2025- 2026 ပညာသင်နှစ်မှာ မူကြိုစတက်မယ့် သားသားမီးမီးတို့အတွကJanuary လအတွက်
အသက် ၂ နှစ်မှ ၅ နှစ်အထိ မူကြိုနှင့် pre kg အတန်းများ ကို
ကျောင်းအပ်နှံရန် စာရင်းပေးထားနိုင်ပါပြီရှင့်
ကျောင်းချိန်
9:00A.M. to 3:00 P.M.(Mon to Fri)
-ECCD & ECCE Methods များကို အဓီကထား၍ရင်သွေးငယ်လေးများကို
လက်ရေးလက်သား အပါအဝင်
-ကလေးငယ်များ၏ဉာဏ်ရည်ဖွံ့ဖြိုးမှုနှင့်စဉ်းစားတွေးခေါ်မှု
-ပျော်ရွှင်မှုနှင့်တီထွင်ဖန်တီးတတ်မှု
-မိမိကိုယ်တိုင်ယုံကြည်စိတ်ချမှု
_လူမှုပေါင်းသင်းဆက်ဆံရေး
စွမ်းရည်တိုးတက်မှု
-ကျန်းမာသန်စွမ်းပြီးဥာဏ်ရည်
ထက်မြက်စေရန်အတွက်
ဖွံ့ဖြိုးမှု ၅ရပ်ဖြင့်ဘက်စုံ
တိုးတက်သော ကလေးများဖြစ်သင်ကြားပေးမှာပါရှင့်
သင်ကြားမည့်ဘာသာရပ်များ
-အခြေခံမြန်မာစာ
-အခြေခံအင်္ဂလိပ်စာ
-အခြေခံသင်္ချာ
-Social Skill
- Art and Craft
-Poem
-Story Telling
-Music & Movement
တို့ဖြစ်ပါတယ်ရှင့်။
Myat Pann Tine Pre-School & Learning Centre
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myat Pann Tine Pre-School & Learning Centre, School, သနပ်ပင်လမ်းမတန်းအနီး၊ကမာနတ် နယ်မြေ(၈) မိုးထက်နဒီအိမ်ယာ ပဲခူးမြို့, Bago.
11/10/2024
Happy Thadingyut Festival 🌟🌟
10/10/2024
11.10.24 (သောကြာနေ့)တွင်...သီတင်းကျွတ်.အထိမ်းအမှတ်ဆရာကန်တော့ပွဲပြုလုပ်မည်ဖြစ်၍ကျောင်းသားအားလုံးမပျက်မကွက်တတ်ရောက်ပေးပါရန် ဖိတ်ကြားအပ်ပါသည်ရှင်။
ကျောင်းသားအားလုံးကို ယူနီဖောင်းမဟုတ်ဘဲ လှလှပပဝတ်ဆင်ပေးလို့ရပါတယ်ရှင်.။ပေါ့ပေါ့ပါးပါးဝတ်စုံတစုံစီအပိုထည့်ပေးလိုက်ပါရှင့်။
💛မွေးနေ့ဆုတောင်း💛
🎂 Happy Birthday အမရာဘုန်း ယနေ့ ကျရောက်သော မွေးနေ့မှစ၍နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်သော ကလေးလေးဖြစ်ပါစေ ...🎂🎂🎂ထူးချွန် ထက်မြက်သော မီးမီးလေး ဖြစ်ပါစေလို့ Myat Pann Tine Education Center မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်💛💛💛
20/08/2024
သမီးလေး မဇွန်ပွင့်ဖြူ
(၄)နှစ်ပြည့်မွေးနေ့အမှတ်တရ🎂🎉🎊
ယနေ့မွေးနေ့မှ စပြီး ပျော်ရွှင်ပါစေ လိုတိုင်းရ တတိုင်းရပါစေသမီးရေ
မိဘအပေါ်သိတတ်တဲ့သမီးကောင်းရတနာလေးဖြစ်ပါစေ ပညာတတ်ကြီးဖြစ်ပါစေလို့ Myat Pann Tine Preschoolကျောင်းမှ တီချယ်များနဲ့သူငယ်ချင်းများက ဆုတောင်းပေးလိုက်ပါတယ်🩷
Happy Birthday 🎊
16/08/2024
သမီးလေး မပိုးပိုးအိထိုက်
(၄)နှစ်ပြည့်မွေးနေ့အမှတ်တရ🎂🎉🎊
ယနေ့မွေးနေ့မှ စပြီး လိုတိုင်းရ တတိုင်းရပါစေသမီးရေ
မိဘအပေါ်သိတတ်တဲ့သမီးကောင်းရတနာလေးဖြစ်ပါစေ ပညာတတ်ကြီးဖြစ်ပါစေလို့ Myat Pann Tine Preschoolကျောင်းမှ တီချယ်များနဲ့သူငယ်ချင်းများက ဆုတောင်းပေးလိုက်ပါတယ်🩷
Kg သားသားမီးမီးတွေအတွက် အတန်းလေးရှိပါတယ်ရှင့်🤗လာရောက်စုံစမ်း အပ်နှံနိုင်ပါတယ်ရှင့်🩷
"မူကြိုကျောင်းစစ်စစ် နှင့် မူကြိုဆရာမစစ်စစ် "
စာတွေ အတင်းရေး
စာတွေ အတင်းသင်နေတာတွေ။ မလုပ်ဖို့ပါရှင့်🙂☺
မူကြိုကျောင်းပါ ။
စာရေးသင်တဲ့ကျောင်းမဟုတ်ပါဘူး။၃
နှစ်ကနေစတင်တဲ့ဒီမူကြိုအရွယ်ကလေးငယ်လေးတွေရဲ့
မသန်မာသေးတဲ့လက်ကလေးတွေကို
ခဲတံကိုင်ပြီး စာမရေးခိုင်းကြပါနဲ့
ရေးနိုင်တဲ့အနေအထားရောက်ရင်
အရေးသင်ပေးမှာပါ😘✍
နုနယ်တဲ့ ဦးနှောက်လေးတွေဟာ
အရာရာကို သင်ယူဖို့အဆင်သင့်ဖြစ်နေပြီး
သင်လွယ်တတ်လွယ်ကြတယ်ဆိုတိုင်း
မတန်တဆ စာတွေ ရိုက်သွင်းပြည့်သိပ်နေဖို့မဟုတ်ပါဘူး🙅
မူကြိုကလေးငယ်တို့မည်သည်
ဘဝတစ်လျှောက်လုံးအတွက်
သိပ်ကိုအရေးကြီးတဲ့
အခြေခံကောင်းတွေကို အုတ်မြစ်ချပေးရမဲ့
အရွယ်လေးတွေပဲ ဖြစ်ပါတယ်😍😘
အဲ့ဒါဆို ကျွန်မတို့ ဒီကလေးလေးတွေကို
ဘာတွေသင်ပေးကြမလဲ?🤔
မွေးစမှစပြီး ဒီအရွယ်လေးတွေအထိဟာ
မိဘတွေနဲ့သာနေလာခဲ့ရတဲ့သူတို့လေးတွေကို
အပြင်ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေဟာလဲ
ကိုယ့်ရဲ့ မိဘတွေလိုပဲ
ကိုယ့်ကို ချစ်တဲ့လူတွေရှိနေကြောင်းသိအောင်လုပ်ပေးရပါမယ်😘💕
သူတို့လေးတွေရဲ့ ပထမဆုံးအတွေ့အကြုံဖြစ်တဲ့
ပတ်ဝန်းကျင်အသစ်မှာတွေ့ရမဲ့
မူကြိုဆရာမလေးတွေကနေရရှိတဲ့
ချစ်ခြင်းမေတ္တာတွေကတဆင့် သိရှိခံစားနိုင်ရပါမယ် 🤗
ကလေးတွေကို ဟန်ဆောင်ပြီးချစ်လို့မရပါဘူး😝😣
သူတို့လေးတွေဟာ သူတို့အပေါ်တကယ်ချစ်မချစ်ဆိုတာကို
နှလုံးသားကနေ ခွဲခြားသိမြင်နိုင်တဲ့မွေးရာပါ စွမ်းအားတွေရတာမို့
ကလေးတွေအပေါ် ဟန်ဆောင်ပြီးတောင် ချစ်ဟန်ပြလို့မရပါဘူး ရှင်😍
မခွဲခြားကြပဲ တန်းတူ ချစ်ပေးရပါမယ်😘😘💖
အရေးမကြီးသလိုနဲ့ သိပ်ကိုအရေးကြီးတဲ့အရာပါ
မျက်နာလိုက်တတ်သော ဆရာမများမဖြစ်ဖို့ အထူးသတိပြုရပါမယ်☺
ပန်းကလေးတွေ
တိရစ္တာန်လေးတွေ
စမ်းချောင်းလေးတွေ
တေးသီချင်းလေးတွေ
ငှက်ကလေးတွေနဲ့အတူ
သဘာဝပတ်ဝန်းကျင်ကို ချစ်တတ်အောင် သင်ရပါမယ်😘
မြန်မာ အင်္ဂလိပ်သင်္ချာ သိပ္ပံ လူမူရေး ဘာသာရပ်
အခြေခံတွေကို သိရှိနားလည်ထားအောင်
ဘာသာစကားအခြေခံတွေသိရှိ တတ်မြောက်အောင်
အကောင်းမြင်တတ်အောင်
ပူးပေါင်းဆောင်ရွက်တတ်အောင်
ဝေမျှတတ်အောင်
ကိုယ်ချင်းစာတတ်အောင်
ကိုယ့်အားကိုယ် ကိုးတတ်အောင်
ခေါင်းဆောင်နိုင်စွမ်းရှိသော
ရဲရင့်သောကလေးတွေဖြစ်အောင်
စိတ်ထားနူ့ညံ့သိမ်မွေ့အောင်
ဇွဲလုံ့လ ဝီရိယရှိအောင်
စည်းကမ်းရှိအောင်
ကျန်းမာရေးအသိရှိအောင်
ခုအရွယ်တည်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်အောင်
သူတစ်ပါးကို ကူညီတတ်အောင် သင်ပေးကြရပါမယ်🤝
ဘယ်လိုတွေသင်ကြမလဲ???😍
နုနယ်တဲ့နှလုံးသားလေးတွေနဲ့လိုက်တဲ့
ကဗျာလေးတွေဆိုရင်း
တေးသီချင်းလေးတွေနဲ့ကခုန်ရင်း
အရောင်လေးတွေ ပုံလေးတွေဆွဲရင်း
ကောင်းမွန်တဲ့ပညာပေးပုံပြင်လေးတွေ ဖန်တီးရင်း ဖတ်ပြပြောပြရင်း
လက်မှုလေးတွေလုပ်ရင်း
ဘာသာရေးစာပေလေးတွေ ကဗျာလေးတွေ သင်ပေးရင်း
ဗုဒ္ဓအဆုံးအမစာပေလေးတွေကို
သူတို့ဉာဏ်နဲ့နိုင်သလောက်လေး ပြောပြရင်း
လက်ချောင်းလေးတွေ သန်မာဖို့အတွက်
အမျိုးစုံသောနည်းတွေနဲ့ လေ့ကျင့်ပေးရင်း
ပျော်စရာကစားနည်းတွေဆော့ရင်းကနေ
ဦးနှောက်လေးတွေ ဖွံ့ဖြိုးစေရင်း.... အစရှိတဲ့
ECCDနည်းပညာရပ်တွေကို လက်တွေ့အသုံးချပြီး
စနစ်တကျပြုစုပျိုးထောင်ပေးရင်း
ကျွန်မတို့ ကလေးလေးတွေအတွက်
ကျန်းမာပျော်ရွှင် ဉာဏ်အမြော်အမြင်ရှိတဲ့ ဘဝလေးတွေကို
ဒီမူကြိုကျောင်းတွေကနေ စတင်ပေးကြမယ်ဆိုရင်
နောင်တစ်ချိန် လူကြီးလေးတွေ ဖြစ်လာကြမဲ့
ဒီကလေးငယ်လေးတွေဟာ တန်ဖိုးရှိသော
နိုင်ငံ့သားကောင်း သမီးကောင်း ရတနာလေးတွေ ဖြစ်လာကြမှာပါရှင်😍😍
ဒါကြောင့်
မူကြိုအရွယ်ကလေးငယ်လေးတွေရဲ့
နှစ်ခါပြန်မရတဲ့ ကလေးဘဝလေးတွေကို
ဘာဖိအားမှမပေးကြပဲ
လွတ်လွတ်လပ်လပ် ပျော်ရွှင်ခွင့်ပေးရင်း
မူကြိုကျောင်းစစ်စစ်တွေမှာသာ
နေခွင့်ပေးကြပါလို့တောင်းဆိုပါတယ်ရှင့်💕🙏💕
အရွယ်မတိုင်ခင် စာရေးခိုင်းခြင်း
ဖတ်ခိုင်းစေခြင်းတွေကို
ECCDအသိပညာမရှိသော မိဘများရဲ့
အလိုကိုမလိုက် အကြိုက်ကိုမဆောင်သော
ကလေးအကျိုးကိုဆောင်သော
မူကြိုဆရာမစစ်စစ်များသာ ဖြစ်ကြပါစေ🙏🙏
စာရေးမသင်လို့ ကျောင်းပြောင်းသွားကြတဲ့အခါမှာလဲ
စိတ်ဓာတ်ကျပြီး စိုးရိမ်နေစရာမလိုပဲ
ကိုယ်နဲ့လက်လှမ်းမှီရာ
ကလေးတွေရဲ့အကျိုးကိုသာတွေးပြီးဆောင်ရွက်ပါ
မူကြိုဆရာမစစ်စစ်အနေနဲ့
မူကြိုပညာရေးအမှန်အကန်ကိုသာ ဆက်၍ပေးပါ💪😘
ကလေးတွေအပေါ်အမှန်တကယ်ချစ်နိုင်မှ
မူကြိုဆရာမ-လုပ်ပါ။
ကလေးအညစ်အကြေးမရွံရှာပဲ
ချေးကျုံး သေးသုတ် အန်ဖတ်ကျုံးပြီး
ကလေးတွေအပေါ် စေတနာအရင်းခံပြီး
အနစ်နာခံနိုင်မှ မူကြိုဆရာမလုပ်ပါ🤗😍
နောက်ဆုံး... ဒီကလေးတွေနဲ့နေရတဲ့
မူကြိုဆရာမအလုပ်ကိုသာ
နှစ်ရှည်လများ တစ်ဘဝစာလုံးလုပ်မယ်လို့ ရည်ရွယ်ကာမှ
မူကြိုဆရာမလုပ်ပါ 💖💖
ကလေးတကယ်ချစ်တတ်ပြီး
ဝါသနာအရင်းခံစိတ် တကယ်ရှိမှ
မူကြိုဆရာမလုပ်ပါ🤝🤝
ဒီကလေးတွေအတွက်
ကိုယ်ပိုင်အချိန်တွေကိုရင်းနှီးပေးပြီး
စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်မှ
မူကြိုဆရာမ လုပ်ပါ✍☺
ဘယ်သူမွေးမွေး ကိုယ့်ကလေးဆိုတဲ့ စိတ်ထားနိုင်အောင် ကြိုးစားပါ💪
ကျွန်မတို့မူကြိုဆရာမတွေရဲ့တာဝန်က
ကလေးတွေရဲ့ ဒုတိယမိခင်တွေအနေနဲ့
တပျော်တပါးကြီး ကြိုးစားပေးပြီး
နွေးထွေးတဲ့မေတ္တာတွေနဲ့ ပျိူးထောင်ပေးကြရမှာပါရှင့်💕🙏💕
အရေးသင်ရမယ့်အရွယ်ရောက်လာရင် သင်ပေးမှာပါရှင့် စိတ်စောပြီးစာရေးမသင်သေးဘူးလားမေးနေတဲ့မေမေများသို့
“ စာ” စောစောရေးတတ်တာ ကောင်းလား?
3-4နှစ်အရွယ်မှာ A B C က ခ ဂ ရေးတတ်တာနဲ့ 6-7 နှစ်အရွယ်မှာ ရေးတတ်တာ ဘာကွာလဲ? စာစောစောရေးတတ်တာနဲ့ စာတော်တဲ့ ကလေးဖြစ်သွားနိုင်လား?
စာ စောစောရေးတတ်တာနဲ့ နောက်ကျမှ စာရေးတတ်တာကို ကြည့်ပြီး ကလေးရဲ့ ပညာရေး အနာဂတ်ကို ဆုံးဖြတ်လို့မရပါဘူး။ ကလေးကို ဘာလို့ပညာတွေသင်ပေးချင်တာလဲ မိဘတွေကိုမေးကြည့်လိုက်တဲ့အခါ ကလေးငယ်ကို အခြေခံ ဗဟုသုတတွေ သိစေချင်လို့၊ သူတို့ ဝါသနာပါတာကို ခွဲခြား သိစေချင်လို့၊ သူတို့ဘာလုပ်နိုင်လဲ သိစေချင်လို့၊ သင်ယူလေ့လာနေရတာကို နှစ်သက်စေချင်လို့၊ စာဖတ်ပျော်သူ၊ မေးခွန်းမေးရတာ ကြိုက်နှစ်သက်သူ၊ မေးခွန်းမေးရဲသူ ဖြစ်စေချင်တယ်လို့ ဖြေကြပါလိမ့်မယ်။ ဟုတ်ပါတယ် ဒီအချက်တွေကသာ ကလေးတွေကို အနာဂတ်မှာ အောင်မြင်တဲ့ သူအဖြစ်ရပ်တည်စေနိုင်တာပါ။
ဒါဆိုရင် ဒီမေးခွန်းကို မေးကြည့်ကြရအောင် စာ စောစောရေးတတ်တော့ ဘာပိုကောင်းသွားလဲ?
အချို့ကလေးငယ်တွေဟာ အရွယ်မတိုင်ခင်ကတည်းက စာရေးတတ်ဖို့ ဖိအားပေးခံရတယ် ဒီလိုကလေးတွေက စာရေးရမှာကို ကြောက်တဲ့သူ၊ ပညာသင်ယူရမှာ ကြောက်တဲ့သူ၊ ပညာသင်ဖို့ ဖိအားပေးခံရလေ သင်ယူတဲ့အပိုင်းမှာ ပိုပြီးကျဆင်းလာလေလေ ဖြစ်စေနိုင်ပါတယ်။ လုပ်နိုင်တဲ့ ကလေးက လုပ်နိုင်သွားပေမဲ့ မလုပ်နိုင်တဲ့ ကလေးအတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေလိုက်လာပါလိမ့်မယ်။ “ လေ့လာမှုစွမ်းရည်” ပေါ်ကြည့်ပြီး ဒီကလေးတော်တယ် ဒီကလေး မတော်ဘူးလို့ မဆုံးဖြစ်လိုက်ပါနဲ့နော်။
အသက်အရွယ်အလိုက် တိုးတတ်လာတဲ့ လေ့လာမှုစွမ်းရည်ကို ကြည့်ကြရအောင်
✍️အသက် ၁ - ၂ နှစ်
ဒီအရွယ်ကလေးတွေမှာ ပျော်ရွှင်မှုကို အဓိက ထားပြီး ဟိုခြစ်ဒီခြစ်နိုင်ရင်ရပါပြီ။ ရေးခြစ်ရင်းနဲ့ အရောင်တွေကို ဆော့ကစားရင်းနဲ့ သင်ယူနိုင်ပါတယ်။
✍️အသက် ၂နှစ်ကျော်
ဒီအရွယ်ကလေးလေးတွေက မျဉ်းဖြောင့်နဲ့ ဒေါင်လိုက်မျဉ်းကြောင်းတွေကို ရေးတတ်ရင် အဆင်ပြေပါပြီ။
✍️အသက် ၃နှစ်ကျော်
ဒီအရွယ်ကလေးတွေက မျဉ်းကြောင်းနှစ်ခုကို ထပ်ပြီး + ( အပေါင်း )လက္ခဏာရေးတတ်လာနိုင်ပြီး + ( အပေါင်း )ကိုလိုက်ပိတ်ပြီး ဆက်ဆွဲရင်း စက်ဝိုင်းပုံစံတွေကိုလည်း ရေးတတ်လာနိုင်ပါမယ်။
၄နှစ်အရွယ်ကလေးလေးတွေကတော့ မျဉ်းကြောင်း၊ ဒေါင်လိုက်မျဉ်းနဲ့စတုရန်းပုံတွေ ရေးဆွဲတတ်လာပြီး တဖြည်းဖြည်းနဲ့ X ပုံစံမျဉ်းစောင်းတွေ ရေးတတ်လာနိုင်ပါမယ်။
၄-၅နှစ်အရွယ်ရောက်လာရင်တော့ တြိဂံပုံလေးတွေ၊ မျဉ်းဖြောင့်၊ ဒေါင့်လိုက်မျဉ်း၊ စက်တိုင်းပုံစံတွေကိုရေးတတ်လာပါလိမ့်မယ်။ ဒီအရွယ်ကလေးလေးတွေက သူတို့ စိတ်ဝင်းစားရာနောက်ကို လိုက်ပြီး နေလုံးကြီးတွေ၊ တောင်တန်းကြီးတွေ၊ ပန်းကလေးတွေနဲ့ သစ်ပင်ကလေးတွေကို သူတို့ စိတ်ကူးရှိသလိုရေးတတ်ကြပါတယ်။
👏နောက်ဆုံး၅-၆နှစ် အရွယ်ရောက်လာရင် ဆော့ကစားရင်းနဲ့ သင်ယူပြီးမေမေတို့ ရေးတတ်စေချင်တဲ့ A B C ကိုရေးတတ်လာနိုင်ပါပြီ။
ဖိအားပေးမခံရပဲ ဆော့ကစားရင်း သင်ယူလာရတဲ့ ကလေးက A B C က ခ ကို ရေးတတ်လာတဲ့ အချိန်ကြရင်လည်း ငြီးငွေ့မှုမရှိပဲ ပညာကို ပျော်ရွှင်စွာနဲ့ သင်ယူနိုင်ပါလိမ့်မယ်။
မိဘတိုင်းက ကိုယ့်ရင်သွေးကို အကောင်းဆုံးတွေပဲ ပေးအပ်ချင်ကြတာ သဘာဝပါ။ ဒါပေမဲ့ မိဘတွေကိုယ်တိုင်က အကောင်းဆုံးအရာကိုပေးအပ်ဖို့ သားသမီးကို ဖိအားပေးပြီး အနိုင်ကျင့်သလိုမဖြစ်အောင် ကလေးတွေကို သူ့အရွယ်အလိုက် သူနှစ်သက် အားသာတဲ့အတိုင်း လမ်းပြ ထိန်းကျောင်းရင်း ပျော်ရွှင်တဲ့ နေ့ရက်ကို ဖန်းတီးလိုက်ပါနော်။
ဒီလောက်ဆိုရင်တော့ စာစောစောရေးတတ်လည်း ဘာကောင်းကျိုးမှ မရှိဘူးဆိုတာ သိပြီးလောက်ပြီထင်ပါတယ်။ နောက်ရက်တွေမှာလည်း မေမေနဲ့ ရင်သွေးလေးတို့အတွက် သိသင့်တဲ့ ဗဟုသုတတွေကို မျှဝေပေးအုန်းမှာမို့ တင်တဲ့စာတိုင်း မဖတ်ရမရှိလေအောင် May May Diary Pageကို Like နဲ့ Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။
မေမေတို့ မိသားစုအားလုံး ကျန်းမာချမ်းသာပြီး ရောဂါကူးစက်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ။
#မေမေဒိုင်ယာရီ
#စာ
17/06/2024
🩷🩷
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
သနပ်ပင်လမ်းမတန်းအနီး၊ကမာနတ် နယ်မြေ(၈) မိုးထက်နဒီအိမ်ယာ ပဲခူးမြို့
Bago