အ.ထ.က - ၇ ပဲခူးမြို့ ။ New Generation Students Team

အ.ထ.က - ၇ ပဲခူးမြို့ ။ New Generation Students Team

Share

ကျောင်းသားများရဲ့ အသံ🔊

11/11/2025

"ကျောင်းသားဘဝရဲ့ အရေးကြီးဆုံး 'Soft Skills' ၅ မျိုး"

✅၁။ ပြဿနာဖြေရှင်းနိုင်စွမ်း (Problem Solving)
စိန်ခေါ်မှုများကို ရဲရဲရင်ဆိုင်နိုင်ခြင်းနှင့် ဝေဖန်ဆန်းစစ်တွေးခေါ်မှု (Critical Thinking) ကို မြှင့်တင်ပေးသည်။ စာမေးပွဲ မေးခွန်း ခက်ခက်များကို ဖြေရှင်းခြင်း၊ အုပ်စုလိုက် ပရောဂျက်များတွင် အခက်အခဲကို ကျော်လွှားနိုင်ခြင်းတို့ကိုလုပ်လာနိုင်ပါမယ်။
✅၂။ အချိန်စီမံခန့်ခွဲမှု (Time Management) စာကျက်ချိန်၊ ကစားချိန်၊ ကျောင်းအလုပ်များအားလုံးကို မျှတစွာ စီစဉ်နိုင်ခြင်း။ စည်းကမ်းရှိခြင်း။ Home Work ကို အချိန်မီလုပ်ခြင်း၊ အားကစားနှင့် ပညာရေးကို မျှတအောင် စီစဉ်ခြင်း။
✅၃။ထိရောက်သော ဆက်သွယ်ရေး (Effective Communication)
မိမိအကြံဉာဏ်များကို ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်ခြင်း၊ သူငယ်ချင်းများနှင့် ဆရာများနှင့် ကောင်းမွန်စွာ ဆက်ဆံနိုင်ခြင်း။ စာသင်ခန်းထဲတွင် မေးခွန်းမေးခြင်း၊ စာအကြောင်းအရာကို ပြန်လည်ရှင်းပြခြင်း၊ အုပ်စုလိုက် တင်ဆက်မှုများ။
✅၄။အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှု (Teamwork & Collaboration)
သူတစ်ပါး၏ အမြင်ကို လေးစားတတ်ခြင်း၊ အတူတကွ ပန်းတိုင်ရောက်အောင် လုပ်ဆောင်တတ်ခြင်း။ အားကစားအဖွဲ့များ၊ Group Project များ၊ ကျောင်းပွဲတော်များတွင် တာဝန်ယူခြင်း။
✅၅။ လိုက်လျောညီထွေရှိမှု (Adaptability)
မထင်မှတ်ထားတဲ့ အပြောင်းအလဲများ (ဥပမာ- စာသင်ခန်းအသစ်၊ ဆရာအသစ်) ကို လျင်မြန်စွာ အသားကျအောင် နေနိုင်ခြင်း။ သင်ရိုးညွှန်းတမ်း ပြောင်းလဲမှုကို လိုက်နာခြင်း၊ အခက်အခဲများကို စိတ်ဓာတ်မကျဘဲ လက်ခံခြင်း တို့ဖြစ်ပါတယ်။

#ကျောင်းသားတွေအတွက်အရေးကြီးတဲ့skill
#အထက၇ပဲခူးမြို့

11/11/2025

📝 ကျောင်းသားမိဘများနှင့် ကျောင်းအုပ်ကြီးအား အသိပေးတင်ပြအပ်ပါသည်။
လေးစားအပ်ပါသော ကျောင်းသားမိဘများနှင့် အစဉ်အမြဲတိုးတက်ရာသို့ ရှေးရှုနေသူ ကျောင်းအုပ်ကြီး ခင်ဗျား/ရှင်၊
ကျွန်တော်/ကျွန်မတို့၏ အ.ထ.က(၇)ပဲခူးကျောင်း သည် ဆင်းရဲသားလူတန်းစား၊ အခြေခံလူတန်းစားများ၏ ရင်သွေးများ ပညာသင်ကြားရာ နေရာဖြစ်ပါသည်။ မိဘများ၏ ချွေးနည်းစာဖြင့် သားသမီးများကို အားကိုးတကြီး အပ်နှံထားရာ၊ ဤကျောင်းသည် ကျွန်တော်/ကျွန်မတို့၏ အနာဂတ်မျှော်လင့်ချက်၊ ဂုဏ်သိက္ခာ ဖြစ်ပါသည်။
သို့ရာတွင်—
😔 မြို့ထဲမှ ကျောင်းများနှင့် မယှဉ်သာသော ခံစားချက်
ကျောင်းပညာရပ်ဆိုင်ရာတွင် မည်မျှပင် ထူးချွန်စေကာမူ၊ ကျောင်းပြင်ပ လှုပ်ရှားမှုများ၊ စွမ်းရည်ပြိုင်ပွဲများတွင် ကျွန်တော်/ကျွန်မတို့သည် အားငယ်နေရဆဲ ဖြစ်ပါသည်။
ဘင်ခရာပြိုင်ပွဲများ၊ တီးဝိုင်းများ၊ အနုပညာပြပွဲများတွင်— မြို့တွင်းရှိ ချမ်းသာသည့်၊ ပြည့်စုံသည့် ကျောင်းများ၏ ခမ်းနားသော၊ ဥပဒေနှင့်ညီသော ပစ္စည်းကိရိယာများ၊ စနစ်တကျ လေ့ကျင့်ပေးထားသော အဖွဲ့များနှင့် ယှဉ်ပြိုင်ရသောအခါ၊ ကျွန်တော်/ကျွန်မတို့၏ ကျောင်းသားများသည် မျက်နှာငယ်နေရသည်။ သူတို့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းမှု၊ မိမိတို့ပိုင်ဆိုင်သည့် စက်ပစ္စည်းများ၏ နိမ့်ကျမှုတို့ကို လှစ်ဟပြသရာ ရောက်နေပါသည်။
အားကစားပွဲများတွင်— အားကစားဝတ်စုံမှအစ၊ လေ့ကျင့်ရေးပစ္စည်းများ၊ ကစားကွင်းကအဆုံး ကျွန်တော်/ကျွန်မတို့၏ ကျောင်းသည် လိုအပ်ချက်များစွာ ရှိနေပါသည်။ အားကစားစိတ်ဓာတ်အပြည့်ရှိသော်လည်း၊ ပြည့်စုံသည့် ပြင်ဆင်မှု၊ အထောက်အပံ့ကောင်းများနှင့် လေ့ကျင့်ခွင့်မရသည့်အတွက်၊ အားထုတ်မှု၏ ရလဒ်သည် ဆင်းရဲတွင်းမှ ရုန်းထွက်မရသည့်ဘဝလိုပင် ဖြစ်နေသည်ကို ဝမ်းနည်းစွာ တွေ့မြင်ရပါသည်။

ဤသည်မှာ ပညာတတ်စေချင်သည့် မိဘများ၏ ရင်တွင်းခံစားချက် ဖြစ်ပါသည်။ ကျွန်တော်/ကျွန်မတို့၏ သားသမီးများ မြို့ထဲကကျောင်းသားများနှင့် တန်းတူယှဉ်ပြိုင်နိုင်ရန်၊ သူတို့၏ စိတ်ဓာတ်မကျဆင်းစေရန် ကျွန်တော်/ကျွန်မတို့သည် အမြဲတမ်း ဆန္ဒပြင်းပြနေပါသည်။
🙏 ကျောင်းအုပ်ကြီးမှ တိုးတက်အောင် ဆောင်ရွက်ပေးရန် တောင်းဆိုခြင်း
လေးစားအပ်ပါသော ကျောင်းအုပ်ကြီးခင်ဗျား/ရှင်၊
ကျောင်းအုပ်ကြီးသည် ဤကျောင်း၏ ဂုဏ်သိက္ခာ၊ အနာဂတ်၏ ဗိသုကာ ဖြစ်ပါသည်။ ကျွန်တော်/ကျွန်မတို့၏ သားသမီးများ၏ မျက်နှာငယ်မှုများကို ပျောက်ကင်းစေရန် အောက်ပါတို့ကို အလေးထား ဆောင်ရွက်ပေးပါရန် တောင်းပန်အပ်ပါသည်—
💰 ဘဏ္ဍာငွေရှာဖွေခြင်း (Fundraising):
အထက်တန်းအဆင့် ဘင်ခရာအဖွဲ့၊ အားကစားအဖွဲ့များအတွက် လိုအပ်သော ပစ္စည်းကိရိယာများ၊ ဝတ်စုံများ ဝယ်ယူနိုင်ရန်၊ ပြင်ပအဖွဲ့အစည်းများ၊ စေတနာရှင်များ၊ နိုင်ငံတော်ပံ့ပိုးမှုများမှ ရန်ပုံငွေများ ရရှိအောင် အားထုတ်ဆောင်ရွက်ပေးပါရန်။
🧑‍🏫 ကျွမ်းကျင်နည်းပြ ငှားရမ်းခြင်း:
ဘင်ခရာ၊ အားကစားစသည့် ဘာသာရပ်များအတွက် ကျွမ်းကျင်သော နည်းပြဆရာများ၊ အကြံပေးပုဂ္ဂိုလ်များကို အချိန်ပိုင်းဖြင့်သော်လည်းကောင်း၊ အမြဲတမ်းသော်လည်းကောင်း ငှားရမ်းပေးပါရန်။
💪 ကျောင်းသားစွမ်းရည် တိုးမြှင့်ပေးခြင်း:
ကျောင်းသားများ၏ မိမိကိုယ်ကို ယုံကြည်မှု (Self-Confidence) တိုးမြှင့်လာစေရန်၊ ပြိုင်ပွဲများတွင် ရဲရဲဝံ့ဝံ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန်၊ ပညာရေးဆိုင်ရာ လှုပ်ရှားမှုများအပြင် ပြင်ပလှုပ်ရှားမှုများကိုလည်း အလေးထား ဆောင်ရွက်ပေးပါရန်။
ကျောင်းအုပ်ကြီး၏ ဦးဆောင်မှုဖြင့် ကျွန်တော်/ကျွန်မတို့၏ ကျောင်းသည် အခြေခံလူတန်းစားများ၏ ကျောင်းသော်လည်းကောင်း၊ ဂုဏ်သိက္ခာမြင့်မားသော၊ မည်သူ့ကိုမျှ မျက်နှာငယ်စရာမလိုသော ကျောင်း ဖြစ်လာမည်ဟု ယုံကြည်ပါသည်။
အားလုံးသော မိဘများနှင့် ကျောင်းအုပ်ကြီးတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုရလဒ်များကို မြင်တွေ့ရပါစေရန် ဆုမွန်ကောင်းတောင်းရင်း—
လေးစားစွာဖြင့်၊
#အထက၇ပဲခူးမြို့

04/10/2024

ဆရာ/မ များအနေဖြင့်
ကျောင်းတွင်းကျောင်းပြင်
ကျောင်းသားအချင်းချင်း အကြမ်းမဖက်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပပေးသင့်ပါတယ်

#ကျောင်းသားထုအကြံပေးချက်

04/10/2024

ကျောင်းတိုင်း / အတန်းတိုင်းမှာ Bully လုပ်ခံရတာတွေရှိနိုင်ပါတယ်

အတန်းပိုင်မှ ကျောင်းသားတစ်ယောက်ချင်းစီတိုင်းနဲ့ ဆွေးနွေးကာကွယ်နိုင်မှ

Bullyလုပ်ခံရတာတွေလျော့နည်းနိုင်မှာပါ

#ကျောင်းသားအကြံပေးချက်

Photos from အ.ထ.က - ၇ ပဲခူးမြို့ ။ New Generation Students Team's post 04/10/2024

ကျောင်းသားလေးတစ်ယောက်ကို ဒူးထောက်ခိုင်းပြီး
Bullying လုပ်တဲ့
ဒီချာတိတ်လေးရဲ့နာမည်က-ဆန်းမိုး (အ.ထ.က.၇)
အဖ- ဦးအောင်မိုး
အမိ- ဒေါ်သန်းမွန်
နေရပ်- ကြေးနီကန်,မွန်ပိုင်း
ခံရတဲ့ခလေးက ရွာဘက်က ချို့တဲ့တယ်
ထပ်သိရတာက သူ့မိဘတွေက ငွေကြေးတောင့်လို့ဆိုပြီး
ဒီလိုမျိုးတခြားကျောင်းသားတွေပါ အနိုင်ကျင့်နေကြပါသတဲ့
ဒီလို ခလေးအချင်းချင်း လူမိုက်ဆန်ဆန် bullying လုပ်တာကို လက်မခံပါဘူး
ဒီကိစ္စက နိုင်ငံရေးလဲမပါသလို ပါတီကိစ္စလဲမပါပါဘူး ဘာသာရေးလဲမပါဘူး
ခလေးခလေးဖြစ်တာ မင်းကဘာလို့ဝင်ပါသလဲမေးရင်
ဒီလိုဒီအသက်အရွယ်လေးထဲကနေစပြီး bullying ကိုအရသာတွေ့နေရင် နောင်တစ်ချိန်ဒီချာတိတ်လေး အသက်အရွယ်တစ်ခုရောက်လာရင် လူမှုပတ်ဝန်းကျင်အတွက် သတိထားစရာဖြစ်လာပါပြီ
ဆိုလိုချင်တာက သူတို့နဲ့ပက်သက်တဲ့ အသိမိတ်ဆွေများရှိရင်
အချိန်မှီ ထိန်းပေးပါ မထိန်းနိုင်ရင် ဒီချာတိတ်လေးရဲ့
မိဘတွေ သားသမီးချင်းကိုယ်ချင်းစာတတ်အောင် သင်ပြပေးရလိမ့်မယ်
Edit-
https://www.facebook.com/profile.php?id=100055974206984&mibextid=LQQJ4d bullying လုပ်ပြီး social ပေါ်ဖြန့်တဲ့ ချာတိတ်ရဲ့အကောင့်

Photos from အ.ထ.က - ၇ ပဲခူးမြို့ ။ New Generation Students Team's post 19/05/2024

ခုနှစ်တွေသာပြောင်းလာပေမယ့် ကျွန်တော်တို့တန်ဖိုးထားတဲ့ကျောင်းမှာ မပြောင်းလဲတဲ့အရာတွေအများကြီးရှိပါတယ်

အယ့်ထဲကမှ ပြောပြချင်တဲ့အရာတစ်ခုက ကျောင်းတံဆိပ်ပါ။

မြို့ထဲက အထက်တန်းကျောင်းတိုင်းမှာ သူတို့ကျောင်းရဲ့ ကိုယ်ပိုင်တံဆိပ်ရှိကြပါတယ် တံဆိပ်တွေမှာလည်း အဓိပ္ပာယ်အပြည့်နဲ့ပေါ့။
ကျောင်းသားတိုင်းဟာလည်း ၄င်းတံဆိပ်နဲ့အတူ ကျောင်းကိုတွဲမှတ်မိကြပါတယ် တံဆိပ်မြင်တာနဲ့ကို ဘယ်ကျောင်းကလဲသိနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ကျောင်းတော်ကြီးကိုလည်း ၄င်းနည်းတူ အဓိပ္ပာယ်ရှိသောအမှတ်တံဆိပ်နဲ့တကွ လူတိုင်းတွဲမှတ်မိနိုင်ဖို့ ကျောင်းသားထုကိုယ်စား အ.ထ.က(၇) ပဲခူးရဲ့ တံဆိပ်အသစ်ကို အဆိုပြုတင်သွင်းအပ်ပါတယ်။

20/10/2021

သီတင်းကျွတ် အခါသမယတွင်

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်း ကြပါစေကြောင်း

အ.ထ.က(၇),ပဲခူး ကျောင်းသားကျောင်းသူများမှ

ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏

05/10/2021

အောက်တိုဘာ(5)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုကြိုဆိုပါသည်❣️

အမှန်တကယ်ဆိုခုချိန် ဆရာ/မ များနဲ့ပျော်ပျော်ပါးပါးရှိနေရမဲ့အချိန်
အာဏာသိမ်းတော့ ကန်တော့ဖို့ဆရာအနီးမှာမရှိသလို ကန်တော့မဲ့တပည့်လည်းဝေးခဲ့ပြီ လက်ဆယ်ဖျာထိပ်မှာမိုး သင်ဆရာမြင်ဆရာများကို ကန်တော့ရမည့်အချိန် လက်သုံးချောင်းကို ထောင်ကာထားလို့တော်လှန်ရေးကြီးလုပ်ဆောင်နေပြီ ဖြူစိမ်းဆိုတာဝေးစွ တပည့်ဆိုတာဝေးစွ ရင်ထဲမှာတော့ သင်ဆရာ မြင်ဆရာများအားလုံးကိုကန်တော့ပါသည်🙏🙏

Photos from အ.ထ.က - ၇ ပဲခူးမြို့ ။ New Generation Students Team's post 26/03/2021

လက်ရှိမှာဆိုရင် စင်ကာပူ မှာ Industrial 4.0 road map ရဲ့ ကနဦး​ခြေလှမ်း အဖြစ် ​အ​ခြေခံ​​ကျောင်းတွေမှာကျောင်းသူ ​ကျောင်းသား ​တွေကို personalized digital tablet ​​တွေကို စတင်ဖြန့်​ ​​​နေပါပီ။ Asean ပထမဆုံး Smart City အဖြစ် ၂၀၂၅ အမှီဆိုပီး​ကြွေ​ကြော်ထားခဲ့ဘူးသည်။

ထိုင်းမှာ လည်း ​ရှေ့နှစ်ထည်း ဒီလမ်း​ကြောင်း အတိုင်း သွား​​တော့မှာ ဖြစ်သည်။

စာအုပ် ​တွေတ​ထောကြီးသယ်ရတဲ့ ပြသာနာကင်းသွားမယ်
Assignment တင်ရ exam ​တွေ အရမ်းမြန်ဆန်လွယ်ကူလာမယ်။
ဒါ့တာ​တွေထက်ကို learning process ကအရမ်း interactive ဖြစ်လာမယ် ။ ဥပမာ ဆယ်တန်း biology က ယုန် anatomy analysis မှာဆို ပုံ အ​သေကြီးကို ​ဆောက်တုံး တ​ယောက်လို ညီး​ငွေ့ဖွယ်ရာ အလွတ်​ကျက်မှတ်ရမယ့်အစား video animation ​တွေနဲ့ သိချင်တဲ့​နေရာကို လက်က​လေးနဲ့​ထောက် ချက်ချင်း လွယ်လွယ် သိနိုင်ရ​တော့မယ်။world wide library ထဲ၀င်​မွေ​နှောက် နိုင် စိတ်သွားတိုင်း ပညာပါ အဆင့်မြင့်ပညာ​​ရေးကို ​မွေးဖွာရာ နိုင်ငံရဲ့ ​ကောင်းမူဖြင့် Gen Z အလွန်​တွေ အကျိုးခံစားရ​တော့မယ်။ မိုးကုပ်စက်၀ိုင်း အစွန်းထိ သွား Mars အထိ နယ်ချဲ့နိုင် ​အောင် ကို ပညာ​ရေးစနစ် ​ကောင်းလွန်တဲ့ အ​မေရိကန်ကို မှီ ထား တဲ့ Singapore ပညာ​စရးစနစ်ဟာ ဘလို ​တွေ ​တောင် Elon Mask လူသား​တွေ ​မွေးဖွား ​ပေးမလည်းဆို တာ မုဒိတာပွား သူတို့အစားစိတ်ကူးနဲ့​တောင် ​ပျော်မိတယ်။

တချိန်တည်းမှာဘဲ စစ်အာဏာသိမ်း​ကောင်စီက လလလလ ၁နှစ် ၂တန်းတင်​ပေးမယ့် jump promotion education စနစ်​တွေနဲ့ ပွဲထုတ်လာတယ်။ oh my goat !!!

ကျန်းမားရေး .. လူမူစီးပွား​ရေး ... ​ဆေးဘက် science ... နည်းပညာ .. Blockchain .. Digital ​ခေတ်လွန် အဘက်ဘက် အသာစီးရဖို့ နိုင်ငံ​ပေါင်း များစွာ အသည်းသန်း အားထုတ် ယှဥ် ပြိုင် ​နေကြတဲ့ ​၂၁ ရာစု ခေတ်ကြီးမှာ လက်နက်ကို ဗဟိုပြု ပီး အမျိုသားအစွန်း​ရောက် အထီးကျန် နိုင်ငံ​ရေး စနစ်ကို ထူ​ထောင် ခဲ့ ထူ ​ထောင်​နေဆဲ စစ်တပ်ကို ​တွေး​လေ အံ့ ဩ စိတ်ပျက် ​ဒေါသထွက်ရ​လေဘဲ။ လက်နက်နဲ့ သာ​ အာဏာရယူ အမိန့်​ပေး နိုင်ငံထူ​ထောင်မယ်ဆို လိမို့ Laptop ​တွေ စာအုပ်​တွေ ၀ယ်မယ့် အစား $ နဲ့ black market က​နေ ​သေနပ်ဘဲ ၀ယ်​ကိုင် မှာ​ပေါ့ ဆမအလ ​တွေ​ရေ....

Want your school to be the top-listed School/college in Bago?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Shwe Thar Lyang Pagoda
Bago
97