Smart Techno Solutions

Smart Techno Solutions

Share

Computer Training Courses,
Computer Books

19/05/2024

ဒီကွန်ပျူတာနဲ့တော့ ခက်ပြီ

25/04/2024

😀

18/04/2024

မြန်မာနိုင်ငံမှာ အရမ်းအောင်မြင်နေတဲ့
Tech Page တစ်ခုတောင် ဟက်ခံလိုက်ရတယ်။

နည်းပညာတွေများ ကြောက်စရာ။

ဒါကြောင့်မို့ ကိုယ့်ရဲ့ အကောင့်တွေ၊ Page တွေကို

အမြဲ‌တမ်း စောင့်ကြည့်ပြီး လုံခြုံအောင်ထားဖို့
လိုအပ်ပါတယ်။

Page ကို အမြန်ဆုံး ပြန်လည် ရရှိပါစေ။

Late night updates.

ဒီရက်ပိုင်း ကျွန်တော်တို့ ခရီးတစ်ခုမှာရှိနေတာနဲ့ Page မှာ Update မတင်ဖြစ်သေးပေမယ့် တနေ့ကမှ သိလိုက်ရတဲ့ သတင်းတစ်ခုရော၊ ထပ်ပြီး အဲ့သတင်းအပေါ်မှာ ပြန်ပြီး မျိုးစုံရေးနေကြတာတွေ တွေ့တာနဲ့ ဒီ Post လေးကို ဒီအတိုင်း ရေးဖြစ်တာပါ...။​

ဘာသတင်းလဲဆိုတော့ အကုန်သီပြီးလောက်တဲ့ TBH Labs နဲ့ Founder - ACM တို့ရဲ့ Verified Account တွေကို Hack ခံလိုက်ရတာပါ။ Linus တို့တောင် YouTube Channel အကုန် Hack ခံရဖူးသလို အခု မြန်မာမှာ အကြီးမားဆုံးနဲ့ အအောင်မြင်ဆုံး Tech Channel တစ်ခုပါ ဒီလို ခံလိုက်ရတာက တကယ်စိတ်မကောင်းစရာပါ။

အရင်ဆုံး ဒီ​ Hack ခံရတဲ့ Case က တကယ်ပါ၊ ကိုယ်တိုင်လည်း ACM ဆိုတာက TBH Labs ဆိုတာမရှိလာသေးခင်၊ Tech Gadget ဆိုတာ ဘာမှမဟုတ် - စာအရှည်ကြီးတွေ အင်္ဂလိပ်လို ကြားညပ်ရေးနေတဲ့အချိန်တည်းက သိနေခဲ့တဲ့သူတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်ဆိုတော့ ဒါကတော့ ကျွန်တော်တို့လည်း မေးမြန်းစကားပြောဖြစ်ပြီး တကယ်ဖြစ်ခဲ့တယ် - အသေးစိတ်ကတော့ ACM တို့ပဲ ထပ် Update ပါလိမ့်မယ်။

ဒါကို တမင်လုပ်ကြံနေတယ်ထင်နေကြတာတွေ၊ ကိုယ့် ညဏ်တထွာတစ်မိုက််လောက်နဲ့ စစရက ရေးနေမယ့်အစား အတတ်နိုင်ဆုံး ကူညီနိုင်ရင် ကူညီဖို့ပဲ စဥ်းစားရမှာပါ။ Engagement တစ်ခုကို မက်ပြီး Insights Data နံပါတ်တွေကို ထိုင်ကြွားနေရလောက်တဲ့အဆင့်မဟုတ်တော့တဲ့ Page တစ်ခုက ဒီလိုဖြစ်တာ Tech Indusry တစ်ခုလုံးအတွက်လည်း မကောင်းပါဘူး၊ ကျွန်တော်တို့ကိုယ်တိုင်လည်း Labs Level အထိ အစားထိုးနိုင်တဲ့ Impact တစ်ခုရှိလာဖို့၊ ACM ရဲ့​Skill Set ၊ Knowlege Level တစ်ခုရှိလာဖို့မလွယ်ပါဘူး။​

ဘာပဲဖြစ်ဖြစ် ဒီသတင်းနဲ့ ပတ်သက်ပြီး သင်ခန်းစာယူလို့ရတာက ကိုယ့် Social Media Account တွေကို လုံခြုံအောင်လုပ်၊ 2FA ခံ၊​ Devices တွေကို အမြဲ Monitoring လုပ်၊ Public Wi-Fi တွေ၊ Link တွေကို ဂရုပိုစိုက်ဖို့ပဲရှိပါတယ်။ ဒါတောင် ပါသွားနိုင်တော့ အကောင်းဆုံးက အရေးကြီး စကားတွေဆိုရင် End-to-End Encryption နဲ့ပဲ ဆက်သွယ်ပါ။

ပြောသလို ဒီ Indusry မှာ TBH Labs ဆိုတာက မြန်မာနိုင်ငံအနေနဲ့ တကယ်ကို ထိပ်တန်းအဆင့်ထိရှိနေပြီ။ နိုင်ငံအနေနဲ့လည်း International Event တွေ၊ Exhibitation တွေ၊ Launch Event တွေကို အဖိတ်ခံရတဲ့ Tech Channel တစ်ခုပါ - ကာယကံရှင်မဟုတ်ပဲ စစရက လျှောက်ပြောနေမယ့်အစား ပြန်ရဖို့ပဲ အတတ်နိုင်ဆုံးကူညီကြတာပေါ့

ရဲ့ စာစုကို သဘောထားချင်းထပ်တူကြပါသဖြင့် ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်

Photos from Smart Techno Solutions's post 08/04/2024

Smart Choice Computer Center မှ

Basic Computer & Microsoft Office 2019 အတန်းအတွက်
သတ်မှတ်အရည်အချင်း ပြည့်မှီသူများကို

Certificate လက်မှတ်များ
ပေးအပ်ချီးမြင့်လိုက်ပါပြီ 🏆

ဆရာမျှ‌ဝေပေးခဲ့တဲ့
လက်တွေ့သင်ခန်းစာများစွာကို
သေသေချာချာ ကြိုးစားလေ့လာခဲ့ကြတဲ့
သင်တန်းသား တစ်ယောက်ချင်းစီတိုင်းအတွက်

ဆရာ့အနေနဲ့ ဝမ်းသာစွာ ဂုဏ်ပြုပါတယ်။ 🎉🎊

နည်းပညာလောကရဲ့
ပထမဆုံး Level တစ်ခုကို
အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့ပါပြီ။ 💪

ဒီ Level ကို အခြေပြုပြီးတော့
နောက်ထပ် အဆင့်မြင့် Level တွေအထိ
လျှောက်လှမ်းနိုင်ဖို့အတွက်

ကြိုးစားလိုစိတ်နဲ့ အထောက်အပံ့ကောင်းများ
ရနိုင်ကြပါစေလို့
ဆရာ့အနေနဲ့ ဆုတောင်းပေးလိုက်ပါတယ်။ ❤️
_______________________________________________

Smart Choice Computer Center သည်
သင်တန်းသားများ၏
အမှန်တကယ် တတ်မြောက်မှုကို
အလေးထားပြီး

လက်‌တွေ့သင်ခန်းစာများစွာဖြင့်
စနစ်တကျ လေ့ကျင့်ပေးတဲ့
သင်တန်းဖြစ်ပါတယ်။

သင့်ရဲ့ အနာဂတ် နည်းပညာအိပ်မက်တွေကို
Smart Choice Computer Center နဲ့အတူ အကောင်အထည်ဖော်လိုက်ပါ။ 🧑‍🎓

Smart Choice Computer Center
Choice For Your IT Pathway

31/03/2024

ရုပ်ရှင်နဲ့ လက်တွေ့ 🤣

29/03/2024

ကွန်ပျူတာဝယ်ဖို့ စဉ်းစားထားတယ်ဆိုရင်
ကွန်ပျူတာမလေ့လာရသေးခင် ဝယ်သင့်လား?
ကွန်ပျူတာကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်ပြီဆိုမှ ဝယ်သင့်လား?
---------------------------------------------------

အခုလို ဒီဂျစ်တယ်ခေတ်ကြီးမှာ နည်းပညာကို စိတ်ဝင်တစား လေ့လာနေတဲ့ လူငယ်တွေက ကွန်ပျူတာဝယ်သင့် မဝယ်သင့် စဉ်းစားလာကြပါတယ်။
သင်တန်းမှာလည်း သင်တန်းသားတွေ အများဆုံးမေးတဲ့ မေးခွန်းတစ်ခုပါ။

ဒီမေးခွန်းကို မဖြေခင် ကျွန်တော်တို့ ပညာရပ်တစ်ခုကို လေ့လာတဲ့အချိန် သုံးတဲ့ နည်းလမ်းတွေကို အရင်စဉ်းစားကြည့်ကြရအောင်……………

ငယ်ငယ်တုန်းက ကျွန်တော်တို့ စာရေး စာဖတ် သင်ခဲ့ရတဲ့အချိန်မှာ
လူကြီးမိဘ ဆရာဆရာမတွေရဲ့ အရေးအဖတ်နည်းလမ်းတွေကို လေ့လာရုံ၊ မှတ်သားရုံ သင်ခဲ့ရတာ မဟုတ်ပါဘူး။

နည်းလမ်းတွေအတိုင်း အထပ်ထပ်အခါခါ လေ့ကျင့်ခဲ့ရတာပါ။ အမှားတွေကို ရေးမိလိုက်၊ အမှားတွေကို ပြန်ပြင်လိုက်နဲ့ တဖြည်းဖြည်းချင်း လေ့ကျင့်ခဲ့ကြတာ ဖြစ်ပါတယ်။

ကျောင်းမှာ သင်နေတဲ့အချိန်မှာလည်း လေ့ကျင့်၊ အိမ်ရောက်တဲ့အချိန်မှာလည်း ထပ်ပြီးတော့ လေ့ကျင့်ကြတာပါ။

အခုလို ကိုယ့်ရဲ့အားလပ်ချိန်တွေမှာ လေ့ကျင့်နိုင်ဖို့အတွက်၊ တစ်နည်းအားဖြင့် လေ့ကျင့်ချိန်များများရဖို့အတွက် စာရေးကိရိယာတွေကို အိမ်မှာ ဝယ်ထားကြပါတယ်။

အဲလိုဆိုရင်
အခု ကွန်ပျူတာကို လေ့လာနေတဲ့ လူငယ်တွေအနေနဲ့ ကွန်ပျူတာကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ဖို့ဆိုရင် ဘာတွေလုပ်ဆောင်ဖို့ လိုအပ်လည်း?

ဟုတ်ပါတယ် ကွန်ပျူတာကို သင်တန်းချိန်မှာရော
မိမိရဲ့ ကိုယ်ပိုင်အားလပ်ချိန်မှာပါ လေ့ကျင့်ဖို့ လိုအပ်ပါတယ်။

ကွန်ပျူတာသင်တန်းတွေမှာလည်း လေ့ကျင့်ချိန်ပြည့်ပြည့်၀၀ လေ့ကျင့်မယ်၊
အားလပ်ချိန်မှာလည်း အချိန်ရသလို ပြန်လေ့ကျင့်နေမယ်ဆိုရင်
ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ဖို့ဆိုတာ မခက်ခဲတော့ပါဘူး။

သင်တန်းမှာ ဒါမှမဟုတ် အွန်လိုင်းပေါ်မှာ လေ့လာထားတဲ့ သင်ခန်းစာတွေကို
အချိန်ရတိုင်း လေ့ကျင့်နေမယ်ဆိုရင် အချိန်တိုအတွင်းမှာ ကိုယ်မှန်းထားတဲ့ အဆင့်တစ်ခုကို လွယ်လွယ်ကူကူ ရောက်နိုင်မှာ ဖြစ်ပါတယ်။

ကွန်ပျူတာလေ့လာနေတဲ့သူတွေအနေနဲ့ စတင်လေ့လာတဲ့ အချိန်မှာ
ကွန်ပျုတာတစ်လုံး ရှိထားသင့်တယ်လို့ အကြံပေးချင်ပါတယ်။

ကဲ ဒီလောက်ဆိုရင်တော့ အားလုံးသိချင်နေကြတဲ့ အကြောင်းအရာကို ရှင်းရှင်းလင်းလင်း သိသွားပြီလို့ မျှော်လင့်ပါတယ်။

ကွန်ပျူတာကို လေ့ကျင့်ချိန်ပြည့်ပြည့်၀၀နဲ့ လေ့လာချင်တယ်ဆိုရင်တော့
Smart Choice Computer Center က သင့်အတွက် အသင့်ရှိနေပါပြီ။

သင်တန်းမတက်လိုပဲ မိမိကိုယ်တိုင် Self-study လေ့လာလိုသူများအတွက်
မြန်မာလို တစ်ဆင့်ချင်း စနစ်တကျ ရေးသားထားတဲ့ ကွန်ပျူတာစာအုပ်များလည်း
မှာယူနိုင်ပါပြီခင်ဗျာ။

Smart Choice Computer Center
Best Choice For Your IT Pathway

Mingalar Quarter, Aungban, Southern Shan State

#ကွန်ပျူတာသင်တန်း

22/03/2024

ကဲကဲ ဘယ်သူတွေလည်း..................
-------------------------------------------------------------------------

မှာ
Computer Basic Course ကို
ကြိုးစားလေ့လာနေကြတဲ့ သင်တန်းသူ/သား တွေပေါ့ဗျာ 🤍🤍

အနာဂတ်မှာ ကွန်ပျူတာကို အဆင့်မြင့်မြင့် အသုံးပြုကြမယ့်သူတွေအဖြစ် မြင်ယောင်နေမိပါပြီ။ 💪💪
_______________________________________________

Smart Choice #ကွန်ပျူတာသင်တန်း မှာဆိုရင်
ကျောင်းသားတိုင်းအတွက်
သင်ထောက်ကူပစ္စည်း အလုံအလောက် ပြင်ဆင်ပေးထားပြီး

လေ့ကျင့်ချိန် ပြည့်ပြည့်ဝဝ လေ့လာနိုင်တာကြောင့်

သင်တန်းသားတွေအဖို့ အများကြီး အထောက်အကူ ဖြစ်စေပါတယ်။

သင့်ရဲ့ အနာဂတ် နည်းပညာလမ်းကြောင်းအတွက်
အကောင်းဆုံး ရွေးချယ်မှု
Smart Choice Computer Center

Best Choice For Your It Pathway.

25/02/2024

တိုးတက်နေတဲ့ နည်းပညာနောက်ကို
အမှီလိုက်ဖို့ အဆင်သင့်ဖြစ်ပြီလား?

အခုလောလောဆယ်မှာ သင်က -

ကွန်ပျူတာကို အခြေခံစပြီး စနစ်တကျ လေ့လာဖို့ စိတ်အားထက်သန်နေတဲ့သူလား?

ကွန်ပျူတာကို အသုံးချပြီး လုပ်ငန်းခွင်ဝင်လိုတဲ့ သူလား?

ဒီလိုဆိုရင်တော့
အောင်ပန်းမြို့၊ ဟိန်းမြန်မာကိုယ်ပိုင်အထက်တန်း‌ေကျာင်းဝင်းမှာ ဖွင့်လှစ်ထားတဲ့

"Smart Choice" ကွန်ပျူတာသင်တန်းကျောင်းက သင့်အတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

Smart Choice ကွန်ပျူတာသင်တန်းဟာ
သင်တန်းသားများရဲ့ အမှန်တကယ်
တတ်မြောက်မှုကို အလေးထားပြီး
တစ်ဦးချင်းစီ စနစ်တကျလေ့ကျင့်ပေးပါတယ်။

ဖွင့်လှစ်ထားသည့် တန်းခွဲများ
===================
1. Computer Basic Class
2. Microsoft Office 2019 Special Class
3. Advanced Excel (Accounting)

သင်တန်းပြီးဆုံးလျှင်
သင်တန်းဆင်းလက်မှတ် (Certificate) ကို ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။
(Certificate အတွက် ကုန်ကျစရိတ် ထပ်မံပေးဆောင်ရန် မလိုအပ်ပါ။)

ဘယ်လိုသင်ကြားပေးမှာလည်း?
=====================
သင်တန်းမှ မူပိုင်ရေးဆွဲထား‌တဲ့
သင်ရိုးစာအုပ်နဲ့အတူ ကျယ်ဝန်းသပ်ရပ်တဲ့
ကျောင်းဝင်းအတွင်းမှာ သင်ယူရမှာဖြစ်ပါတယ်။

မတ်လ ၁ ရက်နေ့မှာ ဖွင့်လှစ်မယ့်
တန်းခွဲသစ်များအတွက် သင်တန်းသားများ
စတင်လက်ခံနေပါပြီ။

ဆက်သွယ်ရန်-

📱 09 885805812, 09428383890
🏠 ဟိန်းမြန်မာကိုယ်ပိုင်အထက်တန်းကျောင်း၊
ခတ္တာလမ်း၊ မင်္ဂလာရပ်ကွက်၊ အောင်ပန်းမြို့။


.

Photos from Smart Techno Solutions's post 14/01/2024

မတ်လတွင် ဖွင့်လှစ်မည့်
ကွန်ပျူတာအတန်းခွဲများအတွက်
သင်တန်းသား အသစ်များ စတင်လက်ခံနေပါပြီ။

သည်
သင်တန်းသားများ၏ အမှန်တကယ် တတ်မြောက်မှုကို အလေးထားပြီး

သင်တန်းပြီးဆုံး၍ ရရှိသူများမှာ
သက်ဆိုင်ရာနယ်ပယ်အလိုက်
Intermediate levelအထိ ပိုင်နိုင်ကြောင်း
အပြည့်အဝ အာမခံပါတယ်။



Best and Smart Choice for your IT Pathway

20/08/2023

မေ့နေလို့ပါ ဆရာရယ် 😁

Want your school to be the top-listed School/college in Aungban?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Aungban

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30
Saturday 09:00 - 16:30