Shiroi Bago Japanese Language School

Shiroi Bago Japanese Language School

Share

စေတနာ+ကြိုးစားခြင်း=အောင်မြင်မှု့

Nature + Labourpower = Value

Photos from Shiroi Bago Japanese Language School's post 13/05/2026

ဇွဲရှိရှိ စောင့်ခဲ့ရသော ခရီးစဉ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဂျပန်နိုင်ငံသို့ လုပ်ငန်းခွင်ဝင်ရန် ထွက်ခွာသွားသော ညီမလေး
အစစ အရာရာ အဆင်ပြေပါစေနော်
ကျန်းမာရေးလည်း ဂရုစိုက်ပါ
ရည်ရွယ်ချက်တွေလည်း အမြန်ပြည့်ပါစေနော်

Photos from Shiroi Bago Japanese Language School's post 11/05/2026

JLPT စာမေးပွဲကြီး ဖြေရန် 53 ရက် အလို 😁😁
🟫みなさん တို့ စာမေးပွဲဖြေဆိုရန်အတွက် old questions လေ့ကျင့်မှု့ကလည်း မဖြစ်မနေ လိုအပ်ပါတယ်ရှင့်
🟫မေးတတ်တဲ့ မေးခွန်းသဘောတရား လေးတွေ
🟫ဆောင်ရန် ရှောင်ရန်လေးတွေ သိထားမယ်
🟫ဘယ်နေရာမှာ ဘယ်လို အမှတ်ယူရမယ်
🟫ဘယ်နေရာမှာ ကိုယ်က ဘယ်လို အားနည်းတာ
🟫ဘယ်နေရာမှာ ဘယ်လို အားသာချက်ရှိတာ
🟫နောက်ပြီး အဖြေလွှာ မှာ ဘယ်လိုမျိုး အချက်အလက်တွေ ရေးဖြည့်ရမှာ
🟫ဘယ်နေရာမှာ ထည့်ရမှာ စသည်ဖြင့်
စာမေးပွဲအတွက် လိုအပ်သည်များကို စနစ်တကျနဲ့ တကယ့် စာမေးပွဲ ဖြေသလိုမျိုး လေ့ကျင့်ပေးနေတဲ့ ဂျပန်ဘာသာသင်တန်းကို ရှာနေတယ်ဆိုရင်တော့
💜SHIROI BAGO ဆရာချစ် ဂျပန်ဘာသာသင်တန်း
မှာ အပေါ်အချက်အလက်တွေနဲ့အညီ လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်
💓သင်တန်းစမည့်ရက်က 2-6-2026
💓သင်တန်းအချိန် N3 9:00~12:00PM
N4 12:00~3:00PM
💓သင်တန်းရက် Monday~Friday
💓သင်တန်းကာလ 1 Month
💓သင်ကြားမည့်မေးခွန်းအစုံရေ N3 10 စုံ
N4 10 စုံ
🟫အချိန်ရှိသေးရင် အချိန်ရှိသလို ပြင်ပမေးခွန်းများကိုလည်း ထပ်မံ သင်ကြားပေးမှာ ဖြစ်ပါတယ်
💓သင်တန်းကြေး 30000 ကျပ်
💓သင်ကြားမည့်နေရာ ခရိုင်ပညာရေးမှူးရုံးအနီး၊ ဗိုလ်အောင်ကျော်လမ်း(ကျိုက်ပွန်ငွေပလ္လင်လ္ဘက်ရည်ဆိုင်ဘေးလမ်း)၊ဥဿာမြို့သစ်၊ပဲခူးမြို့
💓ဆက်သွယ်ရန် 09788648861

Photos from Shiroi Bago Japanese Language School's post 02/05/2026

အောင်မြင်မှု့လေးတွေ အမှတ်တရပါ
ကြိုးစားပေးကြလို့ ကျေးဇူးလည်းတင်ပါတယ်နော်
TOKUTEI Building Cleaning ရယ် JFT အောင်မြင်သွားသူလေးများအား ဂုဏ်ပြုပါတယ်ရှင်
လွဲချော်သွားတဲ့သူလေးများလည်း မလျှော့သောဇွဲဖြင့် ထပ်မံ ကြိုးစား ကြပါနော် Fighting 😘😘😘
တစ်နေ့‌ နေ့မှာ အောင်မြင်သော ပုဂ္ဂိုလ်များ ဖြစ်နိုင်ကြပါစေရှင်

Photos from Shiroi Bago Japanese Language School's post 30/04/2026

ကဆုန်လပြည့်နေ့ အအေးလှူ ကုသိုလ်တော်
SHIROI BAGO ဆရာချစ် ဂျပန်ဘာသာ သင်တန်း

Photos from Shiroi Bago Japanese Language School's post 29/04/2026

ယနေ့ ဂျပန်နိုင်သို့ စားသောက်ကုန်ထုတ် လုပ်ငန်းခွင် ဝင်ရန် ထွက်ခွာသွားသော ညီမလေး
အမှတ်တရ အနေနဲ့ မှတ်တမ်းတင်လိုက်ပါတယ်ရှင်
ဇွဲ ဆု ရသွားသော ညီမလေး နောက်တစ်ယောက်ပါ
စောင့်နေရပေမယ့် အားမလျှော့ပဲ အချိန်ကို အကျိုးရှိစွာ အသုံးချပြီး N2 ထိ လေ့လာသွားတာကြောင့် ဂျပန်မှာ အရာရာ အဆင်ပြေချောမွေ့ပါစေရှင်
အထူးမှာချင်တာကတော့ ကျန်းမာရေးဂရုစိုက်နော်

Photos from Shiroi Bago Japanese Language School's post 28/04/2026

27-4-2026
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဂျပန်နိုင်ငံ သို့ ထွက်ခွာခြင်း အမှတ်တရလေးပါ
အခက်အခဲ အကျပ်အတည်းတွေကြောင့် အချိန်တွေကြာမြင့်ခဲ့ပေမယ့် မလျော့သော ဇွဲတွေကြောင့် နောက်ဆုံးမှာ လိုရာ ပန်းတိုင် ရောက်ခဲ့ပြီမို့ အရမ်း ဝမ်းသာပါတယ် ညီမလေးရေ
ဂျပန်နိုင်ငံမှာလည်း အစစအရာရာ အဆင်ပြေပါစေနော်
တကူးတက လာပြီး နှုတ်ဆက်သွားလို့လည်း ပီတိဖြစ်ရပါတယ် ညီမလေး
ကျန်းမာရေးဂရုစိုက်ပါနော်

Photos from Shiroi Bago Japanese Language School's post 27/04/2026

😍😍မင်္ဂလာပါရှင့်😍😍
4 လပိုင်း 30 ရက်နေ့ ကဆုန်လပြည့်နေ့မှာ ကျိုက်ပွန်လေးမျက်နှာကြီးတွင် မနက်ပိုင်းအချိန်ကာလ မှာ
SHIROI BAGO ဆရာချစ် ဂျပန်ဘာသာသင်တန်းမှ ကျောင်းသား ကျောင်းသူလေးများက အအေး ဒါန ပြုမှာ မို့ ဘုရားဖူး ညောင်ရေသွန်းရင်း ဝင်ရောက် သုံးဆောင်ကြပါဦးရှင့် 😍😍😍
P. S အကုန်လုံးက အချောလေးတွေပါပဲ နော်😁😁

Photos from Shiroi Bago Japanese Language School's post 26/04/2026

ဂျပန်နိုင်ငံသို့ သွားရောက် လုပ်ငန်းခွင်ဝင်လိုသော ညီငယ် ညီမငယ်များအတွက် သတင်းကောင်းနော်
ဘာလို့လဲဆိုတော့❗
ဂျပန်နိုင်ငံကို လုပ်ငန်းခွင်ဝင်‌ဖို့ သွားရောက်ချင်တယ်ဆို ပထမဦးဆုံး အဆင့်အနေနဲ့ ဂျပန်စာ ကို Reading Writing Listening Speaking 4 skill လုံး ပြည့်စုံနေရမှာဖြစ်ပြီး အနိမ့်ဆုံး N4 level ကို အောင်မြင်ထားတဲ့ certificate ရှိနေမှ ရပါမယ်နော်
အဲ့အတွက်ကြောင့်❗
အခု ဖွင့်လှစ်မယ့် အတန်းသစ်လေးတွေမှာ လိုအပ်တဲ့ 4 skills လုံးကို သင်ကြားပေးမှာ ဖြစ်တဲ့အပြင် လိုက်နာပြီးကြိုးစားပါက တစ်ခါတည်း N4 level ကိုအောင်မြင်နိုင်စေအောင် သင်ကြားပေးမှာပါ
သင်ပေးမယ့်သူကရော❓
စာသင်နှစ် အတွေ့အကြုံက 10 နှစ်အထက်မှာရှိပြီး ကျောင်းသားတွေကို နားလည်လွယ်စေမယ့် သင်ကြားမှု့ပုံစံဖြင့် သင်တန်းရဲ့ FOUNDER ဆရာချစ် ကိုယ်တိုင်သင်ကြားပေးမှာပါ
စာမေးပွဲအတွက်ရော❓
12 လပိုင်း JLPT စာမေးပွဲ အမှီ သင်ကြားပေးမှာဖြစ်ပြီး မေးခွန်းဟောင်းလေ့ကျင့်ခြင်း စာမေးပွဲဖောင်တင်ပေးခြင်းများကို ပိုက်ဆံထပ်ကုန်ကျစရာမလိုအောင် စီစဉ်ပေးထားတာမို့ みなさん တို့ စိတ်အေးအေးဖြင့် စာကျက်နိုင်ပြီနော်
ဝန်ဆောင်မှု့ကရော ဒါပဲလား❓
သတ်မှတ်တဲ့ လက်မှတ်တွေ ပြည့်စုံပါက စိတ်ချမှန်ကန်တဲ့ Agency ကြီးများတွင် အလုပ်မိတ်ဆက်ပေးမှာဖြစ်သလို Interview ဖြေဆိုရာတွင် အခက်အခဲ မရှိအောင်လို့လည်း လေ့ကျင့်ပေးမှာဖြစ်ပါတယ် အခမဲ့ပါနော် ပိုက်ဆံထပ်သွင်းစရာ မလိုပါဘူးနော်
♦️ဒါကြောင့် ပြီးပြည့်စုံတဲ့ လမ်းကြောင်းကို လျှောက်လှမ်းလိုပါက
♦️SHIROI BAGO ဆရာချစ် ဂျပန်ဘာသာသင်တန်း
သို့ ဆက်သွယ်လိုက်ပါနော်

♦️SCHOOL( 1 )
အမှတ် 336 (ခရိုင်ပညာရေးမှူးရုံးအနီး) ဗိုလ်အောင်ကျော်လမ်း (ကျိုက်ပွန် ငွေပလ္လင်လ္ဘက်ရည်ဆိုင်ဘေးလမ်း) ရပ်ကွက်ကြီး ၆ ဥဿာမြို့သစ် ပဲခူးမြို့

♦️SCHOOL( 2 )
No C 5 ဥဿာပြင်စီဈေးသစ် ဈေးပတ်လမ်း ဥဿာမြို့သစ် ပဲခူးမြို့

♦️09788648861/09974184337

Photos from Shiroi Bago Japanese Language School's post 21/04/2026

ယနေ့ မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဂျပန်နိုင်ငံသို့ လုပ်ငန်းခွင်ဝင်ရောက်ရန် ထွက်ခွာသွား‌ သော ညီမလေး အမှတ်တရအနေနဲ့ မှတ်တမ်းတင် လိုက်ပါတယ်ရှင်
မလျှော့သော ဇွဲ ရှိခြင်းကြောင့် အချိန် တခဏ စောင့်ခဲ့ရပေမယ့် နောက်ဆုံးတော့ လိုရာ ပန်းတိုင်လေး လှမ်းနိုင်ခဲ့ပြီမို့ ဝမ်းသာပါတယ်ရှင်
ဂျပန်ထွက်ခါနီးမှာလည်း မအားလပ်တဲ့ ကြားထဲက တကူးတက လာနှုတ်ဆက် တာ‌မို့လည်း ပီတိဖြစ်ရပါတယ်ရှင်
ဂျပန် မှာ လည်း ဆရာကောင်း မိတ်ဆွေကောင်း များနှင့်ပဲ တွေ့ဆုံကာ ရည်ရွယ်ထားသည်များ အမြန်ဆုံး ပြည့်ဝပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ် ညီမလေး 😍😍😍

Photos from Shiroi Bago Japanese Language School's post 19/04/2026

SHIROI BAGO ဆရာချစ် ဂျပန်ဘာသာ သင်တန်း
မှ မကြာခင် ဖွင့်လှစ်တော့မယ် 5 လပိုင်း တန်းခွဲလေးတွေပါရှင် 😍😍😍

Photos from Shiroi Bago Japanese Language School's post 18/04/2026

မင်္ဂလာရှိသော မြန်မာ့နှစ်သစ် အခါသမယလေး ဖြစ်ကြပါစေရှင်

အခုနောက်ပိုင်း အလုပ်ခေါ်စာတွေများလာတဲ့ TOKUTEI နဲ့ JFT တန်းလေးအတွက် အသိပေးအကြောင်း ကြားပေးပါရစေရှင်

5 လပိုင်း 6 လပိုင်း 7 လပိုင်းမှာ စာမေးပွဲ ဖြေဆိုချင်တဲ့ ညီငယ် ညီမငယ်လေးများအတွက် တန်းခွဲသစ်လေးတွေ ဖွင့်ပါတော့မယ်ရှင်

အောင်ချက်ကောင်းမွန်သော အတန်းလေးများဖြစ်လို့ အတူတူကြိုးစားပြီး အောင်မြင်မှု့ ယူကြရအောင်နော်

မှတ်ရလွယ်တဲ့ နားလည်လွယ်တဲ့ သင်ကြားမှု့ရယ်
စာဖြေရာမှာ အခက်အခဲမရှိရလေအောင် ပုံစံတူမေးခွန်းလေးတွေ လေ့ကျင့်ပေးတာရယ်
စာမေးပွဲ‌ ဖောင် တင်ဖို့ ကူညီပေးတာရယ်
သွားရောက်ဖြေဆိုဖို့ပါ လမ်းညွှန်စီစဉ်ပေးတာရယ်

အားလုံးကို CLASS တစ်ခု join ယုံ နဲ့ တစ်ခါတည်း ရရှိရမှာပါရှင် စိတ်အေးလက်အေး စာလေ့လာယုံပါပဲနော်

သတ်မှတ် လက်မှတ်တွေ စုံတာနဲ့လည်း အင်တာဗျူးဝင်ရောက်နိုင်ရန် စိတ်ချယုံကြည်ရတဲ့ AGENCY ကြီး များနှင့် ဝန်ဆောင်ခ အခမဲ့ ဖြင့်ချိတ်ဆက်ပေးမှာပါနော်

ကြိုးစားသူများအတွက် မှန်ကန်သော လမ်း တစ်ခုဖြစ်အောင် အမြဲကြိုးစားပေးလျှက်ရှိသော

SHIROI BAGO
ဆရာချစ် ဂျပန်ဘာသာ သင်တန်း
09788648861

Want your school to be the top-listed School/college in Bago?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


ဗိုလ်အောင်ကျော်လမ်း(ကျိုက်ပွန်ငွေပုလ္လင်လ္ဘက်ရည်ဆိုင်ဘေးလမ်း)ခရိုင်ပညာရေးမှူးရုံးအနီး
Bago
118731

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00