ဓမ္မစက်ဆရာတော် ဦးသုန်

ဓမ္မစက်ဆရာတော် ဦးသုန် Dhamma talk

17/10/2025

၁။ဘုရားမှာစိန်​
၂။​ကျောင်းမှာသိမ်​
၃။ဆွမ်းမှာပိဏ်​
၄။သင်္ကန်းမှာကထိန်​.................
ဆိုတဲ့စကားကို လူအများပြောလို့ကြားပြီး အသေးစိတ် မသိသူတွေ့အတွက်📝📝📝📝
🙏🙏🙏🙏🙏🙏🙏🙏🙏👇👇👇👇👇👇👇👇👇

၁။ဘုရား​စေတီ
❄❄❄❄❄
အမြတ်​ဆုံးအလှူ​တွေပါ
ဘုရားစိန်​ဖူးအလှူ ဘုရား​စေတီမှာ
စိန်​ဖူးဆိုတာအ​ဝေးကလှမ်းကြည့်​လို့
စိန်​ဖူးကထွက်​တဲ့အ​ရောင်​လက်​လက်​လေးကို
မြင်​ရသူအ​ပေါင်းက ဘုရား​စေတီဘဲဆိုပြီး
ဗုဒ္ဓါနုဿတိဂုဏ်​တော်​ပွားမယ်​ဆိုရင်​
အများကြီးကုသိုလ်​ရပါတယ်​။

၂။​ကျောင်းမှာသိမ်​
❄❄❄❄❄
သိမ်​ဆိုတာလည်းသာသနာမှာတကယ်​ကို
အ​ရေးကြီးပါတယ်​မြတ်​ဗုဒ္ဓရဲ့သာသနာမှာ ရဟန္တာ​တွေ။သာသနာပိုင်​ဆရာ​တော်​ကြီး​တွေ။
သာသနအ​ကျော်​အ​မော်​ဆရာ​တော်​ကြီး​တွေ
ဆိုတာလည်းဒီသိမ်​က​နေဖြစ်​ကြတာဆို​တော့
သိမ်​ဟာတကယ့်​ကိုအ​ရေးကြီးတဲ့အတွက်​
သိမ်​အလှူ ဟာလည်းတကယ့်​ကို
မွန်​မြတ်​တဲ့အတွက်​အကျိုးကြီးပါတယ်​။
​ကျောင်းအလှူအမျိုးမျိုးမှာ၊သိမ်​ကျောင်းအလှူဟာအမြတ်​
ဆုံးဖြစ်​ပါတယ်​။သာသနာ​တော်​အတွက်​မရှိမဖြစ်​အ​ရေးပါဆုံး​ကျောင်း။သိမ်​ကျောင်းဟာ....
သာသနာ​တော်​ရဲ့အသက်​..လို့ဆိုပါတယ်​။
ဘာ​ကြောင့်​ဆို...ယခုသာသနာ​တော်​ရှိရဟန်းသံဃာ
များဟာသိမ်​ကျောင်းမှထွက်​ပေါ်လာရခြင်းဖြစ်​ပါတယ်​။
ထိုသို့သိမ်​ကျောင်းမှဖွားမြင်​ထွက်​ပေါ်လာခဲ့တဲ့ရဟန်း
သံဃာတို့ရဲ့အပြစ်​များရှိလျှင်​ဆေး​လျော်​ရာဋ္ဌာနလည်း
ဖြစ်​၊လူအများနဲ့မဆက်​ဆံသီးခြားအမှုများကိုစီမံပြုလုပ်​
နိူင်​စွမ်းရှိတဲ့​နေရာလည်းဟုတ်​ပါတယ်​။
သာသနာအတွက်အ​လိုအပ်​ဆုံးအ​ရေးပါဆုံးသိမ်​ဖြစ်​
ပါတယ်​။

၃။ဆွမ်းမှာပိဏ်​
❄❄❄❄❄
ဆွမ်းအလှူအမျိုးမျိုးရှိရာမှာပိဏ္ဍပါတ်​ဆွမ်းဟာအကျိုးအကြီးဆုံးပါ။
သာသနာ​တော်​အဓွန့်​ရှည်​ကြာရပ်​တည်​
နိူင်​ခြင်းဟာပိဏ္ဍပါတ်​ဆွမ်း​ကြောင့်​..လို့အဆိုရှိပါတယ်​။
ပိဏ္ဍပါတ်​ဆွမ်းဆိုတာဆွမ်းခံစား​သောရဟန်း,သာမ​ဏေတို့ကို၊တစ်​ဇွန်းတစ်​ယောက်​မ၊​ လောင်းလှူ​သောဆွမ်းကို​ခေါ်ပါတယ်​။​ဆွမ်း​လောင်းသူ​ရော၊ဆွမ်းအလှူခံရဟန်းသာမ​ဏေပါ
နှစ်​ဦးနှစ်​ဘက်​အကျိုးရှိ၊အကျိုးကျေးဇူးများတဲ့
အလှူပါ။
ဇရာဒုလ္လဗ​ကြောင့်​ကျောင်းကန်​ဘုရားကုသိုလ်​ဒါနမပြု
နိူင်​သူအဖို့၊ရဟန်းသာမ​ဏေများက..ကုသိုလ်​ထုတ်​ကိုမိမိအိမ်​တိုင်​ရာ​ရောက်​လိုက်​လံပို့​ဆောင်​တာနဲ့တူတဲ့
ကုသိုလ်​မျိုး၊တစ်​ဇွန်းတစ်​ယောက်​မနဲ့ရသွားတဲ့ကုသိုလ်​ဖြစ်​ပါတယ်​

၄။သင်္ကန်းမှာကထိန်​
❄❄❄❄❄
ကထိန်​သင်္ကန်းဟာလည်း
တကယ်​ကိုအကျိုး​ပေးထက်​သန်​ပါတယ်​
ကထိန်​သင်္ကန်းအ​ကြောင်းကို​အောက်​မှာပုံကိုနှိပ်​၍
ဖတ်​ရှုကြပါ။

☀☀☀☀☀☀☀☀☀

သာသနာနှင့်​စပ်​လျဉ်း၍ အမြတ်​ဆုံးကုသိုလ်​
​လေးမျိုး"
- - - -
ဘုရားမှာစိန်​၊​ကျောင်းမှာသိမ်​
သင်္ဃန်း မှာ ကထိန်​၊ ဆွမ်းမှာပိဏ်​
(၁) ဘုရားမှာစိန်​ဖူးအလှူအမြတ်​ဆုံး
(၂)​ကျောင်းမှာသိမ်​အလှူအမြတ်​ဆုံး
(၃) သင်္ဃန်း မှာ ကထိန်​အမြတ်​ဆုံး
(၄) ဆွမ်းမှာပိဏ္ဍပါတ်​(၀ါ) အိမ်​စဉ်​လှည့်​ဆွမ်းအလှူအမြတ်​ဆုံး...

အလှူသည်​
(က) ကိုယ်​တိုင်​လှူ
(ခ) သူတပါးကိုလှူ​စေခြင်း (၀ါ) လှူချင်​အောင်​တိုက်​တွန်း ခြင်းဟူ၍ နှစ်​မျိုးရှိပါသည်​။
(က) ကိုယ်​တိုင်​လှူ တဲ့အတွက်​ကိုယ်​တိုင်​
ကုသိုလ်​ရပြီး ထိုကုသိုလ်​အကျိုးက ဖြစ်​လေရာဘ၀မှာချမ်းသာကြွယ်​၀ပါသည်​။
(ခ) သူတပါး ကိုတိုက်​တွန်း ၍ ရရှိလာ​သော
ကုသိုလ်​က​ငွေ​ကြေး ကုန်​ကျမှုမရှိဘဲ
ကိုလည်း ကုသိုလ်​ရရှိပြီး အကျိုးက ဖြစ်​လေရာ
ဘ၀မှာ အခြံအရံ​ပေါခြင်းအကျိုးတို့ဖြစ်​ပါသည်​။

☀☀☀☀☀☀☀
ပစ္စည်း​လေးပါးက​တော့-စီ၊ပိဏ်၊သေ၊န
စီ=စီဝရ(သင်္ကန်း)
ပိဏ်=ပိဏ်နပါတ(ဆွမ်း)
သေ=သေနာသန(ကျောင်း)
န=ဂီလာနပစ္စယ(ဆေး)ဟူ၍ဖြစ်၏။

ဓမ္မမိတ်​ဆွေများအားလုံးဗုဒ္ဓသာသနာတော်၏
အသက်သွေးကြောသဖွယ်အခြေခံဖြစ်သော
သင်္ကန်း၊ဆွမ်း၊ကျောင်း၊ဆေးဟူသောပစ္စည်းလေးပါး
ကိုဆင်ခြင်နိုင်​ကြ​စေရန်​နိဗ္ဗာန်​အကျိုး​မျှော်​၍
နှိုးဆော်​တိုက်​တွန်းလိုက်​ရပါသည်​။



Post များကို​စု​ပေါင်းထားခြင်းဖြစ်​ပါသည်​။
ပုံ​များကိုနှိပ်​၍လည်းဖတ်​ရှုကြပါဗျာ။

မဖတ်​အား​သေးလျှင်​လည်းLike & share ထားကြပါ။
ဖတ်​ရှု၍အဆင်​ပြေကြပါ​စေ။

Address

Sri Vajiragnana Mawata
Colombo

Alerts

Be the first to know and let us send you an email when ဓမ္မစက်ဆရာတော် ဦးသုန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category