Infinity Light Education Center - ILEC

Infinity Light Education Center - ILEC

Share

"Where Brilliance Begins"

02/03/2026

Master English. Succeed Globally. 🌍
Take your English skills to the next level at Infinity Light Education Center. Our "English 4 Skills Course" is designed specifically for young adults who want to communicate confidently in a modern world.
✅ Expert Teachers
✅ Interactive Lessons
✅ Modern Facilities
✅ All Levels Welcome
Don't wait! Your global career starts here.
Enroll now: 📱 09 458023156, 09 899570892
📍 Visit us in Bago!

01/03/2026

"ကျေးဇူးရှင် တောင်သူလယ်သမားကြီးများအားလုံး မတ်လ (၂) ရက်နေ့တွင် ကျရောက်သော 'တောင်သူလယ်သမားနေ့' မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်းနှင့် စိုက်ပျိုးသမျှ အောင်မြင်ဖြစ်ထွန်းကြပါစေကြောင်း Infinity Light Education Center မိသားစုမှ လှိုက်လှဲစွာ ဂုဏ်ပြုဆုတောင်းအပ်ပါသည်ခင်ဗျာ။ 🙏🌾"

Photos from Infinity Light Education Center - ILEC 's post 28/02/2026

အနာဂတ်ပညာရေးအတွက် အခွင့်အလမ်းသစ်များကို အောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့ခြင်း 🎓✨
Infinity Light Education Center (ILEC) နှင့် ထိုင်းနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သော Krirk University (Thailand) တို့ ပူးပေါင်းကျင်းပသည့် Online Webinar ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။
ဒီ Webinar မှာ -
• ထိုင်းနိုင်ငံရှိ Krirk University တွင် တက်ရောက်နိုင်မည့် နိုင်ငံတကာအဆင့်မီ ပညာရေးအခွင့်အလမ်းများ
• ကျောင်းသား/သူများအတွက် အကျိုးရှိစေမည့် သင်ကြားမှုစနစ်များနှင့် ပညာသင်ဆု (Scholarships) ဆိုင်ရာ အကြောင်းအရာများကို အသေးစိတ် ဆွေးနွေးနိုင်ခဲ့ကြပါတယ်။
Webinar သို့ တက်ရောက်အားပေးခဲ့ကြသည့် ကျောင်းသား/သူများအားလုံးကို ILEC မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိအပ်ပါသည်။ 🙏
Webinar ကို အစအဆုံး စိတ်ပါဝင်တစား တက်ရောက်အားပေးခဲ့ကြသည့် ကျောင်းသား/သူများ အားလုံးကို ILEC မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိအပ်ပါသည်။ 🙏✨
ထိုင်းနိုင်ငံတွင် ပညာသင်ယူလိုသည့် ကျောင်းသား/သူများအနေဖြင့်လည်း ယခု Webinar မှတစ်ဆင့် မိမိတို့၏ အိပ်မက်များကို အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းကောင်းများ ရရှိသွားကြလိမ့်မည်ဟု ယုံကြည်ပါတယ်။

Photos from Infinity Light Education Center - ILEC 's post 25/02/2026

Student Voice 🎙✨
"နိုင်ငံတကာပညာရေးအိပ်မက်တွေကို ILEC နဲ့အတူ အစပြုခဲ့ကြသူများ"

Infinity Light Education Center – ILEC သင်တန်းကျောင်းတွင် GED Preparation Class တက်ရောက်ခဲ့ပြီး နိုင်ငံတကာတက္ကသိုလ်ဝင်ခွင့်တွေအတွက် အကောင်းဆုံး ပြင်ဆင်နေကြတဲ့ April Intake ကျောင်းသား/သူ တို့ရဲ့ စကားသံများကို မျှဝေပေးလိုက်ပါတယ်။

✨ အနာဂတ်အတွက် ခိုင်မာသော ပညာရေးလမ်းကြောင်းကို ILEC နှင့်အတူ ယနေ့ပဲ စတင်လိုက်ပါ။ ✨

📘 GED နှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက - • Page Messenger မှတစ်ဆင့်ဖြစ်စေ • အောက်ဖော်ပြပါ ဖုန်းနံပါတ်များမှတစ်ဆင့်လည်း အသေးစိတ် မေးမြန်းနိုင်ပါသည်
📞 Contact: 09-899 570 892 | 09-793 384 153 📍 Address: အမှတ် (၁၀၃)၊ မင်းလမ်း၊ ဈေးပိုင်းရပ်ကွက်၊ ပဲခူးမြို့

Photos from Infinity Light Education Center - ILEC 's post 20/02/2026

Student Voice 🎙✨
"ကိုယ့်ရဲ့ အိပ်မက်တွေဆီကို ယုံကြည်မှုရှိရှိနဲ့ လှမ်းတက်ကြသူများ"
Infinity Light Education Center – ILEC သင်တန်းကျောင်းတွင် GED Intensive Class တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံ Stamford International University တွင် ပညာသင်ကြားခွင့်ရရှိခဲ့သော Ma Kyi Sin Thant နှင့် Basic Grammar တက်ရောက်ခဲ့သော Ma Phyu Sin Thant တို့၏ စကားသံများကို မျှဝေပေးလိုက်ပါတယ်။
✨ အနာဂတ်အတွက် ခိုင်မာသော ပညာရေးလမ်းကြောင်းကို ILEC နှင့်အတူ ယနေ့ပဲ စတင်လိုက်ပါ။ ✨
📘 GED နှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက - • Page Messenger မှတစ်ဆင့်ဖြစ်စေ • အောက်ဖော်ပြပါ ဖုန်းနံပါတ်များမှတစ်ဆင့်လည်း အသေးစိတ် မေးမြန်းနိုင်ပါသည်
📞 Contact: 09-899 570 892 | 09-793 384 153 📍 Address: အမှတ် (၁၀၃)၊ မင်းလမ်း၊ ဈေးပိုင်းရပ်ကွက်၊ ပဲခူးမြို့

Photos from Infinity Light Education Center - ILEC 's post 18/02/2026

🌟 "MMIC College ​၏ ပညာအလှူဟောပြောပွဲ"

ပဲခူးမြို့ရှိ "ရင်ခွင်မဲ့သူများ ဆုံဆည်းရာ ဘက်စုံလူငယ်ဖွံ့ဖြိုးရေး ဘ/က ပရဟိတကျောင်း"တွင် (၁၇.၂.၂၀၂၆) ရက်နေ့၌ MMIC College မှ မှ လာရောက်ပြီး "Make Your Dreams Come True" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲလေး ပြုလုပ်ပေးခဲ့ပါတယ်။ 🎓🌟
အဆိုပါ ဟောပြောပွဲသို့ Infinity Light Education Center (ILEC) မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာဖြင့် တက်ရောက်ခဲ့ကြပါတယ်... 💡
လူငယ်တွေအတွက် ဘဝရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် တကယ့်ကိုအရေးပါသည့်
✅ Personal Development Plan နှင့်
✅ Time Management ဆိုင်ရာ ဗဟုသုတများကို အသေးစိတ် မျှဝေပေးခဲ့လို့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဗဟုသုတတွေ အများကြီး ရရှိခဲ့တဲ့ နေ့တစ်နေ့ပါပဲ။
ပျော်ရွှင်စရာ Activities တွေနဲ့အတူ အသိပညာတွေ မျှဝေပေးခဲ့တဲ့ MMIC College မှ တာဝန်ရှိသူများအားလုံးကို ILEC မိသားစု မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ❤️🙏

Photos from Infinity Light Education Center - ILEC 's post 11/02/2026

(၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုစကားနှင့် သင်တန်းပိတ်ရက် အသိပေးချက် 🇲🇲✨
ချစ်ခင်ရပါသော IIEC သင်တန်းသား/သူတို့ရေ... ✨

ဖေဖော်ဝါရီ (၁၂) ရက်နေ့မှာ ကျရောက်မယ့် (၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ ကို ဂုဏ်ပြုသောအားဖြင့် ကျွန်တော်တို့ IIEC မှာ အောက်ပါအတိုင်း သင်တန်းပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်ခင်ဗျာ။

📅 သင်တန်းပိတ်ရက်: (၁၂-၂-၂၀၂၆) မှ (၁၃-၂-၂၀၂၆) အထိ 📅 ပြန်လည်ဖွင့်လှစ်မည့်ရက်: (၁၄-၂-၂၀၂၆)

ပိတ်ရက် (၂) ရက်အတွင်းမှာ မိသားစုနဲ့အတူ အေးအေးဆေးဆေး အနားယူပြီး (၁၄) ရက်နေ့မှာတော့ သစ်လွင်တဲ့ စိတ်ဓာတ်တွေနဲ့အတူ ပညာသင်ယူဖို့ ပြန်လည်ဆုံတွေ့ကြမယ်နော်။ 🎓💪

အားလုံးပဲ ပျော်ရွှင်စရာ ပြည်ထောင်စုနေ့လေး ဖြစ်ပါစေ။ 🇲🇲❤️

03/02/2026

🔬 Science Project Presentation Day 🎓
Infinity Light Education Center (ILEC) ၏
October Intake Preparation Class မှ
ကျောင်းသား၊ ကျောင်းသူများ၏
Science Project Presentation ဖြစ်ပါသည် 🔬🎓
ILEC ၏ သင်ကြားမှုစနစ်သည်
စာသင်ခန်းအတွင်း သင်ယူမှုသာမက
လက်တွေ့အသုံးချနိုင်သော ပညာရေးကိုပါ
အပြည့်အဝ ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ထားပြီး
လက်တွေ့ Project များကို အခြေခံ၍—
• Critical Thinking
• Presentation Skills
• Teamwork
တို့ကို ထိရောက်စွာ လေ့ကျင့်ပေးလျက်ရှိပါသည်။
ပညာရေးလမ်းကြောင်းပေါ်တွင် အောင်မြင်သော အနာဂတ်ဆီသို့ ILEC နှင့်အတူ စတင်လျှောက်လှမ်းကြပါစို့ 💐🎓။

Photos from Infinity Light Education Center - ILEC 's post 30/01/2026

🎓 ပဲခူးမြို့၏ ပထမဦးဆုံးနှင့် တစ်ခုတည်းသော နိုင်ငံတကာတက္ကသိုလ်ဝင်ခွင့်ပညာရေးလမ်းကြောင်း 🌍

နိုင်ငံတကာတက္ကသိုလ်တက်ဖို့ ရည်မှန်းထားပေမယ့်... ❓ ဘယ်လိုပြင်ဆင်ရမလဲ ❓ ဘာတွေလိုအပ်မလဲ စိတ်ပူပန်နေမိပါသလား? 🎓
ဒီလို စဉ်းစားနေတဲ့ 🎓 လူငယ်တိုင်းအတွက် ခိုင်မာတဲ့ အခြေခံ နဲ့ တိကျတဲ့ လမ်းညွှန်မှု က ILEC မှာ ရှိပါတယ်! ✨

တက္ကသိုလ်ဆိုတာ အလှမ်းဝေးတဲ့ အိပ်မက်မဟုတ်ပါဘူး။ 💪 မှန်ကန်တဲ့ ကြိုးစားမှု နဲ့ 📚 စနစ်ကျတဲ့ ပြင်ဆင်မှု ရှိရင် လက်လှမ်းမီတဲ့ အနာဂတ်တစ်ခု ဖြစ်လာမှာပါ။ 🌟

🚀 နိုင်ငံတကာတက္ကသိုလ်ခရီးစဉ်ရဲ့ ပထမဆုံးခြေလှမ်းအဖြစ်... ✨ University Foundation Program (UFP) – Batch 2 ✨ ကို 📅 (8-3-2026) ရက်နေ့တွင် ပဲခူးမြို့၌ ပထမဦးဆုံးနှင့် တစ်ခုတည်းသော သင်တန်းကျောင်း ဖြစ်သည့် ILEC နှင့် Y-Max College တို့ ပူးပေါင်းပြီး ထပ်မံဖွင့်လှစ်ပေးလိုက်ပါပြီ🎉

🔍 University Foundation Program (UFP) ဆိုတာ ဘာလဲ?
UFP ဆိုတာ🌍 နိုင်ငံတကာတက္ကသိုလ်များ၏ Bachelor Degree Programs များသို့ တိုက်ရိုက်တက်ရောက်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့
ခိုင်မာသော “အခြေခံအုတ်မြစ်” သင်တန်းတစ်ခု ဖြစ်ပါတယ်။

📌 ဘယ်သူတွေ တက်ရောက်နိုင်သလဲ?
✔️အလယ်တန်းအောင်မြင်ပြီးသူများ
✔️အထက်တန်း (အောင် / မအောင်) ကျောင်းသား/သူများ
✔️ GED / IGCSE ဖြေဆိုထားသူများ
✔️ပညာရေး တစ်ပိုင်းတစ်စဖြင့် ရပ်တန့်နေသည့် လူငယ်များ တိုက်ရိုက်တက်ရောက်နိုင်ပြီး
💻 IT, Computing, Business စတဲ့
🎓 Bachelor Degree Programs တွေကို ဆက်လက်တက်ရောက်နိုင်ဖို့လိုအပ်တဲ့
✅ Academic Skills, ✅ Study Skills နဲ့ ✅ English Skills တွေကို
အခြေခံမှစပြီး အပြည့်အဝ လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ် ✨

🌟 UFP သင်တန်းရဲ့ အထူးအားသာချက်များ
⏱️ အချိန်တိုအတွင်း ထိရောက်မှု
🎓University Foundation Program သည်သင်တန်းကာလ (၄) လ သာ ကြာမြင့်မှာဖြစ်ပြီး သင်တန်းပြီးဆုံးသွားသောအခါ UK Diploma Level-3 & Level-4 ကို တိုက်ရိုက်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
🚀 ခိုင်မာသော ပညာရေးလမ်းကြောင်း
🎓University Foundation Program သင်တန်းပြီးဆုံးသွားသောအခါ 💻 IT, Computing, Business စတဲ့ Majors များကို ရွေးချယ်နိုင်ပြီး၊ ပြည်တွင်းမှာဖြစ်စေ၊ ပြည်ပနိုင်ငံခြားတက္ကသိုလ်များမှာဖြစ်စေ UK Bachelor Degree ကို ဆက်လက်တက်ရောက်နိုင်မည့် ခိုင်မာသော လမ်းကြောင်းကို ပိုင်ဆိုင်ရမှာပါ။
💰 ကုန်ကျစရိတ် သက်သာခြင်း
နိုင်ငံတကာအဆင့်မီ🎓UK Bachelor Degree ကို (၃) နှစ်ခွဲ ဝန်းကျင်အတွင်း 🌏 ပြည်တွင်းမှာပဲ တက်ရောက်နိုင်ပြီး 💰 သက်သာတဲ့ ကုန်ကျစရိတ်နဲ့ နိုင်ငံတကာဘွဲ့လက်မှတ် ရရှိမှာဖြစ်ပါသည်။
📚Universtiy Pathway ( ပြည်တွင်း/ ပြည်ပ ပညာရေးလမ်းကြောင်း )
✔️ University Foundation Program (UFP) – 4 Months
✔️ Level (3) Diploma – 8 Months
✔️ Level (4) Diploma – 12 Months ( First Year )
✔️ Level (5) Diploma – 12 Months ( Second Year )
✔️ 🎓Final Year – Bachelor Degree တို့ကို အချိန်ကာလ (၃)နှစ်ခွဲ ဝန်းကျင်ဖြင့် ရရှိနိုင်မှာပဲဖြစ်ပါတယ်။ ✨
💰University Foundation Program (UFP) သင်တန်းကြေး ကိုလည်း ( ၂ )ကြိမ်ခွဲ၍ပေးသွင်းနိုင်ရန် ILEC သင်တန်းကျောင်းမှ စီစဉ်ပေးထားပါတယ်။
🎓တက္ကသိုလ်ခရီးလမ်းကို ယုံကြည်မှုရှိရှိ စတင်ဖို့အတွက် အသေးစိတ်ကို အခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါ 💙📘

👉 Page Messenger မှတစ်ဆင့် မေးမြန်းနိုင်သလို 📞 Hotline: 09- 899 570 892, 09 -793 384 153 သို့လည်း ဆက်သွယ်ပြီး အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ် 💙📘
#ပညာရေး

30/01/2026

🎊 Congratulations Mg Aung Khant Zaw 🎊

Infinity Light Education Center (ILEC) တွင် GED တက်ရောက်နေသော April Intake ကျောင်းသားလေး မောင်အောင်ခန့်ဇော် အား GED Math Real Test တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့်အတွက် အထူးပင် ဝမ်းမြောက်ဂုဏ်ပြုအပ်ပါသည်။ 🎓💙

အောင်မြင်မှုဆိုတာ မနားမနေ ကြိုးစားသူတွေအတွက်သာ ဖြစ်တာမို့ အခုလို ထူးချွန်တဲ့ရလဒ် ပိုင်ဆိုင်နိုင်ခဲ့တဲ့အတွက် ILEC မိသားစုက များစွာ ဂုဏ်ယူမိပါတယ်။ အောင်မြင်သော အနာဂတ်ဆီသို့ ILEC နှင့်အတူ အမြဲရှိနေမှာပါ။ 🤝✨

Want your school to be the top-listed School/college in Bago?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No (103), First Floor, Main Road, Zay Paing Quarter
Bago
08011