Little Steps Learning

Little Steps Learning Where every little step leads to big success!!

သားသားမီးမီးလေးတွေကို ဘာကြောင့်❓နဲ့ ဘယ်လို ❓ Phonics သင်ကြားပေးသင့်ပါသလဲ‼🥰Phonics သင်ခြင်းက ကလေးများအတွက် စာဖတ်ခြင်း အခြ...
16/08/2025

သားသားမီးမီးလေးတွေကို ဘာကြောင့်❓နဲ့ ဘယ်လို ❓ Phonics သင်ကြားပေးသင့်ပါသလဲ‼🥰

Phonics သင်ခြင်းက ကလေးများအတွက် စာဖတ်ခြင်း အခြေခံဖြစ်ပြီး အမှန်တကယ် အရေးကြီးတဲ့ အစပြုအဆင့်ပါ။ အက္ခရာအသံများကို နားလည်ပြီး စာလုံးဖွဲ့နည်းတွေကို သိလာတဲ့အခါ ကလေးတွေအတွက် စာဖတ်ခြင်းနဲ့ စာရေးခြင်းဟာ ပိုပြီးလွယ်ကူသွားပါတယ်။

ဒီစာလေးထဲမှာ သင့်ကလေးအတွက် Phonics သင်ကြားတဲ့ အကျိုးကျေးဇူးတွေ၊ စတင်သင်ဖို့ အကောင်းဆုံးအချိန်၊အသုံးချနိုင်တဲ့နည်းလမ်းတွေကိုလွယ်ကူတဲ့ ပုံစံတွေနဲ့ ဖော်ပြပေးထားပါတယ်။

📌 Phonics သင်ကြားခြင်း၏ အကျိုးကျေးဇူးများ

👉ကလေးများ စာဖတ်နားလည်မှု မြန်ဆန်လာစေသည်

👉အသံနဲ့ အက္ခရာချိတ်ဆက်ပေါင်းဖတ်နိုင်စေသည်

👉စာရေးရာ စွမ်းဆောင်ရည် တိုးတက်စေသည်

👉အင်္ဂလိပ်စာကို လွယ်လွယ်ကူကူ သင်ယူနိုင်စေသည်

⏰ စတင်သင်ဖို့ အကောင်းဆုံးအချိန်

🌻 အသက် (၃ နှစ်မှ ၅ နှစ်) မှာ စတင်ပေးပါ 🌻

ဒီအချိန်က ကလေးတွေအတွက် အသံတွေ သိမ်းဆည်းနိုင်စွမ်း အများဆုံးဖြစ်ပြီး လွယ်လွယ်ကူကူ မှတ်မိနိုင်ကြပါသည်။

🎯 သင်ကြားနိုင်တဲ့ လွယ်ကူသော နည်းလမ်းများ

1. သီချင်းနဲ့ သင်ခြင်း – Youtubeကနေ Phonics သီချင်းတွေ သုံးပြီး အသံသင်ပေးပါ။

2. ဆော့ကစား၍သင်ခြင်း– Flashcards, Matching games, Bingo စသည်ဖြင့် သုံးပါ။

3. TPR (Action) နည်းလမ်း – အသံတိုင်းကို ခန္ဓာကိုယ်လှုပ်ရှားမှု၊အပြုံး၊ လက်ဟန်အမူအရာနဲ့ ချိတ်ဆက်သင်ပါ။

4. Story Time – Phonic reader bookလေးတွေမှာပါတဲ့ storyလေးတွေဖတ်ပေးပြီး အသံတွေကိုပိုသတိထားစေပါ။

5. Writing/Tracing – အသံကို ပြောသလို လိုက်ရေးသင်ပါ။

📚 What is Student-Centered Learning?Student-Centred Learning ဆိုတာ ကျောင်းသားဗဟိုပြုသင်ကြားရေးစနစ်ကို ဆိုလိုပါတယ်။ ဆရာ/ဆ...
10/08/2025

📚 What is Student-Centered Learning?

Student-Centred Learning ဆိုတာ ကျောင်းသားဗဟိုပြုသင်ကြားရေးစနစ်ကို ဆိုလိုပါတယ်။ ဆရာ/ဆရာမက သင်တန်းထဲမှာ အဓိကပြောနေသူ မဟုတ်တော့ဘဲ၊ ကျောင်းသားတစ်ဦးချင်းစီရဲ့ စိတ်ဝင်စားမှု၊ လေ့လာပုံနဲ့ သင်ယူနိုင်စွမ်း ကို အခြေခံပြီး သင်ယူစေခြင်းဖြစ်ပါတယ်။

✨ Key Points

📌 Active Learning – လက်တွေ့လုပ်နိုင်စေခြင်း

📌 Choice & Voice – ကျောင်းသားတွေကို ဆုံးဖြတ်ခွင့်ပေးခြင်း

📌 Collaboration – အဖွဲ့လိုက် လေ့လာမှု

📌 Personalized Learning – ကိုယ်ပိုင်အ​တွေ့အကြုံနဲ့ ဆက်စပ်သင်ယူခြင်း

🌱 Why is it effective?

Student-Centred Learning က ကျောင်းသားတွေအနေနဲ့ တကယ်ပါဝင်ပြီး စိတ်ဝင်စားစေတယ်။ သူတို့လက်တွေ့အတွေ့အကြုံနဲ့ ပေါင်းစပ်မိတာကြောင့် သင်ခန်းစာကို အများကြီး အားစိုက်ထုတ်စရာမလိုပဲ မှတ်မိလွယ် ဖြစ်သွားစေပြီး အပြင်မှာပါ အသုံးချနိုင်စေပါတယ်။

Address

Amarapura

Website

Alerts

Be the first to know and let us send you an email when Little Steps Learning posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category