Happy Korea Directory

Happy Korea Directory

Share

ကိုရီးယား လမ်းညွှန်

Photos from Ulsan Cham's Notes's post 27/07/2023

နွေရာသီပိတ်ရက် Activities လုပ်ဖို့ ရှာနေသူတွေ အတွက် Namhae Skywalk လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါ။ တခြား နေရာတွေက Skywalk တွေဆို မှန်အကြည်လေး နဲ့ ပြီးသွားပေမယ့် ဒီက Sky Walk က ကြိုးနဲ့ချိတ်ပြီး ခုန်တာ ပျံတာတွေ လုပ်လို့ရတော့ နည်းနည်း စိတ်လှုပ်ရှားဖို့တော့ ကောင်းပါတယ်။
သူက လက်မှတ်သပ်သပ် ၊ ဝတ်စုံသပ်သပ်၊ ဓာတ်ပုံသပ်သပ်ပေးရပြီး Full Package ဆို တစ်ယောက် ၂ သောင်းလောက်ကျပြီး ဝတ်စုံလေးတွေက ရောင်စုံ ရွေးလို့ရပါတယ်။

လိပ်စာက 경상남도 남해군 삼동면 동부대로 720 မှာ ရှိပြီး နွေရာသီသွားချင်သူတွေ အတွက် ညွှန်းပေးလိုက်ပါတယ်။

#남해여행 #한국여행 #경남여행지추천 #경남관광 #글로벌기자단

Photos from Ulsan Cham's Notes's post 16/07/2023

ပို့စ်တွေ မတင်တာ တော်တော်ကြီးကို ကြာသွားပြီ၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေရော ကျောင်းကိစ္စတွေရော အလုပ်တွေ နဲ့ရော ဆိုတော့။ ဒီတစ်ခေါက်တင်ပေးချင်တာ ကျောင်းတက်နေချိန် လုပ်အားပေး အကြောင်းအပြင် တခြား လှုပ်ရှားမှုတွေ ဘယ်လို လုပ်လို့ရလဲဆိုတာလေးပါ။

မနှစ်ကတည်းက ကိုရိုနာ တွေ ဖြေလျှော့ပြီးနောက်ပိုင်း တော်တော်များများ နေရာတွေမှာ SNS Supporters တွေ ခေါ်လာကြပါတယ်။ SNS Supporters ဆိုတာ ဘယ်လိုမျိုးလဲဆိုတော့ သက်ဆိုင်ရာ မြို့ ၊ အဖွဲ့အစည်း၊ ဌာနတွေက သူတို့နဲ့သက်ဆိုင်တဲ့ လှုပ်ရှားမှုတွေကို ကိုယ့်ရဲ့ social media ကတစ်ဆင့် လူအများသိအောင်မျှဝေရတဲ့ အလုပ်မျိုးပါ။ ညီမဆို လက်ရှိ ဂယောင်ဆန်တောင်ပိုင်းပြည်နယ် ခရီးသွား သတင်းထောက် supporters ဆိုတော့ တစ်လတစ်ခေါက် ဂယောင်နမ်ထဲက မြို့တွေကို သူတို့ထောက်ပံ့ ကြေးနဲ့ သွားပြီး Review တွေရေးပေးရတာ။ ဘယ်လိုလဲ မိုက်တယ်မလား 😁😁။ တခြား ကိုယ်နဲ့ နီးစပ်ရာ နီးစပ်ရာ တွေမှာလည်း Supporters တွေ တောက်လျှောက်ခေါ်နေတာဆိုတော့ အဲ့လို Activities တွေမှာ ပါချင်ရင် ဘာတွေပြင်ဆင်ထားရမလဲ ပြောပေးမယ်နော်။

1. SNS (Facebook, Instagram) မှာ Followers 5000 လောက်ရှိအောင်လုပ်ထားပါ။

2. TOPIK 4 အထက် အမှန်ကတော့ 5,6 လောက်ရှိမှ အဆင်ပြေမယ်ထင်ပါတယ်။

3. တချို့ supporters တွေဆို အင်္ဂလိပ်လိုပြောတတ်ဖို့လိုပါတယ်။

4. Photo Editing/ Video Editing/ Content Creation ပိုင်းလေး နည်းနည်း သိဖို့လိုပါမယ်။

5. လူအများနဲ့ လုပ်ရတာမလို့ ပွင့်ပွင့်လင်းလင်း တက်တက်ကြွကြွ ရှိဖို့တော့လိုပါလိမ့်မယ်

အဲ့ဒါတွေ နဲ့ ပြည့်စုံရင်တော့ ခေါ်တာတွေ ကိုက်ညီရင် လျှောက်ကြည့်လို့ရပါတယ်။ များသောအားဖြင့် Activities တွေက ၆ လကနေ ၉ လလောက် လုပ်ရတတ်ပြီး တစ်လ တစ်လကို Activities ကြေးဆိုပြီး 5 သောင်းကနေ 1 သိန်းလောက်ပေးတတ်ပါတယ်။တော်တော်များများက တစ်လကို တစ်ရက်လောက်ပဲ လုပ်ရင်ရပါတယ်။ ပြီးရင် အသိအမှတ်ပြု လက်မှတ် လည်းရပါတယ်။

အောက်မှာတော့ တချို့ ကြော်ငြာလေးတွေ Share ပေးထားပါတယ်။ ရက်မကျော်တာလေးတွေလည်းရှိပါတယ်။ ‌ကျောင်းမပြီးခင် အလုပ်အတွေ့ အကြုံ ရှာချင်တဲ့သူတွေ အတွက်ကတော့ အခွင့်အရေးကောင်းလေး လို့ထင်လို့ Share ပေးလိုက်ပါတယ်။

#대외활동

01/04/2023

ကိုရီးယားက တခြား ပေခ်ျ့တွေမှာဆို Admin ဘွဲ့ရရင် တင်ကြပေမယ့် ဒီ ပေခ်ျ့မှာက မတင်ရသေးလို့ တင်ရင်းပြောစရာ ရှိလို့ပါ။

ခုချိန်မှာတော့ သုံးစရာ နေရာမရှိပေမယ့် admin က မြန်မာမှာ တုန်းက ဆယ်တန်းကို ဂုဏ်ထူး 5 ဘာသာ 498 နဲ့အောင်ခဲ့ပြီး အဲ့တုန်းကတော့ နံပါတ်တစ်ဆိုတဲ့ မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်ကနေ Bachelor of Engineering မှာ Master Qualified (အရေးမကြီး) နဲ့ ဘွဲ့ရခဲ့တာပါ။ အဲ့ခေတ်က ဆယ်တန်းအောင်တုန်းက ဂုဏ်ထူးတွေပါရင် KMD တို့ NCC တို့ကနေ ကွန်ပျူတာဘွဲ့ ပထမနှစ် Free ဆိုလို့ International Diploma in Computer Studies (IDCS) သွားတက်ပြီး ယူလိုက်သေးတယ်၊ ခုနောက်ပိုင်းနာမည်ကြီး Strategy First University ကနေ လည်း Diploma 4 ခုလောက်ယူထားပြီး University of Ulsan ကနေ PhD Business Administration နဲ့ဘွဲ့ရထားပြီး ဘာသာစကားအနေနဲ့က IELTS 7.0, TOPIK 6, HSK 2 ရထားပါတယ်။ ပြောချင်တာက Engineering background ကနေ လာပြီး , IT Knowledge, Business အထူးပြုပြီး, ဘာသာစကား ဟိုစပ်စပ် ဒီစပ်စပ် သိတယ်ပြောချင်တာပါ။
အလုပ်အတွေ့အကြုံ ဆိုင်တာပဲပြောကြေးဆို မြန်မာပြည်မှာ ဆယ်တန်း ဂိုက် 7 နှစ်၊ အူလ်ဆန်တက္ကသိုလ် International Office မှာ 3 နှစ် နဲ့ အခု Edulangs Page လုပ်နေတာ 3 နှစ်ကျော်သွားပါပြီ။ ၃ နှစ်အတွင်း ကိုရီးယားပြည်တွင်း ကျောင်းလျှောက်ပေးခဲ့တာ ၂ နှစ်သင်ကောလိပ်ကနေ PhD ထိ အယောက် 70 နီးပါးရှိပြီး ပထမ တစ်ခေါက် လျှောက်ပေးခဲ့တဲ့ သူ‌တွေတောင် ဘွဲ့ရကုန်ပါပြီ။ မဆိုင်တာတွေပါပြောရမယ်ဆို စားပွဲထိုး Hall ထဲ၊ မီးဖိုချောင် ၊ စက်ရုံအလုပ်သမား၊ Delivery ကုမ္ပဏီ၊ အသီးစျေးထဲ အထမ်းသမားကနေ၊ ရဲစခန်း၊ 검찰청၊ အလုပ်မားရုံး Korea HRD စကားပြန်ထိ လုပ်ဖူးပါတယ်။

အတွေ့အကြုံတွေ အခြေခံပြီး D4 ကနေ D2 ပြောင်းတဲ့ကိစ္စပြောရရင်

1. ကျောင်းပြီးရင် ဘယ်မှာ ဘာလုပ်မလဲ?

ကျောင်းပြီးရင် ဘာလုပ်မှာလဲက အရေးကြီးပါတယ်။ မြန်မာနိုင်ငံပြန်မှာလား၊ တခြားနိုင်ငံသွားမှာလား၊ ကိုရီးယားမှာ အလုပ်လုပ်မှာလား တွေက ကြိုစဉ်းစားရပါမယ်၊ ဥပမာ ကိုရီးယားမှာ ဆက်နေမယ့်သူဆို ကိုယ်တက်တဲ့ မေဂျာက ကိုရီးယားမှာ Professional Visa ကျနိုင်တဲ့ အလုပ်ထဲမှာပါလား ကြိုကြည့်ထားဖို့လိုပါမယ်။ တချို့ မေဂျာတွေက ကျောင်းပြီး အလုပ်လုပ်ဖ်ု့ ဗီဇာကုဒ်မရှိသေးပါဘူး။

2. မေဂျာ နဲ့ တက္ကသိုလ် ကိုက်မကိုက်

ကိုရီးယားမှာ နောက်ပိုင်းက လူဦးရေ ကျဆင်းတာရယ် နိုင်ငံတကာ အခြေအနေတွေရယ် ကြောင့် International ကျောင်းသား ဝင်ရောက်မှုက အရင်ကထက် နည်းသွားပါတယ်။ အရမ်းအရမ်း မြင့်တဲ့ TOP ကျောင်းတွေ တော့မပြောတတ်ပေမယ့် အသက်ငယ်မယ်၊ ဆယ်တန်း ၄၀၀ ကျော်၊ TOPIK 4 လောက်နဲ့ သေသေချာချာ ပြင်ဆင်မယ်ဆိုရင် တော်ရုံကျောင်း အမြင့်က သေချာပြင်ဆင်ပြီး လျှောက်ရင် ဝင်ခွင့်ရနိုင်ခြေ မြင့်ပါတယ်။
ပြဿနာက ဝင်ခွင့်ပြီးမှပါ။ ကိုယ့်ဘာသာ စီမံခန့်ခွဲမှု မနိုင်ဘူး၊ အချိန်ပိုင်းက နာရီများများ လုပ်ဖို့လိုမယ် ဆိုရင် ကျောင်းအမြင့်ကြီးတွေ သွားတာ ကိုယ့်ကိုကိုယ် ဒုက္ခပေးတာပါပဲ။ ကျောင်းအမြင့်တွေက စာများပါတယ်။ Assignment တွေလည်း အများကြီးပေးတတ်တာမလို့ ‌ကျောင်းစာကို ကိုယ်ရော စိတ်ရော နှစ်ပြီး လုပ်မယ်ဆိုမှ ကျောင်းမြင့်မြင့်တွေ စဉ်းစားပါ။ Science, Technology, Engineering and Mathematics (STEM) မေဂျာယူမယ့်သူတွေ တကယ်စိတ်ဝင်စားလား ကိုယ့်ဘာသာ ပြန်မေးပါ။ ကိုရီးယားလိုသင်ရတဲ့ အခါ စာခက်ပါတယ်၊ ကျောင်းလခ ဈေးကြီးပါတယ်၊ STEM ယူပြီး သူများထက် semester တစ်ခု ကျောင်းလခ 10 သိန်းလောက်ပိုသွင်းပြီး စာမလိုက်နိုင်ပဲ GPA 2.0 အောက်နဲ့ ဘွဲ့ရလာသူတွေ ၊ မေဂျာကို ကြားထဲမှာ ပြောင်းရသူတွေ ၊ ကျောင်းပြီးတော့ Business Related အလုပ်တွေမှာပဲ လုပ်နေကြသူတွေ အများကြီးတွေ့ဖူးပါတယ်။

3. 2 နှစ်သင်နဲ့ 4 နှစ်သင်

ဘာဖြစ်ချင်မှန်း မသိရင် 2 year college တွေသွားပါ။ Hotel Cooking, Hotel Business, Management ဘာသာရပ်တွေက 2 နှစ်သင်ရင် ကောလိပ်ဘွဲ့ရနိုင်ပါတယ်။ ကိုရီးယားစာ ကျွမ်းကျင်ရင် ကျောငိးပြီးတာနဲ့ အလုပ်ရှာနိုင်သလို မဟုတ်လည်း ခနနားပြီး တက္ကသိုလ် တတိယနှစ်ကနေ ပြန်တက်နိုင်ပါတယ်။ ပြီးတော့ 4 နှစ်သင် တက္ကသိုလ်တွေ တက်မယ်ဆို 4 နှစ်တိတိ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ၊ ငွေရေးကြေးရေး ဆိုင်ရာ ခွန်အားတွေ လိုပါတယ်။

ကျွန်တော့် အမြင်နဲ့ ပြောရမယ်ဆို မြန်မာကလာမယ့် လူငယ်အများစု အချိန်ပိုင်း အဓိကလုပ်ပြီး ကျောင်းတက်ရမယ်ဆိုရင် ကောလိပ် အရင်တက်၊ ပြီးတော့ undergraduate သမားတွေမလို့ မေဂျာကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်လို့ရမယ့် မေဂျာမျိုးယူသင့်တယ်ထင်တယ်၊ ကိုယ်ကိုယ်တိုင်လည်း Bachelor တုန်းက Naval Engineering ယူမိလို့ နောက်ပိုင်းဘောင် အရမ်းကျဉ်းတယ် ခံစားရလို့ နောက်လူတွေ အရမ်းအသေးစိတ် မေဂျာတွေ undergraduate မှာ မယူသင့်ဘူးလို့ထင်ပါတယ်။

နောက်ဆုံးကျရင် ကိုရီးယားမှာက နိုင်ငံခြားသားတွေ အတွက် အထူးသဖြင့် Research and Academics ဘက် မသွားဘူးဆို ဘွဲ့လက်မှတ်က စာရွက်တစ်ရွက်အနေနဲ့ပဲ အရေးကြီးတာ ပါ။
ကျန်တာက Interpersonal Skills နဲ့ Language Skills ပါပဲ ။ အဲ့လိုပြောလို့ ကျောင်းအမြင့်တွေ STEM မေဂျာတွေက အသုံးမဝင်တော့တာလားမေးရင် အဲ့သဘောမဟုတ်ပါဘူး။ Further Studies လုပ်မယ်၊ International Organizations တွေ မှာ လုပ်မယ် နိုင်ငံကူးမယ်ဆို ကျောင်းကောင်းကောင်းကနေ ဘွဲ့ရဖို့လိုပါတယ်။ STEM မေဂျာတွေဆို တကယ်ပေါက်ပေါက်မြောက်မြောက်တက်ရင် ကမ္ဘာ့ ဘယ်နေရာမဆို သွားပြီး အလုပ်လုပ်လို့ရပါတယ်။

အပေါ်မှာ ပြောထားတာက အတွေ့အကြုံ Share တဲ့သဘောမျိုး သပ်သပ်ဖြစ်ပြီး ကျိန်းသေပေါက်မှန်တယ် မပြောလိုပါဘူး။ တက္ကသိုလ် ၊မေဂျာတွေက အရေးကြီးပေမယ့် ခရီးရှည်ကြီးသွားရတဲ့အခါ ကိုယ်နဲ့ ကိုက်ညီဖို့ အရေးကြီးကြောင်းပဲ အဓိက ပြောချင်တာပါ။
တက္ကသိုလ်Ranking မြင့်တာ ရွေးတာထက် ကိုယ်နဲ့ ကိုက်မယ့် ကိုယ့်အနာဂတ်နဲ့ ကိုက်ဖို့လိုပါတယ်။

EDU LANGS Myanmar မှာက ကျောင်း လျှောက်ပေးတာ တစ်ခုပဲ မဟုတ်ပဲ မေဂျာနဲ့ ပက်သတ်တဲ့ အသေးစိတ်တွေပါလမ်းညွှန်ပေးပါတယ်။

#အားလုံးပဲပန်းဝင်တဲ့ထိလျှောက်နိုင်ကြပါစေလို့။


010-3051-1092

12/11/2022

တက္ကသိုလ်တက်ခါနီး မေဂျာရွေးခြင်းနဲ့ပတ်သက်ပြီး သိမှတ်သလောက် Sharing လုပ်ပေးပါမယ်နော်။

၃ လပိုင်း ကျောင်းဖွင့်ခါနီးပြီဆိုတော့ မေဂျာရွေးတဲ့ အခါ စဉ်းစားလို့ ရအောင်တင်ပေးလိုက်ပါတယ်။ ဆောင်ရန် ရှောင်ရန်တော့ မဟုတ်ပေမယ့် မြန်မာမှာ တုန်းက စိတ်မပါပဲ Engineering တို့ Computer တို့လို ခက်ခဲတဲ့ မေဂျာကို ယူခဲ့ရင် ကိုရီးယားရောက်တဲ့ အခါ စိတ်မပါပေမယ့် နှမျှောလို့ ဒါပဲ ဆက်တယ်မယ်ဆိုတဲ့ အစွဲမျိုး မထားစေချင်ပါဘူး။ စိတ်မပါရင် စာကို အားစိုက်မလုပ်ချင်ပါဘူး။ အဲ့အခါ အမှတ်နည်းရင်၊ စာတကယ်မရရင် ဘယ်မေဂျာ ဖြစ်ဖြစ် အလုပ်ရဖို့ မလွယ်ပါဘူး။ ပြီးတော့ မေဂျာ နာမည်လေး ကြိုက်လို့ တက်တာမျိုး ကိုရီးယားလာပြီး English Language and Literature, ပြင်သစ်စာ လာသင်တာမျိုး၊ အားမပေးပါဘူး။ မေဂျာရွေးခါနီး

(၁) ကိုယ်တကယ်စိတ်ပါတဲ့ မေဂျာရွေးပါ။
ကိုယ်က ဒီမေဂျာကိုစိတ်ပါတယ်။ အရမ်းကြိုးစားမယ် ၊ အလုပ်အကိုင် အခွင့်အလမ်း ထည့်တွက်စရာမလိုဘူး ဒီမေဂျာ ကြိုက်တယ် တက်ချင်လို့ တက်တာ လိုမျိုး စိတ်ဓာတ်ပြင်းပြရင် ကြိုက်တဲ့မေဂျာ တက်လို့ အဆင်ပြေပါတယ်။

(၂) နှစ်တိုတိုနဲ့ အလုပ်ရချင်သူ

တချို့ College တွေမှာ Industrial Engineering လို Automotive Engineering လိုမျိုး ကျောင်းပြီးတာနဲ့ E-7 တန်းပေးတာမျိုး ရှိပါတယ်။ အလုပ်တော့ ပင်ပန်းပါလိမ့်မယ်၊ Hotel Cooking မေဂျာမျိုးလဲ အလားအလာ ရှိပါတယ်။ တချို့ ၂ နှစ် သင် IT နဲ့ဆိုင်တဲ့ ကောလိပ်ဘွဲ့တွေလည်း ရှိပါတယ်။

(၃) ဘာတက်ရမလဲ မသိသူတွေ
ကိုရီးယားစာ ကို သပ်သပ် မလေ့လာနိုင်ရင် ကိုရီးယားစာ မေဂျာယူပြီး ကိုရီးယားစာကို ကိုယ့်ဘာသာ ဆက်လေ့လာနိုင်ရင် Business ယူပါ။ ကျောင်းလခ သက်သာသလို စာသင်ရတာလည်း အရမ်းမခက်ပါဘူး။ ကိုရီးယားစာကျွမ်းပြီး Business မေဂျာယူထားတဲ့သူဆို တော်ရုံ ဘယ်ကုမ္ပဏီမဆို ဝင်လျှောက်လို့ရပါတယ်။ ကွန်ပျူတာကျွမ်းပြီး English စာပါရရင် ကုမ္ပဏီ ကြီးကြီးတွေထိပါ မှန်းလို့ရပါတယ်။

ချုပ်‌ပြောရရင် တချို့မေဂျာတွေ တော့မသိပေမယ့် လိုအပ်တဲ့ ပညာတွေထဲက တစ်ဝက်လောက်က လုပ်ငန်းခွင်ရောက်မှ မဟုတ်ရင် Self-Study လုပ်ရတာမလို့ နေရာစုံဝင်တိုးလို့ရတဲ့ မေဂျာမျိုးယူပြီး ကွန်ပျူတာနဲ့ ဘာသာစကား ကိုပြင်ဆင်ထားရင် အလုပ်ရှာတဲ့ အခါ အခက်အခဲ မရှိလောက်ပါဘူး။

#မေဂျာရွေးခြင်း

Photos from Ulsan Cham's Notes's post 12/08/2022

တိုင်းတပါးမှာ အစစ အရာရာ ချွေတာရတာဆိုတော့ ကိုရီးယားမှာလည်း ထမင်းတစ်နပ်ကို ၅ ထောင်အောက်နဲ့အဆင်ပြေပြေ ဝယ်စားနည်းလေးတွေ မျှဝေပေးလိုက်ပါတယ်😊

အခုဆို ကုန်ဈေးနှုန်း‌တွေတက်တာနဲ့ဆို ကိုရီးယားမှာ ပုံမှန် အနိမ့်ဆုံး ထမင်းတစ်နပ်က ပျှမ်းမျှ ၈ထောင် ကနေ ၉ထောင် ဝန်းကျင်ဖြစ်နေချိန်မှာ ချက်လည်းမစားချင်ဘူး ၅ ထောင်အောက်နဲ့ ထမင်းတစ်နပ် အဆင်ပြေပြေစားချင်ရင်တော့ အောက်ကဟာလေးတွေစမ်းကြည့်ကြည့်လို့ရပါတယ်နော်..… မချက်နိုင်ရင်လည်းကြက်ဥကျော်နဲ့ ၊ ငပိထောင်းဗူးလေးတော့ဆောင်ထားဖို့တော့ လိုမယ်ထင်ပါတယ်။

1. 밥버거 (ထမင်းဘာဂါ)

ထမင်းကို ဘာဂါပုံစံလုပ်ထားတာပါ။ ကြက်ဥကျော်တစ်လုံးလောက် ထပ်ထည့်လိုက်တာနဲ့ အဆင်ပြေပါတယ်။

2. 옛날통닭 ( ကြက်ကောင်လုံးကျော်)

ရပ်ကွက်ထဲက ဆိုင်တွေမှာ ရိုးရိုး 옛날통닭 2 ကောင်ဆို ငွေသားနဲ့ဝယ်ရင် 12000 လောက်နဲ့ ရပြီး ၂ ရက်လောက်အေးဆေးစားလို့ရပါတယ်။

3. 도시락 (ထမင်းဗူး)

7 Eleven , CU , GS25 တို့မှာ Fresh Date ဈေးပေါနဲ့ ထမင်းဗူးတစ်ဗူးဝယ်ပြီး ကြက်ဥကျော် ငါးပိထောင်းနဲ့ စာလည်းအဆင်ပြေပါတယ်။ ဒီမှာလည်း ဟာသရှိဖူးတယ်။ ကိုရီးယားရောက်စက အတန်းထဲမှာ ဘရာဇီးက သူငယ်ချင်းတစ်ယောက်ရှိတယ် တစ်ရက် အတန်းဆင်းတော့ နေ့လည်စာစားချိန်တွေ့တော့ စကားပြောရင်းနဲ့ ဘယ်သွားမလို့လဲမေးတော့ See You ဆိုတော့ ကိုယ်က ပြောနေရင်း ရုတ်တရတ်ကြီး သွားတော့မယ်ထင်လို့ See you bye bye ပေါ့ နောက်မှ သူပြောတာ CU convenience store မှန်းသိတယ် 🤣🤣

4. 뼈다귀 해장국 / 뼈해장국 / နံရိုးဟင်းရည်

တစ်ပွဲကို ၈ထောင်၊ ၉ထောင်လောက်ပေးရပြီး ဆိုင်ပေါ်မူတည်ပြီး နံရိုး ၂ တုံး ၃ တုံးပါတာမလို့ တစ်ပွဲဝယ်ပြီး ၂ နပ်ခွဲစားလို့ရပါတယ်🥲
ဒီနေရာမှာ ရီစရာတစ်ခုက မြန်မာတွေက ပုံမှန် နံရိုးဟင်းရည်ကို 해장국 လို့ပဲခေါ်ပေမယ့် အမှန်က ကျန်းမာရေးအရ အူရှင်းတဲ့ပဲပင်ပေါက် ပါတဲ့ဟင်းရည်ကို 해장구 လို့ခေါ်ကြပါတယ်။ တစ်ခါ 황태 해장국 (ငါးခြောက် ပဲပင်ပေါက်ဟင်းရည်) မှားပြီးဝယ်စားမိဖူးလို့ပါ။ 뼤해장국 က အမှန်ပါ ✔️

၅။ 분식집 ( အစုံရောင်းဆိုင်)

분식집 ကို မြန်မာလို ဘယ်လိုပြန်ရမလဲမသိပေမယ့် 김밥 (ဂင်မ်ဘာဘ်) ၁လိပ် ငါး‌အူချောင်း ၂ချောင်း မှာပြီး ဟင်းရည် ဂုန်းဆင်းအဝသောက်ရင် အဆင်ပြေပါတယ်။

၆၊ 학생식당 ( ကျောင်း ကန်တင်း)

အပေါ်ကရေးထားတာတွေ စားမကောင်းဘူးထင်ရင် ကျောင်း ကန်တင်းမှာ စားလို့ရပါတယ်။ ကျောင်းပေါ်မူတည်ပြီး ဈေးကွာတတ်ပေမယ့် ညီမတို့ဆီမှာတော့ ၄ထောင်ကနေ စပါတယ်။ ကျောင်းက ကန်တင်းမှာစားပြီးရင် အပြင်ကရောင်းတဲ့ ထမင်း ဟင်းတွေက အလိုလို အရသာရှိလာပါလိမ့်မယ်။အဓိက ဗိုက်ပြည့်သွားဖို့မဟုတ်လား😊

ချွေတာ စုဆောင်းရင်း အားလုံးပဲအဆင်ပြေကြပါစေ

Photos from Ulsan Cham's Notes's post 07/08/2022

ကိုရီးယားမှာ ကျောင်းပြောင်းလျှောက်ခြင်း

#ကြော်ငြာ

သတိထားမိလားတော့မသိပေမယ့် ခုရက်ပိုင်း ပို့စ်မတင်ဖြစ်တာ ၂ လ လောက်ရှိသွားပါပြီ😬
တကယ်က ကျောင်းလျှောက်တဲ့ Stress ပိနေလို့ပါ။ ကိုရီးယားမှာ က Language D-4 ကနေ D-2 ပြောင်းတာဖြစ်ဖြစ် Undergraduate ကနေ Graduate တန်းဖြစ်ဖြစ် ပြောင်းတဲ့ အခါ ကိုယ့်လက်ရှိတက်နေတဲ့‌ တက္ကသိုလ်မှာပဲ ဆက်တက်ရင် မသိသာပေမယ့် တခြားတက္ကသိုလ်တစ်ခုခုကို ပြောင်းလျှောက်မယ်ဆို အလုပ်ရှုပ်သလို စိတ်ပူရပါတယ်။
Graduate သမားတွေအတွက်ဆို တက္ကသိုလ်က ကိုယ်နဲ့ကိုက် မကိုက်မသိသလို မဝင်ခင် Professor နဲ့ချိတ်ရတာလား ဝင်ပြီးနောက်မှ ချိတ်ရတာလား အဲ့ဒါမျိုးတွေက လိုက်ရှာကြည့်ရတာ အချိန်ကုန်သလို အလုပ်ရှုပ်ပါတယ်။
ညီမ PhD ဝင်ခွင့်အတွက် လျှောက်ခဲ့တဲ့ကျောင်းတွေက

KyungSung University ( Global Business - ဝင်ခွင့်ရ)

ဝင်ခွင့်ရပြီးနောက်မှ KCI 3 စောင်ရေးရမယ်ဆိုလို့ စကားများပြီးမတက်ဖြစ်ခဲ့ပါဘူး။ ဒီနေရာမှာ နည်းနည်းရှည်ရှည်ထပ်ပြောရရင် ကိုရီးယားမှာ တော်တော်များများ PhD တက်ရင် ဘွဲ့ယူစာတမ်း + အပြင်စာတမ်း အနည်းဆုံး တစ်စောင်တော့ရေးရပါတယ်။ Business ဘက်က Social Scienceဆိုတော့ International Paper (Social Science Citation Index) မဟုတ်ရင် ပြည်တွင်း Paper Korea Citation Index (KCI ) ဆိုပြီးရှိပါတယ်။ အကြမ်းဖျဉ်း KCI 2 စောင်က SSCI တစ်စောင်နဲ့ညီပါတယ်။ KCI 3 စောင်ရေးခိုင်းတာ ဘာလို့ စကားများလည်းဆိုရင် ဥပမာ Ulsan University ဆိုရင် ဘွဲ့ရဖို့ KCI 2 စောင် or SSCI တစ်စောင်ပဲလိုပြီး Scholar 85% ပေးပါတယ်။ Ranking မြင့် D**g-Guk တောင် SSCI တစ်စောင်ပဲရေးရတဲ့အချိန်မှာ Scholar 30% ပဲပေးပြီး KCI paper 3 စောင်ရေးခိုင်းလို့ စကားများပြီးထွက်ခဲ့တာပါ။

Ajou University

Delivery ကြောင့်စာရွက်တွေ အချိန်မှီမရောက်သွားပါဘူး။ အဲ့ဒါကြောင့်မလို့ စာရွက်တွေကပ်မပို့ဖို့ အကြံပေးချင်ပါတယ်။

D**g-Guk University (Rejected)

D**g-Guk University ကတော့ Ranking မြင့်တဲ့အပြင် လျှောက်တဲ့အချိန်မှာ ပြန်ဖြေထားတဲ့ Result မသိရချိန်နဲ့ ရှိနေတဲ့ Language အမှတ်က နည်းနည်း နိမ့်နေလို့ ဝင်ခွင့်မရလိုက်တာထင်ပါတယ်။

D**g-A University GSIS

D**g -A ကတော့ Graduate School of International Studies (GSIS) ကို International Studies နဲ့ PhD လျှောက်တာပါ။ 50% Scholarship နဲ့ ဝင်ခွင့်ရခဲ့ပါတယ်။

Gachon University

100% Scholar နဲ့ ဝင်ခွင့်ရပါတယ်။ Marketing PhD နဲ့ လျှောက်တာ အစတုန်းကတော့ D**g-A နဲ့ Gachon က Results တူတူထွက်မယ်ဆိုပြီး ကြေငြာထားပေမယ့် ပြီးမှ Gachon က နောက်ကျမှ ထွက်မယ်ဆိုလို့ မသေချာတဲ့ Result ကို မစောင့်ချင်တာရယ်၊ D**g-A ကမေဂျာကို နည်းနည်း ပိုသဘောကျတာမလို့ Gachon ကပေးတဲ့ 100% Scholarship နဲ့ အပေါ်ဘက်တက်မယ်ဆိုတဲ့ စိတ်ကူးကိုစွန့်လွှတ်ပြီး အောက်ပိုင်းမှာပဲ နှစ်နည်းနည်း ထပ်နေမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ကြော်ငြာက အခုမှ လာတာပါ။ ကိုရီးယားပြည်တွင်းမှာ ကျောင်းပြောင်း‌လျှောက်တဲ့ အခါ ကိုယ့်ဘာသာကိုယ်လည်း လျှောက်လို့ရပေမယ့် နည်းနည်း ရှုပ်ပြီး စိတ်ပင်ပန်း လူပင်ပန်းရပါတယ် စိတ်ရှင်းရှင်း နဲ့ အေးအေးဆေးဆေး ကျောင်းပြောင်းချင်တယ်ဆိုရင် EduLangs Myanmar Page ကနေ ဝန်ဆောင်မှုပေးပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ကျောင်းတွေ ၊မေဂျာတွေကို မိတ်ဆက်ပေးပြီး၊ စာရွက်စာတမ်း ပြင်ဆင်ဖို့လမ်းညွှန် ပေးပြီးတော့ ဝင်ခွင့်ရဖို့ ကူညီပေးပါတယ်။ နဂိုကတည်းကလည်း တက္ကသိုလ်ရဲ့ International Office လုပ်ဖူးသလို ဒီပေခ်ျ့လုပ်နေတာလည်း နှစ်နဲ့ချီနေပြီဆိုတော့ အတွေ့အကြုံရှိပါတယ်။ တကယ်လို့ တက္ကသိုလ်ပြောင်းလျှောက်ဖို့ အကြံညဏ်လိုချင်တယ်၊ ဝန်ဆောင်မှုလိုအပ်တယ်ဆို ဒီ Link မှာ ဆက်သွယ်လို့ရပါတယ်လို့ ပြောရင်း နောက်အပတ်တွေကနေစပြီး ကိုရီးယားမှာ ကိုယ်တိုင်ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေကို sharing လုပ်ပေးရင်း ပုံမှန်ပို့စ်တွေ ပြန်တင်ပေးမှာမလို့ စောင့်မျှော်ပေးပါဦးနော်😍🥰

Edu Langs Myanmar Page - https://www.facebook.com/EduLangsKorea.mm/



#ကိုရီးယားပြည်တွင်းကျောင်းလျှောက်

11/06/2022

ဒီတစ်ပတ်မှာတော့ ခုရက်ပိုင်းနည်းနည်း လူပြောများနေတဲ့ E-7 Visa နဲ့ မြန်မာကနေ တန်းပြီး ကိုရီးယားကို အလုပ်လာလုပ်လို့ရမရ ကိုပြောပေးသွားမှာပါ။

ဒီရောက်ပြီး အလုပ်လုပ်နေတဲ့ E-9 အကိုတွေကိုမေးရင်တော့ မဖြစ်နိုင်ပါဘူး။ E-7 ဆိုတာ E-9 အနေနဲ့ အနည်းဆုံး ၂ ခေါက်ပြန် ၅ နှစ် အထက် အလုပ်လုပ်ပြီး အမှတ်မီမှရမှာ။ မြန်မာနိုင်ငံက ခေါ်နေတာ လိမ်နေတာဆိုပြီး ပြော‌နိုင်ပါတယ်။ သူတို့ပြောတာ မမှားပါဘူး။ သူတို့က E-7 Visa ရဲ့ အခွဲ E-7-4 ကိုပြောနေတာပါ။

E-7 အနေနဲ့ ကိုရီးယား နိုင်ငံကို တခြားနိုင်ငံကနေ အလုပ်သမားတွေ အများဆုံး ဝင်တာကတော့ IT နဲ့ပါ။ ဒါကတော့ တခြား နိုင်ငံတွေနဲ့ တူတူပါပဲ။ E-7-1 ဖြစ်ပြီး လခက ၀မ် ၂၅ သိန်းနဲ့ ၃၀ ကြားပေးပါတယ်။ အိန္ဒိယ နဲ့ သိရိလင်္ကာ ဘက်ကလူတွေ အလာများပါတယ်။ တလောကတောင် မြန်မာက Programming လုပ်တဲ့ အသိ ဒယ်ဂျောန်းမှာ အလုပ်ရသွားလို့ ဗီဇာ လျှောက်ဖို့လာမေးပါတယ်။ အဲ့တော့ IT Industry က လူတွေက E-7-1 နဲ့ အလုပ်ရတယ်ဆိုရင် တိုက်ရိုက်လာနိုင်ပါတယ်။ တော်တော်များများက ဝန်ဆောင်ခ မရှိပဲ ကုမ္ပဏီကနေ တိုက်ရိုက် ခေါ်ယူတာများပါတယ်။

အသစ် ဖြေလျှော့လိုက်တဲ့ E-7-3 Visa

April လ ၁၉ ရက်နေ့ The Korea Times ထဲကစာအရတော့ သင်္ဘောကျင်း လုပ်သားတွေကို နိုင်ငံခြား ကနေ E-7 တိုက်ရိုက်ပေးပြီး ခေါိသွားမယ်ပြောပါတယ်။

https://www.facebook.com/thekoreatimes/posts/5001276586646802

အဓိက ကတော့ ဝရိန်ဆော်တဲ့သူတွေ ဆေးသုတ်တဲ့ သူတွေများပါလိမ့်မယ်။ B.E ဘွဲ့ရတဲ့ သူတွေက လုပ်သက် တစ်နှစ် ရှိဖို့ လိုပြီး။ တခြား AGTI ရထားတဲ့သူက လုပ်သက် ၃ နှစိပြနိုင်ရင် လာနိုင်ပါတယ်။ E-7-3 ဗီဇာ ရနိုင်ခြေများပြီး ‌တကယ် အမှန်အကန်ခေါ်တာပါ။ သင်္ဘောကျင်းတွေမှာ အလုပ်လုပ်မယ့်သူရှားနေလို့ Ulsan College မှာဆို Industrial Engineering Major ဖွင့်ပြီး ကျောင်းပြီးရင် အလုပ်သွင်း E-7 တန်းပြောင်းပေးမယ်ဆိုလို့ လက်ရှိတကိနေတဲ့ သူတွေလည်း ရှိပါတယ်။

ဝရိန်သမားတွေ E-7 နဲ့ခေါ်တာ မှန်ပေမယ့် Technician လက်မှတ်တစ်မျိုးနဲ့ လုပ်သက်လိုကိုလိုပါတယ်။ အရမ်းကြီး လွယ်လွယ်နဲ့ လူတိုင်းရတာမျိုးမဟုတ်ပါဘူး။ နောက်ပြီး ဝန်ဆောင်ရှိနိုင်ပါတယ် ‌ဒေါ်လာ ၄၀၀၀ နဲ့ ၅၀၀၀ ဝန်းကျင် Vietnam ဘက်မှာတော့ ဒေါ်လာ ၇၀၀၀ လောက်တောင်းတယ်ကြားပါတယ်။ မြန်မာနိုင်ငံက နိုင်ငံခြားကို အလုပ်ပို့တဲ့သူ အစစ်အမှန်ဆို ပြည်ပလုပ်သား စုဆောင်းရေးမှာ စပေါ်သိန်း ထောင်ဂဏန်းတင်ရပြီး အစစ်အမှန် ကုမ္ပဏီမှရမှာပါ။ ဒီဘက်က ကုမ္ပဏီတွေက တော့ဖြစ်သလို ခေါ်မှာ မဟုတ်ပါဘူး။
အဲ့တော့ လာလို့ရတယ်ဆိုတာ ဟုတ်ပေမယ့် အလိမ်ခံရမယ့် ဘေးတော့ကြည့်ရှောင်ကြပါလို့ပြောချင်ပါတယ်။

ပို့စ်ကို Share နိုင်ပါတယ်။ ကူးသွားပြီး Credit ဆိုတာမျိုးတော့ မလုပ်ဖို့ မေတ္တာ ရပ်ခံပါရစေ။


ြောင်း

28/05/2022

ကိုရီးယားမှ ဆင်းကဒ်အမျိုးအစားများ

ကိုရီးယားလာတဲ့ အခါ ဖုန်းတို့ ဆင်းကဒ်တွေ ဝယ်ကြရမှာပေါ့နော်။ ကိုရီးယားမှာ ရှိတဲ့ ဆင်းကဒ်အမျိုးအစားလေးတွေ အကြောင်း ဒီတစ်ပတ် တင်ပေးလိုက်ပါတယ်။

ကိုရီးယားမှာ ဆင်းကဒ်အမျိုးအစား အဓိက ၂ ခုရှိပါတယ်။ ကြိုတင်ငွေဖြည့်ရတဲ့ ကဒ် (Pre-Paid, 선불 유심) နဲ့ တစ်လသုံးပြီး နောက်လမှ ပေးရတဲ့ ကဒ် (Post-Paid, 후불유심) ဆိုပြီး ၂ မျိုး ရှိပါတယ်။

အဲ့ဒီ ၂ မျိုးဆီမှာကိုမှ Pre-Paid မှာ ၂ မျိုး ၊ Post-Paid မှာ ၂ မျိုးထပ်ခွဲပြီး စုစုပေါင်း ၄ မျိုးရှိပါတယ်။

Pre-Paid ဆင်းကဒ်တွေကိုကျ ကျောင်းသားတွေ ရောက်ရောက်ချင်း ပတ်စ်ပို့နဲ့ ဝယ်လို့ရပါတယ်။ Pre-Paid ကဒ်တွေကို သုံးသလောက်ပဲ ငွေဖြည့်တဲ့ကဒ် (종량제) နဲ့ တစ်လတစ်ခါဖြည့်စိတ်ကြိုက်သုဲး (정액제) ဆိုပြီး ၂ မျိုးရှိပေမယ့် ရောက်ရောက်ခြင်း ကျောင်းသားတွေကတော့ တစ်လကို 36300 တန် စိတ်ကြိုက်သုံး လျှောက်တာများပါတယ်။ သုံးသလောက်ငွေဖြည့်ကဒ်က ၁ သောင်းဖြည့်ပြီး တကယ်သုံးရင် တစ်မနက် မခံပါဘူး။

Post-Paid မှာဆိုရင်တော့ Main Telecom (정규통신사) နဲ့ Budget Telecom ( 알뜰통신사) ဆိုပြီး ၂မျိုးရှိပါတယ်။ Main Telecom တွေကတော့ ဖုန်းတွေ နဲ့တွဲရောင်းပြီး Budget Telecom တွေကတော့ လိုင်းချည်းပဲကို Main Telecom တွေထက် ဈေးသက်သာအောင်ရောင်းတာပါ။ ဖုန်းနဲ့တော့တွဲဝယ်လို့မရပါဘူး။ ငွေဖြည့်ကဒ်တွေရဲ့ 90% ကလည်း Budget Telecom တွေပါ။

အဲ့တော့ ရောက်ရောက်ချင်း Passportနဲ့ ကြိုပေးဆင်းကဒ်ကို အရင်သုံးပြီး ၉၃ ရက်ကျော်ရင် ဈေးသက်သာတဲ့ လိုင်းတွေပြောင်းသုံးလို့ရပါတယ်။ ပတ်စ်ပို့နဲ့ လုပ်တဲ့ကဒ်တွေက Personal Verification (본인인증) လုပ်မရတာမလို့ ‌ပြောင်းဖို့က လိုကိုလိုပါတယ်။ပြီးတော့ ကိုရီးယားမှာက အသက်၁၉ နှစ်ပြည့်မှ Personal Verification လုပ်လို့ရတာမလို့ ၂၀၀၃ ဖွား မွေးနေ့မကျော်သေးတဲ့သူတွေက ID ကဒ်နဲ့ ဆင်းကဒ်ဝယ်လို့မရပါဘူး။

ဆင်းကဒ်တွေဝယ်တဲ့အခါ ဖြစ်နိုင်ရင် မြန်မာဆိုင်တွေမှာပဲ ဝယ်တာ အဆင်ပြေပါတယ်။ ကိုရီးယားဆိုင်တွေ သွားဝယ်ရင် သူတို့က ဈေးကြီးတဲ့ Plan တွေ အတင်းထိုးရောင်းတတ်ပါတယ်။ ကိုယ်တွေ့ပါ။ စကားလေး နည်းနည်းပါးပါးရတဲ့ သူတွေ ခံရတာ များပါတယ်။ တစ်လက်စတည်း ကြော်ငြာနည်းနည်းဝင်ရရင် ညီမရဲ့ ပေခ်ျ့ Ulsan Cham's Notes ဆိုတာ ဖုန်းရောင်းတဲ့ အကောင့် Ulsan Cham ကနေ လုပ်ထားတာလေးပါ။ ပြီးတော့ ညီမရဲ့ ပေခ်ျ့ လည်း သပ်သပ် ရှိတာမလို့ ကိုရီးယားမှာ ဖုန်းတွေ ဘယ်လိုတွေရောင်းလဲသိချင်ရင် ဝင်ကြည့်နိုင်ပါတယ်လို့ 😊😊😊

Ulsan Cham အကောင့်

https://www.facebook.com/xero.ulsan

ဖုန်းဆိုင် ပေခ်ျ့ Link ပါ။

https://www.facebook.com/onemobilemyanmar/

#ကိုရီးယားဆင်းကဒ်များ
'sNotes

14/05/2022

ဒီအပတ်မှာတော့ သိထားသင့်တဲ့ အကြောင်းအရာတစ်ခု အနေနဲ့ ကိုရီးယားက လိပ်စာများအကြောင်း မျှဝေပေးမှာ ဖြစ်ပါတယ်။

ကိုရီးယားမှာ ဘဏ်သွားတာပဲဖြစ်ဖြစ်၊ TOPIK စာမေးပွဲ လျှောက်တာဖြစ်ဖြစ် ၊ အထူးသဖြင့် Online ကနေ ပစ္စည်းမှာတဲ့နေရာမှာ လိပ်စာ မှန်ဖို့က အရေးကြီးသလို ကိုယ့်လိပ်စာကို ဘယ်လိုရှာရမလဲ သိဖို့က အရေးကြီးပါတယ်။

ရောက်နေတဲ့ သူတွေ သတိထားမိလားတော့ မပြောတတ်ပေမယ့် ကိုရီးယားမှာ လိပ်စာ စနစ် 2 မျိုးရှိပါတယ်။ တကယ်တော့ ကိုရီးယားမှာ နံပါတ်စဉ် 1 2 3 4 ရေတွက်တဲ့ စနစ်လည်း 2 ခုရှိသလို၊ အသက်တွက်တဲ့ စနစ်လည်း 2ခုရှိပါတယ်။ ဒီနေ့တော့ ကိုရီးယားရဲ့ လိပ်စာအကြောင်းလေး ပြောပြပေးပါမှာ။

ကိုရီးယားက လိပ်စာ 2 မျိုးကတော့
1. ရပ်ကွက် နာမည် + အိမ်နံပါတ် လိပ်စာ ( 지번주소)

2. လမ်းနာမည်+အိမ်နံပါတ်လိပ်စာ ( 도로명 주소) ဆိုပြီး 2 မျိုးရှိပါတယ်။

ဒီ၂ ခုလုံးမှာပါတဲ့ အိမ်နံပါတ်က မတူပါဘူး။

ကိုရီးယားမှာ လိပ်စာပေးတဲ့အခါ အဲ့ ၂ မျိုးထဲက တစ်မျိုးကိုပေးလို့ရပေမယ့် ရပ်ကွက်+ အိမ်နံပါတ်လိပ်စာ( 지번 주소) က စနစ်ဟောင်းဖြစ်လို့ အရမ်းကြီး မတိကျပါဘူး။ ဥပမာ မြေပုံမသုံးပဲ "က" ကြီးရပ်ကွက် အိမ်နံပါတ် ၄၅ ဆို Delivery လုပ်တဲ့ သူတွေ က လွဲရင် သာမန်လူတွေ ရှာဖို့ က နည်းနည်း ခက်ပါတယ်။ လမ်းညွှန်ဆိုင်းဘုတ်က လမ်းကိုပဲ ညွှန်တာ မလို့ ဘာမှ မပါပဲ ရှာဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

အဲ့လို မဟုတ်ပဲ လမ်းနာမည် အိမ်နံပါတ် နဲ့ဆိုရင် လမ်းညွှန်ဆိုင်းဘုတ်တွေကြည့်ပြီး ရှာလို့ရပါတယ်။ "က" ကြီး လမ်းမ "ခ" လမ်းသွယ် အိမ်နံပါတ် ဘယ်လောက်ဆိုပြီး ရှာရင် ပိုတိကျတဲ့ အတွက် လမ်းနာမည် + အိမ်နံပါတ် (도로명 주소) စနစ် သုံးဖို့ တိုက်တွန်းနေကြပါပြီ။

အဲ့တော့ကိုရီးယားမှာ လိပ်စာရှာချင်ရင် ပြည်နယ်တွေ မြို့တွေ ထိ ထည့်စရာ မလိုပဲ ရပ်ကွက်နာမည်+ အိမ်နံပါတ် (မဟုတ်ရင်) လမ်းမကြီးက စတဲ့ လမ်းနာမည် အိမ်နံပါတ်ပဲထည့်ရင်ရပါတယ်။ နာမည်တူ ရှိရင် လိပ်စာတွေ ကျလာမှာဖြစ်ပြီး အဲ့ထဲက ကိုယ့်လိပ်စာ ကို ထည့်ရင်ရပါပြီ။ ပုံက 대학로 12 ဆိုတာကိုရှာထားတာပါ။ 대학로 ဆိုတာ တက္ကသိုလ်လမ်းဆိုတော့ မြို့တော်တော်များများမှာ ရှိတဲ့ သဘောပါပဲ။ 대학로 12 ကတော့ လမ်းနာမည်+အိမ်နံပါတ်လိပ်စာ ဖြစ်ပြီး အောက်က 동 တွေနဲ့ အိမ်နံပါတ်တွေကတော့ ရပ်ကွက်နာမည်+အိမ်နံပါတ်လိပ်စာတွေပါ။ လိပ်စာတွေကျလာတဲ့ အခါမှ ကိုယ့်လိပ်စာ အမှန်ကို ထပ်ရွေးရမှာပါ။ ဥပမာ ကိုယ့်ရဲ့ လမ်းနာမည်လိပ်စာ မှန်ပြီဆိုရင် အရှေ့က ဆိုးလ်လား ဘူဆန်လား ဒယ်‌ဂျောန် လားဆိုတာလေးထပ်ရွေးလိုက်ရင်ရပါပြီ။

ကိုရီးယားကို ရောက်ခါစ သူတွေရော၊ နောက်လာမယ့် လာမယ့်သူတွေအတွက် ရည်ရွယ်ပြီး သိထားရအောင် မျှဝေပေးလိုက်ပါတယ်နော်။
Have a wonderful Day😊🙂

'sNotes
#지번주소
#도로명주소

07/05/2022

ကိုရီးယားမှာ Volunteer လုပ်ချင်း (သို့) လုပ်ငန်းအတွေ့အကြုံ စုဆောင်းခြင်း (သို့) 시간인증 봉사활동

ကိုရီးယားမှာ လုပ်အားပေးလုပ်တာက လုပ်အားပေးဆိုပေမယ့် အကျိုးကျေးဇူးတွေ ရနိုင်တာမလို့ အားနေတဲ့အချိန်တွေ အကျိုးရှိရှိဖြစ်အောင် မျှဝေပေးလိုက်ပါတယ်။

ကိုရီးယားမှာ လုပ်အားပေးဆိုတာ

လုပ်အားပေးလုပ်တာ ၂ မျိုးရှိပါတယ်။ အချိန်အသိအမှတ်ပြု လုပ်အားပေး( 시간인증 봉사활동) နဲ့ လုပ်ဆောင်မှု အသိအမှတ်ပြု လုပ်အားပေး (활동 인증 봉사활동) ဆိုပြီးရှိပါတယ်။ လုပ်အားပေးတဲ့အခါမှာ အသိအမှတ်ပြုခံရဖို့က အရေးကြီးပါတယ်။ နိုင်ငံခြားသားတွေကတော့ အချိန်အသိအမှတ်ပြု ရင် ဗီဇာ အပြောင်းအလဲ လုပ်တဲ့အခါ အမှတ်ရနိုင်တာမလို့ 시간인증 လုပ်အားပေးပဲ လုပ်ကြတာများပါတယ်။

အချိန် အသိအမှတ်ပြုရင် ဘယ်လို အကျိုးကျေးဇူးတွေရမလဲ။

လုပ်အားပေးလုပ်တာက ဘာသာစကား အရည်အချင်းတိုးတက်နိုင်တာ၊ Networking ကောင်းနိုင်တယ်၊ Social ကျတဲ့ စတဲ့ မမြင်ရတဲ့အကျိုးကျေးဇူး အများကြီးရှိပေမယ့် ထင်သာမြင်သာတဲ့ အကျိုးကျေးဇူး ၂ ခုရှိပါတယ်။

1. F-2-7 / E-9 ကနေ E-7-4 ဗီဇာပြောင်းတဲ့အခါ အမှတ်ရပါတယ်။

1 နှစ်အတွင်းနာရီ ၆၀ အထက် လုပ်ရင် 1 မှတ် 3 နှစ် 3 မှတ် 5 နှစ်ကို 5 မှတ်ရပါတယ်။

2. အတွေ့အကြုံ (경력증명서) ထောက်ခံစာလိုသုံးလို့ရပါတယ်။

လုပ်အားပေး လုပ်ပေးလို့ပြီးရင် ထောက်ခံစာ ထုတ်လို့ရပါတယ်။ ဥပမာ - ကိုယ်က ရုံးလုပ်ငန်းမှာ လုပ်မယ်ဆို ရုံးအကူ (사무 보조 ) , Event Planning လုပ်မယ်ဆို (행사관리) စတဲ့ အလုပ်တွေမှာ လုပ်အားပေးလုပ်ပြီး ကိုယ့်ရဲ့ Portfolio ကိုတည်ဆောက်လို့ရပါတယ်။

3. အသိအမှတ်ပြု လုပ်အားပေးလုပ်ချင်တယ် ဘယ်မှာ လျှောက်ရမလဲ။

1365.go.kr
vms.or.kr တွေမှာ အကောင့်ဖွင့်ပြီး ကိုယ်နေတဲ့ နယ်မြေအလိုက် ခေါ်နေတဲ့ လုပ်အားပေး အလုပ်တွေ ရှိပါတယ်။ ကိုရီးယားစာ စကား TOPIK 3 လောက်တော့ ပြောတတ်ဖို့ လိုမယ်လို့ ထင်ပြီး အမှတ်ကတော့ တစ်နှစ်ကို နာရီ 60 အထက် လုပ်မှရမှာပါ။

အားလုံးပဲ အားလပ်ချိန်တွေ အကျိုးရှိရှိနဲ့ အသုံးချနိုင်အောင်လို့ Sharing လုပ်ပေးလိုက်ပါတယ် 💪🥳😁

Want your school to be the top-listed School/college in Ulsan?

Click here to claim your Sponsored Listing.

Location

Telephone

Address


Ulsan
680749