Orphan school - bago

Orphan school - bago

Share

Education school

Photos from Orphan school - bago's post 19/08/2026

သစ္စာပန်းတွေ လန်းပါစေ

ရောမရဲ့နေထွက်ချိန်တွေ..
ပုဂံရဲ့ နေဝင်ချိန်တွေ အသာထားလို့
ဘဝသမားမို့ ရုန်းကန်နေကြရတဲ့
သက်ရှိလူသားတွေ။

နေ့ရက်တိုင်းမှာ ကဗျာဆန်နေခွင့်မရှိလို့
အမှတ်တရ ဒီလိုနေ့လေးမှာတော့..
နှစ်ကိုယ်တူချစ်ခရီး..
သုခအတိပြီးပါစေရယ်လို့
ထပ်တူထပ်မျှ တောင်းဆုတွေခြွေကြရင်း..

ချစ်သူသက်တမ်း ၁ နှစ် ပြည့်နဲ့
ထပ်တူကျနေတဲ့ ချစ်သူရဲ့မွေးနေ့
အထိမ်းအမှတ်နေ့လေးမှာ
ကိုချစ်ဝင်းစိုး+ မသိမ့်သဥ္ဇာကျော်
ချစ်သူနှစ်ဦးတို့မှ.. ကလေးသူငယ်
ဝေယျာဝစ္စများ အတွက်
ညနေစာ အာဟာရ ဒါန
ကုသိုလ်ပြုငွေ ၃၀၀,၀၀၀ကျပ်ကို
လာရောက် လှူဒါန်းခဲ့ကြပါတယ်။

ရတုအဆက်ဆက် ချီတက်ကြဖို့အတွက်
နေ့ရက်တစ်ခုစီတိုင်းမှာ...
အပြန်အလှန် ကြင်နာခြင်းများနဲ့
အလေးအနက် တန်ဖိုးထားနိုင်ကြပါစေ။

သစ္စာတရားများနဲ့ မေတ္တာထားကြပြီး
အခက်အခဲဟူသမျှ လက်တွဲဖော်ပီသစွာ
စိတ်တူညီမျှ အတူတကွ ဖြတ်သန်းနိုင်ကြပါစေ။

Photos from Orphan school - bago's post 19/08/2026

မေတ္တာပန်း၏ မွှေးရနံ့များ..

ဘဝရဲ့ အမှတ်တရနေ့လေးမှာ
ကုသိုလ်စိတ်လေးနဲ့..
ကြည်လင်စွာ စ,တင်ပြီး..
နောက်ထပ်နှစ်များစွာကို
မင်္ဂလာရှိစွာ ဖြတ်ကျော်နိုင်ပါစေလို့
ရည်သန်သမှု အာရုံပြုလျက်...

မွေးနေ့ရှင် #မဝင်းဝင်းထက်၏
၂၈နှစ်ပြည့် မွေးနေ့ အမှတ်တရ
မြတ်ဒါန ကုသိုလ်တော်အဖြစ်
ကျောင်းရှိသံဃာ၊ကလေးသူငယ်
ဝေယျာဝစ္စ များအားလုံးအတွက်
အရုဏ်ဆွမ်းနှင့်မနက်စာ အာဟာရ
ကုသိုလ်ပြုငွေ..၃၅၀,၀၀၀ ကျပ်ကို
လှူဒါန်းခဲ့ကြပါတယ်။

ယူသောလက်ထက် ပေးသောလက်ကိုသာ
ပိုင်ဆိုင်ချင်၍..
နေ့စဥ်စိတ်ဥယျာဥ်မှာ မေတ္တာပန်းတွေ
ပွင့်လန်းဖြာဝေချင်ပါတယ်။
မိမိ၏ ချွေးနှဲစာများနဲ့..
စိတ်၏စေတနာ ဦးဆောင်ကာ
လှူခွင့်ရတဲ့နေ့လေးပါ။

ယနေ့ပြုရ မြတ်ဒါနကြောင့်
မွေးနေ့ရှင်နဲ့တကွ..
ကုသိုလ်ရှင်မိသားစုများ
အနာရောဂါ ကင်းရှင်းစွာ..ဖြင့်
စိတ်ရော ကိုယ်ပါ ကျန်းမာစွာဖြင့်
လုပ်ငန်း ဆောင်တာ ချောမွေ့စွာဖြင့်
ဘဝခရီးကို ဖြောင့်ဖြောင့်ကြီး
ချီတက်နိုင်ကြပါစေ။

Photos from Orphan school - bago's post 18/08/2026

"ပန်းချီကားလေး လှတယ်ဆိုတာ.."

ပန်းချီကားလှလှလေးတွေမြင်ရင်
လှပသက်ဝင်လိုက်တာဆိုပြီး
လူတိုင်းအံ့သြ ရှုမောကြလေတယ်။
ဒီပန်းချီကားရဲ့အလှက..
တနေရာထဲမှာသာ..
ရှိရတာမဟုတ်သလို..
ဒီလိုလှဖို့ စုတ်ချက်တစ်ချက်ထဲနဲ့လည်း
ရေးဆွဲနိုင်ခဲ့တာ မဟုတ်ပါဘူး။

အရောင်မျိုးစုံ စုတ်ချက်များစွာနဲ့
နှလုံးသားက ခံစားမှုရသ ကို
လက်က လှပသေသပ်စွာ
ပုံဖော်နိုင်ခဲ့လို့သာ..
ပန်းချီကားလေးက လှပသက်ဝင်လာခဲ့တာ။

ဒီလို သဘောမျိုးပါပဲ..
ရင်ခွင်မဲ့ကျောင်းလေးကို ရောက်တဲ့အခါ
မျက်စိပသာဒဖြစ်စရာ
လှပတဲ့ အပြင်အဆင်လေးတွေ
စိတ်ဓာတ် စည်းကမ်း ပညာ အလေးထားမှုတွေ
ကလေးငယ်တို့ရဲ့ ချစ်စရာ
သဘာဝတရားလေးတွေက

သြော်..အေးချမ်းလိုက်တာ
လှူရကျိုးနပ်လိုက်တာ.
စိတ်ချမ်းသာလိုက်တာ ဆိုတဲ့
ခံစားမှုရသတွေ နှလုံးသားထဲ
စီးဝင်စေဖို့ဆိုတာလည်း..

တစ်ဦးကောင်း တစ်ယောက်အားနဲ့
ဖြစ်ပွားလာခဲ့ခြင်း မဟုတ်ရပါ။
အများစုပေါင်း အကြောင်းပြုခဲ့ကြတဲ့
ကောင်းမှုတွေကလည်း လှပတဲ့ စုတ်ချက်တွေပါပဲ။

မိမိတို့နေ့စဥ်ပါဝင်လှူဒါန်းလာမှုတွေဟာ
ဒီပန်းချီးကားကြီး ပြည့်စုံစွာ
သက်ဝင်လာစေဖို့..
ကူညီရေးဆွဲပေးနေကြတဲ့ စုတ်ချက်တွေပါပဲ။

ခြုံငုံပြောရရင်ဖြင့်..
ပန်းချီကားလေး လှတယ်ဆိုတာ...
စေတနာသဒ္ဓါဆေးချက်တွေ..
နေ့ရက်မပြတ် ရေးခြယ်နေကြလို့သာပါ။

ယုံကြည်စွာ ထောက်ပံ့လှူဒါန်းပေးကြသော
ရပ်ဝေး ရပ်နီးမှ
၇ရက်သားသမီးများနဲ့
အများပြည်သူ ဝေနေယျများအားလုံး
စိတ်၏ ချမ်းသာခြင်း
ကိုယ်၏ ကျန်းမာခြင်းများနဲ့
ပြည့်စုံကြပါစေ။

Photos from Orphan school - bago's post 17/08/2026

"ပေးသောလက်များ၏ စုပေါင်းခွန်အား..."

ဘဝမှာ ရယူခြင်းနဲ့ မျှဝေခြင်းမှာ
မျှဝေခြင်းကသာ အလေးသာရင်
ဒီကမ္ဘာဟာ မငြိမ်းချမ်းစရာ
ဘာအကြောင်းမှ မရှိ။

မျှဝေတတ် ပေးကမ်းတတ်တဲ့
လက်တစုံစီတိုင်းကို
အမြဲတန်ဖိုးထားပေးရမယ်။
သာဓုခေါ်ပေးရမယ်။

ဒီနေ့မှာ သာဓု ခေါ်စရာလေးတစ်ခု
အကြောင်းပြုလို့ ရောက်လာခဲ့ကြတဲ့
Myanmar I Like Food Co.,ltd
(Bago)မိသားစုများ။

မကြားဖူးတဲ့ ကုန်စျေးနှုန်းများနဲ့
နှာခေါင်းဖော် အသက်ရှူနေရတဲ့
ခက်ခဲကာလကြီးမှာ.

ဒီလို အများစုပေါင်းနေထိုင်ရာ
ပညာ့ရပ်ဝန်းနေရာလေးတွေရဲ့
လိုအပ်ချက်တွေကို
မိိမိတို့နိုင်သမျှ ကူမျှကြသည့်
အနေအားဖြင့်..

ဘက်စုံလိုရာ အသုံးပြုနိုင်ပါရန်
ရည်ရွယ်လျက် ကုသိုလ်ပြုငွေ
၅၅၀,၀၀၀ကျပ်ကို
စုပေါင်းညီညာ လှူဒါန်းခဲ့ကြပါတယ်။

ဤကုသိုလ်မြတ်ဒါနတို့ကြောင့်
မောင်တို့မယ်တို့အားလုံးကိုယ်စီ၏
ဘဝအိပ်မက်ရည်ရွယ်ချက်များ
ကိုယ်စီကိုယ်ငှ ပြည့်စုံကြပါစေ။

စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့်
အများအကျိုး လောကအကျိုး
မိမိနိုင်သရွေ့ မျှဝေလှူဒါန်းနိုင်ကြပါစေ။

သာဓု သာဓု သာဓု

Photos from Orphan school - bago's post 17/08/2026

ဘဝတပါးသို့ ကမ်းသည့်ကုသိုလ်

မျက်စိအောက်က ပျောက်သွားပေမယ့်
နှလုံးသားတွေမှာ စွဲထင်စွာ ကျန်နေတဲ့
ပုံရိပ်များနဲ့အတူ..
တမ်းတမိတဲ့အခါတိုင်း
ပေးနိုင်တဲ့အရာက ကုသိုလ်အမျှတွေပါ။

ရောက်ရာဘဝ ငြိမ်းချမ်းစေချင်ကြတဲ့
ဆန္ဒမေတ္တာ ကရုဏာများဖြင့်
လွန်ခဲ့သော ၁လ ခန့်က
ဘဝတပါးသို့ ကူးပြောင်းသွားခဲ့ပါသော
ကွယ်လွန်သူဒေါ်သီတာနွယ်အား ရည်စူး၍
ကျန်ရစ်သူ မိသားစုများမှ
ညနေစာ အာဟာရ
ကုသိုလ်ပြုငွေ ၃၀၀,၀၀၀ ကျပ်ကို
လာရောက် ကုသိုလ်ပြုခဲ့ကြပါတယ် ။

ပြုသမျှ မြတ်ဒါနတို့ကို
ကွယ်လွန်သူ မှ
ထပ်တူထပ်မျှ လက်ခံရရှိပါစေ။
ယခုပြုသမျှ မြတ်ဒါနတို့ကို
ဝမ်းမြောက်စွာ သာဓု၃ကြိမ်
ခေါ်ဆိုနိုင်ပြီး
အေးချမ်းသောဘဝတစ်ခုမှာ
ရောက်ရှိစံစားနိုင်ပါစေ။

ကုသိုလ်ရှင် မိသားစုများလည်း
နှလုံးစိတ်ဝမ်းများ အေးချမ်းကြပါစေ။
ဘဝနေ့ရက်များ..
အပူသောက ကင်းဝေးကြပါစေ။

ကပ်ကြီး၃ပါး တို့မှ
ကျော်လွှားနိုင်ကြပါစေ။

Photos from Orphan school - bago's post 17/08/2026

ပြုံးသောမျက်နှာ ရွှင်သောနှလုံး
ကုသိုလ်စိတ်နဲ့ ပီတိဖုံး...

ယနေ့မှာ ရောက်ရှိလာတဲ့
မွေးနေ့ရှင် ဒေါ်ခင်မူမူ ရဲ့
၅၅ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်
ကုသိုလ်တော်အဖြစ် ကလေးသူငယ်
ဝေယျာဝစ္စများ အားလုံးအတွက်
ညနေစာ အာဟာရဒါန
ကုသိုလ်ပြုငွေ ၃၀၀,၀၀၀ကျပ်နှင့်
လိုရာသုံးဘက်စုံအလှူငွေ ၁၀၀,၀၀၀ ကျပ်တို့ကို
ကြည်နူးစွာ လှူဒါန်းခဲ့ကြပါတယ်။

ပီတိစိတ်ဖုံးသော နှလုံးသား
အပြုံးပန်းများပွင့်လန်းသော မျက်နှာတွေဟာ
အလှဆုံး သက်ရှိပန်းချီကားပမာ။

ပြုကြသမျှ မြတ်ပုညတို့ကြောင့်
မွေးနေ့ရှင်နဲ့တကွ
ကုသိုလ်ရှင်မိသားစုများ အားလုံး
ဘေးရန်ကင်းစင် စိတ်ကြည်လင်ကြပါစေ။
ကျန်းမာသောဘဝ ချမ်းသာသောနေ့ရက်များနဲ့
ကိုယ်စီကိုယ်ငှ အေးချမ်းကြပါစေ။
ကပ်ကြီး သုံးပါး ကျော်လွှားနိုင်ကြပါစေ။

သာဓု သာဓု သာဓု

Photos from Orphan school - bago's post 16/08/2026

လိုအပ်ချိန်ခါ ရောက်ရှိလာ..

စားရေးသောက်ရေးနဲ့
ပညာရေး၊ကျန်းမာရေး လိုအပ်ချက်တွေ
ထောင့်စေ့အောင်ဖန်တီးနေရတဲ့ အချိန်
နေရေးအတွက် လှည့်ကြည့်လိုက်မိတော့
စောင်လေးတွေ လိုအပ်နေပြန်ပြီဆိုပြီး
စိတ်မှာ မှတ်ထားလိုက်တယ်။

ဒီနေ့မှာ..
ကြားကနေ မေတ္တာထားလို့
အကျိုးဆောင်ပေးသူနဲ့တကွ
စောင်နဲ့မျက်နှာသုတ်ပဝါ များ
လာရောက်လှူဒါန်းပေးကြလို့
အထူးကျေးဇူးတင်မိပါတယ်။

လာလှူလိုက်တော့လည်း
ဝယ်ယူဖို့ အားမထုတ်ရတော့ဘူးပေါ့။
အဆင်သင့်သွားတာပေါ့ဆိုပြီး
စိတ်ထဲက တွေးမိပါတယ်။

အားလုံး ဤကောင်းမှုနဲ့စပ်သမျ
ဘဝလှပါစေ။
အသက်ရှည်ပါစေ။
အနာကင်းပါစေ။
စိတ်ချမ်းသာ ပါစေ။
ကိုယ်ကျန်းမာပါစေ။
စိတ်၏လုံခြုံခြင်းနေ့ရက်များကို
ပိုင်ဆိုင်နိုင်ကြပါစေ။

သာဓု သာဓု သာဓု

Photos from Orphan school - bago's post 16/08/2026

"နှလုံးသားဆုံမှတ်."

လူအမျိုးမျိုး စိတ်အထွေထွေ
ရှိကြတယ် ဆိုပေမယ့်..
အရောင်အသွေးစုံ ဘဝကိုယ်စီကနေ
တူညီတဲ့ သဒ္ဓါတရားတွေနဲ့

ငါတို့ရဲ့ တသက်တာမှာ
ကြည်နူးစရာ အမှတ်တရလေးအဖြစ်
အမြဲ ပီတိဖြစ်နေကြရအောင်
မိမိတို့ရရှိလာတဲ့ ဆုကြေးငွေ
၅၀၀,၀၀၀ကျပ်ကို

စားသောက်လိုက်လို့ ကုန်သွားတာမျိုးထက်
ပိုအကျိုးရှိစေမယ့် ဆုံးဖြတ်ချက်တွေနဲ့
မောင်ငယ် ညီမငယ်အရွယ်လေးများ
ပညာသင်ကြား ခိုလုံအားထားနေရတဲ့

ဒီနေရာလေးအတွက်
ဘက်စုံလိုအပ်ချက်များရှိလာပါက
အသုံးချပါဘုရားဟု
ထပ်တူကျ နှလုံးသားများနဲ့
လာရောက်လှူဒါန်းခဲ့ကြတဲ့

B ရုံ pattern မိသားစုနဲ့
B ရုံ line 1 မိသားစုများကို
အထူးကျေးဇူးတင်မိပါတယ်

ဤကောင်းမှုနဲ့ ဆက်သမျှ
ကျန်းမာချမ်းသာကြပါစေ။
အန္တရာယ်ကိုယ်စီ ကင်းရှင်းကြပါစေ။
ဘဝအိပ်မက်များ အောင်မြင်ပေါက်မြောက်ကြပါစေ။

Photos from Orphan school - bago's post 15/08/2026

"စာနာတတ်သောနှလုံးသား
မျှဝေတတ်သော လက်များဖြင့်"

မျှဝေတတ်သောလက်ဟာ
တန်ဖိုးဖြတ်မရပါ။
လူတိုင်းမှာ နှလုံးသား ရှိပေမယ့်
အဲဒီနှလုံးသားတိုင်းမှာတော့
စာနာခြင်းကရုဏာဆိုတာ မရှိနေပါဘူး။

ကိုယ့်နှလုံးသားဟာ
သွေးလှည့်ပတ်ရုံလောက်သာ..
လှုပ်ရှားနေတာမျိုးထက်..

ကိုယ့်ဝန်းကျင်တစ်ခုလုံးကို
မေတ္တာဓာတ်နဲ့ လွှမ်းခြုံပြီး
မျှဝေဖေးမ သွားနိုင်ဖို့က
ပိုအရေးကြီးတယ်။

ဒီလို မြတ်သော ဆန္ဒ တွေနဲ့
ကုသိုလ်ရှင် မအေးအေးမော်
ခေတ္တ ဘန်ကောက်မှ
လိုရာသုံးမြတ်ဒါနအဖြစ်
ဘက်စုံ ကုသိုလ်ပြုငွေ
(၁၀၀,၀၀၀)ကျပ် ကို
လှူဒါန်းခဲ့ပါတယ်။

ကုသိုလ်ရှင် မိသားစု များ
ဘေးရန်ကင်းပါစေ။
စိတ်ဆင်းရဲကိုယ်ဆင်းရဲကင်းပါစေ။
ဘဝနေ့ရက်များ လုံခြုံအေးချမ်းကြပါစေ။
မြတ်သော နိဗ္ဗာန်ချမ်းသာတရားများကိုလည်း
အတူတကွ ရှာဖွေတွေ့ရှိနိုင်ကြပါစေ။

သာဓု သာဓု သာဓု

Photos from Orphan school - bago's post 15/08/2026

အရုဏ်အာဟာရကုသိုလ်ရှင်မှတ်တမ်း

****************************
မလှူမီကာလ..ပုဗ္ဗစေတနာ
ဖြစ်လေရာဘဝမှာ အရှိန်အဝါကြီးမားစေတာ။
လှူဆဲကာလ... မုဥ္စစေတနာ
ပိုင်ဆိုင်မှုကို စိတ်ချစွာကြီးမားစေတာ။
လှူပြီးကာလ...အပရစေတနာ
ဉာဏ်ပညာကို နိဗ္ဗာန်ရနိုင်သည်အထိ
အထောက်အပံ့ ပြုနိုင်တာ။

စေတနာ၃တန် မှန်ကန်စွာနဲ့..
မိမိ၏မွေးနေ့ရက်မြတ်လေးမှာ
ဘုရားအမှူးထား၍ သံဃာတော်များနဲ့
ကျောင်းရှိကလေးသူငယ် ဝေယျာဝစ္စများအတွက်
အရုဏ်ဆွမ်းနဲ့မနက်စာအာဟာရ
မြတ်ဒါနကုသိုလ်ပြုငွေ ၃၅၀,၀၀၀ကျပ်ကို
မွေးနေ့ရှင် မစိုးမို့မို့ရီ ၏ ၂၅ နှစ်ပြည့်
မွေးနေ့အလှူတော်အဖြစ် လှူဒါန်း ခဲ့ပါတယ်။

သာဓု သာဓု သာဓု

ပြုသမျှ မြတ်ပုညတို့ကြောင့်..
မွေးနေ့ရှင်နဲ့တကွ ကုသိုလ်ရှင်များအားလုံး
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ။
ရောဂါဘယ ကင်းပ ကြပါစေ။
ဘဝအိပ်မက်ရည်မှန်းချက်များ
မြန်မကြာ ပြည့်စုံချမ်းသာကြပါစေ။

Want your school to be the top-listed School/college in Bago?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


ပဲခူးတိုင်းဒေသကြီးဌာနဆိုင်ရာရုံးလမ်း၊ဆည်မြောင်း အုန်းတောဘက်ခြမ်း
Bago