14/12/2022
#1000ကျပ်တည်းနဲ့ဂျပန်စာသင်ကြားရမည့်အခွင့်အရေး
လက်ရှိနိုင်ငံရေး အကျပ်အတည်းနဲ့အတူ အားလုံးစားဝတ်နေရေးခက်ခဲနေကြတာသိပါတယ်။ လက်ရှိအတန်းတက်နေသော ခလေးတွေပါ ဆက်လက်နိုင်ဖို့ ခက်ခဲသွားတာကြောင့် မည်သူမဆို တက်ရောက်နိုင်စေဖို့ရန် ရည်ရွယ်ချက်ဖြင့် တထောင်ကျပ်တည်းဖြင့်ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။
တထောင်ကယော ဘယ်လိုပေးရမှာလဲ❓
ကျောင်းကိုလာတိုင်း ပိုက်ဆံတထောင် ယူလာယုံပါပဲကျနော်တို့က သင်ကြားမည့်အကြောင်းအရာတွေကို စာရွက်တွေပေးမှာပါ။(အောက်မှာ ဥပမာဖော်ပြထားပါတယ်)
သင်ကြားမည့်ပုံစံကတော့ ဂျပန်စကားပြောတကယ်တက်ကျွမ်းဖို့ရည်ရွယ်တာကြောင့် Level ခွဲခြင်းမရှိတော့ပဲ သဒ္ဒါပုံစံတွေ သင်ကြားရမှာပါ။
Level ခွဲခြားခြင်းမရှိတော့ဘူးဆိုပေမဲ့လို့N5 သမားတွေကို အရမ်းခက်တာကြီးတန်းသင်လို့မရနိုင်တာကြောင့် သပ်သပ်ခွဲထုတ်ပြီးမှသာ အခြေခံကျကျတဆင့်ခြင်းသွားရင်ဖြစ်နိုင်ပါတယ်။ますကိုသိပြီဆိုရင် N1 က တချို့သဒ္ဒါမျိုးလောက်ကတော့ အသုံးပြုနိုင်သွားမှာပါ။
形容詞တွေအလှည့်ရောက်လာတဲ့အခါမှာလဲ 形容詞ရဲ့အကြောင်းအရာတွေ လွယ်ကူတဲ့ သဒ္ဒါတွေနဲ့သင်ကြားလေ့ကျင့်ပေးမှာဖြစ်ပါတယ်။(N5 level သမားတွေအတွက် ဆရာမ သီးသန့်)
N5 Level သင်ယူပြီးသောလူများမှစတင်ပြီး သဒ္ဒါပေါင်းစုံကိုစကားပြောကျွမ်းကျင်စေဖို့အတွက် စတင်သင်ကြားလေ့ကျင့်ရမှာပါ။လေ့ကျင့်တယ်ဆိုတဲ့အခါမှာလဲ ဆရာတွေကိုယ်တိုင် လေယူလေသိမ်းကအစ လေ့ကျင့်ပေးမှာပါ။
အောက်ဖော်ပြပါ(ပုံ)အကြောင်းအရာကတော့ ဥပမာပေးဖော်ပြထားခြင်းသာဖြစ်ပါတယ်။kanji . vocabulary . reading . listening စသည်တို့ကတော့ တဆင့်ခြင်းသွားရမှာဖြစ်တာကြောင့် ဖော်ပြထားခြင်းမရှိပါ။
တကယ်တက်ကျွမ်းဖို့ရည်ရွယ်တာကြောင့် သေချာစနစ်တကျနဲ့ သင်ကြားသွားမည်ဖြစ်ပါတယ်။
#1000ထဲနဲ့သေချာယောသင်ပါ့မလားဆိုတာလက်တွေ့လေ့လာကြည့်ပေးပါ
စတင်သင်ကြားမည့် နေ့ရက် 21.12.2022ရက်နေ့
စနေ ၊ တနဂ်နွေ ပိတ်ရက်မှတ်လဲဲပြီး တနလ်ာမှာသောကြာ
တပတ်လျှင် (၅)ရက်
https://m.facebook.com/story.php?story_fbid=1184783535789023&id=100027721634841&mibextid=Nif5oz
今日日本語学校
04/12/2022
စာမေးပွဲဖြေဆိုသည့်အခါမှာ ဒီအချက်လေးများ နားလည်ထားပါက အထောက်အကူ ဖြစ်စေမှာပါ။
06/11/2022
#ဆောက်လုပ်ရေးလုပ်ငန်းသုံးအခေါ်အဝေါ်များ(1)
တချို့သော မြန်မာပြန်အသုံးလေးတွေက နားလည်သလိုရေးထားတာကြောင့်ဖြည့်စွက်ဖတ်ရှု့ပေးကြပါ။
29/09/2022
#ဂျပန်အင်တာဗျူး
တပည့်မလေး ချောငယ် အင်တာဗျူးဖြေဖို့အတွက် တင်ပေးရင်းနဲ့ ကျန်တဲ့သူများပါ ဗဟုသုတရစေရန် အတွက် Sharing လုပ်လိုက်ပါတယ်။
အင်တာဗျူး ဖြေသည့်အခါ ဆောင်ရန် ရှောင်ရန်တွေကို သိထားဖို့ လိုအပ်ပါတယ်။ဒီအထဲမှာ အင်တာဗျူးကို အပြင်မှာ သွားဖြေသည့်အခါမှာတော့
#1အင်တာဗျူးဖြေသည့်အခါ ဆန္ဒမစောပဲနဲ့ စကားကိုတည်ငြိမ်စွာပြောရန် (ဗလုံးဗထွေး မပြောမိစေဖို့သတိထားရန်)
#2ဆံပင်ကို သပ်သပ်ရပ်ရပ်လေး ဖီးထားဖို့လိုအပ်ပါတယ်။(ဖိုသီဖတ်သီ လုံးဝမလုပ်သင့်ပါ)
#3အဝတ်အစားကို သပ်ရပ်စွာဝတ်ဆင်ရန်(အင်္ကျီကျယ်သီးလုံးဝမဖြုတ်ထားရန်)
#4အင်တာဗျူးအခန်းတွင်းသို့ ဝင်ရောက်သည့်အခါ တံခါးခေါက်ရန်နှင့်失礼します(しつれいします)ဝင်ခွင့်ပြုပါလို့ခွင့်တောင်းရမည်။အင်တာဗျူးမေမည့် သူမှ はい、どうぞ 座って下さい ထိုင်ပါလို့ပြောမှ ထိုင်ရန်။ထိုင်မည့်အခါ 有り難い御座います ありがとうございますလို့ပြန်ပြောရမည်။
#5မျက်နှာကိုပြုံးချိုစွာထားရမည်ဖြစ်ပြီးယုံကြည့်မှု့ရှိတဲ့ပုံဖြစ်ရမည်
#6ခါးမတ်မတ်ထိုင်ရမည် (ခါးကွေးပြီးမထိုင်ရ)
#7မိမိမျက်နှာကိုသန့်ရှင်စင်ကြယ်စွာလုပ်ဆောင်ထားရန်
(မျက်နှာ အဆီတဝင်းဝင်းနဲ့မဖြစ်စေရ)ယောကျာ်းလေးများအနေဖြင့် နှစ်ခမ်းမွှေး မုတ်ဆိတ်မွှေးများကို သေချာစနစ်တကျှင်းလင်းထားရမည်။
#8ဂျပန်တွေရှေ့မှာ အင်တာဗျူးဖြေသည့်အခါ လုံးဝကိုလက်မပိုက်ထားရန်(လက်ပိုက်ခြင်းကဆရာကြီးအထှာဖမ်းခြင်းကြောင့် ဂျပန်လူမျိုးများလုံးဝမကြိုက်ပါ)
#9အရေးကြီးဆုံးအချက် ဘာကြောင့်ဂျပန်မှာ အလုပ်လုပ်ချင်တာလဲမေးတဲ့အခါမှာ ပညာလိုချင်လို့လာတာပါဆိုရင် အလုပ်ခန့်ခြင်းခံရမှာမဟုတ်ပါဘူး။ဘာကြောင့်လဲ ဆိုရင် သူတို့ကလစာပေးပြီးခိုင်းမှာဖြစ်တာကြောင့် ပညာရစရာမရှိဘူးလို့ ယူစခြင်းကြောင့်ဖြစ်သည်။
ဒီတော့ အင်တာဗျူးစမယ်ပေါ့။
မေး
自己紹介(ジコショウカイ)お願いします(オネガイシマス)
ကိုယ့်ကိုကိုယ်မိတ်ဆက်ပေးပါ။
ဖြေ
おハイよございます、、 今日は(コンニチハ) 今晩は(コンバンハ)
အချိန်အခါပေါ်မူတည်ပြီး သေချာပေါက် အသုံးပြုရန်
ဖြေ
初めまして ハジメマシテ
လေးစားစွာနှုတ်ဆက်ပါတယ်(ပထမဆုံးအကြိမ်တွေ့ဆုံရာမှာ မဖြစ်မနေအသုံးပြုရမည်)
ဖြေ
私の名前は。。。。と申します
わたしのなまえは。。。ともうします
ကျတော်/ကျမ .........လို့ခေါ်ပါတယ်။
အဖြေ
bagoから 来ました。今。。。歳です。
ပဲခူးကနေ လာခဲ့တာပါ။အခု ........နှစ်ပါ။
ဖြေ
よろしくお願いします
ကျေးဇူးပြုပြီးတော့ကူညီဆောင်ရွက်ပေးပါအုံး။
မေး
どうして日本へ行きたいですか。
ဘာလို့ဂျပန်ကိုသွားချင်တာလဲ။
ဖြေ
家族を支えたいから
かぞくをささえたいから
မီးသားစုကို ထောက်ပံ့ပေးချင်လို့ပါ။
မေး
家族は何人ですか
かぞくはなんにんですか。
မိသားစုဘယ်နှစ်ယောက်ရှိလဲ။
(အဖြေပြန်ဖြေရန်)
မေး
結婚していますか。
けっこんしていますか。
လပ်ထပ်ပြီးပြီလား။
ဖြေ
いいえ、独身です。
いいえ、どくしんです。
ဟင့်အင်း, အပျို/လူပျို ပါ။
(or)
いいえ、結婚しました
လပ်ထပ်ပြီးပါပြီ( အိမ်ထောင်သည်ပါ)
(အိမ်ထောင်သည်ဖြေတာနဲ့ ခလေးရှိလား ဂျပန်သွားဖို့ယောအဆင်ပြေလားဆက်မေးပါလိမ့်မယ်)
မေး
大学を卒業しましたか。
だいがくをそつぎょうしましたか。
ဘွဲ့ရပြီးပြီလား။
ဖြေ
はい、卒業しました。
ဟုတ်ကဲ့,ဘွဲ့ရပြီးပါပြီ။
いいえ、高校で辞めました
いいえ、こうこうでやめました。
ဟင့်အင်း အထက်တန်းနဲ့ထွက်လိုက်တာပါ။
いいえ、途中で辞めました。
いいえ、とちゅうでやめました。
တဝက်တပျက်နဲ့ကျောင်းထွက်ခဲ့ပါတယ်။
မေး
専門は何ですか。
မေဂျာကဘာလဲ။
どうして辞めました。
どうしたやめました。
ဘာလို့ကျောင်းထွက်လိုက်တာလဲ။
ဖြေ
数学です。
すうがくです。
သင်္ချာနဲ့ဘွဲ့ရပါတယ်။
家族の経済が良くないから
かぞくのけいざいがよくないから
မိသားစုစီးပွားရေးမကောင်းလို့ပါ။
မေး
日本に来た時日本人と仲良く出来ますか。
にほにきたときにほんじんとなかよくできますか
ဂျပန်ရောက်ရင် ဂျပန်လူမျိုးတွေနဲ့သင့်မြတ်စွာနေနိုင်ပါ့မလား။
人々と調整して仕事するのが出来ますか。
ひとびととちょうせいしてしごとするのができますか。
လူတွေနဲ့ညှိနှိုင်းပြီးအလုပ်လုပ်နိုင်ပါသလား။
ဖြေ
はい、できます
ဟုတ်ကဲ့,လုပ်နိုင်ပါတယ်။
(အပေါ်မေးခွန်းနှစ်ခုလုံးကို လိုရင်းတိုရှင်းသာဖြေရန်)
မေး
日本についてどう思いますか
ဂျပန်နဲ့ပတ်သတ်ပြီး ဘယ်လိုထင်လဲ။
ဖြေ
日本は技術が進んでいる国と思います。
にほんはぎじゅつがすすんでいるくにとおもいます
ဂျပန်က နည်းပညာတွေတိုးတက်တဲ့နိုင်ငံလို့ ထင်ပါတယ်။
မေး
日本語もどう思う
ဂျပန်စာယော ဘယ်လိုထင်လဲ
ဖြေ
難しいですが面白い
おずずかしいですがおもしろい
ခက်ခဲပေမဲ့လို့ စိတ်ဝင်စားစရာကောင်းပါတယ်
(လိုရင်းသာဖြေရန် လုံးဝထပ်မကွန့်ပါနဲ့)
မေး
日本から帰って来たら何をやりたいですか。
ဂျပန်ကပြန်လာရင်ဘာလုပ်ချင်လဲ။
ဖြေ
自営業をやりたいです。
じえいぎょうをやりたい。
ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်ပါတယ်။
မေး
日本のどんな事が好きですか。
ဂျပန်ရဲ့ဘယ်အချက်တွေကိုကြိုက်ပါသလဲ။
ဖြေ
日本人は時間を守ることが好きです。
にほんじんはじかんをまもることがすきです。
ဂျပန်လူမျိုးတွေ အချိန်လေးစားတာကိုကြိုက်ပါတယ်။
မေး
聞きたいことがありません/何もないよ/足ります。
မေးစရာမရှိတော့ပါဘူး/လုံလောက်ပါပြီ
ဖြေ
私の話を聞いてどうも有り難う御座います、これからよろしくお願いいたします。
ကျတော်/ကျမရဲ့စကားကို နားထောင်ပေးတာကြောင့်အရမ်းကိုကျေးဇူးတင်ပါတယ်,အခုကစပြီးကျေးဇူးပြုပြီးတော့ ကူညီစောက်ရှောက်ပေးပါ။
(အင်တာဗျူးအဆုံးသတ်မှာ သေချာပေါက်ကို ယခုလိုအဆုံးသတ်ရမည် အလုပ်ခန့်ချင်အောင်ပေါ့)
ယခုအချက်အလက်များကိုတော့ လိုရင်းလောက်သာထည့်ပေးထားပါတယ် Laptop. ကပျက်နေတဲ့အတွက်အဆင်မပြေလို့ပါ။
ကျန်တဲ့ easy question တွေကတော့ ဖြေနိုင်မယ်လို့ထင်ပါတယ်။ဖြေနိုင်အောင်လဲ သေချာစနစ်တကျနဲ့သင်ထားပြီးသားဆိုတာယုံကြည်ပါတယ်။
ဆရာရဲ့အလိမ္မာဆုံးနဲ့အသိတက်ဆုံး တပည့်မလေး ချောငယ် အစစအရာရာအဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။
今日日本語学校
11/09/2022
လာမဲ့အပတ်ထဲ အင်တာဗျူးရှိပါတယ်။
N4 Level အောင်ထားရမည်။အင်ဂျင်နီယာ BE ဘွဲ့ရထားသူဖြစ်ရမည်။အခြေခံလစာသောင်း 20 ပါ။ work visa နဲ့ပါ။
ပွဲစားမဟုတ်ပါ။ကိုယ်ကျောင်းနဲ့ချိတ်ဆက်ထားတော့ လိုအပ်ချက်အရကူညီချင်းသာဖြစ်ပါတယ်။အင်တာဗျူးအတွက် နှစ်သိန်းပေးရပါမယ်တဲ့။အင်တာဗျူး မအောင်ပါက ပြန်ထုတ်ပေးပါ့မယ်ပြောပါတယ်။
စိတ်ဝင်စားသူများဆက်သွယ်နိုင်ပါတယ်။တပြားတကျပ်မှ ပွဲစားခမယူပါ။
တကယ်လို့ အင်တာဗျူးဖြေချင်ချင်တယ်ဆို လိုက်ပို့ပေးပါ့မယ်။ဟိုရောက်တော့ ကိုယ်သိချင်တာတွမေးပေါ့နော်။
24/08/2022
部首(ぶしゅ)ဆိုတာဘာလဲ 漢字 တွေစိတ်ညစ်ကြပါတယ်ဆိုလို့ သိသလောက်လေးလေ့လာပြီးတော့တင်ပေးပါ့မယ် အဲ့တာမှသာလျှင် ကိုတသက်လုံးမှတ်မိနေကြမှာဖြစ်ပါတယ် တကယ်လဲသိသင့်သိထိုက်ပါတယ်
Kanji စာလုံးအမျိုးအစား ဘယ်နှစ်မျိုးရှိပါသလဲ?
Kanji ကို အမျိုးအစားအနေနဲ့ ခွဲခြားရင် စုစုပေါင်း (၆) မျိုးရှိပါတယ် ။ ဒါပေမယ့် (၄) မျိုးကိုသာ အဓိက ထားသုံးပါတယ် ။
(၁) 象形文字(しょうけいもじ)
ပန်းချီပုံမှဖြစ်လာသော ခန်းဂျိ
(၂) 支持文字(しじもじ)
သဘောတရားမှဖြစ်လာသော ခန်းဂျိ
(၃) 会意文字(かいいもじ)
အတွေးအခေါ်ပေါင်းစပ်ခြင်းမှ ဖြစ်ပေါ်လာသော ခန်းဂျိ
(၄) 形声文字(けいせいもじ)
အစိတ်အပိုင်းပေါင်းစပ်ခြင်းမှဖြစ်ပေါ်လာသော ခန်းဂျိ
(၅) 転注文字(てんちゅうもじ)
ဆက်စပ်တွေးခေါ်ခြင်းမှ ဖြစ်ပေါ်လာသော ခန်းဂျိ
(၆) 仮借文字(かしゃもじ)
အသံထွက်အရ ဖြစ်ပေါ်လာသော ခန်းဂျိ
မှတ်ချက်......(၁) မှ (၄) အထိသည် အဓိကအားဖြင့် ခွဲခြားထားသောခန်းဂျိ
အမျိုးအစားဖြစ်ပါသည်။
🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧🐧
部首(ぶしゅ) ဆိုတာ ဘာလဲ? 部首(ぶしゅ) ဆိုတာ 漢字တွေကို အစိတ်အပိုင်း ခွဲပြီး မှတ်တဲ့ သဘောပါ ။ Englishလိုတော့ Radical လို့ ခေါ်ပါတယ် ။
စုစုပေါင်း (၇) မျိုးရှိပါတယ်။
တည်နေရာပေါ်မူတည်ပြီး နာမည်လေးတွေပေးထားပါတယ်။
တည်နေရာလေးတွေကတော့
(၁) ခန်းဂျိရဲ့ အပေါ်ဘက်မှာ
(၂) ခန်းဂျိရဲ့ အောက်ဘက်မှာ
(၃) ခန်းဂျိရဲ့ ဘယ်ဘက်မှာ
(၄) ခန်းဂျိရဲ့ ညာဘက်မှာ
(၅) ခန်းဂျိရဲ့ဘယ်ဘက်နဲ့အပေါ်ဘက်မှာ
(၆) ခန်းဂျိရဲ့ ညာဘက်နဲ့ အောက်ဘက်မှာ
(၇) ခန်းဂျိရဲ့ ပတ်ပတ်လည်မှာ
စသဖြင့် ခွဲခြားထားပါတယ်။ အောက်မှာရှင်းပြပေးပါ့မယ်။
(၁) へん
ခန်းဂျိရဲ့ ဘယ်ဘက်အပိုင်းမှာ ရှိတဲ့ ぶしゅ ကို へん လို့ ခေါ်ပါတယ် ( အသုံးအများဆုံး ぶしゅ ဖြစ်ပါတယ် )
(၂) かんむり
ခန်းဂျိရဲ့ အပေါ်ပိုင်းမှာ ရှိတဲ့ ぶしゅ ကို かんむり လို့ ခေါ်ပါတယ်
(၃) あし
ခန်းဂျိရဲ့ အောက်ပိုင်းမှာ ရှိတဲ့ ぶしゅ ကို あし လို့ ခေါ်ပါတယ် ။
(၄) かまえ
ခန်းဂျိရဲ့ ပတ်ပတ်လည်မှာရှိတဲ့ ぶしゅ ကို かまえ လို့ ခေါ်ပါတယ် ။
(၅) たれ
ခန်းဂျိရဲ့ အပေါ် ဘယ်ဘက်ပိုင်းမှာ ရှိတဲ့ ぶしゅ ကို たれ လို့ ခေါ်ပါတယ် ။
(၆) にょう
ခန်းဂျိရဲ့ ဘယ်ဘက်အောက်ပိုင်းမှာ ရှိတဲ့ ぶしゅ ကို にょう လို့ ခေါ်ပါတယ် ။
(၇) つくり
ခန်းဂျိရဲ့ ညာဘက်ပိုင်းက ぶしゅ ကို つくり လို့ ခေါ်ပါတယ် ။
ဒီလောက်ဆိုရင် 部首(ぶしゅ)သဘောတရားတွေကိုနားလည်မယ်ထင်ပါတယ်နော်
ぶしゅ (radical) ဟာ စုစုပေါင်း ၂၀၀ ကျော်ရှိပါတယ် ။ ဒါပေမယ့် နေ့စဉ်သုံးခန်းဂျိအရ အတွေ့အမြင်အများဆုံး radical ကတော့ ၅၀ ကျော်ရှိတယ်လိုတော့မှတ်သားဘူးပါတယ်အပေါ်မှာ radical (၇) မျိုးကို ဖော်ပြခဲ့ပြီးဖြစ်လို့ ဒီတစ်ခါ အမျိုးအစားတစ်ခုချင်းစီထဲက အသုံးအများဆုံး
(၁) へん (radical)
へん ဆိုတာ ခန်းဂျိရဲ့ ဘယ်ဘက်မှာ ရှိတဲ့ radical တစ်မျိုးပါ ။ အသုံးအများဆုံး radical လို့လည် ဆိုနိုင်ပါတယ် ။ へん radical အများကြီးရှိပေမယ့် အဲ့ထဲကမှ အသုံးအများဆုံးဖြစ်တယ့် 亻(にんべん)ဆိုတာလေးကိုဖော်ပြပေးချင်ပါတယ် ။ ( 亻) ဆိုတာ လူတွေကိုကိုယ်စားပြုပါတယ်။
へん (radical) ဖြစ်တယ့်အတွက် 漢字ရယ့်ဘယ်ဘက်အခြမ်းမှာရှိပါတယ်။
အဲ့တော့ 亻(にんべん)ဆိုတာလေးကြည့်ရအောင်
休 やすむ 🏆 အနားယူသည် N5
侍 さむらい 🏆 သူရဲကောင်း N1
促 うながす 🏆 တိုက်တွန်းသည် N1
係 かかり 🏆 တာဝန်ခံသည် N3
信 しん 🏆 ယုံကြည်မှု့ N3
俗 ぞく 🏆 အများနဲ့သက်ဆိုင်သော N1
俺 おれ 🏆ကျွန်တော် N1
倹 けん 🏆 ခြိုးခြံချွေတာသည် N1
倫 りん 🏆 ကိုယ်ကျင့်တရား N1
俸 ほう 🏆 လစာ N1
偵 てい 🏆 သူလျှို N1
偉 えらい 🏆ကြီးကျယ်မြင့်မြတ် N2
ဒီခန်းဂျိတွေကိုလေ့လာကြည့်မယ်ဆိုရင်နော့ လူနဲ့ပတ်သတ်နေတာတွေကြီးပဲတွေ့ရမှာပဲဖစ်ပါတယ် ဒီလိုလေ့လာခြင်းအားဖြင့်လဲခန်းဂျိသဘောတရားတွေကိုနားလည်သွားမယ် မမေ့တော့ဘူးလို့ ထင်ပါတယ် へん (radical) ရယ့်နောက်အပိုင်းတွေကို တက်နိုင်သလောက်တင်ပေးပါ့မယ်
今日日本語学校
08/08/2022
#မှားယွင်းသောစကားအသုံးပြုပုံ
ဂျပန်စာမှာ အမှားအများဆုံး စကားပြောအမျိုးအစားငါးမျိုးရှိပါတယ်။ ဘယ်နေရာတွေမှာ မှားယွင်းနေတာလဲဆိုရင် သင်နဲ့စကားပြောဆိုနေသောသူ၏ အနေအထားနှင့် အခြေအနေပေါ်မူတည်၍ မှန်ကန်စွာအသုံးမပြုနိုင်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။
ဂျပန်စာများကို ကျက်မှတ်ရာတွင် ရိုသေစွာသုံးဂျပန်စာအမျိုးအစားများကို မှတ်သားနိုင်သော်လည်း ကိုယ်နှင့်စကားပြောသူကို အနေအထားမှန်စွာအသုံးပြုဖို့လိုအပ်ပါတယ်။
ထို့ကြောင့် ဂျပန်လူမျိုးများနှင့် လက်တွေ့ စကားပြောဆိုခြင်း၊ဂျပန်လူမျိုးများ အချင်းချင်းပြောနေသည့်စကားကို နားထောင်ခြင်းဖြင့် "လက်တွေ့အသုံးချနေသောအရိုအသေသုံးဂျပန်စာအမျိုးအစားများ၏အသုံးပြုပုံ" ကို လေ့လာရန် အကြံပြုအပ်ပါသည်။
ဒီနေရာမှာ ဂျပန်လူမျိုးတွေတောင် အလွယ်တကူမှားနိုင်တဲ့ ဂျပန်စာအရိုသေသုံးစကားတွေရဲ့အမျိုးအစားတွေကို ရှင်းပြပါမယ်။အောက်ဖော်ပြပါ အရိုသေသုံးစကားများကိုအသုံးပြုသည့်နေရာမမှားယွင်းအောင်သတိပြုပါ။
1 .りょうかいしました သဘောပေါက်ပြီ
2 .ごくろうさまです ပင်ပန်းသွားပြီ
3 . すみません စိတ်မရှိပါနဲ့
4 . ~になります ဖြစ်လိမ့်မည်
5 . ~の ほう (~က)
#りょうかいしましたသဘောပေါက်ပြီ
ဧည့်သည်များကိုဝန်ဆောင်မှုပေးသည့်အချိန်၌အချိန်ပိုင်းバイトလုပ်သည့်ကျောင်းသားများနှင့်လူငယ်များကအသုံးပြုသည့် မှားယွင်းသောအရိုသေသုံးစကားများအား " keigo"敬語 ဟုခေါ်ပြီး အသက်ကြီးသောသူများကိုအရိုအသေမတန်ရာရောက်သည်။
" သဘောပေါက်ပြီ (RyooKai Shimash*ta)"了解しました သည် "နားလည်သည်(Rikaish*ta)" 理解したအတွက် ယဉ်ကျေးသော敬語(keigo)
စကားလုံးဖြစ်သည်။ထို့ကြောင့်သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက်များကဲ့သို့ တူညီသောLevelများအတွက် အသုံးပြုရန်သာ အဆင်ပြေပါတယ်။ သို့သော် အထက်လူကြီးများနှင့်ပြောဆိုသည့်အချိန်တွင်အသုံးပြုခြင်းသည် ရိုင်းစိုင်းတဲ့သဘောကို သက်ရောက်နေပါတယ်။သင်၏အထက်လူကြီးကို သင်နားလည်ကြောင်းပြောပြလိုပါက နှိမ့်ချသောစကားလုံး "သိပါပြီ(ShouchiShimash*ta)" 承知しましたသည်သာ မှန်ကန်သောအသုံးအနှုန်းဖြစ်ပါသည်။
#ပင်ပန်းသွားပြီ(Gokuroosama desu)ご苦労様です
“မင်းရဲ့ကြိုးစားအားထုတ်မှုအတွက်ကျေးဇူးတင်ပါတယ်(Gokuroosamadesu)”ご苦労様ですလို့ အထက်လူကြီးနဲ့အသက်ကြီးသူတွေကသင့်ကိုပြောတဲ့စကားကိုသင်ကလဲပဲထိုစကားကိုအထက်လူကြီးတွေဆီပြန်သုံးပါကမှားပါတယ်။ " မင်းရဲ့ကြိုးစားအားထုတ်မှုအတွက်ကျေးဇူးတင်ပါတယ်(Gokuroosamadesu)" ご苦労様ですသည် အထက်လူကြီးများကအသုံးပြုသည့် စကားလုံးဖြစ်ပြီး၊ “ပင်ပန်းသွားပြီ (Otsukaresama desu)お疲れ様ですကသုံးရန်စကားအမှန်ဖြစ်သည်။ဂျပန်လူမျိုးအချို့က "(Gokuroosamadesu)"ご苦労様です လို့သုံးတဲ့အတွက်လိုက်မပြောမိစေရန်သတိထားပါ။
#စိတ်မရှိပါနဲ့(Suimasenn/Sumimasen)すみません
မိမိ၏အထက်လူကြီးများကို တောင်းပန်သည့်အခါ " (Suimasenn )すみませんတောင်းပန်ပါတယ်" သို့မဟုတ် " (Sumimasen)တောင်းပန်ပါတယ်" ဟု သုံးခြင်းသည် မှားယွင်းနေသည်။ "တောင်းပန်ပါတယ်(GomenNasai)ごめんなさいနှင့် တူညီသောစကားဖြစ်တာကြောင့် ရင်းနှီးသူကလွဲရင်၎င်းကို မသုံးပါနှင့်။ အထက်လူကြီးတွေကို တောင်းပန်တဲ့အခါ “(Moushiwake Arimasen)申し訳ありませんတောင်းပန်ပါတယ်” နဲ့ “(Sh*tsureishimash*ta)失礼いたしました。မရိုမသေလုပ်မိပါတယ်” ဆိုတာက မှန်ကန်တဲ့အသုံးအနှုန်းတွေပါ။ ထို့အပြင်စားသောက်ဆိုင်တွင်အော်ဒါမှာယူမှု သို့မဟုတ် ဆိုင်ဝန်ထမ်းကိုခေါ်ယူသည့်အခါ ဂျပန်လူမျိုးအချို့က " (Sumimasen)" ဟု ပြောကြသည်။ ဤအချိန်တွင် Sumimasen すみませんသည်“အလုပ်များနေချိန်မှာ ခေါ်ရလို့စိတ်မရှိပါနဲ့ တောင်းပန်ပါတယ်” လို့ အဓိပ္ပာယ်ရှိပုံရပါတယ်။
#ဖြစ်လိမ့်မည်( ~ Ni Narimasu ) に なります
ငွေရှင်းကောင်တာတွင် ကျသင့်ငွေမည်မျှရှိသည်ကိုပြောခြင်း သို့မဟုတ် ပြန်အမ်းငွေပေးခြင်းတို့ကို ပြုလုပ်သည့်အခါ "~ယန်း Ni Narimasu " ဟုပြောခြင်းသည် အမှားတစ်ခုဖြစ်သည်။ "~ Ni Narimasu " ကိုအခြေအနေပြောင်းလဲသောအခါတွင် အသုံးပြုသည်။ ဥပမာ၊ " လာမည့်နှစ်တွင်လူမှုအဖွဲ့အစည်းသို့ဝင်ရောက်မည်" နှင့် "ဦး/ဒေါ် ◯ သည်မန်နေဂျာဖြစ်လာမည်" တို့သည် "~ Ni Narimasu "၏ မှန်ကန်သောအသုံးအနှုန်းများဖြစ်သည်။ ဂျပန်လူတော်တော်များများက "~ယန်း Ni Narimasu " ဟုပြောခြင်းကိုကျင့်သားရနေတဲ့အတွက် “~ ယန်းဖြစ်တယ်" "~ Yen desu/ ~Yen DeGozaimasu" 円でございますလို့ ပြောဆိုကြပါစို့။
~မှလက်ခံမယ်( ~Kara Azukarimasu)
~မှလက်ခံမယ်( ~Kara Azukarimasu)" သည်လည်းပဲ ~ Ni Narimasu " ကဲ့သို့အတူတူပင်ဖြစ်သည်။ငွေပေးချေသောကောင်တာတွင် ငွေအပေးအယူလုပ်ရာ၌ မှားယွင်းစွာသုံးနေသောအရိုအသေသုံးစကားလုံးဖြစ်သည်။
#のほう (~က)
“~の ほう(~က)” သည် အရာနှစ်ခုကို နှိုင်းယှဉ်ရန်နှင့် ဦးတည်ချက်ကို ညွှန်ပြရန်အတွက် သုံးသည်။ ထို့ကြောင့် "စာရွက်စာတမ်းများကဘယ်လိုလဲ။しょるいのほうはどうこですかနှင့် "အချိုရည်ကဘယ်လိုလဲのみもののほうはどうこですか。" တို့သည် မှားယွင်းသောအသုံးအနှုန်းများဖြစ်သည်။ ဂျပန်လူမျိုးအချို့က ထိုသို့ပြောနေကြသော်လည်း မှန်ကန်သောအသုံးအနှုန်းမဟုတ်သောကြောင့် သတိထားသုံးသင့်ပါတယ်။
今日日本語学校先生
NgaDu
07/08/2022
#撥音
ဂျပန်စာလေ့လာတဲ့ အခါမှာသိထားသင့်သော အသံထွက်များ ရှိပါတယ်။ဒီထဲကမှ 撥音(はつおん)おんကြောင့်ပြောင်းလဲသွားသော အသံသုံးမျိုးဆိုတာ ရှိပါတယ်။ဂျပန်လို အသံထွက်ရေးသားရတဲ့အခါမှာ မြန်မာလိုအသံထွက်ရေးဖို့ဆိုတာ ထပ်တူကြဖို့ခက်ခဲတာကြောင့် နီးစပ်ရာအသံအနေအထားရေးရခြင်းဖြစ်ပါတယ်။ဒါကြောင့်ဖြည့်စွက်နားလည်ပေးဖို့မေတ္တာရပ်ခံပါတယ်။
Copy ကူးယူခြင်း လုံးဝခွင့်မပြုပါ။
今日日本語学校先生
NgaDu