27/03/2026
ဂျပန်လို ရာသီခွင် (Zodiac Signs) တွေကို ဘယ်လိုခေါ်လဲ သိကြလား? 🌌✨
ဂျပန်ဘာသာစကားမှာ ရာသီခွင်ကို Seiza (星座 - せいざ) လို့ ခေါ်ပါတယ်။ မိမိရဲ့ မွေးလအလိုက် ဂျပန်လို ဘယ်လိုခေါ်လဲဆိုတာ ဒီနေ့ Sharing လုပ်ပေးလိုက်ပါတယ်။
ဂျပန်နိုင်ငံမှာတော့ မနက်ခင်း သတင်းအစီအစဉ်တွေမှာ "ဒီနေ့အတွက် ကံကောင်းမယ့် ရာသီခွင်" (Urana - 占い) တွေကို အမြဲပြောလေ့ရှိပါတယ်။
အားလုံးပဲ ကိုယ့်ရဲ့ ရာသီခွင်လေးကို ဂျပန်လို မှတ်မိအောင် ပြောကြည့်ရအောင်! 🇯🇵✍️
ဂျပန်မှာ ရာသီခွင် (Seiza) အပြင် အရမ်းအရေးပါတဲ့ နောက်ထပ် တစ်ခုကတော့ Eto (干支 - えと) လို့ခေါ်တဲ့ (၁၂) ရာသီဖွား တိရစ္ဆာန် တွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာအသေးစိတ်နဲ့ (၁၂) ရာသီဖွား တိရစ္ဆာန် အခေါ်အဝေါ်တွေကို နောက် Post မှာ အသေးစိတ် တင်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။