30/01/2021
ညီမဖြစ်သူ စာကြည့်တို့က်မှူး ကစာအုပ်တွေ လစာထဲကဝယ်ထည့်လိုက် ။
အကို ကလဲ ကလေးစာအုပ်စင် လေးလုပ်ပေးရင်း သုတ်ပေးလိုက်တဲ့ ဆေး မကြိုက်လို့ ဆေးသားကြီးဘဲ 30000ကျော်ဖိုး မှုတ်လိုက်တယ်။
ဘာဘဲဖြစ်ဖြစ် ပညာသင်ပေးခဲ့တဲ့ကျောင်းတော်ကြီးအတွက် အကောင်းဆုံးတွေသာကျေးဇူးပြန်ဆပ်ချင်တာပါ။
27/01/2021
ဆရာကြီးအောင်သင်း
ဆရာကြီး မောင်ခင်မင် ( ဓနုဖြူ)
ဆရာကြီး မင်းသုဝဏ် ဆရာဇော်ဂျီ တို့၏ စာအုပ်များ ... 📚
26/01/2021
ဆရာညီပုလေး ရဲ့ စာအုပ် 💛
၂၀၁၆ ခုနှစ် အမျိုးသားစာပေ ဝတ္ထုရှည်ဆုရ စာအုပ်ပါ
ကျောင်းစာကြည့်တိုက်မှာ ငှားရမ်းဖတ်ရှုနိုင်ပါပြီ
သိပ်ကောင်းတဲ့စာအုပ်မို့ မဖတ်ရသေးရင် ဖတ်ကြည့်စေချင်လို့
highly recommend ပါရှင်
26/01/2021
26.1.2021...
၂၀ ရာစုမြန်မာစာရေးဆရာ ၅၀၀ နှင့်
၂၀၁၉ အမျိုးသားစာပေဆုရစာအုပ်များ အထက သက္ကလ ကျောင်းစာကြည့်တိုက်သို့ရောက်ရှိနေပါပြီ ... 📚
24/01/2021
24.1.2021
အလှူခံရရှိသော စာအုပ်များ တိုက်ပိုင်စာရင်းသွင်းခြင်း .... 📚
23/01/2021
ပင်ဝါးရုံစာပေမှ လှူဒါန်းသော မိဘဆရာလက်စွဲစာပေ စာအုပ် ၃၅ အုပ်
ကျောင်းကဆရာဆရာမတွေဝန်ထမ်းတွေအပြင် ကျောင်းသားတွေကတစ်ဆင့်ကျောင်းသားမိဘတွေပါဖတ်ရှုနိုင်ဖို့ 💙
အလှူရှင်မိသားစု ကျန်းမာချမ်းသာပါစေရှင် 💙
ဒေါ်စိမ့်မော်မော်အောင်
စာကြည့်တိုက်တာဝန်ခံ
23/01/2021
ဒေါ်ဖြိုးသီရိကျော် မိသားစု မှ လှူဒါန်းသော ပင်ဝါးရုံစာပေထုတ် ကလေးစာပေ ၇၀ အုပ် 💙💙
အလယ်တန်း ကလေးတွေ မူလတန်းကလေးတွေအတွက် ဗဟုသုတဖြစ်ဖွယ် ပျော်ရွယ်ဖွယ် ဖြစ်စေ
အလှူရှင်မိသားစုအတွက် ပညာပါရမီအထောက်အပင့်ဖြစ်ပါစေ 💙
ဒေါ်စိမ့်မော်မော်အောင်
စာကြည့်တိုက်တာဝန်ခံ
10/01/2021
ထိရောက်စွာ စာဖတ်ခြင်းအနုပညာ
===========================
ကျွန်တော်တို့တွေ စာဖတ်ကြတယ်။ စာဖတ်တဲ့အခါမှာ အာရုံစူးစိုက်ရတယ်။ သတင်းအချက်အလက်တွေ လွတ်မသွားအောင် အမိဖမ်းရတယ်။ ဒီအထိက ခရီးတစ်ဝက်ပဲ ရှိသေးတယ်။ စာသားတချို့ဟာ မြင်လွှာကတဆင့် ဦးနောက်ထဲကို ဝင်ရောက်လာတယ်။ နာရီအနည်းငယ် ကြာလာချိန်မှာတော့၊ အာရုံပြည့်ဖြင့် စီးမျောအဆင့် (flow state) အဆင့်ကိုရောက်ပြီး၊ “ငါ၊ အများကြီး သိခဲ့ပြီ၊ တတ်ခဲ့ပြီ” ဆိုတဲ့ ခံစားမှုမျိုး ရလာတတ်တယ်။ အမှန်ဆိုရင်၊ ဒီလို ခံစားမှုမျိုးဟာ လှည့်စားတတ်တယ်ဆိုရမယ်။ ဘာကြောင့်လဲဆိုတော့၊ flow state ပြီးနောက်မှာ သင်ယူတတ်မြောက်ခြင်းသွင်ပြင်တစ်ရပ် ရှိနေသေးလို့ပါပဲ။ အဲဒါကတော့ အသစ်ရလာတဲ့ အသိကို ရေရှည်မြဲသွားအောင်၊ လက်တွေ့ဘဝမှာ ပေါင်းစပ်အသုံးချခြင်းပဲ ဖြစ်ပါတယ်။ ယခုဆောင်းပါမှာတော့ အဆိုပါ ထောင်ချေက်ကို ဘယ်လိုရှောင်မလဲ၊ ရင်းထားတဲ့နာရီပေါင်းများစွာ (investment) ကနေ အမြတ် (return)များများထွက်အောင် ဘယ်လိုစီမံမလဲကို ဝေမျှသွားပါမယ်။ မှတ်ချက် - Return over Investment (ROI)
၁။ Meta-learning ဘာလဲ။
Meta-learning ဆိုတာ သင်ယူရန်နည်းလမ်းကို သိရှိခြင်းပါ။ လေ့လာသင်ယူခြင်းဟာ ကျွမ်းကျင်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်။ အထိရောက်ဆုံး လေ့လာနည်းကိုသာ သိရှိထားရင်တော့ အခြားသူတွေထက် တစ်ပန်းသာနေမှာပါ။ သတင်းအချက်အလက်တွေ ရယူသိုမှီးထားနိုင်ရုံနဲ့တော့ သင်ယူတတ်မြောက်ခြင်း မမည်ပါဘူး။ သပွတ်အူလိုရှုပ်ထွေးတဲ့အရာတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် မြင်သိနိုင်စွမ်း၊ ရလာတဲ့အချက်အလက်ကို အသုံးချပြီး အပေါ်စီးက ကြည့်သလို ခြုံငုံမြင်နိုင်စွမ်းလည်း လိုပါသေးတယ်။
၂။ လေ့လာသင်ယူခြင်းအဆင့် (၂) ဆင့်
လေ့လာသင်ယူခြင်းမှာ အဆင့်(၂) ဆင့် ရှိပါတယ်။ Read/listen – သတင်းအချက်အလက် အသစ်တွေကို ရယူတဲ့ အဆင့်ပါ။ Process and recall - ရလာတဲ့ သတင်းအချက်အလက်သစ်တွေကို သိပြီးတဲ့အချက်အလက်တွေကို ပေါင်းစပ်ချိတ်ဆက်ခြင်းပါ။
၃။ အရေးမပါတဲ့ အသေးစိတ်အချက်အလက်တွေအစား မှန်ကန်၊ အသုံးဝင်တဲ့အရာတွေကိုသာ မှတ်မိအောင်လုပ်ပါ။
၄။ Metal model နှင့် လေ့လာသင်ယူခြင်း
Mental model ဆိုတာက တစ်စုံတစ်ခုသောအရာဟာ လက်တွေ့မှာ ဘယ်လိုအလုပ်သလဲကို စိတ်ကူးသရုပ်ဖော်ခြင်းပဲ ဖြစ်ပါတယ်။ လေ့လာသင်ယူခြင်းကတော့ ကိုယ့်ရဲ့ mental model ကို အဆင့်မြှင့်တင်ခြင်းပါပဲ။ Mental model များများရှိလေ၊ ကိုယ် အရေးပေါ် ထုတ်သုံးနိုင်မယ့် လက်နက်ပုံး (toolbox) က ပိုကြီးလေ၊ အမှန်တရားကို မြင်ဖို့အလားအလာ ပိုကောင်းလေပါပဲ။
၅။ Active reading vs. passive reading
Active Reading - ဖတ်တဲ့အရာကို နားလည်၊ ပေါင်းစပ်၊ ချင့်တွက်နိုင်အောင် အာရုံစုပြီး ဖတ်ရှုနည်းပါ။
Passive Reading - စကားလုံး ခေါ်ဆောင်ရာနောက်လိုက်ကာ ဖတ်ရှုနည်းပါ။
၆။ Mind-Mapping ဆွဲပါ။
Mind-mapping ဆိုတာ စိတ်ကူးရုပ်ပုံကို တည်ဆောက်၊ ချိတ်ဆက်မှုအသစ်တွေကို မြင်နိုင်စေဖို့အတွက် အကြောင်းအရာတစ်ရပ်ရပ်ကို အကျဉ်းချုပ်ရာမှာ အသုံးပြုတဲ့ အမြင်အာရုံအသုံးပြုနည်းစနည်းတစ်ခုပဲ ဖြစ်ပါတယ်။ စာအုပ်ရဲ့ အနှစ်သဘောတရားတွေနဲ့ တစ်ခုနဲ့တစ်ခု ဘယ်လိုချိတ်ဆက်သလဲကို မြင်နိုင်အောင် ကူညီပေးပါတယ်။
၇။ Written Active Recall
အခန်းတစ်ခု ပြီးတိုင်းမှာ အရေးကြီးအချက်တွေကို bullet points နဲ့ မှတ်ထားပါ။ စာဖတ်ရှိန် မပြတ်စေသလို၊ အရေးကြီးအချက်တွေကို မှတ်ပြီးသားလည်း ဖြစ်သွားတာပေါ့။
၈။ QEC Method ကို အသုံးချပါ။ (Question/ Evidence/method by Cal Newport)
ဖတ်သမျှကို မေးခွန်းထုတ်၊ သုံးသပ်ချက်ပေးပြီး (questions paired with conclusions) စစ်ချပါ။ မေးခွန်းနဲ့ သုံးသပ်ချက်အကြားမှာ၊ အဆိုပါနှစ်ခုရဲ့ ဆက်သွယ်မှုကို ခိုင်လုံစေမယ့် သက်သေအထောက်အသား (evidence) ကို ပြုစုထားပါ။ တစ်နည်းအားဖြင် မေးခွန်းတွေနဲ့ ကိုယ့်ရဲ့ သုံးသပ်ချက်တွေဟာ အကြမ်းထည် အချက်အလက်တွေကို စစ်ထုတ်သလိုဖြစ်ပြီး ကိုယ်ပိုင်သိရှိထားတဲ့ အိုင်ဒီယာတွေအဖြစ် ကူးပြောင်းသွားမှာပါ။
၉။ သင့်ရဲ့ မသိစိတ်ကို အသုံးချပါ။
မိမိ အိပ်ပျော်နေစဉ်မှာ မသိစိတ်ကို အသုံးချခိုင်းတာပါ။ မအိပ်မီ၊ စာရွက်အလွတ်ယူပြီး၊ ကိုယ်နားလည်ဖို့ ကြိုးစားနေရတဲ့ အတွေးတွေ၊ ပြန်လှန်မေးခွန်းတွေကို ချရေးထားပါ။ မနက်အိပ်ရာနိုးလို့ ပထမဆုံးလုပ်ရမယ့်အရာသည် မနေ့ညက မေးခွန်းကို ဖြေဆိုဖို့ပဲ ဖြစ်ပါတယ်။
၁ဝ။ Engage in active recall
အခြားလူတွေကို နားလည်သွားအောင် မရှင်းပြနိုင်သေးရင်၊ ကိုယ်ကိုယ်တိုင်ကလည်း နားမလည်သေးလို့ပါပဲ။ အကောင်းဆုံးနည်းလမ်းကတော့ အခြားသူတစ်ယောက်ကို ရှင်းပြကြည့်ပါ။ ဒီနည်းနဲ့ မိမိရဲ့ နားလည်တတ်မြောက်မှုအဆင့်ကို စမ်းသပ်ပါ။
၁၁။ လေ့လာသင်ယူခြင်းစက်ဝန်း
သတင်းအချက်အလက်တွေကို ရယူသိုမှီးခြင်းနဲ့ သင်ယူလေ့လာြခင်းဟာ မတူပါဘူး။ သင်ယူတတ်မြောက်ဖို့ဆိုရင် ရထားတဲ့ သတင်းအချက်အလက်တွေကို mental model ထဲ သွတ်သွင်းရပါမယ်။ စာဖတ်ရာမှာ အကျိုးအမြတ် များများရလိုရင်တော့ အာရုံစိုက်ဖတ်၊ ပြီးရင် ဆင်ခြင်သုံးသပ်၊ လက်တွေ့အသုံးချကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
ကျေးဇူးတင်ပါတယ်။
ဒီလို အကျိုးရှိတဲ့ ဆောင်းပါးတွေ၊ စာအုပ်အကြောင်းတွေ၊ အောင်မြင်တဲ့လူပုဂ္ဂိုလ်အကြောင်းတွေနဲ့ ဗဟုသုတအဖြာဖြာတို့ကို စိတ်ဝင်စားရင်တော့ BIG Plus ကို ပုံမှန်အလည်လာဖို့ ဖိတ်ခေါ်ပါရစေ။
မူရင်း - The complete guide to effective reading by Maarten Van Doorn
Key notes ထုတ်သူ - Bentley
စုစည်း၊ ဘာသာပြန်တင်ဆက်သူ - BIG Plus
28/12/2020
အထက သက္ကလ ကျောင်းစာကြည့်တိုက်အတွက် သက္ကလမြို့ဈေးပိုင်းနေ ဆရာမဒေါ်ငြိမ်းချမ်းဇော် က စာအုပ် ၁၄ အုပ်လာရောက် လှူဒါန်းပေးသွားပါတယ် ❤️
စေတနာရှင်များအားလုံးကို စာကြည့်တိုက်ကော်မတီမှ ကျေးဇူးတင်စွာ မှတ်တမ်းတင်အပ်ပါတယ်ရှင့်...