23/11/2022
သီရိလင်္ကာနိုင်ငံ ရခိုင်ရဟန်းတော်များအဖွဲ့ မှ ဒေါက်တာအရှင်ဝရဗုဒ္ဓိ သို့ ဂုဏ်ပြုဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခြင်း
--------------------
` အရှင်ဝရဗုဒ္ဓိသည် သီရိလင်္ကာနိုင်ငံ ကေလေနိယတက္ကသိုလ် (University of Kelaniya) ၌
“A Study of Theravada Teachings on Kāyānupassanā and its Application " ဟူသော ခေါင်းစဉ်ဖြင့် သုတေသနကျမ်းပြုစုရေးသား၍ ၂၀၂၀ ခုနှစ်တွင် ပါရဂူဘွဲ့ (Doctor of Philosophy (Ph.D) ကို ထိုက်ထိုက်တန်တန်အောင်မြင်တော်မူခဲ့သည်။
ထိုအရှင်၏ ထိုက်ထိုက်တန်တန်အောင်မြင်တော်မူခဲ့သော (Ph.D) ဒေါက်တာဘွဲ့အား ၂၀၂၂ ခုနှစ်တွင် ထပ်မံ ဆက်ကပ် လက်ခံရရှိတော်မူခဲ့သည်။ ယင်းဒေါက်တာဘွဲ့ကို အကြောင်းပြု၍ သဒ္ဓါဖွေးလက် ပညာပြဋ္ဌာန်းကာ ဒေါက်တာအရှင်ဝရဗုဒ္ဓိအား အမေရိကန်နိုင်ငံရောက် တပည့်ဒကာ၊ ဒကာမများမှ ထပ်ဆင့် ဂုဏ်ပြုပူဇော်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မုဒိတာပွားများစွာဖြင့် သီရိလင်္ကာနိုင်ငံ ရောက် ရခိုင်ရဟန်းတော်များအဖွဲ့က မွှေးပျံ့သောသတင်းကောင်းအဖြစ် ကြားသိရပါသည်။
ဒေါက်တာ အရှင်ဝရဗုဒ္ဓိ၏ ကြိုးစားမှု ဇွဲ ၊လုံ့လ၊ ဝီရိယတို့ဖြင့်ထိုက်ထိုက်တန်တန်အောင်မြင် ရရှိတော်မူခဲ့သော (Ph.D) ဒေါက်တာဘွဲ့ တည်းဟူသောဂုဏ်ကိုလည်းကောင်း၊ အရေအတွက်ပမာဏနည်းပါးသောသီရီလင်္ကာနိုင်ငံရောက်ရခိုင်ရဟန်းတော်များအဖွဲ့ထဲမှ ပဉ္စမမြောက် ဒေါက်တာဘွဲ့ရ
အာရက္ခသာသနာတော်၏ သားကောင်းရတနာ တစ်ပါး အဖြစ်လည်းကောင်း လေးနက်စွာဖြင့်အသိအမှတ်ပြုကာ မှတ်တမ်းတင်ဂုဏ်ပြုအပ်သည်။
ထို့ကြောင့် သီရီလင်္ကာနိုင်ငံရောက်ရခိုင်ရဟန်းတော်များအဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုခြင်းနှင့်ထပ်တူ အမေရိကန်နိုင်ငံတွင် ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကျင်းပပြုလုပ်အပ်သော အရှင်၏ ပညာဂုဏ်ကို အမှူးပြုပဓာနထားကာ တစ်ပြိုင်နက်တည်းမှာပင်လျှင် ‘အနုတ္တရံ ပုညခေတ္တံ’ တည်းဟူသော သံဃဂုဏ်၏ ကောင်းမှုမျိုးစေ့ စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ကုသိုလ်အသွယ်သွယ်တို့ ပွားများအကျိုး သဒ္ဓါတိုးလို့ အများသူငှာ ဖြစ်ထွန်းပါစေကြောင်း သီရိလင်္ကာနိုင်ငံ ရခိုင်ရဟန်းတော်များအဖွဲ့ မှ ဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုသဝဏ်လွှာပေးပို့ လိုက်ပါသည်။
Arakan Students Union in Sri Lanka
ရခိုင်ရဟန်းသံဃာတော်များအဖွဲ့
သီရိလင်္ကာနိုင်ငံ
06/10/2022
၂၀၁၉ ခုနှစ်တွင် ပါရဂူဘွဲ့ရ ပုဂ္ဂိုလ် ( ၂ ) ပါးအား ဂုဏ်ပြုပူဇော်ခြင်းနှင့် သုတေသနဆိုင်ရာနှီးနှောဖလှယ်ပွဲပြုလုပ်ခြင်း
အကြိုအစည်းအဝေး
၂၅-၉-၂၀၂၂ ညပိုင်း (၈) နာရီတွင် အကြိုအစည်းအဝေးတစ်ခုကို Zoom Meeting မှတစ်ဆင့် ပြုလုပ်မည်ဖြစ်ကြောင်းကို ၂၅-၉-၂၀၂၂ ရက်စွဲဖြင် နေ့လယ် (၂) နာရီတွင် သီရိလင်္ကာရောက် ရခိုင်ကျောင်းသားများအဖွဲ့ ပြန်ကြားရေးဌာနမှ အသိပေးလျှောက်ထားချက်တစ်စောင်ထုတ်ပြန်သည်။ ယင်းလျှောက်ထားချက်တွင် မိတ်ဆွေကြီးများလည်းဖြစ်၊ သုတေသနစီနီယာကြီးများလည်း ဖြစ်ကြသော ဒေါက်တာ အရှင်ဝရဗုဒ္ဓိ (ဓမ္မခရီးဖော်) နှင့် ဒေါက်တာအရှင်ဝရဉာဏ (ရုပ်ပုံတောင်) တို့၏ဘွဲ့နှင်းသဘင်တက်ရောက်ရန်အစီအစဉ်၊ ၎င်းအရှင်တို့အား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားပြု လုပ်ရန်အစီအစဉ်တို့နှင့်ပတ်သက်ပြီး မိမိတို့မိမိတို့အဖွဲ့အနေဖြင့် ကိုယ်စီကိုယ်စီ တာဝန်ယူကာ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဆွေးနွေးစရာရှိသည်များကို ပွင့်လင်းနွေးထွေးစွာ ဆွေးနွေးကြမည့်အကြောင်းပါဝင်သည်။ အစည်းအဝေးတွင်လက်ရှိသီရိလင်္ကာရောက် ကျောင်းသား များအားလုံးတက်ရောက်ကြကာ ဒေါက်တာ အရှင်ဝရဗုဒ္ဓိ(ဓမ္မခရီးဖော်)က ကိုယ်တိုင်မလာ ရောက်နိုင်တော့လို့ ဒေါက်တာအရှင်ဝရဉာဏ(ရုပ်ပုံတောင်)တို့ အဖွဲ့ကိုပဲ လေဆိပ်တွင်သွား ရောက်ကြိုဆိုမည့်ကိစ္စအပါအဝင်၊ ဘွဲ့နှင်းသဘင်ခမ်းမတက်ရောက်ရေးကိစ္စ၊ ဂုဏ်ပြုပူဇော်ပွဲကိစ္စများနှင့်ပတ်သက်၍ အသေးစိတ်ပါဝင်ဆောင်ရွက်ရမည့်မိမိတို့တာဝန်များကိုလည်း ဝမ်းမြောက်စွာဆွေးနွေးလက်ခံအတည်ပြုကြသည်။
ကြိုဆိုကြခြင်း
၁-၁၀-၂၀၂၂ ရက်နေ့ည (၁၀) နာရီခွဲအချိန်မှာ ပညာဝေဒဂူဆရာတော်အရှင်ပညာသီရိ၊ သီရိလင်္ကာရောက်ရခိုင်ကျောင်းသားများအဖွဲ့ဥက္ကဌ မေတ္တာသုခဆရာတော် အရှင်ပညိန္ဒြိယ၊ ရန်ကုန်နာယကဆရာတော် အရှင် ဓမ္မသာရ (ကျောက်ဖြူ) တို့အပါအဝင် မိတ်ဟောင်း မိတ်သစ်တို့သံဃာတော်များက ဘန်ဒရာနေကေ နိုင်ငံတကာလေဆိပ် (Bandaranaike International Airport) ဝမ်းမြောက်စွာဖြင့် သွားရောက်ကြိုဆိုကြသည်။ ဒေါက်တာ အရှင်ဝရဉာဏနှင့်အတူ ဒကာဒကာမ (၆) ယောက်ပါလာသည်။ ဒေါက်တာအရှင်ဝရဉာဏတို့အဖွဲ့က တည်းခိုမည့်နေရာသို့သွားကြကာ ကြိုဆိုသံဃာတို့က မကုဋာရာမကျောင်းသို့ပြန်လာကြသည်။
ဘွဲ့နှင်းသဘင်ခမ်းမ
၃-၁၀-၂၀၂၂ ရက် မနက်ပိုင်း ၈ နာရီခန့်တွင် ဒေါက်တာအရှင်ဝရဉာဏတို့အဖွဲ့နှင့် ရခိုင် ကျောင်းသားများအဖွဲ့တို့ BMICH (Bandaranaike Memorial International Conference Hall) ဘွဲ့နှင်းသဘင်ခမ်းမမှာဆုံကြသည်။ ဒေါက်တာအရှင်ဝရဉာဏတို့ခမ်းမထဲသို့မဝင်မီ လိုအပ်ရာရာများ ကိုဝိုင်းဝန်းကူညီပေးကြပြီး ဘွဲ့နှင်းခမ်းမထဲမှ ထွက်လာသောအခါ၌လည်း ဂုဏ်ယူ ဝမ်းမြောက်ခြင်း များစွာဖြင့် စီတန်းကြိုဆိုကြသည်။
နေ့ဆွမ်းကပ်ခြင်း
၄-၁၀-၂၀၂၂ ရက်နေ့မနက် (၁၁) နာရီမှာ မကုဋာရာမကျောင်းတိုက်ရှိသံဃာတော်များနှင့်တကွ ရပ်နီးရပ်ဝေးမှကြွရောက်လာကြကုန်သောသံဃာတော်များအား ဒေါက်တာအရှင်ဝရဗုဒ္ဓိ(ဓမ္မခရီးဖော်) နှင့် ဒေါက်တာအရှင်ဝရဉာဏ(ရုပ်ပုံတောင်) တို့၏ ပါရဂူဘွဲ့ယူ အထိမ်းအမှတ်အဖြစ် ရဟန်းခမည်းတော်၊ ရဟန်းမယ်တော်များမှ Readymadeဆွမ်းထုပ်များဖြင့်နေဆွမ်းနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းကြသည်။
ဂုဏ်ပြုပူဇော်ကြခြင်းနှင့် သုတေသနဆိုင်ရာနှီးနှောဖလှယ်ခြင်း
ကောဇာသက္ကရာဇ် ၁၃၈၄ ခု၊ သီတင်းကျွတ်လဆန်း (၁၀) ရက်၊ အင်္ဂါနေ့၊ ခရစ်နှစ် ၂၀၂၂၊ အောက်တိုဘာ (၄) ရက် နေ့တွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ ကေလနိယတက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိ တော်မူကြသော ဒေါက်တာအရှင်ဝရဗုဒ္ဓိ(ဓမ္မခရီးဖော်) နှင့် ဒေါက်တာအရှင်ဝရဉာဏ(ရုပ်ပုံတောင်) တို့အား သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ မကုဋာရာမကျောင်းတိုက်၌ ဂုဏ်ပြုပူဇော်ခြင်းနှင့် သုတေသနဆိုင်ရာနှီးနှောဖလှယ်ပွဲ အခမ်းအနားကိုကျင်းပပြုလုပ်ကြသည်။ ပူဇော်ပွဲအခမ်းအနား ကာလတွင်လူကိုယ်တိုင်မတက်ရောက်နိုင်သော ဒေါက်တာ အရှင်ဝရဗုဒ္ဓိကိုကား အွန်လိုင်းမှတစ်ဆင့်ဆက်သွယ်ပြီး ပရိုဂျက်တာပေါ်တွင်ကြွရောက်စေလျက်ပူဇော်ကြသည်။ ထိုအရှင်၏သုတေသန ဆိုင်ရာအတွေ့ကြုံများကိုလည်း အွန်လိုင်းမှပင်မျှဝေခဲ့သည်။ ပူဇော်ပွဲနှင့်သုတေသနဆိုင်ရာနှီးနှော ဖလှယ်ပွဲအခမ်းအနားအစီအစဉ်မှာအောက်ပါအတိုင်းဖြစ်သည်။
(၁)ကြွရောက်တော်မူလာကြကုန်သော သံဃာတော်အရှင်မြတ်များနှင့် ဆရာကြီး ဆရာလေးများ ဧည့်ပရိသတ်များမှ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုစတင်ဖွင့်လှစ်ခြင်း
(၂) ပညာဝေဒဂူဆရာတော် ဦးပညာသီရိမှ အဖွင့်အမှာစကားပြောကြားခြင်း
(၃) ဆရာလေးမကေသဉာဏီမှ ဒေါက်တာ အရှင်ဝရဗုဒ္ဓိ (ဓမ္မခရီးဖော်)၏ထေရုပ္ပတ္တိကိုဖတ်ကြားခြင်း
(၄) အမေရိကန်နိုင်ငံ၊ မဟာမုနိထေရဝါဒကျောင်းပဓာနနာယကဆရာတော် ဒေါက်တာ အရှင်ဝရဗုဒ္ဓိ(ဓမ္မခရီးဖော်) မှ သုတေသနဆိုင်ရာအတွ့အကြုံများကိုအွန်လိုင်းမှတစ်ဆင့် မျှဝေပေးခြင်း
(၅) ဆရာလေး ဒေါ်ဉာဏဝတီမှ ဒေါက်တာ အရှင်ဝရဉာဏ(ရုပ်ပုံတောင်)၏ ထေရုပ္ပတ္တိကို ဖတ်ကြားခြင်း
(၆) ဒေါက်တာ အရှင်ဝရဉာဏ(ရုပ်ပုံတောင်)မှ သုတေသနဆိုင်ရာအတွေ့အကြုံများမျှဝေခြင်း
(၇) အမေရိကန်နိုင်ငံ၊ မဟာမုနိထေရဝါဒကျောင်းပဓာနနာယကဆရာတော် ဒေါက်တာအရှင်ဝရဗုဒ္ဓိ(ဓမ္မခရီးဖော်) နှင့် ဒေါက်တာအရှင်ဝရဉာဏ(ရုပ်ပုံတောင်) တို့မှ အမေးဖြေများပြုလုပ်ပေးခြင်း
(၈) ၂၀၂၀-၂၀၂၂ ခုနှစ်တို့တွင် သီရိလင်္ကာတက္ကသိုလ်အသီးသီးမှ ဘွဲ့ရရှိတော်မူကြသော ရခိုင်ကျောင်းသား ရဟန်းတော်များအား သီရိလင်္ကာရောက်ရခိုင်ရဟန်းတော်များမှ ဂုဏ်ပြုလွှာနှင့် လက်ဆောင်များချီးမြှင့်ခြင်း
ဤအစီအစဥ်ကို သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် အဖွဲ့သံဃာတော်များမှ အသီးသီးချီးမြှင့်ခဲ့ကြသည်။
(၉) ရခိုင်ပြည်ဗုဒ္ဓတက္ကသိုလ် (Buddhist University of Arakan) စာကြည့်တိုက်သို့စာအုပ်များ လှူဒါန်းရန်။ (တက္ကသိုလ်ကိုယ်စား-ဒေါက်တာ အရှင်ဝရဉာဏ(ရုပ်ပုံတောင်) ကလက်ခံ၍ အဖွဲ့ကိုယ်စား အရှင်ပညာသီရိ၊ အရှင်ပညိနြိယ၊ အရှင်ဓမ္မသာရ တို့မှ လှူဒါန်းပေးခြင်း)
ဤအစီအစဥ်တွင် ရခိုင်ပြည်ဗုဒ္ဓတက္ကသိုလ် (Buddhist University of Arakan) စာကြည့်တိုက်သို့လှူဒါန်းဖြစ်သောစာအုပ်တို့မှာ PTS-translation (pali), Encyclopedia of Buddhism, Pali proper-name Dictionary, PTS - Pali Dictionary, Collected Papers of Asanga Tilakaratane စသည်ဖြင့် မြန်မာကျပ်ငွေ သိန်း ၄၀ ကျော်ဖိုးလှူဒါန်းကြသည်။
(၁၀) သီရိလင်္ကာရောက်ရခိုင်ကျောင်းသားများအဖွဲ့ဥက္ကဌ မေတ္တာသုခဆရာတော် အရှင်ပညိနြိယမှ အစီအစဉ်အားလုံးအတွက် အဖွဲ့ကိုယ်စား ကျေးဇူးတင်စကားပြောကြားခြင်း
(၁၁) ကြွရောက်တော်မူလာကြကုန်သော သံဃာတော်အရှင်မြတ်များနှင့်ဆရာလေး ဆရာကြီးများက ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုပြီးဆုံးခြင်း စသောအစီစဥ် (၁၁) ချက်ဖြင့်အောင်မြင်စွာကျင်းပခဲ့ကြသည်။
ပါရဂူဘွဲ့ရရှိတော်မူကြသော အရှင်နှစ်ပါးနှင့်တကွ အခြား ဒီပလိုမာ၊ ဘီအေ၊ အမ်အေ ရရှိတော်မူကြသောအရှင်တို့အတွက်ဂုဏ်ယူဝမ်းမြောက်ရသလို ထိုအရှင်တို့အား ဂုဏ်ပြုခွင့်ရခြင်းကို လည်း ကြည်နူးဝမ်းမြောက်ရသည်။ ထို့အပြင် Equal outcomes, Equal starting points စသည်ဖြင့် better society တစ်ခုဖြစ်လာဖို့ system မျိုးစုံဖြင့်ကြိုးစားနေကြသောလူ့ဘောင်အသိုင်းအဝိုင်းထဲမှာ သီရိလင်္ကာရောက်ရခိုင်ရဟန်းတော်များ၏ appreciated joy (မုဒိတာ) ကိုအခြခံသော ဤလုပ်ဆောင်ချက်များသည်လည်းအုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ်ပါဝင်သွားပြီးဖြစ်ကြောင်းယုံကြည်စွာဖြင့်ဂုဏ်ယူမှတ်တမ်းတင်အပ်ပါသည်။
01/09/2021
How Nāgārjuna Says It
Have you ever tried to read Nāgārjuna closely? If yes, you also might have observed the eccentricities of his writing style. Nāgārjuna, a…
10/03/2021
ရခိုင်စာပီယဉ်ကျေးမှုနန့် သမိုင်းသုတေသီ ဆရာတော် ဒွါရာဝတီ-အသျှင်ကုသလ (ငွေသဇင်) ဘဝနတ်ထံပျံလွန်တော်မူခြင်းအပေါ် သီရိလင်္ကာရောက် ရခိုင်ရဟန်းတော်များအဖွဲ့မှ အထူးဝမ်းနည်းကြောင်း သဝဏ်လွှာပီးပို့ခြင်း
----------------------------
19/09/2020
Moral Education is the best medicine to cure human problem.