27/02/2026
၂၀၂၆ - ၂၇ ပညာသင်နှစ်အတွက် Grade 10, 11, 12 ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။
အလင်းတံခါး ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ အတန်းအလိုက် ထူးခြားတဲ့ ပြင်ဆင်မှုတွေကတော့
Grade 12 က တက္ကသိုလ်ဝင်ခွင့်အတွက် အဆုံးအဖြတ်ပေးမယ့်နှစ် ဖြစ်တာကြောင့် အချိန်ကို အကျိုးရှိဆုံးဖြစ်အောင် အသုံးချပေးပါတယ်။
• သင်ရိုးကို အချိန်မီ ပြီးစီးအောင် သင်ကြားပြီး ကျန်ရှိသည့်အချိန်များကို AI နည်းပညာသုံး Exercise Engine များဖြင့် မေးခွန်းပုံစံမျိုးစုံ လေ့ကျင့်ပေးခြင်း။
• စာမေးပွဲမှာ အမှတ်အများဆုံးရစေမယ့် ဖြေဆိုနည်းစနစ်တွေ၊ အမှားအယွင်းမရှိစေမယ့် ဆောင်ရန်/ရှောင်ရန်တွေကို ကျွမ်းကျင်ဆရာကြီး၊ ဆရာမကြီးများက တိတိကျကျ လမ်းညွှန်ပေးခြင်း။
စသည်တို့ဖြင့် Grade 12 ကျောင်းသား / ကျောင်းသူတို့ မျှော်မှန်းရာရလဒ်ကို သေချာစေမှာပါ။
Grade 10 နဲ့ 11 ဟာ စာမေးပွဲ သိပ်မခက်သေးဘူးလို့ ထင်ရပေမယ့် Grade 12 အတွက် အရေးကြီးဆုံး အခြေခံအုတ်မြစ်တွေ ချရမယ့် နှစ်တွေဖြစ်ပါတယ်။
• စာကို အလွတ်ကျက်စရာမလိုဘဲ Logic ကျကျ နားလည်စေမယ့် သင်ကြားမှုစနစ်။
• Grade 12 ရောက်တဲ့အခါ ပင်ပန်းမှုမရှိဘဲ အေးအေးဆေးဆေး ကျော်ဖြတ်နိုင်ဖို့ "စာသင်ယူနည်းစနစ်မှန် (Learning Habits) တွေကို အခုကတည်းက ပျိုးထောင်လေ့ကျင့်ပေးခြင်း။
• တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းသားအများစု အားနည်းတတ်ပြီး အခက်တွေ့ရသည့် သင်္ချာ (Mathematics) နှင့် အင်္ဂလိပ်စာ (English) ဘာသာရပ်များကို ထူးချွန်ထက်မြက်စေရန် အထူးကြပ်မတ် သင်ကြားပေးခြင်း။
• သင်ခန်းစာများကို လက်တွေ့ဘဝ၊ ကမ္ဘာ့ဖြစ်ရပ်များနှင့် ချိတ်ဆက်သင်ကြားပေးတာကြောင့် ဗဟုသုတကြွယ်ဝပြီး Global Citizen တစ်ယောက်အဖြစ် စဉ်းစားတွေးခေါ်နိုင်ခြင်း။
စသည်ဖြင့် စနစ်တကျ သင်ကြားပေးသွားမှာမို့ အမြန်ဆုံး စာရင်းပေး အပ်နှံထားလိုက်တော့နော်။
📍 ကျောင်းလိပ်စာ - အမှတ် (၄) ရပ်ကွက်၊ ဘောဂဗလ၊ မိုက်ခရိုဝေ့အနီး၊ ရွှေကူမြို့။
💬 Messenger မှတစ်ဆင့် မေးမြန်းနိုင်ပါသည်