ပညာအားမာန်

ပညာအားမာန် ရိုးသားကြိုးစားအောင်မြင်မှုများ

ကံကြုံရင် ပြန်ဆုံမည့်စေတီ🙏🙏🙏
21/09/2023

ကံကြုံရင် ပြန်ဆုံမည့်စေတီ

🙏🙏🙏

အောင်ချက်ရာခိုင်နှုန်း ဒုတိယအများဆုံး ကချင်ပြည်နယ်
11/06/2023

အောင်ချက်ရာခိုင်နှုန်း ဒုတိယအများဆုံး ကချင်ပြည်နယ်

10/06/2023

G 12 အပြင်ဖြေတွေကို စတင် လက်ခံပေးနေပါပြီနော်

🤷‍♂️ကျရှုံးခဲ့တဲ့ ကလေးတွေ အနေနဲ့ ပြန်ကြိုးစားမယ်ဆိုရင် G-12 ကို၀င်ဖြေလို့ ရပါတယ်။🤷‍♂️ကျောင်းပြန်တက်ဖို့မလိုပဲအပြင်မှာ တက...
10/06/2023

🤷‍♂️ကျရှုံးခဲ့တဲ့ ကလေးတွေ အနေနဲ့
ပြန်ကြိုးစားမယ်ဆိုရင် G-12 ကို
၀င်ဖြေလို့ ရပါတယ်။

🤷‍♂️ကျောင်းပြန်တက်ဖို့မလိုပဲ
အပြင်မှာ တက်ပါ။
အဆင်ပြေတဲ့ကလေးတွေက
အိမ်မှာ ဆရာတွေခေါ်ပြီး ပြန်လည်
ကြိုးစားပါ။

🤷‍♂️ကျောင်းပြန်မတက်ရတာက
ကိုယ့်အတွက် စာလုပ်ချိန်ပိုရပါတယ်။

🤷‍♂️ပြန်ဖြေမယ်ဆိုရင် အချိန်မဆွဲစေချင်ပါ။
ဘာလို့လဲဆိုတော့ G-12 မို့ပါ။
စာများတယ် ဘာညာမတွေးပါနဲ့
Level တစ်ခုအရတော့ တွေ့ရမှာပါ။

🤷‍♂️တစ်ခုပဲ အချိန်မဆွဲနဲ့
စနစ်ဟောင်းလို ၃ လပြတ် ၄ လပြတ်
လောက် သင်ပြီး ၀င်ဖြေမယ်ဆိုရင်တော့
အပင်ပန်းမခံပါနဲ့လို့ပဲ အကြံပေးပါရစေ။

မေတ္တာဖြင့်
#ဆရာမိုး

ကဗ ၃၃၀၊ ကဗ ၇၂၂၊ ကဗ ၁၀၅၁ကလေးတို့အားလုံး Congratulations ပါဘဝတစ်လျှောက်လုံး ဒီထက်မကသော အောင်မြင်မှုတွေလက်ဝယ်ပိုင်ဆိုင်နိုင...
08/06/2023

ကဗ ၃၃၀၊ ကဗ ၇၂၂၊ ကဗ ၁၀၅၁
ကလေးတို့အားလုံး Congratulations ပါ
ဘဝတစ်လျှောက်လုံး ဒီထက်မကသော အောင်မြင်မှုတွေလက်ဝယ်ပိုင်ဆိုင်နိုင်ပါစေ

29/12/2022
29/08/2022



၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်မှအခြေခံအမှတ်များနှင့်သိမှတ်ဖွယ်ရာများ

ဆေးတက္ကသိုလ်များ-၄၅၀နှင့်အထက်
လူတွေ့နှုတ်မေးစာမေးပွဲဖြေရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား ၅၀% မ ၅၀%

သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ-၄၅၀နှင့်အထက်
လူတွေ့နှုတ်မေးစာမေးပွဲဖြေရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား ၆၀% မ ၄၀%

ဆေးဝါးတက္ကသိုလ်များ-သိပ္ပံတွဲနှင့်အောင်ရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား၊မရာခိုင်နှုန်းမခွဲခြားပါ။

ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များ-သိပ္ပံတွဲနှင့်အောင်ရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား၊မရာခိုင်နှုန်းမခွဲခြားပါ။

သူနာပြုတက္ကသိုလ်များ-သိပ္ပံတွဲနှင့်အောင်ရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား ၁၀% မ ၉၀%

အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)-သိပ္ပံတွဲနှင့်အောင်ရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား ၈၀% မ ၂၀%

တိုင်းရင်းဆေးတက္ကသိုလ်-သိပ္ပံတွဲနှင့်အောင်ရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား ၅၀% မ ၅၀%

ရန်ကုန်နည်းပညာတက္ကသိုလ်-အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၃၀၀နှင့်အထက်ရရမည်။
ကျား ၂၂၀ဦး မ ၁၈၀ဦးလက်ခံမည်။

မန္တလေးနည်းပညာတက္ကသိုလ်-အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၃၀၀နှင့်အထက်ရရမည်။
ဇီဝနည်းပညာသင်တန်းအတွက် အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ဇီဝ ၄ဘာသာပေါင်း ၂၆၀နှင့်အထက်ရရမည်။
ကျား ၂၃၅ဦး မ ၁၈၅ဦးလက်ခံမည်။

နည်းပညာတက္ကသိုလ်(မန္တလေး)-အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၈၀နှင့်အထက်ရရမည်။
ကျား ၆၀% မ ၄၀% စုစုပေါင်း ၄၁၅ယောက်လက်ခံမည်။

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)-အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၈၀နှင့်အထက်ရရမည်။ ၆ဘာသာရမှတ်စုစုပေါင်း ၄၂၀နှင့်အထက် ရရမည်။
ကျား ၅၀% မ ၅၀% စုစုပေါင်း၃၅၀ယောက်လက်ခံမည်။

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်-အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၈၀နှင့်အထက်ရရမည်။
ကျား ၇၀% မ ၃၀% စုစုပေါင်း ၃၅ယောက်လက်ခံမည်။
လူတွေ့စစ်ဆေးခြင်းခံရမည်။

နည်းပညာတက္ကသိုလ်များ

ရန်ကုန်အနောက်ပိုင်း၊သန်လျင်၊မှော်ဘီ၊ပြည်၊ကျောက်ဆည်၊မိတ္ထီလာ၊စစ်ကိုင်း၊မုံရွာ၊မကွေး၊ပခုက္ကူ၊တောင်ငူ၊မော်လမြိုင်တို့သို့ တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၆၀နှင့်အထက်ရရမည်။

မြစ်ကြီးနား၊ဗန်းမော်၊လွိုင်ကော်၊ဘားအံ၊ကလေး၊တောင်ကြီး၊လားရှိုး၊ပင်လုံ၊ကျိုင်းတုံ၊ရမည်းသင်း၊ပုသိမ်၊ဟင်္သာတ၊မအူပင်၊စစ်တွေ၊ထားဝယ်၊မြိတ်တို့သို့ တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၄၀နှင့်အထက်ရရမည်။

ကျား ၆၀% မ ၄၀% လက်ခံမည်။

အစိုးရနည်းပညာကောလိပ်များ-သိပ္ပံတွဲ၊ဝိပ္ပံတွဲတစ်ခုခုဖြင့်အောင်ရမည်။
သင်ကြားခွင့်ပြုမည့် ဦးစားပေးဘာသာရပ်ကို အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်းရမှတ် (လိုအပ်ပါက ၆ဘာသာပေါင်းရမှတ်)ကိုကြည့်၍ ကျောင်းသားကျောင်းသူလက်ခံနိုင်မှု ဦးရေကန့်သတ်ချက်ပေါ်တွင်မူတည်ပြီး ခွဲဝေသတ်မှတ်ပေးမည်။

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်-၄၅၀နှင့်အထက်ရရမည်။
အင်္ဂလိပ်၊သင်္ချာ ၂ဘာသာပေါင်း ၁၄၀နှင့်အထက်ရရမည်။
ဓာတု၊ရူပပါသောဘာသာတွဲများဖြင့်အောင်ရမည်။
ကျောင်းသား၊ကျောင်းသူ ၅၀၀ဦး လက်ခံမည်။

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်-၄၅၀နှင့်အထက်ရရမည်။
ဓာတု၊ရူပပါသောဘာသာတွဲများဖြင့်အောင်ရမည်။
ကျောင်းသား၊ကျောင်းသူ ၂၀၀ဦး လက်ခံမည်။

မန္တလေးကွန်ပျူတာတက္ကသိုလ်-၄၃၀နှင့်အထက်ရရမည်။
အင်္ဂလိပ်၊သင်္ချာ ၂ဘာသာပေါင်း ၁၄၀နှင့်အထက်ရရမည်။
ဓာတု၊ရူပပါသောဘာသာတွဲများဖြင့်အောင်ရမည်။
ကျောင်းသား၊ကျောင်းသူ ၂၀၀ဦး လက်ခံမည်။

ကွန်ပျူတာတက္ကသိုလ်များ

မြစ်ကြီးနား၊ဗန်းမော်၊ဘားအံ၊သထုံ၊စစ်တွေ၊တောင်ကြီး၊မန္တလေး၊မိတ္ထီလာ၊မုံရွာ၊မကွေး၊ပခုက္ကူ၊ပြည်၊တောင်ငူ၊ပုသိမ်၊ဟင်္သာတ၊မအူပင်တို့သို့ ၆ဘာသာစုစုပေါင်းရမှတ် ၃၄၀နှင့်အထက် ရသူများလျှောက်ထားနိုင်ပါသည်။

လွိုင်ကော်၊လားရှိုး၊ပင်လုံ၊ကျိုင်းတုံ၊ကလေး၊ထားဝယ်၊မြိတ်တို့သို့ ၆ဘာသာစုစုပေါင်းရမှတ် ၃၂၀နှင့်အထက် ရသူများလျှောက်ထားနိုင်ပါသည်။

ရန်ကုန်တက္ကသိုလ်

မြန်မာစာ-မြန်မာစာရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။

မြန်မာမှုပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။

အင်္ဂလိပ်စာ-အင်္ဂလိပ်စာ ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။

ပထဝီဝင်-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။

ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။

သမိုင်း-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။

ဒဿနိကဗေဒ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။

စိတ်ပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။

အရှေ့တိုင်းပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။

နိုင်ငံတကာဆက်ဆံရေးပညာ-အင်္ဂလိပ်စာ ၆၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
လူတွေ့စစ်ဆေးခံရမည်။

နိုင်ငံရေးသိပ္ပံ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။

မနုဿဗေဒ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။

ရှေးဟောင်းသုတေသနပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။

စာကြည့်တိုက်နှင့်သုတပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။

ဥပဒေပညာ-အင်္ဂလိပ်စာ ၆၀ရရမည်။၆ဘာသာရမှတ် ၄၀၀ရရမည်။

ဓာတုဗေဒ-ဓာတုရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။

ဇီဝဓာတုဗေဒ-ဓာတုနှင့်ဇီဝ ၇၀စီရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။

ကုန်ထုတ်ဓာတုဗေဒ-ဓာတု ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
လူတွေ့စစ်ဆေးခြင်းခံရမည်။

ရူပဗေဒ-ရူပရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။

သင်္ချာ-သင်္ချာရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။

သတ္တဗေဒ-ဇီဝရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။

ရုက္ခဗေဒ-ဇီဝရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။

အဏုဇီဝဗေဒ-ဇီဝရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။

ဘူမိဗေဒ-၆ဘာသာရမှတ် ၃၈၀ရရမည်။
အမျိုးသမီးဦးရေကို ၁၀%အထိသာ လက်ခံမည်။
မိုင်၂၀လမ်းလျှောက်နိုင်ရမည်။
ကျန်းမာရေး (က)အဆင့် ရှိရမည်။

ကွန်ပျူတာသိပ္ပံ-သင်္ချာရမှတ် ၆၅မှတ်ရရမည်။ ၆ဘာသာရမှတ် ၃၈၀ရရမည်။

ငါးလုပ်ငန်းဆိုင်ရာဘာသာရပ်-အင်္ဂလိပ် ၆၀၊ဇီဝ ၇၀ ရရမည်။ ၆ဘာသာရမှတ် ၄၀၀ရရမည်။

ရေပညာ-အင်္ဂလိပ်စာ၆၀ရရမည်။ ၆ဘာသာရမှတ် ၄၀၀ရရမည်။

မန္တလေးတက္ကသိုလ်-ရန်ကုန်နှင့် အားလုံးနီးပါးတူပါသည်။

စီးပွားတက္ကသိုလ်များ

လှိုင်နယ်မြေအတွက် ၆ဘာသာစုစုပေါင်းရမှတ် ၃၈၀နှင့်အထက် ရရမည်။

ရွာသာကြီးနယ်မြေအတွက် ၆ဘာသာစုစုပေါင်းရမှတ် ၃၅၀နှင့်အထက် ရရမည်။

မုံရွာအတွက် ၆ဘာသာစုစုပေါင်းရမှတ် ၃၅၀နှင့်အထက် ရရမည်

မိတ္ထီလာအတွက် ၆ဘာသာစုစုပေါင်းရမှတ် ၃၅၀နှင့်အထက် ရရမည်။

ပညာရေးတက္ကသိုလ်များ

စစ်ကိုင်းနှင့်ရန်ကုန်တွင် ကျောင်းသားကျောင်းသူ ၆၀၀စီ လက်ခံမည်။

သိပ္ပံတွဲ-၆ဘာသာရမှတ်၃၈၀နှင့်အထက်ရရမည်။
အယောက် ၃၀၀စီ လက်ခံမည်။
ကျား ၅၀ % မ ၅၀%

ဝိပ္ပံတွဲ-၆ဘာသာရမှတ်၃၆၀နှင့်အထက်ရရမည်။
အယောက် ၁၅၀စီ လက်ခံမည်။
ကျား ၅၀ % မ ၅၀%

ဝိဇ္ဇာတွဲ-၆ဘာသာရမှတ်၃၅၀နှင့်အထက်ရရမည်။
အယောက် ၁၅၀စီ လက်ခံမည်။
ကျား ၅၀ % မ ၅၀%

ကျောင်းပြီးပါက အလုပ်ဝင်ရမည်။

နိုင်ငံခြားသာတက္ကသိုလ်များ-၆ဘာသာရမှတ်၃၈၀နှင့်အထက်ရရမည်။

တရုတ်၊အင်္ဂလိပ်၊ပြင်သစ်၊ဂျာမန်၊ဂျပန်၊ကိုရီးယား၊ရုရှား၊ထိုင်းဘာသာတို့ကို ပို့ချမည်။

ရန်ကုန်တွင် တိုးချဲ့ပို့ချမည့် English for Professional Communicationဘာသာရပ်အတွက် အင်္ဂလိပ်စာ၌ ၆၅မှတ်နှင့် ၆ဘာသာရမှတ်၃၈၀နှင့်အထက်ရရှိလျှင် လျှောက်ထားနိုင်သည်။

မန္တလေးတွင် တိုးချဲ့ပို့ချမည့် English for Business Purposesဘာသာရပ်အတွက် အင်္ဂလိပ်စာ၌ ၆၀မှတ်နှင့် ၆ဘာသာရမှတ်၃၈၀နှင့်အထက်ရရှိလျှင် လျှောက်ထားနိုင်သည်။

ပညာရေးဒီဂရီကောလိပ်များ-အမှတ်ကန့်သတ်မထား။
ကျောင်းပြီးပါက အလုပ်ဝင်ရမည်။
လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းခံရမည်။

သတင်းစာများတွင် သီးခြားကြော်ငြာခေါ်၍ တိုက်ရိုက်လျှောက်ထားရမည့် တက္ကသိုလ်များ

အမျိုးသားစီမံခန့်ခွဲမှုဒီဂရီကောလိပ်
မန္တလာတက္ကသိုလ်
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ရေဆင်း
သစ်တောတက္ကသိုလ်၊ရေဆင်း
မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ
သမဝါယမကောလိပ်များ
ယွန်းပညာကောလိပ်၊ပုဂံ
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်

ရန်ကုန်နှင့်မန္တလေးမဟုတ်သော အခြားဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်များမှာ ဝင်ခွင့်လမ်းညွှန်စာအုပ်ထဲတွင် အမှတ်ကန့်သတ်ပေးထားခြင်းမတွေ့ပါ။

၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်မှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။
copy
crd

မျှော်လင့်နေကြတဲ့
15/06/2022

မျှော်လင့်နေကြတဲ့

မူ/လယ်/ထက်ဆင့်ဖြစ်စဉ်(၆)ရပ်အတွက် အမှတ်ပေးမှုပုံစံများအလယ်တန်း/အထက်ဆင့်သည်A. B. Cမူဆင့်သည် A. S. E နဲ့သွားပါမည်။Credit
27/05/2022

မူ/လယ်/ထက်ဆင့်ဖြစ်စဉ်(၆)ရပ်အတွက် အမှတ်ပေးမှုပုံစံများ
အလယ်တန်း/အထက်ဆင့်သည်A. B. C
မူဆင့်သည် A. S. E နဲ့သွားပါမည်။
Credit

ယနေ့ ၂ရက် မတ်လ ၂၀၂၂  #တောင်သူလယ်သမားနေ့ကျေးဇူးရှင် တောင်သူ ဦးကြီး အားလုံး ကျန်းမာချမ်းသာ ကြပါစေကြောင်း                ဆန...
02/03/2022

ယနေ့
၂ရက် မတ်လ ၂၀၂၂
#တောင်သူလယ်သမားနေ့

ကျေးဇူးရှင် တောင်သူ ဦးကြီး အားလုံး
ကျန်းမာချမ်းသာ ကြပါစေကြောင်း
ဆန္ဒမွန် ပြုအပ်ပါသည်

🙏🙏🙏🙏🙏

to photo

20/01/2022

Address

Bhamo

Telephone

+959787711226

Website

Alerts

Be the first to know and let us send you an email when ပညာအားမာန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category