတ်ဝန်းကျင်က စိုက်ပျိုး​တောင်သူ​တွေ သိရှိ​စေဖို့ ဒီပို့စ်​လေးကို ​ဝေမျှ​ပေးကြရင်း လက်​​တွေ့လုပ်ကိုင်နေသူများ ရှိရင်လည်း မြေဩဇာ စနစ်တကျကျွေးခြင်းရဲ့ အကျိုး​ကျေးဇူး​တွေကို ​ဝေမျှ​ပေး​စေလိုပါတယ် ခင်ဗျား။ 🧑‍🌾👨‍🌾

📣📣စိုက်ပျိုး​ရေးနည်းပညာဆိုင်ရာ အ​ကြောင်းအရာများ၊ အခမဲ့-အခ​ပေးသင်တန်းများကို ပုံမှန်တင်ဆက်​ပေး​နေမှာမို့လို့ Page ကိုလည်း Follow လုပ်ထား​ပေးကြ​စေလိုပါတယ် ခင်ဗျား။

🔔019-2026-DekinaABMI

​မြေဆီလွှာ အာဟာရဓါတ်များနဲ့ ပတ်သက်ပြီး ဆက်စပ်​လေ့လာဖို့က​တော့ .....

"အပင်တို့ရဲ့ အသက်သွေးကြော - မရှိမဖြစ် အာဟာရဓာတ် (၁၉) မျိုး၏ လျှို့ဝှက်ချက်"

🌿 မြေဆီလွှာ ချဉ်ငန်ကိန်း (pH) နှင့် အပင်အာဟာရ ဆက်စပ်မှု 🌿

🌾 အပင်တွေ ရှင်သန်ဖို့ “အခြေခံ အုတ်မြစ်” (၃) ခုကို သိပြီးပြီလား?https://www.facebook.com/share/p/1BDtriTCfz/

🌾🌾 အပင်တွေ ကြီးထွားဖို့ “အခြေခံ အုတ်မြစ်” (၃) ခုကို သိပြီးပြီလား? 🌾🌾👩‍🌾👨‍🌾 စိုက်ပျိုးရေးတောင်သူတို့အနေနဲ့ အပင်တွေအတွက် ယ...
22/04/2026

🌾🌾 အပင်တွေ ကြီးထွားဖို့ “အခြေခံ အုတ်မြစ်” (၃) ခုကို သိပြီးပြီလား? 🌾🌾

👩‍🌾👨‍🌾 စိုက်ပျိုးရေးတောင်သူတို့အနေနဲ့ အပင်တွေအတွက် ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ် စတဲ့ မြေသြဇာတွေကိုပဲ အဓိကထား ဂရုစိုက်မိတတ်ကြပါတယ်။

🎄🎄ဒါပေမဲ့ တကယ်တမ်းမှာတော့ အပင်တစ်ပင်ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံ ၉၀-၉၅ ရာခိုင်နှုန်းအထိကို Carbon (ကာဗွန်)၊ Hydrogen (ဟိုက်ဒရိုဂျင်) နဲ့ Oxygen (အောက်ဆီဂျင်) ဆိုတဲ့ ဒြပ်စင် (၃) မျိုးနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ် ခင်ဗျား။ 🎄🎄

🌏🏔 ဒီဓာတ်တွေကိုတော့ ကျွန်တော်တို့က ပိုက်ဆံပေးပြီး ဝယ်စရာမလိုဘဲ သဘာဝရဲ့ လေထုနဲ့ ရေထဲကနေ အခမဲ့ ရရှိနိုင်ပါတယ်။ 🌏🏞

🌞 (၁) Carbon (ကာဗွန်) - အပင်ရဲ့ ခန္ဓာကိုယ် တည်ဆောက်သူ

ကာဗွန်ဟာ အပင်ရဲ့ အရိုးအဆစ်တွေ၊ အရွက်တွေနဲ့ ပင်စည်တွေကို တည်ဆောက်တဲ့နေရာမှာ အဓိက အစိတ်အပိုင်းဖြစ်ပါတယ်။

ဘယ်ကရသလဲ - လေထုထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO_2) ကနေ ရပါတယ်။

အပင်အတွက် အသုံးဝင်ပုံ - အပင်တွေက နေရောင်ခြည်ကိုသုံးပြီး အစာချက် (Photosynthesis) တဲ့အခါ ဒီကာဗွန်ကို ယူပြီး အပင်အတွက် လိုအပ်တဲ့ သကြားဓာတ်နဲ့ ကစီဓာတ်တွေကို ထုတ်လုပ်ပါတယ်။

🌞 (၂) Hydrogen (ဟိုက်ဒရိုဂျင်) - အင်အားဖြည့်ပေးသူ
ဟိုက်ဒရိုဂျင်ဟာ အပင်ရဲ့ ဆဲလ်တွေထဲမှာ စွမ်းအင်သယ်ဆောင်ပေးတဲ့ နေရာမှာ အရေးပါတယ်။

ဘယ်ကရသလဲ - အဓိကအားဖြင့် ရေ (H_2O) ကနေ ရရှိပါတယ်။

အပင်အတွက် အသုံးဝင်ပုံ - ရေမော်လီကျူးထဲက ဟိုက်ဒရိုဂျင်ကို ခွဲထုတ်ယူပြီး အစာချက်လုပ်တဲ့နေရာမှာ အသုံးပြုပါတယ်။ သူရှိမှသာ အပင်က ကြီးထွားဖို့ လိုအပ်တဲ့ စွမ်းအင်ကို ရရှိမှာဖြစ်ပါတယ်။

🌞 (၃) Oxygen (အောက်ဆီဂျင်) - အပင်ရဲ့ အသက်ရှုနှုန်းကို ထိန်းညှိသူ

လူတွေလိုပဲ အပင်တွေဟာလည်း အသက်ရှုဖို့ အောက်ဆီဂျင် လိုအပ်ပါတယ်။

ဘယ်ကရသလဲ - လေထုထဲကရော၊ ရေထဲကပါ ရရှိပါတယ်။

အပင်အတွက် အသုံးဝင်ပုံ - အပင်က ချက်လုပ်ထားတဲ့ အစာတွေကို ပြန်လည်အသုံးချပြီး စွမ်းအင်ထုတ်ဖို့ အောက်ဆီဂျင်က မရှိမဖြစ်ပါ။ အထူးသဖြင့် အမြစ်တွေ အသက်ရှုဖို့ မြေကြီးထဲမှာ အောက်ဆီဂျင် လုံလောက်စွာရှိဖို့ အလွန်အရေးကြီးပါတယ်။

📣📣စိုက်ပျိုးတောင်သူများ သတိပြုရန်အချက်ကတော့ ဒီအခြေခံဓာတ် (၃) မျိုးဟာ သဘာဝက အလကားပေးထားတာ မှန်ပေမယ့် ကျွန်တော်တို့ စိုက်ပျိုးတဲ့နည်းစနစ် မှားယွင်းရင် အပင်က ကောင်းကောင်း မရရှိနိုင်ပါဘူး။

🔔 (၁) မြေကြီးကျပ်နေလျှင် - မြေကြီးထဲမှာ လေဝင်လေထွက် မရှိတဲ့အတွက် အမြစ်တွေ အောက်ဆီဂျင် ပြတ်လပ်ပြီး အပင်ညှိုးတာ၊ အမြစ်ပုပ်တာတွေ ဖြစ်တတ်ပါတယ်။

🔔 (၂) ရေပြတ်လပ်လျှင် - အပင်က ဟိုက်ဒရိုဂျင်ကို မရရှိနိုင်တော့တဲ့အတွက် အစာမချက်နိုင်ဘဲ ကြီးထွားမှု ရပ်တန့်သွားပါတယ်။

🔔 (၃) အပင်သိပ်သည်းလွန်းလျှင် - လေဝင်လေထွက် မကောင်းတဲ့အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ် ရရှိမှု နည်းပါးသွားနိုင်ပါတယ်။

📣📣မြေသြဇာတွေ မထည့်ခင် မိမိတို့ရဲ့ စိုက်ခင်းမှာ လေဝင်လေထွက်ကောင်းအောင်နဲ့ ရေကို စနစ်တကျ ရရှိအောင် လုပ်ဆောင်ပေးခြင်းဟာ အပင်အတွက် အကြီးမားဆုံးသော အာဟာရဓာတ် အုပ်စု (၁) ကို ဖြည့်ဆည်းပေးနေတာပဲ ဖြစ်ပါတယ်။📣📣

👨‍🌾👩‍🌾မိမိတို့ ပတ်ဝန်းကျင်က စိုက်ပျိုး​တောင်သူ​တွေ သိရှိ​စေဖို့ ဒီပို့စ်​လေးကို ​ဝေမျှ​ပေးကြရင်း လက်​​တွေ့လုပ်ကိုင်နေသူများ ရှိရင်လည်း မြေဆီလွှာပြုပြင်ခြင်းရဲ့ အကျိုး​ကျေးဇူး​တွေကို ​ဝေမျှ​ပေး​စေလိုပါတယ် ခင်ဗျား။🧑‍🌾👨‍🌾

📣📣စိုက်ပျိုး​ရေးနည်းပညာဆိုင်ရာ အ​ကြောင်းအရာများ၊ အခမဲ့-အခ​ပေးသင်တန်းများကို ပုံမှန်တင်ဆက်​ပေး​နေမှာမို့လို့ Page ကိုလည်း Follow လုပ်ထား​ပေးကြ​စေလိုပါတယ် ခင်ဗျား။ 🔔🔔

018-2026-DekinaABMI

#စိုက်ပျိုးရေး #မြေဆီလွှာ #အပင်အာဟာရ

🌱 မြေသား အနုအကြမ်းနှင့် မြေဆီလွှာဖွဲ့စည်းပုံကို နားလည်ခြင်း 🌱🌞❄️ စိုက်ပျိုးရေး လုပ်ငန်းမှာ မြေဆီလွှာရဲ့ ကျန်းမာရေးဟာ သီး...
21/04/2026

🌱 မြေသား အနုအကြမ်းနှင့် မြေဆီလွှာဖွဲ့စည်းပုံကို နားလည်ခြင်း 🌱

🌞❄️ စိုက်ပျိုးရေး လုပ်ငန်းမှာ မြေဆီလွှာရဲ့ ကျန်းမာရေးဟာ သီးနှံအထွက်နှုန်းအတွက် အသက်တမျှ အရေးကြီးပါတယ်။ စိုက်ပျိုးတောင်သူများအနေနဲ့ မိမိရဲ့ မြေအမျိုးအစားကို သေချာနားလည်စေဖို့ မြေသား အနုအကြမ်းနဲ့ မြေဆီလွှာ ဖွဲ့စည်းပုံ အကြောင်းကို သေချာခွဲခြားသိမှ မြေဩဇာနဲ့ ရေကို စနစ်တကျ စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ် ခင်ဗျား။🌞❄️

🌏🪐(၁) မြေသား အနုအကြမ်း ဆိုတာ ဘာလဲ?

မြေကြီးထဲမှာ ပါဝင်တဲ့ သဲ (Sand)၊ နုန်း (Silt) နဲ့ မြေစေး (Clay) တို့ရဲ့ အချိုးအစားကို ခေါ်တာပါ။ ဒါဟာ သဘာဝအတိုင်း ဖြစ်တည်နေတာမို့ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲဖို့ ခက်ခဲပါတယ်။

✴️သဲ (Sand) - အမှုန်အကြီးဆုံးဖြစ်ပြီး ရေစီးဆင်းမှု မြန်တယ်။ အာဟာရဓာတ် မထိန်းနိုင်ဘူး။

✴️နုန်း (Silt) - အလယ်အလတ် အရွယ်အစားဖြစ်ပြီး ရေကို အတော်အသင့် ထိန်းပေးနိုင်တယ်။

✴️ရွှံ့စေး (Clay) - အမှုန်အသေးဆုံးဖြစ်ပြီး ရေနဲ့ အာဟာရကို အကောင်းဆုံး ထိန်းထားနိုင်ပေမဲ့ လေဝင်လေထွက် ညံ့ပါတယ်။

မှတ်ချက်- ဒီ (၃) မျိုးလုံး မျှတစွာ ပါဝင်တဲ့မြေကို နုန်းမြေ (Loam Soil) လို့ ခေါ်ပြီး စိုက်ပျိုးရေးအတွက် အကောင်းဆုံး မြေအမျိုးအစား ဖြစ်ပါတယ်။

(တွဲရက်ပုံ Soil Texture Triangle အ​ကြောင်း ခွဲခြားမှတ်သားနိုင်ပါတယ်)

🪐🗻(၂) မြေဆီလွှာ ဖွဲ့စည်းပုံ ဆိုတာ ဘာလဲ?

အပေါ်ကပြောခဲ့တဲ့ သဲ၊ နုန်း၊ ရွှံ့စေး အမှုန်လေးတွေ တစ်ခုနဲ့တစ်ခု ဘယ်လို စုစည်း ဖွဲ့စည်းထားသလဲ ဆိုတာကို ပြောတာပါ။ ဒါကိုတော့ စိုက်ပျိုးတောင်သူတို့ရဲ့ မြေပြုပြင်မှု နည်းလမ်းတွေနဲ့ ပြောင်းလဲလို့ ရပါတယ် ခင်ဗျား။

😍မြေကောင်း - မြေမှုန်လေးတွေက မုန့်လုံးလေးတွေလို စုနေရင် လေဝင်လေထွက်ကောင်းပြီး အမြစ်ဆင်းရ လွယ်ကူစေပါတယ်။

😔မြေကျစ် - မြေကြီးက ပြားကပ်နေရင် ဒါမှမဟုတ် ကျစ်ခဲနေရင် ရေမဝင်နိုင်သလို အပင်လည်း အစာမစားနိုင်တော့ပါဘူး။

(တွဲရက်ပုံ Layers of Soil အ​ကြောင်း ​လေ့လာနိုင်ပါတယ် ခင်ဗျား)

ဒါကြောင့်မို့ စိုက်ပျိုးတောင်သူများကို တိုက်တွန်းလိုတာကတော့......
(၁) မြေသားကို သိအောင်လုပ်ပါ - မိမိမြေက သဲဆန်လား၊ မြေစေးလားဆိုတာ သိရင် ရေပေးတာကို ထိန်းညှိနိုင်ပါတယ်။

(၂) သဘာဝမြေဩဇာ အသုံးပြုပါ - နွားချေး၊ သစ်စိမ်းမြေဩဇာနဲ့ ဇီဝမီးသွေးတို့ဟာ ကျစ်နေတဲ့ မြေသားကို ပွလာစေပြီး မြေဆီလွှာ ဖွဲ့စည်းပုံကို သိသိသာသာ ကောင်းမွန်စေပါတယ်။

(၃) မြေမကျစ်ပါစေနဲ့ - မြေစိုနေချိန်မှာ စက်ယန္တရားကြီးတွေ မောင်းနှင်တာ၊ တိရစ္ဆာန်တွေ အလွန်အကျွံ လွှတ်ကျောင်းတာမျိုးက မြေဆီလွှာ ဖွဲ့စည်းပုံကို ပျက်စီးစေပါတယ်။

🔔🔔"မြေသား အနုအကြမ်းကို ပြုပြင်လို့မရပေမဲ့ ​မြေဆီလွှာ ဖွဲ့စည်းပုံကိုတော့ သဘာဝမြေဩဇာ အသုံးပြုနည်းလမ်းတွေနဲ့ အဆင့်မြှင့်တင်လို့ ရပါတယ်။"🔔🔔

မြေဆီလွှာအကြောင်း ပိုမိုသိရှိလိုပါက comment မှာ မေးမြန်းနိုင်ပါတယ်။

👨‍🌾👩‍🌾မိမိတို့ ပတ်ဝန်းကျင်က စိုက်ပျိုး​တောင်သူ​တွေ သိရှိ​စေဖို့ ဒီပို့စ်​လေးကို ​ဝေမျှ​ပေးကြရင်း လက်​​တွေ့ပြူပြင်နေသူများ ရှိရင်လည်း မြေဆီလွှာပြုပြင်ခြင်းရဲ့ အကျိုး​ကျေးဇူး​တွေကို ​ဝေမျှ​ပေး​စေလိုပါတယ် ခင်ဗျား။🧑‍🌾👨‍🌾

📣📣စိုက်ပျိုး​ရေးနည်းပညာဆိုင်ရာ အ​ကြောင်းအရာများ၊ အခမဲ့-အခ​ပေးသင်တန်းများကို ပုံမှန်တင်ဆက်​ပေး​နေမှာမို့လို့ Page ကိုလည်း Follow လုပ်ထား​ပေးကြ​စေလိုပါတယ် ခင်ဗျား။ 🔔

017-2026-DekinaABMI

🌿 မြေဆီလွှာ ချဉ်ငန်ကိန်း (pH) နှင့် အပင်အာဟာရ ဆက်စပ်မှု 🌿🌾🌱စိုက်ပျိုးပြုစုမှု​​တွေလုပ်ရာမှာ အပင်တွေ ကြီးထွားဖို့ "မြေသြဇ...
16/04/2026

🌿 မြေဆီလွှာ ချဉ်ငန်ကိန်း (pH) နှင့် အပင်အာဟာရ ဆက်စပ်မှု 🌿

🌾🌱စိုက်ပျိုးပြုစုမှု​​တွေလုပ်ရာမှာ အပင်တွေ ကြီးထွားဖို့ "မြေသြဇာတွေ ဘယ်လောက်ကျွေးကျွေး အပင်က မဖြစ်ထွန်းဘူး" ဆိုတာမျိုး ကြုံနေရပါသလား? ဒါဟာ မြေဆီလွှာရဲ့ ချဉ်ငန်ကိန်း (pH) ကြောင့် ဖြစ်နိုင်ပါတယ်။🌾🌱

🌞🌞မြေဆီလွှာ pH ဆိုတာ မြေကြီးထဲမှာရှိတဲ့ အာဟာရဓာတ်တွေကို အပင်က စုပ်ယူစားသုံးနိုင်စွမ်းရှိမရှိ ဆုံးဖြတ်ပေးတဲ့ "တံခါးမှူး" တစ်ယောက်နဲ့ တူပါတယ်။ မြေဆီလွှာ pH ကို ၀ မှ ၁၄ အထိ သတ်မှတ်ထားပြီး အောက်ကပုံလေးကို ကြည့်လိုက်ရင် pH အနိမ့်အမြင့်အလိုက် အပင်က အာဟာရဓာတ်တွေကို ဘယ်လောက်အထိ စုပ်ယူနိုင်စွမ်းရှိလဲဆိုတာကို အဖြူရောင်အတန်းလေးတွေရဲ့ အကျယ်အဝန်းနဲ့ ဖော်ပြထားပါတယ်။

📊 ပုံတွင်ဖော်ပြထားသော သိကောင်းစရာများ

(၁) အသင့်တော်ဆုံးဇုန် (pH 6.5 - 7.5) - ပုံရဲ့ အလယ်တည့်တည့်က အစိမ်းရောင်ကွက်လေးကို ကြည့်ပါ။ အဲဒီ pH အတိုင်းအတာမှာ အဖြူရောင်အတန်းတွေ အားလုံးဟာ အကျယ်ဆုံးဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဆိုလိုတာက နိုက်ထရိုဂျင် (N)၊ ဖော့စ်ဖရပ် (P)၊ ပိုတက်စီယမ် (K) အစရှိတဲ့ အဓိကအာဟာရဓာတ်တွေအားလုံးကို အပင်က အပြည့်အဝ အကောင်းဆုံး စုပ်ယူနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

(၂) မြေချဉ်လွန်းလျှင် (pH 5.5 အောက် - အနီရောင်ဇုန်) - pH ဓာတ် လျော့နည်းလာလေလေ (မြေချဉ်လာလေလေ) အပေါ်ဆုံးက N, P, K အတန်းလေးတွေ ကျဉ်းမြောင်းသွားတာကို တွေ့ရမှာပါ။ မြေကြီးထဲမှာ အာဟာရဓာတ်ရှိနေရင်တောင် အပင်က စုပ်ယူလို့မရတော့တဲ့အတွက် အပင်ကြီးထွားမှု ရပ်တန့်စေပါတယ်။

(၃) မြေငန်လွန်းလျှင် (pH 8.0 အထက် - အပြာရောင်ဇုန်) - မြေငန်သွားတဲ့အခါမှာတော့ သံဓာတ် (Fe)၊ မန်ဂနိစ် (Mn)၊ ဇင့် (Zn) စတဲ့ သတ္တုဓာတ် (Micronutrients) အတန်းလေးတွေ အလွန်ကျဉ်းသွားပါတယ်။ ဒါကြောင့် မြေငန်တဲ့ဒေသတွေမှာ အပင်တွေ အရွက်ဝါတာ၊ အပင်ပုတာမျိုးတွေ အဖြစ်များရတာပါ။

✅ ပုံဖော်ပြချက်ပါ အဓိကအချက်များ အနှစ်ချုပ်

(က) pH 6.5 မှ 7.5 အတွင်း - အာဟာရစုပ်ယူမှု အကောင်းဆုံးဖြစ်သည့် "ရွှေရောင်ဇုန်" ဖြစ်ပါတယ်။

(ခ) မြေချဉ်လျှင် (pH < 5.5) - အဓိကအာဟာရများ (N, P, K, Ca, Mg) နည်းပါးသွားပါမယ်။

(ဂ) မြေငန်လျှင် (pH > 8.0) - သံဓာတ်အပါအဝင် သတ္တုအာဟာရဓာတ်များ စုပ်ယူမှု နည်းပါးသွားပါမယ်။

💪💪စိုက်ပျိုးတောင်သူများအား တိုက်တွန်းလိုတာကတော့ ....

(၁) မြေနမူနာစစ်ဆေးပါ - မိမိစိုက်ခင်းရဲ့ pH ကို အရင်ဆုံးသိအောင် လုပ်ကြရအောင်ပါ။ (pH Meter/Soil Test Kit များဖြင့် အလွယ်တကူ စစ်ဆေးနိုင်ပါတယ်)

(၂) မြေပြုပြင်ပါ - မြေချဉ်နေရင် ထုံး (Lime) ထည့်ပါ။ မြေငန်နေရင် ကျောက်မှုန့်၊ အော်ဂဲနစ်မြေဆွေး များများကျွေးပေးစေလိုပါတယ်။

(၃) မြေသြဇာ အလေအလွင့်လျှော့ချပါ - pH မှန်အောင် အရင်ပြင်ပြီးမှ မြေသြဇာကျွေးတာက ကုန်ကျစရိတ်ကို အထိရောက်ဆုံး ဖြစ်စေပါတယ်။

🌾🌱စိုက်ပျိုးရေးမှာ "မြေကောင်းမှ အပင်ဖြစ်" တာမို့ စိုက်ပျိုးတောင်သူတို့ရဲ့ စိုက်ခင်းမှာ အာဟာရဓာတ် မချို့တဲ့ရလေအောင် မြေဆီလွှာ pH ကို ပုံမှန်စစ်ဆေးပြီး လိုအပ်တဲ့ အာဟာရတွေကို စနစ်တကျ ဖြည့်တင်းပေးကြရ​အောင်လို့ တိုက်တွန်းလိုပါတယ် ခင်ဗျား။ 🌾🌱

👨‍🌾👩‍🌾မိမိတို့ ပတ်ဝန်းကျင်က စိုက်ပျိုး​တောင်သူ​တွေ သိရှိ​စေဖို့ ဒီပို့စ်​လေးကို ​ဝေမျှ​ပေးကြရင်း လက်​​တွေ့လုပ်ကိုင်နေသူများ ရှိရင်လည်း မြေဆီလွှာပြုပြင်ခြင်းရဲ့ အကျိုး​ကျေးဇူး​တွေကို ​ဝေမျှ​ပေး​စေလိုပါတယ် ခင်ဗျား။🧑‍🌾👨‍🌾

📣📣စိုက်ပျိုး​ရေးနည်းပညာဆိုင်ရာ အ​ကြောင်းအရာများ၊ အခမဲ့-အခ​ပေးသင်တန်းများကို ပုံမှန်တင်ဆက်​ပေး​နေမှာမို့လို့ Page ကိုလည်း Follow လုပ်ထား​ပေးကြ​စေလိုပါတယ် ခင်ဗျား။ 🔔

016-2026-DekinaABMI

#စိုက်ပျိုးရေး #မြေဆီလွှာကျန်းမာရေး #မြေချဉ်ငန်ကိန်း #အပင်အာဟာရ

15/04/2026

Dekina Integrated Farming System

🌿 အပင်တို့ရဲ့ အသက်သွေးကြော - မရှိမဖြစ် အာဟာရဓာတ် (၁၉) မျိုး၏ လျှို့ဝှက်ချက် 🌿👩‍🌾👨‍🌾 စိုက်ပျိုးရေးဝါသနာရှင်များနှင့် စိုက...
15/04/2026

🌿 အပင်တို့ရဲ့ အသက်သွေးကြော - မရှိမဖြစ် အာဟာရဓာတ် (၁၉) မျိုး၏ လျှို့ဝှက်ချက် 🌿

👩‍🌾👨‍🌾 စိုက်ပျိုးရေးဝါသနာရှင်များနှင့် စိုက်ပျိုးတောင်သူတို့ခင်ဗျား....👨‍🌾👩‍🌾

🎄🎄အပင်တစ်ပင် ကျန်းမာသန်စွမ်းပြီး အထွက်နှုန်းကောင်းဖို့ဆိုတာ မြေဩဇာကျွေးရုံနဲ့မရပါဘူး။ အပင်အတွက် လိုအပ်တဲ့ အာဟာရဓာတ် တစ်ခုချင်းစီရဲ့ အလုပ်လုပ်ပုံကို သိထားဖို့လည်း လိုအပ်ပါတယ်။ 👍👍

🌞🌞ဒီနေ့မှာတော့ အပင်အတွက် လိုအပ်တဲ့ အာဟာရ (၁၉) မျိုးရဲ့ အရေးပါပုံကို အသေးစိတ် တင်ပြပေးလိုက်ပါတယ် ခင်ဗျား။🌞🌞

✴️အုပ်စု (၁) လေနှင့်ရေမှရရှိသော အခြေခံဓာတ်များ (အတို​ကောက်မှတ်ရန် - CHO)

(၁) ကာဗွန် (Carbon) - အပင်ရဲ့ အခြေခံအရိုးအဆောက်အအုံ ဖြစ်ပါတယ်။ လေထုထဲကနေရယူပြီး အပင်ကိုယ်ထည် ကြီးထွားဖို့ အဓိကအသုံးပြုပါတယ်။

(၂) ဟိုက်ဒရိုဂျင် (Hydrogen) - ရေကနေရရှိပြီး အပင်အတွင်း အာဟာရဓာတ်တွေ သယ်ယူပို့ဆောင်ရေးနဲ့ စွမ်းအင်ထုတ်လုပ်ရေးမှာ ပါဝင်ပါတယ်။

(၃) အောက်ဆီဂျင် (Oxygen) - အပင်ရဲ့ ဆဲလ်တွေ အသက်ရှုဖို့နဲ့ ရှင်သန်ကြီးထွားဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။

✴️အုပ်စု (၂) အများလိုအာဟာရဓာတ်များ (အတို​ကောက်မှတ်ရန် - NPK-ကယ်မဂ်ဆာ)

🔔အဓိကဓာတ်များ
(၄) နိုက်ထရိုဂျင် (Nitrogen) - အပင်ကို စိမ်းလန်းစေပြီး အရွက်နဲ့ အကိုင်းအခက်တွေ သန်မာမြန်ဆန်စွာ ကြီးထွားဖို့ အဓိကအားဖြင့် အပင်ပိုင်းကြီးထွားဖို့ကို တာဝန်ယူပါတယ်။

(၅) ဖော့စ်ဖရပ် (Phosphorus) - အမြစ်တွေကို သန်မာစေပြီး ပန်းပွင့်ခြင်း၊ အသီးတင်ခြင်းနဲ့ အစေ့အဆန် အောင်မြင်ခြင်းကို အားပေးပါတယ်။

(၆) ပိုတက်စီယမ် (Potassium) - အပင်ရဲ့ ကိုယ်ခံအားကို ကောင်းမွန်စေပြီး အသီးအရည်အသွေးနဲ့ အရသာကို ပိုမိုကောင်းမွန်စေပါတယ်။

🔔ဒုတိယဓာတ်များ
(၇) ကယ်လ်စီယမ် (Calcium) - ဆဲလ်နံရံတွေကို ခိုင်မာစေပြီး အပင်ကို တောင့်တင်းစေပါတယ်။ အမြစ်ဖျား၊ အညွန့်ဖျားတွေ ပုပ်ခြင်းကို ကာကွယ်ပေးပါတယ်။

(၈) မဂ္ဂနီစီယမ် (Magnesium) - အပင် အစာချက်လုပ်ဖို့အတွက် လိုအပ်တဲ့ စိမ်းရောင်ခြယ် (Chlorophyll) ဖြစ်ပေါ်ဖို့ အဓိကကျပါတယ်။

(၉) ဆာလ်ဖာ (Sulfur) - အပင်အတွက် လိုအပ်တဲ့ ပရိုတင်းနဲ့ အင်ဇိုင်းတွေ ထုတ်လုပ်ရာမှာ ပါဝင်ပြီး အပင်ရဲ့ အနံ့နဲ့ အရသာကို ပြည့်စုံစေပါတယ်။

✴️အုပ်စု (၃) အနည်းလိုအာဟာရဓာတ်များ (အတို​ကောက်မှတ်ရန် - သံ-ဇင့်-မန်-ဘို-​ကြေး-မို-ကလို-နီ)

(၁၀) သံဓာတ် (Iron) - အစိမ်းရောင်ခြယ် ထုတ်လုပ်မှုနဲ့ အသက်ရှုဖြစ်စဉ်မှာ ကူညီပေးပါတယ်။

(၁၁) ဇင့်/သွပ်ဓာတ် (Zinc) - အပင်ကြီးထွားမှု ဟော်မုန်းတွေကို ထိန်းညှိပေးပြီး အရွက်တွေ သေးမသွားအောင် ကာကွယ်ပေးပါတယ်။

(၁၂) မန်ဂနိစ် (Manganese) - အစာချက်လုပ်ခြင်းနဲ့ နိုက်ထရိုဂျင်ကို အပင်က စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။

(၁၃) ဘိုရွန် (Boron) - ဝတ်မှုန်ကူးခြင်း၊ အသီးတင်ခြင်းနဲ့ ဆဲလ်ခွဲပွားခြင်းဖြစ်စဉ်တွေမှာ အရေးကြီးပါတယ်။

(၁၄) ကြေးနီ (Copper) - အပင်ရဲ့ ရောဂါဒဏ်ခံနိုင်ရည်ကို မြှင့်တင်ပေးပြီး အစာချက်လုပ်ခြင်းကို အထောက်အကူပြုပါတယ်။

(၁၅) မိုလစ်ဒီနမ် (Molybdenum) - မြေထဲက နိုက်ထရိုဂျင်ကို အပင်က အသုံးချနိုင်တဲ့ ပုံစံဖြစ်အောင် ပြောင်းလဲပေးပါတယ်။

(၁၆) ကလိုရင်း (Chlorine) - အပင်အတွင်းက ရေဓာတ်ဖိအားကို ထိန်းညှိပေးပြီး အလင်းမှီအစာချက်ခြင်းကို ကူညီပါတယ်။

(၁၇) နီကယ် (Nickel) - အပင်အတွင်းက ယူရီးယားဓာတ်ကို ပြိုကွဲစေပြီး နိုက်ထရိုဂျင်အဖြစ် ပြောင်းလဲပေးတဲ့နေရာမှာ ပါဝင်ပါတယ်။

✴️အုပ်စု (၄) အကျိုးပြုအာဟာရဓာတ်များ (အတို​ကောက်မှတ်ရန် - စီ-ဆို)

(၁၈) စီလီကွန် (Silicon) - အပင်ရဲ့ ပင်စည်ကို တောင့်တင်းခိုင်မာစေပြီး ပိုးမွှားနဲ့ မှိုရောဂါဒဏ်ကို အကာအကွယ်ပေးပါတယ်။

(၁၉) ဆိုဒီယမ် (Sodium) - ရေရှားပါးတဲ့ ဒေသတွေမှာ အပင်အတွင်း ရေဓာတ်ဟန်ချက်ညီအောင် ထိန်းညှိပေးပါတယ်။

🌞🌞အထက်ပါ အာဟာရဓာတ်တွေဟာ တစ်ခုချင်းစီ အရေးပါသလို၊ တစ်ခုနဲ့တစ်ခုလည်း အချိတ်အဆက်မိမိ အလုပ်လုပ်ကြပါတယ်။ စိုက်ပျိုးတောင်သူတို့ရဲ့ စိုက်ခင်းမှာ အာဟာရဓာတ် မချို့တဲ့ရလေအောင် မြေဆီလွှာ pH ကို ပုံမှန်စစ်ဆေးပြီး လိုအပ်တဲ့ အာဟာရတွေကို စနစ်တကျ ဖြည့်တင်းပေးကြပါလို့ တိုက်တွန်းလိုပါတယ် ခင်ဗျား။ 🌞🌞

👨‍🌾👩‍🌾မိမိတို့ ပတ်ဝန်းကျင်က စိုက်ပျိုး​တောင်သူ​တွေ သိရှိ​စေဖို့ ဒီပို့စ်​လေးကို ​ဝေမျှ​ပေးကြရင်း လက်​​တွေ့လုပ်ကိုင်နေသူများ ရှိရင်လည်း မြေဆီလွှာပြုပြင်ခြင်းရဲ့ အကျိုး​ကျေးဇူး​တွေကို ​ဝေမျှ​ပေး​စေလိုပါတယ် ခင်ဗျား။🧑‍🌾👨‍🌾

📣📣စိုက်ပျိုး​ရေးနည်းပညာဆိုင်ရာ အ​ကြောင်းအရာများ၊ အခမဲ့-အခ​ပေးသင်တန်းများကို ပုံမှန်တင်ဆက်​ပေး​နေမှာမို့လို့ Page ကိုလည်း Follow လုပ်ထား​ပေးကြ​စေလိုပါတယ် ခင်ဗျား။ 🔔🔔

015-2026-DekinaABMI

#စိုက်ပျိုးရေးဗဟုသုတ #မြေဆီလွှာအာဟာရ

🍀 မြေဆီလွှာလည်းရှင်သန်၊ အထွက်နှုန်းလည်းမှန်ဖို့ "ဇီဝမြေဩဇာ" 🍀🌞❄️ ဓာတုမြေဩဇာတွေချည်း သုံးလွန်းလို့ မြေဆီလွှာတွေ ပျက်စီးပြ...
13/04/2026

🍀 မြေဆီလွှာလည်းရှင်သန်၊ အထွက်နှုန်းလည်းမှန်ဖို့ "ဇီဝမြေဩဇာ" 🍀

🌞❄️ ဓာတုမြေဩဇာတွေချည်း သုံးလွန်းလို့ မြေဆီလွှာတွေ ပျက်စီးပြီး အထွက်နှုန်းကျလာတာကို စိတ်ညစ်နေပြီလား? 🤔

🔔🔔 ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဇီဝမြေဩဇာ (Bio-fertilizer) အမျိုးအစားတွေကို အသေးစိတ် တင်ပြပေးလိုပါတယ် ခင်ဗျား။ (အခုတပတ် ပို့စ်​ရေးဖို့ အ​ကြောင်းအရာ​တွေးရင် အ​တွေးထဲမှာ ​မြေဩဇာအ​ကြောင်း​တွေပဲ လွှမ်းမိုး​နေလို့ပါ)🔔🔔

🧪 ဇီဝမြေဩဇာ အမျိုးအစားများနှင့် ၎င်းတို့၏ စွမ်းဆောင်ရည်များ 🧪

(၁) နိုက်ထရိုဂျင်ကို ဖမ်းယူပေးသော အဏုဇီဝများ -
လေထဲတွင်ရှိသော နိုက်ထရိုဂျင်ဓာတ်ကို အပင်က စုပ်ယူနိုင်​သော ပုံစံသို့ ပြောင်းလဲပေးသည့် အမျိုးအစား ဖြစ်ပါတယ်။

✅ ရိုင်ဇိုဘီယမ် (Rhizobium) - ပဲမျိုးစုံ အပင်များ၏ အမြစ်ဖုများတွင် နေထိုင်ပြီး နိုက်ထရိုဂျင်ကို ဖမ်းယူပေးပါတယ်။

✅ အဇိုတိုဘက်တာ (Azotobacter) - စပါး၊ ဂျုံ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပင်များအတွက် မြေဆီလွှာထဲတွင် လွတ်လပ်စွာ ရှင်သန်ရင်း နိုက်ထရိုဂျင် ဖြည့်တင်းပေးပါတယ်။

✅ အဇိုစပီရီယမ် (Azospirillum) - ပြောင်း၊ နှံစားပြောင်းနှင့် မြက်ရိုးရင်းဝင် အပင်များအတွက် အထူးကောင်းမွန်ပါတယ်။

(၂) ဖော့စ်ဖရပ်ကို ပျော်ဝင်စေသော အဏုဇီဝများ - မြေဆီလွှာထဲတွင် ပိတ်မိနေပြီး အပင်မှ စုပ်ယူရ ခက်ခဲနေတဲ့ ဖော့စ်ဖရပ် (P) ဓာတ်တွေကို အရည်ပျော်အောင် လုပ်ပေးပြီး အပင်က အလွယ်တကူ စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။ အမြစ်သန်ဖို့အတွက် အဓိက ဖြစ်ပါတယ်။
✅ ဗက်တီးရီးယားနှင့် မှိုများ - Bacillus နှင့် Aspergillus မျိုးရင်းဝင် အဏုဇီဝများသည် မြေဆီလွှာ၏ pH ကို ညှိပေးပြီး ဖော့စ်ဖရပ်ကို ထုတ်လွှတ်ပေးပါတယ်။

(၃) ပိုတက်စီယမ်ကို ထုတ်ပေးသော အဏုဇီဝများ - မြေကြီးထဲရှိ ပိုတက်ဆီယမ် သတ္တုဓာတ်များကို အပင်မှ အလွယ်တကူ ရရှိစေရန် ဆောင်ရွက်ပေးပြီး အပင်၏ ရောဂါဒဏ်ခံနိုင်ရည်နှင့် အသီးအနှံ အရည်အသွေးနဲ့ အရသာကို မြှင့်တင်ပေးပါတယ်။

(၄) အမြစ်သန်စွမ်းစေသော မှိုများ - VAM (Vesicular Arbuscular Mycorrhiza) ဟု အသိများသော မှိုမျိုးများသည်အပင်၏ အမြစ်နဲ့ အတူယှဉ်တွဲနေထိုင်ပြီး အမြစ်ဧရိယာကို ကျယ်ပြန့်စေပါတယ်။ ရေနဲ့ အာဟာရစုပ်ယူမှုကို အဆပေါင်းများစွာ မြှင့်တင်ပေးသလို ခြောက်သွေ့ဒဏ်ကိုလည်း ခံနိုင်ရည်ရှိစေပါတယ်။

(၅) မြေဆီလွှာ ပြုပြင်ပေးသည့် ပစ္စည်းများ - ဇီဝမြေဩဇာဟု ဆိုရာတွင် အဏုဇီဝပိုးများ အလုပ်လုပ်နိုင်ရန် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးသော ပစ္စည်းများလည်း ပါဝင်ပါတယ်။
✅ ဇီဝမီးသွေး - မြေဆီလွှာ၏ တည်ဆောက်ပုံကို ကောင်းမွန်စေပြီး အဏုဇီဝပိုးများ ခိုအောင်းပေါက်ဖွားရာ အိမ်သဖွယ် ဖြစ်စေပါသည်။
✅ တီကျစ်မြေဩဇာ - တီကောင်များမှတဆင့် ရရှိသော အာဟာရကြွယ်ဝသည့် မြေဩဇာဖြစ်ပြီး အဏုဇီဝပိုးများ များစွာပါဝင်ပါတယ်။

✨✨ ဇီဝမြေဩဇာ သုံးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲ? ✨✨

✅ မြေဆီလွှာရဲ့ သဘာဝဂုဏ်သတ္တိကို ပြန်လည်နိုးထစေတယ်။
✅ ဓာတုမြေဩဇာ သုံးစွဲမှုကို ၂၅% မှ ၅၀% အထိ လျှော့ချပေးလို့ ကုန်ကျစရိတ် သက်သာတယ်။
✅ အပင်ရဲ့ ခုခံအားကို တိုးစေလို့ ပိုးသတ်ဆေး သုံးစွဲမှုလည်း လျော့နည်းစေတယ်။
✅ စားသုံးသူအတွက် ဘေးအန္တရာယ်ကင်းတဲ့ သီးနှံတွေကို ထုတ်လုပ်နိုင်တယ်။

📌 📌 ဇီဝမြေဩဇာတွေကို ဓာတုပိုးသတ်ဆေးတွေနဲ့ တိုက်ရိုက်ရောစပ်ခြင်း မပြုလုပ်ဘဲ သဘာဝမြေဩဇာတွေနဲ့ တွဲဖက်သုံးစွဲရင် အထိရောက်ဆုံး ဖြစ်ပါတယ်။

👨‍🌾👩‍🌾မိမိတို့ ပတ်ဝန်းကျင်က စိုက်ပျိုး​တောင်သူ​တွေ သိရှိ​စေဖို့ ဒီပို့စ်​လေးကို ​ဝေမျှ​ပေးကြရင်း လက်​​တွေ့လုပ်ကိုင်နေသူများ ရှိရင်လည်း ဇီဝ​မြေဩဇာ သုံးစွဲခြင်းရဲ့ အကျိုး​ကျေးဇူး​တွေကို ​ဝေမျှ​ပေး​စေလိုပါတယ် ခင်ဗျား။🧑‍🌾👨‍🌾

📣📣စိုက်ပျိုး​ရေးနည်းပညာဆိုင်ရာ အ​ကြောင်းအရာများ၊ အခမဲ့-အခ​ပေးသင်တန်းများကို ပုံမှန်တင်ဆက်​ပေး​နေမှာမို့လို့ Page ကိုလည်း Follow လုပ်ထား​ပေးကြ​စေလိုပါတယ် ခင်ဗျား။ 🔔

👩‍🌾👨‍🌾 မြေဆီလွှာကို ချစ်မြတ်နိုးတဲ့ စိုက်ပျိုးတောင်သူများ အားလုံး အထွက်နှုန်းတိုးပြီး စီးပွားတိုးတက်ကြပါစေ ခင်ဗျား။ 🌾💚

014-2026-DekinaABMI

#စိုက်ပျိုးရေး #ဇီဝမြေဩဇာ

🌿 ဒက္ခိဏ စိုက်ပျိုးမွေးမြူရေးခြံရဲ့ စံပြပေါင်းစည်းလယ်ယာစနစ် (Integrated Farming System)🌿🌞❄️၁၃ ဧကကျယ်ဝန်းတဲ့ မြေပေါ်မှာ သ...
12/04/2026

🌿 ဒက္ခိဏ စိုက်ပျိုးမွေးမြူရေးခြံရဲ့ စံပြပေါင်းစည်းလယ်ယာစနစ် (Integrated Farming System)🌿

🌞❄️၁၃ ဧကကျယ်ဝန်းတဲ့ မြေပေါ်မှာ သဘာဝနဲ့အညီ ဖော်ဆောင်ထားတဲ့ ကျွန်တော်တို့ရဲ့ "ဒက္ခိဏ စိုက်ပျိုးမွေးမြူရေးခြံ" အကြောင်းကို စိုက်ပျိုးတောင်သူမိတ်ဆွေများအတွက် ဝေမျှပေးချင်ပါတယ် ခင်ဗျား။ ခြံကတော့ ဘီးလင်းမြို့နယ်၊ ကဇိုင်းကျေးရွာအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာမှာ ရှိပါတယ်။ ဘီးလင်းမြို့ကနေ ၆ မိုင်ခန့်ဝေးပေမယ့် ကတ္တရာလမ်းပေါက်တာမို့ ကားနဲ့ဆိုရင် ၁၀-၁၅ မိနစ်ပဲကြာပါတယ် ခင်ဗျား။🌞❄️

❤️(၁) စိုက်ပျိုးရေးနှင့် မွေးမြူရေး ဟန်ချက်ညီမှု❤️

(က) သစ်သီးဝလံစိုက်ခင်း (၈ ဧက) - ပိန္နဲ၊ ကြက်မောက်၊ သရက်၊ မာလကာနဲ့ ဗမာသံပုရာတို့ကို စနစ်တကျ အကွက်လိုက် စိုက်ပျိုးထားပါတယ်။ (ဒူးရင်းပင်တွေတော့ ကလေးတွေ ခွေ့တာနဲ့ ကုန်သွားလို့ ဒီနှစ်ထဲ ပြန်စိုက်ဖြစ်မယ်။)

(ခ) နို့စားနွားမွေးမြူရေး - အရွယ်ရောက်ပြီး ၂၂ ကောင်နဲ့ အငယ် ၁၈ ကောင် (စုစုပေါင်း ၄၀) မွေးမြူထားပြီး တစ်နေ့ကို လတ်ဆတ်တဲ့ နွားနို့အရောင်း ၈၀-၉၀ လီတာ ထွက်ရှိပါတယ်။

🔔🔔၂။ နွားစာအတွက်နှင့် ရေအရင်းအမြစ် 🔔🔔

(က) နွားများအတွက် အာဟာရပြည့်ဝစေဖို့ ၄.၅ ဧကမှာ နေဗီယာ၊ အစ္စရေးလ်မြက်ချို၊ နှံစားပြောင်း+ပဲယင်းနဲ့ ငှက်ပျောတို့ကို အလှည့်ကျစိုက်ပျိုးထားရှိပါတယ်။

(ခ) စိုက်ပျိုးရေအတွက် ဆိုလာရေတင်စနစ်သုံး ၄ လက်မ အဝီစိတွင်း ၃ တွင်းကို အသုံးပြုထားလို့ လောင်စာဆီကုန်ကျစရိတ် "သုည" ဖြစ်အောင် ဖန်တီးထားပါတယ်။

💡💡၃။ ဓာတုကင်းလွတ်သော စိုက်ပျိုးရေးစနစ်💡💡

နွားခြံကထွက်တဲ့ နွားချေးတွေကို သဘာဝမြေဩဇာအဖြစ် ပြန်လည်ပြုလုပ်ပြီး သစ်သီးစိုက်ခင်းတွေမှာ သုံးစွဲပါတယ်။ ဝန်ထမ်း ၈ ဦးနဲ့အတူ ဘေးကင်းလုံခြုံတဲ့ ဓာတုကင်းလွတ် (Chemical-Free) ထုတ်ကုန်တွေကို ထုတ်လုပ်နေပါတယ်။

✅ ဒက္ခိဏ စိုက်ပျိုးမွေးမြူရေးခြံရဲ့အားသာချက်နှင့် စိန်ခေါ်မှုများ

အားသာချက်များ
(က) စွမ်းအင်ချွေတာမှု - ဆိုလာစနစ်ကြောင့် ရေတင်စရိတ် လုံးဝမရှိတာပါ။

(ခ) ထုတ်လုပ်မှုစရိတ်သက်သာခြင်း - နွားစာကို ကိုယ်တိုင်စိုက်ပြီး မြေဩဇာကို ကိုယ်တိုင်ထုတ်လုပ်ခြင်းကြောင့် နွားစာအတွက် အစာနု၊ ဖွဲနုများမှလွဲပြီး ပြင်ပသွင်းအားစုစရိတ် အလွန်နည်းပါးပါတယ်။

(ဂ) ဝင်ငွေလမ်းကြောင်းစုံခြင်း - နွားနို့အပြင် သစ်သီးမျိုးစုံကနေ ရာသီအလိုက် ဝင်ငွေရရှိနိုင်ပြီး နွားနို့ရောင်းချရမှုကနေ နေ့တိုင်း ဝင်ငွေရရှိနေစေပါတယ်။

အားနည်းချက်/စိန်ခေါ်မှုများ
(က) လုပ်သားအင်အား - ဝန်ထမ်း ၈ ဦးဖြင့် ၁၃ ဧကကို စနစ်တကျထိန်းသိမ်းရသဖြင့် လုပ်ငန်းကျွမ်းကျင်သည့် လုပ်သားများ အမြဲလိုအပ်ခြင်း။

(ခ) နို့ထွက်နှုန်းမြှင့်တင်ရန် - လက်ရှိ နွား ၄၀ တွင် နို့ညှစ်နွားမ အရေအတွက် (၁၁) ကောင်သာ ရှိနေသေးတာမို့ နို့ထွက်နှုန်း ၈၀-၉၀ လီတာသည် ပျမ်းမျှအဆင့်ပဲရှိပြီး မျိုးရိုးဗီဇနှင့် အစာအာဟာရကို ပိုမိုမြှင့်တင်ရန် လိုအပ်နေပါတယ်။ ဒါကြောင့်မို့ မြက်များများစိုက်ပြီး အစာစိမ်း ပိုမိုကျွေးနိုင်ဖို့ ပြင်ဆင်နေပါတယ်။

🚀 ရှေ့ဆက်တိုးချဲ့နိုင်မယ့် အလားအလာရှိသော လုပ်ငန်းများ
(၁) တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း - နွားနို့ကို ဒီအတိုင်းရောင်းရုံတင်မဟုတ်ဘဲ ဒိန်ချဉ်၊ ထောပတ်၊ ချိစ် ဒါမှမဟုတ် နို့ခဲများအဖြစ် ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ ဆိုလာတပ်ဆင်ဖို့အတွက် ကုန်ကျစရိတ် မကာမိသေးတာမို့ နောက်ကျနေပါတယ်။

(၂) ဇီဝမီးသွေးနှင့် မြေဆွေးထုတ်လုပ်မှု - ခြံထွက်စွန့်ပစ်နွားချေးများကို ဇီဝမီးသွေးနဲ့ ပေါင်းစပ်ပြီး အဆင့်မြင့်သဘာဝမြေဩဇာအဖြစ် ထုပ်ပိုးရောင်းချဖို့ ပြင်ဆင်နေပါတယ်။

(၃) စံပြခြံအဖြစ် ပြသမှု - ၁၃ ဧကအတွင်းရှိ သီးစုံစိုက်ခင်းနဲ့ ဆိုလာစနစ်ကို လာရောက်လေ့လာနိုင်တဲ့ "Model Farm" အဖြစ် ဖော်ဆောင်ပြီး လေ့လာရေးခရီးစဉ်များ လက်ခံဖို့လည်း အတွေးရှိထားပါတယ်။

(၄) အစာတောင့်ထုတ်လုပ်ခြင်း - ထပ်မံပြီး အစာစိမ်းများကနေ နွားစာ၊ ဝက်စာ၊ ကြက်စာအတွက် အစာတောင့်များ ထုတ်လုပ်ပြီး ကုန်ကျစရိတ် သက်သာစေဖို့ ပြင်ဆင်နေပါတယ်။

(၅) မှိုစိုက်ပျိုးခြင်း - နွားချေးအလွယ်တကူ ရရှိနေတာမို့ ဂျပ်စက္ကူများ အသုံးပြုပြီး ကောက်ရိုးမှိုစိုက်ပျိုးကာ တန်ဖိုးမြှင့်ထုတ်ကုန် ထုပ်လုပ်ဖို့အတွက် ရည်ရွယ်ထားပါတယ်။

(၆) အေဇိုလာ စိုက်ပျိုးခြင်း - တိရစ္ဆာန် အစာစိမ်းအတွက်် အသားဓာတ် မြင့်မားစွာပါတဲ့ အေဇိုလာကို မွေးမြူပြီး တစ်ဖက်တစ်လမ်းကနေ အစာဖိုး ကုန်ကျစရိတ် သက်သာစေဖို့ ပြင်ဆင်နေပါတယ်။

🌞🔔ဒက္ခိဏ စိုက်ပျိုးမွေးမြူရေးခြံမှာ စနစ်တကျ စီမံခန့်ခွဲမှုကြောင့် ရေရှည်တည်တံ့မယ့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတစ်ခုအဖြစ် ခိုင်မာစွာ ရပ်တည်နေပါတယ်။ လာရောက်လေ့လာလိုသူများကိုလည်း ဖိတ်ခေါ်လိုပါတယ် ခင်ဗျား။ Page Messenger ကနေ ဆက်သွယ်နိုင်ပါတယ် ခင်ဗျား။🌞🔔

013-2026-DekinaABMI

#ဒက္ခိဏစိုက်ပျိုးမွေးမြူရေး #နို့စားနွားမွေးမြူရေး

Address

Bant Bway Kone Village, Bilin Township
Bilin

Alerts

Be the first to know and let us send you an email when Dekina Agri-Business Management Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Dekina Agri-Business Management Institute:

Shortcuts

Share

Category