11/01/2021
ဉာဏ်ဆိုတာခဏခဏစမ်းပေးရတယ်ဆိုလို့😜
ဉာဏ်ကောင်းသူများအဖြစ်ရပ်တည်ချင်ရင် commentမှာအဖြေမပေးခဲ့နဲ့ Yesလိုပဲမန့်ခဲ့ပေး😂
စတာနော် အဖြေလေးတွေဖြေသွားကြည့်ပေးဦးလို့😁
ကိုယ်ပိုင်ဉာဏ်ကိုအရင်သုံးကြည့် မရရင်လည်းGoogleခေါက်ပြီးလာဖြေပေးနော်😗
10/01/2021
📝Some နဲ့ Any ရဲ့အခြားအသုံးပုံစံလေးတွေကိုပြောပြပေးချင်သေးတယ်...မနေ့ကအဆက်လေးပါ😃
✔ Someကို Countable Nounနဲ့တွဲသုံးတဲ့အခါ
"Some + Plural Countable Noun" လိုပုံစံကိုအများဆုံးသုံးကြတယ်ပေါ့နော်
"Some + Singular Countable Noun" လိုပုံစံလေးဆိုရင်တော့ သုံးလိုက်တဲ့ Countable Nounရဲ့ အစိတ်အပိုင်းကိုရည်ရွယ်တယ်ဆိုတဲ့သဘောဆောင်မယ်နော်...
ကဲ ဥပမာလေးကိုရှိုးလိုက်ကြရအောင်...
(1) Would you like some bananas?
မင်းငှက်ပျောသီးအချို့စားချင်လား...
ဒီမှာဆိုရင်တော့ မေးတဲ့သူဆီမှာငှက်ပျောသီးအချို့ရှိပြီး အဲ့ထဲကနေတစ်ချို့လောက်ကို စားချင်စိတ်ရှိလားလို့မေးတဲ့သဘောရတယ်...ငှက်ပျောသီးလေးငါးလုံးလောက်ရှိတဲ့ထဲကမှ စားဦးမလားမေးတာနော်😁 သဘောတွေဇွတ်ကောင်းချက်😂
အိုကေ... နောက်ဥပမာလေးကြည့်လိုက်ကြရအောင်...
(2) Would you like some banana?
မင်းငှက်ပျောသီးတစ်ကိုက်နှစ်ကိုက်လောက်စားချင်လား...
Some ရဲ့နောက်မှာ Plural Countable Nounပဲလိုက်ရမှာလေဆိုပြီးလာမငြင်းနဲ့ ရေးထားတာတွေ့ရင်လည်းသွားငြင်းမနေနဲ့ဦး...ရေးထားတာကိုက တစ်ကိုက်နှစ်ကိုက်လောက်စားချင်လားမေးတာနော်...မေးတဲ့သူဆီမှာကလည်း တစ်လုံးပဲရှိတာ ဘေးမှာလူရှိနေတော့ အားနာပြီးမေးရတာ😂...အားမနာပါးမနာနဲ့စားချင်တယ်တွေမပြောကြပါနဲ့😝...ငှက်ပျောသီးတစ်လုံးကတစ်ယောက်တည်းတောင်စားမလောက်ရပါဘူး😁...
အိုကေ နောက်တစ်ခုလောက်ပြောပြပေးဦးမယ်...
"Some + Singular Noun" ပုံစံလေးကပဲ ဂရုမစိုက်ဘူးဆိုတဲ့အကြောင်းအရာကိုဖော်ပြနိုင်တဲ့ဟာလေးပါ...
(3) Mg Mg spends all day playing some mobile game.
မောင်မောင်ကတစ်နေ့လုံးဖုန်းဂိမ်းပဲဆော့ရင်းအချိန်ဖြုန်းနေတယ်...
ဒီမှာဆိုရင်တော့ မောင်မောင်ဂိမ်းဆော့တာနဲ့ပတ်သက်ပြီး မဆူချင် မပြောချင်တော့ဘူး...ကြိုက်တဲ့ဂိမ်းကိုသာဆော့ လုံးဝဂရုမစိုက်ချင်တော့ဘူး...လက်လျှော့လိုက်ပြီဆိုတဲ့သဘောရတယ်...
စာရှည်သွားပြီ...နောက်ဆုံးတစ်ခုတော့ပြောပြပေးဦးမယ်😁...
Any က Limitless possibility (အကန့်အသတ်မဲ့ဖြစ်တန်ချေ) ကိုရည်ရွယ်တဲ့ပုံစံလေးပါ...ကပ်တွဲလေးသုံးတဲ့ပုံစံ☺
(1) Mg Mg is hungry. He will eat something.
မောင်မောင်ဗိုက်ဆာနေတယ်.သူတစ်ခုခုစားလိမ့်မယ်.
အထွေအထူးမဟုတ်ဘဲ စားစရာတစ်ခုခုကိုစားမယ့်သဘောလေးပဲ...
(2) Mg Mg is hungry.He will eat anything.
မောင်မောင်ဗိုက်ဆာနေတယ်.သူဘာမဆိုစားလိမ့်မယ်.
ဒီလိုဟာမျိုးဆိုရင်တော့ မောင်မောင်သာအနားမှာရှိရင်သတိကြီးကြီးထားကြပေတော့...သူကဘာမဆိုစားဖို့ဝန်မလေးဘူး...အိမ်မှာကြောင်တွေဘာတွေမွေးထားရင်ဘေးနားခေါ်ထားလိုက်😂..ဆွဲစားသွားလိမ့်မယ်...အဲ့လိုသဘောလေးတွေရှိတယ်...
Ok! အချိန်တော်တော်ကြာအဆုံးထိလိုက်ဖတ်ပေးရင် ကျေးဇူးတင်ပါတယ်...
အတွေးလေးနည်းနည်း အသိလေးနည်းနည်းလောက် ရလိုက်တယ်ဆိုရင်ပဲ တန်ပါတယ်နော်😁 လိုရင်းတိုရှင်းတွေပြောချင်ပေမယ့် ကိုယ့်ဘာကိုယ်ရေးပြီးခွီချင်နေတာနဲ့ ပေရှည်သွားတယ်😂...
ဒီနေ့တော့ ဒီလောက်နဲ့ပဲရပ်ထားလိုက်တော့မယ်...
နောက်နေ့မှ နောက်ထပ်ခေါင်းစဥ်လေးတွေနဲ့ ပေါ့ပေါ့ပါးပါးအေးဆေး ဆက်ကြတာပေါ့😊
09/01/2021
👉 Some နဲ့ Anyနဲ့ဘာတွေမတူဘူးလဲလို့ဆိုလိုက်တိုင်း ယေဘူယျအားဖြင့် Someကို Positive Sentence(Affirmative) မှာအသုံးများပြီး Anyကိုတော့ Negative(မြန်မာအခေါ် နဂေးတစ်😜) နဲ့ Question Sentence မှာသုံးကြတယ်ပေါ့...
📖 အခုကတော့ Some နဲ့ Anyရဲ့နည်းနည်းထူးခြားတဲ့ Insights လေးတွေကိုကြည့်လိုက်ကြရအောင်
✔ Setတစ်ခုလိုဟာထဲကရွေးချယ်တဲ့အခါ...
Some က Limited သဘောဖြစ်ပြီး
Any က Unlimited သဘောကိုဆောင်တယ်...
(1) Mya Mya likes some Myanmar singers.
မြမြသည်မြန်မာအဆိုတော်တစ်ချို့ကိုနှစ်သက်တယ်...
ဒီExampleမှာဆိုရင် မြမြကရဲလေးတို့ ဘစိုင်းတို့ G-fatt တို့ကိုကြိုက်တယ်ပေါ့...အခြားအဆိုတော်တွေကိုတော့မကြိုက်ဘူးပေါ့
(2) Mya Mya likes any Myanmar singers.
မြမြသည်မြန်မာအဆိုတော်အားလုံးကိုနှစ်သက်တယ်...
ဒီExampleမှာဆိုရင် "Any" က "All" ဆိုတဲ့သဘောဆောင်တယ်...မြမြကရဲလေး ဘစိုင်း G-fatt အပြင် မြန်မာပြည်သိန်းတန် ဂျေညီညီ ဂျေမောင်မောင် အစရှိသဖြင့်ခေတ်ဟောင်းအဆိုတော်တွေကော အကုန်လုံးကို ဘာလာလာ ကြိုက်နှစ်သက်တဲ့သဘောရတယ်...
(3) Mya Mya doesn't like some Myanmar singers.
မြမြသည်မြန်မာအဆိုတော်အချို့ကိုမနှစ်သက်ပါ...
ဒီExampleမှာဆိုရင် မြမြက မြန်မာပြည်သိန်းတန် ဂျေညီညီ ဂျေမောင်မောင်စသဖြင့် ခေတ်ဟောင်းအဆိုတော်တွေကို မနှစ်သက်ဘူးပေါ့...မြမြနှစ်သက်တာက ရဲလေး ဘစိုင်း G-fattလေ😁
(4) Mya Mya doesn't like any Myanmar singers.
မြမြသည်ဘယ်မြန်မာအဆိုတော်ကိုမှမနှစ်သက်ပါ...
ဒီExampleမှာဆိုရင်တော့ မြမြကမြန်မာအဆိုတော်ဘယ်တစ်ယောက်ကိုမှ မနှစ်သက်ဘူးဆိုတဲ့သဘောရတယ်
အိုကေနော် ဒီလောက်ဆိုရင် အပေါ်ဆုံးကပြောပြထားတဲ့ယေဘူယျအသိလေးကို နည်းနည်းထပ်မွမ်းမံပြီးနားလည်လောက်မယ်ထင်ပါတယ် 🤓
နောက်နေ့မှ အပိုင်း(၂)ဆက်ရေးပေးတော့မယ်😁
သူများတွေတင်သလို ပုံလှလှလေးတွေနဲ့ကြိုက်လား
လိုရင်းတိုရှင်းအတွေးအမြင်ကိုကြိုက်လား😜
Feedbackလေးပေးထားပေးခဲ့ကြပါဦး😅
08/01/2021
What is the same meaning of Project?
08/01/2021
အပျင်းပြေ သင်္ချာဉာဏ်စမ်းလေးတစ်ခုလောက်ဖြေလိုက်ကြမလား?
Grade 7, Grade 8 ကျောင်းသားများဖြေဆိုကြည့်ကြပါနော်😊