Bago University Interim Council

Bago University Interim Council

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bago University Interim Council, College & University, Yagon-Mandalay Highway Road, (8/9) ward, Oakthar Myothit Region, Myanmar., Bago.

Photos from Bago University Interim Council's post 21/02/2026

ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာ၏ အဂတိလိုက်စားမှုအား အပြစ်မရှိကြောင်း ထုတ်ပြန်မှုအပေါ် ပြင်းထန်စွာရှုံချကြောင်း ကြေညာချက်

ရက်စွဲ။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၂၁) ရက်

၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်နေ့တွင် ဝန်ကြီးချုပ်ရုံးမှ ဝန်ထမ်းဟောင်း (၁၂) ဦး မှ ဝန်ကြီးချုပ်ရုံး အတွင်းဝန် ဒေါ်ကြည်ပြာအား အဂတိလိုက်စားမှု အပါအဝင် အမှုများဖြင့် အမျိုးသားညီညွတ်ရေးအစိုးရထံသို့ တိုင်ကြားခဲ့ကြောင်း သိရှိရပါသည်။
ထိုတိုင်ကြားချက်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရသည် တိုင်ကြားခံရသူများအား တာဝန်မှ ရပ်ဆိုင်းပြီး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးနေကြောင်း သိရှိရသဖြင့် မိမိတို့ကောင်စီများအနေဖြင့် မိမိတို့အစိုးရအား များစွာ အားကိုးမျှော်လင့်ခဲ့ပါသည်။
သို့သော် အစိုးရအနေဖြင့်စစ်ဆေးရာတွင် ပွင့်လင်းမြင်သာမှုအားနည်းသည့်အပြင် တိုင်ကြားခံရသူက တိုင်ကြားသူများအား ပြန်လည်တိုင်ကြားသည့်ဖြစ်စဉ်အား အရေးတယူပြုလုပ်ခြင်း၊ ကတိပေးထားသည့် အချိန်ထက် အချိန်ဆွဲခြင်း၊ အပြီးသတ်ဆုံးဖြတ်ချက်တွင်လည်း ဒေါ်ကြည်ပြာတွင် အပြစ်မရှိကြောင်းဟူ၍ သက်သေမပြုနိုင်သော ဘက်လိုက်ဆုံးဖြတ်ချက်များ ချမှတ်သည်ကို ဝမ်းနည်းဖွယ်တွေ့ရှိရသည်။
မိမိတို့ ကြားကာလတက္ကသိုလ်ကောင်စီများသည် မတရားမှု၊ အဂတိလိုက်စားမှု စသော ကိစ္စရပ်များကို မနှစ်မြို့၍ အကြမ်းဖက်စစ်အုပ်စုအား CDM ပြုလုပ်ကာ တော်လှန်ရေးတွင် ပါဝင်နေကြခြင်းဖြစ်ပါသည်။ ယခုအခါ တော်လှန်ရေးအစိုးရဟု သတ်မှတ်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရသည် တော်လှန်ရေးကို မျက်ကွယ်ပြုကာ မတရားမှုပြုလုပ်ထားသော မိမိတို့လူကို ကာကွယ်ခြင်း၊ ဘက်လိုက်ခြင်း၊ အဂတိလိုက်စားမှုကို ဖုံးကွယ်ခြင်း စသော လုပ်ရပ်များ ပြုလုပ်လာသည်ကိုတွေ့ရှိရသည်။
သို့ဖြစ်ပါ၍ မိမိတို့ ကြားကာလတက္ကသိုလ်ကောင်စီများအနေဖြင့် အဆိုပါ လုပ်ရပ်ကို ပြင်းထန်စွာကန့်ကွက် ရှုတ်ချလိုက်ပြီး အောက်ပါအချက်အလက်များကို တောင်းဆိုလိုက်သည်
၁။ စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာကို ထုတ်ပြန်ရန်
၂။ ဒေါ်ကြည်ပြာအဂတိလိုက်စားမှုမရှိကြောင်း သက်သေပြနိုင်သည့်အချက်များ ထုတ်ပြရန်
၃။ စုံစမ်းစစ်ဆေးမှုကို ပွင့်လင်းမြင်သာမှုနှင့် တရားမျှတစွာ ပြန်လည်ဆောင်ရွက် ပေးရန်
၄။ မိမိတို့ယုံကြည်အားထားသည့် အစိုးရ၏ ခိုင်မာမှုမရှိသည့်ထုတ်ပြန်ချက်သည် CDM များ၏ ရပ်တည်မှုကို များစွာ အားလျော့စေပါသဖြင့် အထူးအလေးထား ဆောင်ရွက်ပေးပါရန်

ကြားကာလတက္ကသိုလ်ကောင်စီများ

၁။ ပဲခူးတက္ကသိုလ်ကြားကာလတက္ကသိုလ်ကောင်စီ
၂။ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီ
၃။ ဟင်္သာနည်းပညာတက္ကသိုလ်ကြားကာလတက္ကသိုလ်အုပ်ချုပ်ရေး ကောင်စီ
၄။ အခြေခံကျန်းမာရေးတက္ကသိုလ်ကောင်စီ
၅။ မကွေးတက္ကသိုလ်ကြားကာလယာယီအုပ်ချုပ်ရေးကောင်စီ
၆။ မိတ္ထီလာတက္ကသိုလ်ကြားကာလယာယီအုပ်ချုပ်ရေးကောင်စီ
၇။ တောင်ငူတက္ကသိုလ်ကြားကာလအုပ်ချုပ်ရေးကောင်စီ
၈။ သန်လျင်နည်းပညာတက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီ
၉။ မန္တလေးတက္ကသိုလ် ကြားကာလယာယီတက္ကသိုလ်ကောင်စီ (UMIC)
၁၀။ မြိတ်တက္ကသိုလ်ကြားကာလယာယီအုပ်ချုပ်ရေးကောင်စီ
၁၁။ ပုသိမ်တက္ကသိုလ်ကြားကာလယာယီအုပ်ချုပ်ရေးကောင်စီ
၁၂။ ရေနံချောင်းတက္ကသိုလ်ကြားကာလတက္ကသိုလ်ကောင်စီ
၁၃။ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားသင်တန်းကျောင်းများ ယာယီကောင်စီ
၁၄။ ပြည်တက္ကသိုလ်ကြားကာလကောင်စီ
၁၅။ ဒဂုံတက္ကသိုလ်ကြားကာလကောင်စီ
၁၆။ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များ ကြားကာလအုပ်ချုပ်ရေးကောင်စီ (NYRDDCS'IAC)
၁၇။ ဧရာဝတီကြားကာလတက္ကသိုလ်ကောင်စီများ

Want your school to be the top-listed School/college in Bago?

Click here to claim your Sponsored Listing.

Location

Address


Yagon-Mandalay Highway Road, (8/9) Ward, Oakthar Myothit Region, Myanmar.
Bago
08018