08/01/2026
Grammar တွေရှင်းပြတာကောင်းတဲ့ ချန်နယ်လေး
ဖြေးဖြေးအေးဆေးလေးပြောလို့ basic level သမားတွေပါနားလည်နိုင်ပါတယ်။
Grammar ပိုင်းသာမက vocabulary နဲ့ အခြား videos ပေါင်းများစွာ အမျိုးအစားစုံစွာ ရှိပါသေးတယ်။
08/01/2026
အားလပ်ချိန်မှာ ဘာလုပ်သလဲ ❓
(20) hobbies
Do you like reading books?
📌 စာအုပ်ဖတ်ရတာ ကြိုက်လား။
Do you enjoy cooking at home?
📌 အိမ်မှာ ချက်ပြုတ်ရတာ ကြိုက်လား။
Can you swim well?
📌 ရေကူးတတ်လား။
Do you like traveling to new places?
📌 နေရာအသစ်တွေ သွားလာရတာ ကြိုက်လား။
Do you do gardening in your free time?
📌 အားလပ်ချိန်မှာ ဥယျာဉ်လုပ်လား။
Do you like listening to music?
📌 သီချင်းနားထောင်ရတာ ကြိုက်လား။
Do you watch TV every day?
📌 နေ့တိုင်း TV ကြည့်လား။
Do you like photography?
📌 ဓာတ်ပုံရိုက်ရတာ ကြိုက်လား။
Do you enjoy dancing?
📌 ကခုန်ရတာ ကြိုက်လား။
Do you play football with your friends?
📌 သူငယ်ချင်းတွေနဲ့ ဘောလုံးကစားလား။
Do you go cycling on weekends?
📌 စနေ၊တနင်္ဂနွေမှာ စက်ဘီးစီးလား။
Can you play the guitar?
📌 ဂစ်တာတီးတတ်လား။
Do you like writing stories?
📌 ဇာတ်လမ်းရေးရတာ ကြိုက်လား။
Do you like hiking in the mountains?
📌 တောင်တက်ရတာ ကြိုက်လား။
Do you like playing games?
📌 ဂိမ်းကစားရတာ ကြိုက်လား။
Do you collect stamps?
📌 တံဆိပ်တုံး စုဆောင်းလား။
Do you like drawing pictures?
📌 ပုံဆွဲရတာ ကြိုက်လား။
Do you enjoy painting?
📌 ပန်းချီဆွဲရတာ ကြိုက်လား။
Do you like fishing?
📌 ငါးဖမ်းရတာ ကြိုက်လား။
Can you sing English songs?
📌 အင်္ဂလိပ်သီချင်း သီဆိုတတ်လား။
🔷 Tr.Poh English Class (Bago)🔷
08/01/2026
Phrasal Verbs with " Go"
❄️❄️❄️❄️❄️❄️❄️❄️❄️❄️
✅Go away =to leave a person or a place (တစ်စုံတစ်ယောက် သို့မဟုတ် နေရာတစ်ခုမှ ထွက်သွားသည်)
If you don't go away, I'll call the police. (မင်းထွက်မသွားရင် ငါရဲခေါ်လိုက်မယ်။)
✅Go back = to return (ပြန်သွားသည်)
When are you going back to your house? (မင်း အိမ်ကို ဘယ်တော့ပြန်မှာလဲ။)
✅Go on =to continue in extent
(ဆက်လက်ဖြစ်ပွားသည်/ ကြာရှည်နေသည် )
The meeting seemed to go on forever. (အစည်းအဝေးက ထာဝရကြာတော့မယ့်အတိုင်းပဲ။)
✅Go out = to stop burning
[(မီး) ငြိမ်းသွားသည်]
The fire went out after three days.
(သုံးရက်အကြာမှာတော့ မီးငြိမ်းသွားခဲ့ပြီ။)
✅Go off = to explode ပေါက်ကွဲသည်
The bomb went off at 6:30 this morning.
(ဒီမနက် ၆ နာရီခွဲမှာ ဗုံးပေါက်ကွဲခဲ့တယ်။)
✅Go up = to rise, increase, or become higher (တက်သည်၊ မြင့်တက်လာသည် )
If my rent goes up again, I'm gonna have to move out.
(အိမ်ငှားခသာ ထပ်တက်ရင် ငါအိမ်ပြောင်းရတော့မယ်။)
✅Go down = to become reduced in price, amount, or quality
(ဈေးနှုန်း၊ အရေအတွက်) ကျဆင်းသည်
All prices went down again!
(ကုန်ဈေးနှုန်းတွေ အားလုံး ပြန်ကျသွားပြီ။)
✅Go after =to chase or follow someone တစ်စုံတစ်ယောက်နောက်သို့ လိုက်သည်/ လိုက်ဖမ်းသည်
The downed officer couldn't go after the criminal.
(ဒဏ်ရာရသွားတဲ့ အရာရှိက ရာဇဝတ်ကောင်နောက်ကို မလိုက်နိုင်ခဲ့ဘူး။)
🇬🇧 Tr.Poh Englosh Class(Bago)
04/10/2025
အခြေခံစကားပြောများ
🔹🔹🔹🔹🔹🔹🔹
1. Greetings and Basic Phrases
-------------------------
(နှုတ်ဆက်ခြင်းနှင့် အခြေခံဝါကျများ)
✔️Hello. မင်္ဂလာပါ။
✔️How are you? နေကောင်းလား?
✔️I'm fine, thank you. နေကောင်းပါတယ်၊ ကျေးဇူးတင်ပါတယ်။
✔️What is your name? နာမည်ဘယ်လိုခေါ်လဲ?
✔️My name is Myo. ကျွန်တော့်နာမည် မျိုးပါ။
✔️Nice to meet you.
တွေ့ရတာဝမ်းသာပါတယ်။
✔️Goodbye. သွားတော့မယ်။ / ဘိုင်ဘိုင်း။
2. At School or Work (ကျောင်း/အလုပ်မှာ)
-----------------
✔️I am a student. ကျွန်တော် ကျောင်းသားပါ။
✔️I work in an office. ကျွန်တော်ရုံးမှာ အလုပ်လုပ်ပါတယ်။
✔️I don't understand. ကျွန်တော် မသေချာဘူး။ / နားမလည်ဘူး။
✔️Can you repeat that, please? နောက်တစ်ခါ ပြန်ပြောပေးပါလား?
✔️How do you say this in English? ဒါကို အင်္ဂလိပ်လို ဘယ်လိုပြောလဲ?
3. Shopping (ဈေးဝယ်ခြင်း)
------------
✔️How much is this? ဒါ ဘယ်လောက်လဲ?
✔️It is too expensive. ဈေးကြီးတယ်။
✔️Can I have two, please? နှစ်ခု ယူမယ်။
✔️Do you have water? ရေရှိလား?
✔️I would like a coffee. ကော်ဖီတစ်ခွက် ယူမယ်။
4. Eating and Drinking (စားသောက်ခြင်း)
----------------
✔️I am hungry. ကျွန်တော် ဗိုက်ဆာတယ်။
✔️I am thirsty. ကျွန်တော် ရေဆာတယ်။
✔️This is delicious. ဒါ အရမ်းကောင်းတယ်။
✔️The bill, please. ဘေလ် ပေးပါ။ / ကျသင့်ငွေ။
✔️I don't eat meat. ကျွန်တော် အသား မစားဘူး။
5. Asking for Directions and Location
----------------------------
(လမ်းမေးခြင်း)
✔️Where is the toilet? အိမ်သာ ဘယ်မှာလဲ?
✔️Is it near here? ဒီအနားမှာလား?
✔️Turn left. ဘယ်ဘက်ကွေ့။
✔️Turn right. ညာဘက်ကွေ့။
✔️Go straight. ဖြောင့်ဖြောင့်သွား။
✔️I am lost. ကျွန်တော် လမ်းပျောက်နေတယ်။
6. Talking about Family and Hobbies
-----------------------------
(မိသားစုနှင့် ဝါသနာ)
✔️This is my family.
ဒါကတော့ ကျွန်တော့် မိသားစုပါ။
✔️I have one brother and one sister.
ကျွန်တော့်မှာ ညီမောင်တစ်ယောက်နဲ့ ညီမတစ်ယောက်ရှိတယ်။
✔️I like to read books.
ကျွန်တော် စာဖတ်ရတာ ကြိုက်တယ်။
✔️I enjoy listening to music.
ကျွန်တော် သီချင်းနားထောင်ရတာ ကြိုက်တယ်။
✔️What is your hobby?
မင်း ဘာဝါသနာ ပါလဲ?
7. Simple Past and Future (အတိတ်နှင့် အနာဂတ်)
----------------------
✔️Yesterday, I went to the market.
မနေ့က ကျွန်တော် ဈေးကိုသွားတယ်။
✔️Last week, I watched a movie.
ပြီးခဲ့တဲ့ အပတ်က ကျွန်တော် ရုပ်ရှင်ကြည့်တယ်။
✔️Tomorrow, I will visit my friend.
မနက်ဖြန်မှာ ကျွန်တော် သူငယ်ချင်းဆီသွားမယ်။
✔️Next year, I want to travel.
လာမယ့်နှစ်မှာ ကျွန်တော် ခရီးထွက်ချင်တယ်။
01/10/2025
🔺 Grammar For Kids 🔺
🍭 Can & Can't 🍭
10/09/2025
Different နဲ့ Difference ကြားဘာတွေ ကွာခြားလဲ?
🔺1. Different ( Adjective)
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
- အဓိပ္ပာယ်➝ မတူသော၊ ကွဲပြားသော
- သုံးနည်း ➝ နာမ် (Noun) ရှေ့မှာ ဖော်ပြဖို့
ဥပမာများ:
🔹🔹🔹
(1)They have different opinions. (သူတို့မှာ မတူညီတဲ့ အမြင်တွေရှိတယ်။)
(2) This book is different from that one. (ဒီစာအုပ်က ဟိုဟာနဲ့ မတူဘူး။)
🔺2. Difference (Noun)
▪️▪️▪️▪️▪️▪️▪️▪️▪️
- အဓိပ္ပာယ် ➝ ကွာခြားမှု၊ ခြားနားချက်
- သုံးနည်း ➝ အကြောင်းအရာတစ်ခုရဲ့ ကွာခြားမှုကို ဖော်ပြဖို့
ဥပမာ
🔹🔹
(1)What is the difference between these two phones? (ဒီဖုန်းနှစ်လုံးကြား ဘာကွာခြားမှုရှိလဲ)
27/02/2025
Grammar & 4 Skills Classes for Young Learners
**********************************************
(1) 🌸 Pre-starter (45,000Ks)
(Fri,Sat,Sun .............9-AM )
(2) 🌸 Elementary (45,000 Ks)
( Fri,Sat,Sun ..........9-11 AM)
(3) 🌸 Pre-Intermediate (50,000 Ks)
(Mon,Tue,Wed.................9:09-11:00 PM)
(4)🌸 Grammar🌸 (50000 Ks)
Fri,Sat,Sun ..............11:00 AM-1:00 PM
(အတန်းအားလုံးအတွက် စာရွက်နှင့် စာအုပ်ကြေး 30,000 ကျပ်)
🔹🔷တစ်ဦးချင်းနှင့် group လိုက်သင်ကြားချင်သူများလည်း ဆက်သွယ် စုံစမ်းနိုင်ပါတယ်။ 🔹🔷
🔺ဘယ်လိုသင်ကြားမှာလဲ?
Group work,Games, Song များ ,......စသည်တို့နှင့် သင်ကြားသွားမှာဖြစ်ပြီး English(4) Skills အပြင် Communication skill, public speaking skill, criticial thinking skill တို့ပါ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။
Grammar ပိုင်းတွင် grammar အသုံးပုံစံများကို လေ့လာပြီး လက်တွေ့ကိုယ်တိုင် တွေးတတ်၊ရေးတတ်၊ ပြောတတ် စေရန်ပါလေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်။
Oxford ထုတ်စာအုပ်များကို အသုံးပြု၍ သင်ကြားသွားမှာ ဖြစ်ပြီး ကျောင်းအင်္ဂလိပ်ဘာသာ အတွက်ပါ အထောက်အကူကောင်းရရှိစေနိုင်မှာ ဖြစ်ပါတယ်။
🔺 ဘယ်သူသင်ကြားမှာလဲ?
British Council မှ ကလေးအင်္ဂလိပ်စာသင်ကြားရေးနှင့် TKT (UK) (Young Learners) Certificates များ ရရှိထားပြီး ကလေးများ အင်္ဂလိပ်စာသင်ကြားရေး အတွေ့အကြုံရှိ ဆရာမမှ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
🔺သင်တန်းကာလ🔺
သင်တန်းကာလ(၃) လကြာမြင့်မည်ဖြစ်ပြီး သင်တန်းကြေးများကို တစ်လချင်းစီသောာ်လည်းကောင်း၊ (၃) လအပြတ်သော်လည်းကောင်း ပေးသွင်းလို့ရပါတယ်။
(3 လစာ တစ်ခါထဲ အပ်နှံလျှင် 10% discount)
ဆရာမှ ကျောင်းသားတစ်ယောက်ချင်းစီတိုင်းကို သေချာအာရုံစိုက်ကြည့်ရှုပေးနိုင်ရန်အတွက် ကျောင်းသားဦးရေ ကန့်သတ်ထားပါသောကြောင့် အမြန်စာရင်းပေးအပ်နှံနိုင်ပါပြီ။
Tr.Poh English Class
📱09-7841005555
14/02/2023
Grammar & 4 Skills Classes for Young Learners
**********************************************
(1) 🌸Level-1🌸 Prestarter (30000 Ks)
(Fri,Sat,Sun .............9-10:30 AM )
(2) 🌸Level-2🌸 (30000 Ks)
( Mon,Tue, Wed...........9-10:30 AM)
(3) 🌸Level-3🌸 (35000 Ks)
(Fri,Sat,Sun..................10:30-12:30 PM)
(အတန်းအားလုံးအတွက် စာရွက်နှင့် စာအုပ်ကြေး ၁၅၀၀၀ ကျပ်)
🔹🔷တစ်ဦးချင်းနှင့် group လိုက်သင်ကြားချင်သူများလည်း ဆက်သွယ် စုံစမ်းနိုင်ပါတယ်။ 🔹🔷
🔺ဘယ်လိုသင်ကြားမှာလဲ?
Grammar ပိုင်းတွင် grammar အသုံးပုံစံများကို လေ့လာပြီး လက်တွေ့ကိုယ်တိုင် တွေးတတ်၊ရေးတတ်၊ ပြောတတ် စေရန်ပါလေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်။
Oxford ထုတ်စာအုပ်များကို အသုံးပြု၍ သင်ကြားသွားမှာ ဖြစ်ပြီး ကျောင်းအင်္ဂလိပ်ဘာသာ အတွက်ပါ အထောက်အကူကောင်းရရှိစေနိုင်မှာ ဖြစ်ပါတယ်။
🔺 ဘယ်သူသင်ကြားမှာလဲ?
British Council မှ ကလေးအင်္ဂလိပ်စာသင်ကြားရေးနှင့် TKT (UK) (Young Learners) Certificates များ ရရှိထားပြီး ကလေးများ အင်္ဂလိပ်စာသင်ကြားရေး အတွေ့အကြုံ (၅) နှစ်ရှိ ဆရာမမှ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
🔺သင်တန်းကာလ🔺
သင်တန်းကာလ(၃) လကြာမြင့်မည်ဖြစ်ပြီး သင်တန်းကြေးများကို တစ်လချင်းစီသောာ်လည်းကောင်း၊ (၃) လအပြတ်သော်လည်းကောင်း ပေးသွင်းလို့ရပါတယ်။
Level 1&2(၃)လစာတစ်ခါထဲသွင်းလျှင်..... 80,000 Ks
Level 3 (၃)လစာတစ်ခါထဲသွင်းလျှင်.....95,000 Ks
ဆရာမှ ကျောင်းသားတစ်ယောက်ချင်းစီတိုင်းကို သေချာအာရုံစိုက်ကြည့်ရှုပေးနိုင်ရန်အတွက် ကျောင်းသားဦးရေ ကန့်သတ်ထားပါသောကြောင့် အမြန်စာရင်းပေးအပ်နှံနိုင်ပါပြီ။
Tr.Poh English Class
📱09-7841005555
29/09/2022
👭 Verb to be for kids 👫
Verb to be ကိုကလေးတွေ အလွယ်တကူ လေ့လာနိုင်စေဖို့ worksheets လေးတွေ တင်ပေးလိုက်ပါတယ်။ Verb to be အသုံးလေးလေ့လာပြီး လေ့ကျင့်ခန်းလေးတွေ လိုက်လုပ်ကြည့်ကြရအောင်နော်.......
# Tr.Poh English Class
📱09-784100555