Bagan Japanese Language Center

Bagan Japanese Language Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bagan Japanese Language Center, Language school, Bagan.

31/12/2024
ရာသီဥတုနဲ့ဆိုင်တဲ့ ဝေါဟာရလေးတွေ မှတ်လိုက်ရအောင် •••
28/04/2024

ရာသီဥတုနဲ့ဆိုင်တဲ့ ဝေါဟာရလေးတွေ မှတ်လိုက်ရအောင် •••



ပန်းကြည့်ပွဲတော် ( Hanami )••••••••••••••••••••••••••••••••••ပန်းကြည့်ပွဲတော် (花見 - ဟနမိ ဟု အသံထွက်သည်) သည် ဂျပန်ရိုးရာဓ...
11/04/2024

ပန်းကြည့်ပွဲတော် ( Hanami )
••••••••••••••••••••••••••••••••••
ပန်းကြည့်ပွဲတော် (花見 - ဟနမိ ဟု အသံထွက်သည်) သည် ဂျပန်ရိုးရာဓလေ့တစ်ခု ဖြစ်ပြီး လှပသောပန်းများကို ကြည့်ရှုကြခြင်း ဖြစ်သည်။ ဂျပန်တို့သည် ပန်းကို ဟန ဟု ခေါ်ဝေါ်ကြ၏။ ထိုပန်းကြည့်ပွဲတော်တွင် ချယ်ရီပန်း (ဆာခူရာ)၊ သို့မဟုတ် plum ဟု ခေါ်သည့် အပင်များကို ကြည့်ရှုကြသည်။
မတ်လ အဆုံးပိုင်းနှင့် မေလအစပိုင်းတွင် ဂျပန်နိုင်ငံတွင် ချယ်ရီပန်းများ တစ်နိုင်ငံလုံး ပွင့်လန်းကြသည်။
အိုကီနာဝါကျွန်းတွင်မူ ဖေဖေဖော်ဝါရီလပထမပတ်လောက်တွင် ပွင့်ကြသည်။ပန်းများပွင့်လန်းချိန်ကို မိုးလေဝသဌာနက နှစ်စဉ် ခန့်မှန်းကြေညာပေးသည်။ ပန်းပွင့်ချိန်၏ နောက်ဆုံးတစ်ပတ် သို့မဟုတ် နှစ်ပတ်တွင် ပွင့်သောပန်းများကို ကြည့်ရန်စီစဉ်ကာ ပန်းကြည့်ပွဲတော်ကို ပြုလုပ်ကြသည်။ ယခုအချိနတွင်မူ ပန်းကြည့်ပွဲတော်တွင် ပါတီများပါ ကျင်းပလာကြပြီး နေ့အချိန် သို့ ညဘက်တွင် ချယ်ရီပန်း၏ ရနံ့ကို ရှူရှိုက်ကြသည်။ ညအချိန်တွင် ကျင်းပသည့် ပန်းကြည့်ပွဲတော်ကို ရောဇခူရာ (夜桜) "ညချယ်ရီ" ဟု ခေါ်ဆိုကြသည်။ အိုကီနာဝါကျွန်းတွင် ချယ်ရီပင်တို့တွင် မီးအိမ်လေးများဖြင့် အလှဆင်ကာ ညနေခင်းတွင် လှပစွာ ခံစားနိုက်ရန် ပြုလုပ်ကြသည်။

ဂျပန်နိုင်ငံ၏ ပန်းကြည့်ပွဲတော်သည် ရှေးကတည်းက တည်ရှိခဲ့သည်။ plum ( 梅) ဟုခေါ်သည့် အပင်များကို ကြည့်ရှုကြခြင်း ဖြစ်သည်။ ထိုသို့ကြည့်ရှုကြခြင်းကို အုမဲမိ ( 梅見) ဟု ခေါ်ကြသည်။ ထိုကဲ့သို့သော ပန်းကြည့်ခြင်းသည် အသက်အရွယ် ကြီးရင့်သူများကြားတွင် ခေတ်စားသည်။ အဘယ်ကြောင့်ဆိုသော် ချယ်ရီပန်းကြည့်ပွဲတော်ထက် ပိုမိုတည်ငြိမ်အေးဆေးသည့်အတွက် ဖြစ်သည်။ ချယ်ရီပန်းကြည့်ပွဲမှာမူ လူငယ်လူရွယ်များ ပါဝင်ဆင်နွှဲကြပြီး တစ်ခါတစ်ရံ ဆူညံ၍ ကျိတ်ကျိတ်တိုး ဖြစ်နေ‌သည်။



ဂျပန်‌တွေဖိနပ်ချွတ်တဲ့အခါ •••ဂျပန်တွေက အိမ်ဝင်ပေါက်မှာ ဖိနပ်ကိုချွတ်ပြီးတော့မှ အိမ်ထဲဝင်တဲ့အလေ့အကျင့်ရှိပါတယ်နော်။ ‼️ဖိန...
12/01/2024

ဂျပန်‌တွေဖိနပ်ချွတ်တဲ့အခါ •••

ဂျပန်တွေက အိမ်ဝင်ပေါက်မှာ ဖိနပ်ကိုချွတ်ပြီးတော့မှ အိမ်ထဲဝင်တဲ့အလေ့အကျင့်ရှိပါတယ်နော်။ 
‼️ဖိနပ်ကိုချွတ်ရမှာဖြစ်တဲ့အတွက် ပေကျံနေတဲ့ခြေအိတ်တို့ အပေါက်ပါတဲ့ခြေအိတ်တို့ဆိုရင် မဝတ်သွားနဲ့နော် ရှက်စရာကြီးပါ‌‌နော် ။
‼️ဖိနပ်ကိုချွတ်တဲ့အခါတွင်လဲ အိမ်ရှင်ဖက်ကို ကျောပေးပြီးချွတ်ရင် ရိုင်းတာမို့လို့ အိမ်ရှင်ကိုမျက်နှာမူပြီးဖိနပ်ကိုချွတ်ပါမယ်နော်။
ဖိနပ်ကိုချွတ်ပြီးတော့မှ အိမ်ရှင်က 「どうぞ、お入りください」ဝင်ပါလို့ပြောရင် အိမ်ပေါ်တက်ပြီး အိမ်ရှင်ကိုကျောမခိုင်းပဲ ဖိနပ်ရဲ့တည်နေရာကိုပြင်ပါမယ်နော်။ ဒါကအရမ်းအရေးကြီးတဲ့အချက်ပါ။ ဖိနပ်ရဲ့မျက်နှာမူရာကို ပြင်တဲ့အခါ... အိမ်အတွင်းဘက်ကိုကျောခိုင်းပြီး အိမ်အဝင်ဝကိုမျက်နှာမူပြီးထားရပါမယ်နော်။ ဘာလို့အိမ်အဝဘက်ကို ဦးတည်ပြီးဖိနပ်ချွတ်ခိုင်းတာလဲဆိုတော့ ခနလေးပဲအလည်လာပြီး ပြန်ထွက်မယ် တဖက်လူရဲ့အိမ်မှာ ကြာကြာဒုက္ခမပေးဘူးဆိုတဲ့အဓိပ္ပါယ်ပါ။ ပြန်ထွက်တဲ့အခါကျရင်လဲ အလွယ်တကူဖိနပ်စီးလို့ရတာလဲပါပါတယ်။ ကိုးရီးယားမှာဆိုရင်တော့ဒါဟာ အိမ်ရှင်က မြန်မြန်ပြန်ခိုင်းတယ်ဆိုပြီး ယူဆပေမယ့် ဂျပန်မှာကျတော့ ဒါက ယဥ်ကျေးမှုပါ။ နိုင်ငံအလိုက်ယဥ်ကျေးမှုကွာတာက စိတ်ဝင်စားဖို့ကောင်းတယ်နော်။ တစ်ခုသတိထားရမှာက ဖိနပ်ထားတဲ့အခါမှာ အိမ်အဝင်ဝရဲ့အလယ်တည့်တည့်မှာ မထားပဲနဲ့ ဘေးဘက်ထောင့်မှာ ကပ်ပြီးထားတာက အဝင်အထွက်လူတွေအတွက် အနှောင့်အယှက်မဖြစ်တော့ပါဘူးနော်။ တချို့အိမ်ကတော့ အိမ်ပေါ်မှာစီးတဲ့ စလစ်ပါဖိနပ်အပါးလေးတွေ ပြင်ဆင်ထားပေးတတ်ပေမယ့် တချို့အိမ်ကတော့မရှိပါဘူးနော်။

ဒါလေးတွေကို လည်း ဂရုစိုက်စေချင်ပါတယ်။


# BaganJapaneseLanguageCenter

10/01/2024

Tokutei Ginou (1) နှင့် (2) ဘာတွေကွာခြားသွားမလဲ။

Crd ျပန်နိုင်ငံအကြောင်း

အားလုံး အားလုံး မင်္ဂလာပါ။ကျတော်တို့ရဲ့ BJLC ကနေပြီးတော့ Basic Japanese Kaiwa Class လေးကတော့ စနေပါပြီနော်။တက်ရောက်လိုသူမ...
07/01/2024

အားလုံး အားလုံး မင်္ဂလာပါ။

ကျတော်တို့ရဲ့ BJLC ကနေပြီးတော့ Basic Japanese Kaiwa Class လေးကတော့ စနေပါပြီနော်။

တက်ရောက်လိုသူများလည်း မေးမြန်းစုံစမ်းနိုင်ပါတယ်။

ကျတော်တို့ သင်တန်းကျောင်းကနေပြီးတော့ Training Visa ဖြင့် အလုပ်ပါ တခါတည်း ချိတ်ဆက်‌ပေးထားပါတယ်။

ကျွန်တော်တို့ရဲ့ သင်တန်းကျောင်းကတော့ အမှတ်(၁၀)၊ မြတ်လေးလမ်း ၊ Blue Bird Hotel နဲ့ ဘောဂသိဒ္ဓိဟိုတယ် ဆန့်ကျင်ဘက်အခြမ်း ၊ ပုဂံမြို့သစ်။

လုပ်ငန်းတွေကတော့ သတ္တုပုံသွင်းစက်ရုံ ၊ စက္ကူပုံးစက်ရုံ၊ ဖက်ထုပ်စက်ရုံ ၊ လမ်းတံတားဆောက်လုပ်ရေးလုပ်ငန်း တို့ပဲဖြစ်ပါတယ်။
( ‼️ Passport ရှိထားရင် ပိုအဆင်ပြေပါတယ်။ )

☎️ 09 4552 06799

𝑺𝒆𝒕 𝒚𝒐𝒖𝒓 𝒈𝒐𝒂𝒍𝒔 𝒉𝒊𝒈𝒉, 𝒂𝒏𝒅 𝒅𝒐𝒏'𝒕 𝒔𝒕𝒐𝒑 𝒕𝒊𝒍𝒍 𝒚𝒐𝒖 𝒈𝒆𝒕 𝒕𝒉𝒆𝒓𝒆.




( ပုံလေးကတော့ သင်တန်းကနေ ဂျပန်ရောက်သွားကြတဲ့ညီငယ်လေးတွေ ပါ )

Address

Bagan

Telephone

+959455206799

Website

Alerts

Be the first to know and let us send you an email when Bagan Japanese Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share