ဂျပန်အင်တာဗျူးတွေမှာ မဖြစ်မနေ မေးလေ့ရှိတဲ့ မေးခွန်းများ 🍀
အင်တာဗျူးဖြေတဲ့ အခါ အဆင်ပြေအောင် ကြိုလေ့လာထားကြနော် ☘
①志望動機(しぼうどうき)を教(おし)えください。
ဒီအလုပ်ကို ရည်မှန်းရတဲ့ ရည်ရွယ်ချက်က ဘာလဲ?
②学生時代(がくせいじだい)に最(もっと)も打ち込ん(うちこん)だことは何ですか。
ကျောင်းသားဘဝမှာ ပိုပြီး အချိန်တွေ၊ ခွန်အားတွေ စိုက်ပြီး ကြိုးစားခဲ့ရတာက ဘာဖြစ်ပါသလဲ?
③自己(じこ)PRを教えてください。
ကိုယ့်ရဲ့ဆွဲဆောင်မှု၊ ကောင်းတဲ့အချက်၊ အားသာချက်တွေက ဘာလဲ?
④入社後(にゅうしゃご)にやりたい仕事(しごと)?
ကုမ္ပဏီဝင်ပြီးနောက် လုပ်ချင်တဲ့ အလုပ်က ဘာလဲ?
⑤最後(さいご)に何(なに)か質問(しつもん)はありますか。
နောက်ဆုံး မေးစရာမေးခွန်း ရှိပါသလား?
⑥あなたの長所(ちょうしょ)は何ですか。
မင်းရဲ့ အားသာချက်က ဘာလဲ?
⑦あなたの短所(たんしょ)はなんですか。
မင်းရဲ့ အားနည်း ချက်က ဘာလဲ?
⑧失敗経験(しっぱいけいけん)について教えてください。
ဆုံးရှုံးခဲ့ရတဲ့ အတွေ့အကြုံနဲ့ ပတ်သတ်ပြီး ပြောပြပါ။
⑨サークル.部活動経験(ぶかつどうけいけん)について教えてください。
Club activities အတွေ့အကြုံတွေကို ပြောပြပေးပါ။
⑩希望職種(きぼうしょくしゅ)は何ですか。
ရည်ရွယ်ထားတဲ့ အလုပ်အမျိုးအစားက ဘာလဲ?
(11)勤務地(きんむち)について確認(かくにん)
အလုပ်လုပ်ချင်တဲ့နေရာကို အတည်ပြုပေးပါ။
(12)最近(さいきん)気(き)になるニュースは何ですか。
ခုတလော စိတ်ဝင်စားတဲ့ သတင်းက ဘာလဲ။
(13)アルバイト経験(けいけん)について
အချိန်ပိုင်း အလုပ်အတွေ့အကြုံနဲ့ပတ်သတ်ပြီး ပြောပြပေးပါ?
(14)キャリアプランについて教えてください
မင်းရဲ့ career plan နဲ့ ပတ်သတ်ပြီး ပြောပြပေးပါ။
(15)あなたに趣味(しゅみ)は何ですか。
မင်းရဲ့ ဝါသနာက ဘာလဲ။
(16)自分を動物(どうぶつ)に例(たと)えると?
မင်းကို တိရိစ္ဆာန် တစ်ကောင်နဲ့ ဥပမာပေးရမယ်ဆို ဘာဖြစ်မလဲ?
(17)資格(しかく)について?
အရည်အချင်းနဲ့ပတ်သတ်ပြီး?
(18)卒論(そつろん)のテーマ?
Graduation thesis title ကဘာလဲ?
(19)業界(ぎょうかい)の志望理由(しぼうりゆう)は?
ဒီလုပ်ငန်းအမျိုးအစားကို လျှောက်ရတဲ့ ရည်ရွယ်ချက်က?
(20)10年後(ねんご)の自分(じぶん)はどうなっていたい?
နောက်၁၀နှစ်ကြာရင် မင်းက ဘယ်လိုပုံစံမျိုး ဖြစ်ချင်လဲ?
(21)今の学部(がくぶ)を選ん(えらん)だ理由(りゆう)?
အခု မေဂျာကို ရွေးရတဲ့ အကြောင်းပြချက်က ဘာလဲ?
(22)尊敬(そんけい)する人はいますか?
လေးစားရတဲ့လူရှိပါသလား။
(23)あなたにとって仕事(しごと)とは何ですか。
မင်းအတွက် အလုပ်ဆိုတာ ဘယ်လိုအဓိပ္ပာယ်လဲ?
(24)将来(しょうらい)の夢(ゆめ)は何ですか。
အနာဂတ်အိပ်မက်က ဘာလဲ?
(25)5年後(ねんご)の自分(じぶん)はどうなっていたい?
နာက်၅နှစ်ကြာရင် မင်းက ဘယ်လိုပုံစံမျိုး ဖြစ်ချင်လဲ?
(26)他者(たしゃ)と弊社(へいしゃ)の違(ちが)いはどんなところだと思いますか。
အခြားကုမ္ပဏီမဟုတ်နဲ့ ငါတို့ကုမ္ပဏီရဲ့ ကွာခြားချက်က ဘာလို့ထင်သလဲ?
(27)あなたの特技(とくぎ)は何ですか。
မင်းရဲ့ ကျွမ်းကျင်မှုက ဘာဖြစ်မလဲ?
(28)最近読んだ本を教えてください。
အခုတလော ဖတ်နေတဲ့ စာအုပ်ကို ပြောပြပေးပါ။
(29)語学力(ごがくりょく)について?
ဘာသာစကားစွမ်းရည်နဲ့ ပတ်သတ်ပြီး?
(30)ボランティア経験(けいけん)について?
ပရဟိတအတွေ့အကြုံနဲ့ ပတ်သတ်ပြီး?
(31)働(はたら)く以上(いじょう)で大切(たいせつ)なことは?
အလုပ်လုပ်ခြင်း အပြင် အရေးကြီးတဲ့ အချက်က ဘာလဲ?
(32)学業(がくぎょう)以外(いがい)で力(ちから)を入れたこと?
ပညာရေးအပြင် အားစိုက်ပြီး ကြိုးစားခဲ့ရတာက ဘာလဲ?
(33)苦手(にがて)なことは?
မင်းရဲ့ ညံ့တဲ့အချက်က ဘာလဲ?
(34)前の仕事をやめた理由は?
ရှေ့က အလုပ်ကို ထွက်ခဲ့ရတဲ့ အကြောင်းပြချက်ကဘာလဲ?
(35)入社可能時期(にゅうしゃかのうじき)はいつですか。
အလုပ်ဘယ်အချိန်ကစပြီး ဝင်နိုင်ပါသလဲ?
(36)内定(ないてい)を出したらご入社(にゅうしゃ)いただけますか。
အလုပ်ခန့်လိုက်တာနဲ့ အလုပ်လုပ်နိုင်ပါသလား?
(37)同業他社(どうぎょうたしゃ)ではなくどうして当社(とうしゃ)なのですか。
အမျိုးအစားတူတဲ့ အခြားကုမ္ပဏီမဟုတ်ပဲ ဘာလို့ ကျွန်တော်တို့ ကုမ္ပဏီမှာ လာလျှောက်တာလဲ?
(38)この事業(じぎょう)を将来(しょうらい)どのように成長(せいちょう)させていきたいですか。
အနာဂတ်မှာ ဒီအလုပ်ကနေ ဘယ်လို တိုးတက်အောင်လုပ်ချင်ပါသလဲ?
(39)最後(さいご)に何か伝(つた)えておきたいことがありますか?နောက်ဆုံးမှာ တစုံတခု ပြောထားချင်တာမျိုးရှိလဲ?
(40)自己紹介(じこしょうかい)をお願(ねが)します。
ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါ။
(41)今までの職務(しょくむ)経歴(けいれき)を教えてください。
အခုချိန်ထိ အလုပ်လုပ်ခဲ့ဖူးတဲ့ history ကို ပြောပြပေးပါ။
(42)今までの仕事にどんな不満(ふまん)を持っていましたか。
အခုချိန်ထိလုပ်ခဲ့တဲ့ အလုပ်တွေထဲမှာ စိတ်မချမ်းမမြေ့ ဖြစ်ခဲ့ရတာမျိူး ရှိလား။
(43)当社(とうしゃ)があなたを採用(さいよう)するメリットは何ですか。
ကျွန်တော်တို့ ကုမ္ပဏီက မင်းကို အလုပ်ခန့်မယ်ဆိုရင် ရရှိမယ့် အကျိုးကျေးဇူးက ဘာလဲ?
(44)周(まわ)りの同僚(どうりょう)や友人(ゆうじん)はあなたのことをどのように評価(ひょうか)していますか。
ပတ်ဝန်းကျင်ကလူတွေ၊ မိတ်ဆွေ အပေါင်းအဖော်တွေက မင်းနဲ့ ပတ်သတ်ပြီး ဘယ်လို တန်ဖိုးဖြတ်သတ်မှတ်ပါသလဲ။
(45)当社(とうしゃ)以外(いがい)に受けている業界(ぎょうかい).企業(きぎょう)はありますか。
ကျွန်တော်တို့ ကုမ္ပဏီအပြင် အင်တာဗျူး ဖြေထားတဲ့ ကုမ္ပဏီရှိလား။
(46)志望企業(しぼうきぎょう)を選(えら)ぶ基準(きじゅん)は何ですか。
မင်းအခုရည်မှန်းထားတဲ့ ကုမ္ပဏီလုပ်ငန်းကို ရွေးချယ်ရတဲ့ အခြေခံအချက်က ဘာလဲ?
(47)仕事での誇(ほこ)れる実績(じっせき)や成功体験(せいこうたいけん)はありますか。
အလုပ်မှာဂုဏ်ယူရလောက်တဲ့ အကျိုးရလဒ်တွေ၊ အောင်မြင်ခဲ့ရတဲ့ ကိုယ်တွေ့အတွေ့အကြုံတွေ ရှိလား။
(48)これまでで、最も厳(きび)しかった仕事は何ですか。
အခုချိန်ထိ လုပ်ခဲ့တဲ့ အလုပ်ထဲမှာ ပိုပြီးတော့ တင်းကျပ်ရတဲ့ အလုပ်ကဘာလဲ ?
(49)この職種(しょくしゅ)の仕事をしてあなたは将来(しょうらい)どうなりたいのですか。
ဒီအလုပ်ကို လုပ်ပြီးတော့ မင်းဟာ အနာဂတ်မှာ ဘယ်လိုဖြစ်ချင်သလဲ?
(50)突然(とつぜん)の残業(ざんぎょう)や休日出勤(きゅうじつしゅっきん)は大丈夫(だいじょうぶ)ですか。
ရုတ်တရက် အချိန်ပိုဆင်းရတာမျိုး၊ ပိတ်ရက်မှာအလုပ်ဆင်းရတာမျိုးဆို အဆင်ပြေလား?
日本語を学ぼう
KAORI Japanese Language Center
KAORI Japanese Language Center
ဂျပန်စကားပြောတတ်ချင်သူများနှင့်ဂျပန်နိုင်ငံသို့အလုပ်အကိုင်ဖြင့် သွားရောက်ချင်သူများဒီpageနှင့်ဆက်သွယ်သင်ကြားလိုက်ပါ။�အခြေခံမှစ၍ကျွမ်းကျင်သည်အထိပိုင်နိုင်စွာသင်ပေးပီးအလုပ်နှင့်လည်းချိတ်ဆက်ပေးပါသည်။�
မိနစံ ခွန်နိချိ၀ ဒီနေ့မှာတော့
အသံထွက်တူ အဓိပ္ပါယ်ကွဲစကားလုံးများ ကိုမျှေ၀ပေးလိုက်ပါတယ်နော်☺️
(1)胃(い)-အစာအိမ်
位(い)-ရာထူး/အဆင့်
(2)可(か)-ဖြစ်နိုင်ခြင်း
蚊(か)-ခြင်
(3)木(き)-သစ်ပင်
気(き)-စိတ်
(4)区(く)-ရပ်ကွက်
句(く)-စာကြောင်းအဖြတ်အတောက်
(5)地震(じしん)-ငလျင်
自信(じしん)-မိမိကိုယ်ကိုယုံကြည်မှု
(6)舌(した)-လျှာ
下(した)-အောက်
(7)質(しつ)-အရည်အသွေး
室(しつ)-အခန်း
(8)象(ぞう)-ဆင်
像(ぞう)-ရုပ်ထု
(9)地(ち)-မြေကြီး
血(ち)-သွေး
(10)年(とし)-အသက်/နှစ်
都市(とし)-မြို့တော်
23/05/2022
ဂျပန်မှာ ယာဉ်၊ရထားစီးမယ်ဆိုရင်
1。きっぷうりば=လက်မှတ်အရောင်းဌာန
2。じどうけんばいき=အလိုအလျှောက်လက်မှတ်ရောင်းစက်
3。せいさんじょ=လက်မှတ်ခ ငွေရှင်းရာနေရာ
4。かいさつぐち=လက်မှတ်စစ်တံခါးပေါက်
5。でぐち=ထွက်ပေါက်
6。いりぐち=ဝင်ပေါက်
7。ひがしぐち=အရှေ့ဘက်(အဝင်အထွက်)အပေါက်
8。にしぐち=အနောက်ဘက်(အဝင်အထွက်)အပေါက်
9。みなみぐち=တောင်ဘက်(အဝင်အထွက်)အပေါက်
10。きたぐち=မြောက်ဘက်(အဝင်အထွက်)အပေါက်
11。ちゅうおうぐち=ဗဟို(အဝင်အထွက်)အပေါက်
12。(パラット)ホ–ム=ပလက်ဖေါင်းစကြ်န်
13。タクシ–のりば=တက္ကစီကားဂိတ်
14。バスタ–ミナル=ဘတ်(စ်)ကားဂိတ်ကြီး
15。バスてい=ဘတ်(စ်)ကားမှတ်တိုင်
16。でんしゃ=ရထား
17。とっきゅう=အထူးအမြန်
18。きゅうこう=အမြန်
19。ふつう=ရိုးရိုး
20。しんかんせん=ကျည်ဆံရထား
22。かたみち=အသွားခရီး
23。おうふく=အသွားအပြန်ခရီး
24。じこくひょう=ထွက်ချိန်ပြဇယား
25。しゅっぱつ=ထွက်ခွါခြင်း
26。とうちゃく=ဆိုက်ရောက်ခြင်း
27。していせき=သတ်မှတ်နေရာ
28。じゆうせき=မည်သူမဆိုထိုင်၍ရသောနေရာ
29。ゆうせんせき=ဦးစားပေးထိုင်ခုံ
30。じょうしゃけん=ရထားလက်မှတ်၊ကားလက်မှတ်
31。かたみちきっぷ=အသွားလက်မှတ်
32。おうふくきっぷ=အသွားအပြန်လက်မှတ်
33。とっきゅうりょうきん=အထူးအမြန်ရထားလက်မှတ်
34。とっきゅうりょうきん=အထူးအမြန်ရထားခ
35。かいすうけん=အတွဲလိုက်လက်မှတ်
36。ていきけん=လပေးလက်မှတ်
37。しゅうでん=နောက်ဆုံးရထား
38。のりかえ=ယာဉ်ပြောင်းစီးခြင်း
39。のりすごす=မှတ်တိုင်ကျော်ဆင်းသည်။
40。のりこす=မှတ်တိုင်ကျော်သွားသည်။
23/05/2022
လမ်းညွှန်သင်္ကေတတွေကို အပိုင်းလေးပိုင်းခွဲပြီး ကန့်သတ်ထားပါတယ်။
၁။ အန္တရာယ်သတိပေးခြင်း လမ်းညွှန်
(အဝါရောင်ဆိုင်းဘုတ်)
၂။တားမြစ်ခြင်းနဲ့ကန့်သတ်ခြင်းလမ်းညွှန်
(အနီရောင်ဆိုင်းဘုတ်)
၃။အမိန့်ပေးခြင်း လမ်းညွှန်
(အပြာရောင်ဆိုင်းဘုတ်)
၄။ ညွှန်ပြခြင်း လမ်းညွှန်
(အဖြူရောင်ဆိုင်းဘုတ်)
တို့ပဲဖြစ်ပါတယ်။
Traffic Signsအခေါ်အဝေါ်တွေကို ဂျပန်လို လေ့လာကြည့်ရအောင်။
一時停止(いちじていし)=ရပ်ရန်။
一方通行(いっぽうつうこう)=တစ်လမ်းမောင်း။
横断歩道(おうだんほどう)=လူကူးမျဉ်းကြား။
車両進入禁止(しゃりょうしんにゅうきんし)=မည်သည့်ယာဉ်မျှမ၀င်ရ။
学校、幼稚園、保育所等あり(がっこう、ようちえん、ほいくしょなどあり)=ရှေ့တွင်ကျောင်း၊မူကြို၊မူလတန်းကျောင်းရှိသည်။
自転車専用(じてんしゃせんよう)=Bike lane
自転車横断帯(じてんしゃおうだんたい)=စက်ဘီးဖြင့်လမ်းဖြတ်ကူးရန်သတ်မှတ်နေရာ။
徐行(じょこう)=အရှိန်လျှော့ရန်။
自転車及び步行者専用(じてんしゃおよびほこうしゃせんよう)=စက်ဘီး(သို့)ခြေလျင်သွားသူများသာသွားခွင့်ပြုသည်။
自転車以外の軽車両通行止め(じてんしゃいがいのけいしゃりょうつうこうどめ)=
စက်ဘီးမှအပလှည်းဘီးတပ်ယာဉ်များဖြတ်သန်းသွားလာခွင့်မပြု။
自転車通行止め(じてんしゃつうこうどめ)=စက်ဘီးဖြင့်ဖြတ်သန်းသွားလာခွင့်မပြု။
通行止め(つうこうどめ)=မည်သည့်ယာဉ်မျှဖြတ်သန်းသွားလာခွင့်မပြု။
踏切あり(ふみきりあり)=ရထားသံလမ်းရှိသည်။
歩行者横断禁止(ほこうしゃおうだんきんし)=ခြေလျင်ဖြတ်သန်းသွားလာခြင်းမပြုရ။
歩行者専用(ほこうしゃせんよう)=ခြေလျင်သွားလာသူများအတွက်သတ်မှတ်နေရာ။
particle が ၏ အသုံးများ
1️⃣Verb ပါတဲ့ စာကြောင်း တစ်ကြောင်းရဲ့ Subject နောက်မှာ သုံးပါတယ်
れい
1.けさ あめが ふりました。
2.あそこに いぬが います。
3.ともだちが うちに きます。
2️⃣Adjective ပါတဲ့ စာကြောင်းတစ်ကြောင်းရဲ့ Subject နောက်မှာ သုံးပါတယ်
れい
1.こうえんの はなが きれいです。
2.やましたさんは せいが たかいです。
3️⃣ すき/きらい/ほしいရဲ့ ရှေ့မှာ သုံးပါတယ်
れい
1.あには ゴルフが すきです。
2.わたしは やさいが きらいです。
3.わたしは おおきい いえが ほしいです。
4️⃣できる/わかる ရဲ့ အရှေ့မှာ သုံးပါတယ်
れい
1.わたしは りょうりが できません。
2.このかんじの いみが わかりますか。
5️⃣Nounကို Modifyလုပ်(အထူးပြု)တဲ့စာကြောင်းရဲ့ Subjectနောက်မှာ သုံးပါတယ်
ဥပမာ- ကျွန်တော် ဓာတ်ပုံရိုက်ခဲ့တယ်လို့ ပြောချင်ရင်
わたしは しゃしんを とりました。
အဲ့လိုမဟုတ်ပဲ ကျွန်တော်ရိုက်ခဲ့တဲ့ ဓာတ်ပုံဆိုပြီး ဓာတ်ပုံဆိုတဲ့ Nounကို Modifyလုပ်(အထူးပြုပြီး) ပြောချင်ရင်တော့
わたしが とったしゃしん ဆိုပြီး
ပုံမှန် は သုံးတဲ့နေရာမှာ が နဲ့ ပြောရပါတယ်
れい
1.ははが つくる りょうりが おいしいです。
2.ゆみさんが すんでいるアパートは あたらしくて きれいです。
.....................................................
🙋အခုမှ စလေ့လာသူများလည်း အဆင်ပြေအောင် kanjiမသုံးပဲ ရေးပေးထားပါတယ်ရှင်
「こんにちは」ဟာနေ့စဥ်အသုံးပြုနေတဲ့နှုတ်ဆက်စကားဖြစ်ပေမဲ့ စာရေးတဲ့အခါဘယ်လိုအသုံးအနှုန်းနဲ့အသုံးပြုရမလဲဆိုတာ နားမလည်တာတွေ ရှိကောင်းရှိပါလိမ့်မယ်။ မှားပြီးအသုံးပြုမိရင် လုပ်ငန်းခွင်ထဲရောက်နေသူအနေနဲ့ အရှက်ရစရာဖြစ်ပါတယ်။ မှန်ကန်တဲ့ရေးနည်းကို လေ့လာကြရအောင်။
✨「こんにちは」နှင့်「こんにちわ」
ပေးစာ၊မေးလ်စသည်တို့ကိုရေးတဲ့အခါ နှုတ်ဆက်စကားကနေစပြီးရေးလေ့ရှိပါတယ်။「こんにちは」နှင့်「こんにちわ」ဘယ်ဟာရေးရမလဲရုတ်တရက် တွေဝေမိတတ်ပါတယ်။ ဘယ်ဟာကအမှန်လဲဆိုတာ ကြည့်ကြရအောင်။
✨「こんにちは」လို့ရေးတာက မှန်ကန်ခြင်း
「こんにちは」ကိုKanjiနဲ့ရေးရင်「今日は」ဖြစ်တဲ့အတွက်「こんにちわ」လို့ရေးရင်မှားပါတယ်။ အသံထွက်တဲ့အခါ「わ」လို့အသံထွက်တာမှန်ပေမဲ့ ရေးတဲ့အခါ「は」လို့ရေးကြရအောင်။
「こんにちは」က 「は」သည် Particle အနေနဲ့ရှေ့နောက်စကားလုံးတွေကို ချိတ်ဆက်ပေးပါတယ်။ မှန်ကန်တဲ့နှုတ်ဆက်ခြင်းကိ ုပြုလုပ်ဖို့အတွက် ဥပမာစာကြောင်းကို လေ့လာကြည့်ရအောင်။
✨အသုံးပြုနည်းဥပမာ
こんにちは、ご加減いかがですか?こちらは変わりなくやっております。
✨「こんにちわ」နှင့်မှားရခြင်းအကြောင်းရင်း
「私はB型です」လို့ပြောချင်တဲ့အခါ「は」ကို「わ」လို့အသံထွက်ရတဲ့စည်းမျဥ်းတွေရှိပါတယ်။ ရေးတဲ့အခါ「は」လို့ရေးပေမဲ့အသံထွက်တဲ့အခါ「わ」လို့ထွက်ရတဲ့အတွက်ကြောင့်「こんにちわ」လို့မှားပြီးရေးမိကြတာဖြစ်ပါတယ်။
မှားနေတာသိလျက်နဲ့ သူငယ်ချင်းအချင်းချင်းရေးတဲ့ပေးစာတွေမှာ နောက်ပြောင်ပြီး「こんにちわ」လို့အသုံးပြုရင်းနဲ့ လွဲမှားပြီးမှတ်သားမိသွားတာတွေ ရှိကောင်းရှိပါလိမ့်မယ်။ စမတ်ဖုန်းတွေမှာစာရိုက်တဲ့အခါ ဆက်စပ်မှုရှိတဲ့စကားလုံးတွေ ကြိုတင်ပေါ်လာတာဟာလည်း ကြီးမားတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။
စကားလုံးတစ်ခုနှင့်တစ်ခုချိတ်ဆက်မှုအပြင်
「わ」ကိုအသုံးပြုမယ်ဆိုရင်「今忙しいわ」「このゲーム、楽しいわ」လိုမျိုး စာကြောင်းအဆုံးမှာထည့်ပြီး ရှေ့ကစကားလုံးကိုအထူးပြုပြောချင်တဲ့အခါသုံးကြရအောင်။
✨「こんにちは」နှင့်ပတ်သက်ပြီးအသေးစိတ်ရှင်းလင်းချက်
စကားလုံးအရင်းအမြစ်ကိုသိရင် အဓိပ္ပာယ်ကိုနက်နက်ရှိုင်းရှိုင်းသိပြီး ဘယ်ဟာကအမှန်လဲဆိုတာတွေဝေနေမှာမဟုတ်တော့ပါဘူး။ 「こんにちは」ဖြစ်ပေါ်လာပုံကို ကြည့်ကြရအောင်။
✨「こんにちは」ရဲ့စကားလုံးအရင်းအမြစ်နှင့် အဓိပ္ပာယ်
ပုံမှန်အသုံးပြုနေကြတဲ့ 「こんにちは」လို့ခေါ်တဲ့စကားလုံးဟာ အမှန်တော့အတိုချုံ့ထားတာဖြစ်ပါတယ်။「今日は、ご機嫌いかがでしょうか」「今日は、ずいぶん寒いですね」စတဲ့နှုတ်ဆက်စကားတွေရဲ့နောက်ပိုင်းကို အတိုချုံ့ထားခြင်းဖြစ်ပါတယ်။
「今日」ကို 「こんにち」လို့ဖတ်ပြီး ဒီနေ့လို့အဓိပ္ပာယ်ရပါတယ်။ 本日、この日နဲ့ပြောင်းပြောရင်လည်း အဓိပ္ပာယ်တူညီပြီးအခြားအနေနဲ့ 現在、現代、このごろစတဲ့အဓိပ္ပာယ်ရှိပါတယ်။
「今日わ」လို့ရေးရင်အဓိပ္ပာယ်နားမလည်တဲ့အတွက်「こんにちわ」ကမှားနေတာကို သိနိုင်ပါတယ်။ မူလကနောက်ဆက်တွဲစကားလုံးတွေပါ၀င်တဲ့အသုံးအနှုန်းတစ်ခုဖြစ်ကြောင်း သတိပြုကြရအောင်။
✨အခြားနှုတ်ဆက်စကားရဲ့စကားလုံးအရင်းအမြစ်ကိုလေ့လာခြင်း
こんばんはဆိုတဲ့နှုတ်ဆက်စကားဟာလည်းအလားတူ 「今晩は、ご機嫌いかがでしょうか」「今晩は、蒸し暑いですね」စတဲ့စာကြောင်းတွေရဲ့နောက်ပိုင်းကို အတိုချုံ့ထားတာဖြစ်ပါတယ်။
おはようございますကိုKanjiနဲ့ရေးရင်「お早うございます」ဖြစ်ပါတယ်။「お早くから、ご苦労様でございます」「お早いですね」လို့ပြောသလိုမျိုး မနက်စောစောအလုပ်လုပ်နေတဲ့လူတွေကိုပြောတဲ့အသုံးအနှုန်းကနေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
さよならကိုKanjiနဲ့ရေးရင်「然様(さよ)なら」လို့ရေးပြီး「そういうことならば」လို့အဓိပ္ပာယ်ရပါတယ်။「然様ならば、お別れしましょう」「然様ならば、また会いましょう」စတဲ့အသုံးအနှုန်းတွေကို အတိုချုံ့ထားတာဖြစ်ပါတယ်။
「こんにちは」ရဲ့ဆက်စပ်စကားလုံး ပေါ့ပေါ့ပါးပါးနှုတ်ဆက်စကားပြောတဲ့အခါ「どうも」ကိုအသုံးတာတွေလည်းရှိပါတယ်။「先日は、どうも」「やあ、どうも」စသဖြင့် အသုံးပြုကြပါတယ်။ ယဥ်ကျေးတဲ့အသုံးအနှုန်းမဟုတ်တဲ့အတွက် အထက်လူကြီးစသည်တို့ကိုပြောတဲ့အခါ အသုံးပြုလို့မရပါဘူး။
အမျိုးသမီးတွေအသုံးပြုတဲ့ နူးညံ့တဲ့အသုံးအနှုန်းဖြစ်တဲ့「ごきげんよう」ကိုလည်း「こんにちは」နဲ့အဓိပ္ပာယ်အတူတူ အသုံးပြုလို့ရပါတယ်။ တွေ့ဆုံတဲ့အချိန်တစ်ခုတည်းမဟုတ်ပဲ ခွဲခွါတဲ့အချိန်မှာလည်း အသုံးပြုလို့ရတဲ့အဆင်ပြေတဲ့အသုံးအနှုန်းဖြစ်ပါတယ်။
✨「こんにちわ」လို့သုံးတာရောရှိလား?
ပတ်ဝန်းကျင်ကလူတွေက「こんにちわ」လို့အသုံးပြုနေတဲ့အခါ ကိုယ်လည်းသုံးလို့ရတာပဲလို့ဆိုတဲ့စိတ်ဝင်သွားတတ်ပါတယ်။ ဒါပေမဲ့မှားယွင်းတဲ့စကားလုံးကိုအသုံးပြုမိရင် ထင်မှတ်မထားတဲ့ဆုံးရှုံးမှုတွေရှိတာကို သတိပြုကြရအောင်။
✨ဆက်ဆံရေးအသစ်တွေမှာဆိုရင် အဆင်ပြေလား?
「こんにちわ」လို့ရေးရင်ဂျပန်ဘာသာစကားအနေနဲ့အဓိပ္ပာယ်မရှိဘူး။ Formal ကျတဲ့နေရာတွေမှာအသုံးပြုရင ်အခြေခံဂျပန်စကားလေးတောင်မရတဲ့သူလို့အထင်ခံရပြီး သိက္ခာကျဆင်းသွားနိုင်ပါတယ်။
သူငယ်ချင်းအချင်းချင်းမေးလ်တွေစာတွေကိုပေးပို့တဲ့အခါ နောက်ပြောင်ပြီး「こんにちわ」လို့ရေးလဲကိစ္စမရှိပေမဲ့ မှန်ကန်တဲ့အသုံးအနှုန်းမဟုတ်ကြောင်းနှင့်ခွဲခြားပြီးအသုံးပြုသင့်တဲ့အချိန်ရှိကြောင်းကို သတိပြုကြရအောင်။
ပုံမှန်အချိန်တွေမှာ အသုံးပြုနေကျဖြစ်တဲ့အတွက်လုပ်ငန်းခွင်ထဲမှာ မိတ်ဆွေတွေအထက်လူကြီးတွေကိုအသုံးပြုမိတဲ့အခါ"ဂျပန်ဘာသာစကားကိုမှန်မှန်ကန်ကန်နားမလည်ဘူး""အခြေခံကိုနားမလည်ဘူး"စသဖြင့် ထင်မြင်သွားတတ်ပါတယ်။ မလိုအပ်တဲ့ဆုံးရှုံးမှုတွေကိုမဖြစ်စေဖို့မှန်ကန်တဲ့စကားလုံးကိုအသုံးပြုကြရအောင်။
✨အနှစ်ချုပ်
「こんにちは」ဟာရင်းနှီးနေတဲ့နှုတ်ဆက်စကားဖြစ်တဲ့အတွက် သတိမထားလည်းပဲနှုတ်ကနေ အလိုလိုထွက်လာတာကများတယ်မဟုတ်ပါလား။ နှုတ်ကနေနှုတ်ဆက်တဲ့အခါ အဆင်ပြေပေမဲ့ စာရေးတဲ့အခါ မှန်ကန်တဲ့အသုံးအနှုန်းကိုအသုံးပြုတတ်ဖို့အရေးကြီးပါတယ်။
Kanjiနဲ့ရေးရင်「今日は」ဖြစ်ပြီးနောက်မှာဆက်မဲ့「ご機嫌いかがでしょうか」စတဲ့စကားလုံးတွေကို အတိုချုံ့ထားတာဖြစ်ပါတယ်။ အသံထွက်တဲ့အခါ「わ」လို့ထွက်ပေမဲ့ရေးတဲ့အခါ「は」လို့ရေးတာကအမှန်ဖြစ်ပါတယ်။
မှားပြီးအသုံးပြုမိရင်လုပ်ငန်းခွင်ထဲရောက်နေသူအနေနဲ့အခြေခံကိုနားမလည်ဘူးလို့အထင်ခံရနိုင်တဲ့အတွက် မှန်ကန်တဲ့အသုံးအနှုန်းကိုကျွမ်းကျင်စွာအသုံးပြုကြရအောင်။
နေ့စဥ်ပုံမှန်အသုံးပြုကတည်းက မှန်ကန်တဲ့သဒ္ဒါကိုအသုံးပြုဖို့တိုက်တွန်းချင်ပါတယ်။
20/03/2022
ပညာလို အိုသည်မရှိ
ပညာရွှေအိုး လူမခိုးတဲ့
ဂျပန်စာ သင်တယ်ဆိုတာ ဂျပန်သွားဖို့ တစ်ခုထဲ ဘယ်ဟုတ်မလဲ ??
၁- ဂျပန်သွားဖို့ (ကျောင်းတက်ရန်/အလုပ်လုပ်ရန်)
၂- မိခင်ဘာသာစကားအပြင် နောက်ထပ်ဘာသာစကားတွေ တတ်တော့ သူများထက် နှာတဖျားသာတာပေါ့ …
၃- တခြားဘာသာစကားတစ်ခုခုတတ်ထားတော့ ဆေးပညာဗဟုသုတ/ ဆောက်လုပ်ရေးပညာ/စီးပွါးရေး/ကားအကြောင်း အစရှိသဖြင့်ကို အင်တာနက်ကနေ လေ့လာလို့ရတာပေါ့
၄- ကိုယ်က ကျွမ်းကျင်မှုရှိသွားရင် သူများကို ပြန်ပီး စာပို့ချလို့ရတယ်
ဒါကြောင့် စိတ်ဝင်စားရင် လာရောက် သင်ကြားဖို့ အကြံပြုပါတယ်ရှင့် …
Basic N5အပြတ် -၁၅၀၀၀၀ကျပ် ( hiragana/katakana/kanji/reading/listening/writing)
N4 အပြတ် - ၁၈၀၀၀၀ကျပ် hiragana/katakana/kanji/reading/listening/writing)
N3 အပြတ် - ၂၅၀၀၀၀ကျပ် ( kanji /reading/writing/listening)
27/02/2022
ဒီနေ့မှာတော့🇯🇵ဂျပန်နိုင်ငံသွားလိုသူများအတွက်မသိမဖြစ်သိထားသင့်တဲ့visa_4မျိုးအကြောင်း🇯🇵ပြောပြချင်ပါတယ်
1.Work Visa✅
ဒီဗီဇာကိုတော့ပညာရှင် ဗီဇာလို့ဆိုကြပါတယ်
ဥပမာ IT နည်းပညာရှင်များ အင်ဂျင်နီယာများသွားကြသော ဗီဇာဖြစ်ပါတယ် ဗီဇာသက်တမ်းကတော့ ၅နှစ်ရပါတယ် တခြားဗီဇာနဲ့မတူတဲ့ ထူးခြားချက်က မိသားစုခေါ်လို့ရပါတယ်
💰လစာအနေနဲ့ကြည့်ရင်လည်း ၂၂သောင်းကနေ ၂၄သောင်းလောက်ထိ ရပါတယ်
ဒီဗီဇာနဲ့သွားဖို့ ဘာတွေလိုလဲဆိုရင် ဂျပန်စာအနည်းဆုံး N3ကနေ N2 ကြားလိုပါတယ်။
2.Training Visa✅
ဒီဗီဇာကိုတော့ လုပ်သား ဗီဇာလို့ခေါ်ကြပါတယ် လုပ်ငန်းအမျိုးအစားတွေကတော့ ချည်လုပ်ငန်း ထမင်းဘူးလုပ်ငန်း စက်ရုံလုပ်ငန်းတွေပဲဖြစ်ပါတယ်
ဗီဇာသက်တမ်းကတော့ ၃နှစ်ရပါတယ်မိသားစုတော့ ခေါ်လို့မရပါဘူး
လစာအနေနဲ့ကတော့ ၁၆သောင်းကနေ ၁၈သောင်းလောက်ထိရပါတယ်
ဒီဗီဇာနဲ့သွားဖို့ ဘာတွေလိုလဲဆိုရင် ဂျပန်စာ N4လောက်တော့လိုပါတယ်
3.Tokutei Visa✅
ဒီvisaကိုတော့ ကျွမ်းကျင်လုပ်သားဗီဇာလို့ခေါ်ကြပါတယ် လုပ်ငန်းအမျိုးအစားတွေကတော့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး စားသောက်ကုန်လုပ်ငန်း
ဟိုတယ်လုပ်ငန်းတွေပဲ ဖြစ်ပါတယ် ဗီဇာသက်တမ်းကတော့၅နှစ်ရပါတယ် လစာအနေနဲ့ကတော့ ၁၈သောင်းမှ ၂၀သောင်းထိ ရပါတယ်
ဒီဗီဇာနဲ့သွားဖို့ ဘာတွေလိုလဲဆိုရင် ဂျပန်စာအနိမ့်ဆုံး N4အောင်ရပါမယ် N3ရှိရင်တော့ပိုကောင်းပါတယ် အဲ့ဗီဇာရဖို့ လုပ်ငန်းဆိုင်ရာ စာမေးပွဲလည်း ထပ်ဖြေရပါတယ်အဲ့စာမေးပွဲအောင်မှ သွားရပါတယ် 👈👈
4.Student Visa✅
ဒီဗီဇာကတော့ ကျောင်းသားဗီဇာပဲဖြစ်ပါတယ်အချိန်ပိုင်းအလုပ်လုပ်ရင်း ကျောင်းတက်ရတာဖြစ်ပါတယ်
ကျောင်းတွေကတော့ Language School (ဘာသာစကားကျောင်း) Senmon Gakkou(ကောလိပ်ကျောင်း)
Daigaku (တက္ကသိုလ်)တို့ပဲဖြစ်ပါတယ်
📚ဘာသာစကားကျောင်းကတော့ ၂နှစ်တက်ရပါတယ် ကြိုးစားလို့၂နှစ်ပြီးရင် အနည်းဆုံး ဂျပန်စာN2အဆင့်ထိရောက်နိုင်ပါတယ်
ကုန်ကျစရိတ်ကတော့ ကိုယ်ရွေးတဲ့ကျောင်းပေါ်မူတည်ပါတယ်
📚ကောလိပ်ကျောင်းကတော့ ၂နှစ်ကနေ ၃နှစ်လောက်တက်ရပါတယ် ကောလိပ်ကျောင်းဝင်ဖို့ဆိုရင် ဘာသာစကားကျောင်းရဲ့ရမှတ်အခြေအနေ ဂျပန်မှာနေထိုင်ခဲ့တဲ့ အခြေအနေတွေကို ကြည့်ပြီးဝင်ခွင့်အကဲဖြတ်ပါတယ်
ကျောင်းပြီးရင်
ဥပမာကုမ္ပဏီတို့
ကိုယ့်ရွေးချယ်ထားတဲ့ဘာသာရပ်နဲ့ကိုက်ညီတဲ့ အလုပ်ကို ရရှိပါတယ်
📚တက္ကသိုလ်ကတော့ ၄နှစ်တက်ရပါတယ် တက္ကသိုလ်ဝင်ဖို့ဆိုရင် အနိမ့်ဆုံး ဂျပန်စာ N2 သို့မဟုတ် N1လိုအပ်ပါတယ် တခြားသော အင်္ဂလိပ်စာစွမ်းရည်တွေလည်းလိုအပ်ပါတယ် EJU အမှတ်တွေလည်း လိုအပ်ပါတယ်
တက္ကသိုလ်ပြီးရင်တော့ ဂျပန်မှာရှိတဲ့ အကြီးစား ကုမ္ပဏီတွေမှာ အလုပ်လျောက်လို့ရပါတယ် အခွင့်အလမ်းလည်းပိုများပါတယ်
ကျောင်းတွေရဲ့ကုန်ကျစရိတ်ကတော့ ကိုယ်ရွေးချယ်တဲ့ကျောင်းပေါ်မူတည်ပါတယ်
⌚ကျောင်းတက်ရင် အချိန်ပိုင်းအလုပ်လုပ်ဖို့လိုအပ်ပါတယ် အချိန်ပိုင်းအလုပ်ကတော့ တစ်ရက်၄နာရီနှုန်းနဲ့တစ်ပတ်၂၈နာရီ လုပ်ခွင့်ရှိပါတယ်
ကျောင်းပြီးရင်တော့ ဂျပန်နိုင်ငံရဲ့ အကြီးစားကုမ္ပဏီတွေ ကိုယ်အားသာရာ လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်
🏆အားလုံးပဲ မိမိလိုရာပန်းတိုင်ကိုအရောက်သွားနိုင်ဖို့ မိမိနဲ့သင့်တော်တဲ့ visaများကို ရွေးချယ်နိုင်ကြပါစေ🏆
24/02/2022
N2 grammar 🥰
self study လုပ်နေတဲ့သူများအတွက်❣️
🙏🙏🙏ဒီနေ့ကတော့ ဂျပန်စာကိုစိတ်ဝင်စားလို့လေ့လာနေတဲ့သူတွေ၊ ဂျပန်ကိုလာချင်ကြတဲ့သူတွေအတွက် ဘယ်လိုနည်းလမ်းတွေ၊ ဘယ်လိုvisaအမျိုးအစားတွေရှိလဲ ၊ အဲ့ထဲကမှ မိမိနဲ့ကိုက်ညီတာကိုဘယ်လိုရွေးချယ်ပြီးလာနိုင်မလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်။
🍓မြန်မာနိုင်ငံကနေ ဂျပန်ကိုလာတဲ့အခါ ဂျစ်ရှူးဆေးဗီဇာ၊ တိုခုတေးဗီဇာ၊ ကျောင်းသားဗီဇာ၊ အလုပ်ဗီဇာ၊ မှီခိုဗီဇာ၊ ဂျပန်လူမျိုးနဲ့လက်ထပ်ပြီးအိမ်ထောင်ဖက်ဗီဇာကနေ နိုင်ငံသားခံယူခြင်း စသဖြင့် ဗီဇာအမျိုးအစားတွေအများကြီးရှိပေမယ့် လက်ရှိဂျပန်စာလေ့လာနေတဲ့လူငယ်တွေကြားမှာ အပြောများနေတဲ့ ဗီဇာ (၄)မျိုးအကြောင်းကိုရှင်းပြပေးမှာဖြစ်ပါတယ်။
(၁) ဂျစ်ရှူးဆေးဗီဇာ
(၂) တိုခုတေးဗီဇာ
(၃) Student Visa
(၄) Work Visa တို့ဖြစ်ပါတယ်
အကုန်လုံးကိုတစ်ခါထဲပြောပြမယ်ဆိုရင် စာအရမ်းရှည်သွားမှာမလို့ တစ်ခုချင်းစီကိုအပိုင်း(၁)ပိုင်းစီခွဲပြီးရှင်းပြပေးပါ့မယ်
(၁) ဂျစ်ရှူးဆေးဗီဇာ(Training Visa)
ဂျစ်ရှူးဆေး(Training visa)ဆိုတာကတော့ ဂျပန်ကုမ္ပဏီသူဌေးက မိိမိလုပ်ငန်းမှာအလုပ်သမားလိုတဲ့အခါ ခုမိအအိနဲ့တိုင်ပင်ပြီး မြန်မာနိုင်ငံက အေဂျင်စီထံ အလုပ်ခေါ်စာပို့ပါတယ်။ ခုမိအအိဆိုတာက ဂျစ်ရှူးဆေးဗီဇာနဲ့ အလုပ်လုပ်မယ့်သူတွေဂျပန်ရောက်လာတဲ့အခါ သူတို့ရဲ့ကိစ္စအဝဝကိုတာဝန်ယူဖြေရှင်းပေးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ မြန်မာဘက် အေဂျင်စီက ရလာတဲ့အလုပ်ခေါ်စာနဲ့ အင်တာဗျူးဖြေချင်တဲ့သူတွေကိုစုဆောင်းပါတယ် အရင်ကတော့ဂျပန်သူဌေးက မြန်မာကိုလူကိုယ်တိုင်လာပြီးအင်တာဗျူးတတ်ပေမယ့် အခုတော့onlineနဲ့ပဲအင်တာဗျူးတာတွေလဲရှိပါတယ်။ အင်တာဗျူးအောင်ပြီဆိုတာနဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေ ဗီဇာကိစ္စတွေကိုဆောင်ရွက်ပါတယ်။ လိုအပ်တဲ့အတန်းပညာအရည်အချင်းကတော့အထူးတလည်သတ်မှတ်ထားတာမျိုးမရှိပါဘူး။ ဂျပန်စာသေချာလေ့လာပြီးအင်တာဗျူးမှာ ကြိုးစားချင်တဲ့စိတ်ကိုပြသပေးရင် အောင်နိုင်ပါတယ်။
ဂျစ်ရှူးဆေးဗီဇာစာချုပ်ကတော့ (၃)နှစ်ဖြစ်ပါတယ် ။(၃)နှစ်ဗီဇာဖြစ်တဲ့အတွက် ၃နှစ်အတွင်းအလုပ်ပြောင်းလို့မရပါဘူး။ (၃)နှစ်ပြည့်ပြီးနောက်ဂျပန်မှာအလုပ်ဆက်လုပ်ချင်ရင်တော့ နောက်ထပ် ၂ နှစ်သက်တမ်းတိုး
(သို့မဟုတ်) တိုခုတေးဂိနိုးနဲ့အလုပ်ပြောင်းပြီး ၅ နှစ်ဗီဇာနဲ့ အလုပ်ထပ်လုပ်လို့ရပါတယ်။
ဘာလုပ်ငန်းအမျိုးအစားတွေနဲ့သွားလို့ရလဲဆိုလျှင်တော့ လုပ်ငန်းပေါင်း
၈၅မျိုးအထိရှိပါတယ်။အဓိကလုပ်ငန်းတွေကတော့ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ မွေးမြူရေး၊ စားသောက်ကုန်ထုတ်ပိုး၊ ရေထွက်ပစ္စည်း၊ချည်မျှင်၊စက်ပစ္စည်းထုတ်လုပ်ရေး၊တပ်ဆင်ရေး၊ကြွေထည်၊ပရိဘောဂ၊ပလက်စတစ်၊ဝရိန်၊ဆေးမှုတ်၊ဘိုးဘွားစောင့်ရှောက်ရေး စတာတွေပဲဖြစ်ပါတယ်။
ဂျပန်ကိုtraining visaနဲ့သွားမယ်ဆို ကုန်ကျစရိတ်ကတော့ USD ၂၈၀၀ပါ။လစာကတော့ အလုပ်နေရာဒေသရဲ့တစ်နာရီ အခြေခံ လုပ်ခလစာနဲ့တွက်ပေးတာများပါတယ်။
Training Visaနဲ့သွားမယ်ဆိုရင် သတိထားရမယ့်အချက်တွေကတော့ ယုံကြည်ရတဲ့အေဂျင်စီရှာဖို့နဲ့ လုပ်ငန်းအမျိုးအစား လုပ်ခလစာ ခံစားခွင့်ကိုသေချာကြည့်ပြီးမှ စာချုပ်ချုပ်ဖို့ဖြစ်ပါတယ်။
သုံးနှစ်စာချုပ်ဖြစ်တဲ့အတွက် တစ်ခုခုအဆင်မပြေဖြစ်ရင်တောင်အလုပ်ပြောင်းလို့မရတာမလို့ စာချုပ်စာတမ်းကိုသေချာဖတ်ပြီး သေချာစဉ်းစားပြီးမှ လက်မှတ်ထိုးဖို့အကြံပေးချင်ပါတယ်ရှင်။
ကျန်တဲ့ဗီဇာတွေကိုလဲနောက်အပိုင်းတွေမှာ ဆက်လက်ပြောပြပေးမှာမလို့ pageကိုlike & follow လုပ်ထားပြီး စောင့်ကြည့်ပေးပါနော်။
အိုမိခရွန်လက္ခဏာများ
🍇鼻水(はなみず) → နှာရည်ယိုခြင်း
🍇鼻詰まり(はなづまり) → နှာပိတ်ခြင်း
🍇くしゃみ → နှာချေခြင်း
🍒喉の痛み(のどのいたみ) → လည်ချောင်းနာခြင်း
🍒目のかゆみ(めのかゆみ) → မျက်လုံးယားခြင်း
🍒関節痛(かんせつつう) → အဆစ်အမြစ်များနာကျင်ခြင်း
🍒せき → ချောင်းဆိုးခြင်း
🍒頭痛(ずつう) → ခေါင်းကိုက်ခြင်း
🍒 高熱(こうねつ) → အဖျားတက်ခြင်း
🍒倦怠感(けんたいかん) → ပင်ပန်းနွမ်းနယ်ခြင်း
🍒呼吸困難(こきゅうこんなん) → အသက်ရှုခက်ခဲခြင်း
🍒全身のだるさ(ぜんしんのだるさ) → ခန္ဓာကိုယ်တစ်ခုလုံးနာကျင်ကိုက်ခဲခြင်း။
🙏ကျန်းမာသုခပြည့်စုံကြပါစေ
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
ဗိုလ်ချုပ်အောင်ဆန်းလမ်း
Bago