23/08/2023
【မြန်မာနိုင်ငံတွင် ဖြေနိုင်သော ဂျပန်စာ စာမေးပွဲများ】
JLPT အောင်တဲ့သူတွေကလည်း နောက်တစ်ဆင့်သွားမယ်။ မအောင်တဲ့သူတွေကလည်း တခြားဖြေလို့ရတဲ့ စာမေးပွဲတွေ အများကြီးရှိတာမလို့ ကြိုးစားကြမယ်နော်...
ကျောင်းတက်ဖို့၊ အလုပ်လုပ်ဖို့၊ ဗီဇာတင်ဖို့ စတဲ့ ရည်ရွယ်ချက်အမျိုးအမျိုးနဲ့ ဂျပန်စာကို လေ့လာကြတဲ့အခါမှာ ကိုယ်သွားချင်တဲ့ လမ်းကြောင်းနဲ့ သွားချင်တဲ့အချိန်အတွက် ဘယ်စာမေးပွဲကို ဘယ်အချိန်မှာ ဖြေသင့်သလဲဆိုတာ သိဖို့အရေးကြီးတာကြောင့် မြန်မာနိုင်ငံမှာ ဖြေလို့ရတဲ့ ဂျပန်စာ စာမေးပွဲတွေအကြောင်းကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
① JLPT (Japanese-Language Proficiency Test)
ဂျပန်စာစာမေးပွဲဆိုရင် လူသိအများဆုံးနဲ့ အသိအမှတ်ပြုမှု အမြင့်ဆုံးက JLPT ပါ။ အလုပ်အတွက် ကျောင်းအတွက် အကုန်သုံးလို့ရပါတယ်။
■ Level က N5,N4,N3,N2,N1 ဆိုပြီး ၅ဆင့်ရှိပါတယ်။
N5ကအနိမ့်ဆုံးအဆင့်ဖြစ်ပြီး N1ကအမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။
■ တစ်နှစ်မှာ ၂ကြိမ် (၇ လပိုင်းနဲ့ ၁၂လပိုင်း) မှာ ဖြေလို့ရပါတယ်။
■ မြန်မာနိုင်ငံမှာဆိုရင် ရန်ကုန်နဲ့ မန္တလေး၊ ဂျပန်မှာဆိုရင်တော့ ကိုယ်နေထိုင်တဲ့ ခရိုင်တွေမှာ ဖြေလို့ရပါတယ်။
■ စာမေးပွဲကြေး
မြန်မာ ၄၀၀၀၀~၄၅၀၀၀ကျပ်
ဂျပန် ၇၅၀၀ယန်း (မြန်မာငွေ တစ်သိန်းခွဲခန့်)
■Official Webiste
http://www.jlpt.jp/sp/
② NAT-TEST ( Nihongo Achievement Test )
JLPT အတွက်အစမ်းအနေနဲ့ ဖြေလေ့ရှိကြပြီး များသောအားဖြင့် ကျောင်းတက်ဖို့အတွက် ဖြေကြပါတယ်။
■ Level 5,4,3,2,1
■ တစ်နှစ်မှာ ၆ ကြိမ် စုံဂဏန်းလတိုင်းမှာ ဖြေလို့ရပါတယ်။
(February , April , June , August , October , December)
■ စာမေးပွဲရဲ့ result ကို စာမေးပွဲဖြေပြီး ၃ပတ်အတွင်းမှာ သိနိုင်ပါတယ်။
■ လဝကက ဂျပန်စာလေ့လာထားတယ်ဆိုတဲ့ Level တစ်ခုအနေနဲ့ အသိအမှတ်ပြုရုံသာ ရှိိပြီး တကယ်တမ်း အလုပ်အတွက်နဲ့ ကောလိပ်၊ တက္ကသိုလ်ကျောင်းတိုက်ရိုက်လျှောက်ဖို့ ဗီဇာတင်တဲ့အခါမှာတော့ သုံးလို့မရပါဘူး။
■ စာမေးပွဲကြေး
မြန်မာ - ၇၂၀၀၀ ကျပ်
ဂျပန် - ၅၅၀၀ ယန်း (မြန်မာငွေ ၁သိန်း၁သောင်းခန့်)
■Official Webiste
http://www.nat-test.com/index.html
③ J-TEST (Test of Practical Japanese)
စာမေးပွဲက အောင်တယ်ကျတယ်ဆိုတာမရှိဘဲ၊ ကိုယ်ရတဲ့ရမှတ်အလိုက် level ခွဲပေးတာက တခြားစာမေးပွဲတွေနဲ့ မတူတဲ့အချက်ဖြစ်ပါတယ်။
■ Level
Special A, A, Pre A, B, Pre B, C, D, Pre D, E, F
အမှတ်ပြည့် : အမှတ် ၁၀၀၀
Special A(930~ ), A(900~ ), Pre A(850~ ), B(800~ ), Pre B(700~ ), C(600~ ), D(500~ ), Pre D(400~ ), E(350~ ), F(250~ )
JLPT Level N1 = J.TEST 650-700 points
JLPT Level N2 = J.TEST 550-600 points
JLPT Level N3 = J.TEST 400-450 points
■ တစ်နှစ်မှာ ၆ကြိမ် ဖြေလို့ရပါတယ်။
■ မြန်မာမှာဆိုရင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ နေပြည်တော်၊ ပဲခူး မှာဖြေလို့ရလို့ တော်တော်လေးအဆင်ပြေပါတယ်။
■စာမေးပွဲကြေး
မြန်မာ- ၄၀၀၀၀ကျပ်
ဂျပန် - ၅၂၀၀ ယန်း (မြန်မာငွေ ၁သိန်း၄သောင်းခန့်)
■Official Website
http://j-test.jp/
④ TOP-J
■ Level
TOP-J မှာ 初級(C,B,A)・中級(C,B,A)・上級(C,B,A) ဆိုပြီး level ၃ပိုင်း(အဆင့်၉ဆင့်) ရှိပါတယ်။
初級C ကအနိမ့်ဆုံးအဆင့်ဖြစ်ပြီး 上級A ကအမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။
■ တစ်နှစ်မှာ ၆ကြိမ် ဖြေလို့ရပါတယ်။
(January , March , May , August, September, November ) မှာ ကျင်းပပါတယ်။ ကျောင်းလျှောက်တဲ့အခါမှာ အသုံးပြုနိုင်ပြီး၊ ဂျပန်လဝကက အသိအမှတ်ပြုထားတဲ့ အောင်လက်မှတ်တစ်ခုလည်းဖြစ်ပါတယ်။
■စာမေးပွဲကြေး
မြန်မာ- ၄၀၀၀၀ကျပ်
ဂျပန် - ၅၀၀၀ ယန်း (မြန်မာငွေ ၁သိန်းခန့်)
■Official Website
http://www.topj-test.org/
⑤ BJT(Business Japanese Proficiency Test )
ဒီစာမေးပွဲကို အထူးသဖြင့် ဂျပန်ကုမ္ပဏီမှာ အလုပ်ဝင်ချင်တဲ့လူတွေ အဓိကထားပြီး ဖြေပါတယ်။
College သို့ University နဲ့တိုက်ရိုက်သွားချင်တဲ့သူတွေအတွက် JLPT N2 ရှိမှဖြစ်ပေမယ့် BJT 400 အထက်ရထားရင်လည်း ရပါတယ်။ အွန်လိုင်းကနေ ဖြေလို့ရလို့ တော်တော်လေး အဆင်ပြေပါတယ်။ စာမေးပွဲပြီးတာနဲ့ အမှတ်ကို ချက်ချင်းသိရပါတယ်။
■ Level
J5,J4,J3,J2,J1,J+ ဆိုပြီး level ၆ခုရှိပါတယ်။
J5 ကအနိမ့်ဆုံးအဆင့်ဖြစ်ပြီး J+ ကအမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။
J1+ 600~800 မှတ်
J1 530~599မှတ်
J2 420~529မှတ်
J3 320~419မှတ်
J4 200~319မှတ်
J5 0~199မှတ်
■Official Website
http://www.kanken.or.jp/bjt/
■ မြန်မာနိုင်ငံမှာ ဖြေဖို့အတွက် အောက်ကလင့်မှာ စုံစမ်းပါ။
https://www.facebook.com/groups/943692389009232/user/100070830160591/
⑥ EJU(Examination for Japanese University Admission for International Students)
ဒီစာမေးပွဲက ဂျပန်ဘာသာစကားအရည်အချင်းကို စစ်ဆေးတဲ့ စာမေးပွဲမဟုတ်ဘဲ ဂျပန်နိုင်ငံက တက္ကသိုလ်ကို ဝင်ခွင့်ဖြေဖို့အတွက် ဖြေဖို့လိုအပ်တဲ့ မေးပွဲဖြစ်ပါတယ်။ ကိုယ်တက်ချင်တဲ့ တက္ကသိုလ် ယူချင်တဲ့ မေဂျာပေါ်မူတည်ပြီး ဖြေဖို့လိုအပ်တဲ့ ဘာသာရပ်တွေက မတူပါဘူး။ အကြမ်းအားဖြင့် အောက်ပါအတိုင်း ခွဲလို့ရပါတယ်။ Japanese as a Foreign Language ကလွဲရင် အခြားဘာသာရပ်တွေကို English လို (သို့) Japan လို ဖြေလို့ရပါတယ်။
■ ဝိဇ္ဇာဘာသာရပ်
Japanese as a Foreign Language
Japan and the world
Maths (1)
■ သိပ္ပံဘာသာရပ်
Japanese as a Foreign Language
2 Subjects (Physics, Chemistry or Biology)
Maths (2)
အသေးစိတ်ကို အောက်ကပို့စ်တွင် ဖတ်နိုင်ပါတယ်။
https://www.facebook.com/studyin.japanbychann/photos/pb.100077386043063.-2207520000./131727402758862/?type=3
■ Official Websites
https://www.jasso.go.jp/ryugaku/eju/index.html
အားလုံးပဲ လိုရာပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေ။
Chan