ဂုဏ်ထူးအိမ်

ဂုဏ်ထူးအိမ် မြေဖြူတစ်ချောင်း စာတစ်ကြောင်းဖြင့်

ဂုဏ်ထူးအိမ် ပညာရိပ်သာမှ၂၀၂၀တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ....ရသပ ၅၆၇.   မောင်သန့်စင်မင်း (သင်္ချာ၊ဓာတု၊ဇီဝ) ....အော...
08/08/2020

ဂုဏ်ထူးအိမ် ပညာရိပ်သာမှ၂၀၂၀တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ....

ရသပ ၅၆၇. မောင်သန့်စင်မင်း (သင်္ချာ၊ဓာတု၊ဇီဝ) ....အောင်ပန်းမြို့။

ရသပ ၅၇၁...မသီရိမွန်(ဓာတု၊ဇီဝ) ....လယ်ပြင်ကျေးရွာ။

ရသပ ၂၆၀၄...နန်းခမ်းနောင့်(သင်္ချာ) .....မိုင်းကိုင်မြို့။

ရသပ ၂၈၆၂...နန်းစံအင်း(သင်္ချာ).....လဲချားမြို့။

ရသပ ၁၀၂၅... နန်းဟွမ်ဟွမ်စင်ဆိုင်...(ဇီဝဗေဒ)....မိုင်းပန်မြို့။

ရသပ ၂၈၂၃....မသူသူဝင်း(ဘောဂဗေဒ)..တောင်ကြီးမြို့။.

ရသပ ၃၇၉၁....နန်းမေဒါ(ဘောဂဗေဒ)...လွိုင်ကော်မြို့။

ရသပ ၅၅၀.. ခွန်ကျော်မျိုးထွန်း

ရသပ ၅၆၉..မောင်လင်းထက်မောင်

ရသပ ၅၇၉..မပပဝင်း.

ရသပ ၁၂၀၆..မောင်သက်ပိုင်ဦး

ရသပ၂၄၄၆.. နန်းမိုလှိုင်းခမ်း

ရသပ ၂၇၂၉..စိုင်းခန့်ကိုကိုမြင့်

ရသပ ၂၇၅၈..နန်းမွမ်းလောင်

ရသပ ၂၈၄၆..မောင်အောင်ကျော်သူ

ရသပ ၁၀၃၀..မချောနဒီဇော်

ရသပ ၂၈၆၁..မဖြူဖြူဟိန်း

အောင်မြင်သော ကလေးတွေနဲ့ထပ်တူဝမ်းသာဂုဏ်ယူရသလို..ကျရှုံးခဲ့တဲ့ကလေးတွေနဲ့လည်းထပ်တူဝမ်းနည်းရပါတယ်..
ပန်းတိုင်းပွင့်စေချင်တာ ဥယျာဥ်မှူးတိုင်းရဲ့စေတနာပါ...
ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ကြိုးစားပေးခဲ့တယ်..

တာဝန်ဝတ္တရားထက်ပို​ေသာမေတ္တာ စေတနာအပြည့်နဲ့ စောင့်ရှောက် သင်ကြားပေးခဲ့ပါတယ်...

ထင်မှတ်ထားတဲ့ကလေးအချို့ အောင်စာရင်းမှာမပါခဲ့တဲ့အတွက်အထူး စိတ်မကောင်းဖြစ်ရပါတယ်...

ထူးချွန်စွာအောင်မြင်ပြီး ဂုဏ်ထူးအိမ် ပညာရိပ်သာ ရဲ့နာမည်သတင်းကို မွှေးပျံ့စေတဲ့ ကလေးတွေအားလုံးကိုလည်းကျေးဇူးအထူးတင်ပါတယ်....

အောင်စာရင်း အက်ပလီကေးရှင်း၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ၉.၈.၂၀၂၀ ရက်နေ့နံနက်မှာ ထုတ်ပြန်ပေးတော့မှာဖြစ်ပါတယ်။ ပညာရေးဝန...
08/08/2020

အောင်စာရင်း အက်ပလီကေးရှင်း

၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ၉.၈.၂၀၂၀ ရက်နေ့နံနက်မှာ ထုတ်ပြန်ပေးတော့မှာဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနက ကိုဗစ်ကာလ လူစုလူဝေးမဖြစ်စေရန်အတွက် အောင်စာရင်းတွေကို Website ကနေပဲထုတ်ပြန်‌ပေးမှာဖြစ်ပါတယ်။

အောင်စာရင်း Website ကို ဖုန်းထဲမှာအလွယ်တကူ ကြည့်လို့ရအောင် Mobile Application ဖန်တီးရေးဆွဲထားလိုက်ပါသည်။

၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချိန် ပြည်နယ်/တိုင်းဒေသကြီး အသီးသီးရှိ ဖြေဆိုထားသည့် မြို့နယ်အလိုက် ကြည့်လို့ရမှာ ဖြစ်ပါတယ်။

လိုအပ်သူများ အောက်က Link မှာ ဒေါင်းပြီး မိမိဖုန်းထဲ Install လုပ်ထားလို့ရပါပြီ။
အမှန်တကယ်လိုအပ်တဲ့သူများ ရသွားအောင် ပြန်ရှယ်ပေးကြပါ။
အောက်မှာ Playstore လင့်ခ်ပေးထားပါတယ်။

Play store link : https://bit.ly/2zS9FVp

တချို့ Play store ကနေ ယူလို့အဆင်မပြေသူများရှိတယ်သိရလို့ APK ဖိုင်ကို တိုက်ရိုက်ဒေါင်းလုဒ်ဆွဲပြီး install လုပ်လို့ရတဲ့ နောက်ထပ်လင့်ခ် တစ်ခုပေးထားပါသည်။ အဆင်ပြေကြပါစေ။

https://bit.ly/2ONTrjT

ကိုဗစ်ကာလ မလိုအပ်ပဲအပြင်မထွက်ကြပါနဲ့။ အိမ်မှာပဲနေကြပါ။ ဂရုစိုက်ပါ။
ဂုဏ်ထူးများနဲ့ အောင်မြင်ကြပါစေ။

ယခုနှစ် (၈) တန်းအောင်ပြီးသောအခါ ယူရမည့်ဘာသာတွဲများပါ။စာမေးပွဲရှိပါတယ်။
06/04/2020

ယခုနှစ် (၈) တန်းအောင်ပြီးသောအခါ ယူရမည့်ဘာသာတွဲများပါ။
စာမေးပွဲရှိပါတယ်။

covid-19 နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ သုံးသပ်ချက်မို့ copyယူပြီး တင်ပေးလိုက်ပါတယ် မေမြို့က ဒေါက်တာ တေဇာကျော်ပါတဲ့သုံးသပ်...
02/04/2020

covid-19 နဲ့ ပတ်သက်ပြီး

စိတ်ဝင်စားစရာ သုံးသပ်ချက်မို့ copyယူပြီး တင်ပေးလိုက်ပါတယ် မေမြို့က ဒေါက်တာ တေဇာကျော်ပါတဲ့

သုံးသပ်ချက်လေး ကောင်းပါတယ်,,
ဒီညနေတွေးမိတာနဲ့ တစ်ထပ်တည်းကျ
တာမို့ ကူးတင်လိုက်ပါတယ်,,

ဒီညနေ လူနေရပ်ကွက် လမ်းမ မြို့တွေထဲ
လိုက်ကြည့်ရင်း ဆိုင်အတော်များများ
ပိတ်ထားတာမြင်ရသလို,,
ဖွှင့်တဲ့ဆိုင်တွေကလည်း ဆိုင်ရှေ့မှာ ကြိုးတန်း
ထားပြီး ခပ်လှမ်းလှမ်းက ပစ္စည်းယူ ငွေပေး
လုပ်နေကြတာ မြင်ရတယ်,,

ဒါဟာ ပြည်သူအများစုရဲ့ ကျန်းမာရေအသိ
နဲ့ ကိုဗစ်ကို တားဆီးနေမှုတွေမို့
အာက်က ဆရာဝန်တွေ သုံးသပ်ထားသလို
အေပြီလ လယ် လောက်ထိ အခုလိုဘဲ
တစ်ယောက်စ ၂ ယောက်စ သွားနေမယ်ဆို
ကျွန်တော်တို့ နိုင်မှာပါ,,ဖတ်ကြည့်ပါဦး

=====//
ကျနော့်ရဲ့ တွေးထင် ယူဆ ချက်ပါ ။
အရိုးဆရာဝန်ကြီးရဲ့ ထင်မြင်ချက်ပါ

မှန်ချင်လည်း မှန်မယ်..
မှားချင်လည်း မှားပါ လိမ့်မယ်။
တပါးသူ များလည်း
သူတို့ အထင် နဲ့ သူတို့ ပါ ။
( ကျနော်နဲ့ လွတ်လပ်စွာ သဘောထား ကွဲခွင့် ရှိပါတယ် )

ဧပြီ လ ဟာ
ကျနော်တို့ နိုင်ငံ အတွက်
စာမေးပွဲ ပါပဲ ။
မေးခွန်း လွယ်မလား... ခက်မလား ?
မေးခွန်းသတ်မလား.. မသေချာတဲ့
COVID 19 စာမေးပွဲပါ .. ။

ဧပြီ လ ဒုတိယ အပတ် (သင်္ကြန်အပြီး)
လောက် အထိ
COVID 19(+) cases ၁၀၀ မကျော်ရင်
ကျနော်တို့ နိုင်ပါပြီ ။

တချို့က အတွင်းကျကျ မသိပဲ
ရမ်းသမ်း ပြောတာ ရှိလိမ့်မယ်။
တရက်မှ နည်းနည်းပဲ စစ်တာ..
နည်းနည်းပဲ တွေ့မှာ ပေါ့တဲ့ ။
အမှန်တော့ မဟုတ်ပါဘူး ။
ကျနော်တို့ ဆရာဝန်တွေ ကိုယ်တိုင်
COVID 19 ဗိုင်းရပ်စ် ကို အလွန်ကြောက်ပါတယ်။

နိုင်ငံပေါင်းစုံက
ဆရာဝန်တွေ သူနာပြုတွေ
ကျန်းမာရေး ဝန်ထမ်းတွေကို
သူသတ်ခဲ့တာ.. မနည်းပါ။
အဲ့တော့... နယ်ပေါင်းစုံ... ဆေးရုံ အစုံက
ဆရာဝန်တွေဟာ
သံသယ ဖြစ်ဖွယ် ရောဂါလက္ခဏာတွေ
တွေ့ပြီဆိုတာနဲ့
Isolation Ward မှာထားပြီး
Nasopharyngeal Swab
Oropharyngeal Swab
ယူပြီး ပေးပို့ စစ်ဆေးပါတယ်။

ပြီးတော့မှ... ရင် တမမနဲ့
အဖြေ ကိုစောင့်ရင်းနဲ့ပေါ့ ။
Negative ဆို လူနာတွေ လူနာရှင်တွေနဲ့
တန်းတူ... ပျော်ရွှင်စွာသက်ပြင်းချရ တဲ့
ဝန်ထမ်း ဘဝတွေပါ။

(အမှန်တော့... ဒီကာလမှာ
ကျန်းမာရေး ဝန်ထမ်းတွေဟာ
မြေမြှပ်မိုင်း ရှာရတဲ့ တပ်သားတွေပါပဲ...
အချိန်မရွေး
သားကောင်ဟာ
ကိုယ်ကိုတိုင် ပါပဲ။)

ဆိုတော့ကာ
သံသယ လူနာတွေ ဟာ
ပြေးမလွတ်ပါဘူး ။
အခုလည်း ပြည်သူလူထု ကပါ
Alert ပါ။
လိုအပ်တဲ့ သတင်းပေးမှုတွေ
အကြောင်းကြားမှုတွေ ရှိပါတယ်။
ဒါကြောင့် COVID 19 (+) တွေဟာ
နေ့စဉ် လူဦးရေ တိုးနေမှာပါ။

နောက်ထပ် နှစ်ပတ် လောက်အထိ
ပိုးတွေ့ (+) ဦးရေ
၁၀၀ မကျော်ရင်
ဝမ်းသာ ရမယ့် အနေအထားပါ ။
သဘောက ကျနော်တို့
ကျန်းမာရေးဌာန တွေ ဆေးရုံတွေ
ခြေနိုင်လက်နိုင် ကယ်တင်ပေးနိုင်မယ့်
အခြေအနေပါ။

ဒါပေသိ... နောက် နှစ်ပတ်လောက်မှာ
ပိုးတွေ့ လူနာ ၅၀၀ ကျော်လောက်
ဖြစ်ပြီ ဆိုရင်ဖြင့်
ကျနော်တို့ ကျရှုံးဖို့ များပါပြီ။
အဲ့ ၅၀၀ကျော်ရဲ့ နောက်ဆက်တွဲ ထိတွေ့ခဲ့သူတွေဟာ တစ်လလောက်အတွင်းမှာ
အယောက် တစ်သောင်းလောက် ကူးစက်ပြန့်ပွားတော့ မှာပါ။

ကျနော်တို့ ကျန်းမာရေး ဌာန တွေ
ဆေးရုံ ဆေးခန်းတွေ
မနိုင် တော့မယ့် အရေအတွက်ပါ။
ကျန်းမာရေး ဝန်ထမ်းတွေ ကိုယ်နှိုက်က
အဲ့ လူနာ စာရင်းထဲမှာ
အများအပြား ပါဝင်လာပြီး
တောင်မင်းကိုမှ မြောက်မင်း မကယ်နိုင်
အခြေအနေ ရောက်သွားတော့မှာပါ ။
တိုင်းပြည် ပျက်မှာပါ ။
လျှော့မတွက်ပါနဲ့ ။

ဆိုတော့ကာ
ဒီ နှစ်ရဲ့ အတာ သင်္ကြန် ကာလဟာ
ဒီတိုင်းပြည်ရဲ့ ကံကြမ္မာ နဲ့ အနာဂတ်ကို
အဖြေထုတ်ပေးမယ့်
နှစ်ကူး သင်္ကြန်ပါ ။

နှစ်သစ်မှာ
ကံကောင်းခြင်းတွေ နဲ့
မင်္ဂလာ ရှိချင်ရင်တော့
ဧပြီ တစ်လ လုံး
ကိုယ့် အိမ်တွင်း ကိုယ် အောင်း
ကိုယ့် အိမ်တွင်း ကိုယ် ပုန်း
အပျော်အပါး မမက်နဲ့
အသက် မရှိတော့ရင်
ဘာဆို ဘာမှ.. ပျော်စရာ မကောင်းတော့ပြီ။...

မိမိ ကို COVID 19 Virus မကူးအောင်
နေထိုင် ပြုမူ ခြင်းသည်
အမိ နိုင်ငံတော် ကြီးကို
ကယ်တင် စောင့်ရှောက်ရာ..ရောက်ပေသည်။

(ဒေါက်တာ တေဇကျော်... မေမြို့ )
Vis Shwe sein Tun

၂၀၁၅ မှစတင်၍တည်ထောင်ခဲ့သော ကျွန်တော်တို့ဂုဏ်ထူးအိမ် ပညာရေးမိသားစုထံတွင် ယုံကြည်စိတ်ချစွာ အပ်နှံခဲ့သောမိဘများ 🤝🤝🤝✍️✍️✍️တည...
20/03/2020

၂၀၁၅ မှစတင်၍တည်ထောင်ခဲ့သော ကျွန်တော်တို့ဂုဏ်ထူးအိမ် ပညာရေးမိသားစုထံတွင် ယုံကြည်စိတ်ချစွာ အပ်နှံခဲ့သောမိဘများ 🤝🤝🤝

✍️✍️✍️တည်ထောင်ချိန်မှစ၍ အစစအရာရာ ကူညီသင်ကြားပေးသောဆရာ ဆရာမများ

👍👍👍 ဆရာဆရာမတို့နဲ့အတူ ကြိုးစားအားထုတ်ပေးသော သားသမီးတပည့်လေးများ အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ဗျာ😍😍😍
အားနည်းချက်ကို နားလည်ပေးပြီး အားသာချက်ကိုသာ တဆင့်ဖြန့်ဝေ ပြောပြ ပေးကြတဲ့မိဘများနဲ့တပည့်လေးများကြောင့် ဂုဏ်ထူးအိမ် ပညာ့ရိပ်သာဟာ ပိုမိုလူသိများလာခဲ့ရတာပါ🥰🥰🥰

မိဘများရဲ့မျှော်လင့်ချက်😍😍
တပည့်လေးများရဲ့ရည်မှန်းချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ဖို့အတွက် 🥰🥰

ဂုဏ်ထူးအိမ်က အမြဲအသင့်ရှိနေပါတယ်🤩🤩

တစ်နှစ်ထက်တစ်နှစ်ပိုမိုကောင်းမွန်အောင်လည်းကြိုးစားနေပါတယ် 👍👍👍💪💪💪

ပညာလိုလား၍ ထူးချွန်ထက်မြတ်လိုသောကျောင်းသူ/သားများ အတွက်
18/03/2020

ပညာလိုလား၍ ထူးချွန်ထက်မြတ်လိုသော
ကျောင်းသူ/သားများ အတွက်

13/06/2019
12/02/2016

Address

Aungban

Telephone

+959792216826

Website

Alerts

Be the first to know and let us send you an email when ဂုဏ်ထူးအိမ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ဂုဏ်ထူးအိမ်:

Shortcuts

Share