Accurate - English and Education Center

Accurate - English and Education Center

Share

သင့်ကလေးရဲ့ အင်္ဂလိပ်ဘာသာစကားတတ်မြောက်မှုကို ကူညီပေးမယ့် Accurate

Photos from Accurate - English and Education Center's post 27/02/2024

သင့်ကလေးကို အထိရောက်ဆုံးနည်းလမ်းတွေနဲ့ သင်ကြားပေးမယ့် နွေရာသီ အင်္ဂလိပ်ဘာသာစကားသင်တန်း (Online Class) 🌞💻

ကိုယ့်ရဲ့ ကလေးငယ်ကို နွေရာသီအားလပ်ရက်မှာ အကျိုးရှိတဲ့ အရာတစ်ခုလုပ်စေပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းစေလိူတယ်ဆိုရင် Accurate - English and Education Center ရဲ့ Summer English (Online) Class မှာထားလိုက်ပါ။

💁‍♀️Accurate မှာ သင့်ကလေးရဲ့ English အရည်အသွေးကိုတိုးတက်လာစေရန်နှင့် English ဘာသာစကားနှင့်ပတ်သက်ပြီး ကြောင်ရွံ့မှုမရှိ ရင်းရင်းနှီးနှီး ကျွမ်းကျွမ်းကျင်ကျင်ဖြစ်စေရန် အထိရောက်ဆုံးသော ဤကဲ့သို့ နည်းလမ်းများဖြင့် သင်ကြားပြသပေးပါတယ်။

📚ကမ္ဘာတစ်ဝှမ်းရဲ့ English ပိုင်းအကောင်းဆုံးနှင့် နာမည်အကြီးဆုံးကျောင်းတွေဖြစ်တဲ့ Oxford နှင့် Cambridge ရဲ့ သင်ရိုးညွှန်းတမ်းများ၊စာအုပ်များကို အခြေခံကာ နည်းစနစ်ကျကျ သင်ကြားပေးခြင်း။

📚စာကို စာကဲ့သို့ မှတ်ဖို့ မခက်ခဲစေရန် လွယ်ကူရိုးရှင်းပြီး ထိရောက်တဲ့ သာဓကများဖြင့် ယှဉ်တွဲတင်ပြခြင်း။

📚Game နဲ့ Fun Activities များဖြင့် ပူးတွဲကာ စိတ်ပျော်ရွှင်မှုရရှိပြီး စာအပေါ်ပို၍ အာရုံစိုက်နိုင်စေရန် ပြုလုပ်သင်ကြားပေးခြင်း။

📚 ပြင်ပဗဟုသုတများကိုပြောပြပေးကာ Accent မတူညီပုံများကိုသိရှိနားလည်စေရန် သင်ပြခြင်း။

📚Presentation ပုံစံများ ပြလုပ်ကာ English စကားပြောဆိုရာမှာ အခက်အခဲမရှိ လွယ်ကူစွာနဲ့ မြန်ဆန်စွာပြောဆိုနိုင်ရန် လေ့ကျင့်ပေးခြင်း။

အစရှိသော အထိရောက်ဆုံးနည်းလမ်းများဖြင့် သင်ကြားပြသပေးတာကြောင့် Accurate မှာသာအပ်နှံလိုက်ရင် သင့်ကလေးရဲ့ English Skills တွေမြင့်မားပြီး၊ ဗဟုသုတတွေရရှိမယ့်အပြင် စဉ်းစားတွေးခေါ်နိုင်စွမ်းတွေလည်း တိုးတက်လာစေမှာပါ။

Online Class ဖြစ်တာကြောင့် နွေနေပူမှာ အိမ်ပြင်ထွက်စရာမလိုဘဲ သက်တောင့်သက်သာဖြင့်လည်း အိမ်တွင်းမှနေ၍ အေးဆေးပညာယူနိုင်ပါပြီ။

💻ဒါကြောင့် သင့်ကလေးရဲ့ အင်္ဂလိပ်ဘာသာစကားအတွက် နည်းစနစ်ကျပြီး ထိရောက်တဲ့ သင်ရိုးညွှန်းတန်းနဲ့ သင်ကြားပေးတဲ့ Accurate Summer Online Class မှာ လာရောက်အပ်နှံလိုက်ပါနော်။

💰သင်တန်းကြေးလေးကလည်း 170000 MMK နဲ့ စာအုပ်ဖိုး 30000 MMK သာကျသင့်မှာဖြစ်တဲ့အပြင်
29.2.2024 မတိုင်ခင် သင်တန်းလာအပ်ပါကလည်း 20000 MMK Cash Back ပြန်လည်ပေးအပ်သွားမှာပါ။

🗓️သင်တန်းများအားလုံးကို 11.3.204 မှစတင်၍ Zoom Platform ကိုအသုံးပြုကာသင်ကြားပေးသွားမှာမို့ ကျောင်းမအပ်ရသေးတဲ့သူလေးတွေ မြန်မြန်လာအပ်လိုက်ကြတော့နော်။

အသေးစိတ်သိလိုသည်များကို
💬 Page Messenger (သို့မဟုတ် )
📱09 250 405 975 သို့ စုံစမ်းမေးမြန်းနိုင်ပါတယ်။

Page Messenger မှာ
✔️ကလေးအမည်
✔️ဖုန်းနံပါတ် ချန်ထားပေးပါကလည်း ပြန်လည်ဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်။


26/02/2024

Grammar ကိုသေချာလေ့လာပေမယ့် မှန်အောင်မရေးနိုင်၊ မပြောနိုင်တာ ဘာကြောင့်လဲ ❓❓

အင်္ဂလိပ်ဘာသာစကားသင်တန်းတွေတက်ရင်ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်လေ့လာတာပဲဖြစ်ဖြစ် English Grammar လေ့လာကြတယ်။ ဒါပေမယ့် လက်တွေ့ Writing ရေးတဲ့အခါ Grammar အမှားတွေများနေတာ၊ Speaking ပြောတဲ့အခါ ဘယ် Tense သုံးရမလဲ စဥ်းစားနေရတာမျိုးတွေကို ခံစားကြရမှာပါ။ အဲဒါသင်တစ်ယောက်တည်းမဟုတ်ပါဘူး။ တော်တော်များများကြုံတွေ့ရတဲ့ ပြဿနာ တစ်ခုဖြစ်ပါတယ်။

English Class တစ်ခုတက်ရင်လည်း ဘယ်လောက်သင်သင် အတန်းတစ်ခုပြီးသွားရင်တောင် Grammar ပိုင်းလိုနေသေးတယ်လို့ ခံစားရလို့ Grammar Class ကိုထပ်တက်ရတာမျိုးတွေကို ကျောင်းသူ ကျောင်းသားတွေတော်တော်များများမှာတွေ့ရတတ်ပါတယ်။

Grammar ကိုတတ်မြောက်သွားပြီဆိုရင်တောင် ရေးသားခြင်း နှင့် စကားပြောတဲ့အခါတွေမှာ အမှားတွေပါနေတုန်းပါပဲ။ Sub, Verb တွေ နေရာမမှန်တာ၊ Tense တွေမှားသုံးတာ ၊ Has, Have မကွဲတာမျိုးတွေ ခဏခဏဖြစ်တတ်ပါတယ်။

📌ဒါမျိုးတွေဘာကြောင့် လူတိုင်းနီးပါးမှာဖြစ်ရတာလဲဆိုတာကို အဖြေရှာကြည့်ချိန်မှာတော့ လေ့ကျင့်မှုအားနည်းတာက ပြဿနာဖြစ်နေတာပါ။

“Practice Makes Perfect “ ဆိုတဲ့ စကားအတိုင်း ကျွန်တော်တို့ဟာ သင်ပြီးသားစာကို အမြဲတစေပြန်လေ့လာပြီး မေ့မသွားအောင် အသုံးချပေးနေဖို့လိုပါတယ်။

English စကားကိုအမြဲပြောကျင့်နေတာ၊ သူငယ်ချင်းတွေနဲ့ စကားပြောရင်တောင် English လိုပဲပြောတာ၊ရေးတာမျိုးတွေ၊ English Song တွေနားထောင်တာမျိုးများများလုပ်ပေးသင့်ပါတယ်။

Grammar Rules တွေကိုသိပြီး ပြန်အသုံးမပြုဘူးဆိုရင် Grammar တန်းတွေဘယ်လောက်တက်တက် တိုးတက်မှုရှိလာမှာမဟုတ်ပါဘူး။

ဒါကြောင့်ကျွန်တော်တို့တွေဟာ တတ်မြောက်ပြီးသားစာလေးတွေကို နေ့စဉ်အသုံးချပြီး လေ့လာနေဖို့အရေးကြီးပါတယ်။

လေ့လာတဲ့အခါမှာလည်း ၁ မျိုးထဲမဟုတ်ဘဲ
(Four Skills) လုံးကိုတွဲပြီးလေ့လာခြင်းက ပိုထိရောက်ပါတယ်။

အများကြီးကိုတစ်ခါထဲလေ့လာတာထက်စာရင် နဲနဲချင်းဆီကို ခဏခဏလေ့လာပြီး စနစ်တကျအသုံးပြုတတ်အောင်လေ့လာခြင်းမျိုးပြုလုပ်သင့်ပါတယ်။

Level တစ်ခုစာလောက် Grammar ကိုပိုင်နိုင်သွားပြီဆိုရင်လည်း ထိုအဆင့်မှာပဲရပ်မနေဘဲ နောက်ထပ် Level မြင့်ကိုဆက်ပြီး လေ့လာသင်ယူကာ ကျွမ်းကျင် Professional အဆင့်ထိရောက်အောင် ကြိုးစားဖို့ တိုက်တွန်းလိုက်ပါတယ်။

With Love,
AEEC Team.

18/02/2024

သားသားမီးမီးတို့ အနာဂတ်မှာ အခွင့်အလမ်းကောင်းတွေရောက်ရှ်ိလာတဲ့အခါ အဆင်သင့်ဖြစ်နေစေဖို့

အသက် (၇) နှစ်ကနေ (၁၇) နှစ်အရွယ်အထိ တက်ရောက်နိုင်ပြီး ကလေးတွေကို အင်္ဂလိပ်ဘာသာစကားကို အခုမှ စပြီးလေ့ကျင့်ပေးချင်တာပဲဖြစ်ဖြစ် အဆင့်မြင့်အတန်းတွေတက်ချင်တာပဲဖြစ်ဖြစ် တနေရာတည်းမှာ တက်ရောက်နိုင်ပါတယ်။

ကလေးတွေရဲ့ အင်္ဂလိပ်ဘာသာစကားကို နိုင်ငံတကာအဆင့်မီ သင်ယူနိုင်မယ့် အခွင့်အရေးကြီးကို Online မှ တဆင့် Accurate - English and Education Center မှာရယူနိုင်ပါပြီ။

တက်ရောက်နိုင်တဲ့အတန်းတွေအနေနဲ့

⭐️ Foundation (၇ နှစ် မှ ၈ နှစ်)
⭐️ Starters ( ၈ နှစ်မှ ၉ နှစ် )
⭐️ Movers ( ၁၀ နှစ်မှ ၁၂ နှစ် )
⭐️ Flyers ( အခြေခံရှိပြီးသား ကလေးများအတွက်)
⭐️ KET (Pre intermediate Level)
⭐️ PET (Intermediate Level)
⭐️ FCE (Upper intermediate Level)

ဆိုပီး ကလေးရဲ့ ကျွမ်းကျင်မှုပေါ်မူတည်ပြီး Level အလိုက်ခွဲခြား သင်ကြားပေးတာဖြစ်လို့ ကိုယ့်ကလေးစာမလိုက်နိုင်မှာပူစရာမလိုဘဲ ယုံယုံကြည်ကြည်နဲ့ အပ်နှံလို့ရနေပါပြီ။

အရည်အချင်း ပြည့်ဝပြီး သင်ကြားရေး အတွေ့အကြုံရှိ ဆရာမတွေက စိတ်ရှည်ရှည်နဲ့ သင်ကြားပေးမှာဆိုတော့ ကလေးရဲ့ English skill တွေ ပိုမိုတိုးတက်လာမှာ အသေအချာပဲပေါ့။⭐️

Zoom နဲ့သင်ကြားပေးမှာဖြစ်ပြီး face to face ပုံစံ သားသားမီးမီးလေးတို့ကိုမျက်စ်ိရှေ့မှာတင် January online learning ကိုအထိရောက်ဆုံးပုံစံနဲ့ဂရုတစိုက်သင်ကြားပေးမှာပါ။

Timetable လေးကရော ဘယ်လိုမျိုးလဲဆိုရင်…💁🏻

🛎 Staters
အချိန် - ည ၇ နာရီခွဲ မှ ၉ နာရီအထိ
ရက် - သောကြာ၊ စနေ၊ တနင်္ဂနွေ
စမည့်ရက် - ၂၂.၃.၂၀၂၄

🛎Movers
အချိန် - ည ၇ နာရီ မှ ၈ နာရီခွဲအထိ
ရက် - တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး
စမည့်ရက် - ၁၁.၃.၂၀၂၄

🛎Flyers
အချိန် - ည ၇ နာရီမှ ၈ နာရီခွဲအထိ
ရက် - သောကြာ၊ စနေ၊ တနင်္ဂနွေ
စမည့်ရက် - ၂၂.၃.၂၀၂၄

👩🏻‍🏫 သင်တန်းအချက်အလက်
သင်တန်းကာလ - ၈ လ
သင်တန်းကြေး - 320000 ကျပ် (၈ လ အတွက် အပြီး)
စာအုပ်ဖိုး - 40000 ကျပ်
စုစုပေါင်း - 360000 ကျပ်

သင်တန်းကြေးကို (၂) ကြိမ်ခွဲပေးသွင်းနိုင်ပြီးသင်တန်းစောစောအပ်သူများကို Discount 30000 ကျပ် မှ 50000 ကျပ် အထိ ခံစားခွင့်လည်းရရှိမှာဖြစ်ပါတယ်။

အသေးစိတ် သိရှိလိုပါက
🌐𝗖𝗵𝗮𝘁 𝗕𝗼𝘅 m.me//passionateenglish
(သိုမဟုတ်)
☎️ 𝟬𝟵𝟮𝟱𝟬𝟰𝟬𝟱𝟵𝟳𝟱သို့ စုံစမ်းမေးမြန်းနိုင်ပါတယ်။





15/02/2024

အင်္ဂလိပ်ဘာသာစကား ဘယ်လိုလေ့လာကြမလဲ 📲

English သင်တန်းတွေကိုအပြင်မှာလိုက်တက်ချင်ပေမယ့် အချိန်မပေးနိုင်သူတွေ…

အားလက်ချိန်တွေကို English စာလေ့လာပြီး အကျိုးရှိရှိအသုံးချလိုသူများအတွက် YouTube နဲ့ တခြားသော Social Media တွေကနေ English ကိုဘယ်လိုလေ့လာလို့ရမယ်ဆိုတဲ့အကြောင်း Sharing လုပ်ပေးမယ်နော်။

🔶YouTube ကနေ English စာလေ့လာခြင်းကတော့ အသုံးဝင်ဆုံး နည်းလမ်းပါ။

🔸YouTube မှာ English Lessons တွေကို Chapter တစ်ခုဆီအပိုင်းလိုက်ခွဲသင်ပေးတာတွေ၊ Pronunciation တွေကို မှန်မှန်ကန်ကန်သင်ပြပေးတဲ့ Channel တွေအများကြီးရှိပါတယ်။

****** လေ့လာနိုင်သော YouTube Channel များကို Comment တွင် ကြည့်ပါ *****

🔸Native Speaker နဲ့ Non-Native Speaker ကွဲပြားပုံကို အသံထွက်မှန်မှန် သင်ကြားပေးတာတွေ။

🔸English စာရဲ့အသက်ဖြစ်တဲ့ Grammar ပိုင်းကိုလည်း အခြေခံမှစပြီး သင်ပြပေးတဲ့ဆရာများစွာလည်း YouTube မှာရှိပါတယ်။

🔸TOFEL , Duolingo, IELTS Questions တွေကို Practice လုပ်ပေးတဲ့ Channel များစွာကို Subscribe လုပ်ပြီးလေ့လာနိုင်ပါတယ်။

🔷တခြားသော Social Media Platforms တွေဖြစ်တဲ့ လူတိုင်းနီးပါးအသုံးပြုတဲ့ Facebook မှာဆိုရင်လည်း English လေ့လာလို့ရမယ့် Group တွေကို Join ထားပါ။

🔹သူငယ်ချင်းအချင်းချင်း English လိုစာရိုက်ပြောပြီး Practice လုပ်ပါ။

🔹English နဲ့ပတ်သက်တဲ့အကြောင်းတွေကိုအမြဲ Sharing လုပ်ပေးတဲ့ ဆရာ/ဆရာမတွေရဲ့ Page တွေကို Follow ထားပါ။

🔹BBC ,CNN ကဲ့သို့သော English လိုပြောသည့် သတင်း Page များကို Follow ထားပါ။

🔹Facebook မှာကိုယ့် English Level ကိုအခမဲ့စစ်ဆေးလို့ရတဲ့ Link လေးတွေတွေ့ရင် အမြဲတမ်း Test လေးတွေကိုဝင်ဖြေပါ။

🔺English Song များကို Lyrics နှင့်နားထောင်ပါ။

🔺English Subtitle ပါတဲ့ English Movie ကိုရွေးကြည့်ပါ။

🔺English Novel Book ဖတ်လို့ရတဲ့ Application တွေကို Down ပြီးဖတ်ပါ။

🔺English စာကိုအလွယ်တကူလေ့လာလို့ရမယ့် Application တွေဖြစ်တဲ့
-Duolingo
-Lingo Deer
-Wlingua-Learn English
-Babbel အစရှိတဲ့ App တွေကို Down ထားပါ။

♦️အကယ်၍ ကိုယ့်ဖုန်းထဲမှာ Siri ရှိရင် Siri နဲ့အပြန်အလှန် စကားပြောပြီးလည်း English ကို Practise လုပ်နိုင်ပါတယ်နော်။

09/02/2024

သင့်ကလေးရဲ့ အင်္ဂလိပ်စာအရည်အသွေးကိုမြှင့်တင်ဖို့
Accurate English ရဲ့ ပျော်ရွှင်လေ့လာ အင်္ဂလိပ်စာ အစီအစဥ်မှာ ပါဝင်စို့ 🥳

☀️မကြာခင်မှာ သားသားမီးမီးလေးတွေရဲ့ အပျော်ရွှင်ရဆုံးသော နွေရာသီကျောင်းပိတ်ရက်ကြီးရောက်ရှိလို့လာပါတော့မယ်။

အားလပ်ရက်မှာ ဘယ်လိုပုံစံနဲ့ အပြည့်အဝအနားယူဖို့ စီစဉ်ထားကြလဲ❓

အကျိုးရှိတာလေး တစ်ခုခုလုပ်ပြီး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့နော်…

💡အကယ်၍ ကလေးမိဘတွေက ကိုယ့်ရဲ့သားသားမီးမီးလေးတွေကို ပျော်ရွှင်တဲ့ရပ်ဝန်းမှာ ဘဝအတွက်တိုးတက်မယ့်အရာလေးတွေ ပြုလုပ်ပြီး အားလပ်ရက်ကြီးကို ကုန်ဆုံးစေချင်
တယ်ဆိုရင်တော့ Accurate English က Summer Program ( Online Class ) လေးကို Join ပေးဖို့အကြံပြုပါရစေ။

✨Summer Online Classes လေးမှာကလေးငယ်များကို English စာအရည်အသွေးတိုးတက်အောင် ပျော်ရွှင်ဖွယ်ကောင်းတဲ့ သင်ရိုးညွှန်းတမ်းတွေ၊Fun Activities တွေနဲ့ပေါင်းစပ်ပြီး သင်ကြားပေးမှာမို့လို့ ပျော်ရွှင်မှုရရှိမယ့်အပြင် ကလေးတွေရဲ့ English Skill ဟာတစ်ဆင့်တိုးလာမှာဖြစ်ပါတယ်။

Online Classes လေးမှာအဓိကထားသင်ကြားပေးသွားမှာကတော့ -

✏️English ရဲ့အခြေခံဖြစ်ပြီး ပြောဆိုရေးဖတ်ရာမှာ လွယ်ကူစေဖို့ Four Skills ဖြစ်တဲ့ Reading,Writing,Listening နဲ့ Speaking

✏️Language တစ်ခုကိုသဒ္ဒါမှန်မှန်ကန်ကန်နဲ့ ပြောတတ်စေဖို့အရေးကြီးတဲ့ Grammar

✏️စကားပြောဆိုရာမှာ စကားလုံးတွေ ကြွယ်ဝစွာသိပြီးပြောနိုင်ဖို့ Vocabulary

အစရှိတာတွေကို သင်ကြားပေးမှာမို့လို့ကျောင်းတွေပြန်ဖွင့်တဲ့အခါ တခြားကလေးတွေထက် တစ်ဗန်းသာရုံသာမက ကျောင်း English စာတွေကိုလည်းအလွယ်တကူလိုက်နိုင်သွားမှာလေ။

သင်ကြားရေးအပိုင်းမှာလည်း Cambridge နဲ့ Oxford University ရဲ့ နိုင်ငံတကာသင်ရိုးဖြစ်တဲ့ -

📚Oxford Phonics World Course Book

📚 Everybody up Course Books

📚 Power Up Course Books

စတဲ့ Text book များကိုအသုံးပြု၍ အတွေ့အကြုံရှိပြီးကျွမ်းကျင်တဲ့ ဆရာ/ဆရာမများကိုယ်တိုင် စိတ်ရှည်စွာနဲ့ ထိရောက်စွာ သင်ကြားပြသပေးမှာပါ။

သင်တန်းတစ်ခုပြီးဆုံးသွားရင်လည်း သင်ခန်းစာများကို Practice ပြန်လုပ်ဖြစ်စေရန်နှင့် မိမိအရည်အချင်းကိုသိရှိစေရန် Test များပြန်လည်စစ်ဆေးပေးသွားဦးမှာပါ။

Summer English Program အဖြစ်ဖွင့်လှစ်သွားမည့် အတန်းများကတော့ -

📌 အင်္ဂလိပ်ဘာသာစကား စတင်လေ့လာမယ့် ကလေးငယ်တို့အတွက်
🌐 Phonics Class
▪️သင်တန်းနေ့ရက် - တနင်္လာနေ့ မှ ကြာသပတေးနေ့အထိ
▪️အချိန် - မနက် ၉ နာရီ မှ ၁၀ နာရီခွဲအထိ

📌 အသက် 7-8 နှစ် ကလေးငယ်တို့အတွက်
🌐 Level 1
▪️သင်တန်းနေ့ရက် - တနင်္လာနေ့ မှ သောကြာနေ့အထိ
▪️အချိန် - နေ့လယ် ၁ နာရီမှ ၂ နာရီခွဲအထိ

📌အသက် 9-10 နှစ် ကလေးများ အတွက်
🌐 Level 2
▪️သင်တန်းနေ့ - တနင်္လာနေ့ မှ ကြာသပတေးနေ့ထိ
▪️အချိန် - မနက် ၉ နာရီ မှ ၁၀ နာရီခွဲအထိ

📌အသက် 10-12 နှစ် ကလေးတို့ အတွက်
🌐 Level 3
▪️သင်တန်းနေ့ - တနင်္လာနေ့ မှ သောကြာနေ့အထိ
▪️အချိန် - မနက် ၉ နာရီ မှ ၁၀ နာရီခွဲအထိ

📌 အင်္ဂလိပ်ဘာသာစကား အခြေခံတတ်မြောက်ထားသူများအတွက်
🌐 Level 4
▪️သင်တန်းနေ့ - တနင်္လာနေ့ မှ သောကြာနေ့အထိ
▪️အချိန် - မနက် ၁၁ နာရီ မှ ၁၂ နာရီခွဲထိ

📌 Pre intermediate Level ရှိကလေးများအတွက်
🌐 Level 5
▪️သင်တန်းနေ့ - တနင်္လာနေ့ မှ ဗုဒ္ဓဟူးနေ့အထိ
▪️အချိန် - မနက် ၄ နာရီခွဲ မှ ၆ နာရီခွဲအထိ

သင်တန်းကြေးလေးကတော့- 170000 ကျပ် နှင့်
စာအုပ်ဖိုး - 30000 ကျပ် ကျသင့်မှာဖြစ်ပါတယ်။

😱26.2.2024 မတိုင်ခင်သင်တန်းအပ်သူများအတွက် 20000 ကျပ် သက်သာခွင့်ရရှိမှာဖြစ်တဲ့အပြင်
💥ငွေကြေးအခက်အခဲရှိပါက သင်တန်းကြေး ၂ ကြိမ်ခွဲသွင်းနိုင်ပါတယ်။

❕သင်တန်းများအားလုံးကို 9.3.2024 မှာ စတင်သွားမှာဖြစ်ပြီး
💻 Zoom Platform ကို အသုံးပြုကာ Online မှ သင်ကြားပေးသွားမှာဖြစ်ပါတယ်။
❕Class တစ်ခုမှာ သင်တန်းသား 12 ဦးသာ လက်ခံသွားမှာမို့ အမြန်ဆုံးအပ်နှံဖို့တော့ လိုမယ်နော်။

💬မိမိ၏ English Level နှင့်ကိုက်ညီသော မည့်သည့်အတန်းကိုတက်ရောက်ရမည်မသိပါကလည်း Page Messenger မှာအသေးစိတ်လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

😇ဒါကြောင့် သားသားမီးမီးလေးတွေ နွေရာသီကျောင်းပိတ်ရက်လေးမှာ ပျော်ရွှင်ရပြီး ဘဝရဲ့အရေးကြီးတဲ့ English Language လေးကိုလည်း တတ်ကျွမ်းသွားအောင် အခုဘဲ Accurate Summer Program မှာလာရောက်အပ်နှံလိုက်တော့နော်။

အသေးစိတ်သိလိုသည်များကို
💬 Page Messenger (သို့မဟုတ် )
📱09 250 405 975 သို့ စုံစမ်းမေးမြန်းနိုင်ပါတယ်။

Page Messenger မှာ
✔️ကလေးအမည်
✔️ဖုန်းနံပါတ် ချန်ထားပေးပါကလည်း ပြန်လည်ဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်။


03/02/2024

Online class တက်နေတဲ့ကလေးများ အကျိုးရှိစေဖို့

Online class တက်တာကထိရောက်မှုမရှိဘူးဆိုတဲ့အတွေးအခေါ်တွေရှိနေတုန်းဘဲလား။ ဒီစိုးရိမ်စိတ်က အခုမှ Online ကနေ စတင်လေ့လာနေတဲ့ကလေးမိဘတွေမှာ ရှိတတ်တဲ့ အတွေးတစ်ခုပါဘဲ ။ ကိုယ်တိုင်လုပ်မကြည့်ရသေးဘဲ စိုးရိမ်နေမယ့်အစား ဘယ်လိုအကျိုးရှိအောင် လုပ်ရမလဲဆိုတာလေးကို ပြောင်းလဲ စဥ်းစားပြီး အဖြေရှာကြည့်လို့ရအောင် မျှဝေပေးလိုက်ပါတယ်။

Online class တက်နေတဲ့ကလေးရှိနေပြီဆိုရင် အရင်ဆုံး ကလေးအတွက် သီးသန့်နေရာ တစ်ခုပေးထားဖို့လိုအပ်တာပေါ့ ။ ဘာကြောင့်လဲဆိုရင် ကလေးစာသင်နေချိန်မှာ ပတ်ဝန်းကျင်ကို အာရုံမများရအောင် နဲ့ ပတ်ဝန်းကျင်ရဲ့ ဆူညံမှုတွေကိုရှောင်ရှားနိုင်စေဖို့ပါ။ အဲဒီလို တိတ်ဆိတ်တဲ့ သီးသန့်နေရာလေးရှိခြင်းက ကလေးရဲ့ လေ့လာမှုကို လွန်စွာအထောက်အကူပြုပါတယ်။

Online class ဆိုတာအပြင်ကိုတကူးတကသွားစရာမလိုဖဲ အိမ်မှာဘဲသက်သက်သာသာစာကိုပိုပြီးအာရုံစိုက်နိုင်တာသူ့ရဲ့အားသာချက်ဖဲ ။ အဲ့ဒီ့အားသာချက်ကိုကိုယ်ကအသုံးချတက်ရင် online class တွေကနေ ပညာတွေ စိတ်ကြိုက်သင်ယူနိုင်ပြီလေ ။ လူတေရဲ့အာရုံစိုက်နိုင်တဲ့ အချိန်အပိုင်းအခြားက တစ်နာရီ၀န်းကျင် လောက်ဖဲရှိတာပါ။ ဒါကြောင့် Teaching system ကောင်းတဲ့ class ကိုရွေးချယ်နိုင်ဖို့ကသိပ်ကိုအရေးပါတာပေါ့။သားသားမီးမီးလေးတွေကိုလည်းအိမ်အနေအထားကိုကြည့်ပြီးprivate area လေးမှာ ကိုယ်ပိုင်စာကြည့်စားပွဲထားပေးရမယ်နော် မေမေတို့။

💁ကလေးကို ကိုယ်ပိုင်စာကြည့်စားပွဲလေးထားပေးဖို့ဘာကြောင့်လိုတာလဲ ။ ကိုယ်ပိုင်စာကြည့်စားပွဲက စာလေ့လာခြင်းရဲ့ အရေးပါတဲ့ system တခုပါဘဲ။ ပတ်၀န်းကျင်ဆူညံမှု့မရှိတဲ့ private area လေးမှာစားပွဲလေးထားပြီး ကလေးတွေကို learning လုပ်ခိုင်းမယ်ဆိုရင် self-control ကောင်းလာပြီးစာပေါ်စိတ်ပါ၀င်စားမှု တိုးလာပါလိမ့်မယ်။

💁ကလေးတွေကိုလည်း အတန်းပြီးတာနဲ့ အတန်းတက်ရတာအဆင်ပြေလား/မပြေလားပြန်မေးပြီးနားမလည်တဲ့သင်ခန်းစာလေးတေကို self-studyပြန်လုပ်ခိုင်းပေးမယ်ဆိုရင်သားသားမီးမီးလေးတို့ရဲ့ English skill ဟာအမြန်ဆုံးတိုးတက်လာမှာပါ။အဆင်မပြေတာများကိုလည်းဆရာဆရာများနဲ့ပွင့်ပွင့်လင်းလင်းတိုင်ပင်လို့ရပါတယ်နော်။

Accurate English ဟာဆိုရင် သားသားမီးမီးတို့စာနားမလည်မှာစိတ်ပူစရာမလိုတဲ့အပြင် ဆရာဆရာမတို့နဲ့လည်း တိုင်ပင်ဆွေးနွေးလို့ရပါတယ်။ class လေးတေကိုလည်းခွဲပြီးသင်ပေးတာမလို့ စာမလိုက်နိုင်တာမျိုးကိုလည်းပူပန်စရာမလိုဘူးနော်။ မေမေတို့ အနေနဲ့ (Accurate English school) လေးမှာအပ်နှံချင်ပါက..........

🌐𝗖𝗵𝗮𝘁 𝗕𝗼𝘅 m.me//passionateenglish
(သိုမဟုတ်)
☎️ 𝟬𝟵𝟮𝟱𝟬𝟰𝟬𝟱𝟵𝟳𝟱သို့ စုံစမ်းမေးမြန်းနိုင်ပါတယ်။







30/01/2024

အင်္ဂလိပ်ဘာသာစကား အခြေခံရှိထားသော ကလေးများအတွက် Flyers Class 👩‍🏫

📚အင်္ဂလိပ်စာကိုငယ်စဉ်ကတည်းက သင်ယူလာတယ်၊ အခြေခံပိုင်နိုင်မှုရှိနေပြီဆိုတဲ့ သားသားမီးမီးလေးတွေက ကိုယ်ရောက်ရှိနေတဲ့ Level မှာဘဲရပ်နေလို့မရဘူးနော်။

📈ဘယ်အရာကိုမဆို Practice လုပ်နေမှ အမြဲတမ်းသင်ယူနေမှ မမေ့မလျော့ဘဲရှိနေမှာဖြစ်ပြီး English စာကိုလည်း တစ်ဆင့်ပြီးတစ်ဆင့်ထပ်တက်သွားမှ ကိုယ့်ရဲ့Skill တွေလည်းတိုးတက်လာမှာပါ။

English စာဆိုသော Language ကသင်လေမကုန်လေ မို့လို့ ဘယ်တော့မှရပ်တန့်မနေဘဲ အမြဲတမ်းလေ့လာသင်ယူနေရပါမယ်။

💡ဒါကြောင့် English ကိုအခြေခံရှိပြီးသားကလေးတွေအနေနဲ့ Accurate ကနေဖွင့်ထားတဲ့ Flyers Class လေးကိုဆက်တက်ဖို့ အကြံပြုပါရစေ။

🔸Flyers Class ဆိုတာဟာ အလွယ်ပြောရရင်တော့
အဆင့်သတ်မှတ်ချက်လို့ပြောလို့ရတဲ့ CEFR A2 Level အဆင့်ရှိတဲ့အတန်းတစ်ခုဖြစ်ပြီး Cambridge Exam (Flyers) ဖြေဆိုနိုင်တဲ့အတန်းတစ်ခုလည်းဖြစ်ပါတယ်။

🔸ဒီသင်တန်းကိုတက်မယ်ဆိုရင်တော့ အင်္ဂလိပ်စာကို အခြေခံရထားပြီးသားသူတွေသာ တက်ရောက်ရင်ပိုသင့်တော်တာမို့ မိမိ Level နဲ့ကိုက်ညီမှုရှိမရှိ သင်တန်းမအပ်ခင် Page Messenger မှာအသေးစိတ်တိုင်ပင်ဆွေးနွေးနိိုင်ပါတယ်။

🔹Flyer Class မှာဘာတွေသင်ကြားပေးမှာလည်းဆိုတော့
English Language ရဲ့မပါမဖြစ် 4 Skills ကိုသင်ကြားပေးမှာဖြစ်တဲ့အပြင် Grammer , Vocabulary နဲ့ Pronunciation တို့ကိုပါ ပူးတွဲလေ့လာခွင့်ရမှာပါ။

🔸သင်ကြားရေးပိုင်းမှာလည်း မှတ်မိလွယ်ပြီးပျော်ရွှင်ဖွယ်ကောင်းသော သင်ကြားမှုများ၊ Story များ၊
သီချင်းများ၊ Fun Activity များနှင့်ပူတွဲသင်ကြားပေးမှာမို့ စာသင်ကြားရာမှာ ပျင်းရိမှုမရှိဘဲ စိတ်ပါဝင်စားစွာ သင်ယူဆည်းပူးနိုင်မှာပါ။

🔹ထပ်တိုးအဖြစ် Group work ၊ Pair work ၊ Discussion နဲ့ Presentation session တွေပါ ထည့်သွင်းသင်ကြားပေးမှာမို့လို့ သင့်ကလေး social and communication skills တွေပါ တိုးတက်လာစေမှာဖြစ်ပါတယ်။

🔸Online Classes အတန်းတိုင်းကိုလည်း စိတ်ရှည်ပြီး အတွေ့အကြုံရှိတဲ့အပြင် English စာကိုကျွမ်းကျင်ပိုင်နိုင်သော ဆရာ/ဆရာမများကိုယ်တိုင် Zoom Live နဲ့သင်ကြားပေးသွားမှာပါ။

🔷Flyer Class တက်ရောက်ပြီးသွားရင် ရရှိမယ့်အကျိုးကျေးဇူးတွေကတော့ သားသားမီးမီးလေးတွေဟာ English Level တစ်ခုထပ်မြင့်သွားပြီး Knowledge ပိုင်းတွေလည်းပိုကြွယ်ဝလာမယ့်အပြင် အခြေခံထပ်မြင့်တဲ့ Skill တစ်ခုကိုလည်းပိုင်ဆိုင်နိုင်သွားမှာပါ။

💁ဒါကြောင့်အခြေခံရပြီးသား ကလေးငယ်လေးတွေက ကိုယ့် English အရည်အသွေးကို တိုးတက်သည်ထက်တိုးလာအောင် Flyers Class လေးကိုတတ်ဖို့ တိုက်တွန်းပါတယ်နော်။

ကလေးငယ်များရဲ့ English စာအရည်အသွေးတိုးတက်လာဖို့ သင်ကြားရတာပျော်ရွှင်မှုရှိစေဖို့ကိုလဲ Accurate Englishကတာဝန်ယူပေးသွားမှာပါ။🤝

📈 သင်တန်းအကြောင်း အသေးစိတ်ကို
first commemt တွင်ကြည့်ရှု့ပေးပါ။

သင်တန်းကာလ - ၈ လ
သင်တန်းကြေး - 320000 ကျပ်
စာအုပ်ဖိုး - 40000 ကျပ်
စုစုပေါင်း - 360000 ကျပ် (၈ လ စာ အပြီး)

သင်တန်းကြေးကို ၂ ကြိမ်ခွဲသွင်းလို့ရပါတယ်။

အသေးစိတ်သိလိုသည်များကို
💬 Page Messenger (သို့မဟုတ် )
09 250 405 975 သို့ စုံစမ်းမေးမြန်းနိုင်ပါတယ်။

Page Messenger တွင်
▫️ကလေးအမည်
▫️အသက်
▫️ဖုန်းနံပါတ် ချန်ထားပေးပါကလည်း အမြန်ဆုံး ဆက်သွယ် ရှင်းပြပေးပါမယ်။

အင်္ဂလိပ်ဘာသာစကားကို စနစ်တကျတတ်မြောက်ကျွမ်းကျင်တဲ့ သားသားမီးမီးတွေဖြစ်ဖို့ Accurate English မှာသာ သင်ယူလိုက်တော့နော်💯






28/01/2024

အင်္ဂလိပ်စာအခြေခံပိုင်နိုင်စေမယ့် Movers Class 👩‍🏫

အရင်ဆုံး Mover Class ဆိုတာဘယ်လိုမျိုးလဲရှင်းပြပေးမယ်နော်…. ❓❓

💁Mover Class ကသားသားမီးမီးလေးတွေ English စာကိုအခြေခံပိုင်ပိုင်နိုင်နိုင်ဖြစ်စေဖို့ တက်ရောက်သင့်တဲ့အတန်းလေးပါ။

👨‍👩‍👦‍👦Mover Class ကိုဘယ်အရွယ်သားသားမီးမီးလေးတွေတက်သင့်တာလဲဆိုတော့ ကလေးရဲ့ အင်္ဂလိပ်ဘာသာစကားအခြေခံပေါ်မူတည်ပြီး အသက် (၇) နှစ် မှ (၁၂) နှစ်အတွင်း တက်လို့ရပါတယ်။ ပုံမှန်အားဖြင့်တော့ အသက် ၁၀-၁၂ အရွယ်လေးတွေတက်တာများပေမယ့် English အခြေခံသိပ်မပိုင်သေးဘူးလို့ထင်တဲ့ သားသားမီးမီးလေးတွေအနေနဲ့လည်း Mover Class ကိုတက်ရောက်နိုင်ပါတယ်နော်။

📝Mover Class လေးမှာ English Language ရဲ့ အသက်သွေးကြောဖြစ်တဲ့ 4 Skills ကိုပိုင်ပိုင်နိုင်နိုင်ရအောင် သင်ကြားပေးသွားမှာပါ။

📝ဒါ့ပြင် Grammar , Vocabulary နဲ့ Pronunciation တို့ကို ထပ်ပေါင်းသင်ကြားပေးမှာမို့ အင်္ဂလိပ်ဘာသာစကားကို မကြောက်တော့ဘဲ Confidence ရှိရှိပြောဆိုလာမှာပါ။

😇Mover Class ပြီးသွားတဲ့ကလေးတစ်ယောက်အနေနဲ့
Simple Sentences တွေဖြင့် ရေးသားနိုင်လာခြင်း၊ Short Story များကို ဖတ်နိုင်လာခြင်း နဲ့
မိမိကိုယ်ကို Introduce လုပ်တဲ့အပိုင်းတွေမှာ ကျွမ်းကျင်ပိုင်နိုင် သွက်လက်မှုရှိလာမှာပါ။

သင်ကြားရေးအပိုင်းမှာလည်း ကလေးငယ်များ English စာကိုမကြောက်မရွံပြောတတ် ဖတ်တတ်အောင်၊ စာကိုချစ်မြတ်နိုးအောင်၊ စာအပေါ်စိတ်ဝင်စားမှုအပြည့်ရှိအောင်၊ မှတ်မိလွယ်အောင် သူမတူသောနည်းလမ်းတွေဖြစ်တဲ့ သီချင်းဆိုပြီးကတာ၊ Drawing လုပ်တာ၊ Poem လေးတွေဖတ်ကြတာမျိုး အစရှိတဲ့ Fun Activity မျိုးစုံဖြင့် သင်ကြားပေးပါတယ်။

😇Zoom Class ဖြစ်တာကြောင့် မထိရောက်မှာလည်း စိတ်မပူပါနဲ့နော်။ အတန်းတိုင်းကို ကျွမ်းကျင် Professional ဆရာ/ဆရာမတွေကိုယ်တိုင်
ဦးစီးသင်ကြားပေးသွားမှာပါ။

ဒါကြောင့် English စာကိုကြောက်ရွံမှုမရှိဘဲ အခြေခံပိုင်နိုင်ပြီး Level မြင့်တွေဆက်တက်နိုင်ဖို့ Movers Class မှာလာတက်ပြီး မိမိရဲ့ English အရည်အသွေးကို မြှင့်တင်လိုက်ပါနော်။

📝 သင်တန်းအကြောင်း အသေးစိတ်ကို
first commemt တွင်ကြည့်ရှု့ပေးပါ။

သင်တန်းကာလ - ၈ လ
သင်တန်းကြေး - 320000 ကျပ်
စာအုပ်ဖိုး - 40000 ကျပ်
စုစုပေါင်း - 360000 ကျပ် (၈ လ စာ အပြီး)

သင်တန်းကြေးကို ၂ ကြိမ်ခွဲသွင်းလို့ရပါတယ်။

💁ကလေးမိဘများအနေဖြင့်လည်း သားသားမီးမီးလေးတွေ အသက်အရွယ်နဲ့ English Skill ပေါ်မူတည်ပြီး တက်ရောက်ရမည့် အတန်းကိုသိရှိလိုပါက Page Messenger (သို့မဟုတ် ) 09 250 405 975 မှာအသေးစိတ်လာရောက် မေးမြန်းပြီးတိုင်ပင်နိုင်ပါတယ်နော်။

Page Messenger တွင်
▫️ကလေးအမည်
▫️အသက်
▫️ဖုန်းနံပါတ် ချန်ထားပေးပါကလည်း အမြန်ဆုံး ဆက်သွယ် ရှင်းပြပေးပါမယ်။

အင်္ဂလိပ်ဘာသာစကားကို စနစ်တကျတတ်မြောက်ကျွမ်းကျင်တဲ့ သားသားမီးမီးတွေဖြစ်ဖို့ Accurate English မှာသာ သင်ယူလိုက်တော့နော်💯






27/01/2024

အသက် (၈) နှစ် ၊ (၉) နှစ် ကလေးများ တက်ရောက်နိုင်တဲ့ Starters Class 🧑‍🏫

ပထမဆုံးအနေနဲ့ Starters အတန်းဆိုတာဘယ်လိုအတန်းလဲဆိုတာ နဲ့ ဘယ်သူတွေတက်ရောက်နိုင်လဲဆိုတာကို ရှင်းပြပေးပါမယ်။

Starters Class ဆိုတာ ကလေးငယ်များအတွက် English စာကို အစပျိုးပေးမယ့် Class လေးပါ။ Pre A1 Level ရှိပြီး ပျမ်းမျှ အသက် ၇ နှစ် မှ ၁၂ ကြားကလေးများ တက်ရောက်နိုင်တဲ့အတန်းတစ်ခုဖြစ်ပါတယ်။

၇ နှစ်ကလေးအများစုက Starters ကို မလိုက်နိုင်ကြပါဘူး။ ကလေးတစ်ယောက် နဲ့တစ်ယောက်မတူတဲ့အတွက် အတန်းမတက်ခင် သက်ဆိုင်ရာ ဆရာ ဆရာမတို့နှင့် ဆွေးနွေးတိုင်ပင်ပြီးမှသာ အတန်းအပ်သင့်ပါတယ်။

💁ကျွန်တော်တို့ရဲ့ Accurate-English and Education Center မှာ အသက် ၈နှစ် ၉နှစ်အရွယ် သားသားမီးမီးများအတွက် Starters Class လေးဖွင့်လှစ်ပေးထားပါတယ်။

🌟ဒီအတန်းလေးမှာ English ရဲ့အခြေခံဖြစ်တဲ့ 4 Skills (Reading, Writing, Listening, Speaking) တို့ကိုသင်ကြားပေးမယ့်အပြင် Grammar, Vocabulary နဲ့ Pronunciation လေးတွေကိုပါဖြည့်စွက်သင်ကြားပေးမှာပါ။

🌟သင်ကြားရာတွင်လည်း စာသင်နေရတယ်ဆိုတဲ့စိတ်မျိုးမဖြစ်စေရဘဲ စိတ်ဝင်စားဖွယ်ကောင်းတဲ့ သင်ရိုးညွှန်းတန်းပုံစံများဖြင့် သင်ကြားပေးတာကြောင့် စာသင်ရမှာကိုမကြောက်ဘဲ ပျော်ရွှင်စွာသင်ယူနိုင်မှာပါ။

🌟ကလေးငယ်များ English စာမှတ်ရာမှာ လွယ်ကူစေရန် Game ကစားနည်း၊ Cartoon ၊ Story ၊ Drawing များဖြင့် သင်ကြားပြသပေးပါတယ်။

📌 Starters အတန်းတက်ရောက်ပြီးပါက ရလဒ်အနေနဲ့

▪️ Simple Sentence ဖြင့် ပြောဆိုရေးသားထားတာတွေကို နားလည်ပြီး ပြန်လည်ပြောဆိုနိုင်လာပါမယ်။

▪️ ဆရာ ဆရာမ မှ ရိုးရှင်းစွာ ပြောဆိုသော
ညွှန်ကြားချက်များကို နားလည်ပြီး ပြန်လည်ပြောဆိုနိုင်လာပါမယ်။

▪️ Short conversation များကို အပြန်အလှန်ပြောဆိုနိုင်လာပါမယ်။

▪️ မိမိပတ်ဝန်းကျင်ရှိ အရာဝတ္တုများ၊ အကြောင်းအရာများ နှင့်ပတ်သက်သော Vocabulary များကို မှတ်မိလာပါမယ်။ (ဥပမာ - pencil, pen, book, cat)

✨Starters Class လေးပြီးသွားပြီဆိုရင် သင့်ကလေးရဲ့ English Level တစ်ခုတိုးမြင့်သွားပြီဖြစ်ပြီး ကလေးရဲ့ ယုံကြည်မှုလည်း တိုးတက်လာစေမှာဖြစ်ပါတယ်။

💻Zoom Class ဖြစ်တာကြောင့်လည်း ကလေးငယ်များရဲ့ အားလက်ချိန်ကို အကျိုးရှိစွာ အသုံးချပြီးသားဖြစ်တာကြောင့် ပညာလည်းရ ပျော်ရွှင်မှုလည်းရရှိစေမှာနော်။

😇ဒါကြောင့် သင့်ကလေးငယ်ရဲ့ English အခြေခံပိုင်နိုင်ဖို့ အခုဘဲ Accurate-English And Education Center မှာလာရောက်အပ်နှံလိုက်ပါ။

📌 သင်တန်းအကြောင်း အသေးစိတ်ကို
first commemt တွင်ကြည့်ရှု့ပေးပါ။

သင်တန်းကာလ - ၈လ
သင်တန်းကြေး - 320000 ကျပ်
စာအုပ်ဖိုး - 40000 ကျပ်
စုစုပေါင်း - 360000 ကျပ် (၈ လ စာအပြီး)

သင်တန်းကြေးကို ၂ ကြိမ်ခွဲသွင်းလို့ရပါတယ်။

အသေးစိတ်သိလိုသည်များကို
💬 Page Messenger (သို့မဟုတ် )
09 250 405 975 သို့ စုံစမ်းမေးမြန်းနိုင်ပါတယ်။

Page Messenger တွင်
▫️ကလေးအမည်
▫️အသက်
▫️ဖုန်းနံပါတ် ချန်ထားပေးပါကလည်း အမြန်ဆုံး ဆက်သွယ် ရှင်းပြပေးပါမယ်။






26/01/2024

လက်ရှိရောက်နေတဲ့ အင်္ဂလိပ်စာအရည်အသွေးကိုဘယ်လိုမြှင့်တင်မလဲ 📈

🌍English Language ကကမ္ဘာတစ်ဝှမ်းလုံးအသုံးပြုနေတဲ့ Language ဖြစ်နေတာကြောင့် English ကိုပိုင်ပိုင်နိုင်နိုင် တတ်ကျွမ်းထားဖို့လိုပါတယ်။

English Language တတ်မြောက်ထားရင် ဘယ်နိုင်ငံ ဘယ်အရပ်ဒေသကိုရောက်ရောက် လူအများနှင့်ရင်ဘောင်တန်းနိုင်မှာပါ။

✨English ကိုငယ်စဉ်ကတည်းက နည်းစနစ်မှန်မှန်နဲ့ လေ့လာသင်ယူသင့်ပြီး လက်ရှိရောက်နေတဲ့ Level ကနေလည်း ပိုကောင်းမွန်တဲ့ အရည်အသွေးတွေရအောင်
မြှင့်တင်သင့်ပါတယ်။

✨English စာလေ့လာနေသူများအဖို့ စိတ်ရှည်လက်ရှည်နဲ့သင်ယူဖို့လိုသလို နည်းစနစ်ကျတဲ့ ပို့ချသင်ကြားပေးမှုတွေလည်းရှိဖို့လိုပါတယ်။

✨ဒါ့ပြင် ကိုယ့်ရဲ့ English စာအရည်အသွေးကိုမြှင့်တင်ချင်တယ်ဆိုရင် စာများများဖတ်ဖို့လဲလိုအပ်ပါတယ်။

✨ယခုခေတ်မှာ လူငယ်အားလုံးနီးပါးဆီမှာ ဖုန်းတွေရှိကြပါတယ်။ ဖုန်းတစ်လုံးရှိရင်လည်း English စာကိုလေ့လာနိုင်တဲ့နည်းတွေအများကြီးရှိပါတယ်။

✨Google မှာ ကိုယ့်အသက်အရွယ် ကိုယ့်English Level နဲ့ကိုက်မယ့် Book တွေကိုရှာပြီးဖတ်ရှူလို့ရပါတယ်။
စာဖတ်တဲ့အခါမှာလည်း မိမိစိတ်ဝင်စားတဲ့ အကြောင်းအရာများကို ဖတ်သင့်ပြီး
ဖတ်နေရင်း မသိတဲ့စာလုံးရှိရင်လည်း ချက်ချင်း Dictionary မှာရှာဖွေပြီးလိုက်မှတ်ထားခြင်းဖြင့် English အရည်အချင်းတိုးတက်အောင်လုပ်ဆောင်နိုင်ပါတယ်။

✨နောက်ထပ်နည်းလမ်းကတော့ သီချင်းနားထောင်တာပါ။
လူတိုင်းနည်းပါး စိတ်အပန်းဖြေဖို့ သီချင်းနားထောင်ကြပါတယ်။ ဒီလိုနားထောင်တဲ့အခါမှာ English Song ကိုမှ Lyrics နဲ့နားထောင်ပြီးလည်း English ကိုလေ့လာနိုင်ပါတယ်။

✨Speaking Practise အမြဲလုပ်ပါ။ Practise makes Perfect ဆိုသလို စာတွေသင်ထားပြီးရင် Practise အမြဲလုပ်နေဖို့လိုပါတယ်။ သူငယ်ချင်းတွေနဲ့စကားပြောတဲ့အခါ English လိုပြောတာ၊ တစ်ယောက်ထဲပြောပြီးလေ့ကျင့်တာ၊ iPhone မှာပါတဲ့ Siri နဲ့အပြန်အလှန်စကားပြောခြင်းကနေလည်း English Level ပိုမြင့်အောင်လေ့ကျင့်နိုင်ပါတယ်။

✨ရုပ်ရှင်ကြည့်တဲ့အခါ English Subtitle နဲ့ကြည့်ပါ။ အဲ့လိုကြည့်ခြင်းက စကားစုတွေ၊ဗန်းစကားတွေ၊နေရာအခြေအနေပေါ်လိုက်ပြီး စကားပြောပုံပြောနည်းတွေကိုလေ့လာနိုင်ပါတယ်။

✨အပြင်မှာ English Class သင်ဖို့အဆင်မပြေတဲ့သူတွေအနေနဲ့ Online Class တွေ Join တက်ပါ။ Online ပေါ်မှာ English နဲ့ပတ်သက်ပြီး Lesson တွေအမြဲပို့ချပေးနေတဲ့ Teacher တွေကို Follow ထားပါ။

🔺အဓိက မိိမိလက်ရှိရောက်နေတဲ့ အင်္ဂလိပ်စာအရည်အသွေးကိုမြှင့်တင်ချင်တယ်ဆိုရင် English စာတွေနဲ့ အနေနီးအောင်နေဖို့ပါဘဲ။ ဘယ်အရာကိုမဆို မလေ့ကျင့်ဘဲထားလိုက်ရင် မေ့သွားနိုင်တာကြောင့် အမြဲတမ်း Practise လုပ်ပြီး ကိုယ့် အင်္ဂလိပ်စာအရည်အသွေးကိုမြှင့်တင်လိုက်ပါ။

With Love,
AEEC Team.

25/01/2024

အသက် (၇) နှစ် (၈) နှစ် အရွယ်ကလေးငယ်များ အခြေခံကျကျ စနစ်တကျလေ့လာနိုင်မယ့် Foundation Class ✨

အောက်ခြေမခိုင်ရင် ဘယ်အရာမှ မကောင်းပါဘူး။

ဒီလိုပါဘဲ English စာလေ့လာတဲ့အခါမှာ အခြေခံအားကောင်းဖို့ အရေးကြီးပါတယ်။

အခြေခံပိုင်ဖို့ဆို ငယ်စဉ်ကတည်းက နည်းစနစ်ကျတဲ့ သင်ကြားပြသမှုမျိုးရှိဖို့လိုပါတယ်။

မိမိရဲ့ ရင်သွေးငယ်များအတွက် English အခြေခံကို ပိုင်ပိုင်နိုင်နိုင်သင်ကြားမှုမျိုးလိုချင်တယ်ဆိုရင် Accurate - English and Education Center မှာအပ်နှံလိုက်ပါ။

💁Accurate-English And Education Center မှာ Starters Class ကိုတတ်ရောက်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ အသက် (၇) နှစ် (၈) နှစ်အရွယ် သားသားမီးမီးတို့အတွက် Foundation Class လေးဖွင့်လှစ်ပေးထားပါတယ်နော်။

Starters Class လေးကလည်း English Basic တန်းလေးဖြစ်ပေမယ့် English နဲ့ရင်းနှီးမှုလုံးဝမရှိတဲ့ ကလေးတွေအနေနဲ့ Foundation Class လေးကိုစတင်တက်ရောက်သင့်ပါတယ်။

✨Foundation အတန်းမှာဆိုရင် English ရဲ့အဓိကအရေးကြီးဆုံးနဲ့ အခြေခံအကျဆုံး Reading, Writing, Listening, Speaking အစရှိတဲ့ Four Skills ကို ပျော်ပျော်ရွှင်ရွှင်နဲ့ စနစ်တကျသင်ကြားပေးမှာပါ။

🖍️English စာနှင့် ရင်းနှီးမှုရစေဖို့ Color, Number နဲ့ Material Name လေးတွေလိုမျိုး လွယ်ကူပြီး မှတ်လွယ်တဲ့ အရာလေးများနှင့် ပျော်ရွှင်ဖွယ်ကောင်းအောင် သင်ကြားပြသပေးမှာပါ။

(၇) နှစ် (၈) နှစ်အရွယ်ကလေးများက စာထက်အဆော့ကို ပိုမက်တာကြောင့် Class ထဲမှာ Poem, Cartoon, Drawing Activity လေးတွေနဲ့ ကလေးတွေမပျင်းရဘဲ စာအပေါ် စိတ်ဝင်စားမှုရှိလာအောင် ပြုလုပ်၍သင်ကြားပေးပါတယ်။

🎓 Foundation အတန်းတက်ပြီးတဲ့အခါ သင့်ကလေးအနေဖြင့် English ရဲ့အခြေခံသဘောသဘာဝကိုနားလည်ပြီး English နဲ့ရင်းနှီးကျွမ်းဝင်မှုရှိလမယ့်အပြင် Vocabulary, Meaning လေးတွေလည်း တတ်မြောက်လာစေမှာပါ။

💁ဒါကြောင့် သင့်ကလေးရဲ့ English ကိုအခြေခံပိုင်နိုင်စေဖို့ နည်းစနစ်ကျတဲ့ သင်ကြားမှုများနဲ့ သင်ကြားပေးမယ့် Accurate ရဲ့ Foundation Class မှာလာ Join ဖို့ဖိတ်ခေါ်ပါတယ်။

21/01/2024

ကလေးတွေကို Online Learning လုပ်ပေးခြင်းက ကလေးတွေအတွက် နည်းပညာနဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတတွေတိုးလာနိုင်တာဖြစ်လို့ မေမေတို့ဖေဖေတို့အနေနဲ့ online learning ဆိုတာကိုစ try ကြည့်သင့်တယ်နော် ။

Online learning ဆိုတာကကိုယ်ယူနိုင်သလောက်ကိုယ်ပြန်ရတဲ့ system လို့လည်းပြောလို့ ရသလို ကိုယ်ကြိုက်တဲ့ program (or) course ကို ရွေးချယ်တက်မြောက်နိုင်တဲ့အပြင် ၊ ပြင်ပသင်တန်းတွေထက် Budget save ဖြစ်တယ်ဆိုတော့ သိပ်ကိုအဆင်ပြေတဲ့ system ဖြစ်ပြီးတော့ ပြန်လေ့လာချင်တဲ့ course ကိုအချိန်မရွေးပြန်လေ့လာလို့ရတယ် ။

ဒါ့အပြင်ကလေးတေအတွက်တကူးတက အပြင်သင်တန်းတေလိုက်ပို့ဖို့မအားတဲ့ မေမေတို့ဖေဖေတို့ အတွက် အဆင်ပြေချောမွေ့စေတာပေါ့။

💁Online learning လုပ်မယ်ဆိုရင် (phone, Laptop, Pc or something ….. ) ကိုယ်ကြိုက်နှစ်သက်တာနဲ့လေ့လာနိုင်ပြီးတော့ အကြမ်းဖျင်းလိုအပ်တာတေကတော့
✅ စာလေ့လာသူအတွက် private space,
✅ wifi or internet
✅ Learning လုပ်မဲ့ website ကောင်းကောင်းတစ်ခု
✅ Learning system ကောင်းကောင်းချပေးနိုင်တဲ့ online school or class
✅ Zoom application, Google Meet & Microsoft Team, etc.

မိဘတွေက ကလေးကို Online ကနေလေ့လာခိုင်းတဲ့အခါ ထိရောက်မှုရှိပါ့မလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ မိဘတွေကသာ သေချာစနစ်တကျနဲ့ကလေးကိုလေ့ကျင့်ပေးမယ်ဆိုရင် ထိရောက်မှုရှိတာ သေချာပါတယ်။ ကောင်းကျိုးတွေအနေနဲ့ကတော့....

ကလေးငယ်တေကိုonline learning လုပ်ခိုင်းမယ်ဆိုရင် တိုးတက်နေတဲ့ နည်းပညာဆိုင်ရာ ဗဟုသုတတွေ နဲ့ရင်းနှီးးလာမှာဖြစ်ပြီး self controlလည်းကောင်းလာနိုင်မှာဖြစ်သလို မှတ်ဉာဏ်အားလည်းပိုကောင်းလာမှာဖြစ်ပါတယ်။

သားသားမီးမီးလေးရဲ့ပညာရေးအခြေနေကို Teacher နဲ့ဆွေးနွေးချင်တဲ့အခါမျိုးတေမှာဆိုရင် တကူးတကကျောင်းထိလိုက်သွားတာမျိုးလုပ်စရာမလိုဘဲ online ကနေအလွယ်တကူဆက်သွယ်လို့ရတာပေါ့။ အချိန်ကုန်သက်သာ ကိုယ့်မျက်စိရှေ့မှာတင် ကလေးရဲ့တိုးတက်လာမှုကိုမြင်ရမှာပဲဖြစ်ပါတယ်။

အားနည်းချက်အနေနဲ့ကတော့

✖Internet ကတော့အရေးကြီးဆုံးဖြစ်လို့ internet မရှိတဲ့နေရာတွေမှာဆိုရင်တော့ try ကြည့်လို့ တော့မရဘူးပေါ့။

သင့်ကလေးကို အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရှိတဲ့ ဆရာမတွေနဲ့ Online ကနေ အင်္ဂလိပ်ဘာသာစကားကို စနစ်တကျနဲ့ ထိထိရောက်ရောက် သင်ကြားလိုတယ်ဆိုရင်

🌐𝗖𝗵𝗮𝘁 𝗕𝗼𝘅 m.me//passionateenglish
(သိုမဟုတ်)
☎️ 𝟬𝟵𝟮𝟱𝟬𝟰𝟬𝟱𝟵𝟳𝟱သို့ စုံစမ်းမေးမြန်းနိုင်ပါတယ်။





Want your school to be the top-listed School/college in Bago?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Online School
Bago

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 17:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00