Teacher's Mailbox

Teacher's Mailbox

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Teacher's Mailbox, Education, Bago.

Photos from Teacher's Mailbox's post 05/02/2021

ပြိုင်တူတွန်းလျှင်ရွှေ့နိုင်ပါသည်။

03/02/2021

♦️ကျွန်တော်သည် ပညာရေးဝန်ထမ်းဆရာတစ်ဦးဖြစ်ပါသည်။

♦️မိမိတို့ ဆန္ဒမဲပေးခဲ့သော အစိုးရသည်သာ တစ်ခုတည်းသော တည်မြဲအစိုးရဖြစ်ပြီး စစ်အုပ်စု၏ အသစ်ဖွဲ့စည်းသော အစိုးရအဖွဲ့ဝင်များကို အယုံအကြည်မရှိ လက်မခံပါ။

♦️ ထို့ကြောင့် Civil disobedience လုပ်နေတဲ့
အစိုးရ ဝန်ထမ်း ဆရာ၊ဆရာမများနဲ့ အတူ ရပ်တည်သွားမှာဖြစ်ပါသည်။

♦️ပြည်သူ့ရွေးကောက်ခံ အစိုးရလက်အောက်တွင်သာ အလုပ်လုပ်ပါမည်။
ဆရာ၊ဆရာမများအားလုံးလည်း ပူးပေါင်းပါဝင်စေလိုပါသည်။





25/01/2021

ဆရာ ၊ ဆရာမများဖြစ်ကြသည့်အလျောက် မေးလာရင် ဖြေနိုင်အောင် ဖတ်ကြည့်ထားပေးပါ။

မိမိတို့ထိုးရမည့် ကိုဗစ်ကာကွယ်ဆေးနှင့်ပတ်သက် ၍ သိသင့်သည်များ
------------------ဒေါက်တာခင်မိုးမိုး

ကျွန်မတို့ နိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး တစ်သန်းခွဲ( လူဦးရေ ခုနှစ် သိန်းခွဲစာ) စတင်ရရှိပြီ ဖြစ်တာကြောင့် ဒီလ ၂၆ ရက်နေ့ကစတင်ပြီး နိုင်ငံအတွက် ပထမအဆင့် ဦးစားပေးအုပ်စုထဲမှာ ပါဝင်သူတွေက ကာကွယ်ဆေးကို ပထမအကြိမ်ထိုးကြရတော့မှာ ဖြစ်ပါတယ်။ ဒုတိယအကြိမ်ကို ပထမအကြိမ်ထိုးပြီး ၂၈ ရက်အကြာမှာ ထပ်မံထိုးရမှာ ဖြစ်တဲ့အတွက် ကိုဗစ် ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သိသင့်တာတွေ ရှိမှာမို့ ဖော်ပြပေးလိုက်ပါတယ်။

#ကာကွယ်ဆေးထိုးခြင်း၏အကျိုးကျေးဇူး။
- ကာကွယ်ဆေးထိုးထားတာကြောင့် ကိုဗစ် -၁၉ ရောဂါ ဖြစ်နိုင်ခြေ နည်းပါးသွားပါတယ်။
- အကယ်၍ ကိုဗစ်ရောဂါ ကူးစက်ခံရရင်လည်း သာမန်လောက်သာခံစားရပြီး ပြင်းထန်စွာ မဖြစ်နိုင်တော့ပါဘူး။
- သင်က ကာကွယ်ဆေး ထိုးထားတာကြောင့် သင်ပတ်ဝန်းကျင်က လူတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။
- ရောဂါ ကူးစက် မခံရပဲ မဖျားမနာပဲ သာဘာဝ အလျောက် ကိုယ်ခံစွမ်းအားရစေနိုင်ပါတယ်။
- ကာကွယ်ဆေးက ကပ်ရောဂါ အတွက် အရေးကြီးတဲ့ လက်နက်ဖြစ်ပါတယ်။မိမိနိုင်ငံလူဦးရေရဲ့ ၆၀% ဖြစ်တဲ့ လူပေါင်း ၃၃ သန်းလောက်က ကာကွယ်ဆေးကိုနှစ်ကြိမ် ထိုးပြီးသွားရင် လူထုအတွင်း Herd immunity ရရှိပြီး ရောဂါကာကွယ်နိုင်စွမ်း ရရှိနိုင်ပါတယ်။

#ကိုဗစ်ကာကွယ်ဆေးထိုးတာကြောင့်ကိုဗစ်ရောဂါရရှိနိုင်ပါသလား။
မိမိတို့ရရှိမယ့် ကာကွယ်ဆေးက Oxford / AstraZeneca အမျိုးအစား အိန္ဒိယနိုင်ငံထုတ် Covishield ဖြစ်ပါတယ်။
ကိုဗစ်ကာကွယ်ဆေးက ကိုဗစ်ဖြစ်စေတဲ့ သက်ရှိ ဗိုင်းရပ်စ်ပိုးကို အသုံးပြုထားတာ မဟုတ်တဲ့ အတွက် ကိုဗစ်ရောဂါ မရနိုင်ပါဘူး။ ဒါပေမဲ့ ကာကွယ်ဆေးထိုးအပြီး ရက်သတ္တပတ်အနည်းငယ်ကြာမှ ကိုယ်ထဲမှာ ပိုးကို ခုခံစွမ်းအားတက်လာမှာ ဖြစ်တာကြောင့် ကာကွယ်ဆေး မထိုးခင်လေး ဒါမှမဟုတ် ကာကွယ်ဆေးထိုးပြီးပြီးချင်းမှာ ကိုဗစ်ပိုးရှိသူနဲ့ ထိတွေ့မှုရှိသွားရင် ကိုဗစ်ရောဂါ ရရှိနိုင်ပါတယ်။

#ကာကွယ်ဆေးထိုးတာကအန္တရာယ်ရှိနိုင်ပါသလား။ သူ့ကြောင့် ဘာဘေးထွက်ဆိုးကျိုးတွေရရှိနိုင်ပါသလဲ။
ကာကွယ်ဆေးတွေကို စနစ်တကျ စမ်းသပ်ပြီး ပြုလုပ်ထားတာကြောင့် ဆေးထိုးတာက လုံခြုံစိတ်ချရပါတယ်။
ဒါပေမဲ့ ပထမအကြိမ် ဒါမှမဟုတ် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးအပြီးမှာ လူ ၁၀ ယောက်မှာ တစ်ယောက်ကျော်ကျော်ကအောက်ပါ ဘေးထွက်ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။
- ဆေးထိုးထားတဲ့နေရာမှာ နာကျင်ခြင်း၊ နီရဲခြင်း ဒါမှမဟုတ် ရောင်ရမ်းခြင်း။
- အဖျားရှိခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- ခေါင်းကိုက်ခြင်း
- ကြွက်သားနာကျင်ခြင်း
- ချမ်းတုန်ခြင်း
- အဆစ်ကိုက်ခဲခြင်း
- ပျို့ခြင်း၊အန်ခြင်း
ခန္ဓာကိုယ်က ခုခံအားကို တည်ဆောက်နေလို့ ဒီဝေဒနာတွေခံစားရတာပါ။
ဆေးထိုးထားတဲ့နေရာကို ရေခဲကပ်ပေးပါ။အဖျားရှိရင် ရေများများသောက်ပေးပါ။ လေဝင်လေထွက်ကောင်းမွန်တဲ့ ပေါ့ပါးတဲ့ အဝတ်အစားတွေကိုသာဝတ်ဆင်ပါ။ လိုအပ်ရင် ပါရာစီတမောလိုမျိုး အကိုက် အခဲပျောက်ဆေး ကိုသောက်နိုင်ပါတယ်။
ဒီ ဘေးထွက်ဆိုးကျိုးအများစုက ကာကွယ်ဆေး ထိုးအပြီး ပထမ သုံးရက် အတွင်းမှာ ဖြစ်ပေါ်တတ်ပြီး နှစ်ရက် အတွင်း အလွန်ဆုံးတစ်ပတ်အတွင်းမှာ ပျောက်ကင်းသွားနိုင်ပါတယ်။
ကိုဗစ်ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေက ကိုဗစ်ကူးစက်ခံရတဲ့ လက္ခဏာနဲ့ ဆင်တူပါတယ်။ သင့်အနေနဲ့ ကိုဗစ်ပိုးရှိသူနဲ့ ထိတွေ့မှုရှိထားပြီး ကာကွယ်ဆေးထိုးအပြီး ၃ ရက်ကျော် အကြာမှ ဒီလက္ခဏာတွေပေါ်လာရင် ဒါမှမဟုတ် တစ်ပတ်ကျော်ကြာလို့မှ ဝေဒနာတွေ မပျောက်ကင်းခဲ့ရင် ကိုဗစ်ပိုးရှိမရှိ စစ်ဆေးမှု ပြုလုပ်ရပါမယ်။
ကာကွယ်ဆေးထိုးအပြီးမှာ ဓာတ်မတည့်မှု ရှိ မရှိကိုလည်း ၁၅ မိနစ်ခန့် စောင့်ကြည့် ရပါမယ်။

#ကိုဗစ်ကာကွယ်ဆေးကိုမထိုးသင့်တဲ့သူတွေရှိပါသလား။
ဒီကာကွယ်ဆေးကို မထိုးသင့်သူတွေက
- အသက် ၁၈ နှစ်အောက် လူငယ် တွေ
- တစ်ခြားကာကွယ်ဆေးတွေ၊ ထိုးဆေးတွေ၊ သန့်ရှင်းရေးသုံးပစ္စည်းတွေ ၊ အစားအစာတွေနဲ့ ပြင်းထန်စွာ ဓာတ်မတည့်မှု ရှိသူတွေ
- လောလောဆယ် ကိုဗစ်ပိုး ကူးစက်ခံထားရသူတွေ
- နာမကျန်းဖြစ်နေတာကြောင့် ဆေးရုံတက်ပြီး ကုသမှု ခံယူနေရသူတွေ
- ပထမအကြိမ် ကာကွယ်ဆေး ထိုးစဉ်က ဓာတ်မတည့် မှု ဖြစ်ပေါ်သူတွေ
- ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကိုယ်ဝန်ရှိနေတယ်လို့ သံသယဝင်နေသူတွေက ဒီ ကာကွယ်ဆေးကို မထိုးသင့်ပါဘူး။

သွေးမတိတ်ရောဂါရှိသူတွေ ဒါမှမဟုတ် သွေးကျဲဆေးသောက်နေရသူတွေက အထူးသတိထားပြီး ဒီကာကွယ်ဆေးကိုထိုးဖို့ လိုအပ်တာမို့ မိမိမှာ ဒီအခြေအနေတွေ ရှိနေကြောင်း ဆရာဝန် ဒါမှမဟုတ် ကျန်းမာရေး ဝန်ထမ်းကို ပြောပြထားပါ။
ခုခံအားစနစ် ကျဆင်းနေသူတွေ၊ သင်သောက်တဲ့ဆေးဝါးက ခုခံအားစနစ်ကို အားပျော့စေတဲ့သူ (ဥပမာ စတီးရွုက်ဆေး၊ ကင်ဆာကုသဆေး၊ ကိုယ်တွင်းအင်္ဂါအစားထိုးရသူတွေ သောက်ရတဲ့ဆေး )တွေက ဒီကာကွယ်ဆေးကို ထိုးနိုင်ပါတယ်။
ဒီကာကွယ်ဆေးကို တစ်ခြားကာကွယ်ဆေးတွေ ဥပမာ သားအိမ်ခေါင်းကာကွယ်ဆေး၊ တုပ်ကွေးကာကွယ်ဆေး နဲ့ အနည်းဆုံး ၂ ပတ်ခွာပြီးမှ ထိုးရပါမယ်။

#ကိုဗစ်ရောဂါကူးစက်ခံထားရသူတွေကကိုဗစ်ကာကွယ်ဆေးထိုးဖို့လိုအပ်ပါသလား။
ကိုဗစ်ရောဂါ ကူးစက်ခံဘူးထားသူတွေက ကိုဗစ်အတွက် ကာကွယ်မှု ရရှိသွားတဲ့အတွက် လောလောဆယ်ဆယ် ကာကွယ်ဆေး ထိုးဖို့ မလိုအပ်သေးပါဘူး။ ဒါပေမဲ့ ရောဂါကို ကာကွယ်နိုင်တဲ့ စွမ်းအားက သုံးလအကြာမှာ လျော့ကျလာနိုင်တာကြောင့် ရောဂါ ဖြစ်အပြီးရက် ၉၀ အကြာမှာ ကာကွယ်ဆေး ထိုးဖို့ လိုအပ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးကို ပထမအကြိမ် ထိုးအပြီးမှာ သင့်တင့်သလောက် ကာကွယ်မှု ရရှိနိုင်ပါတယ်။ ပထမအကြိမ်ထိုးအပြီး ၄-၆ ပတ်အတွင်းမှာ ဒုတိယ အကြိမ်ထိုးပါမှ ရေရှည် ကာကွယ်မှုကို ရရှိမှာပါ။ပထမအကြိမ်ထိုးစဉ်က ဘေးထွက်ဆိုးကျိုးတွေ ခံစားရလို့ နောက်တစ်ကြိမ် ထပ်မထိုးတော့ဘူးလို့တော့ မစဉ်းစားလိုက်ပါနဲ့။ နှစ်ကြိမ်ထိုးထားမှ ကာကွယ်နိုင်တဲ့ အစွမ်းကို ရရှိမှာ ဖြစ်ပါတယ်။ဒီအမျိုးအစား တစ်မျိုးထဲကို နှစ်ကြိမ် ထိုးရမှာပါ။

အခုဆိုရင် ပထမအကြိမ် အိန္ဒိယနိုင်ငံက လက်ဆောင်ရထားတဲ့ ကာကွယ်ဆေး တစ်သန်းခွဲ ( လူဦးရေ ခုနှစ်သိန်းခွဲစာ) က ကိုယ့်နိုင်ငံထဲ ရောက်ရှိနေပါပြီ။ ဒုတိယအကြိမ်တစ်သန်းထပ်မံ ပေးဦးမယ်လို့လည်းသိရပါတယ်။ သူတို့ဆီက ကာကွယ်ဆေးပေါင်း သန်း ၃၀ ဝယ်ဖို့ ဂတိကဝတ်ပြုထားတာကလည်း ဖေဖေါ်ဝါရီလထဲမှာ စတင်ရရှိတော့မယ်လို့ သိရပါတယ်။ WHO ကပေးမယ့် လူ ၁၁ သန်းစာ ကာကွယ်ဆေးတွေကလည်း ဧပြီလ ရ ရက် မတိုင်ခင် စတင် ရောက်လာတော့မှာပါ။ ကာကွယ်ဆေး ဝယ်ဖို့ သိန်းပေါင်း ဆယ်၊ ရာ၊ ထောင်၊သောင်း ပေါင်းများစွာကို စေတနာရှင် ပြည်သူတွေက လှူဒါန်း ထားကြတာမို့ မကြာခင်ကာလမှ ကိုယ့်ပြည်သူတွေရဲ့ ၆၀% ကျော် ကာကွယ်ဆေးတွေ ရရှိတော့မှာ ဖြစ်တာမို့ လုပ်ငန်းအားလုံးလည်ပတ်နိုင်တော့မှာပါ။ မိမိကျန်းမာရေးအတွက် စိတ်ကြိုက် ဆေး ကုသခွင့်လည်း ရရှိတော့မှာပါ။ စာသင်ကျောင်းတွေလည်း ပြန်ဖွင့်နိုင်တော့မှာပါ။ တစ်နယ်စီရောက်နေကြလို့ မိသားစုနဲ့ ဆုံတွေ့လိုသူတွေ နဲ့ ခရီးထွက်ချင်နေသူတွေအတွက်လည်း ဆန္ဒ ပြည့်ဝနိုင်တော့မှာပါ။ ကိုဗစ်ကင်းစင်တဲ့ ပန်းတိုင်ရောက်ဖို့ လက်တစ်ကမ်း အကွာမှာ ရှိနေပါပြီး။

ဒါပေမဲ့ ဒီကြားကာလမှာ မိမိက ကာကွယ်ဆေးထိုးထားပြီးတောင်မှ လူထုကြားမှာ Herd immunity မရသေးသ၍ ရောဂါ ကူးစက်နိုင်ပါသေးတယ်။
ဒါ့ကြောင့် အိမ်ပြင်ထွက်ရင် Mask တပ်ရပါဦး မယ်။
လူစုလူဝေးရှိတဲ့နေရာ မသွားပါနဲ့ဦး။
တစ်ယောက်နဲ့တစ်ယောက် ၆ ပေခွာ နေရပါဦးမယ်။
မကြာခဏ လက်ဆေးရပါဦးမယ်။
ခဏ လောက်တော့ ဆက်လက် သီးခံလိုက်ကြပါဦး။

အားလုံးကျန်းမာရေးကောင်းမွန်ပြီး ကိုဗစ်ကင်းစင်ကာ စီးပွားတက်ကျပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Credit
ဒေါက်တာခင်မိုးမိုး။

07/12/2020

ပညာရေးပိုင်းဆိုင်ရာသတင်းများ မှန်ကန်သိ့ကြားစေရေး တိုက်ရိုက်မေးမြန်းချက် Edit; 1:57s(KHKK) 🇲🇲

အခြေခံကျောင်းများ (၁)လပိုင်းသင်ကြား‌ရေးစမည် ဆိုသည် နှင့် ဇန်နဝါရီမှ စက်တင်ဘာလထိ နွေရာသီပိတ်ရက်မရှိ သင်ကြားမည့်အစီစဉ် စသည့် သတင်းများအတွက် သေချာခိုင်လုံအောင် ယနေ့ (3:22min)တွင် ဆက်သွယ်မေးမြန်းရာ ညွှန်ချုပ် ဦးကိုလေးဝင်း၏ သဘောထားသာဖြစ်ပြီး ဝန်ကြီး အတည်ပြုချက်မရှိသေးပါကြောင်း သိ့ရသည်။
အကယ်၍ တတ်ရမည်ဆိုပါက တရားဝင်ထုတ်ပြန်ချက်ချပေးမှာဖြစ်ပြီး ယခုတွင် အစီစဉ်များကို စမ်းသပ် ရေးဆွဲ စီစဉ် ညှိ့နှိုင်းနေခြင်းများသာ ရှိသည်ဟု ပြန်လည်ဖြေကြားပါသည်။

👉Uni များအတွက် မည်သည်သဘောထား ထြတ်ပြန်ချက်မှ မရှိသေးပါ။ စီစဉ် လျာထားသည် များသာရှိပါသည်။

🔕ကျောင်းများပြန်ဖွင့်ရေးသည် ကိုဗစ်ဗဟိုကောမတီနှင့် ဝန်ကြီးသည်သာ အဓိကဖြစ်ကြောင်း သိ့ရသည် ။

🇲🇲မန္တလေးတိုင်းဒေသကြီး ပညာရေးဝန်ထမ်းများပြန်လည် တတ်ရောက်ရန်အမိန့်စာထွက်ပြီး ၊ ကျန်တိုင်းနေရာများ ဆက်လက်ထွက်ရန်ရှိသည် ။

25/11/2020

ဖွဲ့စည်းပုံသစ်အရ ရာထူးတိုး/ပြောင်းတဲ့ DTEd & PPTT

PPTT (မူဆရာဖြစ်လက်မှတ်ရှိသူများ)
👉ထားရှိမည့်ရာထူး> လ/ထမူပြ (၁၈၀၀၀၀)
👉လုပ်သက်(၇)နှစ်ပြည့်> ဒုမူပြ (၁၉၈၀၀၀)
👉လုပ်သက်(၁၀)နှစ်ပြည့်> မူပြ (၂၁၆၀၀၀)
👉BEd တက်ပြီး > ထက်ပြ (၂၁၆၀၀၀)

DTEd (လယ်ဆရာဖြစ်လက်မှတ်ရှိသူများ) နှင့်
B.A(Education) ဘွဲ့ရသူများ
👉ထားရှိမည့်ရာထူး> လ/ထလယ်ပြ (၁၈၀၀၀၀)
👉လုပ်သက်(၂)နှစ်ပြည့်> ဒုလယ်ပြ (၁၉၈၀၀၀)
👉လုပ်သက်(၁၀)နှစ်ပြည့်> လယ်ပြ (၂၁၆၀၀၀)
👉BEd တက်ပြီး > ထက်ပြ (၂၁၆၀၀၀)

မူလတန်းကျောင်းအုပ်များ
👉လုပ်သက်မလို>(၂၁၆၀၀၀)
👉BEd တက်ပြီး> ထက်ပြ (၂၁၆၀၀၀)

ကဲ..ဘာမှမထူးကြပါဘူးနော်
မူဆင့်သင် လယ်ဆင့်သင် ဆိုပြီးကွာနေပေမယ့်
လစာတွေနဲ့ စောင့်ရတဲ့ လုပ်သက်နှစ်က တူတူတွေပါပဲ
👉တစ်ခုလေးပါပဲ
မူလက်မှတ်ရှိတဲ့ PPTT တွေအတွက်
👉ဒုမူပြဖြစ်ဖို့ (၇)နှစ်စောင့်ရတာ နဲ့

လယ်လက်မှတ်ရှိတဲ့ DTEd နဲ့ B.A(Edu)ဘွဲ့ရတွေအတွက်
👉ဒုလယ်ပြဖြစ်ဖို့ (၂)နှစ်စောင့်ရတာပဲကွာပါတယ်

PPTT တွေအတွက်
👉၇ နှစ်ပြည့်က ဒုမူပြဖြစ်
👉နောက်ထပ် ၃နှစ်ထပ်စောင့်ပြီး မူပြဖြစ်မယ်
👉၇နှစ်+၃နှစ်= ၁၀နှစ် (မူပြ)
စစချင်းစောင့်ရပေမယ့် နောက်ဟာကျသိပ်မစောင့်ရပါ

DTEd နှင့် B.A(Edu) တွေအတွက်
👉၂နှစ်ပြည့်က ဒုလယ်ပြဖြစ်
👉နောက်ထပ် ၈နှစ်ထပ်စောင့်ပြီးမှ လယ်ပြဖြစ်မှာပါ
👉၂နှစ်+၈နှစ်= ၁၀နှစ် (လယ်ပြ)
စစချင်းမစောင့်ရပေမယ့် နောက်ဟာကျ pptt နှင့်တန်းတူထပ်စောင့်ရအုံးမှာပါ

လစာတွေလည်းတူတူ၊ စောင့်ရလုပ်သက်နှစ်လည်းတူတူဖြစ်မှာပါဗျာ။ အားလုံးအဆင်ပြေကြပါစေ။

19/11/2020

"" မူလတန်းပြ""

ရာထူးငယ်လို့ သိမ်ငယ်လား (မငယ်ပါဘူး)
သူများအထင်သေးမှာကြောက်လား(မကြောက်ပါဘူး)
ဘာလို့လဲ ဆက်ဖတ်ကြည့်

(၁)မူပြဘဝဆိုတာ စိတ်ချမ်းသာရတယ်
ဒေါသမြင်ကွင်း ရှားပါတယ်
ကိုယ့်ကို ကလန်ကဆန်လုပ်မဲ့ တပည့်မရှိဘူး
ကွမ်းတံတွေးပေတဲ့နုတ်ခမ်းပါးတွေကင်း
တယ်
နီကြောင်ကျား ဆံပင်တွေကိုလဲ အမုန်းခံပြော
စရာမလိုဘူး
စီးကရက်နံ့တွေနဲ့လည်း ဝေးရတယ်
အုပ်စုလိုက်သတ်ပွဲတွေလဲ ရှင်းစရာမလိုဘူး

(၂)မူပြဘဝလေးတွေဆိုတာ တကယ့်ပျော်ရွှင်မှု
ရသလေးတွေ ပေးစွမ်းနိုင်ပါတယ်
မပီကလာ ပီကလာ တွတ်တီးတွတ်တာပြော
တတ်တဲ့ ချစ်စရာကလေးတွေကြောင့် ပျော်
ရတယ်
စစ်မှန်တဲ့ အပြုံးလေးတွေကြောင့် ပီတိဖြစ်ရ
တယ်
ကစားနည်းပေါင်းစုံနဲ့ ကလေးဗိုလ်လုပ်ပြီး
ငယ်ဘဝရဲ့ အရသာကိုလဲ တဝကြီးပြန်ခံစား
လို့ရတယ်

(၃)မူပြဘဝဆိုတာ ဖြူစင်တဲ့ မေတ္တာတွေကို
ဆရာတပည့် အကာရံနည်းစွာ ဖလှယ်လို့ရ
သေးတဲ့အချိန်ပါ
လက်ဆွဲ ပွေ့ဖက်ပြီး ရင်နှင့်သည်းချာ ချစ်ခွင့်
ရသေးတဲ့ဘဝလေးပါ


(၄)မူပြဘဝဆိုတာ ရှုပ်ထွေးလှတဲ့ လူကျင့်ဝတ်
တွေနဲ့ ခေါင်းမရှုပ်ရသေးဘူး
မူလတန်းကလေးတွေဆိုတာ အရှိရှိတိုင်း
လက်ခံတတ်သေးတဲ့ အရွယ် ၁၅၀၀မေတ္တာ
ကို မမြင်ဖူး မထိတွေ့ဖူးသေးတဲ့ အဖြူရောင်
နှလုံးသားပိုင်ရှင်လေးတွေပါ
ထိန်းသိမ်းရတာ လွယ်ပြီး ခေါင်းမစားရဘူး
လေ

(၅)မူပြဘဝဆိုတာ သစ်တစ်ပင်ရဲ့ အမြစ်တွေ
ဖြစ်လို့ လုံးဝလုံးဝ အရေးပါပါတယ်
ကိုယ့်ရာထူးက အသုံးမဝင်ဘူးထင်ရင်
မှားမှာပေါ့
အသီးပွင့်ပဲမြင်တတ်သူဟာ ရေသောက်
မြစ်ကိုမမြင်နိုင်တာ မဆန်းပါဘူးလေ
အရေးပါသလောက် အရေးကြီးလို့ ဂရုတ
စိုက် ထုဆစ်ပေးဖို့တော့ လိုတာပေါ့

(၆)မူပြဘဝဆိုတာ နှစ်တွေ ဘယ်လောက်ကြာ
ကြာ ကလေးတွေရဲ့ မန်မိုရီထဲ ပျောက်မ
သွားတဲ့ ပဲ့ကိုင်ရှင်တွေပါ
ဘယ်လောက်ပဲ မှတ်ဥာဏ်မကောင်းတဲ့
ကလေးပေမဲ့ ငယ်ဆရာနဲ့ အမှတ်တရတွေ
ကို မှတ်မိနေတာ ထူးဆန်းတဲ့ ဖြစ်ရပ်ပါ

ဒီအချက်တွေကြောင့်
မူပြဘဝကိုမြတ်နိုးတယ် တွယ်တာပါတယ်
ဒီမူပြဘဝလေး
ကျော်လွန်သွားပြီးရင်
ပြန်ရဖို့ ခဲယဉ်းလို့ ရတုန်းတန်ဖိုးထားမယ်
ရတုန်း တဝကြီးပျော်မယ် ကြိုးစားမယ်
ဘယ်သူတွေ အထင်သေးသေး ဂရုမစိုက်သလို
မသိမ်ငယ်ဘူး ဆရာထဲကဆရာပဲလေ
လက်ဦးဆရာဖြစ်ခွင့်ရပြီး ပျိုးထောင်ပေးခွင့်ရတာပဲ
ကျေနပ်ပီတိဖြစ်ရပါတယ်

ဘယ်ရာထူးကိုပိုင်ပိုင် ဘယ်အတန်း
ဘယ်ဘာသာကိုပြပြ ဆရာပီသသော
ဆရာ ဖြစ်ဖို့ကသာအဓိကပါ

မည်သူမျှထိခိုက်လိုခြင်းမရှိပါ
အမှားပါလျှင်ခွင့်လွှတ်ပါ

ဦးစည် (ဝန်းသို)

15/11/2020

ယခုပညာသင်နှစ် ကျောင်းတွေပြန်ဖွင့်ဖို့နဲ့ စာမေးပွဲတွေကျင်းပဖို့ မဖြစ်နိုင်တော့ဘူးလို့ အခြေခံပညာဦးစီးဌာနပြော
--------------------------------
ရန်ကုန်၊ နိုဝင်ဘာလ ၁၃

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေများ မြင့်တက်လျက်ရှိနေသည့်အတွက် ယခုပညာသင်နှစ်မှာ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်နှင့် သင်ယူတတ်မြောက်ခြင်းစာမေးပွဲများကျင်းပရန် မဖြစ်နိုင်တော့ကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက မြန်မာ့ပလက်ဖောင်းကို ပြောပါတယ်။

ကူးစက်မှုကလည်းလျော့မလာသေးတဲ့အတွက်ကြောင့် ဆရာတို့က ကျောင်းဖွင့်ဖို့ကိစ္စ တော်တော်မလွယ်မယ့် အနေအထားတော့ရှိတာပေါ့၊ ဒါပေမယ့် တခြားနိုင်ငံတွေဘယ်လိုလုပ်နေမလဲ ကိုယ်တွေလဲ အဲ့လိုလုပ်နိုင်မလား သုံးသပ်ရမှာပေါ့၊ ကိုဗစ်က အခြေအနေကောင်းလာပြီဆိုရင်တောင်မှ ကျောင်းတွေမှာ ပထမအရင်ဖွင့်တုန်းကလို ကိုဗစ်ကာကွယ်ရေးနဲ့ပတ်သက်ပြီး လုပ်ရမှာတွေအများကြီးရှိတယ်၊ ဒါပေမယ့် ဒါတွေက ဆရာတို့ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး ကိုဗစ်ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်တွေနဲ့ လုပ်ဆောင်ရမှာဖြစ်တယ် လို့ ဒေါက်တာတင်မောင်ဝင်းကဆိုပါတယ်။

ထိုပြင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်ယူမှုအပြည့်အဝမရရှိထားသည့်အတွက်ကြောင့် စာမေးပွဲများ ကျင်းပနိုင်မည်မဟုတ်ကြောင်း ၄င်းကသုံးသပ်ပြောကြားထားပါတယ်။

အခုဆိုရင် နောက်သုံးလလောက်ဆို တစ်နှစ်ပြည့်ပြီ သင်ခန်းစာနဲ့ပတ်သက်ပြီး ဘာမှသင်ယူမှုမရှိတဲ့ကလေးက အတန်း ၈ တန်းလောက်ရှိတယ်Grade-10, Grade-11 လောက်က တစ်လကျော်ကျော်လောက် တချို့ကျောင်းတွေကတော့ဖွင့်တယ် ရက်ပိုင်းလေးဖွင့်ပြီး ပြန်ပိတ်သွားရတဲ့ကျောင်းတွေလည်းရှိတယ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ်အဆင်ပြေတဲ့သူတွေကတော့ သင်ယူနေကြတာပေါ့ ဒါပေမယ့် လာမည့် မတ်လမှာ စာမေးပွဲစစ်ခြင်း၊ မစစ်ခြင်းဆိုတာကတော့ ဆရာတို့အမြင်ကတော့မဖြစ်နိုင်ဘူး လို့ ၄င်းက ဆိုပါတယ်။

သတင်းအပြည့်အစုံဖတ်ရှုရန်>>>

credit
https://www.myanmaplatform.com/a/50920.html

10/11/2020

မဲရုံအဖွဲ့ဝင်ဆရာ၊မများရှင့်
၁၈၀၀၀အပြင်၃၀၀၀ပါ ရပါတယ်နော်..
သင်တန်းမတက်လည်း ရကြပါတယ်...

တစ်ချို့မြို့နယ်တွေမှာ
မရသေးဘူးကြားနေကြတယ်
မရသေးရင်
မိမိတို့တာဝန်ကျရာမြို့နယ်ကော်မရှင်ရုံးကို
ဆက်သွယ်မေးမြန်းကြည့်ကြပါနော်...

Edit: ကိုယ်တစ်ယောက်တည်းအတွက်ငွေ၃ထောင်ထဲမြင်ပြီးပို့စ်တင်ရခြင်းမဟုတ်ပါ..တစ်နိုင်ငံလုံးမှာရှိသောဆရာ၊မများအတိုင်းအတာနဲ့တွေးတောမိပြီးတင်ရခြင်းဖြစ်ပါသည်..ဆရာ၊မများဟူသည်ထိုငွေကိုမပေးလည်းအထက်ကစေခိုင်းလာသမျှတာဝန်များကိုကျေပွန်စွာမငြီးမငြူလုပ်ပေးတတ်ကြသောသူများသာဖြစ်ကြပါသည်...

Crd

03/11/2020

#မဲရုံတွင်တာလီချိုးခြင်း

ဘယ်လိုချိုးချိုး5ခုပြည့်ရင်ရပါတယ်
စိတ်ပူနေသူများအတွက်ပါ

မဲရေတွက်ခြင်းအပိုင်းကို ဆွေးနွေး မျှဝေမှာ ဖြစ်ပါတယ်။
၎နာရီထိုးလို့မဲရုံပိတ်ပါပြီ မဲစာရင်းရေတွက်ဖို့ အသင့် ဖြစ်
ပါပြီ ကြိုတင်မဲပုံး ပြည်သူ့လွှတ်တော်မဲပုံး အမျိုးသား
လွှတ်တော်မဲပုံး တိုင်း/ပြည်နယ်လွှတ်တော်မဲပုံးများကို
မဲရုံမှူး အနားမှာ အစဉ်အတိုင်း ထားပြီးပါပြီ
မဲရုံမှူက ကော်မရှင် မဲရုံကိုယ်စားလှယ်များ အကူ
ကိုယ်စားလှယ်များ လာရောက်ကြည့်နေသော မဲဆန္ဒရှင်
များကို မဲရေတွက်တော့မှာဖြစ်သည့်အတွက် နေရာယူပေးဖို့
ပြောကြားနေပါပြီ
ကြိုတင်မဲပုံးကို ယူလာပါပြီ မဲရုံမှူးက မဲပုံးရဲ့ လုံခြုံ
ရေးကြိုးတွေ ပြန်စစ်နေပါပြီ ကြိုးနံပါတ်များကိုလည်း ဖတ်ပြ
နေပါတယ် သေခြာပြီဆိုမှ လုံခြုံရေးကြိုးများကို ဖြတ်ပါတယ်
လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ချင်းစီ ရရှိမယ့် ခိုင်လုံမဲ
များထည့်ဖို့ ခြင်းကိုင်ဆရာမများလည်း အသင့်ဖြစ်နေပါပြီ
မဲရုံမှူးက မဲပုံးထဲက မဲများကို အခြားခြင်းကြီတစ်ခုထဲကို
ရေတွက်လို့ ထည့်နေပါတယ် ပြီးသွားတော့ ပုံစံ ၁၃
နဲ့တိုက်ပြီးစစ်ဆေးပါတယ် ကိုက်ညီပြီဆိုတာနဲ့ မဲလက်မှတ်
အရေအတွက်ကိုက်ညီကြောင်းပြောပြီး လွှတ်တော်တစ်ခုခြင်း
ခွဲထုတ်ပါမယ် ပြီးမှ ပြည်သူလွှတ်တော်ကစ မဲရေတွက်ပါတယ်
လွှတ်တော်တစ်ရပ်မှာ ကိုယ်စားလှယ် ၄ယောက် ရှိတယ်ဆိုပါစို့ခိုင်လုံမဲထည့်ဖို့ ခြင်း ၄ခြင်း ပယ်မဲ ၁ခြင်း ပါ
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းရရှိတဲ့ခိုင်လုံမဲများကို
၁၀ရွက်တစ်စည်း စည်းထားပါ။ အမှတ်စဉ်မှတ်ပါ ။ ပယ်မဲကိုမဲလက်မှတ်နောက်ကျောမှာ အမှတ်စဉ်တပ်ပါ။ ဘာ့ကြောင့်ပယ်ရကြောင်းပုံစံ ၁၇ မှာ ရေးပါ။ ဆရာဆရာမ ၂ယောက်က ခိုင်လုံမဲရရှိတဲ့ အတိုင်း တာလီချိုး မှတ်သားပါ။
မဲရေတွက်လို့ပြီးပါပြီ ၄ဦးရရှိသောခိုင်လုံမဲပေါင်းနဲ့ပယ်မဲ
ကို ပေါင်းလိုက်ပါ ပုံစံ ၁၃မှာပါတဲ့ ကြိုတင်မဲပေးထားသူပေါင်း
နဲ့ ကိုက်ညီရင် ပြီးပါပြီ ကြိုတင်မဲကရရှိတဲ့ စာရင်းကို
မှတ်တမ်းတင်ပါ။
နောက်ပြည်သူ့လွှတ်တော် မဲပုံး ရေတွက်ပါ့မယ်
မဲရုံမှူးက ကြိုးကိုစစ်ဆေး ပြီး ကြိုးနံပါတ်များကိုဖတ်ပြပါ့မယ် နောက်မဲပုံးကိုဖွင့်ပါ့မယ်ခြင်းကြီးတစ်ခုထဲကိုမဲလက်မှတ်မျဲားရေတွက်ပြီးထည့်ပါအမှန်တကယ်မဲလက်မှတ်ထုတ်ပေးထားတာနဲ မဲပုံးထဲကမဲအရေအတွက်ကိုက်ညီဖို့လိုပါတယ်မကိုက်ညီရင်ဲဖြစ်ပျောက်ဆုံးမဲဖြစ်ပေါ်လာမှာပါ။ ခြင်းထဲကမဲလက်မှတ်များကိုလွှတ်တော်တစ်ဦးချင်းအလိုက် ရရှိသောခိုင်လုံမဲများ ပယ်မဲများကို ခွဲခြားစစ်ဆေးပြီး ထည့်ပါ။ခိုင်လုံမဲများကို ၁၀ရွက်စည်း စည်းထားပြီး ပယ်မဲများကို
လည်း နောက်ကျောမှာ အမှတ်စဉ်တပ် ပုံစံ ၁၇ မှာ
မှတ်တမ်းတင်ပါ။လွှတ်တော်တစ်ဦးချင်းရရှိတဲ့ခိုင်လုံမဲကို မှတ်
တမ်းတင်ပါ။ မဲလက်မှတ်ရေတွက်လို့ပြီးပါပြီ~~~
ပြည်သူ့လွှတ်တော် ပုံစံ ၁၆ မှာ လွှတ်တော် ကိုယ်စားလှယ်
တစ်ဦးချင်း ရရှိတဲ့ မဲပုံးခိုင်လုံမဲ + ကြိုတင်ခိုင်လုံမဲများကို
ဖြည့်သွင်းပါ။ ပယ်မဲကိုလည်း မဲပုံးပယ်မဲ+ ကြိုတင်မဲပယ်မဲ
ပေါင်းပြီး ဖြည့်ရမှာပါ။
နောက်ကျန်တဲ့ အမျိုးသားလွှတ်တော် တိုင်းဒေသ
ကြီးလွှတ်တော်များကိုလည်း အထက်ပါအတိုင်း ရေတွက်
သွားခြင်းဖြင့် မဲရေတွက်ခြင်းကို လွယ်ကူချောမွေ့စွာ
လုပ်ဆောင်နိုင်မည် ဖြစ်ပါကြောင်း မျှဝေအပ်ပါတယ်ဗျာ။
လိုအပ်ရင် ဖြည့်ပေးပါ။
ဘိုဘို
https://m.facebook.com/story.php?story_fbid=905777650167780&id=100022066596582

03/11/2020

ဖွဲ့စည်းပုံ အသစ်အရ လုပ်သက်ရင့် မူလတန်းကျောင်းအုပ်ကြီးတွေ နိုဝင်ဘာ၁ရက်မှစတင်ကာ အထက်တန်းပြလစာတိုးပြီ
========================

မူလတန်းပြ၊အလယ်တန်းပြများပါ ရာထူးနှင့်လစာများတိုးရန်ရှိ
===================

ရန်ကုန်၊ ၂၀၂၀နိုဝင်ဘာ ၃ရက်

ဖွဲ့စည်းပုံ အသစ်အရ လုပ်သက်ရင့် မူလတန်းကျောင်းအုပ်ကြီးတွေ နိုဝင်ဘာ၁ရက်မှစတင်ကာ အထက်တန်းပြလစာတိုးပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ သိရသည်။

လစာတိုး၊ရာထူးတိုးသတင်းနှင့်ပတ်သက်၍ နိုဝင်ဘာ ၃ရက်ဆက်သွယ်မေးမြန်းရာတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက Myanmar Harp media သို့အတည်ပြုပြောသည်။

"လုပ်သက် ၁၀နှစ်နဲ့အထက်ပေါ့။ သူကဖွဲ့စည်းပုံအသစ်အရ သူကSATလစာရသွားမယ်။နိုဝင်ဘာ ၁ရက်နေ့ကစပြီး စတင်ခံစားရတာဆိုတော့ နိုဝင်ဘာလကုန် လစာတိုးရတာပေါ့။ ကျန်တဲ့ မူလတန်းကျောင်းအုပ်တွေလည်းနောက်ပိုင်းဖြည်းဖြည်းချင်းမူအုပ်အားလုံးကိုပေးဖို့ရှိတယ်။အသုတ်လိုက်၊အသုတ်လိုက်ပေးရမှာ။ မူအုပ်တွေရဲ့ လစာစကေးသည်အလယ်တန်းပြရဲ့ လစာစကေးနဲ့အတူတူပဲ။ အခုက မူအုပ်တွေက အထက်တန်းပြရဲ့ လစာစကေးနဲ့တူအောင်လုပ်ပေးရတဲ့သဘောပဲ။မူလတန်းဆိုလည်းမူလတန်းအတွင်းမှာရာထူးတိုးတဲ့အဆင့်ဖြစ်မယ်။အလယ်တန်းဆိုလည်း အလယ်တန်းအတွင်းမှာ ရာထူးတိုးတဲ့အဆင့်ဖြစ်မယ်ပေါ့။ မူလတန်းပြ အခုခန့်တဲ့ကလေးတွေတော့ တိုးမှာမဟုတ်သေးဘူး။နောက်မကြာခင်မှာ ဖွဲ့စည်းပုံအသစ်အရ မူလတန်းပြနုတဲ့ကလေးတွေက လက်ထောက် မူလတန်းပြရာထူးနဲ့သွားမယ်။ပြီးရင်ဒုတိယမူလတန်းပြဆိုတာ အရင်ကအလယ်တန်းပြရာထူးလစာနဲ့တူသွားမယ်။ပြီးရင် မူလတန်းလို့ခေါ်ပြီဆိုရင် SATနဲ့အတူတူပဲလခကဖြစ်သွားမယ်။မူလတန်းထဲမှာတင် အဆင့်မြင့်ပေးတာပေါ့။အလယ်တန်းပြလည်းအဲဒီလိုသွားမယ်''ဟု ၎င်းကပြောသည်။

လက်ရှိတွင် အခြေခံပညာကျောင်းပေါင်းငါးသောင်းကျော် ဆရာဆရာမအင်အားသိန်းနှင့်ချီရှိကြောင်းသိရသည်။

ပညာရေးဝန်ကြီးဌာန၏ စက်တင်ဘာလအတွင်းသတင်းထုတ်ပြန်ချက်အရ ၂၀၁၅-၁၆ဘဏ္ဍနှစ်မှ၂၀၁၉-၂၀အထိ ပညာရေးအသုံးစရိတ်၉ဆအထိတိုးတက်လာခဲ့သည်။

၂၀၁၆ခုနှစ်မှ၂၀၂၁အထိ ပညာရေးအသုံးစရိတ်၁၂၂၃၉ဘီလီယံကျပ်သုံးစွဲခဲ့ပြီးတိုးတက်မှုရာခိုင်နှုန်း၁၄၂ရာခိုင်နှုန်းထိ ပညာရေးကဏ္ဍအနေဖြင့်တိုးတက်ခဲ့ကြောင်းသိရသည်။

Crd

31/10/2020

ကဲ.....မကြာမီ...လာတော့မည်😍

မူလတန်းဆင့်အတွက်
လက်ထောက်မူလတန်းပြ
ဒု- မူလတန်းပြ
မူလတန်းပြ
မူလတန်းကျောင်းအုပ်

အလယ်တန်းဆင့်အတွက်
လက်ထောက် အလယ်တန်းပြ
ဒု- အလယ်တန်းပြ
အလယ်တန်းပြ

သတ်မှတ်သွားမည်ဟု ကြားသိရပါသည်

လက်ထောက်မူလတန်းပြ
လက်ထောက်အလယ်တန်းပြသည်
လစာတူ

ဒု-မူလတန်းပြ
ဒု-အလယ်တန်းပြကလည်း
လစာတူ

မူလတန်းပြ
မူလတန်းကျောင်းအုပ်
အလယ်တန်းပြကလည်း
လစာတူ

ဒီလိုပြောင်းလဲမယ်လို့လည်း ကြားသိရပါသည်။

Credit to MRTV

Photos from Teacher's Mailbox's post 28/10/2020

မဲရုံတိုင်းအတွက်အပူချိန်တိုင်းသူများမှတ်သားလိုက်နာရန်
ရှဲထားပါ မကြာမီအချိန်အတွင်း လိုအပ်လာပါပြီနော်

Thermometer ဖြင့် စနစ်တကျ အပူချိန်တိုင်းခြင်း
# # # # # # # # # # # # # # # # # # # # # # # # # # # # #

( ၁ ) အရင်ဆုံး အပူချိန် တိုင်းမယ့်သူက Thermometer ကို ညာဘက်လက် နဲ့ ကိုင်ပြီး
အတိုင်းခံမည့်သူ၏ ညာဘက်ခြမ်း မှာ နေရာယူပါ..
(ဘယ်ဘက်လက်ဖြင့် တိုင်းမည် ဆိုပါက ဘယ်ဘက်ခြမ်း မှာ နေရာယူ ရပါမည်)

( ၂ ​) အပူချိန် တိုင်းမည့်သူ နှင့်
အတိုင်းခံမည့်သူသည် လက်တဆန့် အကွာအဝေး
(၃) ပေ ခန့် တွင်ရှိကြရမည် ဖြစ်ပြီး
မျက်စောင်းထိုး အနေအထား (၄၅°) သို့မဟုတ်
ဘေးစောင်း အနေအထား (၉၀°) ဖြစ်ရပါမည်

#မျက်နှာချင်းဆိုင်အနေအထားဖြင့်လုံးဝမတိုင်းရပါ..

( ၃ )တိုင်းမည့်သူသည် တိကျသော အပူချိန်
ရရှိစေရန် အတွက် အတိုင်းခံရမည့်သူ ၏ နဖူး (သို့)
နားနောက်ဘက် ဆီသို့ (3cm) အကွာအဝေးမှ
ချိန်တွယ် တိုင်းတာရပါမည်..

( ၄ )Thermometer နှင့် နဖူးကို တိုင်းတာရရှိသည့် ကိုယ်အပူချိန် မှာ 97.4~98.6°F အတွင်း ရှိလျှင်
ပုံမှန် ဟု သတ်မှတ်နိုင်ပါသည်..
(ရာသီဥတု နှင့် အခြား အခြေအနေ အရပ်ရပ်ပေါ် မူတည်၍ အပူချိန် အနည်းငယ် ပြောင်းလဲ နိုင်ပါသည် )

( ၅ ) Thermometer နှင့် စတင်၍ အပူချိန် တိုင်းပါက တိုင်းမည့် နေရာကို ချိန်ပြီး ခလုတ်ကို
အသံ မြည်အောင် တစ်ချက်သာ နှိပ်ရန်..
Scan ဖတ်ပြီးပါက တစ်စက္ကန့်အတွင်း
နောက်ထပ် အသံတစ်ချက် ထပ်မြည်ပြီး
အပူချိန်ကို LCD Display တွင် ပြသပါလိမ့်မည်..

သတိပြုရန် -

Thermometer ကို နေရောင်ခြည်နဲ့ တိုက်ရိုက်
ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရပြီး
အပူချိန် 40°C အောက် လျော့နည်းသော
နေရာတွင်သာ အသုံးပြုရမည်..

Thermometer ကို အသုံးမပြုတော့ပါက
ထည့်ထားသည့် ဓာတ်ခဲများကို ဖြုတ်ပြီးမှ သိမ်းဆည်းပါ..

Thermometer ကို ကလေးငယ်များ နှင့်
ဝေးရာမှာ ထားပေးပါ..

ရေ နှင့် အခြား ဓါတုအရည်များ နှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ..

အကယ်၍ သန့်ရှင်းရေး လုပ်လိုပါက ရေဆွတ်ထားသော အဝတ် (သို့) ခြောက်သွေ့သော အဝတ်စ ဖြင့်သာ ပွတ်တိုက်ပေးပါ..

အပူချိန်တိုင်းမည့်သူ နှင့် တိုင်းတာသူ နှစ်ဦးလုံး
Mask တပ်ဆင်ထားရပါမည် ။

Want your school to be the top-listed School/college in Bago?

Click here to claim your Sponsored Listing.

Location

Category

Culinary Team

Attire

Website

Address


Bago