21/08/2021
မူလတန်းကလေးငယ်များအတွက် အားလပ်ချိန်မှာ Screen Time ကိုအကျိုးရှိရှိအသုံးချနိုင်အောင် ကြည့်ရှူသင့်တဲ့ Youtube Channel လေးတစ်ခုကိုအောက်မှာပြထားပေးပါတယ်။
(Highly Recommended For It's My Favorite)
The Dr.Binocs Show ဆိုပြီးစသိခဲ့ကြမှာပါ။
ကလေးဘဝမှာစပ်စပ်စုစုနဲ့သိချင်ကြတဲ့ အကြောင်းအရာအတော်များများကို 3D Animation နဲ့အရောင်အသွေးစုံစုံလင်လင် ရှင်းလင်းပြသပေးထားတာမျိုးလေးပါ။
ချစ်စရာကောင်းတဲ့ Characters လေးတွေအပြန်အလှန်မေးမြန်းပြောဆိုကြတဲ့ပုံစံလေးနဲ့ဆိုတော့ ကလေးငယ်များနှစ်သက်သဘောကျကြတဲ့ပုံစံလေးပါ။ Video တစ်ခုချင်းစီကလည်း 5 min to 10 min လောက်သာကြာမြင့်လို့ ပေါ့ပေါ့ပါးပါးနဲ့လေ့လာနိုင်တာမျိုးပါ။ English လိုတင်ဆက်ထားပေမယ့် ကလေးငယ်များနားလည်အောင် ဖြည်းညင်းစွာစကားပြောဟန်ပြုလုပ်ထားပြီး Subtitle ထည့်ပေးထားပါတယ်။ (English ကိုလည်းတစ်ပါတည်း တွဲဖက်လေ့လာနိုင်တာမျိုးပေါ့☺)
ပညာရေးဆိုင်ရာ အသိပညာဆိုင်ရာ ဗဟုသုတများစွာရစေမှာဖြစ်လို့ လေ့လာကြည့်ရှုဖ်ို့တိုက်တွန်းလိုပါတယ် 😊
Peekaboo Kidz - YouTube
Peekaboo is a cheerful destination with colourful animation for all the Happy Children of the world! Specially designed for kids as they explore the World of...
31/01/2021
ဒီနေ့ Bravo မှ Hope နဲ့ Wish ရဲ့ကွဲပြားတဲ့အသုံးပုံစံလေးကိုဝေမျှပေးချင်ပါတယ်...
✔ မိမိဖြစ်စေချင်တဲ့ဆန္ဒရှိတဲ့ရလဒ်တွေ (Desired Outcomes)နဲ့ပတ်သက်ပြီး "Hope" ကိုသုံးပေးရပါတယ်...
Examples:
(1) I hope it doesn't rain tomorrow.
(2) Mg Mg hopes (that) he will get a scholarship.
(3) Su Su hopes (that) a lot of people will come to her birthday party.
အနာဂတ် (Future) ကိုအဓိကရည်ရွယ်ပြီးသုံးပေးရတယ်..."hope + present simple" က "hope + will V0" ထက်ပိုပြီး အသုံးတွင်တယ်...
✔ မိမိကဖြစ်စေချင်တဲ့ဆန္ဒရှိပေမဲ့ တကယ့်လက်တွေ့မှာတော့ မဖြစ်နိုင်တဲ့အခြေအနေမျိုး (Hypothetical Situations) တွေနဲ့ပတ်သက်ပြီး "Wish" ကိုသုံးပေးရပါတယ်...
Examples:
(1) I wish I had enough money to buy a bike.
စက်ဘီးဝယ်ချင်ပေမဲ့ လက်ရှိမှာကျွန်ုပ်မှာပိုက်ဆံအလုံအလောက်မရှိဘူး ဆိုတဲ့သဘောသက်ရောက်တယ်
လက်ရှိအခြေအနေ (Present) ကိုရည်ညွှန်းချင်တဲ့အခါ "wish + past simple" ပုံစံနဲ့ရေးရပါတယ်
(2) Mg Myo wishes (that) he had baked a cake.
ကိတ်မုန့်ကမဖုတ်ရသေးတဲ့အခြေအနေကိုရည်ညွှန်းပါတယ်...အတိတ် (Past)ကိုရည်ရွယ်တဲ့အခါ "wish + past perfect" ပုံစံနဲ့ရေးရပါတယ်...
ဒီလောက်ဆိုရင်နားလည်လောက်မယ်ထင်ပါတယ်...
29/01/2021
ဒီနေ့ Bravo မှဝေမျှပေးချင်တာလေးကတော့ ဒီနေ့ခေတ်မှာလူပြောများတဲ့ "အကြံဉာဏ်ပေးတယ်" ဆိုတဲ့စကားလုံးလေးတွေရဲ့ မတူကွဲပြားတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်...
(1) Advise
အကြံဉာဏ်ပေးမယ့်သူက သူအကြံပြုချင်တဲ့နယ်ပယ်နဲ့ပတ်သက်ပြီး Expertise (ပညာရပ်ဆိုင်ရာကျွမ်းကျင်မှု)၊ Experience (အတွေ့အကြုံ)၊ Authority (အကြံပြုနိုင်တဲ့ဩဇာ) စတာတွေရှိဖို့လိုပါမယ်...
Example:
The lawyer advised his client not to discuss the case with anyone.
ရှေ့နေကနေအမှုသည်ကိုအမှုနဲ့ပတ်သက်ပြီးဘယ်သူ့ကိုမှမတိုင်ပင်ဖို့အကြံပေးတယ်...
(2) Recommend
အကြံပြုချင်တဲ့အကြောင်းအရာနဲ့ပတ်သက်လို့ လက်ရှိအခြေအနေထက်ပိုကောင်းမွန်တဲ့ အကြံပြုချက်မျိုးပေးချင်တဲ့အခါ သုံးရပါတယ်...
Example:
The teacher recommended changing a few lines in my essay.
ဆရာမကကျွန်တော့်ရဲ့အက်ဆေးမှာစာကြောင်းလေးနည်းနည်းပြောင်းရေးလိုက်ဖို့အကြံပေးတယ်...
(3) Suggest
တစ်ဦးတစ်ယောက်ချင်းစီက သူတို့အနေနဲ့ကောင်းမယ်ထင်တဲ့ အကြံပြုချက်မျိုးပေးချင်တဲ့အခါ သုံးလို့ရပါတယ်...(အကောင်းဆုံးအကြံဉာဏ်ဖြစ်ချင်မှလည်းဖြစ်မယ် တခြားပိုကောင်းတဲ့အကြံပေးချက်တွေရှိကောင်းရှိနိုင်သေးတယ်...ပေးလိုက်တဲ့အကြံပြုချက်တွေကလည်း အလုပ်ဖြစ်ချင်မှလည်းဖြစ်မယ်ပေါ့နော်)
Example:
Mom suggested that we get up early and take an exercise.
အမေကကျွန်တော်တို့ကိုစောစောထပြီးလေ့ကျင့်ခန်းလုပ်ဖို့အကြံပေးတယ်...
✔ Noun အနေနဲ့သုံးချင်တဲ့အခါ
(1) give advice, give a piece of advice
(2) make a recommendation
(3) make a suggestion စသည်ဖြင့် တွဲသုံးပေးရပါတယ်...
ဒီလောက်ဆိုရင်နားလည်မယ်လို့ထင်ပါတယ်...
28/01/2021
ဒီနေ့ Bravo မှ -ed နဲ့ -ing နဲ့အဆုံးသတ်တဲ့ Adjectives ရဲ့ အသုံးပုံစံလေးတွေကို ဝေမျှပေးချင်ပါတယ်...
Adjective ဟာ Noun သို့မဟုတ် Pronoun ကိုအထူးပြုပါတယ်...
✔ -ed နဲ့ဆုံးတဲ့ Adjective ဟာစိတ်ခံစားချက်တွေ (Feelings or emotions) ကိုဖော်ပြချင်တဲ့အခါ သုံးပေးရပါတယ်...
✔ -ing နဲ့ဆုံးတဲ့ Adjective ဟာ လူ၊အရာဝတ္ထုပစ္စည်းတွေရဲ့အခြေအနေ ဖြစ်ရပ်တစ်ခုခုကို ဖော်ပြချင်တဲ့အခါ သုံးပေးရပါတယ်...(တစ်ခုမှတ်ထားရမှာက Individual Statement တွေဖြစ်တဲ့အတွက် ကို့ရဲ့စိတ်ထဲကအတိုင်းဖော်ပြခွင့်ရှိပါတယ်)
Examples:
annoyed / annoying
(1) Mg Mg got annoyed with me.
(မောင်မောင်ကငါ့ကိုစိတ်တိုခဲ့တယ်) (Feeling)
(2) Mg Mg is very annoying.
(မောင်မောင်ကအရမ်းစိတ်တိုစရာကောင်းတာပဲ) (မောင်မောင်ရဲ့အကြောင်း)
interested / interesting
(1) Su Su is interested in learning English.
(စုစုကအင်္ဂလိပ်စာသင်ယူခြင်းကိုစိတ်ပါဝင်စားတယ်)
(Su Su's Feeling)
(2) English is an interesting subject.
(အင်္ဂလိပ်စာဟာစိတ်ဝင်စားစရာကောင်းတဲ့ဘာသာရပ်တစ်ခုပဲ) (English အကြောင်း)
bored / boring
(1) He is getting bored. (Feeling)
(2) The weather is boring. (ဖြစ်ရပ်)
disappointed / disappointing
(1) My mom was disappointed in my English score. (Feeling)
(2) My English score was very disappointing. (ရမှတ်အခြေအနေ)
ဒီမှာနည်းနည်းထူးတာလေးတစ်ခု Background Sense လေးတစ်ခုကိုပြောပြချင်ပါသေးတယ်...(1)မှာဆိုရင် အမေကရမှတ်ကိုစိတ်ပျက်ရတယ်ပေါ့ ဒါပေမဲ့ကိုကတော့ကို့ရမှတ်ကိုစိတ်ပျက်ချင်လည်းပျက်နိုင်သလို ကိုမကြိုးစားလို့အမှတ်မကောင်းတာပဲဆိုပြီး စိတ်မပျက်တာလည်းဖြစ်နိုင်ပါတယ် ပြောချင်တာက အမေစိတ်ပျက်တယ်ဆိုတဲ့အကြောင်းအရာ အမေ့ရဲ့ Feeling ကိုဦးစားပေးပြီးစာဖတ်သူကိုနားလည်စေချင်တဲ့သဘောရတယ်...(2)မှာဆိုရင်တော့ ကို့ရမှတ်နဲ့ပတ်သက်ပြီး ကိုကိုယ်တိုင်စိတ်ပျက်မိတဲ့သဘောပါတယ် အမေကစိတ်မပျက်နဲ့ငါ့သားလေး နောက်ကြိုးစားလို့ရပါသေးတယ်ပြောချင်ပြောနိုင်သည့်တိုင်အောင် ကိုကအမှတ်ကိုကြည့်ပြီးစိတ်ပျက်နေမိတုန်းပဲဆိုတဲ့သဘောလေးကိုနားလည်စေချင်တာပါ...
အထူးပြုတဲ့ (Emphasis) သဘောကိုသိချင်တဲ့အခါ ရှုထောင့် (Aspect) ကိုချန်ထားခဲ့လို့မရဘူးဆိုတာပါပဲ...
ဒီလောက်ဆိုရင်နည်းနည်းလေးနားလည်လောက်မယ်ထင်ပါတယ်နော်...
26/01/2021
ဒီနေ့ Bravo ကနေဝေမျှပေးချင်တဲ့အကြောင်းအရာလေးကတော့ "made + preposition" အသုံးပုံစံလေးတွေပါ...
ဒီနေရာမှာ "made" ကို "past participle V3" ပုံစံမျိုးသုံးထားတယ်လို့မြင်ရမှာဖြစ်ပြီး "Passive Voice" အနေနဲ့ "Object" ကိုအဓိကထားရည်ညွှန်းတဲ့ပုံစံတွေကိုလေ့လာရမှာပါ...
(1) Made from
တစ်ခုခုကနေပြုလုပ်ထားတယ်ဆိုပေမယ့် မူလအရင်းခံအရာဝတ္ထု အခြေအနေကနေ အခြားအရာဝတ္ထုအဖြစ်သို့မမှတ်မိနိုင်လောက်အောင်လုံးဝပြောင်းလဲသွားပြီး မူလအရင်းခံပစ္စည်းများကိုပြန်မရနိုင်တော့တဲ့အခြေအနေမျိုးမှာသုံးရပါတယ်...
Example:
*Bread is made from flour and water.
*Wine is made from grapes.
(2) Made of
မူလအရင်းခံအရာဝတ္ထုကနေ အခြားအရာဝတ္ထုအဖြစ်သို့ပြောင်းလဲသွားသော်လည်း မူလအရာဝတ္ထုသည်မှတ်မိနိုင်သောအခြေအနေတစ်ခုတွင်ရှိနေသည့်အခါ သုံးရပါတယ်...
Example:
*The dining table is made of wood.
*My jacket is made of leather.
(3) Made with
အရာဝတ္ထုရဲ့ပါဝင်ပစ္စည်းတွေအကြောင်းပြောတဲ့အခါ သုံးပေးရပါတယ်...အများအားဖြင့် အစားအသောက်တွေနဲ့ပတ်သက်ပြီးသုံးလေ့ရှိပါတယ်...
Example:
*This chocolate cake is made with chick peas and beets.
*Ice cream is made with eggs and milk.
(4) Made by
အရာဝတ္ထုတစ်ခုခုကို လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုကနေ ပြုလုပ်ထားတယ်ဆိုတဲ့ပုံစံမျိုးမှာ သုံးပေးရပါတယ်...
Example:
*The soup is made by the chef.
*The camera is made by a Japanese company.
* တစ်ခါတစ်ရံမှာ Sentence ရဲ့ Structure အရ "made + preposition" ပုံစံတွေကို Interchangeable Pattern တွေအနေနဲ့ ပြောင်းလဲသုံးစွဲလို့ရနိုင်ပါသေးတယ် (ဤကားစကားချပ်)
ဒီလောက်ဆိုရင်တော့ "made + preposition" အသုံးလေးတွေထဲကတစ်ချို့ကိုနားလည်နိုင်မယ်ထင်ပါတယ်...
25/01/2021
ဒီနေ့တော့ Bravo မှနေ့စဥ်သုံးအင်္ဂလိပ်စာမှာအသုံးဝင်စေမယ့် အကြောင်းအရာလေးတစ်ခုကိုဝေမျှပေးချင်ပါတယ်...
တွေ့ဆုံတယ် ဆုံတွေ့တယ် ဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီး "meet" , "meet with" နဲ့ "meet up with" ရဲ့အသုံးမတူတဲ့ပုံစံလေးတွေကိုလေ့လာကြမယ်နော်...
(1) Meet
တစ်စုံတစ်ယောက်ကိုပထမဆုံးစတွေ့တာမျိုး အခုမှစသိပြီးတစ်ယောက်ယောက်ကမိတ်ဆက်ပေးလို့ဆုံတွေ့တာမျိုးဆိုရင် "meet" တစ်လုံးတည်းသုံးပေးရပါတယ်...သာမန်အခြေအနေမျိုးနဲ့ တွေ့ဆုံမှုတွေအကြောင်းပြောချင်တဲ့အခါ "meet" တစ်လုံးတည်းကိုတိုက်ရိုက်ယူသုံးပေးရပါတယ်...
Example: Mg Mg met Su Su.
မောင်မောင်ကစုစုနဲ့တွေ့ဆုံခဲ့တယ်...
(2) Meet with (Phrasal Verb)
အရေးကြီးတဲ့ကိစ္စရပ်တွေကိုအကြောင်းပြုပြီးတွေ့ဆုံရတာမျိုးတွေ (စီးပွားရေးအရတွေ့ဆုံပွဲတွေ သမ္မတရဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးအရတွေ့ဆုံပွဲတွေ) အကြောင်းပြောတဲ့အခါ "meet with" ကိုသုံးရပါတယ်...သာမန်မဟုတ်တဲ့ ခမ်းနားကြီးကျယ်တဲ့တွေ့ဆုံမှုမျိုးတွေနဲ့ပတ်သက်ပြီး အဓိကသုံးပေးရပါတယ်...
Example:
President U Win Myint met with the King of Butan.
သမ္မတဦးဝင်းမြင့်သည်ဘူတန်ဘုရင်နှင့်ဆုံတွေ့ခဲ့ပါတယ်...
(3) Meet up with (Phrasal Verb)
သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ရင်းရင်းနှီးနှီးတွေ့ဆုံရတာမျိုးတွေကိုပြောတဲ့အခါ "meet up with" ကိုသုံးပေးရပါတယ်..."meet" ထက်စာရင် "meet up with" ကပိုပြီး informal ပုံစံကိုရည်ညွှန်းပြီး ပိုပြီးရင်းနှီးစေတဲ့သဘောကိုသက်ရောက်ပါတယ်...
Example:
I'm meeting up with Mg Mg.
ငါနဲ့မောင်မောင်နဲ့တွေ့ဆုံနေကြတယ်...
ဒီနေရာမှာဆိုရင် မောင်မောင်နဲ့ကိုနဲ့ကအရမ်းရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်တယ်ဆိုတဲ့ Context တစ်ခုကိုဖြစ်စေပါတယ်...
ဒီလောက်ဆိုရင်နားလည်မယ်ထင်ပါတယ်...
ကျေးဇူးတင်ပါတယ်...
22/01/2021
ဒီညတော့အပျင်းပြေအနေနဲ့ English Sentence လေးတစ်ကြောင်းလောက်ကြည့်လိုက်ကြမလား...
✔ Put a bigger space between 'giraffe' and 'and' and 'and' and 'avocado'!
စာကြောင်းလေးကအမှုမဲ့အမှတ်မဲ့ဆို နည်းနည်းထူးဆန်းသလိုရှိပေမဲ့ Grammar နည်းအရခွဲခြမ်းစိတ်ဖြာလိုက်မယ်ဆိုရင် between.....and...... ဆိုတဲ့ Preposition အနေနဲ့ More than two matters(parties) လိုပုံစံသုံးထားတာလေးပါ...
✔ ဘာသာပြန်ကြည့်လိုက်ကြရအောင်...
'Griaffe နဲ့ And' နောက် 'And နဲ့ Avocado' ကြားမှာ နေရာကျယ်ကျယ်လေးထားလိုက်ပါဦး...
ပုံကိုကြည့်လိုက်ရင်ရှင်းနေတာပါပဲ😁
Photo Credit to CM
21/01/2021
ဒီနေ့ Bravo ကနေ English Learner တွေအတွက် MicroEnglish ဆိုတဲ့ Website တစ်ခုအကြောင်းမျှဝေပေးချင်ပါတယ်...
✔ MicroEnglish ဆိုတာက Listening Skill ကောင်းချင်တဲ့သူတွေအတွက် အဓိကရည်ရွယ်ထားတဲ့ Website တစ်ခုဖြစ်ပါတယ်...Listening Skill သာမက Understanding, Grammar နဲ့ Vocabulary တို့လည်းတိုးတက်လာမှာပါ...Context ကိုလေ့လာပြီး Listening လေ့ကျင့်တာကိုအားပေးတဲ့ပုံစံမျိုးလုပ်ထားတာပါ...
✔ MicroEnglish ရဲ့ Commitment လေးကတော့...
"Improve your English listening skills while learning language in context." ဖြစ်ပါတယ်...
🔴 ဘယ်လိုလေ့လာနိုင်မလဲ?
✔ Listening Exercise က Easy, Medium နဲ့ Difficult ဆိုပြီး Level သုံးမျိုးခွဲထားပေးတဲ့အတွက် မိမိနဲ့သင့်တော်တဲ့ Level အလိုက်သေချာလေ့လာနိုင်ပါတယ်...ဖြစ်နိုင်မယ်ဆိုရင်တော့ Easy ကနေမှတစ်ဆင့်ပြီးတစ်ဆင့် ထပ်မံလေ့လာဖို့အကြံပြုပါတယ်...
✔ Academic Learning ကိုသွားနေတဲ့သူဆိုရင်တော့ Intensive Listening Exercise လို Difficult Level ကိုအဓိကထားလေ့လာခြင်းဖြင့် English Language Proficiency Test များရဲ့ Listening Session များအတွက်အသုံးဝင်မှာပါ...
အောက်ပါ Link ကနေပြီးဝင်ရောက်လေ့လာနိုင်ပါတယ်...
https://microenglish.net/
အသေးစိတ်ကိုပုံအောက်မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်...
18/01/2021
သင့်ပတ်ဝန်းကျင်မှာအသက်10နှစ်မှ12နှစ်အရွယ်ကလေးရှိပါသလား?
ဒါဆိုရင်တော့ ဒီPostကိုအဆုံးထိဖတ်သွားပေးစေချင်ပါတယ်...
ဒီနေ့ Bravoကနေပြောပြပေးချင်တာကတော့ "Online Mathematics Puzzles Test" လေးတစ်ခုအကြောင်းပါ...Mathematics ဆိုတာကဒီနေ့ခေတ် အထူးသဖြင့် Education 4.0ကိုကူးပြောင်းနေတဲ့အချိန်မှာအရေးပါတဲ့ ဘာသာရပ်တွေထဲကတစ်ခုပါ...
✔ "Online Mathematics Puzzles Test" ဆိုတာဘာလဲ?
👉 Mathematics Puzzles လေးတွေကိုဖြေဆိုရမယ့် Testလေးတစ်ခုပါ...အသက် 10-12 နှစ်ကျောင်းသားလေးများကိုအဓိကရည်ရွယ်ထားတဲ့ Testလေးတစ်ခုပါ...Online ကနေ Zoomနဲ့ Kahoot ရဲ့အကူအညီနဲ့ တိုက်ရိုက်ဖြေဆိုရမယ့် Test လေးတစ်ခုပါ...ကျောင်းသားလေးတွေ Mathematics ကိုချစ်မြတ်နိုးလာစေရန် Puzzles ကောင်းလေးတွေကိုစီစဥ်ထားတဲ့ Test လေးတစ်ခုပါ...
✔ "Online Matheatics Puzzles Test" ရဲ့ရည်ရွယ်ချက်ကဘာလဲ?
👉 Puzzles လေးတွေကိုဖြေဆိုခြင်းမှတစ်ဆင့် Critical Thinking, Problem Solving Skill လေးတွေတိုးတက်လာစေရန်
👉 Puzzles လေးတွေကမှတစ်ဆင့် Mathematics ကိုလေ့လာတဲ့အခါရှိထားသင့်တဲ့ Approach နဲ့ Method ကိုနားလည်သဘောပေါက်စေရန်နှင့် Mathematics ကိုချစ်မြတ်နိုးလာစေရန်
👉 Online ကနေတိုက်ရိုက်ဖြေရမှာဖြစ်တဲ့အတွက် Online Test တစ်ခုကိုဖြေဆိုရတဲ့အခါ မဖြစ်မနေသိရှိထားသင့်တဲ့ Techniques (Tips and Tricks) ကို ကျောင်းသားများအကျွမ်းတဝင်ရှိစေရန်
👉 နောက်ဆုံးအနေနဲ့ကတော့ Puzzles လေးတွေဖြေပြီး ကျောင်းသားများစိတ်ပျော်ရွှင်မှုရရှိစေရန် စတာလေးတွေကိုရည်ရွယ်ထားပါတယ်...
✔ Saturdayမှာ Test မဖြေခင် ကျောင်းသားများအနေနဲ့ မေးခွန်းပုံစံနဲ့ဖြေဆိုရမယ့်ပုံစံများကိုနားလည်စေရန် အရင်ရှင်းပြပေးသွားပါမယ်...ပြီးမှ Testကိုဖြေဆိုရမှာပါ...
✔ Sunday Nightမှာတော့ Solution တွေနဲ့ပတ်သက်ပြီး Discussion ပုံစံမျိုး ပြန်လည်ပြုလုပ်ပေးသွားမှာပါ...
✔ ကျောင်းသားဦးရေကန့်သတ်ထားပါသဖြင့် အောက်ပါ Link ကိုဖြည့်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်...
https://forms.gle/MKcjNJLmyDbUe97MA
✔ စာရင်းပေးသွင်းပြီးပါက Pageရဲ့ Message Boxမှာလာရောက်အကြောင်းကြားပေးစေလိုပါတယ်...
Zoom Meeting ID နဲ့ Passcode ကိုပြန်လည်ပေးပို့ပေးပါမယ်...
👉 "This is not a tradition, yet an explosion."👈
စိတ်ပါဝင်စားသော ကျောင်းသားလေးများအတွက် Sharing လုပ်ပေးခြင်းကအကျိုးရှိစေနိုင်မှာပါ...
17/01/2021
Hello!
ဒီနေ့ Bravo ကနေဝေမျှပေးချင်တဲ့အရာကတော့ Crash Course ဆိုတဲ့ Youtube Channelလေးတစ်ခုအကြောင်းပဲဖြစ်ပါတယ်...
Crash Course ဟာဆိုရင် Youtube မှာ Subscriber 11.8သန်းရရှိထားတဲ့ အောင်မြင်တဲ့ပညာရေးဆိုင်ရာ Channelတစ်ခုဖြစ်ပါတယ်...
✔ Crash Course မှာအရည်အသွေးမြင့်ပညာရေးဆိုင်ရာဗီဒီယိုများကို လူတိုင်းအလွယ်တကူဝင်ရောက်ကြည့်ရှူနိုင်ပါတယ်...လက်ရှိမှာတော့ Main Course 38ခုရှိပြီး အပတ်စဥ် Video အသစ်တွေကိုလည်းဆက်လက်တင်ပေးနေပါတယ်...Animated Videoလိုပုံစံလေးတွေနဲ့ ရှင်းပြတဲ့အတွက်ကြောင့် အချို့ဘာသာရပ်အကြောင်းအရာလေးတွေမှာ ပိုမိုရှင်းလင်းစွာသိရှိနားလည်နိုင်ပါတယ်...Durationကလည်း အပိုင်းတစ်ခုစီကို 15မိနစ်ဝန်းကျင်ပဲရှိတာမို့ အချိန်လည်းအများကြီးပေးစရာမလိုဘဲ အပိုင်းတစ်ပိုင်းစီအေးဆေးလေ့လာနိုင်မှာပါ...
✔ 2020ကစပြီး Arizona State University နဲ့ပူးပေါင်းပြီး Study Hall ဆိုတဲ့ခေါင်းစဥ်အောက်မှာ Composition, Algerbra, Chemistry, Data Literacy ဆိုတဲ့ Course လေးခုကိုစတင်မိတ်ဆက်ခဲ့ပါတယ်...
✔ ဘာ Courseတွေကိုလေ့လာလို့ရမလဲ?
Main Course တွေဖြစ်တဲ့
(1) History
(2) Social Science
(3) Physical Science
(4) Life Science
(5) Math/ Logic
(6) Media Studies
(7) Business အစရှိတဲ့ အကြောင်းအရာမျိုးစုံကို Sub-course တွေခွဲ၍လေ့လာနိုင်ပါတယ်...Trendyဖြစ်နေတဲ့ Courseလေးတွေများလို့လေ့လာရင်အကျိုးထူးနိုင်မှာပါ... ထူးဆန်းထွေလာ ဗဟုသုတရစရာလေးတွေဖြစ်လို့ အားလပ်ချိန်လေးတွေမှာလေ့လာဖို့အကြံပေးလိုပါတယ်...
✔ Admin ကိုယ်တိုင်အားလပ်ချိန်မှာ လေ့လာလေ့ရှိတဲ့ Youtube Channelလေးဖြစ်ပါတယ်😊...အရှိန်အဟုန်နဲ့ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ဝါသနာပါရာလေးတွေလေ့လာရတာ ပျော်ဖို့ကောင်းပါတယ်...
✔ English လိုရှင်းပြထားတဲ့ Videoများဖြစ်တာကြောင့် Listening အခက်အခဲရှိသူများအဖို့ Subtitleဖော်ပြီး ကြည့်ရှုဖို့အကြံပြုချင်ပါတယ်...
✔ ဘယ်သူတွေလေ့လာသင့်တယ်ဆိုတာကတော့ စိတ်ပါဝင်စားမှု စိတ်အားထက်သန်မှုနဲ့ သိချင်စိတ်ပြင်းပြမှုတို့နဲ့ပဲသက်ဆိုင်မယ်လို့ထင်ပါတယ်...အသက် ၁၀နှစ်ကျော်လောက်ကနေစပြီး မိဘအကူအညီ Digital Deviceတွေရဲ့အကူအညီနဲ့ ကြည့်ရှုလေ့လာနိုင်ပါတယ်...
အောက်ပါ Linkကနေဝင်ရောက်ကြည့်ရှုနိုင်ပါတယ်...
http://bit.ly/38OoDKO
တင်ပေးစေချင်တဲ့အကြောင်းအရာလေးတွေရှိရင် Message Boxမှာ Suggestionလာပေးနိုင်ပါတယ်နော်😊
16/01/2021
ဒီနေ့ Bravo ကနေဝေမျှပေးချင်တဲ့အကြောင်းအရာကတော့ "Mathematics Reference Books"နှစ်အုပ်အကြောင်းပါ...
(1)Mathematics Standard Level for the IB Diploma နဲ့
(2) Mathematics Higher Level for the IB Diploma စာအုပ်လေးတွေအကြောင်းဖြစ်ပါတယ်...
✔ Cambridge University Press ကနေပြုစုထားတဲ့သင်ရိုးတွေဖြစ်ပြီး Standard Level နဲ့ Higher Level ဆိုပြီးနှစ်မျိုးခွဲထားပေးပါသည်...
University ဝင်ခွင့်အတွက်အဓိကရည်ရွယ်ပြီးပြုစုထားသောကြောင့် အသက် 16-19 လို့တော့ Cambridge University Pressကညွှန်းထားပေးပါသည်...
✔ ဘယ်လိုလူတွေလေ့လာသင့်သလဲ?
(1) High School Teachers တွေအတွက်ကိုအထူး Recommend ပေးပါတယ်...အခြေခံပညာရေးစနစ်သစ် အထက်တန်းသင်္ချာသင်ရိုးအတွက်အလွန်အထောက်အကူပြုမည်မှာသေချာပါသည်...
(2) ထူးချွန်ထက်မြက်သောအထက်တန်းကျောင်းသားများနှင့် နိုင်ငံတကာကျောင်းများတက်ရောက်နေသောအထက်တန်းကျောင်းသားများလည်း Reference Bookတစ်ခုအနေနဲ့ လေ့လာသင့်ပါသည်...
(3) အပြင်သင်္ချာသင်တန်းဖွင့်လှစ်နေသော ဆရာဆရာမများလည်း လေ့လာသင့်ပါသည်...
အခြားသင်္ချာကိုဝါသနာပါသူများလည်း အလျဥ်းသင့်သလိုလေ့လာနိုင်ပါသည်...
✔ Mathematics ကိုဘယ်လိုလေ့လာသင့်တယ် ဘယ်နေရာတွေမှာသုံးတယ်ဆိုတာအပြင် Curriculum တစ်ခုကိုစနစ်တကျဘယ်လိုရေးဆွဲထားတယ်ဆိုတဲ့ အတွေးအမြင်လေးတွေပါရနိုင်ပါတယ်...စာအုပ်တိုင်းကစာအုပ်ကောင်းတွေမဖြစ်နိုင်ပေမယ့် အခုပြောပြထားတဲ့စာအုပ်နှစ်အုပ်ကတော့ Chapterတစ်ခုစီတိုင်းဟာအနှစ်သာရရှိလှတဲ့စာအုပ်တွေပါ...
✔ မြန်မာနိုင်ငံရဲ့ Mathematics Coursesတွေအတွက် အမှန်တကယ်အထောက်အကူပြုစေမှာပါ...Adminကိုယ်တိုင်လည်း Mathematicsကိုစိတ်ဝင်စားပြီး ယခုလေ့လာနေသောစာအုပ်များဖြစ်ပါတယ်...
ကိုယ်တိုင်လေ့လာရင်း နားမလည်တာဖြစ်ဖြစ် မရှင်းတာရှိရင်ဖြစ်ဖြစ် Pageရဲ့ Message Boxမှာလာရောက်ဆွေးနွေးအကြံဉာဏ်ရယူနိုင်ပါတယ်...အတတ်နိုင်ဆုံး အကြံပြုပေးမှာပါ...
✔ Standard Level တွင် စာမျက်နှာ 600ကျော်ပါရှိပြီး Higher Levelတွင် စာမျက်နှာ 900ကျော်ပါရှိပါတယ်...စိတ်အားတကယ်ထက်သန်စွာ ပြီးမြောက်အောင်လေ့လာနိုင်ပါက အမှန်တကယ်ကိုအကျိုးရှိပါလိမ့်မယ်...
Levelနှစ်ခုနဲ့ပတ်သက်ပြီး အသေးစိတ်ကိုပုံအောက်တွင်ကြည့်ရှုနိုင်ပါသည်
စာအုပ်များကိုအောက်ပါ Link တွင် Downloadရယူနိုင်ပါသည်...
http://bit.ly/35ItqLW
✔ "Sharing is caring" ဆိုတဲ့အတိုင်း ဝေမျှခြင်းဖြင့်ကူညီပါ😊
15/01/2021
ဒီနေ့ Bravo ကနေ English Learning Websiteလေးတစ်ခုအကြောင်းဝေမျှပေးပါရစေ...
"Learn American English Online" ဆိုတဲ့ Websiteလေးပါ...ဒီWebsiteလေးကိုသိထားတဲ့သူတွေရှိပေမဲ့ မသိသေးတဲ့ညီအစ်ကိုမောင်နှမတွေအတွက် Sharingလုပ်ပေးရခြင်းဖြစ်ပါတယ်😊...
✔ဘယ်လိုလူတွေလေ့လာသင့်သလဲ?
(1) Englishနဲ့အလှမ်းဝေးနေပြီး Basic to Upper-intermediateလောက်ထိပြန်လေ့လာချင်သူများ
(2) English Foundation (Especially Grammar)အခြေခိုင်လိုသူများ
(3) English ထူးချွန်လိုသော အခြေခံပညာကျောင်းသားများ
သေသေချာချာလေ့လာလျှင် လေ့လာသလောက် 4Skills ကျွမ်းကျင်မှု သိသိသာသာမြင့်မားလာပါလိမ့်မည်...
✔အသေးစိတ်ကိုပုံအောက်တွင်ဆက်လက်ကြည့်ရှုပေးပါ...
https://bit.ly/3nKEf68
ယခုပေးထားသောLinkမှတစ်ဆင့်ဝင်ရောက်လေ့လာနိုင်ပါသည်...