ပညာLearn - Education Zone

ပညာLearn - Education Zone

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပညာLearn - Education Zone, Education, Bago.

26/10/2021

💁သိမှတ်စရာ အဖြာဖြာ
ကလေးများအတွက် ကွန်ပျူတာပညာ💻

🖥️ Monitor 🖥️
မော်နီတာဆိုတာ ကွန်ပျူတာအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ၎င်းဟာ Output deviceတစ်ခုလည်းဖြစ်ပါတယ်။ ကွန်ပျူတာတစ်လုံးမှာ monitorရဲ့ စွမ်းဆောင်နိုင်မှု အရည်သွေးဟာ လည်းအလွန်‌ အရေးပါပါတယ်။Monitor ရဲ့အဓိကလုပ်‌‌ဆောင်ချက်က‌တော့ စာသားများ၊ ရုပ်ပုံများ၊ သတင်းအချက် အလက်များ ကို ပုံဖော်ပြသရန်ဖြစ်ပါတယ်။
မော်နီတာဟာ TVနဲ့လည်းတူပါတယ်။ ရုပ်သံဌာနကထုတ်လွှင့်လိုက်တဲ့ ရုပ်ပုံများကို TV‌မှာကြည့်နိုင်သလို ကျွန်ုပ်တို့ ပြုလုပ်ထားသော ဖိုင်များ၊ စာများ၊ရုပ်ပုံများကို မော်နီတာ‌မှာမြင်နိုင်ပါတယ်။
မော်နီတာအများစုရဲ့ ရှေ့မျက်နှာစာတွင် ပါဝါအဖွင့်အပိတ်ခလုပ်နှင့် screen displayကို လိုသလိုချိန်ညှိနိုင်ရန် buttonများပါရှိပါတယ်။
Monitor‌တွေမှာ Cathode Ray Tube(CRT)နှင့် Liquid crystal display (LCD)ဆိုပြီး အဓိကအမျိုးအစား၂မျိုးရှိပါတယ်။ရှေးယခင်က CRT Monitor များကိုအသုံးပြုခဲ့ကြပြီး ယခုခေတ်မှာတော့ LCD Monitorများကို အများဆုံးအသုံးပြုကြပါတယ်။
ကွန်ပျူတာရဲ့ မော်နီတာတစ်လုံးမှာ power supply, Circuit board, Casing နဲ့ display terminals စတဲ့ အစိတ်အပိုင်းများပါရှိပါတယ်။ ယခင်တုန်းက ကွန်ပျုတာမော်နီတာတွေမှာ Cathode Ray Tubeကိုအသုံးပြုကြပါတယ်။ အခုနောက်ပိုင်းကွန်ပျူတာမော်နီတာတွေမှာတော့‌ thin film transistor liquid crystal display လို့ခေါ်တဲ့(TFT-LCD) နည်းပညာကိုအသုံးပြုထားပါတယ်။
မော်နီတာ‌ေတွရဲ့အရွယ်အစားကို ထောင့်ဖြတ်တိုင်းယူရရှိသော အတိုင်းအတာများဖြင့်ဖော်ပြလေ့ရှိပါတယ်။အိမ်သုံးကွန်ပျူတာတွေအတွက်အသုံးအများဆုံးကတော့ 15"နှင့် 17"တို့ပဲဖြစ်ပါတယ်။LCD Monitorတွေရဲ့အရွယ်အစားကို နောက်ပိုင်းမှာ Resolutionဖြင့်လည်း တိုင်းတာဖော်ပြကြပါတယ်။

ဆရာမျိုးသူရ

#ပညာlearn

Photos from ပညာLearn - Education Zone's post 22/10/2021

ဒီအပတ်ရဲ့ Genius Kidsအစီစဉ်‌မှာတော့ အသက်အငယ်ဆုံး Professorတစ်ယောက်ဖြစ်တဲ့
*Soborno Issac Bari* အကြောင်း ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
ဒီကလေးကတော့ သူ့ရဲ့ထက်မြက်တဲ့ဉာဏ်ရည်နဲ့ထူးခြားတဲ့စွမ်းရည်တွေကြောင့် တစ်ကမ္ဘာလုံးရဲ့အာရုံစိုက်မူကိုရရှိနေတာပဲဖြစ်ပါတယ်။ သူဟာ သာမန်ကလေးတွေနဲ့မတူပါဘူး။ ကလေးအများစုဟာ ဖုန်းတွေ၊TVတွေ Gameတွေအရုပ်တွေနဲ့အလုပ်ရှုပ်နေကြပေမယ့် သူကတော့အဲ့လိုမဟုတ်ပါဘူး။ သူ့ရဲ့ ဉာဏ်ရည်ဟာ သာမန်ထက်ကျော်လွန်ပြီး ထူးခြားနေပါတယ်။ သူ့ရဲ့နာမည်ကတော့
ဆိုဘနိုအိုက်ဆက်ဘာရီ ပဲဖြစ်ပါတယ်။
သူဟာ ကမ္ဘာ့အသက်အငယ်ဆုံး professorတစ်ယောက်ပဲဖြစ်ပါတယ်။ သူ့ကိုတော့ ယ‌နေ့ခေတ်ရဲ့ Einsteinဆိုပြီးလူသိများကြပါတယ်။ သူ့ကိုတော့ 2021ခုနစ် ဧပြီလ ၉ရက်နေ့မှာ New Yorkမှာ‌ေမွးဖွားခဲ့ပါတယ်။ သူ့ရဲ့အဖေကတော့ အမေရိကန်လူမျိုး သချင်္ာပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့အမေကတော့ ဘင်္ဂလားဒေ့ရှ်လူမျိူးတစ်ဦးဖြစ်ပါတယ်။။သူက‌ေတာ့ အမေရိကန်ဘင်္ဂလားဒေ့ရှ်လူမျိုးတစ်ဦးပဲဖြစ်ပါတယ်။ သူဟာ 2021ခုနှစ်ရဲ့ Nobel ဆုရှင်အဖြစ် လျာထားခြင်းခံထားရသူလည်းဖြစ်ပါတယ်။‌
သူဟာ အသက်၉နှစ်အရွယ်သာရှိ‌‌ေသးတဲ့
အမေရိကန်ဘင်္ဂလားဒေ့ရှ် လူမျိုး ပါမောက္ခတစ်
‌ေယာက်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရဲ့ Ruia college of universityမှာ Physics Professor တစ်ယောက်အနေနဲ့သွားရောက်သင်ကြားခဲ့ပါတယ်။ သူဟာ 2016 ခုနှစ်မှာ သမ္မတအိုဘားမားရဲ့အသိအမှတ်ပြုခြင်းစာတစ်‌ေစာင်ကိုရရှိခဲ့ပါတယ်။ 2018ခုနစ်မှာတော့ Harvard universityရဲ့president
Faust နဲ့ Oxford universityက Dr Louise Richardson တို့ရဲ့ အသိအမှတ်ပြုချီးကျူးတဲ့စာ ၂စောင်ကိုရရှိခဲ့ပါတယ်။
2020ခုနှစ်မှာတော့ Global Child Prodigy Award ဆုကိုရရှိခဲ့ပြီး ကမ္ဘာ့အံ့ဖွယ်ကလေးအ
‌ေယာက်၁၀၀စာရင်းမှာ၁ယောက်အပါအဝင်ဖြစ်ခဲ့ပါတယ်။
သူဟာ ကလေးဘဝတည်းက အလွန်ဉာဏ် ကောင်းတဲ့သူတစ်‌ေယာက်လည်းဖြစ်ပါတယ်။ အသက်6လအရွယ်ထဲက စကားစပြောခဲ့ပြီး အသက်2နှစ်အရွယ်မှာတော့ သချင်္ာ၊Physics၊Chemistry equationတွေ၊ပုစ္ဆာတွေကိုဖြေရှင်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။သူဟာ Voice of America (VoA)မှာ interviewခြင်းခံရတဲ့အသက်ငယ်ဆုံးကလေးတစ်ယောက်လည်းဖြစ်ပါတယ်။
ဒါ့ပြင် Lehman college ရူပဗေဒဌာနမှ Dr Daniel kabitကလည်း သူ့ကိုinterviewပြီး equation များ‌ေဖြရှင်းခိုင်းခဲ့ပါတယ်။ Soborno bariရဲ့ ထက်မြက်လွန်းတဲ့စွမ်းရည်တွေကြောင့် လူအများစုကသူ့ကို ဒုတိယIssac Newton လို့သတ်မှတ်ပြီး သူ့ရဲ့နာမည်မှာ Issacဆိုတဲ့နာမည်ကိုထည့်ရန်တောင်းဆိုခဲ့တာကနေပြီး Soborno Issac Bariဆိုပြီးအမည်တွင်ခဲ့တာဖြစ်ပါတယ်။
၂၀၁၆ခုနှစ် သူ့ရဲ့အသက်၄နှစ်အရွယ်မှာ City Collegeရဲ့ president Lisa Coicoက‌ သချင်္ာ physics, Chemistryင်္နဲ့ပတ်သတ်တဲ့မေးခွန်းများကိုမေးမြန်းပြီး သူ့ကိုအင်တာဗျူးခဲ့ပါတယ်။ဒါ့အပြင် သူအသက်၄နှစ်အရွယ်မှာ MITရဲ့professor Dr Mizaniur chowduryအပါအဝင်အခြားprofessor များရဲ့အင်တာဗျူးခြင်းကိုလည်းခံခဲ့ရပါတယ်။
Soborno Issac Bariဟာ စာရေးသူတစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာ အသက်7နှစ်အရွယ်မှာ စာမျက်နှာ၇၀ပါဝင်တဲ့ The loveဆိုတဲ့စာအုပ်ကိုရေးသားထုတ်ဝေခဲ့ပါတယ်။
Ruia collegeဟာ မွန်ဘိုင်းuniversityလက်
‌ေအာက်မှာရှိတဲ့ ကောလိပ်တွေထဲက အကောင်းဆုံး ကောလိပ်တစ်ခုဖြစ်ပါတယ်။ Soborno Issac Bariဟာ အဲ့ကောလိပ်မှာ Physics Professorတစ်ယောက်အနေနဲ့ကောလိပ်ကျောင်းသားများကိုသင်ကြားပေးတဲ့ အသက်အငယ်ဆုံးprofessorတစ်ယောက်ဖြစ်ပါတယ်။Soborno Issac Bariရဲ့ရည်ရွယ်ချက်ကတော့ Physics Professorတစ်ယောက်အနေနဲ့ တက္ကသိုလ်များစွာကိုသွားရောက်သင်ကြားပေးဖို့ပဲဖြစ်ပါတယ်တဲ့။
ဒီနေ့မှာတော့ာ့ ပညာlearnရဲ့ Genius Kidsအစီစဉ်ကနေ Soborno Issac Bariအကြောင်းပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။
#ပညာlearn

Photos from ပညာLearn - Education Zone's post 21/10/2021

သားသား၊မီးမီးတို့ အားလုံး Singular/ Plural စကားလုံးများလေ့လာတဲ့အခါ အဆင်ပြေအောင် ပြုလုပ်ပေးထားပါတယ်💁
လိုအပ်သူတိုင်းလွတ်လပ်စွာမျှဝေနိုင်ပါတယ်🙏

Photo crd: Kids Planet

20/10/2021
19/10/2021

သိကောင်းစရာအဖြာဖြာ သီတင်ကျွတ်လအချိန်ခါ

19/10/2021

အားလုံးအတူတူ ဖြေကြည့်ကြရအောင်💁

Photos from ပညာLearn - Education Zone's post 18/10/2021

📒ကလေးတွေကို စာရေး၊စာဖတ်မသင်ခင်မှာ အခြေခံဖြစ်တဲ့ စာအုပ်အစိတ်အပိုင်းအကြောင်းတွေ၊ စာအုပ်ကိုင်ပုံကိုင်နည်းတွေကိုအရင်သင်ပေးပါ📚
ဒါမှ သားသား၊မီးမီးတို့က စည်းကမ်းရှိပြီး စနစ်တကျလုပ်တတ်လာမှာဖြစ်ပါတယ်ခင်ဗျာ💁

14/10/2021

📢Pre kg, KG to Grade-8 အတန်းများအတွက်ဘာသာစုံအပြင် (Programming ဘာသာရပ်ကိုပါထည့်သွင်းသင်ကြားပေးမယ့် ) Onlineအတန်းများအပ်နှံနိုင်ပါပြီ📢

👪ဖေဖေ၊မေမေတို့အနေနဲ့ မိမိတို့ သား၊သမီးများ စာရေး၊စာဖတ် တတ်စေဖို့အတွက် အချိန်တွေ စောင့်ဆိုင်းနေဖို့မလိုအပ်ပါဘူး စာရေး၊စာဖတ် မကျွမ်းကျင်သေးတဲ့ကလေးတွေအတွက် အတန်းတွေတက်ဖို့ထက် စာရေး၊စာဖတ်ကျွမ်းကျွင်နေဖို့ကပိုအရေးကြီးပါတယ်။
🙅အခုလိုကာလမှာ ကလေးတွေဟာ စာနဲ့ဝေးနေကြတဲ့အတွက် စာတွေကိုကောင်းကောင်းမမှတ်မိတော့ပါဘူး။
🙎တချို့ကလေးတွေဆို အသက်တွေကြီးလာပြီး ကျောင်းမသွားရ၊စာမသင်ရတဲ့ သားသား၊မီးမီးတွေပါ ရှိပါတယ်။
ဒါကြောင့်ပညာlearnမှ သားသား၊မီးမီးတို့အတွက် တစ်နေရာထဲမှာ
⭐ဘာသာစုံကို Activityများစွာနဲ့ သင်ကြားရေးအတွေ့အကြုံရင့်ကျက်သော ဆရာ၊ဆရာမများမှ သင်တန်းကြေးသက်သာစွာဖြင့် သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။⭐

📝ဘာတွေသင်ပေးမှာလဲ?📝
အတန်းတိုင်းကို ပညာရေးဝန်ကြီးဌာနမှ ချမှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းများအတိုင်းသင်ကြားပေးမှာဖြစ်တဲ့အပြင် ယခုခေတ်မှာ ကလေးများတတ်မြောက်ထားသင့်တဲ့
🧑‍💻Programming ဘာသာရပ်ကိုလည်းထည့်သွင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် Pre KG to Grade-4 သင်ခန်းစာများကို ⭐Activityများ၊ သင်ထောက်ကူပစ္စည်းများနဲ့ သင်ကြားပေးမှာဖြစ်ပါတယ်။
🗃️📚ပါဝင်မယ့် သင်ထောက်ကူများကတော့
Flashcardများ
Puzzle activityများ
Exercise Worksheetများ
Popstical stick activityများ
ကပ်ခွာ activityများ
အခြား handmade activityများနဲ့ fun learningဖြစ်အောင်သင်ကြားပေးသွားမှာဖြစ်ပါတယ်။
💁သင်ထောက်ကူ boxများကို ပညာlearnမှ အခမဲ့ထောက်ပံ့ပေးသွားမှာဖြစ်ပြီး မြို့နယ်အလိုက် Delivery ပို့ဆောင်ခကိုတော့ကျောင်းသားမိဘများမှ ကျခံရမှာဖြစ်ပါတယ်။ နယ်မြိ့ုများဖြစ်ပါက ကားဂိတ်များမှပို့‌ေဆာင်ပေးပါတယ်။

🧑‍🏫ဘယ်သူတွေသင်ကြားပေးမှာလဲ?
MSc ဘွဲ့ရ ဆရာ၊ဆရာမများ, ပညာရေးကောလိပ်မှ ဆရာ၊ဆရာမများ၊ အစိုးရကျောင်းများမှ အတွေ့ကြုံရင့်ကျက်သော ဆရာ၊ဆရာမများမှသင်ကြားပေးမှာဖြစ်ပါတယ်။
အတန်းတိုင်းကို ဆရာ၊ဆရာမများနှင့် သီးသန့်private Groupဖွဲ့ပေးထားမှာဖြစ်ပြီး အိမ်စာများစစ်ဆေး‌ေပးခြင်း၊ မေးမြန်းသော ပုစ္ဆာများကိုအချိန်မရွေးရှင်းပြပေးသွားမှာဖြစ်ပါတယ်။ အကြောင်းတစ်စုံတစ်ရာကြောင့် အတန်းပျက်ကွက်ပါက record video fileများ ပေးပို့ပေးသွားမှာဖြစ်ပါတယ်။
📝လစဉ် Exam Testများစစ်ဆေးပြီး ကလေးများရဲ့တိုးတက်မူကို မိဘများနှင့် ဆွေးနွေးမူများပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

💵သင်တန်းကြေးများ(Pre KG & KG)
Pre kg - 27000(လစဉ်)
KG - 27000(လစဉ်)
၁ပတ် ၁ရက် စုစုပေါင်းလ
၃ရက် ၂နာရီ ၉လ

(Pre kg နဲ့ KG တစ်နှစ်လုံးစာကြိုတင် အပ်နှံသူများအတွက် ၂သိန်းကျပ်သာ)

(Grade 1 to Grade 8)- 23000 (လစဉ်)
၁ပတ် ၁ရက် စုစုပေါင်းလ
၂ရက် ၂နာရီ ၉လ

(Grade 1 to Grade 4 ၁နှစ်လုံးစာ ကြိုတင်အပ်နှံမည့်သူများ ၁သိန်း၉သောင်း ကျပ်သာ)

🏧သင်တန်းကြေးနှင့်လွှဲပေးရမည့်ပုံစံ
K pay, Wave pay, Yoma , CB, AYA accountတို့ဖြင့်ငွေလွှဲနိုင်ပါသည်။

🧾သင်တန်းစမည့်ရက်
‌ေအာက်တိုဘာလ ၃၁ရက်နေ့တွင်စတင်သင်ကြား‌ေပးမှာဖြစ်ပါတယ်။

🖥️💻📱ဘာတွေလိုအပ်လဲ
Zoomဖြင့် live sessionသင်ကြား‌ေပးမှာဖြစ်တဲ့အတွက် Computer, Phone, Tablet နှင့် internetရရှိသည့် မည်သည့်ဒေသမှ သားသား၊မီးမီးများမဆို သင်ကြားနိုင်ပါတယ်။

⭐ထိရောက်မူရှိစေရန် လူဦးရေ ကန့်သတ်ထားတာကြောင့် အမြန်ဆုံးအပ်နှံဖို့ အသိပေးအ‌ပ်ပါတယ်

☎️အသေးစိတ်သိရှိလိုပါက Page messengerမှာလည်းကောင်း 09265511056ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

13/10/2021

ဖေဖေ၊ မေမေတို့အနေနဲ့ အနာဂတ်ကြယ်ပွင့်လေးများအားလုံးကို ကျန်းမာရေးဂရုစိုက်ပေးကြပါခင်ဗျာ🙋

💦ကလေးကိုဗစ်

✳️အခုတလော ကိုဗစ်ဖြစ်တဲ့ကလေးတွေ များလာပါတယ် တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီကကူးတာပါ

ကလေးမှာ ကိုဗစ်ကပြင်းထန်လေ့မရှိပါ သာမာန် တုပ်ကွေးလိုပဲပြီးသွားပါမယ်
( ရှားရှားပါးပါး ပြင်းထန်တာရှိပါတယ် တေါ်တေါ်ရှားပါတယ် အဖျာကြီးပြီးရက်ကြာရင် စဉ်းစားရပါမယ်)

👉ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ ) ရင်ပါရာစီတမောတိုက်ပါ
ယေဘူယျအားဖြင့် ၁၅ မီလီဂရမ် / ကီလိုဂရမ် ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီ တခါ တိုက်လို့ရပါတယ် ပုံမှန်တိုက်ဖို့မလိုပါဘူး တိုက်ပြီး ချွေးထွက်လါရင် ပြောင်အေါင် မသုတ်ပါနဲ့ အင်္ကျီမလဲပါနဲ့ ချွေးကအငွေ့ပျံဖို့လိုတဲ့အပူ ကို ခန္ဓာကိုယ်ကစုပ်ယူ ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ

👉၁နှစ်အောက် ( အစက်ချဆေး Drop )
Biogesic drop / Babygesic drop / Napa drop / အလားတူတွေရှိပါတယ်
100 mg / ml ပါပါတယ်
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်

👉၁နှစ်က ၅ နှစ်
အရည် (Syrup or suspension) တွေရှိပါတယ်
120/ 5ml နဲ့ 250 / 5 ml ဆိုပြီး၂ မျိုးရှိပါတယ်
၄-၆ နာရီ တခါ တိုက်နိုင်ပါတယ်
Biogesic / Progesic / Sara / Napa စသည်ဖြင့်တံဆိပ်မျိုးစုံ ရှိပါတယ် အကုန်အတူတူပါပဲ

👉၅ နှစ် အထက်
ဆေးပြားသောက်တာ ပိုဈေးသက်သာပါတယ်
တပြား ၅၀၀ မီလီဂရမ်ပါတယ်
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ
ကိုယ်အလေးချိန်နဲ့ ၁၀-၁၅ မီလီဂရမ် / ကေဂျီ တွက် ပြီးတိုက်ပါ
ကိုယ်အလေးချိန် ဘယ်လေါက်ရှိရှိ အများဆုံးတခါသေါက် ၂ ပြားထက်ပိုမသေါက်သင့်ပါ

😤နှာစေး နှာခေါင်းပိတ်ရင်
Cetrizine syrup ( Cetrine/ Adezio/ Ormist /
အလားတူတွေရှိပါတယ်
5 mg / 5 ml. 1ml မှာ 1 mg ပါပါတယ်
၂နှစ်အေါက်အတွက် ကလေးပမာဏ မဖေါ်ပြထားပါ

👉မိမိအနေနဲ့ ပေးလေ့ရှိတာကတော့
၆ လအေါက် - 1 ml ၂ ကြိမ်
၆လ နဲ့ ၁နှစ်ကြား - 1.5 ml ၂ ကြိမ်
၁နှစ် နဲ့ ၅ နှစ် ကြား - 2.5 ml ၂ ကြိမ်
ဆေးပြား 10 mg /tab ဆိုရင်
၁-၃ နှစ်ကြား တစိတ် ၁/၄ ၂ ကြိမ်
၃-၅ နှစ်ကြား ၁/၃ ၂ကြိမ်
၅ နှစ် အထက် ၁/၂ ၂ ကြိမ် ပေးပါတယ်

✳️နှာခေါင်းအခြောက်ပိတ်ရင်
ဆားရည် (Physiodose or Seawater spray ) တွေကို မကြာခဏ ထည့်ပေးနိုင်ပါတယ်

ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့် လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်

👉ဝမ်းသွားရင်
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ
ရိုးရိုး အရသာမပါ - MPF
လိမ္မော်အရသာ - Pharolit / Peditral/ Electral / Electrorush ( ဖျော်ပြီးသား) မျိုးစုံရှိပါတယ်
အညွှန်းအတိုင်းဖျော်ပါ
ဆေးလိုမ​သေါက်ရပါ ရေဆာ တိုင်းရေအစားသေါက်ရပါမယ်
ဓါတ်ဆားရည် မသေါက်ပါက အုန်းစိမ်းရည် / ဆန်ပြုတ်ကျဲကျဲ ဆားခတ် သေါက်နိုင်ပါတယ်

🤮အံရင်
Domperidone အအံပျောက်ဆေး တကြိမ် သေါက်လို့ရပါတယ်
အစက်ချဆေးဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / 5 ကေဂျီ နဲ့ တွက်လို့ရပါတယ်
( Voneta/ Deflux / စသည်ဖြင့် )
အရည် ဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / ကေဂျီ နဲ့တွက်လို့ရတယ်
( Motilium syrup/ Cosy စသည်ဖြင့် )
ဆက်တိုက်အံ ဘာ မှမဝင်ရင်ဆေးရုံတက်ရပါမယ်

👩🏻‍🦰👶မိခင် ကိုဗစ်ဖြစ်ရင်လည်း နို့စို့ကလေးငယ်ကို မိခင်နို့ဆက်တိုက်လို့ရပါတယ်
ကလေးနို့မတိုက်မီ လက်ဆေးပါ မိခင် မတ်စ်တပ်ပါ မျက်နှာအုပ် (face shield ) ပါတတ်ပါ

👶ကလေး ကိုဗစ်ဖြစ်ရင် လူကြီးတွေကိုကူးနိုင်ပါတယ် အထူးသဖြင့် အဖိုးအဖွားတွေကိုကူးရင် သူတို့မှာ အသက်အန္တရာယ်ရှိပါတယ် သတိ အရမ်းထားဖို့လိုပါတယ်
Crd-Prof Dr Saw Win
သားသားမီးမီးတို့covidမှကင်းဝေးကြပါစေ။

Photos from ပညာLearn - Education Zone's post 06/10/2021

👪 Family Words 👪
အသံထွက်‌လေးတွေပါထည့်ပေးပါလို့တောင်းဆိုကြတဲ့အတွက်‌ မိသားစုနဲ့ပတ်သတ်တဲ့စကားလုံးလေးတွေကို ဘာသာစကား၂မျိုးအပြင် သင်ရ၊ဖတ်ရ လွယ်ကူစေဖို့အသံ‌ထွက်လေးတွေပါတစ်ခါတည်းရေးပေးထားပါတယ်ရှင့်💁အားလုံးအဆင်ပြေကြပါစေ

05/10/2021

ငယ်ရွယ်စဉ်အချိန်မှစပြီး ယနေ့အချိန်ထိသင်ကြားပေးခဲ့သော သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများအားလုံးနှင့် ကမ္ဘာပေါ်မှာရှိတဲ့ဆရာ၊ဆရာမများအားလုံးကို ရိုသေလေးစားစွာ ဂါရဝပြုအပ်ပါတယ်ခင်ဗျာ🙏🙏🙏🙏🙏

04/10/2021

Coding Lesson (Programming with Ray and BB8)

Want your school to be the top-listed School/college in Bago?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Bago