Shwegulay Maharpaduma Monastic School

Shwegulay Maharpaduma Monastic School

Share

We commit ourselves to brightening the future of our children.

Photos from Shwegulay Maharpaduma Monastic School's post 10/02/2020

မွေးနေ့ရှင် မောင်သက်ဇော်မြင့်၏ မွေးနေ့အလှူ။
🙏🙏🙏 သာဓု သာဓု သာဓု 🙏🙏🙏

Photos from Maharpaduma Life Skills Development & Teachers Training's post 06/11/2019

ပဲခူးမြို့ ရွှေဂူလေးမဟာဒုမစာသင်တိုက်တွင် ကျောင်းအိပ်ကျောင်းစား နေထိုင် ပညာသင်ကြားလျှက်ရှိကြသော

ရဟန်း ၂၉ ပါး
ရှင်ငယ် ၁၂ ပါး
ရှင်လတ် ၁၄ ပါး
ရှင်ကြီး ၆ ပါး နှင့်
သီလရှင်ဆရာလေး ၁၃ ပါး

တို့အတွက် ကျောင်းလုံးကျွတ်ကထိန်လျာသင်္ကန်းများကပ်လှူနိုင်ရေး ပါဝင်လှူဒါန်းကြသော စေတနာရှင်များမှာ

ကိုပြည့်သူအောင်+မအိသန္တာဝင်း 30,000 ကျပ်
မနေခြည်လင်း 30,000 ကျပ်
ကို အောင်သီဟ + မဇင်ဝေမြင့် 19,500 ကျပ်
မအိမွန်ဦး 41,500 ကျပ်
အမကြီးဒေါ်ခင်အေးမြင့်အမှုးထား၍ Capt မြတ်မင်းဆွေ Dr. ကြည်ကြည်ညွန့်မိသားစု 110,000 ကျပ်
ဒေါ်ဇာဖြူလင်း (ZPL Education & Language Centre Bago) 200,000 ကျပ်
ဖေဖေဦးဝေဖြိုး + မေမေဒေါ်အေးစန္ဒာဝင်းတို့မှ သားသားလေး မြတ်ဟိန်းထွဋ် မွေးနေ့အလှူအဖြစ် 300,000 ကျပ်
ဦးကျော်မင်းဟန် + Dr အေးအေးမာ (Business Institute Yangon) မိသားစု မှ ရှင်ကြီး သင်္ကန်း ၅ စုံ (တန်ဖိုးငွေ 45,000 ကျပ်)
ကိုဇော်သူအောင် မွေးနေ့အလှူ 100,000 ကျပ်
ဒေါ်ဇလပ်ဖြူသင်း 50,000 ကျပ်
မနန်းမြတ်နိုးဆွေ 30,000 ကျပ်
ဦးဝေဖြိုးအောင် + ဒေါ်ဥမ္မာကျော်ထွန်း သမီး ချစ်သုဆွေ၊ သုကြင်သူဆွေ မိသားစု မှ ရဟန်းသင်္ကန်း ၁၀ စုံ (တန်ဖိုးငွေ 150,000 ကျပ်) တို့ဖြစ်ပါတယ်။

ကောက်ခံရရှိသော အလှူငွေတန်ဖိုးစုစုပေါင်း 1,106,000 (ဆယ့်တစ်သိန်းခြောက်ထောင်ကျပ်တိတိဖြစ်ပြီး ကျောင်းလုံးကျွတ်ကထိန်လျာသင်္ကန်းများဝယ်ယူမှုအတွက် ကျသင့်ငွေ 1,029,000 (ဆယ်သိန်းနှစ်သောင်းကိုးထောင်ကျပ်တိတိ) ဖြစ်ပါတယ်။

ရရှိသောအလှူငွေမှ ပိုငွေ 77,000 (၇သောင်း၇ထောင်ကျပ်) ကို သီလရှင်ဆရာလေးများအတွက်အမျိုးသမီးသုံးပစ္စည်းများဝယ်ယူရန် Teacher ဒေါ်သင်္ဂီစိုးထံ အပ်နှံလှူဒါန်းသွားမှာဖြစ်ပါတယ်ရှင်

လှူဒါန်းကြသူစေတနာရှင်များ အားလုံးအား ရွှေဂူလေးမဟာပဒုမစာသင်တိုက် ကိုယ်စား အထူးကျေးဇူးတင်ရှိပါတယ်။

15/06/2019

ဦးဝေဖြိုး + ဒေါ်အေးစန္ဒာဝင်း
သားမောင်မြတ်ဟိန်းထွဋ်
(HTUT Company Ltd) မိသားစု
ထံမှ ရွှေဂူလေးမဟာပဒုမဘုန်းတော်ကြီးသင်ပညာရေးအထက်တန်းကျောင်း ဓမ္မစကူး(Dharma School)အတွက် အလှူငွေ တစ်သိန်းကျပ် အား ကျေးဇူးတင် ဝမ်းမြောက်စွာလက်ခံရရှိပါသည်။

လှူဒါန်းပညာဒါနပြုပါသော စေတနာရှင် မိသားစုအား Maharpaduma Life Skills Development and Teachers Training နှင့် ရွှေဂူလေးမဟာပဒုမကျောင်းကိုယ်စား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင်။

Photos from Shwegulay Maharpaduma Monastic School's post 01/10/2018

တစ်နှစ်တာ ဓမ္မစကူးလ်ရဲ့လမ်း
တစ်ဝက်နီးပါးလောက် လှမ်းခဲ့နိုင်ပြီ။
စိတ်ကူးး သူတို့၏အရွယ်
အတွေးကလဲ နုနယ်
စက္ကူဖြူလေးနဲ့တူလှတယ်။
ဓမ္မစကူးလ်ရဲ့စေတနာရယ်
အရောင်ညစ်တွေ ပယ်စေကွယ်
ရောင်စုံထင်ရာ လှစေရွယ်။

Photos from Shwegulay Maharpaduma Monastic School's post 25/07/2018

မဟာပဒုမ ဘ.က (၁၂)
ဆရာ၊ဆရာမနှင့် ကျောင်းသားကျောင်းသူများစုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း။

Summer English Class 26/05/2018

မဟာပဒုမ ကျောင်းသားကျောင်းသူများ အင်္ဂလိပ်စာ တိုးတက်စေရန် ဦးမင်းညီအေး + ဒေါ်ဇင်မြင့်မောင်၊ သားမောင်ပြည့်မင်းညီမိသားစု၏ ပံ့ပိုးကူညီလှူဒါန်းမှုဖြင့် ဆရာဦးမျိုးသွင်(Immortal Friendship Spoken English Class)မှ သင်ကြားသော နွေရာသီအင်္ဂလိပ်စာသင်တန်း အောင်မြင်စွာပြီးဆုံးပါပြီရှင်။
သင်တန်းကြေးများ လှူဒါန်းပညာဒါနပြုပါသော စေတနာရှင် မိသားစု နှင့် မအားလပ်တဲ့ကြားက အချိန်ပေး သင်ကြားပို့ချပေးပါသော ဆရာဦးမျိုးသွင်တို့အား Maharpaduma Life Skills Development and Teachers Training နှင့် ရွှေဂူလေးမဟာပဒုမကျောင်းကိုယ်စား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်

မဟာပဒုမ ကျောင်းသားကျောင်းသူများ အင်္ဂလိပ်စာ တိုးတက်စေရန် ဦးမင်းညီအေး + ဒေါ်ဇင်မြင့်မောင်၊ သားမောင်ပြည့်မင်းညီမိသားစု၏ ပံ့ပိုးကူညီလှူဒါန်းမှုဖြင့် ဆရာဦးမျိုးသွင်(Immortal Friendship Spoken English Class)မှ သင်ကြားသော နွေရာသီအင်္ဂလိပ်စာသင်တန်း အောင်မြင်စွာပြီးဆုံးပါပြီရှင်။
သင်တန်းကြေးများ လှူဒါန်းပညာဒါနပြုပါသော စေတနာရှင် မိသားစု နှင့် မအားလပ်တဲ့ကြားက အချိန်ပေး သင်ကြားပို့ချပေးပါသော ဆရာဦးမျိုးသွင်တို့အား Maharpaduma Life Skills Development and Teachers Training နှင့် ရွှေဂူလေးမဟာပဒုမကျောင်းကိုယ်စား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင်။

Photos from Shwegulay Maharpaduma Monastic School's post 03/02/2018

Myanmar Institute of Business (MIB) မှ ၂.၂.၂၀၁၈ရက်တွင် ရွှေဂူလေးမဟာပဒုမဘုန်းတော်ကြီးသင်ပညာရေးအထက်တန်းကျောင်းတွင် သံဃာကုန်နေ့ဆွမ်း ၊ ဆန်၊ ဆီ လှူဖွယ်နှင့် ဝတ္ထုငွေများ လာရောက်လှူဒါန်း ကုသိုလ်ပြု ခဲ့ကြပါသည်။

12/10/2017

မိဘနဲ့ခွဲခွာ ပညာရှာ
မကြင်​နာလို့​တော့မဟုတ်​။
ကျုပ်​တို့ဆင်းရဲသား​တောင်​သူ
လယ်​ယာ ကိုင်း လုပ်​သူမို့
ထမင်းထုပ်​လက်​မှာဆွဲ
ယာထဲလဲမ​ခေါ်ချင်​။
ပညာသင်​ လူ အထင်​မ​သေး​အောင်​ပ
ဒီအရွယ်​တွင်​တကယ်​တတ်​ခါမှ
နောင်​တစ်​ခါ​နောင်​တ​တွေမရ​အောင်
ခဏတာ​ သာတွေး ဒို့ ခွဲကြစို့​လေးးး

12/10/2017
11/10/2017

မဟာပဒုမမြေ အနာဂတ်တောက်ပစေရေး ကူညီလို့အားဖြည့်ကြပါစို့။

အဘိုးကလေးဝဆရာတော် အား ရည်စူးဦးထိပ်ထားလျက် သားတပည့် ဆရာတော်အရှင် ဘဒ္ဒန္တဂန္ဓသာရမှ ဦးစီးတည်ထောင်ခဲ့သော ရွှေဂူလေးမဟာပဒုမ ဘုန်းတော်ကြီးသင်ပညာရေးအထက်တန်းကျောင်းတွင် မြန်မာနိုင်ငံပြည်နယ်တိုင်းဒေသအသီးသီးမှ ကျောင်းသားဦးရေ စုစုပေါင်း ၁ထောင်ကျော်ခန့်ပညာရည်နို့သောက်စို့လျက်ရှိပါသည်။ ကျောင်းအုပ်ဆရာကြီး ဦးအောင်နိုင်ဦး ဦးစီးသည့် ဆရာ၊ ဆရာမ ၂၀ ကျော်ခန့်မှ သူငယ်တန်း မှ တက္ကသိုလ်ဝင်တန်းထိ မေတ္တာရှေ့ထား စောင့်ရှောက် ပညာသင်ကြားပေးလျက်ရှိပါသည်။

ရပ်ဝေးမှလာရောက်ပညာသင်ကြားသူများအား သာသနာ့ဘောင်သို့သွတ်သွင်းချီးမြှင့်ကာ ကျောင်းအိပ်ကျောင်းစားအနေဖြင့်လည်းကောင်း၊ ပဲခူးတိုင်းအတွင်းရှိ ပညာသင်ကြားရန်အခက်အခဲတွေ့ကြုံနေရသော ကျောင်းသားကျောင်းသူများအားအခမဲ့ပညာရေးအနေဖြင့်လည်းကောင်း မြတ်ပညာဒါန ပြုလုပ်ခဲ့သည်မှာ ၁ရနှစ်တိုင် ခဲ့ပါပြီ။

တိုးတက်ပြောင်းလဲလာသော ယနေ့ပညာခေတ်တွင် ခေတ်မီပညာရေးနည်းစနစ်များအား မဟာပဒုမ ကျောင်းတိုက်ရှိ ဆရာဆရာမများအားဆင့်ပွားဖြန်ဝေပေးရန် နှင့် ကလေးငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘကိစုံဖွံ့ဖြိုးတိုးတက်မှုအတွက် Life Skills Development Program များ စီစဉ်ပေးရန် လိုအပ်လာပါသည်။ ကျွန်ုပ်တို့ "မဟာပဒုမ Life Skills Development & Teachers Training” မှာ ထိုလိုအပ်ချက်များအား အုတ်တချပ်သဲတပွင့် တတ်စွမ်းသရွေ့ပါဝင်ကူညီ ဖြည့်စည်းပေးရန် ရည်ရွယ်၍ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။

တယောက်အားနှင့် ယူသော်မရသော်လည်း စုပေါင်းကြလျှင် အောင်မြင်နိုင်ပါသည်။ မဟာပဒုမမြေမှ ပန်းကလေးများ ဖူးတံဝင့်၍ဝေဆာလာစေရေး မနှေးကူညီကြမည်ဟု ယုံကြည်မျှော်လင့်မိပါသည်။

အလှူရှင်များအနေနှင့်

AYA Bank
Account No. 0140202010025592

သို့ လစဉ်ပုံမှန် ကျပ်တစ်သောင်း နှစ်သောင်း စသည်ဖြင့် ဖြစ်စေ မိမိအဆင်ပြေအလျင်းသင့်သလို ဖြစ်စေ သဒ္ဒါတတ်အားနည်းများမဆို ကုသိုလ်ပါဝင်လှူဒါန်းနိုင်ကြပါသည်ရှင့်။ အလှူရှင်စာရင်းနှင့် ရရှိငွေများအား နိုဝင်ဘာ ၂၀၁ရ မှစတင်ကာ လစဉ် ၁၅ရက်နေ့တိုင်း ဤ Pageတွင် ကြေငြာပေးသွားပါမည်ရှင့်။

13/09/2017

For your information,
This is to announce that Shwegulay Maharpaduma Monastic School is no longer working with Virtual World School Myanmar due to the conflict of interest.
ရွှေဂူလေးမဟာပဒုမ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် Virtual World School Myanmar တို့အကြားညှိနှိုင်းရန်ခက်ခဲသော ဦးတည်ချက်ရည်ရွယ်ချက် ကွဲလွဲမှုများဖြစ်ပေါ်လာမှုကြောင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းလိုက်ပါကြောင်း ကြေငြာအပ်ပါသည်။

Photos from Shwegulay Maharpaduma Monastic School's post 19/07/2017

အာဇာနည်နေ့ အထိမ်းအမှတ်
ဟောပြောပွဲ၊ ကျပန်းပြောပြိုင်ပွဲ၊ ပန်ချီဆွဲပြိုင်ပွဲအားဆရာကြီးနှင့်တကွ VWS မှ ဧည့်သည်တော်များ ဆရာ၊ ဆရာမ များမှ ဦးဆောင်၍ ကျင်းပပြုလုပ်ခြင်း။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် သူရဲကောင်းများ တမလွန်မှာ အေးချမ်းစွာ အနားယူနိုင်ကြပါစေ။

Want your school to be the top-listed School/college in Bago?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


12, Kalayarni Quater
Bago
70101