06/06/2025
ကျောင်းဝတ်စုံ အဟောင်းဝတ်ဆင်ခြင်းက ဂုဏ်ယူစရာကိစ္စတခုအဖြစ် မှတ်ယူနိုင်ကြရန်မှာ ကျောင်း ဆရာ၊ ဆရာမများ၏ တာဝန်ဖြစ်သည်။ ကျောင်းနေ ကလေးများ အဝတ်အစားဟောင်း ဝတ်ဆင်ခြင်းကြောင့် မသိမ်ငယ်စေရ။ ဂုဏ်ယူဝင့်ကြွားစေရမည်။ ဇွန်လ ပထမ အပတ်ကို ရောက်လာပြီ။ ကလေးတွေလည်း ကျောင်းတက်နေကြပါပြီ။ အဆင်ပြေတဲ့မိဘ ကလေးက အဝတ်သစ်၊ အိတ်သစ်၊ ဖိနပ်သစ်၊ အရာရာ အသစ်နဲ့ ကျော့မော့နေအောင် ကျောင်းတက်လာကြသလို၊ မရှိတဲ့ အဆင်မပြေတဲ့ မိဘတွေကလည်း တက်စွမ်းသလောက် သို့မဟုတ်လည်း မနိုင်ဝန်ထမ်းပြီး ကလေးကျောင်းမတက် တက်ချင်အောင် လိုတာတွေ ဖြည့်ဆည်းပေးပြီး ကလေးများကို ကျောင်းလွှတ်ပေးနေကြရပါတယ်။ အချို့ကလေးများကလည်း ဘာဆိုဘာမှ အသစ်မဝယ်နိုင်လို့ ရှိတာနဲ့ တင် ကျောင်းလာတက်ကြရပြီး ပညာသင်ကြရပြီပေါ့ဗျာ။ အရေးကြီးတာကတော့ ငါတော့ သူများနဲ့ယှဉ်ရင် နွမ်းပါးတယ်၊ မဆင်နိုင်ဘူး၊ မဝတ်နိုင်ဘူးဆိုပြီး စိတ်အားမငယ်ပဲ၊ စာကို အာရုံစူးစိုက်နိုင်ဖို့ပါပဲ။ တက်ကြွလန်းဆန်းနေမှလည်း ကလေးများက အများနည်းတူ ပြောဆိုဆွေးနွေးနိုင်မယ်၊ ထူးချွန်ထက်မြက်နိုင်ကြပါမယ်။ ငါမရှိလို့၊ မဝတ်လို့ ၊ မဝယ်နိုင်လို့ဆိုတာတွေ ကြောင့် ယုံကြည်မှုကင်းမဲ့ပြီး အဖွင့်မလှရင် အနှောင်းမှာ သူတို့လေးတွေကို အခက်တွေ့စေနိုင်ပါတယ်။...
ကျောင်းဝတ်စုံ အဟောင်းကလေးများဖြင့်ကမ္ဘာမြေကို လှပစေ။
ကျောင်းဝတ်စုံ အဟောင်းဝတ်ဆင်ခြင်းက ဂုဏ်ယူစရာကိစ္စတခုအဖြစ် မှတ်ယူနိုင်ကြရန်မှာ ကျောင်း ဆရာ၊ ဆရာမများ၏ တာဝန.....
18/11/2022
Hydrogen sulfide များက ရေဝပ်ပြီး စိုထိုင်းဆများတဲ့ နေရာတွေမှာ သဘာဝထွက်အမှိုက်များ ဆွေးမြေ့စဥ် ထွက်ရှိလာတဲ့ အနံ့ဆိုးရွားသော ဓာတ်ငွေ့များကိုဆိုလိုပါတယ်။ အမှိုက်စိုများကို သဘာဝမြေသြဇာပြုလုပ်တဲ့အခါ ရေမဝပ်တဲ့နေရာထားရှိပြီး၊ ပုံမှန် အောက်ဆီဂျင်(လေ) ေပးရင် Hydrogen Sulfide အနံ့များထွက်ရှိမှု သက်သာစေပြီး အမှိုက်ပုံပတ်ဝန်းကျင်ညစ်ညမ်းမှုကိုသက်သာေစနိုင် ပါတယ်။
အမှိုက်ပုံပတ်ဝန်းကျင်တဝိုက် အနံ့ဆိုးရွားသော hydrogen sulfide ဓာတ်ငွေ့များ လျော့ချခြင်း။
Hydrogen sulfide များက ရေဝပ်ပြီး စိုထိုင်းဆများတဲ့ နေရာတွေမှာ သဘာဝထွက်အမှိုက်များ ဆွေးမြေ့စဥ် ထွက်ရှိလာတဲ့ အနံ့ဆိုးရ...
15/09/2022
မြို့ပြမှာ ကျွန်တော်တို့ နေ့စဉ် စွန့်ပစ်တဲ့ အမှိုက်တွေက အမှိုက်ပုံကြီးဆီကို ရောက်ရှိသွားတဲ့အခါ ဘာတွေဆက်ဖြစ်ကြပါသလဲ။ အိမ်ထောင်စုများအနေနဲ့ အမှိုက်ခွဲခြားစွန့်ပစ်တဲ့ အလေ့အထမရှိတဲ့အခါ၊ တမြို့လုံးက စွန့်ပစ်လိုက်တဲ့အမှိုက်များစုပုံရာ အမှိုက်ပုံကြီးမှာ - အမှိုက်များကိုစနစ်တကျ စီမံခန့်ခွဲတဲ့စနစ် မရှိတဲ့အခါ အမှိုက်ပုံကြီးများက မီသိန်းဓာတ်ငွေ့(Methane-CH4)ကို အမြောက်အမြား စွန့်ထုတ်နိုင်ကြပါတယ်။ နေ့စဉ်ထွက်အမှိုက်များကို အမှိုက်စို၊ အမှိုက်ခြောက်နဲ့ ပြန်လည်အသုံးပြုနိုင်သော အမှိုက်ဟူ၍ သုံးမျိုး အကြမ်းအားဖြင့် ခွဲခြားနိုင်ပါတယ်။ အမှိုက်စိုများက - သဘာဝအလျှောက်ထွက်ရှိတဲ့ အမှိုက်များကို ဆိုလိုတာဖြစ်ပြီး ဆွေးမြေ့နိုင်သော အမှိုက်များကို ဆိုလိုပါတယ်။ ဥပမာ - အပင်ထွက်အမှိုက်များ၊ တိရစ္ဆာန်မစင်များ၊ တိရစ္ဆာန်ရုပ်ကြွင်းများ စသဖြင့် သဘာဝအလျောက်ဆွေးမြေ့နိုင်ကြသော အမှိုက်များဖြစ်ကြပါတယ်။ အမှိုက်ခြောက်များက - သဘာဝအလျောက် မဆွေးမြေ့နိုင်သောအမှိုက်များကို ဆိုလိုပါတယ်။ အများအားဖြင့် ပြန်လည် အသုံးပြုလို့မရဘူးဆိုရင် အမှိုက်ခြောက်လို့ အလွယ်ခေါ်ကြပါတယ်။ ဥပမာ - တခါသုံးပလတ်စတစ်များ၊ ပြန်လည် အသုံးပြု၍မရသော လူတို့ဖန်တီးထားသော အသုံးအဆောင်ပစ္စည်းများ၊ ဆေးရုံထွက်အမှိုက်များ စသည်တို့ကို ဆိုလိုပါတယ်။ ပြန်လည်အသုံးပြုနိုင်သောအမှိုက်များက - သဘာဝအလျောက် မဆွေးမြေ့နိုင်သော သို့ရာတွင် ပြန်လည်ဖန်တီးအသုံးပြုနိုင်သောဒြပ်သဘောရှိတဲ့ အမှိုက်များကို ဆိုလိုပါတယ်။ ပလုံလို့ အလွယ်ခေါ်ကြပါတယ်။ ဥပမာ - သံတိုသံစများ၊ သွပ်၊ ဒန်၊ ကြေး၊ ပြန်လည်ဖန်တီးအသုံးပြုနိုင်သော ကော်ပစ္စည်းများ၊ ကတ်ထူများ စသဖြင့် ပါဝင်ပါတယ်။ …...
အမှိုက်ပုံကြီးများမှ ထွက်ရှိလာသော မီသိန်းဓာတ်ငွေ့
မြို့ပြမှာ ကျွန်တော်တို့ နေ့စဉ် စွန့်ပစ်တဲ့ အမှိုက်တွေက အမှိုက်ပုံကြီးဆီကို ရောက်ရှိသွားတဲ့အခါ ဘာတွေဆက်ဖ.....
26/09/2021
မြေဆွေး၏ သဘော သဘာဝ
ဤဆောင်းပါးတွင် သဘာဝမြေဆွေးပြုလုပ်ရာ၌ သုံးရသော အော်ဂဲနစ်ပစ္စည်းများ၏ ဖွဲ့စည်းပုံ၊ အော်ဂဲနစ်ပစ္စည်းများကို ချေဖျက်ပေးသော အဏုဇီဝပိုးများနှင့် ဘတ်တီးရီးယားများအကြောင်း၊ သဘာဝမြေဆွေးလုပ်ရာတွင် သတိထားရမည့် အရာများကို ဖော်ပြထားသည်။
မြေဆွေး၏ သဘောသဘာဝ
သဘာဝမြေဆွေးများ၏ သဘောသဘာဝများ အကြောင်းကို အသေးစိတ်ဖော်ပြထားသည်။ ဤဆောင်းပါးတွင် သဘာဝမြေဆွေးပြုလုပ်ရာ၌ သု...
25/09/2021
Nature of Composting
• Carbon to Nitrogen Ratios
• Cooking up Compost
• Aerobic Baterias
• Composting Process and it's three stages
• The organisms that help or (include in a compost pile)
• What to compost
• What not to compost
(နောက်ရက်ကို ဘာသာပြန် အနှစ်ချုပ်တင်ပေးပါမယ်)
pdf link ထဲမှာ ဆောင်းပါးရဲ့ မူရင်း site ကိုလည်းဖော်ပြထားပါတယ်။
pdf link - https://drive.google.com/file/d/1iow5RliyRIWCANldvNUtB8c0wLtW2Wsr/view?usp=drivesdk
04/11/2020
သူတို့လည်း စက်ဘီးစီးကြတယ်။
****** ****** ****** ****** ****
ကျန်းမာရေးအတွက် စက်ဘီးစီးပါ။
ပတ်၀န်းကျင်အတွက် စက်ဘီးစီးပါ။
Crd photo to origin
27/10/2020
လူငယ်တိုင်း တက်သင့်တဲ့ ဆွေးနွေးပွဲလို့ ထင်ပါတယ်။
Hey အချောလေးတို့ရေ.... 💚💚💚
KTU(EC)ကနေပြီးတော့ လာမယ့် (28.10.2020)ရက်နေ့မှာကျင်းပပြုလုပ်မယ့် 👨🦱"လူငယ်၊ အနာဂတ်၊ ရွေးကောက်ပွဲနှင့် သဘာဝပတ်ဝန်းကျင်"🌲 ဆိုတဲ့ Online Panel Discussion လေးရှိတယ်ဆိုတာ သိပြီးပြီဟုတ်။
👉 ခုတစ်ခါမှာတော့ ဒီ panel discussion မှာ ဦးဆောင်ဆွေးနွေးပေးကြမယ့် panelist ဆရာ/ဆရာမသုံးဦးနဲ့ မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
👷 Panelist ဆရာ/ဆရာမ သုံးယောက်အပြင် KTU-Environmental Club စတင်တည်ထောင်သူ ကိုထက်အိမ်ကလည်း Moderator အဖြစ် ပါဝင်အားဖြည့်ပေးသွားမှာဖြစ်ပါတယ်။
ကဲ.....အားလုံးပဲ ဒီ online panel discussion လေးကို ကိုယ်တိုင်ဝင်ရောက်ဆွေးနွေးပြီး အနာဂတ်၊ရွေးကောက်ပွဲနဲ့ သဘာဝပတ်ဝန်းကျင်ကြီးကို ချိတ်ဆက်ကြည့်ကြရအောင်။
🕕 အချိန်ကို အားလုံးအဆင်ပြေစေနိုင်မယ့်အချိန်ဖြစ်အောင် ၇ နာရီမှ စတင်ဖို့ ပြောင်းလဲထားပါတယ်ဗျ 💚
ပွဲနေ့အတွက် Zoom Link အား Page Chatbox မှ တစ်ဆင့်တောင်းယူနိုင်ပါတယ်နော် 🍀🍀🍀
20/10/2020
စက်ဘီးကို Smart ကျကျ စီးမယ်။
For ladies.
20/10/2020
Smart ကျကျ စက်ဘီးစီးကြမယ်။
For Men.
20/10/2020
"စက်ဘီးစီးခြင်းက လူ့သက်တမ်းကို တိုးစေပါတယ်။
၂၀၂၀ မှာ အမေရိကန်နိုင်ငံတွင်း ရင်သားကင်ဆာကြောင့် အမျိုးသမီးပေါင်း ၄၂,၁၇၀ ဦး သေဆုံးနိုင်တယ်လို့ခန့်မှန်းထားပါတယ်။
စက်ဘီး စီးခြင်းက ရင်သားကင်ဆာဖြစ်ပွားမှု ကြုံရနိုင်တဲ့ အန္တရာယ်ကနေလည်း နည်းပါးနိုင်ကြောင်း အကြံပြုထားကြပါတယ်။"
စက်ဘီးစီးဖို့ တွေးကြည့်ပါ။
စက်ဘီးစီးခြင်းက လူ့သက်တမ်းကိုတိုးစေပါတယ်။ Vitoria ပြည်နယ်အစိုးရရဲ့ ထောက်ပံ့မှုနဲ့ Run နေတဲ့ ကျန်းမာရေး Website တစ်ခုဖ....