23/11/2025
တတ်ကောင်းတတ်ရာဟူသမျှကို
ကြားမြင်သုတ ရှိပါစေ။
အိုးအိမ်တည်ထောင် ဝမ်းစာရေးနဲ့
အသက်မွေးဖို့ အတတ်သင်လေ။ ☺️
(၃၈)ဖြာ မင်္ဂလာကဗျာထဲက စာသားလေး ☺️
သင်တန်းပြီးသွားတဲ့ သင်တန်းသား/သူ လေးတွေရဲ့
Certificate ထုတ်ရင်း Content ရေးမိတာလေး... ☺️
plastic card လေးလည်း
သေချာ လောင်းပေးထားပါတယ်။ ☺️
ကွန်ပြူတာ သင်တန်းလက်မှတ် ရပြီဆိုတော့
အတတ်ပညာတစ်ခု တတ်မြောက်သွားပြီနော်။ ☺️
မိမိကိုယ်ကို Appreciate လုပ်ပါ။
အတတ်ပညာတွေ တစ်ခုပြီးတစ်ခု သင်ယူပြီး
ဘဝရဲ့ တက်လမ်းတွေကို အကောင်းဆုံးပုံဖော်နိုင်ပါစေနော်။ ☺️
01/10/2025
ဒီပုံထဲက အကြောင်းအရာကတော့ ( ͡👁️ ͜ʖ ͡👁️)
𝙊𝙘𝙩𝙤𝙗𝙚𝙧 14-2025 နောက်ပိုင်း
(𝙒𝙞𝙣𝙙𝙤𝙬𝙨 7, 8.1, 10) စတဲ့
Microsoft မှ Windows Update မှ အခမဲ့ software update များ၊
နည်းပညာအကူအညီများ သို့မဟုတ် Windows 10 အတွက်
လုံခြုံရေးပြင်ဆင်မှုများကို ထပ်မံမပေးတော့ပါ။
ဒါပေမယ့်လက်ရှိ Windows 7, 8.1, 10 တင်ထားတဲ့ ကွန်ပျူတာတွေ
ဆက်လက်အသုံးပြုနိုင်တယ်။
အဓိကတော့ Windows 11 ကို ပြောင်းသုံးဖို့ အကြံပြုတာပါ။
စက်ဝယ်ဖို့ ပြင်ဆင်နေတဲ့ သူတွေကတော့
🅦🅘🅝🅓🅞🅦🅢 ➊➊ 𝑺𝒖𝒑𝒑𝒐𝒓𝒕 အလုံးတွေဝယ်သုံးကြပါပေါ့။
centre
computer centre
14/08/2025
Self-Control ဆိုတာ ကိုယ့်စိတ်ရဲ့ ထိန်းချုပ်နိုင်စွမ်းတဲ့
>>>>>>>>>>>>>
08/05/2025
PowerPoint Presentation
ICT level-1
💖💖💖
06/06/2024
June လအတွက် Computer သင်တန်းများ လက်ခံနေပါပြီရှင်။
06/06/2024
ကိုယ်တွေက ခေတ်အခြေအနေ လိုအပ်ချက် ရှိနေပေမယ့်
Online သင်တန်းသစ်တွေ၊ တစ်ဦးချင်းသင်တန်းသစ်တွေလည်း တစ်ခုပြီးတစ်ခု တွေ့လာရပါတယ်။
လေ့လာသူများကို နည်းနည်းတော့ သတိပေးချင်ပါတယ်။
မဖြစ်မနေလိုအပ်လို့ တွေ့မိနီးစပ်ရာ Online သင်တန်းပဲ တက်လိုက်ရတာမျိုးကို မတားပါဘူး။ ဒါပေမယ့် သင်ပေးသူက အမှန်တကယ် ကျွမ်းကျင်သူဖြစ်ဖို့လိုပါတယ်။ သင်တတ်တဲ့သူ ဖြစ်ဖို့လိုပါတယ်။ နှစ်ခုလုံးနဲ့ ပြည့်စုံရပါမယ်။ ငါးပွက်ရာငါးစာချတဲ့ အဖြစ်သင်တန်းတွေကို မတက်မိဖို့ လိုပါတယ်။
လေ့လာမှုမှာ အစကောင်းဖို့ လိုပါတယ်။ အစမကောင်းရင် -
၁။ စိတ်ညစ်ပြီး ဆက်မလုပ်ဖြစ်တဲ့အခါ တစ်ဘဝစာ နာနိုင်ပါတယ်။
၂။ မရလို့ နောက်တစ်ကြိမ် ထပ်လုပ်ရရင် နှစ်ခါနာနိုင်ပါတယ်။
၃။ အမှားပေါ်မှာ အခြေပြုမိပြီး ရှေ့ဆက်ရ ခက်နိုင်ပါတယ်။
ဒါကြောင့် လေ့လာသူတွေရဲ့ လိုအပ်ချက်ကို ကိုယ်တိုင် ဖြည့်မပေးနိုင်လို့ လိုက်မတားလိုပေမယ့်၊ သတိတော့ထားပါလို့ ပြောချင်ပါတယ်။ သင်တန်းဆင်းတာနဲ့ ချက်ခြင်းပဲ အလုပ်ရတော့ မလိုလို၊ လစာပဲ တစ်ခါထဲ တန်းပေးတော့မလိုလို၊ ပြောနေကြတဲ့ Red Flag တွေကို တွေ့နေရလို့ပါ။
နောက်ပြဿနာတစ်ခုက လူတိုင်းက တကယ်တတ်ချင်တာ မဟုတ်ပါဘူး။ အခွင့်အလမ်း ကောင်းမလားလို့ လုပ်ကြည့်တာပါ။ သူ့ရွေးချယ်မှုနဲ့သူပါပဲ၊ ဘာမှပြောစရာ မရှိပါဘူး။ ဒါပေမယ့် ကိုယ်က တကယ် တတ်ချင်တဲ့သူဆိုရင် အလွယ်ကြိုက်သူ လူအုပ်ကြီးနောက် သွားမယောင်မိဖို့ လိုပါတယ်။ ကိုယ်လမ်းကိုယ် ဖြောင့်အောင် ဆက်လျှောက်ပါ။ ဘယ်အရာမှ အလွယ်တကူမရပါဘူး။ ကြိုးစားအားထုတ်မှု လိုအပ်တာချည်းပါပဲ။
အားလုံးပဲ အဆင်ပြေကြပါစေ။
16/04/2024
18-4-2024 ကနေစပြီး သင်တန်းချိန်
အားလံုးပြန်ဖွင့်ပါမယ်ရှင်။
15/04/2024
ဒီသားသားလေးကတော့ 2022 လေါက်က Zoom class အတွက် သင်ရင်းနဲ့ ဆံုကြတဲ့တပည့်လေးပေါ့။😍
2024 အခုတော့ ဆရာကြီးဖြစ်နေပြီ။ သိချင်တာတွေ
အရမ်းသင်ယူလိုစိတ်ပြင်းပြတဲ့ ကလေးဖြစ်လာပါပြီ။🥰
ကျေနပ်တယ်ကလေးရေ😍။ တီချယ် အများကြီးပေးနိုင်ဖို့ Course တွေကို အသစ်တွေ
ထပ်ဖြည့်နေပါတယ်နော်။
အမြဲ Supporting အားကောင်းတဲ့
သားသားမေမေရှင့်
ကွန်ပျူတာနဲ့ပတ်သက်ရင် ကျွန်မကလေးတွေ Update ဖြစ်စေရပါမယ်။
အာမခံပါတယ်နော်။ 🤗
computer
computer
#အင်းဝင်ကွန်ပျူတာ
15/04/2024
Abroad သွားတော့မယ့် ကလေး
သူမသွားခင်လေး တီချယ့်ဆီ ဝင်တွေ့။
လက်ဆောင်တွေ မလိုပါဘူးကလေးရယ်။
ဟိုမှာ အစစ အဆင်ပြေပါစေကွယ်။
အပေါင်းအသင်းဆန့်သူလေးမို့ ဟိုမှာလည်း
အဆင်ပြေမှာပါနော်။ ဆုတောင်းပေးနေပါတယ်။🥰