ကဗျာ စာတိုလေး-Collection"

ကဗျာ စာတိုလေး-Collection"

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ကဗျာ စာတိုလေး-Collection", College & University, BaGo, Bago.

23/09/2023

-----------------------------------------
------------------------------------------
အဖော်တွေဟာ...
တော်နေကြာ...သူ့ဌာန ပြန်ကြရမယ့်
သူတွေချည်ပဲ.....
ဘယ်အဖော်တွေ ...ဘယ်လိုခွဲခွဲ
ငါမင်းနဲ့လွဲရမှာကိုအကြောက်ဆုံးပါပဲ...။
------------------------------------
-----------------------------

21/09/2023

ကိုယ်က မင်းကိုချစ်နေရသူဆိုတော့
မင်းကောင်းလေးအကြောင်းအားရပါးရ မင်းပြောပြနေတာတွေကိုလည်း
နာကျင်စွာနဲ့ နားထောင်ပေးခဲ့မိတယ်
ဘာလိုလဲဆိုတော့ ကိုယ်က မင်းစကားသံတွေကိုကြားနေချင်တာလေ.....

17/09/2023

"အဖေ" တဲ့
ကဗျာ မဆန်လိုက်တာ၊
ဒါပေမယ့် "အဖေ" လို့
အော်ခေါ်ကြည့်တော့
လုံခြုံမှုက အပြည့်ဖြစ်နေတယ်။

17/09/2023

နွေးနွေးထွေးထွေး ရှိရဲ့လား
လက်ဖျားလေးတွေ
အေးစက်စက် ဖြစ်နေလား ။

မိုးပေါက်လေးတွေ
မင်းပြတင်းပေါက်နားလေး
ဖြတ်ပြေးနေပြီလား ။

အကြိုက်ဆူံးသီချင်းလေး
နားထောင် ဖြစ်နေလား ။

မင်းကရော ကိုယ့်လို လွမ်းနေမလား
ခဏခဏ တွေးရတယ်
ကိုယ်ကတော့ မင်းကို လွမ်းတယ် ။

17/09/2023

ဘယ်နှစ်ဘဝရရ
ခေါင်းငြိမ့်ပြမိမယ့် ရေကြည်စက်ကလေး

သံသရာ အကွေ့လေးမှာ
ငါ့ကို စမြင်ပေးခဲ့တာရော
ဒီမှာ..ဒီမှာပါ လို့
အသံပြုခဲ့တာရောအတွက်
ကျေးဇူးတင်ပါတယ်ကွယ် ။

17/09/2023

ချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်းကိုပဲ ယုံခဲ့တာပါ။ ငါ့ကိုအေးချမ်းစေမယ်လို့ ထင်ခဲ့တဲ့ ချစ်ခြင်းမေတ္တာလေး။
ဘဝတစ်လျှောက်လုံး မေတ္တာငတ်ခဲ့လို့ မရိပ်မိတာလဲဖြစ်နိုင်ပါတယ်။
မင်းလဲ ကိုယ်နဲ့အတူ ရှင်သန်ချင်လိမ့်မယ် လို့ထင်ခဲ့တာ

17/09/2023

လူနှစ်ယောက်ကျောခိုင်းကြတဲ့အခါ •••
လွမ်းစရာကတော့ ကျန်စမြဲပဲမဟုတ်လား။

အမှတ်တရဟာ အမှတ်ရချင်သူထံမှာတော့
မပျက်မယွင်းရှိနေဦးမှာ •••

17/09/2023

မင်းက ကံကောင်းတယ် အချစ်ရဲ့
ကိုယ်ကလည်း အဝေးကနေ မနှောက်ယှက်ခြင်းနဲ့
ပျော်ရွှင်အောင်ထားတယ်

မင်းရဲ့လူကလည်း အနီးနားကနေ ပြည့်စုံခြင်းနဲ့
ပျော်ရွှင်အောင်ထားတယ်
မင်းဟာကံအကောင်းဆုံးလူသားလေးပါပဲ
ကိုယ်ဝမ်းသာရပါတယ် ။

17/09/2023

ငယ်တုန်းမှာ လမ်းရွေးမမှားရဘူး တဲ့
ဘယ်လမ်းကို ရွေးရမလဲ လို့တော့မပြောကျဘူး

ငယ်တုန်းမှာ ပညာရှာတဲ့
ဘာပညာရယ်လို့တော့ တိတိကျကျ မပြောပြန်ဘူး

မင့်တို့တွေ လိမ္မာကြတဲ့
လိမ္မာတယ် ဆိုတာ ဘာလဲလို့မေးတော့
တိတိပပ ဘယ်သူမှ မပြောကျပြန်ဘူး

ချမ်းသာအောင် ဘာလုပ်ရမလဲလို့ မေးတော့
လူတွေက ရယ်နေမယ်ထင်တယ်

လူငယ်ကွ
ချစ်သူ့မျက်နှာပြုံးဖို့ဆို ဘာမဆို ထလုပ်ရဲသလို
ချမ်းသာ မယ့်နည်းလမ်းသာရှိရင် ဘယ်နားမှာ မဆို
ပြေးဖမ်းဖို့အသင့်

17/09/2023

တွေ့ရအောင်လေ...
ကိုယ်မင်းကိုမတွေ့ရတာအရမ်းကြာနေပြီမဟုတ်လား
ချစ်ရတဲ့မျက်နှာလေးကော..ရယ်သံတွေကအစ
မင်း ကိုယ်သင်းနံ့လေး တစ်ဆုံး...လွမ်းတယ်။

17/09/2023

ကျွန်တော့်ဘက် ယိမ်းဖို့
ဆွယ်တဲ့စကားမဟုတ်ပါဘူး
ခင်များ ဘက်ပါချင်လို့
ခွင့်တောင်းတဲ့စကားပါ
ကျွန်တော့် ကို ချစ်နိုင်မလား။

17/09/2023

အဲ့ဒီလူကို ဘယ်လောက်တောင် သဘောကျခဲ့သလဲ။
အိမ်ကိုလဲ ဝန်ခံခဲ့တယ်။
ခံစားချက်အကုန်ကိုလဲ ထုတ်ပြခဲ့တယ်။
လူသိမခံနိုင်တဲ့ အကြောင်းတွေကိုလဲ ပြောခဲ့တယ်။
တိုးတိုးတိတ်တိတ်နေတတ်တဲ့ ငါ့လိုလူ
သူ့ဘဝထဲ ဝင်လာဖို့ ငါ ဘယ်လောက်တောင်အားယူခဲ့ရသလဲ။
အလဟသ ချစ်ခြင်း မေတ္တာတွေပါကွာ။
နောက်ဆုံးကျတော့လဲ စွန့်ပစ်ခံရတာပဲ,......။

Want your school to be the top-listed School/college in Bago?

Click here to claim your Sponsored Listing.

Location

Website

Address


BaGo
Bago