Dream Big English Learner

Dream Big English Learner

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dream Big English Learner, Education Website, Bogo, Bago.

04/08/2025

1st anniversary အတွက် လက်ဆောင်မွန်။🥳

မုန့်ဖိုး 20000စီ 10ယောက်ကိုပေးသွားမယ့် အစီအစဥ်လေးဖြစ်ပါတယ်။

✅Page လေးကို Like & Share လေးလုပ်ပေးသွားပါ။

✅သူငယ်ချင်းတစ်ယောက်ကို Tagတွဲ ပြီး Public နဲ့ Shareသွားပေးပါ။

✅Publicဖြင့် shareထားသော Screenshotအား commentမှာမန့်ပေးခဲ့ပါ။

Page follower 1k ပြည့်တဲ့နေ့မှာ မုန့်ဖိုးလေးတွေပေးသွားပါမယ်ရှင့်။

English စာနဲ့ပတ်သတ်သောဗဟုသုတများကိုတင်ပေးသွားမှာဖြစ်တဲ့အတွက် အကျိုးရှိသော pageတစ်ခုဖြစ်အောင်ကြိုးစားသွားပါမည်။

04/08/2024

How to develop SMART Goals. 🥇

SMART goals ဆိုတာဘာလဲ?
SMART goals ဆိုတာ ကိုယ့်ရဲ့ personal or professional developmentအတွက် အသုံးဝင်တဲ့ goalsတွေသတ်မှတ်နည်းပဲဖြစ်ပါတယ်။

SMART ဆိုတာ
Specific(တိကျသော)၊ Measurable(တိုင်းတာနိုင်သော)၊
Attainable (ရယူနိုင်သော)၊ Realistic (လက်တွေ့ကျသော)၊ Timely(အချိန်သတ်မှတ်ခြင်း) ဆိုတဲ့ အဓိပ္ပါယ်ငါးလုံးပေါင်းပြီး ရရှိလာတဲ့ အခေါ်အဝေါ်တစ်ခုပါ။

🔍ကိုယ်လိုချင်တဲ့ Goalsတွေကို smartကျကျ ချဥ်းကပ်လို့ရတဲ့နည်းလမ်းလည်းဖြစ်ပါတယ်။
ဒီနည်းလမ်းနဲ့ဘယ်လို ချဥ်းကပ်မလဲ။

အဲတော့ SMART Goalsတွေချမှတ်တော့မယ်ဆို ဒါတွေသိထားဖို့လိုပါတယ်။

✔Specific:
ကိုယ်လိုချင်တာဘာလဲ(What)၊ ဘာကြောင့်လုပ်ချင်တာလဲ(Why)၊ ဘယ်လိုရအောင်လုပ်မလဲ(How)၊ ဘယ်အချိန်မှာရအောင်လုပ်မလဲ(When) ဆိုတဲ့ တိတိကျကျရည်ရွယ်ချက်ထားရပါမယ်။

✔Measurable:
ကိုယ့်ရဲ့progressတွေကို တိုင်းတာခြင်းပါ။ ဥပမာ အနေနဲ့ ''နေ့တိုင်း မိနစ်30 Englishကိုလေ့လာမယ်, speaking clubတွေမှာ တစ်ပတ်ကိုတစ်ကြိမ်ဝင်joinမယ်၊ တစ်လတစ်ကြိမ် practice test or level test တွေစစ်မယ်''ဆိုတဲ့ ကိုယ့်ရဲ့တိုးတက်မှုကို တိုင်းတာရပါမယ်။

✔Attainable:
ကိုယ်ထားထားတဲ့Goalsတွေကို ရယူဖို့ resourcesကောင်းကောင်းရှာတတ်ဖို့လိုပါတယ်။ ဥပမာအနေနဲ့ ကိုယ်က English levelက basic levelဆိုရင် နောက်တစ်ဆင့်အတွက် လေ့လာစရာနေရာတွေ၊ သင်တန်းတက်တာတွေ၊ online resourcesတွေနဲ့ အမြဲတိုးတက်နေအောင်လုပ်ရပါမယ်။

✔Realistic:
လက်တွေ့ကျဖို့လည်းလိုပါသေးတယ်။ ''ဒီလ English basicကနေစ လေ့လာမယ် နောက်လကျ အမြင့်ဆုံးlevel C1ကိုရအောင်လုပ်မယ် ''ဆိုတဲ့ လက်တွေ့မကျတဲ့ goalsတွေမထားရပါဘူး။ ကိုယ်လိုချင်တဲ့ goalsတွေက လက်တွေ့ကျနေရပါမယ်။

✔Timely:
အချိန်သတ်မှတ်ပါ။ ''2025မှာ ငါဒီgoalsကိုရအောင်လုပ်မယ်။'' ဒီလိုဆိုရင် 2025ကိုရောက်ဖို့အတွက် 5လအတွင်း ငါဘာတွေလုပ်ရမယ်ဆိုတာပါ ဦးနှောက်ထဲရောက်လာပါလိမ့်မယ်။ အချိန်သတ်မှတ်ဖို့ကအရေးကြီးပါတယ်။

ကိုယ့်အနာဂတ်က ကိုယ်နဲ့ပဲသက်ဆိုင်ပါတယ်။ အချိန်တိုင်းကတန်ဖိုးရှိတာမလို့ အကျိုးရှိရှိအသုံးချသွားခြင်းက သင့်ကိုတစ်ဆင့်ပြောင်းလဲစေမှာအမှန်ပါ။ 🔝

ဒါဆိုရင်တော့ SMART Goalsလေးတွေ သတ်မှတ်ပြီး ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကို ရောက်ဖို့အတွက် အခုချိန်ကစပြီးကြိုးစားကြည့်ရအောင်နော်။

Dream Big English Learner မှသင့်အတွက်အကျိုးရှိတာတွေတင်ပေးသွားမှာမလို့ like and followလုပ်ဖို့မမေ့နဲ့နော်။ 🎉🎊

03/08/2024

ရက်ပေါင်း 150သာကျန်တော့တဲ့ 2024ကို သင်ဘယ်လိုဖြစ်သန်းမယ်လို့စိတ်ကူးထားလဲ။ 🎉

နေ့တစ်နေ့ရဲ့အချိန်တိုင်းကိုသတိပြုပြီး မိမိရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အလွန်တန်ဖိုးရှိတဲ့ အချိန်ဖြစ်ပါတယ်။ ၂၀၂၄ရဲ့ ကျန်တဲ့ရက်တွေကို အကောင်းဆုံးအသုံးချပြီး ကိုယ့်ရဲ့ ဘဝပန်းတိုင်ဆီရောက်နိုင်မယ့် လုပ်ဆောင်ချက်တွေကို မြှင့်တင်ကြည့်ရအောင်။

လုပ်ဆောင်ချက်တွေထဲမှာ သင်ယူမှုတွေ၊ ရည်မှန်းချက်တွေ၊ ဘဝပန်းတိုင်တွေဆိုတာ အရေးကြီးဆုံးစဥ်းစားရမဲ့အရာတွေပဲဖြစ်ပါတယ်။

ဒါဆိုရင် နေ့ရက်တိုင်းကို ဘယ်လိုတိုးတက်အောင်လုပ်နိုင်မလဲဆိုရင်တော့.....

📚 သင်ယူမှုအတွက်(Learning):

တစ်နေ့ကို အသစ်တစ်ခုစီ သင်ယူပါ။ ဒါပေမယ့် တိတိကျကျတိုးတက်မှုရှိဖို့အတွက် ဘာသင်ယူရမလဲဆိုတာသိနိုင်ဖို့ ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို အရင် သတ်မှတ်ကြည့်ပါ။ ကိုယ်ဘာကို တိုးတက်ချင်လည်းဆိုတာ အရင်ဆုံးစဥ်းစားဖို့လိုပါတယ်။

🎯 ရည်မှန်းချက်ဘယ်လိုထားမလဲ(life goal):

မိမိရဲ့ရည်မှန်းချက်တွေကို တိကျအောင်လုပ်ပါ။ ဥပမာအနေနဲ့ "ငါ့ရဲ့ အင်္ဂလိပ်စာစွမ်းရည်ကို တိုးတက်အောင်မြှင့်တင်မယ်'' ဆိုတဲ့ ရည်ရွယ်ချက်တိတိကျကျထားပါ။ ရည်ရွက်ချက်တိတိကျကျကို သိပြီဆိုရင် ကျန်တဲ့ရက်ပေါင်း ၁၅၀အတွင်း
''ငါဒါကို ရအောင်လုပ်မယ်'' ဆိုတဲ့ ပိုတိကျတဲ့ goal တစ်ခုကိုထားပါ။ ဥပမာ '' ငါ့ရဲ့ English level တစ်ဆင့်မြှင့်မယ်။ ဒီVocabulary စာအုပ်ကို အပြီးလေ့လာမယ်။ ဒီGrammar လေ့ကျင့်ခန်းတွေအပြီးရအောင်ဖြေမယ်'' ဆိုတဲ့ ပိုပြီးတိကျတဲ့ ရည်မှန်းချက်ကိုထားပါ။

👥 ဆက်သွယ်မှု (community):

မိမိနဲ့ ရည်မှန်းချက်တူ၊ အိမ်မက်တူတဲ့သူတွေနဲ့ ပေါင်းသင်းဆက်ဆံပါ။
ကိုယ့်ရဲ့ community networkကို ချဲ့ထွင်ပါ။ ကိုယ်က Englishဘာသာစကားကို လေ့လာမယ်လို့ဆုံးဖြတ်ပြီးရင် ကိုယ်နဲ့အတူတူ လေ့ကျင့်ဖို့ အဖော်တွေရှာပါ။ ဥပမာ English စာလေ့လာမယ့်သူ တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ speaking partnerကိုရှာသလိုမျိုးပါ။ တစ်ယောက် သို့မဟုတ် တစ်ယောက်ထက်ပိုရှာနိုင်ပါတယ်။
ထိုနည်းလမ်းတွေမှတစ်ဆင့် အကြံဥာဏ်အသစ်တွေ၊ နည်းလမ်းအသစ်သစ်တွေ ရနိုင်တဲ့အပြင်
ဆက်ဆံရေးတွေလည်းတိုးတက်စေပါတယ်။

🌟 ပြန်လည်တီထွင် အသုံးချမှု(apply):

ကိုယ်လေ့လာထားသမျှကို ပြန်လည်အသုံးချဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ခုပါ။ ကိုယ့်ရဲ့အရည်အချင်းတွေကို ချပြဖို့ အခွင့်အလမ်းတွေကိုလည်းစောင့်ကြည့်ဖို့လိုအပ်ပါသေးတယ်။ ကိုယ်ရဲ့စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ရာမှာ အခွင့်အရေးတွေကို အမြဲစောင့်ကြည့်နေပါ။

ဒါဆိုရင် သင့်ရဲ့ နေ့ရက်တွေဟာ အရင်ကထက်ပိုမို အဓိပ္ပါယ်ရှိလာမယ်ဆိုတာ သေချာပါတယ်။ 💁

ဒီအတိုင်း ၂၀၂၄ရဲ့ ကျန်တဲ့ရက်တွေကို အကောင်းဆုံးအသုံးချကြဖို့ အတူတူကြိုးစားကြရအောင်။ ✔

Study Partnerရှာဖို့ဆိုရင်တော့ ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို commentမှာ ပြောပြသွားဖို့မမေ့နဲ့နော်။

✔Dream Big English Learnerဟာ သင်တို့ရဲ့ Englishဘာသာစကားစွမ်းရည်ကို တိုးတက်စေဖို့ရည်ရွယ်ပါတယ်။

✔အသိပညာလေးတွေ အမြဲတင်ပေးသွားမှာမလို့ Page လေးကို like and followလေးလုပ်ထားဖို့လည်းမမေ့နဲ့နော်! 🌟

Want your school to be the top-listed School/college in Bago?

Click here to claim your Sponsored Listing.

Location

Culinary Team

Attire

Website

Address


Bogo
Bago