Chan Yeik Myae

Chan Yeik Myae Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chan Yeik Myae, School, Bagan.

ရင်သွေးငယ်တို့ရဲ့ အနာဂတ်ပညာရေးအတွက် "ချမ်းရိပ်မြေ" မှာ ကျောင်းအပ်နှံနိုင်ပါပြီ 🏫✨"ပညာရေးဆိုတာ အနာဂတ်အတွက် အကောင်းဆုံးရင်...
22/04/2026

ရင်သွေးငယ်တို့ရဲ့ အနာဂတ်ပညာရေးအတွက် "ချမ်းရိပ်မြေ" မှာ ကျောင်းအပ်နှံနိုင်ပါပြီ 🏫✨

"ပညာရေးဆိုတာ အနာဂတ်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပါပဲ။" 🌿

ပုဂံမြို့ရဲ့ အေးချမ်းတဲ့ ဝန်းကျင်မှာ အရည်အသွေးရှိတဲ့ ပညာရေးကို သင်ကြားပေးနေတဲ့ ချမ်းရိပ်မြေ ကိုယ်ပိုင်အထက်တန်းကျောင်း မှာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် K.G မှ Grade 12အထိ ကျောင်းသား/သူများကို စတင်လက်ခံနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

🗓 ကျောင်းအပ်စတင်မည့်ရက်: ၂၃.၄.၂၀၂၆ (ကြာသပတေးနေ့)

📍 နေရာ: ချမ်းရိပ်မြေ ကိုယ်ပိုင်အထက်တန်းကျောင်း၊ ပုဂံမြို့။

အတန်းအားလုံးအတွက် ကြိုတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်လို့ အမြန်ဆုံး ဆက်သွယ်စုံစမ်းလိုက်ပါဦးနော်။

ဆက်သွယ်ရန်ဖုန်းနံပါတ် --> ၀၉ ၄၂၈၀၀၂၈၇၄ ၊ ၀၉ ၉၄၁၀၅၉၂၉၅။

It's too late to announce. 16.8.2025(စနေနေ့)တွင် ကျင်းပ‌ခဲ့သော Let's save our earth (ပိုစတာ ပြိုင်ပွဲ)မှ ပြိုင်ပွဲ၀င် ပိ...
21/08/2025

It's too late to announce.
16.8.2025(စနေနေ့)တွင် ကျင်းပ‌ခဲ့သော Let's save our earth (ပိုစတာ ပြိုင်ပွဲ)မှ ပြိုင်ပွဲ၀င် ပိုစတာတွေ ဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူများ၏ ကြိုးစားအားထုတ်မှုလေးတွေကို အသိအမှတ်ပြုပါရစေ။

16.8.2025 (စနေနေ့) ကမ္ဘာကြီးကို ကယ်တင်ကြပါစို့ (Let's save our earth) ခေါင်းစဉ်ဖြင့် Poster ပြိုင်ပွဲ ယှဉ်ပြိုင်‌ခဲ့ကြ‌သ...
21/08/2025

16.8.2025 (စနေနေ့)
ကမ္ဘာကြီးကို ကယ်တင်ကြပါစို့ (Let's save our earth) ခေါင်းစဉ်ဖြင့် Poster ပြိုင်ပွဲ ယှဉ်ပြိုင်‌ခဲ့ကြ‌သော ကျောင်းသားကျောင်းသူမြင်ကွင်းများ

14/05/2025

မနက်ဖြန် (၁၅.၅.၂၀၂၅) ကြာသပတေးနေ့တွင် K.G မှ Grade 11 အထိ အောင်စာရင်းထွက်ပါမည်။

"စာသင်နှစ်တစ်ခုရဲ့ နောက်ဆုံးရက်စွဲ"ပုံလေးတွေထဲ မပါတဲ့သူတွေလည်း ရှိဦးမှာပေါ့။စာမေးပွဲကြီးလည်း ပြီးသွားခဲ့ပြီလေ။အချိန်တန်ရ...
27/02/2025

"စာသင်နှစ်တစ်ခုရဲ့ နောက်ဆုံးရက်စွဲ"

ပုံလေးတွေထဲ မပါတဲ့သူတွေလည်း ရှိဦးမှာပေါ့။
စာမေးပွဲကြီးလည်း ပြီးသွားခဲ့ပြီလေ။
အချိန်တန်ရင် အိမ်ပြန်ကြရမှာပါပဲ။
လွမ်းရတာချင်း အတူတူဆိုရင်‌တောင် ကျန်ခဲ့ရတဲ့သူတွေမှာတော့ ပိုလွမ်းရပါတယ်။
တို့ကျောင်းတော်ကြီးမှာ ရယ်သံလေးတွေ မကြားရ။
စာဖတ်သံ စာရွတ်သံလေးတွေလည်း တိတ်။
စာသင်ခန်းလေးတွေလည်း အထီးကျန်လို့။
ကစားကွင်းကြီးလည်း ခြောက်ကပ်။
တွေ့ဆုံ ကြုံကွဲ ဖြစ်မြဲဓမ္မတာပဲလေ။
ပါလာခဲ့တဲ့ ရေစက်ကိုပဲ ကျေးဇူးတင်ရပါတယ် ကလေးတွေရယ်။
ကံမကုန်ရင် ပြန်ဆုံချင်ပါသေးတယ်။

25/02/2025

မိဘများခင်ဗျာ
စာသင်နှစ်တစ်နှစ် ပြီးဆုံးသွားချိန်မှာ လူကြီးမင်းတို့ရဲ့ သားသမီးတွေအတွက် skill တစ်ခုခု သင်စေလို၍ဖြစ်စေ၊ သားသမီးတွေ ကိုယ်တိုင်က သင်တန်းတစ်ခုခု တက်ချင်၍ဖြစ်စေ သင်တန်းတွေ ရှာဖွေနေကြတယ်ဆိုရင်.......
ကျွန်တော်တို့ ချမ်းရိပ်မြေမှာ နွေရာသီသင်တန်းလေးတွေ အထူးစီစဉ်ထားပါတယ် ခင်ဗျာ။
စီစဉ်ထားတဲ့ သင်တန်းလေးတွေကတော့
⏩⏩⏩
⭕Grade (1) 🔹 အခြေခံ စာရေးစာဖတ်သင်ရိုး၊ English (phonics)
⏩သင်တန်းကြေး ▪️▪️ 25000ks per month

⭕Grade (2,3) 🔹 English (Pre-primary English)၊ ယ‌ဉ်ကျေးလိမ္မာ၊ ပန်းချီ
⏩သင်တန်းကြေး ▪️▪️ 25000ks per month

⭕Grade (4,5) 🔹 English (Grammar Friends)၊ယ‌ဉ်ကျေးလိမ္မာ၊ပန်းချီ
⏩သင်တန်းကြေး ▪️▪️ 30000ks per month

⭕Grade (6,7,8) 🔹 English (Cambridge English Fun for Starters and movers)
⏩သင်တန်းကြေး ▪️▪️ 35000ks per month

⭕Grade (9,10,11) 🔹 English (Cambridge English Fun for Starters and movers)၊ သင်ရိုး (all)
⏩သင်တန်းကြေး ▪️▪️ 50000ks per month

⭕Grade (12) 🔹 သင်ရိုး (all)
⏩သင်တန်းကြေး ▪️▪️ 70000ks per month

အတန်းအသီးသီးနဲ့ သက်ဆိုင်တဲ့ သင်တန်းများကို သင့်လျော်ချိုသာသော ဈေးနှုန်းများဖြင့် လူကြီးမင်းတို့ရဲ့ သားသမီးများအတွက် တစ်နေရာတည်းတွင် လွယ်ကူအဆင်ပြေချောမွေ့စေရန် ရည်ရွယ်ပြီး
တပေါင်းလဆန်း ၃ရက်နေ့ (1.3.2025) စနေနေ့မှ စတင်၍ သင်တန်းစတင် ဖွင့်လှစ် သင်ကြားသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။

စာသင်နှစ်တစ်နှစ် မပြီးခင် အမှတ်တရ  မူလတန်း ကလေးများ၏ ကစားချိန်မှ ကစားမှုမြင်ကွင်းများ
17/02/2025

စာသင်နှစ်တစ်နှစ် မပြီးခင် အမှတ်တရ
မူလတန်း ကလေးများ၏ ကစားချိန်မှ ကစားမှုမြင်ကွင်းများ

26/01/2025

2024-2025 ပညာသင်နှစ်
ချမ်းရိပ်မြေ ကိုယ်ပိုင်အထက်တန်းကျောင်း
ပညာရေးစုံညီပွဲတော်
Grade-10 ကျောင်းသူလေးများ၏ ကပြဖျော်ဖြေတင်ဆက်မှု ၂

25/01/2025

2024-2025 ပညာသင်နှစ်
ချမ်းရိပ်မြေ ကိုယ်ပိုင်အထက်တန်းကျောင်း
ပညာရေးစုံညီပွဲတော်
Grade-10 ကျောင်းသူလေးများ၏ ကပြဖျော်ဖြေတင်ဆက်မှု

23/01/2025

2024-2025 ပညာသင်နှစ်
ချမ်းရိပ်မြေ ကိုယ်ပိုင်အထက်တန်းကျောင်း
ပညာရေးစုံညီပွဲတော်
Grade-9 ကျောင်းသူလေးများ၏ ကပြဖျော်ဖြေတင်ဆက်မှု

Address

Bagan

Telephone

+959428002874

Website

Alerts

Be the first to know and let us send you an email when Chan Yeik Myae posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category