Pann Pyo Let (ပန်းပျိုးလက်)

Pann Pyo Let (ပန်းပျိုးလက်)

Share

​ဝေဠုဝန် စာသင်တိုက် ( ပန်းပျိုးလက် ဘုန်း​တော်ကြီးသင် ပညာ​ရေးပရဟိတ​ကျောင်း ) အမှတ်၁၇ ဝေဠုဝန်ဘုန်းတော်ကြီးသင် ပညာရေးပရဟိတကျောင်း

02/08/2025
02/08/2025

ဂျပန်နိုင်ငံတွင် ကျင်းပသော စစ်ပွဲများ၏တစ်ဘက် ပြန်လည်ရင်ကြားစေ့ရေးဆွေးနွေးပွဲသို့
ပန်းပျိုးလက်ဆရာတော် မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်
.................................................................
ကျောက်တန်း၊ ဇူလိုင် (၄)။

- ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ယခု ဇူလိုင်လ (၁)ရက်မှ (၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်သည့် United Nations Alliance of Civilizations - UNAOC၊ International Religions for Peace နှင့် WCRP(JAPAN) တို့ ပူးပေါင်းပြုလုပ်သော စစ်ပွဲများ၏တစ်ဘက် ပြန်လည်ရင်ကြားစေ့ရေးဆီသို့ ဘာသာရေးခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲ (Beyond War and Toward Reconciliation: Multi-Religious Peace Roundtables) သို့ ပန်းပျိုးလက်ဆရာတော် ဒေါက်တာအရှင်ပညောဘာသသည် မြန်မာနိုင်ငံဗုဒ္ဓဘာသာကိုယ်စားပြု ခေါင်းဆောင်တစ်ဦးအဖြစ် တက်ရောက်ဆွေးနွေးခဲ့ပါသည်။

- အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအတွင်းတွင် ဘာသာကြီးလေးဘာသာ ငြိမ်းချမ်းချစ်ခင်စွာ အတူယှဥ်တွဲနေထိုင်ရေး လုပ်ငန်းများဆောင်ရွက်နေသော ငြိမ်းချမ်းမေတ္တာအဖွဲ့ (Religions For Peace-Myanmar / RFP - Myanmar)၏ ရွေးချယ်ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာကိုယ်စားပြုအဖြစ် ပန်းပျိုးလက်ဆရာတော် ဒေါက်တာအရှင်ပညောဘာသ၊ ခရိယာန်ဘာသာကိုယ်စားပြုအဖြစ် ကာဒီနယ်ချားစ်ဘိုနှင့် RFP-Myanmar ၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာရင်ရင်မော်၊ ဟိန္ဒူဘာသာကိုယ်စားပြုအဖြစ် ဒေါက်တာလှထွန်း ၊ အစ္စလာမ်ဘာသာကိုယ်စားပြုအဖြစ် RFP-Myanmar၏ CEC Member ဒေါ်ခင်မာယာထွေးတို့နှင့်အတူ RFP-Myanmar ၏ Program Manager ဒေါ်စံပယ်ခိုင်တို့ တက်ရောက်ခဲ့ကြခြင်း ဖြစ်ပါသည်။

- ဆွေးနွေးပွဲ ဒုတိယနေ့တွင် နိုင်ငံတကာမှ တက်ရောက်လာကြသော ဘာသာရေးခေါင်းဆောင်များသည် ဂျပန်နိုင်ငံလွှတ်တော်၌ ဂျပန်လွှတ်တော်အမတ်များနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။

- ပန်းပျိုးလက်ဆရာတော်ဒေါက်တာအရှင်ပညောဘာသသည် ငြိမ်းချမ်းမေတ္တာအဖွဲ့ (Religions for Peace-myanmar/ RFP-Myanmar)၏ နာယကတစ်ပါးဖြစ်ပြီး မြန်မာနိုင်ငံရှိ ဘာသာကြီးလေးဘာသာ တိုင်းရင်းသားညီအကိုမောင်နှမများကြား ရင်းနှီးချစ်ခင်စွာ အတူယှဥ်တွဲနေထိုင်ရေး လုပ်ငန်းများကို ဦးဆောင်ပါဝင် ဆောင်ရွက်လျက်ရှိပါသည်။ ဆရာတော်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကလည်း အီတလီနိုင်ငံ၊ ဗာတီကန်နန်းတော် ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရုံးမှ ပင့်ဖိတ်ချက်အရ ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့၊ မဟာချူလာလောင်ကွန်တက္ကသိုလ်တွင် ဗာတီကန်နန်းတော်မှ ဦးဆောင်ကျင်းပသည့် (၇) ကြိမ်မြောက် ဗုဒ္ဓဘာသာနှင့် ခရိယာန်နှီးနှောဖလှယ်ပွဲသို့ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာကိုယ်စားလှယ်အဖြစ် တက်ရောက်၍ လူသားတို့၏ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေမှု အကြောင်းအရာများနှင့်ပတ်သက်သော စာတမ်းတစ်ရပ်ကို တင်သွင်းကာ ဖတ်ကြား​ဟောပြောမှုများ ပြုခဲ့ပါသည်။

16/06/2025

- ပန်းပျိုးလက်ဆရာတော်၏ မွေးနေ့ရက်ဖြစ်သော ဇွန်လ (၁၇)ရက် ၊ ၁၃၈၇ ခုနှစ် နယုန်လပြည့်ကျော် (၇) ရက်၊ အင်္ဂါနေ့တွင် ဆရာတော်၏ သက်တော် ၆၀ ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအထိမ်းအမှတ်အဖြစ် သစ်ပင် (၁၅၀၀) စိုက်ပျိုးသွားမည် ဖြစ်ပါသည်။

- ပဲခူးမြို့နယ်သစ်တောဦးစီးဌာနနှင့် ပန်းပျိုးလက်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့ ပူးပေါင်း၍ ကျောက်တန်းစံပြရွာအဝင် (၁၀)မိုင်ကုန်း အင်းတကော်-ကျောက်တန်းလမ်းဘေး ဝဲယာတွင် စိုက်ပျိုးသွားမည် ဖြစ်ပါသည်။

- လာမည့် ဇွန်လ (၂၁)ရက်၊ ၁၃၈၇ ခုနှစ် နယုန်လပြည့်ကျော် (၁၁)ရက်၊ စနေနေ့တွင် စိတ်ထားဖြူစင်သွေးလှူရှင်အသင်းဝင်များက ရန်ကုန်မြို့ အမျိုးသားသွေးဌာနသို့ ဆရာတော်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် သွေးလှူဒါန်းပွဲကျင်းပမည် ဖြစ်ပါသည်။

- ထို့နောက် ဇွန်လ (၂၂)ရက်၊ ၁၃၈၇ ခုနှစ် နယုန်လပြည့်ကျော် (၁၂) ရက်၊ တနင်္ဂနွေနေ့တွင်လည်း အသက် ၈၀၊ ၈၀နှင့်အထက် အဘိုး/အဘွား (၉၇)ဦးတို့အား သက်ကြီးပူဇော်ပွဲပြုလုပ် ဒါနပြုခြင်းနှင့် ဆရာတော်၏ ဝိဇာတမွေးနေ့မင်္ဂလာပူဇော်ပွဲ၊ သိက္ခာထပ်ပွဲတို့ကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

Want your school to be the top-listed School/college in Bago?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Kyauktan
Bago