အသိပေး ကြေ ငြာခြင်း
***********************
စေတနာအလင်းအိမ် ပညာဒါနသင်တန်းကျောင်းကို အားလုံးသိရှိကြသည့် နိုင်ငံ၏ အခြေအနေ အရပ်ရပ်ကြောင့် ပိတ်ထားခဲ့ရသည်မှာ သုံးနှစ် ရှိခဲ့ပြီ ဖြစ်ပါသည်။ ယခု အခါသင်တန်းကျောင်းအဆောက်အဦ ဖြစ်သည့် ရပ်ကွက်ကြီး (၇)၊ ဒက္ခိဏသာခါရာမကျောင်းတိုက်အတွင်းရှိ
ပညာဒီပကတိုက်ကျောင်း အား ဓမ္မသင်တန်းများ ပြုလုပ်မည့် အဖွဲ့ထံသို့ ြ သဝါဒ စရိယ၏ လမ်းညွှန်ချက်ဖြင့် လွှဲပြောင်းပေးခဲ့ပါသည်။
သင်တန်းကျောင်းကော်မတီအား ဖျက်သိမ်းလိုက်ခြင်း မဟုတ်ဘဲ နေရာရွှေ့ပြောင်းခြင်းသာ ဖြစ်ပြီး သင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်သည့် အချိန်တွင် သင်တန်းကျောင်းနေရာတစ်ခု စီစဉ္၍ ပညာဒါန ပရဟိတလုပ်ငန်းများကို ဆက်လက်ဖွင့်လှစ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သိရှိနိုင်ကြစေရန် အသိပေးကြေ ငြာအပ်ပါသည်။
#စေတနာအလင်းအိမ်ပညာဒါနကော်မတီ
Saydanar Alin Eain
Educational Charity school Educational Charity School
05/12/2020
နာယကကြီး ဦးဝင်းထွဋ် ၁နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်စေတနာအလင်းအိမ်မိသားစု၏ အလှူကုသိုလ်
အကို ကောင်းရာဘုံဘဝကနေ သာဓုခေါ်နိုင်ပါစေ
Covid ကာလအတွင်း စေတနာ အလင်းအိမ် ပညာဒါန သင်တန်းကျောင်းကို facility quarantine စခန်းအဖြစ် အသုံးပြုထားပါသောကြောင့် စေတနာအလင်းအိမ်ပညာဒါနသင်တန်းကျောင်းမှ သင်တန်းသူ/သားများ၊ အဖွဲ့ဝင်များ အနေနဲ့ ကျောင်းသို့ လာရောက် လည်ပတ်ခြင်း မပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
10/08/2020
ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာအုပ်စုများသို့ သွားရောက်၍ မဲစာရင်းများ ကူညီစစ်ဆေးပေးခြင်းကို စေတနာအလင်းအိမ် ပညာဒါနသင်တန်းကျောင်း လူငယ်များက ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းတွင် ငွေကြေး ကုန်ကျမှုများကို ပညာဒါနအတွက် အလှူရှင်များ လှူဒါန်းထားသော အလှူငွေများထဲမှ သုံးစွဲခြင်း မဟုတ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
(ပညာရေးအတွက် လှူဒါန်းထားတာကို အခြားနေရာတွေမှာ သုံးတယ် ထင်မှာစိုးလို့ပါ)
ပဲခူးမြို့ရဲ့ တစ်ခုထဲသော ကဗျာရွတ်ပွဲ ကို စေတနာအလင်းအိမ် မှာ
နှစ်စဉ် အစဉ်တစိုက် ကျင်းပလာတာ ဒီနှစ်
(၉) နှစ် မြောက်ကျင်းပရမှာပါ။
နှစ် စဉ်
အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုပြီး ငြိမ်းချမ်းရေးအတွက် ကဗျာတွေ ရွတ်ခဲ့ကြပါ တယ်။
ဒီနှစ်တော့ ကမ္ဘာ့ကပ်ရောဂါ အခြေအနေကြောင့်
2020 July 19 မှာ ကဗျာရွတ်ပွဲ မကျင်းပဖြစ်တော့ပါကြောင်း အသိပေးအပ်ပါတယ်။
နောက်နှစ်မှ စုပြီး ကဗျာတွေ အများကြီး ရွတ် ကြရအောင်ပါ။
21/06/2020
စေတနာအလင်းအိမ်ပညာဒါနသင်တန်းကျောင်း နှင့် TON Language and Development Center တို့ ပူးပေါင်း ဖွင့်လှစ်ခဲ့သော
30-hour Teacher Training on
ENGLISH TENSE SYSTEM
• Forms and Usages of Tenses
• Skill-integrated Practices and Activites
Teaching Methodology for English Tenses
• Peer Observation of Teaching Tenses (Practical Teaching Demonstrations in Groups)
သင်တန်း ဆင်းလက်မှတ်ပေးအပ်ခြင်း မှတ်တမ်း။
20/06/2020
စေတနာအလင်းအိမ်ပညာဒါနသင်တန်းကျောင်းမှ တာဝန်ယူစိုက်ပျိုးထားသည့် ပဲခူးမြို့ ကန်တော်ကြီး ရေဝေရေလဲဧရိယာ ယမနေ အပင် ၅၀၀ စိုက်ခင်းကို ယနေ့ 20.6.2020 ရက်နေ့တွင်
ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ပါသည်။
မနှစ်က အပင် ၅၀၀ စိုက်ထားတာ အပင် ၂၀ ကျော် သေပါတယ်။ ကျန်တဲ့အပင်တွေက ကောင်းမွန်စွာ ရှင်သန်ပါတယ်။ သေပင်တွေကိုလဲ သစ်တောဦးစီးက အစားထိုး ပြန်စိုက်ပေးထားပါတယ်။
အင်္ဂလိပ်စာ သင်တန်း လျှောက်လွှာ ခေါ်ယူခြင်း
***************************
စေတနာအလင်းအိမ်ပညာဒါနကျောင်းမှ ဖွင့်လှစ်ခဲ့သော
Skill-integrated Foundational Grammar သင်တန်းတက်ပြီးသူများနှင့်
လက်ရှိ အင်္ဂလိပ်စာသင်ကြားနေသူ ဆရာ ဆရာမများ အတွက်
30-hour Teacher Training on
ENGLISH TENSE SYSTEM
• Forms and Usages of Tenses
• Skill-integrated Practices and Activites
Teaching Methodology for English Tenses
• Peer Observation of Teaching Tenses (Practical Teaching Demonstrations in Groups)
သင်တန်း ဖွင့်လှစ်ပါမည်။
****************************
နေ့ရက်
16.6.2020 မှ 20.6.2020 အထိ
******
အချိန်
မနက် (8:30) မှ ညနေ (4:00) နာရီအထိ
*******
နေရာ
စေတနာအလင်းအိမ်ပညာဒါန သင်တန်းကျောင်း၊ ဒက္ခိဏသာခါရာမကျောင်းတိုက်၊ ရပ်ကွက်ကြီး ၇၊ ဥဿာမြို့သစ်၊ ပဲခူးမြို့။
*********
သင်ကြားမည့် ဆရာ
ဆရာ ဦးသန်းဦးနိုင်
TON's Language and Development Center
****************************
သင်တန်းတက်ရောက်လိုသည့် ဆရာ ဆရာမခင်ဗျား
အောက်ဖော်ပြပါ ဖုန်းနံပါတ်များ သို့ဖြစ်စေ၊ Comment မှဖြစ်စေ၊ Message Box မှဖြစ်စေ
အမည်
လက်ရှိသင်ကြားနေသောကျောင်း
ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကို
ပေးပို့ စာရင်းသွင်းနိုင်ပါသည် ခင်ဗျား
ဆရာ ဦးသန်းဦးနိုင်
TON's Language and Development Center
09 428152346
ဦးချမ်းမြေ့ဇော်
ပညာဒါနကော်မတီ
09428154507
****************************
လူဦးရေကန့်သတ်ထားပါသဖြင့်သင်တန်းပြီးဆုံးသည်အထိအမှန်တကယ်တက်ရောက်နိုင်မှသာ လျှောက်ထားရန် ဖြစ်ပါသည်ခင်ဗျား။
****************************
09/06/2020
စေတနာအလင်းအိမ်ပညာဒါနသင်တန်းကျောင်း တွင် ဖွင့်လှစ်မည့် အောက်ဖော်ပြပါသင်တန်းများအတွက် လျှောက်လွှာများ တင်လို့ရပါပြီ။
****************************
စနေ တနင်္ဂနွေ ၂ ရက် သင်တန်းများ
****************************
ဂျပန်ဘာသာ သင်တန်း
BASIC 1
(ယခင်လျှောက်လွှာတင်ထားသူများ ထပ်တင်ရန် မလိုပါ)
****************************ဂျပန်ဘာသာ စကားပြောသင်တန်း
(N4 Level အောင်မြင်ပြီးသူများအတွက်သာ ဖြစ်ပါသည်)
****************************
လုပ်ငန်းခွင်ဝင် ကွန်ပျူတာသင်တန်းများ
(ယခင် လျှောက်လွှာတင်ထားသူများ ထပ်တင်ရန် မလိုပါ)
****************************စနေ တနင်္ဂနွေ ၂ရက်
မနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း စေတနာအလင်းအိမ် ပညာဒါန သင်တန်းကျောင်း၊ ဒက္ခိဏသာခါရာမကျောင်းတိုက်၊ ရပ်ကွက်ကြီး ၇၊ ဥဿာမြို့သစ်၊ ပဲခူးမြို့ တွင် လာရောက် လျှောက်ထားနိုင်ပါသည်။
****************************
သင်တန်းဖွင့်လှစ်မည့် ရက်ကို ထပ်မံ ကြေငြာပေးပါမည်။
အများပြည်သူသို့
****************
Covid 19 ကြောင့် နိုင်ငံတော်ရဲ့ လမ်းညွှန်ချက် နဲ့ အညီ အခြားကျောင်းများ နည်းတူ စေတနာအလင်းအိမ်ပညာဒါန ကျောင်းမှ အတန်းများ အားလုံးကို ခေတ္တရပ်နားထားခဲ့ရပါသည်။
အတန်းသစ်များ စတင်ရန် လျှောက်လွှာများ လက်ခံနေသည့် အချိန်တွင် ရပ်နားခဲ့ရခြင်း ဖြစ်ပါသည်။
ယခုအခါ ကျောင်းများပြန်ဖွင့်လို့ရမည့် အချိန် တဖြည်းဖြည်း နီးကပ်လာပြီဟု ယူဆရပါသည်။
ထို့အတွက်ကြောင့် ကျောင်းအပ်လက်ခံခြင်း၊ လျှောက်လွှာအသစ်များ ခေါ်ယူခြင်း၊ လူငယ်များအတွက် အကျိုးရှိစေမည့် သင်တန်းအသစ်များ ဖွင့်လှစ်ခြင်း တို့အတွက် အချိန်မီ သတင်းများတင်ပေးမည် ဖြစ်ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။
သိပ်မကြာခင် အချိန်အတွင်းမှာ ဘေးရန်ကင်းကင်းဖြင့် သင်တန်းများ ပြန်စနိုင်မည်ဟု မျှော်လင့်ပါသည်။
စေတနာအလင်းအိမ် ပညာဒါန သင်တန်းကျောင်း LCCI သင်တန်းမှ LCCI Level 2 စာမေးပွဲ အောင်မြင်ကြသူ အားလုံးအတွက် သင်တန်းကျောင်းမှ အထူးဂုဏ်ယူဝမ်းမြောက်ပါတယ်။
အချိန်မရတဲ့ကြားက သင်ကြားပြသ ကူညီ လမ်းညွှန်ပေးပါသော
ZPL Education Center ဆရာမ ဒေါ်ဇာဖြူလင်းအား ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ။
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
DakhinaTharkhar Pagoda
Bago