12/12/2025
Hello ယောရောဘွန်း🙋✨
Topik result တွေ သိပြီးကြပြီးလား?
မင်"ကတော့ 2023 မှာ Level 3 ပဲ ရခဲ့လို့ စိတ်ဓာတ်တွေကျပြီး page မှာ စာလေးတွေ တင်ပေးတာကိုလဲ နားလိုက်တာ ခုဆို J နှစ်တောင်ကျော်ခဲ့ပြီးပေါ့နော်🥹
စာလဲ မလုပ်တော့ပဲ နေလိုက်တာ ၁ နှစ်ကျော်လောက် 😁 ဒါမဲ့လဲ Topik လက်မှတ်က J နှစ်ပြည့်သွားပြီးဆိုတော့
ဒီနှစ် ၁၀ လပိုင်းမှာ ပြန်ဝင်ဖြေခဲ့ပါတယ် ဒီနှစ်တော့ Level -5 ရကို ရရမယ်ဆိုပြီး အလုပ်လုပ်ရင်း စာကို ပြန်လေ့လာခဲ့ပါတယ် စာမေးပွဲ မဖြေခင် J လလောက်ကိုတော့ စာကို သေချာလေး အချိန်ပေးပြီး လေ့ကျင့်ခဲ့ပါတယ် ကံက သိပ်မကောင်းချင်တော့ Level - 4 ပဲ ရခဲ့ပါတယ်🥹
စိတ်တော့ တကယ် မကောင်းပါဘူး ဒါမဲ့ အမှတ်က များတယ်လို့ ပြောလို့ရတော့ ကျေနပ်မိပါတယ်🥰🥰🥰
ယောရောဘွန်းတို့ရော Topik Level ဘယ်လောက်ရခဲ့ကြလဲ...?
ကိုယ်လိုချင်တဲ့ Level ရော ရခဲ့ကြလား... မန့်မှာ ရေးခဲ့ကြအုံးနော်🤭
06/12/2023
여러분 안녕하세요❤️❤️❤️
မင်မင် ဒီကြားထဲ စာမေးပွဲလေးတွ ဆက်တိုက် ဖြစ်သွားလို့ စာမေးပွဲဘက်ကို အချိန်ပေးထားခဲ့တာနဲ့ Page လေးActive မဖြစ်ခဲ့တာ ကြာသွားခဲ့လို့ 미안해요🥺
မင်မင်ကတော့ ဒီနှစ် ကျင်ပပေးခဲ့တဲ့ သံရုံးစာမေးပွဲမှာ topik -2 ရဲ့ Level -3 ပဲရခဲ့ပါတယ် (ဘာသင်တန်းမှ မတတ်ခဲ့ရပါဘူး Self - Study ပဲလုပ်ခဲ့တာပါ ) မှန်းတဲ့ Level တော့ မရခဲ့ပါဘူး
Listening နဲ့ Reading ကိုတော့ အားရခဲ့ပါတယ် မှန်းသလောက် ရခဲ့လို့ Writing ကိုတော့
လုံး၀ အားမရခဲ့ပါဘူး (အဓိကတော့ အချိန်မလောက်တဲ့ ပြဿနာပါ လုံးဝ အချိန်မလောက်ခဲ့တဲ့ပြင် ခေါင်းကပါ ကိုက်နေတော့ Writing ကို အာရုံစိုက်လို့လဲ မရခဲ့ပါဘူး🥹🤦) ဒါပေမဲ့လဲ အကောင်းဆုံး လုပ်
နိုင်ခဲ့တဲ့လို့ပဲ မှတ်ပါတယ်ရှင့်
ဒီနှစ် ၀င်မဖြေဖြစ်ခဲ့တဲ့ သူလေးတွေရော ကိုယ်မှန်းသလောက် Level မရခဲ့တဲ့ သူလေးတွေရော စိတ်ဓာတ်မကျပါနဲ့နော် ဆက်ပြီး ကြိုးစားကြပါ မင်မင်တို့ နှောက်နှစ် တူတူထပ်ပြီး ၀င်ဖြေကြမယ်နော်🙆
- Topik နဲ့ ပတ်သက်ပြီး ယောရောဘွန်းတို့ သိချင်တာလေးတွေရှိရင်လဲ လာမေးလို့ရပါတယ်နော်
🤍🌼
28/07/2023
옛날, 어느 마을에 한 부자가 살고 있었습니다.
ဟိုအရင်တုန်းကပေါ့ကွယ် တစ်ခုသော ရွာတစ်ရွာမှာ သူဋ္ဌေးကြီးတစ်ဦး နေထိုင်ခဲ့တယ်
그 부자에게는 딸 셋이 있었습니다.
အဲ့ဒီသူဋ္ဌေးကြီးဆီမှာ သမီးသုံးယောက်လဲ ရှိနေခဲ့တယ်
세 딸은 아버지의 재산을 더 많이 물려받기 위해서
သမီးသုံးယောက်လုံးကတော့ အဖေရဲ့ ဥစ္စာဓနကို ပိုပြီး အများကြီး ဆက်ခံနိုင်ဖို့အတွက်
서로 자기가 아버지를 잘 모신다고 뽐냈습니다.
အချင်းချင်း ငါက အဖေကို ကောင်းကောင်း စောင့်ရှောက်ကြည့်ရှူမှာလို့ ဝင့်ကြွားကြတယ်
첫째 딸이 말하였습니다.
ပထမ သမီးက ပြောခဲ့တယ်
“이 세상에서 아버지를 가장 잘 모시는 사람은 바로 나야.
ဒီ ကမ္ဘာမှာ အဖေကို ပိုပြီး ကောင်းကောင်းစောင့်ရှောက်နိုင်တဲ့ လူကတော့ အသေအချာ ငါပဲပေါ့
그러니까 아버지께서는 나에게 가장 많은 재산을 물려주실 거야.”
ဒါကြောင့်မို့ အဖေကတော့ ငါကို ပိုပြီးတော့ ဥစ္စာဓနကို ဆက်ခံခိုင်းပေးလိမ့်မယ်
둘째 딸도 말하였습니다.
ဒုတိယသမီးလဲ ပြောခဲ့ပါတယ်
“나는 아버지를 위해서 무엇이든지 할 수 있어.
ငါကတော့ အဖေအတွက် ဘယ်အရာကိုမဆို လုပ်နိုင်တယ်
아버지의 재산은 내가 가장 많이 가져야 돼.”
အဖေရဲ့ ဥစ္စာဓနကိုတော့ ငါက ပိုပြီးတော့ ပိုင်ကိုပိုင်ရမှာ
그러자 셋째 딸도 말하였습니다.
ပြီးနောက် တတိယသမီးကလဲ ပြောခဲ့ပါတယ်
“흥, 언니들은 아버지의 재산을 물려받고 시집을 가야
အစ်မတို့ကတော့ အဖေရဲ့ ဥစ္စာဓနတွေကို ဆက်ခံပြီးတော့ ခင်ပွန်းခေါ်တဲ့ဆီကို လိုက်သွားကြမှာ
나는 시집도 안 가고 아버지와 함께 살 거야.
ငါကတော့ ခင်ပွန်းလဲ မရှာဘဲ အဖေနဲ့ပဲ အတူတူ
နေသွားမှာ
그러니까 내가 재산을 가장 많이 물려받아야 해.”
ဒါကြောင့်မို့ ငါက ဥစ္စာဓနတွေကို ပိုပြီးတော့ အများကြီးဆက်ခံရမှာ
부자는 자기 딸들이 세상에서 가장 효성스럽다고 생각하였습니다.
သူဋ္ဌေးကတော့ သမီးတွေက ကမ္ဘာပေါ်မှာ အကောင်းဆုံးသားသမီးတွေပဲလို့ တွေးခဲ့ပါတယ်
하지만, 마을 사람들은 그 부잣집 딸들보다
ဒါပေမဲ့ ရွာထဲက လူတွေကတော့ အဲ့ဒီ သူဌေးအိမ်က သမီးတွေထက်
이웃 마을에 사는 선비의 세 딸이 더 효성스럽다고 칭찬하였습니다.
ရွာနီးချင်းမှာ နေထိုင်တဲ့ ပညာရှင်ရဲ့ သမီးသုံးယောက်က ပိုပြီးတော့ အကောင်းဆုံးသားသမီးဖြစ်တယ်လို့ ချီးမွမ်းခဲ့ကြတယ်
부자는 선비의 딸들이 어째서 자기의 딸들보다
သူဋ္ဌေးကတော့ ပညာရှင်ရဲ့ သမီးတွေက ဘာကြောင့် ငါရဲ့ သမီးတွေထက်
더 칭찬을 받는지 궁금하였습니다.
ပိုပြီးတော့ ချီးမွမ်းတာကို ခံရလဲဆိုတာ သိချင်ခဲ့တယ်
#동화 Part-1📖
Pink Korea 🤍🌼
21/07/2023
안녕하세요 여러분😘😘😘
좋은 아침이에요😍😍😍
데이지처럼 하루 종일
ဒေစီပန်းတွေလိုမျိုး တစ်နေ့တာလုံးကို
아름답게 지낼 수 있어
လှပစွာနဲ့ ဖြတ်သန်းနိုင်ကြပါစေ
Pink Korea 🤍🌼
16/07/2023
일상에 이 사랑이 매우
ဘ၀မှာ ဒီအချစ်က အရမ်း
의미가 있다고 생각해
အဓိပ္ပါယ် ရှိတယ်လို့ စဉ်းစားမိတယ်
울음을 그치게 해줘
ငိုခြင်းတွေကို တိတ်သွားအောင် လုပ်ပေးပြီး
웃기도 가져와서
ရယ်ခြင်းတွေကို ယူဆောင်လာပြီးတော့
안심감을 있네
စိတ်လုံခြုံမှုကိုလဲ ရှိစေတယ်
Pink Korea 🤍🌼Ma
13/07/2023
울어버리고 싶을 만큼 힘들더라도,
ငိုပစ်ချင်လောက်အောင် ပင်ပန်းနေလဲ
나의 미소를 찾게 해주는 사랑하는 몇몇의
ငါရဲ့ အပြုံးတွေကို ပြန်အသက်ဝင်လာအောင် လုပ်ပေးတဲ့ ချစ်ရတဲ့သူတချို့ရဲ့
작은 행동에조금만
သေးငယ်တဲ့ အပြုအမှုလေးတွေကပဲ
살아갈 이유를 찾기도 하니까
အသက်ရှင်သွားရမဲ့ အကြောင်းပြချက်ကို ရှာဖို့လဲ ဖြစ်တာမလို့
앞으로 잘 살아갈겠요
ရှေ့လျှောက်ကောင်းကောင်း နေထိုင်သွားပါမယ်
Pink Korea 🤍🌼
14/06/2023
다른 사람들도 물아요
တခြား သူတွေတော့ မသိဘူး
저는 자유시간, 아니면
ငါကတော့ အားလပ်တဲ့အချိန် မဟုတ်ရင်
너무 심심할 때, 그래야
အရမ်းပျင်းနေတဲ့အချိန် မဟုတ်လဲ
스트레스 받을 때
စိတ်ဖိစီးမှုတွေကို ရတဲ့အခါတွေမှာ
입맛이 좋고 엉청
ခံတွင်းတွေ့ပြီး အရမ်းကိုမှ
먹고 싶은 음식을 먹으면서
စားချင်နေတဲ့ အစားအသောက်လေးကို စားနေရင်းနဲ့
책을 읽거나 해요
စာအုပ်လေး ဖတ်တာပဲဖြစ်ဖြစ် လုပ်တယ်
그렇게 하면 기분이도 좋아요
အဲ့လိုမျိုး လုပ်လိုက်ရရင် စိတ်အခြေအနေကလဲ
ကောင်းလာတယ်လေ
조금 이상하네요
နည်းနည်းတော့ ထူဆန်းသားပဲနော်
Pink Korea 🤍🌼
09/06/2023
당신을 응원한 말
မင်းအတွက် အားပေးစကား🌹
생각했던 것 보다
ထင်ထားခဲ့တဲ့အရာထက်
어려울지도 몰라요.
ခက်ခဲကောင်း ခက်ခဲနေလိမ့်မယ်
많지 않아도
အများကြီး မဟုတ်ရင်တောင်
매일 조금씩
တစ်နေ့ နဲနဲစီ
공부해보세요
စာလေ့လာကြည့်ပါ
눈과 보지 않는 미래에
မျက်လုံးနဲ့ မမြင်နိုင်တဲ့ အနာဂတ်မှာ
분명 좋은 효과가
ကောင်းတဲ့ ရလဒ်တွေက
기대할 수 있을 거예요
စောင့်ကြိုနေမှာ အသေအချာပဲမို့
화이팅
ဖိုက်တင်း
Pink Korea 🤍🌼
28/05/2023
" 임금님의 밥상 "
ဘုရင်ကြီးရဲ့ ထမင်းစားပွဲ
(part -2)
"여봐라! 요리사를 어서 들라 이르라"
လာကြစမ်း စားဖိုမှူးကြီးကို လာခဲ့ဖို့ ခေါ်လိုက်ကြစမ်း
“예, 임금님 부르셨습니까?
ဘုရင်ကြီး ခေါ်ပါသလား
“오냐, 네가 이렇게 밥을 맛있게 지었으니 상을 주어야겠다.”
ဟုတ်တယ် စားဖိုးမှူးကြီးက ဒီလိုမျိုး ထမင်းကို အရသာရှိစွာ ချက်ခဲ့တယ်မလား ဒါကြောင့် ဆုကို ပေးမယ်
임금님은 요리사에게 상을 주려고 하였어요.
ဘုရင်ကြီးကတော့ စာဖိုမှူးကို ဆုကို ပေးဖို့အတွက် လုပ်ခဲ့တယ်
"아닙니다. 임금님, 쌀가게 주인이 좋은 쌀을 주었어서
မဟုတ်ပါဘူး ဘုရင်ကြီး ဆန်ဆိုင် ပိုင်ရှင်ကကောင်းမွန်တဲ့ ဆန်ကို ပေးခဲ့လို့
밥이 맛이 있게 되었으니 쌀가게 주인에게 상을 주어야 합니다.”
ထမင်းက အရသာရှိတဲ့ ထမင်းဖြစ်ခဲ့တာပါ ဆန်ဆိုင်ပိုင်ရှင်ကိုပဲ ဆုကို ပေးကို ပေးသင့်ပါတယ်
요리사의 말을 들은 임금님은 쌀가게 주인을 불러와 상을 주려 하였어요.
စာဖိုမှူးကြီးရဲ့ စကားကို နားထောင်ပြီးတဲ့နောက်
ဘုရင်ကြီးက ဆန်ဆိုင်ပိုင်ရှင်ကို ခေါ်ပြီးတာနဲ့ ဆုကို ပေးဖို့အတွက် လုပ်ခဲ့တယ်
“너에게 상을 주어야겠다.”
မင်းကို ဆုကို ပေးရမယ်
“아닙니다. 임금님, 좋은 쌀은 시골 농부가
မဟုတ်ပါဘူး ဘုရင်ကြီး ဒီအရသာကောင်းမွန်တဲ့
ဆန်ကို ကျေးရွာ လယ်သမားတွေက
농사를 열심히 지어서 보내 준 것입니다.”
ဆန်စပါးကို ကြိုးကြိုးစားစား စိုက်ပျိုးခဲ့ပြီး ပို့ပေးခဲ့တဲ့ အရာဖြစ်ပါတယ်
이번에는 농부를 불러 왔어요.
ဒီတစ်ကြိမ်မှာတော့ လယ်သမားကို ခေါ်လာခဲ့တယ်
“임금님, 저도 상을 받을 수 없습니다.
ဘုရင်ကြီး ကျွန်တော်တို့လဲ ဆုကို လက်ခံနိုင်စွမ်းမရှိပါဘူး
하늘님이 따뜻한 햇볕과 비를 내려 주셔서 농사를 잘 짓게 되었으니 하느님이 상을 받으셔야 합니다.”
ကောင်ကင်မင်းကြီးက နွေးထွေးတဲ့ နေရောင်ခြည်နဲ့ မိုးကို ရွာပေးခဲ့ပြီး လယ်သမားတွေကို ဆန်စပါးကိုကောင်းမွန်စွာ စိုက်ပျိုးစေနိုင်ခဲ့တာပါ ကောင်ကင်မင်းကြီးကပဲ ဆုကို လက်ခံရမှာဖြစ်ပါတယ်
“그래, 잘 알았도다. 모두 고마운 사람들이구나.”
ကောင်ပြီး အကုန်လုံးကိုကြားသိခဲ့ရပြီး အားလုံးက ကျေးဇူးတင်ထိုက်တဲ့ လူတွေပဲမလား
이리하여 임금님은 모두에게 큰 상을 주시고 기뻐하셨답니다.
ပြောပြီးတာနဲ့ ဘုရင်ကြီးက အားလုံးကို ကြီးမားတဲ့
ဆုတွေကိုပေးခဲ့ပြီးတော့ ပျော်ရွှင်နေခဲ့တယ်တဲ့ကွယ်
#동화 📖📖📖
Pink Korea 🤍🌼
21/05/2023
여러분 안녕하세요😍😍😍
ဒီနေ့မှာတော့ ပုံပြင်လေး ဖတ်ရင်း စာလေ့လာကြည့်ကြရအောင်🥰🥰🥰
"임금님의 밥상"
ဘုရင်ကြီးရဲ့ ထမင်းစားပွဲ
(Part-1)
옛날 어느 나라에 임금님이 살고 계셨어요.
ဟိုရှေးရှေးတုန်းကပေါ့ကွယ် တစ်ခုသော နိုင်ငံမှာ ဘုရင်ကြီးတစ်ပါးက နေထိုင်တယ်တဲ့ကွယ်~~~
임금님은 몸이 뚱뚱해져서 걱정이 되셨어요.
ဘုရင်ကြီးကတော့ ခန္ဓာကိုယ်က ဝလာလို့ စိုးရိမ်စိတ်တွေဖြစ်နေခဲ့တယ်
나 "허허 홰 이렇게 몸이 무겁고 입맛이 없을까?"
ငါ ဘာလို့ ဒီလောက်တောင် ခန္ဓာကိုယ်က လေးလံပြီးတော့ ခံတွင်းပျက်နေရတာလဲ
옆에 있던 왕비님이 말했어요.
ဘုရင်ကြီးရဲ့ဘေးမှာရှိနေခဲ့တဲ့ မိဖုရားက ပြောခဲ့တယ်
"임금님, 아침 일찍 일어나 운동을 해보세요."
ဘုရင်ကြီး မနက်စောစော ထပြီး အားကစားကို လုပ်ကြည့်ပါ
"험험,운동?"
အားကစား?
"네, 매일 아침 운동을 하시면 몸도 튼튼해지고 살도 빠지실 겁니다."
ဟုတ်ကဲ့, မနက်တိုင်း အားကစားကို လုပ်ရင် ကိုယ်ခန္ဓာလဲ သန်မာလာပြီး ဝိတ်လဲကျလာနိုင်ပါတယ်
"왕비의 말대로 해보겠소"
မိဖုရားရဲ့ စကားအတိုင်း လုပ်ကြည့်မယ်
임금님도 매일 아침마다 열심히 운동을 하셨어요.
ဘုရင်ကြီးလဲ နေ့တိုင်း မနက်တိုင်း ကြိုးကြိုးစားစားနဲ့ အားကစားကို လုပ်ခဲ့တယ်
어느 날 운동을 마치고 진지를 잡수시는데 밥이 참으로 맛있었어요.
တစ်နေ့မှာတော့ အားကစားလုပ်တာကို ရပ်ပြီး စိတ်တိုင်းကျ သုံးဆောင်ခဲ့ပြီး ထမင်းက သိပ်ပြီးတော့ အရသာရှိနေခဲ့တယ်
#동화🤍🌼
28/04/2023
여러분 안녕하세요❤️❤️❤️
မင်မင် Page လေး ဒီကြားထဲ အလုပ်ရှုပ်နေတာနဲ့ Active မဖြစ်ခဲ့လို့ 미안해요🥺
ဒါကြောင့် မင်မင်က Korea စာလေ့လာနေတဲ့ Beginner လေးတွေအတွက် အထောက်ကူဖြစ်စေမဲ့ topik 1 စာအုပ်လေးကို မဲဖောက်ပေးချင်ပါတယ် (စာဖြေပုံဖြေနည်း၊ grammar က အစ အကုန်ပါပါတယ်နော်)
- မင်မင်တုန်းကတော့ ဒီစာအုပ်လေး လေ့လာပြီး
K0MICE မှာ ဝင်ဖြေခဲ့တာ Level-2 ရခဲ့ပါတယ်
- Listening ကိုတော့ Youtube မှာပဲလေ့လာဖြစ်ခဲ့ပါတယ်< ခုနောက်ပိုင်းတော့ Hilokal မှာလဲ Listenig/ Speaking / Reading ကို လေ့လာလို့ရပါတယ်ရှင့်
မဲပေါက်ဖို့အတွက် ဒါလေးပဲ လုပ်ပေးရင်ရပါပြီးနော်👇👇👇
မင်မင်တို့နှစ်ယောက်က အခြေနေကြောင့် အလုပ်လုပ်ရင်း ခဏ ခွဲပြီးနေရမှာမို့ အားပေးတဲ့ စာလေးတစ်ကြောင်းလောက် ရေးခဲ့ပေးပါနော် နှစ်ယောက်လုံးအတွက်😞
မင်မင် သဘောအကျဆုံး မန့်ပိုင်ရှင်ကို ပြန်မန့်ပြီး စာအုပ်လေးပေးပါမယ်ရှင့်
Deli ခ တော့ရှင်းပေးရပါမယ်ရှင့်🙆
🤍🌼