Zachary Zohar Burmese Course Free

Zachary Zohar Burmese Course Free

Share

Hello guys.Everybody can learn Burmese also called Myanmar with me Zachary.

Photos from Zachary Zohar English 's post 05/01/2025
Photos from Zachary Zohar Burmese Course Free's post 15/04/2024

Notice for reader: use these literature in good matter.Not for flirting.
သတိပြုရန်။ စာပေကို ကောင်းတာအတွက်သုံးပါ။
ချစ်ကြည်နူးကိစ္စတွေအတွက်မဟုတ်ပါ။
ဆရာကြီး လူထုစိန်ဝင်းစာအုပ်မှ နာမည်ကြီးစာဆိုများ၏စာပေများကောက်နှုတ်ချက်

02/04/2024

g-10 မြန်မာစာ ဘင်္ဂလားဒေ့ရှ်များအတွက် သင်တန်းရှိပါတယ် တစ်လ တစ်သောင်းခွဲပါ တက်ရောက်လိုပါက 09756226151 ကိုဆက်သွယ် ပါ အကန့်အသတ်ရှိပါတယ်

02/04/2024

Hello everyone,Now. I have good news for everyone.This is Grade-10 Myanmar class for Bangladesh people.The fee is 15000 kyats only per month.Really worthy class.If you're interested in this,contact me: 09756226151 or this page messenger.
I'm a native speaker of Myanmar.

29/12/2023

MyWorld
Banner Default Image
လူငယ်တွေအနေနဲ့ System ကျတဲ့ ဘဝဖြစ်ဖို့ဆိုရင်
Mobile Default Image
12 Sep 00:00 by Min Khant Ko Ko

လူငယ်တွေဟာ နိုင်ငံရဲ့အနာဂတ် နိုင်ငံရဲ့မျှော်လင့်ချက်ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံတိုးတက်ဖို့ဆိုရင် အနာဂတ်ခေါင်းဆောင်တွေဖြစ်တဲ့ လူငယ်တစ်ယောက်ချင်းစီက စိတ်ဓါတ်၊ စည်းကမ်းနဲ့ အသိပညာတိုးတက်ဖို့ လိုပါတယ်။ ကျွန်တော်တို့တွေ အသက်ကြီးလာတာနဲ့အမျှ လေ့လာစရာတွေက ပိုပိုများလာပါတယ်။ အဲဒီတော့ လူငယ်တွေမှာ ပြောင်းလဲလာတဲ့ Environment အရ လိုက်လျောညီထွေဖြစ်ဖို့ နဲ့ အခြား နိုင်ငံကလူငယ်တွေနဲ့ ရင်မောင်တန်းနိုင်ဖို့ Skill တွေကပိုပိုလိုအပ်လာပါတယ်။ တကယ်တော့ Skill တွေဟာ ကျွန်တော်တို့ရဲ့ Income တွေပါပဲ။ ခေတ်နဲ့အညီရင်ဘောင်တန်းနိုင်ဖို့ဆိုရင် မိမိကိုယ်တိုင်ဟာ နေ့စဉ်နဲ့အမျှတိုးတက်နေရပါမယ်။ Life & Work ဟာ System ကျပြီး Balance ဖြစ်နေရပါမယ်။ System မကျ တဲ့ Organization တွေဟာ ရေရှည်အောင်မြင်ဖို့ မလွယ်သလို လူငယ်တွေရဲ့ဘဝဟာလည်း ထိုနည်းလည်းကောင်းပဲလို့ဆိုရပါမယ်။



Balance ဖြစ်ပြီး System ကျတဲ့ဘဝ ဖြစ်ဖို့အတွက်ဆိုရင်တော့ အောက်ပါအချက်တွေကို လေ့လာလိုက်နာသင့်ပါတယ်။



(၁) Time Management

ကျွန်တော်တို့ လူငယ်အများစုဟာ အချိန်ကိုမလေးစားကြပါဘူး။ အချိန်နောက်ကြတယ်။ အချိန်ဆွဲကြတယ်။ ကိုယ့်ရဲ့တစ်နေ့တာ ၂၄ နာရီကို ဘယ် Sector တွေအတွက်ဆိုပြီး ခွဲထားတာ မရှိကြပါဘူး။

ဆိုပါစို့ ၂၄ နာရီမှာ အလုပ်လုပ်တာက ဘယ်လောက်၊ Learning လုပ်တာကဘယ်လောက်၊ Health Care အတွက်ကဘယ်လောက်ဆိုပြီး သတ်မှတ်ထားတာမျိုး မရှိပါဘူး။ တကယ်တော့ အချိန်ကိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်သူ တစ်ယောက်အတွက် အောင်မြင်မှုကအလိုလိုကပ်ပါလာသလို Personal Branding ကိုလည်း တည်ဆောက်ပြီးဖြစ်ပါတယ်။

လူငယ်တွေအနေနဲ့ မနက်နိုးတာကနေအစ အိပ်တာအဆုံး ကိုယ်တိုင် Schedule ဆွဲထားသင့်ပါတယ်။ To do list တွေလုပ်ထားသင့်ပါတယ်။ မိမိကိုယ် မိမိဘောင်ခတ်လိုက်ခြင်းက စည်းလွတ်ဝါးလွတ်မဖြစ်စေတော့ပါဘူး။



(၂) Money Management

ဒီအချက်က တော်တော်များများသိသလောက် လိုက်လုပ်ဖို့မလွယ်ကူတဲ့အချက်ပါ။

ကိုယ့်ရဲ့ Income နဲ့မလောက်တာတို့၊ အကြွေးတွေများနေတယ် ဆိုတာ ဒီအချက်ကို Cover မလုပ်နိုင်လို့ပါ။

ဆိုပါစို့ သင့် Income က ၁လ ၃သိန်း ရတာကို မလောက်ငှဘူးလို့သင်တွေးရင် သင့် Income ၆ သိန်းရတဲ့အခါလည်း မလောက်နိုင်ပါဘူး။ Income များလာတာနဲ့အမျှ ပိုသုံးချင်လာတာ လူငယ်အများစုရဲ့ သဘာဝပါပဲ။ သင့်ဘဝတိုးတက်ချင်လျှင် ဒီနေရာမှာရနေတာနဲ့ကျေနပ်ပြီး ရပ်နေလို့တော့မရပါဘူး။ ဒီခေတ်မှာ အမြဲ Learning လုပ်နိုင်ဖို့ဆိုရင် ငွေကြေးဟာလည်း အရေးပါတဲ့အခန်းကဏ္ဍတစ်ခုကပါဝင်ပါတယ်။ ဥပမာအားဖြင့် ၃ သိန်းဝင်တဲ့သူဟာ ယေဘူယျအသုံးအတွက် ၂ သိန်း ကိုဖယ်ပြီး Learning လုပ်ဖို့ ၁ သိန်း အစရှိသကဲ့သို့ Income ကို ခွဲခွဲပြီး လစဉ်စုသင့်ပါတယ်။



(၃) Social Management

စာဖတ်သူတို့ အနေနဲ့ မိမိကိုုယ်ကိုဘယ်လောက် Social ကောင်းသလဲဟု မေးခွန်းထုတ်ဖူးပါသလား? လူငယ်တွေဟာ Environment မှာ Reputation တစ်ခုကို တည်ဆောက်နေစဉ် Network ကို တည်ဆောက်ဖို့ အရမ်းအရေးကြီးပါတယ်။ တစ်ယောက်တည်းအနေများတဲ့သူကတော့ အလိုလိုကိုဘေးရောက်သွားမှာပါ။ Social Management မှာ မိမိရဲ့အချိန်တွေထဲကမှ မိမိသူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ဆရာသမားတွေ၊ လူကြီးမိဘတွေနဲ့တွေ့ဆုံ ဖို့ သီးသန့်အချိန်ကို ခွဲထုတ်ထားသင့်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ စာဖတ်သူတို့ကို ဗဟုသုတနဲ့အခွင့်အလမ်းတွေများစွာရလာစေပါတယ်။ Social ကောင်းအောင် တည်ဆောက်မယ်ဆိုရင် မိမိရဲ့ PR skill ကိုကောင်းမွန်အောင် အရင်လေ့လာသင်ယူသင့်ပါတယ်။ PR ကောင်းတဲ့သူဟာ Environment မှာ အချိန်တိုအတွင်းအောင်မြင်မှုရသလို အောင်မြင်လာခဲ့ရင်လည်း လွယ်လွယ်နဲ့မပျောက်ကွယ်သွားဘူးဆိုတာ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်က သက်သေသာဓကပါပဲ။ Network တည်ဆောက်ဖို့ ကိုယ့်ရဲ့ Lifestyle ကို ပြောင်းလဲပြီး Social ကောင်းသူအဖြစ် ကျင့်ကြံနေထိုင်ဖို့ ကြိုးစားသင့်ပါတယ်။



(၄) Career Management

စာဖတ်သူအများစုဟာ မိမိ Career အပိုင်းမှာရော "ဘယ်လမ်းကြောင်းကို ငါလျှောက်မယ်၊ ဘယ်အချိန်မှာ ဘယ် ရာထူး ရောက်ပြီး ဘယ်အသက်အရွယ်မှာ ငါဦးဆောင်သူဖြစ်ရမယ်" ဆိုပြီး Prospects တွေထားဖူးပါသလား?

ဆိုပါစို့ Sales Person တစ်ယောက်က Experience ၂ နှစ်မှာ Executive၊ ၅နှစ်မှာ Manager၊ ၈ နှစ်မှာ National Sales Manager၊ ၁၀ နှစ်မှာ Head အစရှိတဲ့ Goals တွေချထားရမယ်။ ပြီးရင် အဲ့ဒီ Goal ကို ရောက်ဖို့အတွက် ကိုယ့်မှာမရှိသေးတဲ့လိုအပ်ချက်တွေကိုဖြည့်ဖို့ Strategy တစ်ခုဆွဲပြီး Timeline အတွင်း ရအောင် တစ်ဆင့်ချင်းစီသွားရပါမယ်။



အချုပ်အားဖြင့်ဆိုရရင် မိမိရဲ့ Career Goal ကို Time, Money, Social အစရှိတဲ့ ကဏ္ဍအသီးသီး ကို System ကျကျ Manage လုပ်ပြီး Step by Step သွားပါက စာဖတ်သူတို့ ထားရှိထားတဲ့ Goal ကို မလွဲဧကန်ရောက်ပါမယ်လို့ ယုံကြည်ပါတယ်။

22/12/2023

လူငယ်ဘဝဆိုတာ တက်ကြွသစ်လွင်တဲ့အတွေးတွေနဲ့၊ ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်နဲ့ ဘာမဆို ဖြစ်မြောက်အောင်မြင်ဖို့ ကြိုးစားချင်စိတ်လေးသာ ရှိမယ်ဆိုရင် ပွင့်တော့မယ့်ပန်းလို အဖူးအငုံအညွှန့်အတက်လေးတွေပဲဖြစ်ပါတယ်။ အဲဒီလိုအချိန်မှာ လမ်းလွဲနေတာမျိုး၊ တခုခုကို ထိရောက်အောင်မြင်အောင်ကြိုးစားမှုမရှိတာမျိုး၊ ဘာလုပ်ရမှန်းမသိတာမျိုး၊ ကိုယ်အိပ်မက်ကဘာမှန်းမသိတာမျိုး၊ အခြားမိဘဆွေမျိုးအသိုင်းအဝန်းကို မှီခိုနေတာမျိုးတွေနဲ့ ဘဝကို ဘာလုပ်ရမှန်းမသိဖြစ်နေတာမျိုးတွေမဖြစ်သင့်ပါဘူး။ လူငယ်အချိန်ကို အကျိုးရှိစွာအသုံးချနိုင်မှသာ လူကြီးဘဝမှာ ပိုတော်ပြီး ၊ ပိုသိတတ်သလို၊ အများအကျိုးကူညီဖေးမနိင်မယ့် လူကြီးတွေဖြစ်လာမှာပါ။ အဲဒါကြောင့် လူငယ်တွေဆိုတာ……..

၁) စပ်စုလေ့လာသင့်တယ်။
ကိုယ့်ကိုယ်ကိုယ်ဘာလုပ်ရမယ်မှန်းမသိဘူး၊ ကိုယ့်ရည်မှန်းချက်ကဘမှန်းမသိသေးဘူး၊ ဘယ်အလုပ်က ကိုယ်နဲ့ကိုက်ညီမယ်မှန်းမသိသေးဘူးဆိုတာက လေ့လာမှုအားနည်းလို့ပါ။ ဘယ်ရာထူးဆို ဘာတာဝန်ယူထားရသလဲ၊ ဘာတွေအဓိက လုပ်ရသလဲဆိုတာမျိုးတွေ၊ ကိုယ်သာဆို ဒီလိုရာထူးနဲ့ ဒီလိုတာဝန်မျိုး စိတ်ဝင်စားနိုင်သလား၊ ဒါမှမဟုတ် ဘယ်လိုရာထူးဘယ်လိုတာဝန်မျိုးဆို သဘောကျသလဲ၊ လုပ်သင့်သလဲ ကိုယ့်အကျင့်နဲ့ဘယ်အလုပ်တာဝန်ကိုက်ညီမလဲဆိုတာတွေကို သိနိုင်ဖို့က ပတ်ဝန်းကျင်ကလူတွေကို လေ့လာတာပဲဖြစ်ဖြစ်၊ အလုပ်ခွင်ဝင်နေကြသူတွေကို လေ့လာတာဖြစ်ဖြစ်၊ ဘယ်အလုပ်မဆို လုပ်ကြည့်ဖို့ လေ့လာနေသင့်ပါတယ်။ ကိုယ်မသိသေးတာ ၊ မတတ်သေးတာဆိုရင်လည်း ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက် တစ်ချိန်ချိန်အကျိုးရှိလာမယ့်အရာမျိုးဆိုရင် လေ့လာသင်ယူသင်ပါတယ်။ အဲဒီလိုလေ့လာနေရင်းမှ ကိုယ့်ရဲ့စရိုက်နဲ့ကိုက်ညီတာဘာလဲ၊ ကိုယ့်ရဲ့ဝါသနာနဲ့ကိုက်ညီတာဘာဖြစ်မလဲ၊ ကိုယ်စိတ်ဝင်စားတာကရော ကိုယ့်အတွက်အသက်မွေးလမ်းကြောင်းဖြစ်နိုင်လား၊ အသက်မွေးနိုင်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးအမြင်တွေဖြစ်ပေါ်လာစေတာပါ။ အဲဒါကြောင့် သူများလျှောက်တဲ့လမ်းအတိုင်းလိုက်လျှောက်မယ့်အစား ကိုယ်တိုင်စပ်စုလေ့လာသင့်ပါတယ်။

၂) ရှာဖွေစူးစမ်းရမယ်။
ကိုယ်မသိသေးတဲ့အကြောင်းအရာတွေကို သိလာဖို့ စူးစမ်းမှုပြုရမယ်၊ လေ့လာပြီး သင်ယူသင့်တာသင်ယူရမယ်။ ကြိုးစားဖို့အမြဲအသင့်ဖြစ်နေရမယ်။ ကိုယ့်ရဲ့ရှာဖွေစူးစမ်းမှုကို အမြဲတစေ နားစွင့်ထားပြီး မှတ်သားနေသင့်ပါတယ်။ ကိုယ့်အတွက် အကျိုးရှိနိုင်မယ့် အတတ်ပညာ၊ အသိပညာနဲ့ပတ်သက်ပြီး များများမပြောဘဲ များများနားထောင်သင့်ပါတယ်။ လူရယ်လို့ဖြစ်လာရင် မလုပ်ဖူးတာမရှိရဘူးဆိုတဲ့လူမိုက်စကားလို အရက်သောက်၊ ဖဲရိုက်၊ မူးယစ်ဆေးသုံး၊ မိန်းမပွေတာမျိုးလို အဆိပ်အတောက်ဖြစ်စေမယ့် ကိစ္စမျိုးကို ပြောတာမဟုတ်ဘဲ ကိုယ့်ဘဝအတွက် အသိပညာတိုးပွားစေမယ့်ကိစ္စမျိုးတွေ၊ အတတ်ပညာတစ်ခုအနေနဲ့ ကိုယ့်အတွက် သင်ယူသင့်တာမျိုးတွေမှာ အမြဲနားစွင့်ထားပြီး ရှာဖွေစူးစမ်းဖို့ လေ့လာသင်ယူဖို့ပြောတာဖြစ်ပါတယ်။

၃) ကိုယ့်အရိပ်ကိုယ်ခိုနိုင်အောင်ကြိုးစားပါ။
လူငယ်အဖြစ် ကိုယ့်ဘဝကိုယ် ရုန်းကန်နိုင်တဲ့အချိန်မှာ ကိုယ့်အားကိုယ်ကိုးတာအကောင်းဆုံးပါပဲ။ မိဘအသိုင်းအဝန်းက ကူညီနိုင်တယ်ဆိုရင်တောင် ကိုယ်ပိုင်အစွမ်းအစ ၊ အရည်အချင်းမရှိရင် ဘယ်အရာမှာမှ မတည်မြဲ၊ မအောင်မြင်နိုင်ပါဘူး။ အဲဒီ့အတွက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားခြင်းဖြင့် သင့်စွမ်းရည်တိုးစေသလို၊ သင့်အရိပ်နဲ့သင်ခိုနိုင်တဲ့အခါ ငွေဆိုလည်းချွေတာတတ်သလို၊ အသုံးနဲ့အဖြုန်းခွဲခြားနားလည်လာပါတယ်။ ကိုယ့်အရိပ်နဲ့ကိုယ်ခိုနိုင်တဲ့အခါ အခြားသူတွေကိုလည်း ဖေးမကူညီလာနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်အရိပ်ကိုယ်ခိုနိုင်အောင် ကိုယ့်အရည်အချင်းတိုးတက်မှုရှိလာဖို့ ကြိုးစားသင့်ပါတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားသင့်ပါတယ်။

၄) ဗဟုသုတရှာမှီးသင့်တယ်။
ဒီမှာက ကျောင်းအတန်းပညာမှာ ထူးချွန်ရင် လူတော်အဖြစ်သတ်မှတ်တတ်ကြပါတယ်။ တကယ်တော့ ပညာဆိုတာ သင်မကုန်ပါဘူး။ ကျောင်းမှမသင်လိုက်တဲ့ပညာတွေကိုပါ အပြင်မှာ အမြဲလေ့လာသင်ယူနေဖို့လိုတာပါ။ အဲဒီ့ကျောင်းပြင်ပက ပညာတွေအတွက်က စာအုပ်စာပေတွေဖတ်တာ၊ အခြားအောင်မြင်သူကိုအတုယူကြိုးစားတာ၊ ကျရှုံးသူတွေဆီက ပညာယူတာ ။ ကိုယ်မသိတာမရှိရအောင် ဗဟုသုတတိုးပွားအောင်ရှာမှီးတာမျိုး လုပ်သင့်ပါတယ်။ ဘယ်အရာမဆို သူများထက်တစ်ခုပိုသိထားတဲ့အခါ တစ်ခု ပိုပြီး အမှားအမှန်ခွဲခြားတတ်လာပါတယ်။ အမှန်များလာတဲ့အခါ ထိုလူက အခြားသူထက်ကို ခေါင်တစ်လုံးသာသလို ပိုပြီးလည်း တိုးတက်မြန်ပါတယ်။

၅) သမိုင်းကိုလေ့လာသင့်တယ်။
မအအောင် သမိုင်းသင်ရတယ်လို့ပြောကြပါတယ်။ တကယ်လည်း ကိုယ်မသိခဲ့တဲ့ အကြောင်းအရာတွေကို ကိုယ်လက်လှမ်းမှီသလောက် လေ့လာသင့်ပါတယ်။ သမိုင်းကို လေ့လာရင်းနဲ့မှ သူများပြောတာယုံတာထက် ကို်
ယ်တိုင်လေ့လာခြင်းက ဗဟုသုတလည်းတိုးလာစေပါတယ်။

၆) စာဖတ်သင့်တယ်။
စာများများဖတ်ခြင်းက သမိုင်းကိုလေ့လာခြင်းလိုပါပဲ။ စာများများဖတ်လေ သိတာတွေများလာလေလေ ဗဟုသုတတိုးလာလေလေ အခြားသူထက် ပိုသိပိုတတ်လာပါတယ်။ အမှားအမှန်ပိုပြီးခွဲခြားလာနိုင်ပါတယ်။ အမြင်ကျယ်လာပါတယ်။ ကိုယ်ချင်းစာတတ်လာပြီး နှလုံးသားနဲ့လည်း ခံစားနားလည်လာနိုင်ပါတယ်။
အချို့လူငယ်တွေ လမ်းပျောက်နေတာနဲ့ပတ်သက်ပြီး ဒီအချက်တွေလုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ကိုယ်တိုင်လေ့လာ၊ စူးစမ်း၊ စာဖတ်၊ သမိုင်းကြောင်းလေ့လာရာမှ အမြင်ကျယ်လာပြီး ကိုယ့်ဖြစ်ချင်တာ၊ ကိုယ့်အိပ်မက်၊ ကိုယ်ရည်မှန်းချက်ဆိုတာမျိုးတွေကအစ တဖြည်းဖြည်း ပုံပေါ်လာနိုင်ပါတယ်။

Want your school to be the top-listed School/college in Bago?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Nyaunglaybin
Bago