05/05/2026
Trs တို့
ဆရာတို့ ဆရာမတို့တွေ သင်ကြားရေးအတွက် တိုးတက်စေမဲ့ ဗဟုသုတရစေမဲ့ အကြောင်းအရာလေးတွေ မျှဝေပေးပါမယ်ရှင့် 😍
05/05/2026
Trs တို့
01/05/2026
Trs တို့ သင်ကြားရေးအတွက် အသုံးဝင်စေတဲ့ Website ၃ခု မျှဝေပေးလိုက်ပါတယ်
Khin Sharing English
07/04/2026
ဆူညံနေတဲ့ စာသင်ခန်းကို ခုထိ *တိတ်တိတ်နေကြဖို့* အော်နေရတုန်းလား ?
ဒါဆို ဒီနေ့မှာတော့ စာသင်ခန်းအတွင်း ဘယ်လိုတွေ ထိထိရောက်ရောက်ဖြစ်အောင် ချယ်တို့တွေ ဘယ်လိုလုပ်လေ့ရှိလဲ ဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင့်
1️⃣ To establish a Routine
အတန်းအသစ်စတဲ့နေ့မှာပဲ သင်တန်းစည်းကမ်းတွေ Do & Don’t တွေကို နားလည်လွယ်အောင် ပြောပြထားပါတယ်
2️⃣ Use a point system or Award System
အတန်းတွင်း Points လေးတွေ များရင် Stickers လေးတွေ ဆုချတာမျိုးတွေ လုပ်ပါတယ်
3️⃣ Use Chants or Count down
Chants ဆိုလိုက်တာမျိုး
54321 လို့ ချယ်က နှုတ်ကဆိုတာမျိုး ဒါမှမဟုတ် လက်ချောင်းလေးတွေ နဲ့ ပြလိုက်ရင် အားလုံး 🤫 quiet လုပ်ရမယ် ready to learn လုပ်ရမယ်ဆိုတဲ့ သဘောပါ။
4️⃣ Structure your lesson well
အတန်းမဝင်ခင် lesson plan တွေ teaching aids တွေ materials တွေ ပြင်ဆင်ထားဖို့ပါ ။ ဒါမှ well - prepared ဖြစ်ပြီး manage ကောင်းကောင်း လုပ်နိုင်မှာပါ။
5️⃣ Non - verbal cues
နှုတ်က ဘာမှမပြောဘဲ မျက်နှာအမူအရာနဲ့ပဲ တိတ်ဆိတ်ဖို့ အရိပ်အမြွက်ပေးတာပါ။
ဒီနည်းလမ်းတွေက တီချာတို့ စာသင်ခန်း
တွင်း ထိရောက်စေမဲ့ နည်းလမ်းတွေ ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ်။
ချစ်ခင်ရတဲ့
တီချယ်ခင်
management strategies
khin
ဒီ Website လေးကနေ 120-hour
Self - paced learning လုပ်ပြီး TEFL Certificate ရယူလ်ို့ရပါတယ်နော်
NLP ကိုသိထားရင် တီချာတို့ သင်ကြားရေးအတွက် အထောက်အကူဖြစ်စေသလား ?
ဒါဆို NLP ဆိုတာက ဘာလဲ ?
NLP ကတော့
N - Neuro ( think )
L - Linguistics ( language)
P - Programming ( behave)
Neuro Linguistics Programming ဖြစ်ပါတယ်။
- Psychology & neurology ရဲ့ အခြေခံအုတ်မြစ်ဖြစ်ပြီး ဦးနှောက်ရဲ့
အလုပ်လုပ်တဲ့ပုံစံနဲ့ ဦးနှောက်ကို ရည်ရွယ်ချက်ရှိရှိ ပိုကောင်းအောင် လေ့ကျင့်ယူနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်
- ဒါကြောင့် ငယ်စဉ်ကတည်းက Left brain / right brain 🧠 training တွေလုပ်ပေးနေကြတာ မြင်ဖူးမှာပေါ့နော် ။
သင်ကြားရေးမှာဆိုရင်တော့
- ကျောင်းသူ၊ကျောင်းသားတွေနဲ့ တီချာတို့ ကြားက ဆက်ဆံရေး ပိုကောင်းစေဖို့
- လေ့လာသင်ကြားတဲ့အခါ ပိုပြီးထိရောက်စေဖို့
NLP က သိပ်ကိုအသုံးဝင်လှပါတယ်။
1. NLP မှာ ပထဆုံးသိရမှာက Rapport ( Connection) ပါ
- တီချာတို့ဘာသာ မိုးပျံအောင် တော်နေပါစေ ကျောင်းသားတွေနဲ့ Rapport မကောင်းရင် သင်ကြားသင်ယူမှု
မအောင်မြင်နိုင်ပါဘူး။
- အဲ့တော့ ကိုယ့်ကျောင်းသားတွေရဲ့ tone , speed, body language တွေနဲ့ တီချာတို့ သင်ကြားပေးတဲ့ strategy နဲ့ ကိုက်ညီဖို့လိုပါမယ်
ဥပမာ Beginner level အတန်းမှာ စကားလုံး အမြင့်ကြီးတွေနဲ့ instruction ပေးမဲ့အစား Trs တို့ရဲ့ choice of words ကို grading လုပ်ပြီး သင်ဖို့လိုပါမယ်။
- ပြုံးဖို့နဲ့ eye contact ကလဲအရေးကြီးပါတယ်
ဥပမာ တင်းလွန်းတဲ့ကြိုးပျက်တတ်သလ်ို လျော့တိလျော့ရဲလဲ ဖြစ်စရာတော့မလိုပါဘူး
အတန်းပြင်ပမှာ စိတ်ညစ်စရာတွေ ရှိနေပေမဲ့လဲ စာသင်ခန်းထဲရောက်ရင် အပြုံးလေးနဲ့ စတင်လိုက်တာက ကျောင်းသားတွေ သင်ယူတဲ့အခါ ပိုပြီးသက်တောင့်သက်သာ ခံစားရစေပြီး
တီချာတို့နဲ့ Rapport ပိုကောင်းလာစေပါတယ်။
2. Sensory Learning Styles
ကျောင်းသားတွေက မတူညီတဲ့စတိုင်မျိုးစုံနဲ့ သင်ယူကြတယ် ဆိုတာ တီချာတို့က သိဖို့လိုအပ်ပါတယ်
အဲ့တော့ အရင်ခေတ်တွေကလို Teaching method ပုံစံတစ်မျိုးထဲ သုံးနေလို့မရတော့ပါဘူး ။
- VAK ကို တီချာတို့ သိထားရင်နည်းလမ်းမျိုးစုံ သုံးနိုင်ပါတယ်။
V - Visual ( အမြင်နဲ့လေ့လာရင် ပိုရတဲ့ သူမျိုး )
ဥပမာ ပုံတွေ video တွေ ကြည့်ပြီး မြင်ရမှ စာပို မှတ်မိနိုင်တာမျိုး
A - Auditory ( နားထောင်ပြီး သင်ယူတာ)
ဥပမာ discussion တွေ music ကနေ သင်ယူတာပေါ့
ဒို့တွေငယ်ငယ်က သူများစာကျက်တာ ဘေးက သူက နားထောင်နေရင်း နားထောင်တဲ့သူ စာအလွတ်ရသွားကြတာ မြင်ဖူးကြမှာပေါ့
K - Kinesthetic ( ထိတွေ့ ကိုင်ကြည့် ကိုယ်တိုင် လှုပ်ရှားပြီး လေ့လာတဲ့သူမျိုး)
ကလေးငယ်တွေရဲ့ လက်ကလေးတွေ သန်မာအောင် စာမရေးခင် သင်ရင် သိပ်အသုံးဝင်တာပေါ့
ဥပမာ အသီးတွေကိုယ်တိုင် ကိုင်ကြည့်ပြီး သင်ယူတာမျိုးပေါ့
Animals တွေသင်လို့ lion အစစ် ကြီးကိုတော့ က်ိုင်ခိုင်းလို့ မရဘူးပေါ့နော် 🤭 ( အဲ့ကျ အရုပ်တွေ သုံးပြီးသင်လို့ရပါတယ်)
3. Positive Language အပြုသဘောဆောင်တဲ့စကားလုံးတွေကို ပြောပေးတာပေါ့။
ဥပမာ * You are wrong * လို့ ပြောမဲ့အစား * Try again, you can do it* လို့ ပြောတာမျိုးပေါ့
ဘယ်အသက်အရွယ်မဆို ချီးကျူးစကားလေး ပြောခံရရင် ပျော်ကြတာပဲလေနော်
စိတ်လေးက ပျော်နေရင်
ဘာလေးပဲသင်သင် ပိုမှတ်မိတာပေါ့နော်။
4. Anchoring
- ခံစားချက်တွေချိတ်ဆက်ကြတာပေါ့
အတန်းရဲ့အစမှာ fun game လေးနဲ့စလိုက်တာမျိုးပေါ့
အစကောင်းတော့ အနှောင်းသေချာ ဆိုသလို သင်ခန်းစာအစမှာ ပျော်နေတော့ သင်ခန်းစာတိုင်း စိတ်ပါနေတာမျိုးပေါ့
5. Modeling
ဆရာ၊ဆရာမဆိုတာ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ role model ဖြစ်နေဖို့ဆိုရင်
- Good pronunciation
- Good behavior
- Confidence ရှိနေဖို့လိုပါတယ်
အနှစ်ချုပ်ရရင်တော့ အပေါ်က
အချက်တွေ ဘယ်နှစ်ချက်လောက်က
တီချာတို့ စာသင်ခန်းထဲ မှာ အရင်တည်းက အသုံးပြုနေခဲ့ပြီလား
နောင်လာမဲ့အတန်းတွေမှာ ဘယ်အချက်တွေကို ထည့်သွင်းအသုံးပြုသွားမလဲဆိုတာ
တီချာတို့ reflection လေး လုပ်ကြည့်ကြပါနော်
📖 စာလေးဖတ်ပြီး ဉာဏ်အလင်း ပွင့်ပြီးအကျိုးရှိစေဖို့ မျှော်လင့်ပါတယ်။
ချစ်ရတဲ့
တီချယ်ခင် 🌹
teacher -teacher Khin’s way
🥰 လွတ်လပ်စွာ မျှဝေနိုင်ပါတယ်
( 📌 Copy ကူးတင်ခြင်း ခွင့်မပြုပါရှင့်)
22/03/2026
တီချာတို့က
British Accent နဲ့ သင်ပေးမှာလား 🇬🇧
American Accent နဲ့ သင်ပေးမှာလား 🇺🇸
အဲ့သလို ကျောင်းသားတွေ မိဘတွေဆီက စကားသံတွေကြောင့် အခက်အခဲ ခံစားနေရတဲ့ တီချာတို့တွေ အတွက် ချယ်ခင်နဲ့အတူ ဒီစာလေး အဆုံးထိဖတ်ပြီး အဖြေသွားရှာကြရအောင်🧐
ဒီနေ့ခေတ်မှာကလေ အင်္ဂလိပ်လို ပြောဆိုကြတာက UK / USA စတဲ့ နိုင်ငံတွေ အပြင် ကမ္ဘာအလွှားက သန်းပေါင်းများစွာသော နိုင်ငံတွေဖြစ်တဲ့- မြန်မာ ၊ စင်ကာပူ၊ ဖိလစ်ပိုင် စတဲ့ လူပေါင်းစုံကနေပြောဆိုနေကြတာပါ။ အဲ့တာကြောင့်
အင်္ဂလိပ်ဘာသာစကားမှာက မတူညီတဲ့ပုံစံတွေ လေယူလေသိမ်းတွေ စတိုင်တွေ မျိုးစုံရှိနေတာပေါ့ 🤨
Global English ဆိုတာက အင်္ဂလိပ်လို ပြောရင် တစ်မျိုးထဲ စာအုပ်ကြီးအတိုင်း ပုံသေ တသတ်မတ်ထဲ မှန်တယ် ဆိုတာ မရှိပါဘူး
အဲဒီအစား အင်္ဂလိပ်ဘာသာစကားက အသုံးပြုတဲ့သူတွေပေါ် မူတည်ပြီး ပြောင်းလဲသလ်ို လိုက်လျောညီထွေ မှုရှိရပါမယ်။
ဥပမာ ဩစတြေးလျက သူနဲ့ စင်ကာပူကသူက အင်္ဂလိပ်လိုပြောဆိုဆက်ဆံကြတယ်ဆိုပါစို့။ ဒါပေမဲ့ နှစ်ဦး
နှစ်ဖက်က လေယူလေသိမ်းမတူပေမဲ့
ပြောဆိုကြတာ အချင်းချင်းနားလည်ကြတယ်ဆိုရင် communication အောင်မြင်ကြတယ် ဆိုနိုင်ပါတယ်။
တီချာတို့အနေနဲ့ မိမိရဲ့ကျောင်းသားတွေက အင်္ဂလိပ်လို
တယောက်နဲ့တယောက်က ပုံစံ မတူဘဲ ပြောဆို
ဆက်ဆံနေတာကို နားလည်ပေးဖို့ အရေးကြီးပါတယ်နော် ။
ဘာကြောင့်လဲဆိုရင် မတူညီတဲ့ဝေါဟာရတွေ မျိုးစုံကွဲပြား တဲ့ လေယူလေသိမ်းဝဲဝဲတွေရယ်က သူတို့ရဲ့ local language နဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ရောနေတာ ဖြစ်နိုင်ပါတယ်။
ဥပမာ - မြန်မာဘာသာစကားကို ရှမ်းသံဝဲဝဲလေးနဲ့ ချစ်စဖွယ် ပြောတာမျိုးပေါ့ကွယ် ။😍
👉 တီချာတို့က Global English ကိုနားလည်တဲ့အခါ
- အင်္ဂလိပ်လ်ိုမတူကွဲပြားတာကို လေးစားမှုရှိလာမယ်
- ပြီးပြည့်စုံဖို့ထက် ပြောဆိုဆက်ဆံတာကို ပိုပြီးအာရုံစိုက်လာမယ်
- ကျောင်းသားတွေရဲ့ ယုံကြည်မှု ပိုတိုးလာမယ်
- အင်္ဂလိပ်ဘာသာစကားက လူတိုင်းနဲ့
ဆိုင်တယ် ပိုင်တယ်
- အင်္ဂလိပ်ဘာသာစကားက ကမ္ဘာသုံး ဖြစ်တယ် နိုင်ငံခြားသားတွေပဲ ပိုင်တာမဟုတ်ဘူး
- မတူညီတဲ့ လေယူလေသိမ်းတွေ စတိုင်တွေက ပုံမှန်ပဲဆိုတာ တန်ဖိုးထားတတ်လာပါမယ်
👉 တီချာတို့က သင်ကြားတဲ့အခါမှာလဲ
- ကျောင်းသားတွေကို အမှားကိုမကြောက်ဘဲ ပြောရဲဖို့ ခွန်အားပေးနိုင်လာမယ်
- မတူညီတဲ့လေယူလေသိမ်းတွေကို မြင်သာအောင် ပြန်ိုင်လာမယ် ( ဥပမာ ဗီဒီယိုတွေ နားထောင်ခြင်း စသဖြင့်)
- လက်တွေ့အသုံးဝင်တဲ့ ပြောဆိုဆက်ဆံတဲ့နည်းလမ်းကောင်းတွေ သင်နိုင်လာမယ်
- native လိုအသံထွက် ပုံစံတွေနဲ့ အတင်းကြီး အတုခိုးတာမျိုး မလုပ်တော့ဘဲ natural ကျကျ ပြောလာနိုင်မယ်
👉 အနှစ်ချုပ်ရရင်တော့
Global English ဆိုတာက မတူကွဲပြားပြီး အမြဲပြောင်းလဲနိုင်တယ် ။
တီချာတို့ကလဲ မိမိကျောင်းသားတွေကို ယုံကြည်မှုရှိရှိနဲ့ လက်တွေ့ကျကျ ပြောဆိုဆက်ဆံနိုင်အောင် သင်ကြားပေးဖို့က ပိုပြီး အရေးကြီးပါတယ်
မတူညီကွဲပြားတဲ့ စကားပြောပုံစံတွေကို လက်ခံ
ခြင်းအားဖြင့် ပိုကောင်းပြီးထိရောက်တဲ့ စာသင်ခန်းလေး ဖန်တီးနိုင်ကြပါစေလို့
ချယ်ခင်က ဆုတောင်းပေးလိုက်ပါတယ်။
စာလေးအဆုံးဖတ်ပြီး တီချာတို့လိုချင်တဲ့ အဖြေလေး ရမယ်လို့လဲ မျှော်လင့်ပါတယ်။ 🫶🏻
ချစ်တဲ့
တီချယ်ခင်
Englishes
in Teacher Training
Teacher - Teacher Khin’s Way
10/01/2026
🫶🏻
17/10/2025
Last day of TKT — full of smiles, learning, and memories.
Teaching teachers, shaping futures. So proud to see their progress throughout the TKT course!